အိုဘားမားနှင့် သမိုင်းဝင်ပြောဆိုပြီး ရိုဟာနီ ဖိနပ်ဖြင့် ပေါက်ခံရ

ပို့စ်တင်ချိန် - 9/30/2013 01:00:00 PM



အမေရိကန်သမ္မတဘား ရက်အိုဘားမားနှင့် သမိုင်းဝင် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အီရန်တွင်ရောက်ရှိစဉ် သမ္မတ ရိုဟာနီ၏ယာဉ်တန်းမှာ ရှူးဖိနစ် တစ်ဖက်ဖြင့် အပစ်ခံရသည်။ရိုဟာနီ၏ အိမ်ပြန်ခရီးကို ကြိုဆိုသူများရော၊ ကန့်ကွက်သူ များရော ရှိခဲ့သည်။ ကာလရှည် တားမြစ်ထားမှု၏ အဆုံးသတ် အဖြစ် ဆယ်စုနှစ်သုံးနှစ်ကျော် အတွင်း အမေရိကန်သမ္မတတစ်ဦး နှင့်ပထမဆုံးဆက်ဆံမှုကို အီရန် သတင်းစာများက ချီးကျူးကြို ဆိုခဲ့ကြသည်။

မာရ်နတ်ကြီးဟု ကာလရှည် ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သော နိုင်ငံတစ်ခု၏ ခေါင်းဆောင်နှင့် ရို ဟာနီတို့ ၁၅မိနစ်ကြာ ပြောဆို ဆွေးနွေးမှုသည် သဘောထား တင်းမာသူတချို့အတွက် မခံရပ် နိုင်စရာကိစ္စဖြစ်သည်။ စနေနေ့ က ရိုဟာနီ၏ယာဉ်တန်း ဖြတ် သန်းစဉ် မီဟရာဘက်လေဆိပ် အပြင်မှ ကန့်ကွက်သူ ၆ဝခန့်က Dealth to America, Dealth to Israel ဟု ကြွေးကြော်ကြသည်။သို့သော် ထောက်ခံသူ ၂၀ဝမှ ၃၀ဝနီးပါးက Thank you Rouhani
ဟု အော်ဟစ်ခဲ့သည်။

ရဲတပ်ဖွဲ့က ကန့်ကွက်သူနှင့် ထောက် ခံသူတို့ကို ခွဲခြားပေးခဲ့သည်။လူအုပ်ကို အသိအမှတ်ပြု သည့်အနေဖြင့် ကားအတွင်းမှ ရိုဟာနီ မတ်တတ်ရပ်စဉ် ရှူးဖိနပ် ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် ပစ်မှတ်က လွဲချော်ခဲ့ သည်။၁၉၇၉ တော်လှန်ရေးအပြီး တွင် အစွန်းရောက်အီရန်ကျောင်း သားများက အမေရိကန်သံရုံး မှ ဓားစာခံများကို ဖမ်းဆီးထား ပြီးနောက်ပိုင်း တီဟီရန်နှင့် အ မေရိကန်ကြား သံတမန်ဆက် သွယ်ရေး ပြတ်တောက်ခဲ့သည်။ ဆက်သွယ်ပြောဆိုရန် အိုဘား မားဘက်က စတင်ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ရိုဟာနီက သတင်း ထောက်များကို လေဆိပ်တွင် ပြောကြားခဲ့သည်။

''ကျွန်တော် နဲ့ မိနစ်အနည်းငယ်လောက် အို ဘားမားက စကားပြောချင်တယ် လို့ ကျွန်တော့်ဆီကို အကြောင်း ကြားလာပါတယ်''ဟု ရိုဟာနီ၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။ရိုဟာနီသည် နှစ်ပေါင်း ၂၇၀ဝသက်တမ်းရှိ ပါရှန်းခေတ် ရှေးဟောင်းပစ္စည်းတစ်ခုကို အီ ရန်သို့ ယူဆောင်လာခဲ့သည်။ ၎င်းပစ္စည်းမှာ ခြင်္သေ့ကိုယ် လင်း ယုန်ငှက်ခေါင်းသဏ္ဌာန် စပျစ်ရည် ထည့်သည့် ငွေဖလားတစ်ခုဖြစ် သည်။

အီရန်ပြည်သူများအတွက် အထူးလက်ဆောင်တစ်ခုအဖြစ် ရိုဟာနီကို ပေးခဲ့ခြင်းဖြစ်ကြောင်း အီရန်မီဒီယာများက နောက်ပိုင်း တွင် ဖော်ပြခဲ့သည်။၎င်းပစ္စည်းမှာ ဒေါ်လာ တစ်သန်းတန်သည်ဟု ခန့်မှန်း ကြပြီး ၂၀၀၃ခုနှစ်က ခိုးထုတ်သူ တစ်ဦးထံမှ အမေရိကန်အကောက် ခွန်အရာရှိများက သိမ်းဆည်းခဲ့ သည်။ အိုဘားမားနှင့် ရိုဟာနီ ဆက်သွယ်ပြောဆိုမှုကို အီရန် ဦးစီးခေါင်းဆောင်က သဘောတူခဲ့ သည်ဟု သိရသည်။

Yangon Media Group