ရှမ်းပြည်နယ်ဟာ ကုန်းမြင့်ဒေသဖြစ်လို့ မိုးသည်းထန်စွာရွာရင် လျပ်တပြက်ရေကြီးခြင်း(Flash Flood) နဲ့ မြေပြိုခြင်း(Landslides) တွေ အများအပြားဖြစ်တတ်ပါတယ်။ အထူးသတိထားစေချင်ပါတယ်။

ပို့စ်တင်ချိန် - 8/09/2013 01:09:00 PM

ဒီနေ့ ရဲ့ မိုးလေ၀သ အခြေအနေကို ဆရာ ဒေါက်တာထွန်းလွင် ကပြောပြထားတာပါ။ ရှမ်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာ နိုင်လို့ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်နိုင်ပါတယ်။ အားလုံးသတိထားဖို့ပါ။ အလုပ်တွေ မအားလပ်တဲ့ကြားက ခုလို ပြောပြပေးတဲ့ ဆရာ ဒေါက်တာထွန်းလွင် ကို ကျေးဇူးတင်ပါတယ်။

(၈-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန် တိုင်းတာချက်တွေသိရပါပြီ။
၉-၈--၂၀၁၃
နံနက် (၆း၃၀)နာရီ

(၈-၈-၂၀၁၃)ရက် ညသန်းကောင်ယံအချိန်(8 AUG 2013 ,18 UTC) မှာတော့ မိုးတိမ်တိုက်ကြီးဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ကိုဖြတ်နေပြီး အဲဒီကတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းကို စတင်တိုးဝင်နေပါပြီ။ မူလက ခန့်မှန်းချက် ကလည်း (၈-၈-၂၀၁၃)ညသန်းကောင်ယံမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းကို စ၀င်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ အခုအချိန်အထိတော့ မူလခန့်မှန်းထားတဲ့အတိုင်းပါဘဲ။

အရေးအကြီးဆုံးကတော့ နောက်ဆက်တွဲသတိပြုစရာတွေရှိနေပါတယ်။
(က) ရှမ်းပြည်နယ်မှာ မိုးသည်းထန်စွာရွာလိမ့်မယ်။
(ခ) ရှမ်းပြည်နယ်ဟာ ကုန်းမြင့်ဒေသဖြစ်လို့ မိုးသည်းထန်စွာရွာရင် လျပ်တပြက်ရေကြီးခြင်း(Flash Flood) နဲ့ မြေပြိုခြင်း(Landslides) တွေ အများအပြားဖြစ်တတ်ပါတယ်။ အထူးသတိထားစေချင်ပါတယ်။

(၉-၈-၂၀၁၃)ရက် ဒီကနေ့ မနက်ပိုင်းမှာ ကျွန်တော် ညောင်တုန်းကို လယ်သမားတွေ အတွက်ဟောပြောပွဲသွားရမှာမို့ နောက်ထပ်သတင်းတွေကိုတော့ ဒီကနေ့ညနေပိုင်း မှ ပြန်တင်နိုင်ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
Popular Journal