ဩစတြေးလျ၏ အချမ်းသာဆုံးအမျိုးသမီး သတင်းအရင်းအမြစ်လွှဲပြောင်းရန် တောင်းဆိုမှု ဆုံးရှုံး

ပို့စ်တင်ချိန် - 8/09/2013 08:56:00 AM


ဩစတြေးလျနိုင်ငံ၏ အ ချမ်းသာဆုံးအမျိုးသမီးဖြစ်သူ ဂီနာရီနီဟတ်သည် သူမမိသားစု ပြဿနာနှင့်ပတ်သက်သော သ တင်းအချက်အလက်များကို ပြန် လွှဲပြောင်းပေးရန် မီဒီယာအဖွဲ့ ကို တွန်းအားပေးမှုရှုံးနိမ့်သွားခဲ့ ရကြောင်းသိရသည်။ ဂီနာရီနီ ဟတ်သည် သူမ၏သားဖြစ်သူ ဂျွန်ဟန်ကော့နှင့် ဂျာနယ်လစ် စတိဗ်ပန်နယ်စ်တို့ကြားမှ မှတ် တမ်းများ၊ စာများ၊ ဖက်စ်၊ အီး မေးလ်၊ ဥပဒေအကြံပေးမှု၊ စာတို များနှင့်အသံဖိုင်များကို ပြန်ပေး ရန် West Australian သတင်း စာကို တွန်းအားပေးရန် ကြိုးစား ခဲ့သည်။ ဟန်ကော့နှင့်ညီမ ဘီ အန်ကာတို့သည် ၎င်းတို့ အဘိုး ထူထောင်ခဲ့သော ဩစတြေးလျ ဒေါ်လာ ၂၂ဘီလီယံ (အမေရိ ကန်ဒေါ်လာ ၂ဝဘီလီယံ)တန်ဖိုး ရှိသော သံသတ္တုရိုင်းလုပ်ငန်း အမွေဆက်ခံခွင့်နှင့် ပတ်သက် ပြီး မိခင်ဂီနာရီနီဟတ်နှင့် တရား ရင်ဆိုင်မှုတွင် ပါဝင်နေသည်။
ဂျာနယ်လစ်ပန်နယ်စ်သည် ထိုမိသားစုအရှုပ်ပုံအကြောင်း ဆောင်းပါးရေးသားထုတ်ဝေခဲ့ ပြီးနောက် ဂီနာရီနီဟတ်က ၎င်း ကို တရားရုံးမှတစ်ဆင့်ဆင့်ခေါ် စာပေးပို့ခဲ့သည်။ ၎င်းတို့၏အမှု သည် နှစ်နှစ်နီးပါးကြာခဲ့သော် လည်း ဩဂုတ် ၆ရက်တွင် တရား ရုံးချုပ်မှ သူမ၏အမှုကို ပယ်ဖျက် ကြောင်း ကြေညာခဲ့သည်။ ''သတင်း စာနဲ့ ဂျာနယ်လစ်သမားတွေအ တွက် သူတို့ရဲ့ သတင်းအရင်း အမြစ်တွေကို ကာကွယ်ပေးတဲ့ ဥပဒေကြောင့် အနိုင်ရရှိခဲ့တာ ပါ။ ဂျာနယ်လစ်စတိဗ်ပန်နယ် ဟာ သူရေးတဲ့ သတင်းအတွက် ခိုင်လုံတဲ့အထောက်အထားတွေ ကို ထိန်းသိမ်းခွင့်ရှိခဲ့တယ်ဆိုတဲ့ အချက်ကို တရားသူကြီးတွေ သိ ခဲ့တဲ့အတွက် အနိုင်ရခဲ့တာပါ''ဟု အယ်ဒီတာဘရက်အမ်စီကာ သီက ပြောခဲ့သည်။
ဂီနာရီနီဟတ်သည် ယမန် နှစ်က သူမ၏ခွင့်ပြုချက်မရဘဲ သူမအကြောင်း ရေးသားခဲ့သော တခြားဂျာနယ်လစ်တစ်ဦးကို လည်း တရားစွဲဆိုထားကြောင်း သိရသည်။

ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ