ရထား ကြိတ်မှုကြောင့် လူတစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 8/09/2013 02:25:00 PM


သဂုတ်လ ၂ရက် ည (၁၀) နာရီခန့်တွင် အမှတ်(၃၄)အစုန် အိပ်စင်ရထားကအင်းတော်မြို့နယ် ပင်ဝဲ- နာဘား ဘူတာကြား မိုင် တိုင် အမှတ် ၅၉၆/၁၇-၁၈ကြား တွင် ကြိတ်မိသောကြောင့်လူတစ် ဦးသေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်းသိ ရသည်။

သြဂုတ်လ ၂ရက်ည (၁၀) နာရီအချိန်ခန့်က ပင်ဝဲဘူတာရုံ ပိုင်ကြီး ဦးတင်ထွန်းအောင်၊ ပင် ၀ဲကျေးရွာအုပ်ချုပ်ရေးမှူး ဦး ကျော်မင်းနိုင်၊ မြန်မာ့မီးရထား ရဲ တပ်ဖွဲ့ တပ်စု (၂)တပ်ကြပ်ကြီး စိုးမြင့်နှင့် အဖွဲ့တို့က အခင်းဖြစ် ရာသို့သွားရောက်စစ်ဆေးရာသေဆုံးသူမှာဦးအောင်သိန်း(၄၅)နှစ်၊ (ဘ)ဦးမောင်ထွန်း၊ ပင်ဝဲကျေးရွာ၊ စက်ရုံကုန်းရပ်၊အင်းတော်မြို့နယ် ဖြစ်ပြီး၊ ဘယ်ဒူးခေါင်း၊အောက် ပြတ်၊ဘယ်လက်ကျိုး၊ညာဒူးခေါင်း ပေါက်ပြဲ၊ညာခြေဖနောင့် စုတ် ပြတ်၊မျက်နှာစုတ်ပြဲဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည် ဆို၏။

သေဆုံးသူ၏ အလောင်း အား အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကြရာတာဝန် ခံ ဆရာဝန် ဒေါက်တာ ညိုညို ခိုင်မှ လက်ခံစစ်ဆေးပြီး ပင်ဝဲ ကျေးရွာ ရဲကင်းမှူး ရဲအုပ်တင် ဇော်မိုးမှ သေမှုသေခင်းအမှတ် ၁/၂၀၁၃ ဖြင့် ဓမ္မတာအရ သေ ဆုံးမှုဟုတ်မဟုတ်ကို စစ်ဆေး လျက်ရှိကြသည်။

ရွှေလင်း-ပြည့်စုံ

Hot News Weekly