မိဘတွေ အတွက်ကြည့်ပြီး အနေအထိုင် ဆင်ခြင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်




ချစ်သူနှင့်အတူ တစ်ပြည်တစ်ရွာ လိုက်လာခဲ့သည့် မလေးရှားသူလေး တရားမ၀င်မှု ဖြင့် အရေးယူခံရ




ရထား ကြိတ်မှုကြောင့် လူတစ်ဦးသေဆုံး


သဂုတ်လ ၂ရက် ည (၁၀) နာရီခန့်တွင် အမှတ်(၃၄)အစုန် အိပ်စင်ရထားကအင်းတော်မြို့နယ် ပင်ဝဲ- နာဘား ဘူတာကြား မိုင် တိုင် အမှတ် ၅၉၆/၁၇-၁၈ကြား တွင် ကြိတ်မိသောကြောင့်လူတစ် ဦးသေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်းသိ ရသည်။

သြဂုတ်လ ၂ရက်ည (၁၀) နာရီအချိန်ခန့်က ပင်ဝဲဘူတာရုံ ပိုင်ကြီး ဦးတင်ထွန်းအောင်၊ ပင် ၀ဲကျေးရွာအုပ်ချုပ်ရေးမှူး ဦး ကျော်မင်းနိုင်၊ မြန်မာ့မီးရထား ရဲ တပ်ဖွဲ့ တပ်စု (၂)တပ်ကြပ်ကြီး စိုးမြင့်နှင့် အဖွဲ့တို့က အခင်းဖြစ် ရာသို့သွားရောက်စစ်ဆေးရာသေဆုံးသူမှာဦးအောင်သိန်း(၄၅)နှစ်၊ (ဘ)ဦးမောင်ထွန်း၊ ပင်ဝဲကျေးရွာ၊ စက်ရုံကုန်းရပ်၊အင်းတော်မြို့နယ် ဖြစ်ပြီး၊ ဘယ်ဒူးခေါင်း၊အောက် ပြတ်၊ဘယ်လက်ကျိုး၊ညာဒူးခေါင်း ပေါက်ပြဲ၊ညာခြေဖနောင့် စုတ် ပြတ်၊မျက်နှာစုတ်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည် ဆို၏။

သေဆုံးသူ၏ အလောင်း အား အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကြရာတာဝန် ခံ ဆရာဝန် ဒေါက်တာ ညိုညို ခိုင်မှ လက်ခံစစ်ဆေးပြီး ပင်ဝဲ ကျေးရွာ ရဲကင်းမှူး ရဲအုပ်တင် ဇော်မိုးမှ သေမှုသေခင်းအမှတ် ၁/၂၀၁၃ ဖြင့် ဓမ္မတာအရ သေ ဆုံးမှုဟုတ်မဟုတ်ကို စစ်ဆေး လျက်ရှိကြသည်။

ရွှေလင်း-ပြည့်စုံ

Hot News Weekly

သစ်ခိုးထုတ်မှုဆိုးရွားနေ၍ စစ်တပ်အကူအညီဖြင့် ဖမ်းဆီးရန်စီစဉ်

ရန်ကုန်-ရှမ်းပြည်နယ်တွင် တရားမ၀င် သစ်မှောင်ခိုထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့ ရောင်းချနေမှုများ ဆိုးရွားစွာဖြစ်ပေါ်နေလျက်ရှိရာ တားဆီးနိုင်ရေးအတွက် စစ်တပ်အကူအညီ တောင်းထားကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့် သတ္ထုဝန်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

သစ်မှောင်ခိုထုတ်ယူမှု များပြားနေသလို တားဆီးရန်ကြိုးစားသည့် သစ်တောဝန်ထမ်းအချို့ကိုပင် ရန်ပြုခံရခြင်းကြောင့် ပြည်နယ်အစိုးရအနေဖြင့် တောတွင်းသို့ သွားရောက်တားဆီးရန် မလွယ်ကူကြောင်း၊ သစ်မှောင်ခိုထုတ်သူများကို ဖမ်းဆီးနိုင်ရန်အတွက် စစ်တပ်မှ အကူအညီပေးရန် စာရေးသား အကူအညီတောင်းထားခြင်းဖြစ်ကြောင်း ၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ရှမ်းပြည်နယ်မှ သစ်ခိုးထုတ်မှု များပြားနေပြီး အထူးသဖြင့် နယ်မြေတည်ငြိမ်မှုမရှိသည့် ဒေသများမှ ခိုးထုတ်ကာ တရုတ်နိုင်ငံသို့ ရောင်းစားနေခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများဖြစ်သည့် မဘိန်းနှင့် မိုးမိတ်ဒေသများတွင် သစ်မှောင်ခိုထုတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း ၀န်ကြီးက ပြောသည်။

“နမ့်ခမ်းတစ်ဝိုက်မှာ၊ ရွေလီကူးတို့ဆိပ်တစ်ဝိုက်မှာ တောက်လျှောက်ပေါ့။ တပ်ကို စာပို့ထားပြီး အကူအညီတောင်းထားတယ်။ စစ်တပ်နဲ့ ပိတ်ဆို့ဖမ်းဆီးဖို့ စီစဉ်ထားတယ်” ဟု ၀န်ကြီးက ပြောသည်။သစ်ခိုးထုတ်မှုများပြားသည်ဆိုသည့် မဘိန်းနှင့် မိုးမိတ်ဒေသများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်ဒေသများဖြစ်သည်။ ၎င်း ဒေသတွင် ကချင်နှင့်ရှမ်း လက်နက်ကိုင်အဖွဲ့များရှိသည်။

မဘိန်းနှင့် မိုးမိတ်ဒေသမှ သစ်များထုတ်ယူပြီး တရုတ်နိုင်ငံဘက်သို့သာမက ရေလမ်း၊ ကားလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးသို့တိုင် တရားမ၀င်သယ်ဆောင်မှုများရှိသည်ဟု ၎င်းဒေသသို့ လိုင်းကား မောင်းနှင်သွားလာလေ့ရှိသည့် ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

သစ်မှောင်ခိုထုတ်ယူမှုများ တားဆီးရန်ကြိုးစားခဲ့ရာမှ ပြန်လည်ရန်ပြုခံရသဖြင့် သစ်တောဝန်ထမ်းတစ်ဦး သေဆုံးခဲ့သလို လွန်ခဲ့သောလပိုင်းက အခြားဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် သစ်တောနှင့် သတ္ထုဝန်ကြီးက ပြောသည်။

ရှမ်းပြည်နယ်မှ ဖြတ်သန်းကာ သစ်နှင့် သစ်တောထွက်ပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ရှေးဟောင်းပစ္စည်းများ တရုတ်နိုင်ငံဘက်သို့ တရားမ၀င်တင်ပို့မှု များပြားနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ်က ပြောသည်။ ထိုသို့ တရားမ၀င်တင်ပို့နေမှုများအား စစ်ဆေးဖော်ထုတ်အရေးယူရန် လိုအပ်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဇွန်လက နောင်ချိုမြို့တွင် ပြုလုပ်သည့် တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ရွေ့လျားစစ်ဆေးရေးအဖွဲ့ လွှဲပြောင်းပွဲ၌ ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သစ် တာဝန်ယူပြီးသည့်နောက်ပိုင်းတွင် တရားမ၀င်ခိုးထုတ်နေသော သစ်များမှာ တစ်နှစ်လျှင် တန်ချိန်လေးထောင်ခန့် နှစ်စဉ်ဖမ်းဆီးရမိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ်အကျယ် ၀န်း၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းမှာ သစ်တောဖုံးလွှမ်းမှုဧရိယာဖြစ်ပြီး ပြည်နယ်အကျယ်အ၀န်း၏ ၂၂ ဒသမ ၈ ရာခိုင်နှုန်းကို ကြိုးဝိုင်းသစ်တောများအဖြစ် သတ်မှတ်ထားကာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရှမ်းပြည်နယ်မှ ကျွန်းသစ်နှင့်သစ်မာ စုစုပေါင်း တန်ချိန် သုံးသိန်းကျော် ထုတ်ယူခဲ့ကြောင်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

တရားမ၀င် သစ်ခိုးထုတ်ခြင်းနှင့် သစ်များခုတ်လှဲကာ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုများကြောင့် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။
7day News

စစ်ရေး အန္တရာယ်မျဉ်း ဂျပန် ဖြတ်ကျော်ဟု မြောက်ကိုရီးယား သတိပေး

စစ်လက်နက် ပြန်လည် တပ်ဆင်ရေး စီမံကိန်းသစ်ကို ဂျပန်နိုင်ငံက လုပ်ဆောင်လိုက်ခြင်းဖြင့် စစ်အင်အားကြီး နိုင်ငံတစ်ရပ်အဖြစ် ပြန်လည် တည်ထောင်ရန် ကြိုးပမ်းနေပြီး စစ်ရေးအန္တရာယ် မျဉ်းကို ကျော်ဖြတ်လိုက် သည်ဟု မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီက စွပ်စွဲ ပြောကြား သွားကြောင်း Japan Daily Press တွင် ဖော်ပြထားသည်။

ဇူလိုင်လအတွင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ကာကွယ်ရေး စက္ကူဖြူ စာတမ်းတွင် ငြိမ်းချမ်းရေး လိုလားသည့် အခြေခံဥပဒေ ပြင်ဆင်ရေး လှည့်စား လုပ်ဆောင်ထားခြင်း ဖြစ်ပြီး ယခင် ကာလကကဲ့သို့ စစ်အင်အားကြီး နိုင်ငံအဖြစ် ပြန်လည် ထူထောင်ရန် စီစဉ်ခြင်း ဖြစ်သည် ဟု မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာက စွပ်စွဲ ပြောကြားသည်။

ထို့အပြင် မြောက်ကိုရီးယား နိုင်ငံထံမှ နျူကလီးယား ခြိမ်းခြောက်မှုဆိုသည့် အရာကို အသုံးပြုပြီး ဂျပန်နိုင်ငံ၏ အခြေခံဥပဒေ အပိုဒ် ၉ ပြင်ဆင်ရေး တိတ်တဆိတ် လုပ်ဆောင်နေသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သတိ မထားမိအောင် လမ်းလွဲ လုပ်ဆောင်နေကြောင်း ဗဟိုသတင်း အေဂျင်စီ က ပြောကြားသည်။

အခြေခံဥပဒေ အပိုဒ် ၉အရ နိုင်ငံတကာ အငြင်းပွားမှုများတွင် စစ်အင်အားသုံး ဖြေရှင်းခြင်း မပြုရန် ဂျပန်နိုင်ငံကို ကန့်သတ် ပိတ်ပင်ထား သည်။

ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့များမှာ ခေတ်မီ လက်နက်များ တပ်ဆင် ထားပြီး ငွေကြေး ထောက်ပံ့မှု အလုံအလောက် ရရှိထားသော တပ်မတော် ဖြစ်သော်လည်း နိုင်ငံတကာ အရေးအခင်း များတွင်း စစ်ရေးဖြင့် ဝင်ရောက် ပတ်သက်နိုင်ခွင့် မရှိချေ။

ထို့အပြင် ဂျပန် တပ်ဖွဲ့ဝင်များ အင်အား တိုးချဲ့ရေးနှင့် ပတ်သက်လာလျှင် လည်း အခြေခံဥပဒေကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေ သည်။

သို့သော်လည်း ဂျပန် အခြေခံဥပဒေမှာ စတင် ရေးဆွဲခဲ့သည့် ၁၉၄၇ ခုနစ်မှစ၍ တစ်ကြိမ်တစ်ခါမျှ ပြင်ဆင် ဖြည့်စွက်ရခြင်း မရှိသေးပေ။

မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် အလုံးစုံ ပြည့်စုံသော ထိန်းချုပ်ရေး စစ်ရေး စွမ်းရည်တစ်ခု တည်ဆောက် ထားရန် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် စက္ကူဖြူ စာတမ်းတွင် ဖော်ပြထားသည်။

သို့သော်လည်း ယင်းကဲ့သို့ ဖော်ပြချက်မှာ ကျိုးကြောင်း ဆီလျော်မှု မရှိဘဲ ယုတ္တိလည်း မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံက တုံ့ပြန်လိုက်သည်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး စစ်သင်္ဘောဖြစ်သော ရဟတ်ယာဉ်တင် စစ်သင်္ဘော တစ်စင်းကို ထုတ်ဖော် ပြသလိုက်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံ၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သံဃာတစ်ပါး ဆေးရုံ အိမ်သာတွင် ကြိုးဆွဲချ သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် ခေါင်းမူးမေ့တတ်သည့် ဝေဒနာ ခံစားနေ၍ ဆေးဝါး ကုသမှု ခံယူနေသည့် သံဃာ တစ်ပါးသည် သြဂုတ်လ ၆ ရက်နေ့ နံနက် ၃ နာရီ ခန့်က ဆေးရုံ အိမ်သာအတွင်း လေးပေအမြင့် သစ်သားတန်းရှိ သံကွင်းတွင် သင်္ကန်းခါးပန်းကြိုးကို ချိတ်ဆွဲ၍ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါ သေဆုံးသူသည် ဦးသောဘန (ခ) ဦးမြင့်သိန်း ၃၅ နှစ် ဝါတော် ၂ ဝါ ဖြစ်ပြီး ဝမ်းတွင်းမြို့နယ် သိမ်တောင် ကျောင်းတိုက်မှ ဖြစ်ပြီး မိတ္ထီလာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၃/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံ သိရသည်။

The Voice Weekly

ထောက်ကြန့်လမ်းဆုံကားမှတ်တိုင်၌ လူသတ်မှုဖြစ်


ရန်ကုန်၊ သြဂုတ် ၉

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ် နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့်လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို
တွေ့ရှိခဲ့ ရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ညီဖြစ်သူနှင့်အတူ အလုပ်မှပြန်လာသော
သူငယ်ချင်းများအား မေးမြန်းရာ ၎င်းတို့သည်လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက် အလှဆင်လုပ်ငန်းလုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်-မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါ အရက်မူးနေသူအသက် (၂၃)နှစ်ခန့် ခရီးသည်အမျိုးသား တစ်ဦးနှင့်
ညီဖြစ်သူ၏သူငယ်ချင်း ဖြိုးဝေအောင်တို့စကားများခဲ့ကြကြောင်း၊
ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူ ပြည့်စုံထွန်းမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသော ဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူမှာဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

ထိုသို့ ဓါးဖြင့်ထိုးခဲ့သူ အမည်မသိအမျိုးသားအပေါ် အရေးယူပေးရန် ဦးသူရိန်ထွန်းမှ တိုင်ကြားခဲ့သဖြင့် ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီး ရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police

လမ်း ၃၀ ဖက်ရှင်မျက်မှန်ဆိုင် မီးလောင်


ရန်ကုန်၊ သြဂုတ် ၈

ရန်ကုန်မြို့လယ်ကောင် ပန်းဘဲတန်းမြို့နယ် (၆) ရပ်ကွက်၊ လမ်း၃၀ (အောက် ဘလောက်)၊ အမှတ် ၇၈ ရှိ ဖက်ရှင်မျက်မှန်ဆိုင်တွင် သြဂုတ်လ ၈ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အလျား ၁၂ ပေ ၊ အနံ ပေ ၄၀ ရှိသော အာစီနှစ်ထပ်တိုက် မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် မျက်မှန်ဆိုင်၏ ထပ်ခိုးတွင် မတ်ရပ်ပန်ကာ ဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၁၀ မိနစ်ခန့်သာ လောင်ကျွမ်းခဲ့ပြီး ပန်ကာတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အဆိုပါ မီးလောင်မှုကို စစ်ဆေးသည့် မီးသတ်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

“မီးခိုးတွေထွက်နေတာ နာရီဝက်လောက်ရှိပြီ၊ တစ်လမ်းလုံး ညှော်နံ့တွေချည်းပဲ” ဟု အဆိုပါလမ်းတွင်း နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

မျက်မှန်ဆိုင် မီးလောင်မှုကြောင့် ပိုင်ရှင် ဦးလှဌေးကို(ပ) ၂၄၉/ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

လူ.အဖွဲ.အစည်းအတွင်း ၀င်ဆံ့စေနိုင်တဲ့စကားကောင်းလေးတွေပါ။


၁) တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်က ရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို၊ စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေ ထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင် လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကို ကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။


Credit - Original up-loader

ရှမ်းပြည်နယ်ဟာ ကုန်းမြင့်ဒေသဖြစ်လို့ မိုးသည်းထန်စွာရွာရင် လျပ်တပြက်ရေကြီးခြင်း(Flash Flood) နဲ့ မြေပြိုခြင်း(Landslides) တွေ အများအပြားဖြစ်တတ်ပါတယ်။ အထူးသတိထားစေချင်ပါတယ်။

ဒီနေ့ ရဲ့ မိုးလေ၀သ အခြေအနေကို ဆရာ ဒေါက်တာထွန်းလွင် ကပြောပြထားတာပါ။ ရှမ်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာ နိုင်လို့ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင်ပါတယ်။ အားလုံးသတိထားဖို့ပါ။ အလုပ်တွေ မအားလပ်တဲ့ကြားက ခုလို ပြောပြပေးတဲ့ ဆရာ ဒေါက်တာထွန်းလွင် ကို ကျေးဇူးတင်ပါတယ်။

(၈-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် တိုင်းတာချက်တွေသိရပါပြီ။
၉-၈--၂၀၁၃
နံနက် (၆း၃၀)နာရီ

(၈-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်(8 AUG 2013 ,18 UTC) မှာတော့ မိုးတိမ်တိုက်ကြီးဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ကိုဖြတ်နေပြီး အဲဒီကတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို စတင်တိုးဝင်နေပါပြီ။ မူလက ခန့်မှန်းချက် ကလည်း (၈-၈-၂၀၁၃)ညသန်းကောင်ယံမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို စ၀င်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ အခုအချိန်အထိတော့ မူလခန့်မှန်းထားတဲ့အတိုင်းပါဘဲ။

အရေးအကြီးဆုံးကတော့ နောက်ဆက်တွဲသတိပြုစရာတွေရှိနေပါတယ်။
(က) ရှမ်းပြည်နယ်မှာ မိုးသည်းထန်စွာရွာလိမ့်မယ်။
(ခ) ရှမ်းပြည်နယ်ဟာ ကုန်းမြင့်ဒေသဖြစ်လို့ မိုးသည်းထန်စွာရွာရင် လျပ်တပြက်ရေကြီးခြင်း(Flash Flood) နဲ့ မြေပြိုခြင်း(Landslides) တွေ အများအပြားဖြစ်တတ်ပါတယ်။ အထူးသတိထားစေချင်ပါတယ်။

(၉-၈-၂၀၁၃)ရက် ဒီကနေ့ မနက်ပိုင်းမှာ ကျွန်တော် ညောင်တုန်းကို လယ်သမားတွေ အတွက်ဟောပြောပွဲသွားရမှာမို့ နောက်ထပ်သတင်းတွေကိုတော့ ဒီကနေ့ညနေပိုင်း မှ ပြန်တင်နိုင်ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
Popular Journal

ဒီနိုင်ငံသားဖြစ်တာ ဂုဏ်ယူစရာတစ်ခုဘဲ ရှိတယ်ဆိုတဲ့ ပြေတီဦး



မျှစ်ချိုးရာမှ စကားများ လူသတ်မှုအား (၂၄) နာရီအတွင်း ကောလင်းရဲစခန်းမှ တရားခံဖော်ထုတ်

စစ်ကိုင်းတိုင်း ဒေသကြီး၊ကော လင်းမြို့နယ်၊ တောင်ကြီးကျေးရွာ အနီးတွင် အမျိုးသမီး တစ်ဦးမျက် နှာတွင် ပြတ်ရှ ဓားခုတ်ဒဏ်ရာများ ဖြင့်သေဆုံးနေကြောင်းသိရသည်။

ကောလင်းမြို့နယ်၊တောင်ကြီး ကျေးရွာအနီးတောထဲတွင် ဇူလိုင် ၂၅ ရက်နံနက် ၁၁း၃၀ နာရီခန့်က ဥမှင်ကုန်း အုပ်စု၊ တောင်ကြီးကျေး ရွာမြောက်ဘက် ၂မိုင်ခန့်အကွာ တောထဲတွင် ဦးထွန်းသိန်း၏ ဇနီး ဖြစ်သူ ဒေါ်သီတာ ၄၂နှစ်မှာ မြေ ကြီးပေါ်လဲ၍ မျက်နှာတွင် ဓား ခုတ်ဒဏ်ရာ နှစ်ချက်၊ လည်ပင်း နောက်တွင်ပြတ်ရှဓားခုတ်ဒဏ်ရာ တစ်ချက်တို့ဖြင့်သေဆုံးနေကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ဇူလိုင် ၂၅ရက်၊ နံနက် ၅နာရီကျော်ခန့်က တစ်ဦးတည်း မျှစ်ချိုးထွက်သွားရာ မှဓားဒဏ်ရာရရှိကြောင်း၊ရဲတပ်ဖွဲ့ က သဲလွန်စများကိုအခြေခံ၍ စုံ စမ်းကြရာ တောင်ကြီးကျေးရွာ ဇာတိ ဘုန်းကျော်(ခ) မင်းအောင် (၃၀)နှစ်၊ (ဘ)ဦးမိုးသီး၊တောင်သူ၊ တောင်ကြီးကျေးရွာ၊ ကောလင်း မြို့နယ်နေသူအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးကြရာ ဘုန်းကျော် (ခ) မင်းအောင်မှာ နံနက် ၈ နာရီခန့်ကပြစ်မှုကျူးလွန် ခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည် ဆို၏။

ဘုန်းကျော် (ခ) မင်းအောင် သည် ဇူလိုင် ၂၅ရက် နံနက်ပိုင်း က တောထဲတွင် မသီတာနှင့်တွေ့ ပြီး ၀ါးရုံပင်တစ်ပင်တည်း မျှစ်ချိုး ကြရာမှ ပိုင်ဆိုင်မှုအတွက် စကား များပြီး ဒေါသအလျောက် ဘုန်း ကျော်(ခ) မင်းအောင်က မျှစ်ချိုး နေသည့်ဓားမဖြင့်ခုတ်၍ မသီတာ သေဆုံးသွားကြောင်း ထွက်ဆို သည်ဆို၏။

ဘုန်းကျော် (ခ) မင်းအောင်အား ကောလင်းရဲစခန်းမှ (ပ) ၂၅၇/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂အရ အရေးယူ ထားကြောင်းသိရသည်။

hot news 

မိတ်ကပ် လိမ်းမထားသော်လည်း ကြည့်ကောင်းနေစေမည့် အဆင့် ခုနစ်ဆင့်


မိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာအသားအရေ ကြည်လင်ပြီး ကြည့်ကောင်းနေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပ ကြည့်ကောင်းစေဖို့ အောက်ပါ အဆင့်ခုနစ်ဆင့်ကို လိုက်နာသင့်ပါတယ်။
အဆင့်(၁) ကိုယ်တွင်းမှ အားဖြည့်ပါ။
အသားအရေ တင်းရင်း လှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရီ ရှိသင့်ပါတယ်။ ပြီးရင် ရေကို တစ်နေ့ ၅-၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။
အဆင့် (၂) တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ။
အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိက သော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပ ကြည့်ကောင်းစေဖို့ အခြေခံ အသားအရေ ထိန်းသိမ်းနည်း ဖြစ်တဲ့ မျက်နှာကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သန့်စင်တာ၊ နေ့လိမ်း ခရင်မ်၊ ညလိမ်းခရင်မ် လိမ်းတာ၊ အိုင်းခရင်မ် လိမ်းတာ စတဲ့ နည်းတွေကို ပုံမှန် လိုက်နာသင့်ပါတယ်။ အသားအရေ ထိန်းသိမ်းရာမှာ ငွေကုန်ကြေးကျ မများတဲ့ သခွားသီး၊ ပျားရည်၊ ခရမ်းချဉ်သီး၊ လက်ဖက်အိတ် စတာတွေကို အသုံးပြုပြီး အသားအရေ ထိန်းသင့်ပါတယ်။
အဆင့် (၃) မျက်ခုံးကို ပုံသွင်းပါ။
မိတ်ကပ် လိမ်းမထားလည်း ကြည့်ကောင်းနေစေဖို့ရာ အတွက် မျက်ခုံးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပုံသွင်းလိုက်ပါ။ ပုံကျကျ ရိတ်ထားတဲ့ မျက်ခုံးတွေက မျက်ဝန်းကို ပိုမို လှပစေသလို မျက်နှာပုံစံကိုလည်း ပိုမို ကြည့်ကောင်းသွားစေပါတယ်။
အဆင့် (၄) နှစ်ရက်ခြား တစ်ခါ ခေါင်းလျှော်ပါ။
သင့်ဆံပင်တွေက အလွယ်တကူ အဆီပြန်တတ်တယ် ဆိုရင် လျစ်လျူရှု မထားပါနဲ့။ ဆံပင်တွေကို နေ့တိုင်း ခေါင်းလျှော်ဖို့လည်း မလိုပါဘူး။ ဆံပင်သားကို မှန်မှန် ခေါင်းလျှော်တာ၊ ကွန်ဒီရှင်နာ လိမ်းတာနဲ့ ပေါင်းတင်ပြီး သပ်ရပ်အောင် ပြုပြင်ပေးတာတွေကလည်း သင့်ကို စမတ်ကျ ကြည့်ကောင်းစေပါတယ်။ ဆံပင်သား ချောမွေ့ တောက်ပြောင်စေဖို့ ခေါင်းလျှော်တိုင်း ရေအေးနဲ့ ဆေးကြောပေးပါ။
အဆင့် (၅) လိုက်ဖက်သော ဆံပင်ပုံစံရှိပါစေ။
သင့်မျက်နှာကျပုံစံ၊ သင့်အလုပ်အကိုင်၊ သင်ဝတ်နေကျ အ၀တ်အစားတွေနဲ့ လိုက်ဖက်မှု ရှိတဲ့ ဆံပင်ပုံစံ ရှိတာက အမြဲ ကြည့်ကောင်းနေစေပါတယ်။
အဆင့် (၆) နေ့စဉ် အစိုဓာတ်ထိန်း ခရင်မ်နှင့် နေကာခရင်မ် လိမ်းပါ။
နေကာနိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါ။ တိမ်ထူတဲ့ နေ့နဲ့ နှင်းကျတဲ့ နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှု ဖြစ်စေနိုင်တဲ့ အတွက် နေကာခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။
အဆင့် (၇) ပြုံးပါ။
ပြုံးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ စိတ်ထားဟာ သင့် ပင်ကိုယ်အလှကို ပိုမိုတောက်ပစေပါတယ်။

ချယ်လ်ဆီးသို့ ရွန်းနီ ရောက်သွားလျှင် အာဆင်နယ် အခက်တွေ့နိုင်ဟု ဝင်းဂါးပြော


အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက မန်ယူမှ တိုက်စစ်မှူး ရွန်းနီကိုသာ ချယ်လ်ဆီးက ရရှိသွားပါက ရာသီသစ်တွင် အာဆင်နယ် အခက်တွေ့ ဖွယ်ရှိကြောင်း ယုံကြည်နေသည်ဟု ဆိုသည်။ “ရွန်းနီသာ ရှိမယ်ဆိုရင် ချက်လ်ဆီးဟာ ပိုပြီး အန္တရာယ်ကြီးလာနိုင်တာ သေချာပါတယ်။

ကျွန်တော်က ရွန်းနီကို တော်တော်လေး အမှတ်ပေးထားတယ်။ ကံမကောင်းစွာနဲ့ပဲ မန်ယူ၊ ချယ်လ်ဆီးတို့နဲ့ ကျွန်တော် လုနေရပါတယ်”ဟု နည်းပြဝင်းဂါးက ပြောသည်။ ရွန်းနီကို မရဘဲ ချယ်လ်ဆီးသို့ လက်လွှတ် လိုက်ရပါက ၎င်းတို့ အသင်းများ တွေ့ကြုံနိုင်သည့် အခြေအနေနှင့် ပတ်သက်၍လည်း “တစ်ဖက်မှာ သူထွက်သွားမယ်ဆိုရင် မန်ယူဟာ အားနည်းသွားပါမယ်။

ဒါဟာ ကျွန်တော်တို့အတွက် တော်တော်လေး ကောင်းပါတယ်။ ဒါပေမယ့် ရွန်းနီက ချယ်လ်ဆီးကို ထွက်သွားတာ ဆိုရင်တော့ ချယ်လ်ဆီးက ပိုကောင်းလာမှာပါ။ ကျွန်တော်တို့အတွက်တော့ မကောင်းပါဘူး”ဟု ဝင်းဂါးက အယ်လ်ဂျာဇီးယား အားကစား အစီအစဉ်အား ပြောပြသည်။

မန်ယူအသင်း နည်းပြမိုယက်စ်သည် ရွန်းနီအား အသင်းက ရောင်းချရန် အစီအစဉ် မရှိဟု အကြိမ်ကြိမ် ပြောနေသော်လည်း ကစားသမားက အသင်းမှ ထွက်ခွာချင်နေသောကြောင့် ချယ်လ်ဆီးဘက်မှ ကမ်းလှမ်း မှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အာဆင်နယ်သည် မူလက ရာသီသစ်အတွက် ရီးယဲလ်မှ ဟီဂူအင်ကို ပစ်မှတ်ထားခဲ့သော်လည်း ၎င်းမှာ နာပိုလီသို့ ရောက်ရှိသွားပြီ ဖြစ်သည်ဟု သိရသည်။သူတို့ဆီမှာလည်း ဘောလုံးသမားတွေဟာ ရောင်းကုန် တစ်ခုလို ဖြစ်နေပါတယ်။ ရောင်းတဲ့သူကလည်း ကြိုက်ဈေးရရင် ရောင်းမယ်။ ဝယ်တဲ့သူကလည်း နာမည်ကြီးတွေဆိုတော့ ဘယ်လောက် ပေးရ ပေးရ။ ဘောလုံးသမား အရောင်းအဝယ် တစ်နည်းပြောရရင် ပြောင်းရွှေ့ကြေးတွေဟာ ပေါင်သန်းနဲ့ချီပြီး ရှိပါတယ်။ ပြောင်းတဲ့လူကလည်း တစ်ဖက်က လစာပိုပေးနိုင်တဲ့ ပေါ် မူတည်ပြီး တစ်သင်းနဲ့ တစ်သင်း ကူးသန်းနေကြတာပေါ့။

ကိုယ့်ဆီမှာတောင် မြန်မာနယ်ရှင်နယ်လိဂ် (MNL)ကစားသမားတွေ အပြောင်းအရွှေ့ ရှိနေကြတာပဲ။ ဟိုကလိုတော့ ပေါင်သန်းချီပြီး မရဘူးပေါ့။ ကိုယ့်အတိုင်းအတာနဲ့ ကိုယ်ရနေကြတာဆိုတော့ မဆိုးဘူး ပြောရ မှာပဲ။ ဒီလိုနဲ့ပဲ ဟိုပင်-ဒီပင် ကူးပါလို့ ဖြစ်နေကြတာပေါ့။ သဘောရိုးနဲ့ ပြောတာလို့ မှတ်ယူစေချင် ပါတယ်။

Source: Goal
Myanmar ICT

မြို့ပတ်ရထား အထူးတွဲ ပေါ်မှ စုံတွဲအချို့၏ မဖွယ်မရာ သတင်း


မြို့ပတ်ရထား အထူးတွဲများပေါ်၌ စုံတွဲအချို့ မဖွယ်မရာပြုလုပ်မှုကို ကြားသိရသော်လည်း တရားဝင်တိုင် ကြားမှု များမရှိသေးဟု မြန်မာ့မီးရထားမှ ရန်ကုန်တိုင်း လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော် မျိုးက ပြောသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ သူတို့က လက်မှတ်ဝယ်စီး တာဆိုတော့ သွားတားဆီးဖို့ အခက်အခဲရှိနိုင် တယ်။ သိပ်ကြီး လွန်လွန်ကဲကဲ ဖြစ်လာရင် လူမှုရေးအရပဲ ပြောပြမေတ္တာရပ်ခံ ရမှာပေါ့'' ဟု ၄င်းက ပြောသည်။

မြို့ပတ်အထူးတွဲများပေါ်၌ ရထားရဲ၊ အထူးတွဲ တွဲစောင့်ဝန်ထမ်းနှင့် လက်မှတ် သိမ်းဝန်ထမ်းများ ပါရှိ ကြောင်း အထူး တွဲတွင် ဈေးသည်များပါရှိမှု နည်းပါး၍ စုံတွဲများ စီးနင်းမှုများပြားကြောင်း သိရ သည်။

''အထူးတွဲမှာရော၊ ရိုးရိုးတွဲမှာရော ဒါမျိုးတွေက ရှိနိုင်တာပဲ''ဟု အထက်ပါ အရာရှိက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တွင် မြို့ပတ်ရထား ၂၁ ဆိုင်းရှိပြီး ယင်းတို့၌ အထူးတွဲ ချိတ် ဆက်နိုင်သော အဆိုင်း ၁၄ ဆိုင်းရှိ ကာအထူးတွဲ ချိတ်ဆက်ပြီးစီးမှုမှာ ၁၁ ဆိုင်းရှိပြီ ဟု သိရသည်။

မြို့ပတ်ရထားသည် နံနက် ၄ နာရီ ၄၅ မိနစ်မှ စတင်၍ ထွက်ခွာပြီး ယင်း တွင်လည်း အထူးတွဲပါရှိ ကြောင်းညပိုင်းတွင် နောက်ဆုံးထွက် ရထားမှာ ၉ နာရီ ၄၅ မိနစ်ဖြစ်ပြီး အထူးတွဲပါရှိသည့် နောက်ဆုံးတွဲမှာ ၉ နာရီ မိနစ်၂ဝ တွင် ဘူတာကြီးမှစတင်ထွက်သည်ဟု မြန်မာ မီးရထားမှ သိရသည်။

''မနက်အစောပိုင်း နေ့ခင်းလူနည်းချိန် ညပိုင်းတွေမှာ အဲလိုကိစ္စတွေ ပိုရှိ နိုင်တာပေါ့''ဟု အထက်ပါ အရာရှိက ထပ်လောင်းပြောသည်။

From : .. popular 

အာဆီယံနိုင်ငံများရှိ အကြမ်းဖက်သူများ စာရင်းကို မြန်မာအစိုးရတောင်းခံ

မြန်မာနိုင်ငံ တွင်အကြမ်းဖက်မှုများမှကာကွယ်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများရှိ အကြမ်းဖက်မှုများနှင့် ဆက်နွှယ်ပတ်သက်ခဲ့သည့်သူများ စာရင်းကို မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ရဲတပ် ဖွဲ့ဝင်များထံ တောင်းခံထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ယင်းနိုင်ငံများထဲတွင် အ စွန်းရောက် အကြမ်းဖက်သမားများအဖြစ် သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ခံထားရသောသူများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုများ အပေါ်အခြေခံပြီး အစွန်းရောက် မုန်းတီး နေသူများ၏ စာရင်းများ ကိုလည်း ကောက်ခံရယူထားမည် ဖြစ်ကြောင်း သိရသည်။ နေပြည်တော်ရဲတပ်ဖွဲ့ ဌာန ချုပ်မှတာဝန်ရှိသူတစ်ဦးက ''လာ မယ့်ရက်ပိုင်းအတွင်း တောင်းခံ တော့မှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုလူတွေ မြန်မာနိုင်ငံ ကိုလာဖို့ အခြေအနေ တွေရှိရင် ကြိုတင် တားဆီးထားနိုင်အောင်လို့။ ပြီး တော့ ဆီးဂိမ်းပြိုင် ပွဲလဲရှိ တယ်လေ။ ဘယ်လိုအဖျက်အမှောက်မျိုးမှ မပေါ်အောင် ထိန်းသိမ်းဆောင် ရွက်သွားမှာပါ''ဟု ပြောသည်။

မြန်မာနိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံများအနေဖြင့်လည်း အင်ဒို နီးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများ တွင် ဗုဒ္ဓဘာသာနှင့်ဆိုင်သော နေရာများ ဗုံးပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်းတွင် လုံခြုံရေးကို ပို ဂရုစိုက်လာကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အ စိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''အခုတော့ အကြမ်းဖက်လုပ်ရပ် ကြိုးကိုင်သူတွေနဲ့ အကြမ်းဖက် သမားတွေကို မျက်ခြည်မပြတ် စောင့်ကြပ်ပြီး ဖမ်းဆီးစစ်ဆေး နေပါတယ်။ မြို့နယ်တိုင်းမှာပါ။ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် ဖို့ က အဓိက ပါ''ဟု ပြောသည်။

ကျော်မြတ်ဇံ
့Yangon Time

Novotel ရန်ကုန်ဟိုတယ် ဝန်ထမ်း ၆၀၀ ခန့် ခေါ်မည်ဟုဆို


လာမည့်နှစ်တွင် ဖွင့်လှစ်မည့် Novotel ရန်ကုန်ဟိုတယ်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း ၆၀၀ ခန့် ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါဟိုတယ်ကို တာဝန်ယူ တည်ဆောက်နေသည့် မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဝန်ထမ်း ၅၆၀ မှ ၆၀၀ အထိ ခေါ်ယူမည်ဖြစ်ပြီး အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုအပိုင်းအတွက် အရာရှိများကိုမူ ကြိုတင်ခေါ်ယူမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဝန်ထမ်းတွေကို သုံးလလောက် စောခေါ်ဖို့ စီစဉ်ထားတယ်။ Training ပေးတာတွေ ဘာတွေနဲ့ ကွက်တိလောက် ဖြစ်အောင်” ဟု ၎င်းကဆိုသည်။

အဆိုပါဟိုတယ်ကို မူလက ယခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားသော်လည်း မိုးတွင်းကာလ အခက်အခဲများကြောင့် ၂၀၁၄ ခုနှစ် မတ်လရောက်မှသာ ဖွင့်လှစ်မည် ဖြစ်ကြောင်း မက်စ်မြန်မာ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Novotel Yangon ဟိုတယ်၏ လုပ်ငန်းစီမံခန့်ခွဲမှုပိုင်းကို ပြင်သစ် အခြေစိုက် ACCOR Hospitality က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်၏ အဆောက်အအုံ ဒီဇိုင်းကို စင်ကာပူနိုင်ငံမှ IIDA (International Interior Design Association) က ရေးဆွဲကာ အတွင်းပိုင်း အပြင်အဆင်ကို ဗီယက်နမ်အခြေစိုက် AA Corporation က ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွင် အခန်းစုစုပေါင်း ၃၆၆ ခန်း ပါဝင်မည်ဖြစ်ပြီး Presidential Suite၊ Penthouse၊ General Ball Room၊ Meeting Room၊ Conference Rooms၊ ကော်ဖီဘား၊ ဝိုင်ဘား၊ ပြင်သစ်စားသောက်ဆိုင်၊ ရေကူးကန်၊ အားကစားခန်းမနှင့် တင်းနစ်ကွင်းများ ပါရှိမည် ဖြစ်ကြောင်း မက်စ်မြန်မာက ဆိုသည်။

“အဆင့်မြင့်ဟိုတယ်တွေ ဖွင့်လာကြတော့ ဟိုတယ်ဝန်ထမ်းတွေအတွက် အခွင့်အလမ်းကောင်းတွေ များလာတယ်။ ကျွန်တော်တို့ ဟိုတယ်ဆိုရင် သင်တန်းတွေဘာတွေ တက်ခွင့်ပေးတာမျိုး၊ လစာတိုးတာ မျိုးလုပ်ပြီး ဝန်ထမ်းတွေ ထွက်မသွားအောင် လုပ်နေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသော Tourism Master Plan အရ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား အရေအတွက် ခုနစ်သန်းခန့် ဝင်ရောက်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ အမရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကာ ယင်းနှင့်ဆက်စပ်၍ အလုပ်အကိုင် အခွင့်အလမ်း အမြောက်အမြား ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
The Voice Weekly

ကျောင်းသူတစ်ဦး ပိုးသတ်ဆေးသောက် သတ်သေ


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ကုန်းကြီး ကျေးရွာတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူသည် သြဂုတ်လ ၆ ရက်နေ့က ပိုးသတ်ဆေး သောက်၍ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ကျောင်းသူသည် မိဘများက ငွေကြေး ချို့တဲ့သဖြင့် မတ္တရာမြို့ အမှတ်(၂) ရပ်ကွက်နေ ဦးလေးဖြစ်သူထံတွင် နေထိုင်၍ ကျောင်းတက်ရကြောင်း၊ ၎င်းသည် မကြာခဏ ကျန်းမာရေး မကောင်း ဖြစ်ပြီး ပညာရေးတွင်လည်း အားနည်းနေသဖြင့် စိတ်ဖိစီးမှု ခံစားရကာ ပိုးသတ်ဆေးသောက် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

မတ္တရာမြို့ ကုန်းကြီးကျေးရွာတွင် နေထိုင်သူ မဇင်ကလျာ ၁၃ နှစ်သည် သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အမှတ် (၂) ရပ်ကွက် ဗိုလ်တေဇ ပန်းခြံအနီး လမ်းလျှောက်လာစဉ် လမ်းတွင် တွေ့ရှိသူ တစ်ရပ်တည်းနေ ဒေါ်ရွှေ ၄၃နှစ်၏ ပခုံးကို အတင်းဝင်ဖက်၍ အရမ်း မူးသည်ဟု ပြောသဖြင့် ပြင်ပဆေးခန်းသို့ ပို့ဆောင်ရာ ပိုးသတ်ဆေး အနံ့ရသဖြင့် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးသွားခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။

“အဲဒီ ကောင်မလေးက ကျောင်းစာ မလိုက်နိုင်လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ပါ” ဟု မတ္တရာမြို့ခံ ပြင်ပသင် ဆရာတစ်ဦးက ဆိုသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်၍ မတ္တရာမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၉/၂၀၁၃ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် မြဝတီ မင်းကြီးလမ်းနှင့် လမ်းသွယ်ကြားရှိ အဆောင် တစ်ခု၌ မေလ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အဋ္ဌမတန်း ကျောင်းသူတစ်ဦး လွယ်အိတ်ကြိုးဖြင့် မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းကျောင်းသူသည် အိမ်နှင့် ခွဲခွာရသဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဖြစ်ပေါ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ကျ အရာရှိက ပြောကြားသည်။

ဟိုတယ်တွင် ရာဇဝတ်မှုများဖြစ်ပေါ်ခြင်းက မြန်မာ့ခရီးသွား လုပ်ငန်းကို ထိခိုက်လာနိုင်ဟု ဟိုတယ်/ခရီး ဒုဝန်ကြီးပြော


ဧည့်သည်များ ဝင်ရောက်မှုအား ကောင်းချိန်တွင် ရာဇဝတ်မကင်း သောအမှုအခင်းများကြောင့် မြန် မာ့ခရီးသွားလုပ်ငန်း မထိခိုက်စေ ရန် ဟိုတယ်လုပ်ငန်းရှင်များ ဂရု စိုက်ရန်လိုပြီဟု ဟိုတယ်နှင့် ခရီး သွားလာရေး ဒုတိယဝန်ကြီး ဒေါက် တာတင်ရွှေက ပန်ဒါဟိုတယ်၌ ပြုလုပ်သော ရန်ကုန်ဟိုတယ်ဇုန် အလုပ်အမှုဆောင် ပြန်လည်ရွေး ချယ်ပွဲတွင် ပြောကြားခဲ့သည်။ ၂၀၁၁ခုနှစ်အတွင်း ဖြစ် ပျက်ခဲ့သည့် ဟိုတယ်ပေါ်မှလူပြုတ် ကျသည့်ကိစ္စ၊ လမ်းမတော်ဟိုတယ် တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အခန်း တွင်းလူသေမှု၊ လှိုင်မြို့နယ် ဟို တယ်တွင် ဂျပန်နိုင်ငံသားသေ ဆုံးမှုနှင့် စမ်းချောင်းမြို့နယ်အ တွင်းရှိဟိုတယ်တို့တွင် ဖြစ်ပေါ် ခဲ့သည့် မူးယစ်ဆေးဝါးဆိုင်ရာ များမှာ မြန်မာ့ဟိုတယ်လုပ်ငန်း အား အကျည်းတန်စေသည့် ရာ ဇဝတ်မှုခင်းများ ယခုခရီးသွားရာ သီတွင် ထပ်မံမဖြစ်ပေါ်ရန် ဟိုတယ် လုပ်ငန်းရှင်များ စည်းကမ်းတကျ ထိန်းကျောင်းလုပ်ဆောင်ရန် လို အပ်သည်ဟု ဒုဝန်ကြီးကပြောဆို ခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေး ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ က ''မနှစ်ကဆိုရင် မြန်မာနိုင်ငံ ကိုလာတဲ့ နိုင်ငံတကာခရီးသည် အရေအတွက် စံချိန်တင်တယ် ဆိုပေမယ့် တစ်ဖက်ကဖြစ်ပျက် သွားတဲ့ ဒီကိစ္စရပ်တွေကြောင့် ဟိုတယ်လုပ်ငန်း ကျဆင်းလာနိုင် တယ်။ ဒါကြောင့် ဟိုတယ်လုပ်ငန်း ရှင်တွေ ဟိုတယ်ဆိုင်ရာ စည်းကမ်း အတိုင်း လိုက်နာဖို့လိုတယ်''ဟု ပြောဆိုသည်။ ယင်းနှင့်ပတ်သက်ပြီး ရန် ကုန်ဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးရန်ဝင်း က ''ဟိုတယ်လုပ်ငန်းရှင်တွေအ နေနဲ့ ဒုဝန်ကြီးပြောတဲ့စည်းကမ်း ပိုင်းဆိုင်ရာများကို ဂရုတစိုက်လုပ် ဆောင်ဖို့ လိုအပ်ပါတယ်။ ဟိုတယ် အခန်းခတွေလဲ သတ်မှတ်ထားတဲ့ အတိုင်း ကောက်ခံကြရမှာဖြစ် သလို ဟိုတယ်လုပ်ငန်းရှင်တွေလဲ စည်းလုံးမှုရှိစွာနဲ့ ယခင်အတွေ့ အကြုံတွေကို သင်ခန်းစာယူဖို့လို ပါတယ်''ဟု ပြောသည်။ လက်ရှိအချိန်တွင် မြန်မာ နိုင်ငံလုံး အတိုင်းအတာဖြင့် မြန် မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပိုင် ဟိုတယ်အလုံးပေါင်း ၇၅ဝအ ထိရှိပြီး အခန်းစုစုပေါင်း ၂၇၀၀၀ ကျော်အထိရှိနေကာ နိုင်ငံခြား ပိုင်အနေဖြင့် ဟိုတယ်အလုံးပေါင်း ၃၀ အထိရှိကာ အခန်းအရေအ တွက်မှာ ၅၂၀ရ ခန်းအထိရှိနေ ကာ ထပ်တိုးတည်ဆောက်နေ သည့်ဟိုတယ်များ ပြီးစီးသွားပါ က ဟိုတယ်အခန်းပေါင်း ၃၅၀၀၀ အထိရှိမည်ဖြစ်ကြောင်း၊ လက် ရှိခြောက်လတာကာလအတွင်း မြန်မာနိုင်ငံတွင်း ဝင်ရောက်လာ သည့်နိုင်ငံခြားသားဧည့်သည်ခု နှစ်သိန်းကျော်အထိ ရှိနေပြီဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

Yangon Media Group

ဩစတြေးလျ၏ အချမ်းသာဆုံးအမျိုးသမီး သတင်းအရင်းအမြစ်လွှဲပြောင်းရန် တောင်းဆိုမှု ဆုံးရှုံး


ဩစတြေးလျနိုင်ငံ၏ အ ချမ်းသာဆုံးအမျိုးသမီးဖြစ်သူ ဂီနာရီနီဟတ်သည် သူမမိသားစု ပြဿနာနှင့်ပတ်သက်သော သ တင်းအချက်အလက်များကို ပြန် လွှဲပြောင်းပေးရန် မီဒီယာအဖွဲ့ ကို တွန်းအားပေးမှုရှုံးနိမ့်သွားခဲ့ ရကြောင်းသိရသည်။ ဂီနာရီနီ ဟတ်သည် သူမ၏သားဖြစ်သူ ဂျွန်ဟန်ကော့နှင့် ဂျာနယ်လစ် စတိဗ်ပန်နယ်စ်တို့ကြားမှ မှတ် တမ်းများ၊ စာများ၊ ဖက်စ်၊ အီး မေးလ်၊ ဥပဒေအကြံပေးမှု၊ စာတို များနှင့်အသံဖိုင်များကို ပြန်ပေး ရန် West Australian သတင်း စာကို တွန်းအားပေးရန် ကြိုးစား ခဲ့သည်။ ဟန်ကော့နှင့်ညီမ ဘီ အန်ကာတို့သည် ၎င်းတို့ အဘိုး ထူထောင်ခဲ့သော ဩစတြေးလျ ဒေါ်လာ ၂၂ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၂ဝဘီလီယံ)တန်ဖိုး ရှိသော သံသတ္တုရိုင်းလုပ်ငန်း အမွေဆက်ခံခွင့်နှင့် ပတ်သက် ပြီး မိခင်ဂီနာရီနီဟတ်နှင့် တရား ရင်ဆိုင်မှုတွင် ပါဝင်နေသည်။
ဂျာနယ်လစ်ပန်နယ်စ်သည် ထိုမိသားစုအရှုပ်ပုံအကြောင်း ဆောင်းပါးရေးသားထုတ်ဝေခဲ့ ပြီးနောက် ဂီနာရီနီဟတ်က ၎င်း ကို တရားရုံးမှတစ်ဆင့်ဆင့်ခေါ် စာပေးပို့ခဲ့သည်။ ၎င်းတို့၏အမှု သည် နှစ်နှစ်နီးပါးကြာခဲ့သော် လည်း ဩဂုတ် ၆ရက်တွင် တရား ရုံးချုပ်မှ သူမ၏အမှုကို ပယ်ဖျက် ကြောင်း ကြေညာခဲ့သည်။ ''သတင်း စာနဲ့ ဂျာနယ်လစ်သမားတွေအ တွက် သူတို့ရဲ့ သတင်းအရင်း အမြစ်တွေကို ကာကွယ်ပေးတဲ့ ဥပဒေကြောင့် အနိုင်ရရှိခဲ့တာ ပါ။ ဂျာနယ်လစ်စတိဗ်ပန်နယ် ဟာ သူရေးတဲ့ သတင်းအတွက် ခိုင်လုံတဲ့အထောက်အထားတွေ ကို ထိန်းသိမ်းခွင့်ရှိခဲ့တယ်ဆိုတဲ့ အချက်ကို တရားသူကြီးတွေ သိ ခဲ့တဲ့အတွက် အနိုင်ရခဲ့တာပါ''ဟု အယ်ဒီတာဘရက်အမ်စီကာ သီက ပြောခဲ့သည်။
ဂီနာရီနီဟတ်သည် ယမန် နှစ်က သူမ၏ခွင့်ပြုချက်မရဘဲ သူမအကြောင်း ရေးသားခဲ့သော တခြားဂျာနယ်လစ်တစ်ဦးကို လည်း တရားစွဲဆိုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

မိတ္ထီလာ မူးယစ်ဆေးကျော်စောသူများကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မူးယစ်ဆေး ရောင်းဝယ်သုံး စွဲမှုဖြင့် ကျော်စောသတင်း ထွက်ရှိနေသူများကို သြဂုတ်လ ၅ ရက်နေ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း မိတ္ထီလာမြို့နယ် အတွင်းရှိ နယ်မြေပိုင် ရဲစခန်းများနှင့် သက်သေအဖြစ် ပါဝင်ခဲ့သော ရပ်ကွက်နယ်မြေမှူး များက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး တောင်ပိုင်း မူးယစ်အထူးအဖွဲ့မှ ဒုရဲအုပ်ချန် ထွန်းနှင့် အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က မိတ္ထီလာမြို့ ဈေး အရှေ့ပြင် ဘူတာလမ်းရှိ Crown အပ်ချုပ်ဆိုင်သို့ သတင်းအရ ဝင်ရောက် ၍ သားသား (ခ) ငြိမ်းချမ်းကို ရှာဖွေခဲ့ကြောင်း သက်သေအဖြစ် လိုက်ပါဆောင် ရွက်ခဲ့သော မိတ္ထီလာမြို့ ဈေးအရှေ့ ပြင်ရပ်ကွက် ရာအိမ်မှူးဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ သားသား (ခ) ငြိမ်းချမ်းကို ရှာဖွေရာတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းများကို မတွေ့ခဲ့ရသော်လည်း ၎င်းကိုယ်တိုင် မူးယစ်ဆေးဝါး သုံးစွဲကြောင်း ဝန်ခံသဖြင့် မိတ္ထီလာမြို့ မြို့မရဲစခန်းတွင် မယ(ပ)၄/၂၀၁၃ ပုဒ်မ ၁၅ အရ ဖမ်းဆီး အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

“မူးယစ်ဆေးသုံးစွဲတယ်လို့ ကျော်စောသူတွေ၊ ရောင်းဝယ်သုံးစွဲသူတွေကို သတင်းပေး တိုင်ကြားသူတွေက အထောက်အထား အခိုင်အမာတွေနဲ့ကို တိုင်ထားတာဖြစ်တယ်” ဟု အဆိုပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံး စွဲမှုများကို ကွင်းဆင်း ဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါဆောင် ရွက်ခဲ့သော မိတ္ထီလာမြို့ မြို့မ (၄) ရပ်ကွက်၏ ရာအိမ်မှူး ဦးဝဏ္ဏလင်း က ပြောကြားသည်။

အဆိုပါ မူးယစ်အထူးအဖွဲ့သည် သတင်းအရ မိတ္ထီလာမြို့ မြို့မ (၄) ရပ်ကွက် စာတိုက်လမ်းနေ မင်းသီဟ (၂၅) နှစ်၏ နေအိမ်ကို ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ပတ်သက်သောပစ္စည်း မတွေ့ရသော်လည်း ၎င်းကိုယ်တိုင်က မူးယစ်ဆေးဝါး သုံးစွဲကြောင်း ဝန်ခံခဲ့၍ မိတ္ထီလာမြို့ မြို့မ ရဲစခန်းတွင် မယ (ပ) ၄/၂၀၁၃ ပုဒ်မ ၁၅ အရ ဖမ်းဆီးအရေး ယူထားကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဆက်လက်၍ မန္တလေးတောင်ပိုင်း မူးယစ်အထူးအဖွဲ့သည် အဆိုပါ သြဂုတ်လ ၅ ရက်နေ့တွင် မိတ္ထီလာမြို့ ပြည်သာယာတောင်ပိုင်း ၁x၂ လမ်းကြားရှိ မအေးကြည်ဖြိုး ၂၁ နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မီးဖိုချောင်အတွင်းမှ ၈၈ စာတန်းပါ နီညိုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄ ပြားကို ရှာဖွေတွေ့ရှိခဲ့၍ ၎င်းကိုစစ်ဆေးရာ တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့ရှိ အစိုင်း (ခ) ငစိုင်းထံမှ စိတ်ကြွဆေးပြား တစ်ပြားလျှင် ကျပ်နှစ်ထောင်ဖြင့် ဝယ်ယူခဲ့ကြောင်း အစစ်ခံခဲ့ခြင်းကြောင့် မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းတွင် မအေးကြည်ဖြိုးနှင့် အစိုင်း (ခ) ငစိုင်းတို့ကို မယ (ပ)/၂၀၁၃ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

The Voice Weekly

အသားဖြူရန် ဆေးထိုးမှုအမျိုးသားများပါ ပြုလုပ်လာကြ


အသားအ ရေဖြူဖွေးကြည်လင်တောက်ပ စေရန်ဆေးထိုးမှုကို မိန်းကလေး များသာမက အမျိုးသားများပါ ပြုလုပ်မှုများလာကြောင်း Ama-ra International Company Limited မှ သိရသည်။
မြန်မာလူမျိုးအများစုမှာ အများအားဖြင့် အသားဖြူလိုကြ လေ့ရှိသော်လည်း နေရောင်ခြည် ကိုအများဆုံးခံရလေ့ရှိသဖြင့် အ သားညိုသူများပြားကြသည့်အ တွက် အဆိုပါကုမ္ပဏီမှ ဝန်ဆောင် မှုအသစ်အနေဖြင့် အသားဖြူစေ ရန်နှင့် အသားကို ကြည်လင်ဝင်းပ စေရန်အတွက် Gluta-White-ning Vitamin Cocktail Treat-ment by Glutathione injec-tion ဟူသောဆေးဖြင့် ဝန်ဆောင် မှုပေးရာ ယင်းသို့ဆောင်ရွက်သူ များလာခြင်းဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာ ဒေါက်တာ ရဲအောင်က ပြောသည်။
ယင်းမှာ အကြောအတွင်း သို့ ထိုးဆေးကဲ့သို့သွင်းရသော ဆေးတစ်မျိုးဖြစ်ပြီး ယိုးဒယား နိုင်ငံတွင် အဓိကအားဖြင့် ခေတ် အစားဆုံးအသုံးပြုကြလေ့ရှိပြီး ဆေး၏အာနိသင်သည် ချက်ချင်း အသားဖြူစေခြင်း မဟုတ်သော် လည်း အာဟာရ ဖြည့်တင်းပေး သောအနေဖြင့် ယင်းဆေးကိုအ သုံးပြုကြခြင်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးမရှိကြောင်း သိရသည်။
''ငါးခါလောက်ထိုးပြီးရင် တော့တော်တော်လေးကို သိသာ သွားပါတယ်။ တစ်ခါသွင်းလိုက် တာနဲ့တင် သိသာပါတယ်။ ငါးခါ လောက်ဆိုတော့ ပိုပြီးတော့ သိ သိသာသာကြီးကို အသားအရေ က ကြည်လင်တောက်ပသွားတယ် ပေါ့။ ယိုးဒယားနိုင်ငံမှာတော့ ဒီလို ဆေးမျိုးကို နှစ်နဲ့ချီပြီးတော့ ထိုး ကြတယ်။ တစ်နှစ်လောက်ကို ထိုး ကြတယ်။ အထူးသဖြင့် သရုပ် ဆောင်တွေ၊ မော်ဒယ်တွေက အ ဓိကအသုံးများကြတယ်၊ အရင်တုန်း က သိပ်မသိဘူး။ လုပ်လေ့မရှိကြ ပေမယ့် အခုဆိုရင် အမျိုးသမီး တွေသာမက အမျိုးသားတွေပါ လုပ်လာကြပါတယ်''ဟု ဒေါက်တာ ရဲအောင်က ပြောသည်။
အဆိုပါဆေးသည် အသား ကိုဖြူစေရုံမက အသားအရေကျန်း မာရေးကိုကောင်းစေသည့်အပြင် ခန္ဓာကိုယ်တွင်ရှိသည့် အသည်း ကျောက်ကပ်တို့ကို အားကောင်း စေပြီး အားဆေးသဘောမျိုးနှင့် လည်းအသုံးပြုကြောင်း သိရသည်။
''ဒီဆေးက အသားကိုဖြူ စေတယ်၊ အသားအရေကျန်းမာ ရေးကို ကောင်းစေတဲ့အပြင် ခန္ဓာ ကိုယ်မှာရှိတဲ့ အသည်း၊ ကျောက် ကပ်တို့ကိုအားကောင်းစေတယ်။ အားဆေးသဘောမျိုးနဲ့လဲ အသုံး ပြုကြတယ်။ ဆေးကို ပုံမှန်တော့ တစ်ပတ်ကို တစ်ခါ ဒါမှမဟုတ် ရင်လဲ နှစ်ပတ်ကိုတစ်ခါလောက် သွင်းကြတယ်''ဟု ပြောသည်။
တစ်နှစ်ခန့်သွင်းပါက ခန္ဓာ ကိုယ်အတွင်းရှိ အစိတ်အပိုင်း များကိုကာကွယ်ပေးသည့်အပြင် အရေပြားကျန်းမာရေးကိုလည်း ထိန်းသိမ်းပေးကြောင်း၊ အခြား သောနိုင်ငံများတွင် လွန်စွာခေတ် စားနေပြီး မြန်မာနိုင်ငံတွင်လည်း ယခုနောက်ပိုင်းမှာ ခေတ်စားလာ ခြင်းဖြစ်ကြောင်း သိရသည်။
''လာပြကြတဲ့ ကာစတန်မာ တွေကလဲ ဒါကိုပိုပြီးစိတ်ဝင်စား လာကြပါပြီ။ အသားဖြူအောင် လုပ်လာကြပါတယ်။ အောင်မြင် ပြီး ပြုလုပ်ပြီးသူများလဲ စိတ်ကျေ နပ်မှုကိုရကြတော့ အမျိုးသားများ၊ အမျိုးသမီးများပါ ပြုလုပ်သူများ လာပါတယ်။ အခုခေတ်က ခေတ် အခြေအနေအရ အသားဖြူချင် ကြတယ်။ ယောက်ျားလေး၊ မိန်း ကလေးလုပ်ကြတယ်။ ဆရာဝန် ကိုယ်တိုင်မှကြီးကြပ်ပြီး သွင်းပေး တယ်၊ ဆေးသွင်းချိန်မှာ မိနစ် ၂၀၊ နာရီဝက်အတွင်း ကြာမြင့်ပြီး တော့ ထိုးရုံနဲ့ သိသိသာသာကြီး ဖြူဖွေးသွားခြင်းမျိုးမဟုတ်ဘဲ လေးငါးကြိမ်သွင်းပြီးပါက သိသိ သာသာကိုဖြူစင်တဲ့အသားအ ရည်ကိုရရှိနိုင်ပါတယ်''ဟုဒေါက် တာရဲအောင်က ဆက်လက်ပြော သည်။
ပထမအကြိမ်ထိုးပြီးသည် နှင့် ဆေး၏အကျိုးသက်ရောက်မှု သည် ဒုတိယအကြိမ်မထိုးမီ လေး ငါးရက်ခန့်တွင် အကျိုးသက်ရောက် မှုအနေဖြင့် အသားပိုဖြူလာပြီး လက်ဖဝါးများ လက်ဖျံများတွင် ပိုမိုသိသာလာကာ တစ်ပတ်တစ် ခါသွင်းသူများသည် အသားအ ရေဖြူဖွေးကြည်လင်မှုကို ပိုမိုသိ သာစေနိုင်ကြောင်း သိရသည်။
ဆေးသွင်းလိုက်သည့်သ ဘောသည် ဆေးမှာ ခန္ဓာကိုယ် တွင်ရှိသောဆဲလ်များကိုပြောင်း လဲပေးလိုက်ခြင်းဖြစ်ပြီး ဆဲလ်များ ကိုပိုအားကောင်းစေရန် ပြုလုပ် ပေးခြင်းဖြစ်သောကြောင့် ပြင်ပနေ ထိတွေ့မှုများပါက ဆဲလ်များပျက် စီးသွားစေနိုင်ကြောင်း သိရသည်။
အဆိုပါဆေးမှာ တစ်လုံး လျှင် လေးသောင်းဝန်းကျင်ခန့် ကျသင့်မည်ဖြစ်ပြီး ဆေးထိုးပြီးသူ များသည် နေရောင်ခြည် တိုက် ရိုက်ထိတွေ့မှုများကို ရှောင်ကြဉ်ရ မည်ဖြစ်ကြောင်း သိရသည်။

၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ