Miss Universe Myanmar မိုးစက်ဝိုင် မော်စကိုမြို့ သီတင်းကျွတ်ည မီးပုံးပျံလွှတ်ပွဲ တက်ရောက်ဆင်နွှဲ

ပို့စ်တင်ချိန် - 10/21/2013 01:09:00 PM



မော်စကို၌ ရောက်ရှိနေသည့် Miss Universe Myanmar အလှမယ်မိုးစက်ဝိုင်သည် ထိုင်းသံ အမတ်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ယမန်နေ့

နံနက်ပိုင်းက Miss Universe Thailand ဖြစ်သည့် အလှမယ် Chalita Yaemwannang နှင့် အတူ သွားရောက် လည်ပတ်ခဲ့ပြီး ထိုင်းသံအမတ်ကြီးက နံနက်စာအဖြစ် ဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် နေ့လယ်ပိုင်း၌လည်း မြန်မာနိုင်ငံသံရုံးမှ ထပ်မံဖိတ်ကြားသည့်အတွက် အလှမယ် Chalita Yaemwannang နှင့်အတူ ရုရှားနိုင်ငံ ဆိုင်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံရုံးတွင် သံရုံးမိသားစုများ၊ ကျောင်းသားများနှင့် ပျော်ရွှင်ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။ ထို့နောက်တွင် ပြိုင်ပွဲအတွက် လိုအပ်မည့် အင်ဒိုး၊ အောက်ဒိုး ဓာတ်ပုံများကို မော်စကိုမြို့လယ်၌ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးတင်ယု၏ ညစာစားပွဲကို တက်ရောက်ခြင်းနှင့် သံရုံးအတွင်း၌ ကျင်းပသော သီတင်းကျွတ်ည မီးပုံးပျံ လွှတ်ပွဲသို့ တက်ရောက်အားပေး ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြ၀တီ