ခင်ဝင့်ဝါ စာချုပ်ထားသည့် တစ်နှစ်အတွင်း အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ ရိုက်ကူးခွင့်မရှိဟုဆို



ရတနာ ၊ ရန် ကုန် ၊ စက်တင်ဘာ(၉)

Miss Supranational ပြိုင်ပွဲမှ Title ဆုလေးဆုရ ခင်ဝင့်ဝါကို အရက်၊ ဆေးလိပ်၊ ဘီယာကြော်ငြာများ အား စာချုပ်ချုပ်ထားသည့် တစ် နှစ်အတွင်း ရိုက်ကူးခွင့်ပြုမည်မ ဟုတ်ကြောင်း Miss Supranational Myanmar အော်ဂနိုက် ဇေးရှင်းမှ သိရသည်။

''ကျွန်မတို့ အခုလို သူ့ကို ဆေးလိပ်၊ အရက်နဲ့ဘီယာကြော် ငြာတွေ မရိုက်ခိုင်းတာက မစ်မော် ဒယ်တစ်ဦးအနေနဲ့ ရှိသင့်ရှိထိုက် တဲ့ အရည်အချင်းတွေပျောက် ပျက်သွားမှာစိုးလို့ပါ။ တကယ်လို့ အစ်မတို့နဲ့စာချုပ်ချုပ်ထားတာ ပြည့်ပြီးသွားရင်တော့ သဘော ပေါ့နော်။ အစ်မကအခု သူဆုယူ ပြီး ပြန်လာတော့လဲ သိပ်ဝမ်းသာ တယ်။ အချိန်ကလဲသိပ်မရဘူးဆို တော့လေ။ ဘာပဲဖြစ်ဖြစ် အခု လို MISS တွေကိုမွေးထုတ်ပေး ပြီး နိုင်ငံတကာကိုယှဉ်ပြိုင်နိုင် တာက မြန်မာကိုကမ္ဘာကသိ အောင်ဆိုတဲ့စိတ်နဲ့ပါ''ဟု ယင်း အဖွဲ့အစည်းမှ မဖူးဝေခိုင်ကပြော သည်။

Miss Supranational အော် ဂနိုက်ဇေးရှင်းအဖွဲ့သည် နှစ်စဉ် နှစ်တိုင်း မော်ဒယ်များကို မွေး ထုတ်ပေးမည်ဖြစ်ပြီး ယင်းမှရရှိ သည့် အကျိုးအမြတ်များအား မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြား ၌ ပရဟိတလုပ်ငန်းများကို တတ် နိုင်သလောက် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အော်ဂနိုက်ဇေး ရှင်းမှာ ၂၀၁၃ခုနှစ် မေလပိုင်းမှ စတင်ပြီး လူငယ်များဖြင့်ဖွဲ့စည်း ထားသည့် အဖွဲ့တစ်ခုဖြစ်ကာ မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ် ပြိုင်သည့် ခင်ဝင့်ဝါသည် Miss Internet, Most Beautiful Girl In The World, People Choice Award, Face of Miss Supranational များရရှိခဲ့ခြင်း ဖြစ်သည်။
Yangon Media Group

အငှားယာဉ်မောင်းထံမှ တုတ်၊ ခဲများကိုင်ဆောင်ကာခြောက်လှန့်၍ အရက်ဖိုးငွေတောင်းသူများအားအရေးယူ


ရန်ကုန်၊ စက်တင်ဘာ ၁၀

၁၀.၉.၂၀၁၃ရက်နေ့ ၀၃၄၅အချိန်တွင် ဒဂုံတောင်မြို့နယ်နေ ဦးကိုကိုလေးသည် ၇က/----၊ အငှားယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်
ဘက်သို့ မောင်းနှင်လာစဉ် (၁၁)ရပ်ကွက်၊ မြသီတာအားကစားကွင်းမှ
ချောင်းကူးတံတားပေါ်အရောက် လူ(၁)ဦးမှာကန့်လန့်အိပ်နေသဖြင့် ဦးကိုကိုလေးမှ ရှောင်၍မောင်းနှင်စဉ် အခြား(၂)ဦးမှသစ်သားတုတ်နှင့်
ခဲများအား ကိုယ်နောက်တွင်ဝှက်၍ ကိုင်ဆောင်ကာ ကားရှေ့မှပိတ်ရပ်ပြီး အရက်ဖိုးပေးရန်တောင်းသဖြင့် ဦးကိုကိုလေးမှ ငွေကျပ်(၅၀၀)အား
ပေးခဲ့ပြီး ပဒေသာလမ်းဆုံဘက်သို့ ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ အဆိုပါနေရာ၌ ၎င်းသူ(၃)ဦးနှင့် အရက်သောက်လျက်(၁)ဦးတို့
ကျန်နေခဲ့ကြောင်းကို ရဲတပ်ဖွဲ့ဝင်များနှင့်တွေ့ရှိသဖြင့် ပြောပြတိုင်တန်း ခဲ့ပါသည်။

တိုင်တန်းချက်အရ တောင်ဥက္ကလာပမြို့မရဲစခန်းတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့သွားရောက်၍ အဆိုပါသူများအားဖမ်းဆီးခဲ့ရာ
တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်နေသူများ ဖြစ်သည့် မြတ်သူ (ဘ)ဦးအောင်ဘု၊ သက်တင်စိုး(ဘ)ဦးချိုသိန်းဦး၊ ကိုရဲ(ခ)ရဲထွဋ်သိန်း (ဘ)ဦးစန်းဝင်းနှင့် (၈)ရပ်ကွက်နေ ဇင်ကို(ခ)ဇေယျာ(ဘ)ဦးဌေးမြင့်တို့
(၄)ဦးအားဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၄)ဦးအား ဦးကိုကိုလေးမှ အရေးယူပေးပါရန်တိုင်တန်းခဲ့သဖြင့်
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ) ၃၃၄/၂၀၁၃၊ပုဒ်မ ၃၈၄/၁၁၄ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

တရားရုံး ခြစားမှု စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့မည်


ညိမ်းပြည့်စုံ| September 10, 2013

 ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ရုံး (ယခင် ဗဟိုတရားရုံးချုပ်) ကို တွေ့ရစဉ် (ဓာတ်ပုံ - Reuters)
ရန်ကုန်တိုင်း တရားလွှတ်တော်ချုပ်ရုံး (ယခင် ဗဟိုတရားရုံးချုပ်) ကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် အကျင့်ပျက် ခြစားမှုများ အမြစ်တွယ် နေသောကြောင့် ပြည်သူများနှင့် သတင်း မီဒီယာများ ပါဝင်သော တရားရုံး ခြစားမှုများ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၇ ရက်နေ့က တရားစီရင်ရေးမဏ္ဍိုင် အားကောင်း လာစေရေး ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးတချို့၊ ရှေ့နေများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အပါအ၀င် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှ တာဝန်ရှိသူများ စုံလင်စွာရောက်ခဲ့ကာ တရားရုံး စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ပဏာမ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“တရားရုံး စောင့်ကြည့်ရေးအဖွဲ့မှာ မီဒီယာသမားတွေရော၊ ပြည်သူတွေရော ပါရမယ် ဆိုပေမယ့် တခြားအလုပ်တွေ သိပ် လုပ်စရာ မလိုဘူးလေ။ သူတို့က ဥပဒေအကြောင်း နားမလည် ပေမယ့် တရားရုံးက ချမှတ်တဲ့ အမိန့်၊ တရားသူကြီးတွေရဲ့ လုပ်ရပ်တွေက မှန်သလား၊ မှားသလား ဆိုတာ ခန့်မှန်းနိုင်တယ်၊ သိနိုင်တယ်။ ဒီအဖွဲ့ထဲမှာ လွှတ်တော် ကိုယ်စားလှယ် တွေတော့ မပါလောက်ဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

အာရှ စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်သော ဂျပန်နိုင်ငံတွင် တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်း ကျင့်သုံးနေပြီး ယင်း အဖွဲ့များကြောင့် တရားသူကြီးများနှင့် တရားရုံးများ ၏ အကျင့်ပျက် ခြစားမှုများ သိသိသာသာ လျော့နည်းသွား သဖြင့် မြန်မာနိုင်ငံတွင်လည်း ထိုနည်းလမ်းအတိုင်း တရားရုံး အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းနိုင်ရေး လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောသည်။

ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးကိုနီက “သူရ ဦးအောင်ကိုက တရားရုံး စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ရင် မြို့နယ်တခု ချင်းစီ မှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ အငြိမ်းစား ဥပဒေပညာရှင်တွေ၊ အငြိမ်းစား တရားရေးဘက်က ဥပဒေ အကြောင်း နားလည် တတ်ကျွမ်းသူတွေ အပြင် မီဒီယာသမားတွေနဲ့ ဖွဲ့မယ်လို့တော့ ပြောထားတယ်။ လွှတ်တော်မှာလည်း ဒါကို တရားဝင် ဆောင်ရွက်မယ်။ ဒီအတွက် ကျနော်တို့ကိုလည်း စဉ်းစားအကြံပေးဖို့ လွှတ်တော်က တောင်းဆိုထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

တရားရုံး စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းမည် ဖြစ်သော်လည်း အကျင့်ပျက် ခြစားမှုများ ချက်ချင်း ပပျောက်သွားရန် မလွယ်ကူဘဲ လာဘ်ပေးလာဘ်ယူမှုသည် မြန်မာနိုင်ငံတွင် ဓလေ့တခုသဖွယ် အမြစ်တွယ်နေကြောင်း၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်သွားရန် နိုင်ငံ့ဝန်ထမ်းများကို လုံလောက်သည့် လစာကို ပေးပြီး တဘက်တွင်လည်း ခြစားမှုများကို ထိရောက်စွာ အရေးယူမှ ခြစားမှုများ ပပျောက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်က ဆိုသည်။

“တရားရုံး တွေကို စောင့်ကြည့်တဲ့ အဖွဲ့ ဖွဲ့လိုက်ခြင်းအားဖြင့် တရားသူကြီးတွေနဲ့ တရားစီရင်ရေးမှာ အကျင့်ပျက် ခြစား တာတွေ၊ လာဘ်ပေး လာဘ်ယူမှု တွေ ချက်ချင်း မပျောက်နိုင်ဘူး။ စောင့်ကြည့်ပြီးတော့ ခြစားမှုတွေကို ထိရောက်တဲ့ အရေးယူမှု တွေ လုပ်သွားမယ် ဆိုရင်တော့ အချိန်ကြာလာတာ နဲ့ အမျှ ပျောက်ကောင်း ပျောက်သွားနိုင်တယ်”ဟု ရှေ့နေ ကွန်ရက်မှ ရှေ့နေ တဦးဖြစ်သူ ဦးလှထွန်းက ပြောသည်။

အငြိမ်းစား တရားသူကြီးတဦးဖြစ်သူ ဦးခင်မောင်အေးက တရားရုံး စောင့်ကြည့် လေ့လာရေး အဖွဲ့များကြောင့် တရား စီရင်ရေး စနစ်တွင် မှန်မှန်ကန်ကန် ဖြစ်လာစေရန် တည့်မတ်နိုင်ပြီး ခြစားမှုများ အတော်အတန်ပပျောက်သွားမည်ဟု မျှော်လင့် ကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

ဧရာဝတီ

နဝမတန်းကျောင်းသားကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန်တိုင်ကြား


မြစ်ကြီးနား၊ စက်တင်ဘာ ၉

မြစ်ကြီးနားမြို့ အထက (၁) တွင် ပညာသင်ကြားနေသော အသက် ၁၆ နှစ် အရွယ် နဝမတန်း ကျောင်းသား မောင်မရန်ဒွဲလာကို ညပိုင်းတာဝန်ကျ ကင်းလှည့်သည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်ကာ ဦးခေါင်းခွံရိုး ချိုင့်ဝင်သွားသည်အထိ ရိုက်နှက် စစ်ဆေးခဲ့သဖြင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တိုင်ကြားထားကြောင်း ကာယကံရှင် မောင်မရန်ဒွဲလာ၏ အစ်ကိုဖြစ်သူ ကိုမရန်ထွယ်အောင်က The Voice သို့ ပြောသည်။

မောင်မရန်ဒွဲလာမှာ စီတာပူ ရပ်ကွက်ရှိ ရင်သွေးအိမ် ဘော်ဒါဆောင်နေ ကျောင်းသားတစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ညသန်းခေါင်ကျော်အချိန် သူငယ်ချင်းများနှင့် ဘောလုံးပွဲကြည့်ရန် အတွက် အဆောင်မှ ထွက်လာခဲ့ရာ မနောကွင်းအနီးတွင် အရပ်ဝတ်ဖြင့် ရဲငါးဦး ရောက်ရှိလာပြီး ပိုက်ဆံလုသည့် တရားခံဟု စွပ်စွဲကာ အမှတ် (၁) ရဲစခန်းသို့ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကာယကံရှင် မောင်မရန်ဒွဲလာက ရှင်းပြသည်။

“နယ်ထိန်းရုံးခန်းထဲမှာ လက်ထိတ်ခတ် ဒူးထောက် ထိုင်ခိုင်းပြီးတော့ ပါးရိုက်တယ်။ ပြီးတော့ ခြေထောက်တွေ၊ ကျောတွေ၊ ခေါင်းမှာတွေ နံပါတ်တုတ်နဲ့ ရိုက်တယ်။ ကျွန်တော် ကြောက်တာနဲ့ နာတာရောပြီး တစ်ညလုံးငိုခဲ့တယ်” ဟု ၎င်းကဆိုသည်။

မောင်မရန်ဒွဲလာသည် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ရဲစခန်းမှ လွတ်မြောက်လာခဲ့ပြီး နာကျင်ကိုက်ခဲနေသဖြင့် အေးသုခဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရာ ဓာတ်မှန်စစ်ဆေးချက်အရ ညာဘက် ဦးခေါင်းရိုး ချိုင့်ဝင်သွားပြီး ဂရုတစိုက် စောင့်ကြည့်ရမည့် ဒဏ်ရာဖြစ်သည်ဟု ဆရာဝန်က ပြောဆိုကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးဆီသို့ တိုင်ကြားထားသည့် စာတွင် ဖော်ပြထားသည်။

“ကျွန်တော့်ညီဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး။ အဆောင်စည်းကမ်းကိုပဲ ချိုးဖောက်ခဲ့တာပါ။ အသက်မပြည့်သေးတဲ့ ကျောင်းသားတစ်ယောက်ကို ဒီလိုပြုမူခဲ့တဲ့ လုပ်ရပ်ဟာ ပြည်သူနဲ့ ပြည်သူ့ရဲတွေကြားက ယုံကြည်အားကိုးမှုကို ပျက်ပြားစေတယ်” ဟု ကာယကံရှင်၏ အစ်ကိုဖြစ်သူ ကိုထွယ်အောင်က ဆိုသည်။

လူ့အခွင့်အရေး ရှုထောင့်အရ အသက် ၁၈ နှစ် မပြည့်သေးသူကို ကလေးသူငယ်ဟု သတ်မှတ်ထားပြီး အသက်မပြည့်သေးသူ တစ်ဦးအနေနှင့် ပြစ်မှုကျူးလွန်ခဲ့သည့် တိုင်အောင် ကလေးဖြစ်နေ သည့်အတွက် လူကြီးတစ်ဦးကဲ့သို့ တန်းတူထား ဆက်ဆံ၍ မရသည့် ကလေးသူငယ် အခွင့်အရေး ရှိကြောင်း လူ့အခွင့်အရေး ပညာပေးများ လုပ်ဆောင်နေသူ ကိုဂျာနော်က ဆိုသည်။
“လူ့အခွင့်အရေးအမြင်နဲ့ ကြည့်ရင် လက်လွတ်စပယ် ဖမ်းဆီးခြင်းနဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းမှ ကင်းလွတ်ခွင့်ဆိုတဲ့ အချက်နှစ်ချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ မြင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ တိုင်ကြားစာကို လက်ခံရရှိခြင်း မရှိသေးကြောင်း ဖြေကြားသည်။

ရိုက်နှက်စစ်ဆေးခဲ့သည်ဟု တိုင်ကြားထားသော အမှတ် (၁) ရဲစခန်းမှ နယ်ထိန်း တာဝန်ခံဒုရဲအုပ်ကို မေးမြန်းရာတွင် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားခဲ့ခြင်းသာဖြစ်ပြီး တရားလွန် ရိုက်နှက်စစ်ဆေး ခဲ့ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေပုဒ်မ၁၇ (ဆ) တွင် အကျဉ်းသား၊ အချုပ်သား (သို့မဟုတ်) ဖမ်းဆီးထားသူ တစ်ဦးဦးအား ရိုက်ပုတ်လျှင် (သို့မဟုတ်) အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင် ဖောက်ဖျက်ကျူးလွန်သူအား ရဲတရားရုံးဖြင့် စစ်ဆေးပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ဥပဒေ ဖော်ပြထားသည်ထက် မလျော့သော ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ပြောကြားထားသည်။

The Voice Weekly

အခကြေးငွေဖြင့် အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီ


ယုဝေ | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၄ မိနစ်

ယခင်က အခမဲ့အသုံးပြုရပြီး စက်တင်ဘာလမှစတင်ကာ အခကြေးငွေဖြင့် အသုံးပြုရမည်ဖြစ်သော Frozen Keyboard Pro (မြန်မာဘာသာအသုံးပြုနိုင်သော Keyboard) ကို စက်တင်ဘာ ၈ ရက်အထိ အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု အဆိုပါ Keyboard Pro ကို ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က မဇ္ဈိမကို ပြောသည်။

အဆိုပါ Frozen keyboard ကို သြဂုတ် ၃၁ ရက်အထိသာ အခမဲ့အသုံးပြုနိုင်ပြီး စက်တင်ဘာမှစတင်ကာ ကျပ် ၁၀၀၀ ဖြင့် ရောင်းချခဲ့ရာ တစ်ပတ်ကျော်အတွင်း အခကြေးငွေဖြင့် ၀ယ်ယူအသုံးပြုသူ ၂၀၀၀ ကျော်ရှိခြင်း ဖြစ်သည်။

အဆိုပါ Frozen keyboard မှာ မြန်မာစာသုံးနိုင်ရန် smart ဖုန်းသုံးသူအများစု အသုံးပြုခဲ့သည့် keyboard ဖြစ်ပြီး
ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က “Frozen Keyboard Pro ကို အသုံးပြုချင်သူတွေ Google Play စတိုးမှာ ၀ယ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ ဒီနှစ်အမီတော့ Frozen Keyboard ကို Play စတိုးမှာ ၀ယ်ယူလို့ ရရှိနိုင်အောင် ပြုလုပ်သွားမှာပါ။ ဗားရှင်းအသစ်ကိုတော့ ရေးဆွဲမှာပါ။ အချိန် အတိအကျကိုတော့ ပြောလို့မရသေးပါဘူး”ဟု ပြောသည်။

၁၀၀၀ ကျပ်ဖြင့်ရောင်းချသော Frozen Keyboard Pro တွင် မြန်မာစာနှင့် ရှမ်းစာအသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုနိုင်သည့် အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိပေ။

အဆိုပါ Frozen Keyboard Pro ကို ရန်ကုန်မြို့တွင်Win Mobile, World Telefono Mobile House, Phone Corner၊ မန္တလေးမြို့တွင် Alpha, Power Mobile Centre, ရွှေနဂါး Mobile၊ နေပြည်တော်တွင် Mobile Mania နှင့် အခြားမြို့များရှိဖုန်းဆိုင်များတွင်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese 

မလေးရှားမှ မြန်မာအားလုံး တရားဝင်အလုပ်သမားဖြစ်စေရေး သံရုံးကို တောင်းဆို


မင်းမင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၆ မိနစ်

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာများအားလုံးကို တရားဝင် အလုပ်သမားများ ဖြစ်စေရေး ဆောင်ရွက်ပေးရန် မလေးရှားအခြေစိုက်အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တို့က ထိုနိုင်ငံရှိ မြန်မာသံရုံးကို စက်တင်ဘာ ၇ ရက်ကတောင်း ဆိုလိုက်သည်။

မလေးရှားအစိုးရက ယခုလဆန်းမှစတင်၍ ၎င်းတို့နိုင်ငံအတွင်းရှိ တရားမ၀င်လုပ်သားများကိုဖမ်းဆီးလျက် ရှိရာ မြန်မာလုပ်သား ၅၅၀ ကျော်လည်း အဖမ်းခံထားရသဖြင့် ထိုအဖွဲ့များက ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမားသုံး သိန်းခန့် သာရှိပြီး တရားမ၀င်လုပ်သားလေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်က ဇွန်လဆန်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

မလေးရှားရောက် အဖွဲ့အစည်းနှစ်ခုက ဖမ်းဆီးခံထားရသော တရားမ၀င်မြန်မာအလုပ်သမားအားလုံး လွတ်မြောက်ရေး ကိုလည်း သံရုံးကဆောင်ရွက်ပေးရန် ကြေညာချက်တွင် ထည့်သွင်း တောင်းဆို ထားသည်။

စက်တင်ဘာ ၁ ရက်က စတင်ခဲ့သည့် မလေးရှားအစိုးရ၏ တရားမ၀င်လုပ်သားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကြောင့် မြန်မာများအပါအ၀င် တရားမ၀င်အလုပ်သမားပေါင်း ရှစ်ထောင်ကျော် အဖမ်းခံခဲ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မလေးရှားအစိုးရနှင့် ညှိနှိုင်းရန် မြန်မာအစိုးရကလည်း ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။

မြန်မာအစိုးရသည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တရားမ၀င်မြန်မာလုပ်သားများကို တရားဝင် နေထိုင်ခွင့် ရရှိရေးအတွက် ထိုင်းအစိုးရနှင့်ညှိနှိုင်းနိုင်ခဲ့သော်လည်း မလေးရှားအစိုးရနှင့်မူ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိမသိရသေးပေ။

လက်ရှိတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများကို နိုင်ငံသားမှန်မမှန် သံရုံးကစိစစ်ပြီး တရားဝင် ပြန်လည်ခေါ်ယူသွားမည်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ပြန်ကြားရေးဒုဝန်ကြီးလည်းဖြစ်သည့် ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ထုတ်ဖော်ရေးသားခဲ့သည်။


Mizzima - News in Burmese 

ကိုယ့်ကိုယ်ကိုသတ်သေရန် ကြံစည်ခဲ့ဖူးကြောင်း Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာ ထုတ်ဖော်


အောင်သုတ

Prison Break မင်းသား ၀ါ့သ်ဝေါ့မီလာက သူ့ရဲ့ငယ်စဉ်ဘ၀မှာ အလွန်ကြမ်းတမ်းခဲ့ပြီး အသက် ၁၅ နှစ် အရွယ်ခန့်ကဆိုလျှင် ကိုယ့်ကိုယ်ကိုသတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တစ်လခန့်က မိန်းမလျာဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့တဲ့ မီလာက ၎င်း၏ငယ်ဘ၀မှာ လိင် ပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေကြောင့် စိတ်ဓာတ်ကျကာ သတ်သေရန် ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

အခမ်းအနားတစ်ခုမှာ မီလာကသူ့ရဲ့ဘ၀အကြောင်း ပြောဆိုခဲ့ရာမှာ မိဘများမရှိတဲ့တစ်နေ့မှာ သူဟာ ဆေးတွေအလွန်အကျွံသုံးစွဲပြီး သေကြောင်းကြံခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော့်ကိုကျွန်တော် ပထမဆုံးသတ်သေဖို့ ကြိုးစားခဲ့ဖူးတာ အသက် ၁၅ နှစ်တုန်းကပေါ့။ စနေ၊ တနင်္ဂနွေမှာ ကျွန်တော့်အဖေ နဲ့အမေ အပြင်ထွက်တဲ့အထိ ကျွန်တော်စောင့်နေခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းရှိနေတယ်ဆိုတာ သေချာတဲ့အခါ ဆေးပုလင်းတစ်လုံးလောက်ကို ကျွန်တော်သောက်လိုက်ပါတယ်။

အဲဒီနောက်ရက် တော်တော်များများကြာအောင် ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်မမှတ်မိတော့ပါဘူး။ ကျွန်တော် မှတ်မိလာတဲ့အချိန်ရောက်တော့ ကျွန်တော်ကျောင်းကားပေါ်မှာရောက်နေပြီး အရာအားလုံးကလည်း အေးဆေးပါပဲ။ အဲဒီအချိန်မှာ ကျွန်တော့်ကိုတစ်ယောက်ယောက်က ငိုယိုပြီး အကူအညီတောင်းလာခဲ့ရင် တောင် ကျွန်တော်ပေးနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း သူများဆီကမတောင်း ချင်လို့ပါ” လို့ ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ သူဟာဘ၀ကို အကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အောင်မြင်မှုတစ်ခု ရရန် ကြိုးစားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကသူဟာ မိန်းမလျာတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ပြောဖို့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် တမင်လျှို့ဝှက်ထားခဲ့ပြီး အဲဒီလိုပြောဆိုလိုက်တာဟာ သူ့ရဲ့ အလုပ်ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ လိမ်ဖို့ရွေးချယ်ခဲ့တာဖြစ်တယ်လို့ မီလာကရှင်းပြခဲ့ပါတယ်။

Mizzima - News in Burmese 

တရုတ်အလုပ်သမားတစ်ဦးသေဆုံးမှု အလုပ်သမား(၁၁)ဦးကို စစ်ဆေးနေ


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ရွှေဂက်(စ်)စီမံကိန်းရုံးချုပ် အခြေစိုက်ရာ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား မစ္စတာလီမော်ဟို(၃၉)နှစ်သေဆုံးမှုကို တရုတ်အလုပ်သမား(၁၁) ဦး အား ကျောက်ဖြူမြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ မစ္စတာ လီမော်ဟို၏ ရုပ်အလောင်းကို စက်တင်ဘာ(၄)ရက် ယူနန်ကုမ္ပဏီမှ အလုပ်သမားများ  အခြေချတည်းခိုနေထိုင်ရာ အဆောင်နှင့် မနီးမဝေးကမ်းစပ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

 သေဆုံးသွားသူ လီမော်ဟိုနှင့် အတူ အလုပ်သမားအဆောင်တွင် အတူတည်းခိုနေထိုင်ပြီး အလုပ်လုပ်နေသည့် ယူနန် အလုပ်သမား(၁၂)ဦးရှိကာ လီမော်ဟို၏ အိပ်ရာခုံအနီးအနားတွင် ၎င်းအားလုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သံသယဖြစ်ဖွယ်သွေးစက်များ ပေကျံနေသည်ကိုတွေ့ရှိရသည်ဟု ရဲစစ်ဆေးချက်မှတ်တမ်းများအား ကိုးကား၍ ကျောက်ဖြူရဲစခန်းမှ ရဲအုပ် ဦးသိန်းတိုးက ပြောကြားသည်။

“မစ္စတာလီမော်ဟို သေဆုံးမှုကဓမ္မတာအတိုင်း သေဆုံးမှုဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်။ သူနဲ့အတူ အလုပ်လုပ်နေတဲ့ အလုပ်သမား(၁၁)ဦးကလည်း စစ်ဆေးမေးမြန်းတိုင်း အဖြေတစ်ခုတည်းကို ကြိုတင်တီးလုံးတိုက်ထားသလိုမျိုး ဖြေကြပါတယ်။ အဲဒီအဖြေက သေဆုံးသွားသူ မာစ္စတာလီမော်ဟိုဟာ စိတ်ကျန်းမားရေးကစဥ့်ကလျားဖြစ်ပြီး အပြင်ကို ထွက်သွားနေစဉ် သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ဒေသရာသီဥတုမကိုက်ညီတဲ့အတွက် သေဆုံးသွား ရတာဖြစ်ကောင်းဖြစ်နိုင်ကြောင်းစသည်ဖြင့်မရေမရာဖြေကြားကြပါတယ်။ သူ့ရဲ့ယူနန်ကုမ္ပဏီ မန်နေဂျာ မစ္စတာ မဝေ့(စ်)ကလည်း ဒီလိုအဖြေမျိုးကိုပဲ ပေးတယ်။”ဟု ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဦးသိန်းတိုးက ပြောကြားသည်။

မဒေးကျွန်းရှိ (၂၀၁၂)ခုနှစ် အတွင်းမှလည်း တရုတ်အလုပ်သမားတစ်ဦး ပေ(၁၀၀)ကျော်မြင့်သော ဆောက်လုပ် ရေး စီမံကိန်းစင်တစ်ခုမှပြုတ်ကျကာ သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ဖူးသည်။

တရုတ်အလုပ်သမားသေဆုံးမှု နောက်ဆုံးရသတင်းများမှာ သေဆုံးသူ မစ္စတာ လီမော်ဟိုအား ခွဲစိတ် စစ်ဆေး ချက်များအရ လည်ပင်းတွင်သုံးလက်မခန့်အနက် ထိုးသွင်းဒါဏ်ရာတစ်ချက်၊ ၀ဲဘက်လည်ပင်းတွင် တစ်လက်မခန့်အနက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာလက်မောင်းတွင် ရိုက်နှက်ဒဏ်ရာတစ်ချက်၊ ပါးစပ်တွင် ရိုက်နှက်ဒဏ်ရာတစ်ချက်နှင့် သွားများကျိုးနေသည်ကိုတွေရှိရကြောင်း မှုခင်းဆေးစစ်ချက်များအရသိရသည်။

အဆိုပါ သေဆုံးမှုကို ကျောက်ဖြူရဲစခန်းက လူသေမှု သေခင်း ဖြစ်စဉ် (ပ)၁၂/၂၀၁၃ ပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အာရကန်ကိုကို-မောင်တော (မြစ်မခ)

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆+၇)

Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။

 Video တွေကတော့ အောက်မှာပါ -

 


အဓိက လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းမရှိစေရန် သတိပေးနှိုးဆော်ချက်ထုတ်ပြန်


ရန်ကုန်-စက်တင်ဘာ၁၀

ရန်ကုန်မြို့ရှိ အဓိက လမ်းမကြီးများပေါ်တွင်
စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်းမရှိစေရန်
တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ က သတိပေးနှိုးဆော်ချက်ထုတ်ပြန်လိုက်သည်။
Popular Myanmar News Journal

ခင်ဝင့်ဝါ နဲ့ သက်မွန်မြင့်




သက်မွန်မြင့်ရဲ့ Facebook မှာ  ခင်ဝင့်ဝါ နဲ့ တွဲရိုက်ထားတဲ့ပုံတွေ ဒီမနက် (တနင်္လာမနက်)မှာ တက်လာပါတယ်။

သူတို့နှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုအတိုင်းအတာ ဘယ်လောက်ရှိတယ် ဆိုတာ မသိရသေးပါဘူး။
ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ ခင်ဝင့်ဝါကို ဂုဏ်ပြုပွဲ ပြုလုပ်ကြစဉ် ရိုက်ကူးထားတဲ့ပုံတွေ ဖြစ်ပုံရပါတယ်။

ခင်ဝင့်ဝါက နိုင်ငံတကာမယ်ပြိုင်ပွဲတခုမှာ ဆုတွေရပြီး မနေ့က မနက်ပိုင်းမှာ ရန်ကုန် ပြန်ရောက်လာတာပါ။

 သက်မွန်မြင့်က ဇာတ်ကားတွေ အဆက်မပြတ် ရိုက်ကူးနေရတဲ့၊ လူချစ်လူခင်များတဲ့ သရုပ်ဆောင်ဖြစ်သလို
ခင်ဝင့်ဝါကလည်း အင်တာနက်သုံးတဲ့မြန်မာပရိသတ်တို့ နှစ်သက်ကြတဲ့ အလှမယ် ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ပုံရိပ်များကို စီးပွားရေးလုပ်ငန်းကြော်ငြာများမှာ တွေ့လာရဖွယ် ရှိပါတယ်။

သရုပ်ဆောင်တဲ့အတတ်ပညာ ပိုင်နိုင်မယ် ဆိုရင်တော့ ရုပ်ရှင်/ဗီဒီယိုလောကထဲကိုလည်း သူ ရောက်သွားမှာပါ။

သူက ပြိုင်ပွဲမှာ သရဖူကြီးမဆောင်းခဲ့ပေမယ့် ဆန်ကာတင် ၂ဝ စာရင်းထဲ ဝင်ခဲ့သူပါ။

ရန်ကုန်ကို မပြန်ခင် စနေနေ့ကတော့ ခင်ဝင့်ဝါက သူ့Facebook မှာ အခုလို မှတ်ချက် ရေးထားခဲ့တာ တွေ့ရပါတယ်။
“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်… ဒီဆုတွေက ပရိသတ်ကြီး ပေးခဲ့တဲ့ဆုပါ… ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြုသွားမှာဖြစ်ပါတယ်…
ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ…
အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်…
ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန်မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်… ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်…“

ဧရာဝတီ

အိမ်ခြံမြေ ဈေး အစိုးရ မထိန်းနိုင်


နယူးယောက်ထက်တောင် ဈေးကြီးနေတဲ့ ရန်ကုန်တိုက်ခန်းဈေး (ဓာတ်ပုံ – ဧရာဝတီ)

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေမှုကို အစိုးရက ထိန်း ချုပ်ရန် ကြိုးစားသော်လည်း ထိရောက်မှုမရှိဟု အိမ်ခြံမြေ အကျိုးဆောင်များနှင့် စီးပွားရေး ပညာရှင်များက ပြောကြသည်။

ဈေးနှုန်းများ မြင့်တက်နေမှုကို ရပ်တန့်နိုင်ရန်အတွက် အစိုးရအနေဖြင့် ၎င်း၏ ပိုင်ဆိုင်မှုအပေါ်ကောက်ယူသည့်အခွန် (property tax) စည်းကြပ်သည့် စံနစ်ကို ပြန်လည် စိစစ်သင့်သည် ဟုလည်း သူတို့ကဆိုသည်။ ပိုင်ဆိုင်မှုအပေါ် ကောက် ယူသည့်အခွန် (property tax) ဆိုသည်မှာ စည်ပင်သာယာအဖွဲ့သို့မဟုတ် သက်ဆိုင်ရာ ဌာနတခုခုက သတ်မှတ် ပေး ထားသော အိမ်ယာ အဆောက်အအုံ၏ ရာဖြတ်တန်ဘိုးအပေါ်အခြေခံ၍ စည်းကြပ်သည့်အခွန်ဖြစ်သည်။

လက်ရှိအချိန်တွင် အစိုးရ၏ စွမ်းဆောင်ရည် အားနည်းမှုကြောင့် အိမ်ခြံမြေ၀ယ်ယူသူများဖက်က သတ်မှတ်ထားသော အ ခွန် ၃၇ ရာခိုင်နှုန်းကို အပြည့်အ၀ပေးဆောင်ရန် မလိုဘဲ လွယ်ကူစွာရှောင်တိမ်း၍ ရနေသည်ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဦးက ပြောသည်။ ထို့ပြင် ၀ယ်ယူသူများသည် ပြည်တွင်း အခွန်များ ဦး စီးဌာနသို့ သူတို့ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် ငွေများ၏ အရင်းအမြစ်ကို အသိပေးရန်လည်း မလိုအပ် ဟုလည်း သူက ထပ်ပြောသည်။

ထိုအားနည်း ချက်များကြောင့် ရန်ကုန်၏ ပိုင်ဆိုင်မှုဈေးကွက် အတွင်းတွင် ထုထည် ကြီးမားစွာလည်ပတ်နေသော ငွေ ကြေးများကို အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု ဦးသန်းဦးက ဆိုသည်။

“၂၀၀၇ ခုနှစ်လောက်ကထဲက ဒေသတွင်းပိုင်ဆိုင်မှု ဈေးကွက်မြင့်တက်လာတာ ဒီ အခွန်စံနစ်ကြောင့်ပဲ။ အရောင်း အ ၀ယ်ကို မှတ်ပုံတင်တဲ့အခါ ပြည်တွင်းအခွန်များဦးစီးဌာနကို ၀ယ်ယူတဲ့ပိုက်ဆံ ဘယ်လိုရလာသလဲဆိုတာကို ပြဖို့ မလို ဘူးလေ” ဟုသူက ထပ်ပြော သည်။

Myanmar Securities Exchange Center မှ စီးပွားရေးလေ့လာသူ ဦးသက်ထွန်းဦး က အရောင်းအ၀ယ်ပြုလုပ်ရာတွင် လိုအပ်သော စည်းမျဉ်းစည်းကမ်း လျော့ရဲမှုမှ တဆင့် တရားမ၀င်ရရှိလာသည့် ငွေကြေးများကို ခ၀ါချရန် လုပ်ဆောင် နေ ကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း ဖေါင်းပွလာခဲ့သည်ဟု ဆိုသည်။ အစိုးရက ပိုင်ဆိုင်မှုအပေါ်ကောက်ယူသည့်အခွန် (property tax)ကို မှတ်ပုံတင်ရာတွင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှသာလျှင် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ် နိုင်လိမ့်မည်ဟုလည်း သူကပြောသည်။

“တကယ်လို့ အစိုးရက ကုန်သွယ်ခွန်ကို စံနစ်တကျကောက်ယူပြီးတော့ ငွေကြေးခ၀ါချမှုကို ဂရုတစိုက် စစ်ဆေးမယ် ဆိုရင် ဈေးကွက်တန်ဖိုးတွေ တည်ငြိမ်သွားပါလိမ့်မယ်” ဟု ဦးသက်ထွန်းဦး ကပြောပြသည်။

၂၀၀၇ ခုနှစ်တွင် အစိုးရ (ယခင် စစ်အစိုးရ)က ပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့်အခွန်ကို ၅၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်သည့် အချိန်မှစ၍ အိမ်ခြံမြေဈေးနှုန်းများ တက်လာခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် အစိုးရ အာဏာရခဲ့ပြီးနောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်သော စီးပွားရေးပြုပြင်ပြောင်း လဲရေးများကို စတင် အကောင်အထည်ဖော်ခဲ့သည့် အတွက်လည်း ရန်ကုန်တွင် ပိုင်ဆိုင်မှုဈေးနှုန်းများကို ပိုပြီးမြင့်တက်စေခဲ့သည်။

လွန်ခဲ့သော ၅နှစ်တာ ကာလအတွင်း ရန်ကုန်၏ အချို့သောနေရာများတွင် အိမ်ခြံမြေဈေးနှုန်းက ဆယ်ဆ မြင့်တက်လာခဲ့ သည်။ အထူးသဖြင့် မြို့လယ်နေရာများတွင် ပိုမိုဈေးတက်လာခဲ့ပြီး ကျောက်တံတားမြို့နယ်အတွင်းရှိ ဆူးလေဘုရားလမ်း သည်ဈေးအမြင့်ဆုံး ဖြစ်ကာ စတုရန်းတပေလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ နှုန်းဖြစ်နေသည်။ အင်းလျားကန် အနီးတ၀ိုက် မှ လူနေအိမ်များလည်း ဈေးနှုန်းမတန်တဆ မြင့်တက်လာခဲ့၏။

ထို့ကြောင့် ပိုင်ဆိုင်မှုဈေးကွက်ကို ထိန်းချုပ်နိုင်ရန် အတွက် အစိုးရက ၂၀၁၂ ခုနှစ် မတ်လတွင် ပိုင်ဆိုင်မှုအပေါ် ကောက် ယူ သည့်အခွန်ကို ၃၇ရာခိုင်နှုန်းသို့ မြှင့်တင်လိုက်သော်လည်း သက်ရောက်မှုက အနည်းငယ်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ အားကောင်းလာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှစ်စဉ် ၆.၃ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းရပြီး အစိုးရကလည်း ရန်ကုန်မြို့ အနီးတ၀ိုက်မှ စက်မှုဇုန်များကို တိုးတက်လာအောင် စီစဉ် လုပ်ဆောင်နေချိန်တွင် စက်မှုဇုန်များသည်လည်း မြေဈေးနှုန်းများ မြင့်တက်လာသည့်အထဲတွင် အပါအ၀င်ဖြစ်လာသည်။

ယမန်နှစ်က ရန်ကုန်မြို့တဖက်ကမ်းရှိ ဒလမြို့နယ်တွင် ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် အထူးစီးပွားရေးဇုန်တခု တည် ထောင်ရန် အစိုးရက စီစဉ်နေသည်ဟု သတင်းများ ပြန့်နှံသွားပြီး နောက်ပိုင်းတွင် ၎င်းမြို့နယ်တွင်းရှိ မြေဈေးနှုန်းများ အလွန်မြင့်တက်သွားခဲ့သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရက သတင်းကို ငြင်းပယ်လိုက်သည့် အတွက် ဒလ မြေဈေးနှုန်းများ ပြန်ထိုးကျသွားသည်။

အစိုးရအနေဖြင့် ပိုင်ဆိုင်မှု တန်ဖိုးများ အတက်အကျကြမ်းနေမှုကို တားဆီးနိုင်ရန်အတွက် အိမ်ခြံမြေဈေးကွက်ကို လွှမ်း မိုး ထိန်းချုပ်နိုင်မည့် ပိုင်ဆိုင်မှုအပေါ် ကောက် ယူ သည့်အခွန် ဆိုင်ရာ မူဝါဒများကို ကောင်းမွန်တိုးတက်လာအောင် လုပ်ရ မည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သြဂုတ်လ ၂၆ ရက်နေ့တွင်ပြောကြားလိုက်သည်။

“မြေယာနဲ့ ပတ်သက်တဲ့ အခွန်တွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ တချို့ အခွန်တွေကိုလည်း လက်တွေ့အသုံးချဖို့ လိုပါတယ်။ အခု လူတွေက အိမ်တွေ မြေတွေကို အရောင်းအ၀ယ်လုပ်နေကြတယ်။ တကယ်လို့ မြေကိုရောင်းတဲ့ အခါ တိုင်းမှာ အခွန် ကောက်ယူမယ်ဆိုရင် အခွန်က မြေဈေးတက်နေတာကို ထိန်းချုပ်သွားပါလိမ့်မယ်” ဟု ဦးစိုးသိန်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အစိုးရကပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့် အခွန်စံနစ်ကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နေပြီး နေရာကိုလိုက်၍ အခွန်နှုန်းထား ခွဲခြား ကောက်ခံတော့မည်ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့ အဆိုအရ သိရသည်။ ယခင်လအတွင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ၎င်း တို့ကို ခေါ်ယူ ညှိနှိုင်း ဆွေးနွေးခဲ့သည် ဟု လည်း သူတို့ကပြောကြသည်။

မြန်မာနိုင်ငံအခြေစိုက် သြစတေးလျနိုင်ငံသား အိမ်ခြံမြေ အကြံပေးတယောက်က မြေစာရင်းဦးစီးဌာန နှင့် အခြားသော အစိုးရဌာနများ အနေဖြင့် စစ်တမ်းများ ကောက်ယူထားသင့်ကြောင်းနှင့် သို့မှသာလျှင် အစိုးရတာဝန်ရှိသူများသည် ရန် ကုန်ရှိမြေဈေးနှုန်းများကို တိတိကျကျသိရှိနိုင်ပြီး သင့်တော်သော အခွန်နှုန်းထားများ သတ်မှတ်ပေးနိုင်မည် ဖြစ်သည်ဟု ပြောသည်။

“ဈေးနှုန်းအမှန်တွေကို ရရှိနိုင်ဖို့ အတွက် စစ်တမ်းကောက်ယူတဲ့ ဌာနကိုလည်း လုပ်ပိုင်ခွင့်တွေ ပိုပြီး ပေးထား သင့်ပါတယ်” ဟု သူ၏ အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သော သြစတေးလျနိုင်ငံသား အိမ်ခြံမြေ အကြံပေးက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း ပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့် အခွန်စံနစ်ကို ပြန်လည်စိစစ်နိုင်ရန် နှင့် ဆက်လက်တက်နေဆဲဖြစ်သည့် ဈေးနှုန်းများကို ကိုင်တွယ်နိုင်ရန် အတွက် အစိုးရ၏ စွမ်းဆောင်နိုင်ရည်ကို အနည်းငယ်သာ ယုံကြည်သည်ဟု လေ့လာ အကဲခတ်သူ အချို့ကဆိုသည်။

“အစိုးရဖက်က ထိရောက်တဲ့ ဥပဒေစည်းမျဉ်းတွေ ပြဌာန်းပေးနိုင်မှာလား၊ မြေဈေးနှုန်းတွေအပေါ်လွှမ်းမိုး ထိန်းသိမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်မှာလားလို့ ကျနော် သံသယ ဖြစ်မိပါတယ်။ လပေါင်း ၃၀ အတွင်းမှာ အစိုးရလုပ်ခဲ့တဲ့ မှတ် တမ်းတွေကို ကြည့်ပြီးပြောရမယ်ဆိုရင်တော့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ပါဘူး” ဟု ပြည်တွင်း မီဒီ ယာများတွင် ဆောင်းပါးများ ရေးသားနေသည့် စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗဒ) ကပြောသည်။

Credit: Irrawaddy

နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ


ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လပ်ကီးဘော့စ် ထုတ်လုပ်ရေးက ဖြစ်ပြီး ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ် ညွှန်း မင်းခိုက်စိုးစံက ရေးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်း က နန်း ခင်ဇေယျာရဲ့ ပထမဆုံးဇာတ် ကားရိုက်ကူးမှုဖြစ်တာကြောင့် ရိုက် ကူးမှုနဲ့ ပတ်သက်ပြီး ခန့်စည်သူက “ကိုယ်ကဒီဇာတ်လမ်းကို ဖတ်ကတည်း ကအရမ်းသဘောကျတာ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ အက်တိုးပစ်အပျို စင်ဆိုတဲ့ ဝတ္ထုလေး။လွန်ခဲ့တဲ့ ၁ဝနှစ် လောက်ကတည်းကဖတ်ဖူးတာ။ ဇာတ် က မင်းသမီးဇာတ်ပဲ။ လက်ရှိမြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စား ပြုမက်ဆေ့ခ်ျပေးတဲ့ ဇာတ်လေးပါ။ ရိုက်ချင်နေတာကြာပါပြီ။ မင်းသမီး က နာမည်ရှိပြီးသားများတယ်။ ဒီ ဇာတ်က ခုရိုက်လို့လည်း သူတို့အ တွက်က ဒီထက်ပိုမလာဘူးလေ။ ဒါ ကြောင့် နန်းခင်ဇေယျာနဲ့တွေ့ပြီး ရိုက်မလားဆိုတော့ သူ အများကြီး စဉ်းစားတယ်။ သူ့ကြောင့် ရိုက်ကွင်း အနှောင့်အ ယှက်ဖြစ်မှာလည်း ကြောက်တယ်။ အိုက်တင်၊ ဒိုင်ယာ လော့ခ်တို့ဆိုတာ သူနဲ့ အသားမကျ သေးဘူး။ လုပ်ချင်စိတ်တစ်ခုရှိရင် ဖြစ်ပါတယ်လို့ ပြောပြတော့ သူက လက်ခံ လိုက်တာ။သူကလည်း သိပ် ဖြစ်ချင်တာ။မျက်နှာသစ်နဲ့ပဲ ရိုက်ချင် တော့ လုပ်ဖြစ်သွားတာပါ” လို့ ပြော ပြပါတယ်။

 မင်းသမီးဇာတ်ဖြစ်ပေမယ့် မက်ဆေ့ခ်ျကောင်းတစ်ခုပေးနိုင်တဲ့ ဇာတ်လေးလည်းဖြစ်တာကြောင့် ရိုက်ကူးဖြစ်တာဆိုတဲ့ ခန့်စည်သူက “အဓိကက လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ပုံစံလေးလေ။ လူတစ် ယောက်ဘယ်လိုအခြေအနေ ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကိုယ်ပိုင်အရည် အသွေးကို အသိအမှတ်ပြုရမယ်။ သိက္ခာတရား၊ စာရိတ္တဆိုတာ ကိုပြော တာ။ ဒီလိုပေးချင်တဲ့မက်ဆေ့ခ်ျလေး ပါ။ မင်းသမီးဇာတ်ဖြစ်ပေမယ့် ကြည့် တဲ့ပြည်သူတွေကို မက်ဆေ့ခ်ျကောင်း ကောင်းပေးနိုင်တယ်။ နန်းခင်ဇေ ယျာက talent အလည်းရှိတယ်။ သူက လည်း ကြိုးစားမယ်ပြောတယ်။ နည်း နည်းတော့ ပြောပြသင်ပေးရမှာပေါ့။ စာအုပ်တွေလည်း သေသေချာချာ ဖတ်နေပါတယ်။ ပရိသတ် ရဲ့ အဆုံး အဖြတ်ကိုခံယူရမယ်။ ပရိသတ်ဆို တာ အမှန်ကန်ဆုံးတရားသူကြီးပဲ။ အချိန်တန်ရင် အနုပညာသမားဆို တာ ပရိသတ်ရဲ့ မှတ်ကျောက်တင်ခံ ရတာပဲ။ သူကြိုးစားမှု၊ ကံတရားပေါ် မှာလည်း မူတည်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ဇာတ်ကားမရိုက်ကူးခင် ဇာတ် လမ်းနဲ့ ပတ်သက်ပြီး ပါဝင်မယ့် သူတွေအားလုံး အတူတူေ ဆွးနွေး ဖြစ်သလို ဒီဇာတ်ကားမှာ နောက်ထပ် မင်းသမီး တစ်ယောက်ကိုလည်း ပဟေဠိဖွက်ထားပါသေးတယ်။

မေမွန်မောင်
Popular Journal

မလေးရှားတွင် တရားမ၀င်နေထိုင်သူများအား ၀င်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား ၁ ဦး (၈) ထပ် တိုက်ပေါ်မှ ခုန်ချသေဆုံး


 ဘာတာဝတ်ဒ်

 စက်တင်ဘာလ ၇ ရက် ည ၁၁ နာရီကျော်က မလေးရှားနိုင်ငံ ပီနန်မြို့ တစ်ဖက်ကမ်း ဘာတာဝတ်ဒ် မြို့ တမန်ပလန်ငီး (TAMAN PLANGE) မြို့နယ်အတွင်းရှိ တိုက်ခန်းများတွင် တရားမ၀င် နေထိုင်ကြသူများကို ၀င်ရောက်ဖမ်းဆီးရာ အသက် ၂၀ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးမှာ ၄င်းနေထိုင်ရာ ရှစ်ထပ်တိုက်ပေါ်မှ သွေးရူးသွေးတန်းဖြင့်ခုန်ချသဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားများ၏ ဆက်သွယ်ပြောပြချက်အရ သိရသည်။

 ယင်းအော်ပရာစီများ ဆက်လက်ဖမ်းဆီးခြင်းများ ရှိနေပါက အေးဆေးစွာ အဖမ်းခံသင့်ကြကြောင်း၊ လွတ်လမ်းရှိကြမှသာပြေးသင့်ပါကြောင်း၊ အထပ်မြင့်တိုက်များပေါ်မှ ယင်းကဲ့သို့ ခုန်ချခြင်းများသည် မိမိတို့အတွက် အန္တရာယ်များဖြစ်စေကြောင်းဖြင့် အချင်းချင်း အသိပေးလျှက်ရှိနေကြပြီး ခုန်ချခဲ့သောဆိုပါ မြန်မာနိုင်ငံသားမှာ နေ့ဘက်တွင်ကြက်ဆီထမင်းဆိုင်တွင် အလုပ်ဆင်းပြီး ညဘက်တွင် ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း၊
 အလုပ်ကြိုးစားသော လူငယ်လေးတစ်ဦး ဖြစ်ကြောင်ဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသား များ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

 စိုဝင်း(MLA)


ဖက်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေးကိစ္စ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေး အပြီး ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာ  ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဇင်ဘိုလွင်)
ဖယ်ဒရယ်အခြေပြု ပြည်နယ်ပိုင်းခြား သတ်မှတ်ရေး ကိစ္စရပ်ကို ဆွေးနွေးရာ၌ သက်ဆိုင်ရာ ပြည်နယ်များမှ လူများစု တိုင်းရင်းသားများ၏ သဘောထားကို ကြည့်ရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၇ ရက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၉ ရက် ထုတ် ဒီလှိုင်းဂျာနယ်အတွဲ ၂ ၊ အမှတ် ၃၅ တွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ပအခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နှင့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (UNA) တို့ ပူးပေါင်းပြီး ဖက်ဒရယ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲရန် ပြင်ဆင်နေပါသည်။ ထိုသို့ ရေးဆွဲရာတွင် လက်ရှိဖွဲ့စည်းထားသော ပြည်နယ်နှင့် တိုင်း ၁၄ ခုကို တိုင်းများ ဖျက်သိမ်းပြီး အမျိုးသား ပြည်နယ်များအဖြစ် ပြန်လည်ဖွဲ့စည်းရန် UNFC ဘက်က ဆန္ဒရှိနေပြီး ရှမ်းမူကို အခြေခံသော ဗမာပြည်နယ်သီးခြား သတ်မှတ်ရေးနှင့် ရှစ်ပြည်နယ် စနစ်ထားရှိရေးကို UNA ဘက်က ဆန္ဒရှိနေပါသည်။
''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြင်ဆင်မလဲ။ ဖက်ဒရယ်ဆိုတာ ဘယ်လို ဖက်ဒရယ်ပုံစံမျိုး လိုချင်တာလဲ။ အဲဒီတော့ အဲဒီဟာနဲ့ တစ်ဆက်တည်းမှာ ကျွန်မတို့ နိုင်ငံမှာ အခုပြောတာလူမျိုး ၁၃၅ မျိုး ဆိုတာ ဒါလည်း ဒီလိုဆုံးဖြတ်တယ်။ ဒီလိုသတ်မှတ်တဲ့ ဟာလည်း နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါတယ်လို့ ထင်တယ်။ အဲဒီဟာတွေကို သေသေချာချာ ဆွေးနွေးရမယ်။ ဒါပြည်နယ် တစ်ခုတည်းဆိုတဲ့ဟာမှာ ပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ပြည်နယ် ၁၄ ခုလား၊ ၁၅ ခုလား။ ရှစ်ခုလား။ မဟုတ်ဘူး။ တချို့လူမျိုးစုတွေက ကိုယ့်ပြည်နယ် ကိုယ်လိုချင်ပါတယ်လို့ တောင်းလာတာတွေ ရှိတယ်။ အဲဒီတော့ အများစုဖြစ်တဲ့ အဲဒီပြည်နယ် အတွင်းက တိုင်းရင်းသားတွေက ဒါတွေကို ဘယ်လိုမြင်သလဲ။ ဟိုဘက်ဒီဘက်ကို ကြည့်ဖို့လိုတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ကျွန်မတို့ နိုင်ငံမှာ အခုပြောတာလူမျိုး ၁၃၅ မျိုး ဆိုတာ ဒါလည်း ဒီလိုဆုံးဖြတ်တယ်။ ဒီလိုသတ်မှတ်တဲ့ ဟာလည်း နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါတယ်လို့ ထင်တယ်။ အဲဒီဟာတွေကို သေသေချာချာ ဆွေးနွေးရမယ်။ ဒါပြည်နယ် တစ်ခုတည်းဆိုတဲ့ဟာမှာ ပါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက ပြည်နယ် ၁၄ ခုလား၊ ၁၅ ခုလား။ ရှစ်ခုလား။ မဟုတ်ဘူး။ တချို့လူမျိုးစုတွေက ကိုယ့်ပြည်နယ် ကိုယ်လိုချင်ပါတယ်လို့ တောင်းလာတာတွေ ရှိတယ်။ အဲဒီတော့ အများစုဖြစ်တဲ့ အဲဒီပြည်နယ် အတွင်းက တိုင်းရင်းသားတွေက ဒါတွေကို ဘယ်လိုမြင်သလဲ။ ဟိုဘက်ဒီဘက်ကို ကြည့်ဖို့လိုတယ်...

ထို့အပြင် ဖက်ဒရယ်ပုံစံသည် လူများစုနှင့် လူနည်းစု ဆက်ဆံရေးနှင့် ဆက်နွှယ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
''ကိုယ့်ရဲ့ အားကြီးတဲ့သူတွေကို ကိုယ်ဘယ်လို အနေအထားမှာ ရှိစေချင်သလဲ ဆိုတာနဲ့ မပြီးသေးဘူး။ အားနည်းတဲ့ သူတွေရော ဘယ်လိုအနေအထားမှာ ရှိသင့်သလဲ။ သူတို့ရဲ့ အခွင့်အရေး တွေလည်း ရှိတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေလည်း ရှိတယ်။ အဲဒီတော့ ဒီလိုအပေးအယူတွေ ကျွန်မတို့ အများကြီး လုပ်ရမှာပါ။ အဲဒီတော့ အခုမှာ အဲဒီဟာတွေကို ဖက်ဒရယ်ပုံစံဆိုတာ အများစုနှင့် အနည်းစုရဲ့ ဆက်ဆံရေးနဲ့လည်း ဆက်နွှယ်နေပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''အခု ဖက်ဒရယ်ဆိုတာတော့ လူတိုင်း ပြောနေကြတာပဲ။ ဖက်ဒရယ်တော့ ဟုတ်ပြီ။ ဘယ်လိုဖက်ဒရယ်မျိုးလဲ ဆိုတာကို သဘောတူညီမှု ရှိဖို့တော့ လိုမယ်လို့ ထင်ပါတယ်။ ကျွန်မတို့က တစ်မျိုး၊ တချို့အဖွဲ့တွေ လိုချင်တဲ့ပုံစံက တစ်မျိုးဆိုရင် ကျွန်မတို့ လုပ်ရကိုင်ရတာ အားရှိသလောက် မရှိဖြစ်သွားမှာ စိုးလို့ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
''အခြေခံအားဖြင့်တော့ ဘယ်လိုဖက်ဒရယ် မျိုးလဲဆိုတာကို ဆုံးဖြတ်ရမယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘယ်လိုပြင်မလဲ ဆိုတာကို ဒါကို ကျွန်မတို့ ဆုံးဖြတ်ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြောင်းမှ ရွေးကောက်ပွဲစနစ် ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဲလိုဟာမျိုးလေးတွေ ကျွန်မတို့ ဆွေးနွေးရမှာ တစ်ချက်။ နောက်တစ်ခုလုံး ပြင်မလား။ တစ်ခုစီပြင်မလား။ ဒါတွေလည်း ကျွန်မတို့ ဆွေးနွေးရမှာ။ ကျွန်မတို့ ဆုံးဖြတ်ရမှာတွေက ဆွေးနွေးရမှာတွေက အများကြီးပါ။ တစ်ယောက်နဲ့ တစ်ယောက် သဘောထား မတူညီဘူးဖြစ်လို့ရှိရင် တကယ့်ဒီမိုကရေစီ ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တဲ့ ကျွန်မတို့အတွက် အားနည်းသွားပါ လိမ့်မယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် တိုင်းရင်းသား ပါတီများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီတို့ တစ်ပတ်တစ်ကြိမ် တွေ့ဆုံခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်လတစ်ကြိမ် တွေ့ဆုံခြင်းများ လုပ်ဆောင်ရန် ပြောဆိုမှုများ ရှိခဲ့ပါသည်။
8.1.1
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီနှင့်အတူ လာရောက်ဆွေးနွေးသော တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား တွေ့ရစဉ်
ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်အရေး ကိစ္စများတွင် တိုင်းရင်းသား အဖွဲ့များ အကြားတွင် တူညီသော သဘောထားများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
''ကျွန်မတို့ စောစောပိုင်း ကတည်းက ပြောပါတယ်။ ကျွန်မတို့ CRPP လုပ်ကတည်းက တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နေ၊ ညီညီညွတ်ညွတ် မနေလို့ရှိရင် ကျွန်မတို့ကို ဘယ်လိုလုပ် ပြန်ပြီးတော့ တော်လှန်နိုင်မလဲလို့ ကျွန်မမေးဖူးပါတယ်။ တစ်ခါတုန်းက။ တိုင်းရင်းသားတွေ အချင်းချင်းမှာ သဘောတူညီမှု ရှိဖို့လိုတယ်။ အခုဆိုရင် ရှမ်းတိုင်းရင်းသား အဖွဲ့ဆိုရင် ကျွန်မတို့ရဲ့ CRPP တစိုက်မတ်မတ် ပါလာတဲ့ SNLD ရှိတယ်။ နောက်ပြီးတော့ လွှတ်တော်အတွင်းမှာ ရောက်နေတဲ့ ရှမ်းအဖွဲ့ရှိတယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ လွှတ် တော်တွင်းက ရှိနေတဲ့ အဖွဲ့နဲ့ပဲ ဆွေးနွေးရ မှာပဲ။ တခြားရွေးစရာ မရှိဘူးလေ''ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။
''တိုင်းရင်းသားတွေက ၀ိုင်းပြီးတော့ နည်းနည်းစဉ်းစားပေးပါ။ ဒါပေမဲ့ အချိန်သိပ်မရှိဘူး ဆိုတာတော့ ကျွန်မ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇင်ဘာမကုန်မီ တင်ရမယ်။ နိုဝင်ဘာမတိုင်မီ အောက်တိုဘာ လကုန်ခါနီး လောက်မှာတော့ ကျွန်မတို့ အခြေခံကျတဲ့ အချက်တွေ အပေါ်မှာ သဘောတူညီမှု ယူပြီးတော့ ထုတ်ပြန်နိုင်မယ့် အနေအထား ရှိသင့်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၊ ပြင်ဆင်ရန် လုပ်ဆောင်မှုများ ရှိလာချိန်၌ တိုင်းရင်းသား ပါတီအချို့ လိုလားနေသည့် ဗမာပြည်မကို ပြည်နယ်အဖြစ် သတ်မှတ်ရေး ကိစ္စရပ်သည် ၀ိဝါဒကွဲပြားစရာ ဖြစ်နေပြီး နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် ရှိသော ဗမာတိုင်းရင်းသား များလည်း ဗမာပြည်နယ် သီးခြားသတ်မှတ်ရေးကို လက်မခံဘဲ ဆန့်ကျင်ထားကြောင်း သိရသည်။

သုဝဏ္ဏတွင် စက်ဘီးကို ကားတိုက်မိရာမှ ဓားထိုးမှုဖြစ်


ရန်ကုန်၊ စက်တင်ဘာ ၉
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ (ဂ)ရပ်ကွက် ဘောဂလမ်းရှိ ဟိန္ဒူ ဘုရားကျောင်း အနီးတွင် စက်တင်ဘာလ ၈ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်က ရပ်ထားသော စက်ဘီးကို ထိုလမ်းတွင် နေထိုင်သူမောင်းနှင်လာသည့် တိုယိုတာ Hi Jet အငှားယာဉ်ဖြင့် တိုက်မိရာ မှ စက်ဘီးပိုင်ရှင်နှင့် ယာဉ်မောင်းတို့ စကား ပြောနေစဉ် ထိုယာဉ်မောင်းနှင်သူနှင့် တစ်လမ်းတည်း နေထိုင်သူ အမျိုးသားတစ်ဦးက စက်ဘီးပိုင်ရှင်ကို ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် က The Voice သို့ ပြောကြားသည်။

သုဝဏ္ဏနယ်မြေ (၂၉) ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ကျော် အရွယ်ရှိ ဦးလှသိန်းသည် (ဂ)ရပ်ကွက် ဘောဂလမ်းနေ သူငယ်ချင်းအိမ်သို့ စက်ဘီးဖြင့် အလည်လာပြီး အိမ်ရှေ့တွင် စက်ဘီးရပ်ထားစဉ် ထိုလမ်းအတွင်း နေထိုင်သည့် အမျိုးသမီး တစ်ဦးမောင်းလာသော Taxi ယာဉ် တစ်စီး နောက်ဆုတ်ရာမှ စက်ဘီးကိုတိုက်မိခဲ့ပြီး စက်ဘီးပိုင်ရှင်နှင့် ၄င်းအမျိုးသမီးတို့ အချင်း များနေစဉ် ဘောဂလမ်းတွင် နေသူ အသက် ၃၂ နှစ်အရွယ် ကိုပေါကြီး (ခ)မြင့်အောင် ဆိုသူက ရောက်ရှိလာပြီး ဦးလှသိန်း၏ ညာဘက်ခါးအောက်သို့ အရှည်ရှစ်လက်မ ခန့်ရှိသည့် ဓားဖြင့်ထိုးကာ ထွက်ပြေးခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

“အဖေ(ဦးလှသိန်း) က စကားပြော နေတုန်း ဒီလူက ခါးကို တို့လိုက်တယ်ထင်တာ ပြီးမှ သွေးတွေထွက်လာလို့ ဓားထိုးမှန်း သိတာ” ဟု ဓားထိုးခံရသူ၏ သမီးဖြစ်သူ မသိန်းက ပြောကြားသည်။

ဓားထိုးခံရသူ ဦးလှသိန်းသည် အနေအထိုင် အေးဆေးသူဖြစ်ပြီး ၄င်းသည် ရပ်ကွက်အတွင်း တစ်ကြိမ်မှ ခိုက်ရန်ဖြစ်ပွားမှု မရှိကြောင်း (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းက ပြောဆိုသည်။

“ဓားနဲ့ထိုးတဲ့သူက လူသတ်မှုနဲ့ ထောင်ကျပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတာ တစ်နှစ်တောင် မကြာသေးဘူး” ဟု (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ရှင်းပြသည်။

ဓားထိုးခံရသူကို သင်္ဃန်းကျွန်း မြို့နယ် စံပြဆေးရုံကြီးတွင် ကုသလျက်ရှိပြီး ဒဏ်ရာမှာ သက်သာလာကြောင်း ဓားထိုးခံရသူ၏ သမီးဖြစ်သူ မသိန်း၏ ပြောကြားချက်အရ သိရှိရသည်။

အဆိုပါ ဓားထိုးခံရမှုနှင့် ပတ်သက်၍ ဓားထိုးကာထွက်ပြေးခဲ့သူ ပေါကြီး(ခ)မြင့်အောင်ကို (ပ) ၂၈၂/ ၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်းက အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။


Credit: The Voice Weekly News

နေပြည်တော်တွင် လူငါးယောက်က လူတစ်ယောက်ကို နေ့ခင်းကြောင်တောင် သေနတ်ပြ ကျင်စက်ဖြင့်တို့၍ ဖမ်းဆီးခေါ်ဆောင်


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် စက်တင်ဘာ ၇ ရက် နေ့လယ်အချိန်မှာပင် လူငါးဦးက လူတစ်ဦးကို သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်။

ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံ ကိုလင်းထိန်သည် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်၊ ပျဉ်းမနားမြို့၊ ပေါင်းလောင်း (၇)လမ်းရှိ ကားဝပ်ရှော့တွင် ကားပြင်နေစဉ် မတ်တူးကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာသူ ငါးဦးက သေနတ်ပြပြီး ကျင်စက်ဖြင့်တို့ကာ လူရောကားပါ ခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများနှင့် ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ငါးဦးထဲမှတစ်ဦးက ကိုလင်းထိန်ကို သေနတ်ပြကာ ကျင်စက်ဖြင့်တို့ပြီး ပျော့ခွေသွားချိန်တွင် လက်ဖြင့်ရိုက်နှက်ကာ ကယန်းအဖွဲ့က ဖမ်းခိုင်းလိုက်သည်ဟု ပြောဆိုကာ ဖမ်းဆီးသွားပြီး ကိုလင်းထိန်ပိုင် ပါဂျဲရိုးကားကိုပါ မောင်းနှင်သွားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုကိစ္စကို နေပြည်တော်၊ ပျဉ်းမနားမြို့မရဲစခန်းသို့ ဖမ်းဆီးခံရသူ၏ဇနီး မအေးအေးထွန်းက စက်တင်ဘာ ၈ ရက်တွင် လာရောက်တိုင်ကြား အမှုဖွင့်ခဲ့သည်။ လာရောက်ဖမ်းဆီးသူများမှာ မင်းမင်း(၃၀)နှစ် ရေနီမြို့၊ ကိုလတ် (၂၈)နှစ် လွိုင်ကော်မြို့၊ ကျော်ကျော်(ခ)ငကျော် (၃၀)နှစ်၊ ဦးသိန်းအောင် (၅၀)နှစ်၊ ကယန်းပြည်သစ်ပါတီတာဝန်ခံ (ဟောင်း)၊ လွိုင်ကော်မြို့တို့ဖြစ်သည်ဟု ဆိုသည်။

““အဲဒီအဖွဲ့ထဲမှာ ဦးစိုးသိန်းပါဝင်တယ်လို့ ၀ပ်ရှော့ကလူတွေဆီက သိရတယ်။ ဦးစိုးသိန်းဆိုတာက ကျွန်မတို့လင်မယားကို အကြွေး သိန်း ၈၀ ပေးစရာရှိသေးတယ်။ အဲဒါနဲ့များ ပတ်သက်နေမလားတော့ မပြောတတ်ပါဘူး။ ဖြစ်တာကတော့ မနေ့ကပါ။ ကျွန်မလည်း မလုပ်တတ်၊ မကိုင်တတ်နဲ့ ဟိုစုံစမ်း၊ ဒီစုံစမ်းရင်းနဲ့ ဒီနေ့မှ အမှုလာဖွင့်ဖြစ်တာပါ””ဟု အဖမ်းခံရသော ကိုလင်းထိန်၏ဇနီး မအေးအေးထွန်းက ဆိုသည်။

““သူတို့တွေမှာ လက်ထိတ်ရယ်၊ ကျင်စက်ရယ်၊ ပစ္စတိုသေနတ်ရယ်ပါတယ်။ သေနတ်အတုလား၊ အစစ်လားတော့မသိဘူး။ ကျင်စက်နဲ့တို့ ထိုးကြိတ်ပြီး လက်ထိတ်ခတ်ခေါ်သွားတာ။ သူ့ကားပါ မောင်းသွားတယ်။ ငါးယောက်ထဲက နှစ်ယောက်က ပြောက်ကျားအ၀တ်အစားတွေ ၀တ်ထားတယ်။ အဖွဲ့အစည်းနာမည်သုံးသွားပေမယ့်လည်း ကျွန်တော်တို့က မယုံပါဘူး””ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

ကိုလင်းထိန်သည် ကယန်းပြည်သစ်ပါတီမှ စီးပွားရေးတာဝန်ခံဖြစ်ပြီး လက်ရှိတွင်လည်း ကားပွဲစားလုပ်ကိုင်နေကြောင်း မအေးအေးထွန်းက ပြောသည်။

အဆိုပါအမှုကို ပုဒ်မ ၃၈၆ ဖြင့် ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်ထားသည်။ အလားတူဖြစ်ရပ်မျိုး နေပြည်တော်ဒေသတွင် လုံးဝမဖြစ်ဖူးသေးကြောင်းလည်း ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကယန်းပြည်သစ်ပါတီ (KNLP)ထံသို့ အစိုးရ၏  ဆက်သွယ်အကြောင်းကြားမှုကို ရရှိထားကြောင်း ပါတီတွင်း စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း KNLP  ဒုဥက္ကဋ္ဌ ဦးသန်းထက်က ပြောသည်။

““အတိအကျမသိသေးတော့ မပြောနိုင်သေးဘူး။ ပါတီဝင်တွေဟုတ်၊ မဟုတ်ဆိုတာကိုလည်း စိစစ်နေတယ်””ဟု ၎င်းက ပြောသည်။ ပြဿနာဖြစ်ပွားရာတွင် ပါဝင်သူများသည် ၎င်းတို့ပါတီဝင်များဖြစ်ခဲ့သည်ဆိုပါကလည်း ရဲက မှတ်တမ်းတင်သကဲ့သို့ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းမှာ မဖြစ်နိုင်ကြောင်း၊ ၎င်းတို့ပါတီအနေဖြင့် မြို့ပေါ်တွင် သေနတ်ကိုင်ဆောင်ခွင့်မရှိကြောင်း ဦးသန်းထက်က ပြောသည်။

7day daily

မျက်ကြည်လွှာ ပွန်းပဲ့ခြင်းမှ ကာကွယ်ခြင်း


မျက်ကြည်လွှာဆိုသည်မှာ မျက်လုံး၏ ရှေ့ဘက်စက်ဝိုင်းပုံ ကြည်လင် တောက်ပသော တစ်သျှူးအပိုင်းဖြစ်ကာ မျက်စိသို့ ဝင်လာသော အလင်းရောင်ကို ဆုံမှတ်ကျစေရန် အထောက်အကူ ပြုရပါသည်။ အဆိုပါ တစ်သျှူးသည် ပြတ်ရှခြင်း သို့မဟုတ် ကုတ်ခြစ် ခြင်းခံရသော အခါ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း ဖြစ်ပေါ်မည်။ မျက်ကြည်လွှာ ပွန်းပဲ့ ခြင်းမှ ကာကွယ်နိုင်ရန် အောက်ပါ အကြံပြုချက်များကို အမေရိကန်မိသားစု သမားတော်များ အကယ်ဒမီက ထုတ်ပြန်ထားသည်မှာ -

သင်သည် သစ်သား၊ လွှစာမှုန့်၊ သတ္တု အစရှိသည်တို့ကို ထုတ်လွှတ်တတ်သော စက်ကိရိယာများဖြင့် အလုပ်လုပ်သည့် အခါတိုင်းတွင် မျက်စိကို လုံခြုံစိတ်ချရသည့် အကာအကွယ်များကို အမြဲတမ်း တပ်ဆင်ထားပါ။

သင့်မျက်စိကို ကုတ်ခြစ်မိခြင်းမှ ရှောင်ရှားနိုင်ရန် သင်၏ လက်သည်းရှည်များကို မှန်မှန်ညှပ်ထားပါ။ ကလေး သူငယ်များနှင့် ငယ်ရွယ်သူများ၏ လက်သည်း ရှည်များကိုလည်း မှန်မှန်ညှပ်ပေးပါ။

သစ်ပင်နှင့် ချုံပုတ်များ၏ အကိုင်းအခတ် အလက်များကိုလည်း မျက်စိနှင့် တစ်တန်းတည်း အမြင့်တွင် ရှိနေပါလျှင် ခုတ်ဖြတ်ထားပါ ။

သင်၏မျက်စိတွင် မျက်ကပ်မှန် တပ်ဆင်သည်ဆိုပါက ထိုမျက်ကပ်မှန်များကို နေ့စဉ် သေချာကျနစွာ သန့်ရှင်းမှုပြုခြင်း သေချာပါစေ။ မျက်ကပ်မှန် တပ်ပြီး မအိပ်ပါနှင့်။

Mg Mandalay

တေးသံရှင် L လွန်း ၀ါ နှင့်တွေ့ဆုံခြင်း


အဆိုတော်တစ်ဦး ထွက်လာပြီဆိုရင် ဘယ်လိုပဲထွက်ထွက်ပါ ကိုယ်ပိုင်သီချင်းတစ်ပုဒ် မရှိဘူးဆိုရင် သိပ်ကြာကြာမတည်မြဲဘူး

'အချစ်မျက်ဝန်း'တေးစီးရီးဖြင့် အောင်မြင်မှုရရှိခဲ့ကာ သီချင်းအေးအေးလေးတွေကိုသာ အများဆုံးသီဆိုသူတစ်ဦးဖြစ်ပြီး ယခုအခါတွင် ဂီတလောကထဲ၌ နေရာတစ်နေရာကို ရရှိထားတဲ့ သူတစ်ဦးဖြစ်ကာ သူတို့ခေတ်အခါတုန်းကသီဆိုခဲ့သည့် တေးသံရှင်များနှင့်ပေါင်းပြီး အခွေထုတ် ဖို့စီစဉ်နေသည့် L လွန်းဝါအား သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - လတ်တလော အနုပညာလုပ်ရှားမှု ဘာတွေများလုပ်ဖြစ်နေလဲ။
ဖြေ - အခွေတစ်ခွေ စီစဉ်ဖြစ်နေတယ်။ လူ တွေအများကြီးပါတဲ့ အခွေပေါ့နော်။ ကိုဇာနည်၊ ကိုဇော်ပိုင်၊ ကျားပေါက်တို့ပါမယ်။ အောင်လ တို့လည်းပါတယ်။ ယောက်ျားလေးတွေချည်းပဲ ပါတဲ့အခွေတစ်ခွေပေါ့နော်။ ပရိသတ်တွေက ကျွန်တော်တို့ခေတ်ဆိုတဲ့သူတွေစုပြီး အခွေ သိပ်မထွက်ဖြစ်ဘူးလေ။ များသောအားဖြင့် အဟောင်းတွေဆိုကြတာများတယ်။ အသစ်မ ထွက်ကြဘူး။ ဟစ်ဟော့၊ Rock သီချင်းတွေ ကိုပဲ ဆိုကြတာများတယ်။ ဒီအခွေထဲမှာက ပေါ့။ Rock လေးတွေ များတယ်။ ပထမတုန်းက 'ရေကျော်ပင်လယ်'ဆိုပြီး ထွက်ဖူးတယ်။ ဒါပေမဲ့ အဲဒီအခွေမှာက မိန်းကလေးတွေရော ယောက်ျား လေးတွေပါပါတယ်။ အခုအခွေက ယောက်ျား လေးတွေချည်းပဲဆိုတာက ကျွန်တော်အကြံ ဉာဏ်ပေးကြည့်တာပေါ့နော်။ ယောက်ျားလေး တွေတစ်ခွေ၊ မိန်းကလေးတွေချည်းပဲတစ်ခွေ လုပ်ပါလားလို့ ပြောလိုက်တာ။ အဲဒါကြောင့် ယောက်ျားလေးတွေချည်းတစ်ခွေ လုပ်လိုက် တာ။ တီးတာကတော့ SMP ပေါ့နော်။ စတူဒီယို ရော၊ တီးဝိုင်းရော။

မေး - 'မနောအလှဂီတ'အဖွဲ့အနေနဲ့ ပရဟိတ လုပ်ငန်းတွေလည်း လုပ်တယ်နော်။
ဖြေ - ဟုတ်ပါတယ်။ အဲဒါကတော့ ကျွန်တော့် အဒေါ် အယ်လ်ခွန်းရီက ဦးဆောင်ပြီး လုပ်တာ ပေါ့နော်။ အဲဒီမှာ ကျွန်တော်တို့ ပါဝင်ကူညီဖြစ်ခဲ့ ကြတယ်။ ဒီတစ်ခေါက်က ကျွန်တော် ကလေး အဝတ်တွေ လှူဖြစ်တယ်။ များသောအားဖြင့် လှူတာတွေက လူကြီးတွေအတွက်ပဲ လှူကြတာ များတယ်လေ။ အဲဒါကြောင့် ကျွန်တော်လည်း ကလေးအတွက် ပူတာအိုကနေ ကိုရီးယား အိတ်စ်ပို့တွေကိုမှာပြီး အထည် ၁၀၀၀ ဝယ်ပြီး တော့ ပို့လိုက်တယ်။ လှူတာကတော့ အများ ကြီးပေါ့နော်။

မေး - အဆိုတော်သစ်တွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် ပြောပြပေးပါဦး။
ဖြေ - အဆိုတော်တစ်ဦး ထွက်လာပြီဆိုရင် ဘယ်လိုပဲထွက်ထွက်ပါ ကိုယ်ပိုင်သီချင်းတစ်ပုဒ် မရှိဘူးဆိုရင် သိပ်ကြာကြာမတည်မြဲဘူးဆိုတာ တွေ့ရတယ်။ အဆိုတော်သစ်တစ်ဦး ထွက်လာ တိုင်းလည်း ပြည်သူတွေလက်ခံတဲ့အဆိုတော် တစ်ဦး ဖြစ်မလာဘူး။ ကိုယ်ပိုင်သီချင်းတစ်ပုဒ် ရှိလာရင်တော့ ရပ်တည်နိုင်မယ်ထင်တယ်။ အဓိကကတော့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ရှိနေဖို့ လိုအပ်တာပေါ့နော်။ သူများသီချင်းကိုဆိုလို့ နာမည်ကြီးသွားရင်တောင်မှ အခုအချိန်က သီချင်းဆိုကောင်းတဲ့သူတွေ ထွက်လာကြတယ် လေ။ ဒါပေမဲ့ ကိုယ်ပိုင်သီချင်းမရှိကြဘူး။ ကိုယ် ပိုင်သီချင်းလေး ရှိလာရင်တော့ အဲဒီအချိန်ကျမှ ပဲ ပရိသတ်က ကိုယ့်ကိုလက်ခံပြီလား၊ လက်မခံ သေးဘူးလားဆိုတာကို ဆန်းစစ်ကြည့်သင့်တာ ပေါ့။ ဆုရထားတဲ့အဆိုတော်တွေကို လောလော ဆယ်လက်ခံမှာပေါ့နော်။

မေး - အခုထွက်မယ့်အခွေထဲမှာ Rock သီချင်းတွေပါတယ်ဆိုတာ လိုင်းပြောင်းဆိုဖို့ စီစဉ် ထားတာလား။
ဖြေ - ကျွန်တော့်စိတ်ထဲမှာ အမှန်အတိုင်း ပြောရင်ပေါ့။ သီချင်းတွေကို လုံးဝမဆိုချင် တော့ဘူး။ ငြီးငွေ့လာလို့ ပုံစံတစ်မျိုးပြောင်း ချင်တာ။ျွသခုဆိုပေမယ့် တအားဆိုးတဲ့သီချင်း ပုံစံတွေတော့ မဆိုပါဘူး။ ကျွန်တော့်ရည်ရွယ် ချက်က ပရိသတ်တွေကို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ဖျော်ဖြေချင်တဲ့အတွက် ကြောင့်မို့လို့ သီချင်းအေးတွေက တဖြည်းဖြည်းနဲ့ များလာတာ။ တကယ်တမ်း ပွဲစီစဉ်တဲ့အခါ ကျတော့ ပွဲစီစဉ်တဲ့သူတွေက ပွဲဆူတဲ့သီချင်း ဆိုတဲ့သူတွေကိုပဲ ငှားချင်ကြတာ။ အခုထွက် မယ့်သီချင်းခွေကလည်း သီချင်းအေးတွေက များနေပြန်ရော။ တကယ့်လက်တွေ့မှာကျတော့ ပရိသတ်တွေက ပွဲဆူတာမျိုးကိုပဲ ကြိုက်နေ ပြန်ရော။

မေး - ပြည်ပကအဆိုတော်တွေမှာ သီချင်းခွေ ပေါက်ရင် တစ်သက် ထမင်းမငတ်တော့ဘူး။ မြန်မာနိုင်ငံမှာက အဲဒီလိုမဟုတ်တာ ဘာကြောင့် လို့ ထင်ပါသလဲ။
ဖြေ - ဒါလည်း မြန်မာနိုင်ငံမှာမို့လို့ပါ။ နိုင်ငံခြား မှာဆိုရင် တစ်သက်လုံးစားလို့ရတယ်။ မြန်မာ နိုင်ငံမှာက မူပိုင်ခွင့်ဥပဒေလည်း မရှိဘူး။ အနု ပညာသမားတွေကို ကာကွယ်ထားတဲ့ဥပဒေလည်း မရှိတဲ့အတွက်ကြောင့် နိုင်ငံခြားနာမည်ကြီး အဆိုတော်တွေဆိုရင် သေသွားတဲ့အထိတောင် သီချင်းအသုံးပြုခတွေက ရနေသေးတယ်။ ကျွန် တော်တို့နိုင်ငံမှာ တစ်ခါဆိုပြီးသွားရင် ပြီးပြီ လေ။ မြန်မာနိုင်ငံအနေနဲ့ ကလေးတွေကို အနု ပညာအလုပ် လုပ်ခိုင်းမယ်ဆိုရင် နဂိုမှာလည်း ကိုယ့်မှာတတ်ကျွမ်းတဲ့အလုပ် တစ်ခုရှိရမယ်။ ဝါသနာပါတဲ့အလုပ်တစ်ခုကိုလည်း အောင် မြင်အောင် လုပ်ရမယ်ပေါ့။

မေး - အရင်တုန်းက အခွေထွက်ရှိခြင်းနဲ့ အခု အခွေထွက်ရှိခြင်း သုံးသပ်ချက် ပြောပြပေးပါ။
ဖြေ - အရင်တုန်းကဆိုရင် အခွေတစ်ခွေ ထွက်ပြီးသွားတာနဲ့ ရင်ခုန်လို့ရတယ်လေ။ အခုက အခွေထွက်ရင် ရှုံးမယ်ဆိုတာချည်းပဲ။ အခု အခွေထွက်ရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ပဲ စဉ်းစားနေရတာ။

ရတနာတွေ့ဆုံမေးမြန်းသည်။
Yangon Media Group

ကလေးငယ်တစ်ဦး ယာဉ်တိုက်ခံရသဖြင့်သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၁၀


၉.၉.၂၀၁၃ရက်နေ့ ၁၅၀၀ အချိန်ခန့်၌ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ Water Front Villa (၃)အိမ်ယာဝင်းအတွင်း အ၀င်လမ်းအတိုင်း အရှေ့မှအနောက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ်၉ဂ/----၊ အဖြူရောင်ယာဉ်သည် လမ်းသွယ်(၁)ဘက်သို့ ကွေ့ဝင်စဉ် လမ်းလယ်၌ရှိ နေသော မောင်လေပြေဦး၊ (၂)နှစ်၊ (ဘ)ဦးချစ်ဦးအား ၀င်ရောက်တိုက်မိခဲ့၍ မောင်လေပြေဦးတွင်
ဝဲဂျိုစောင်းဘေးစုတ်ပြဲဒဏ်ရာ၊ ယာပါးနှင့် နားထင်ပွန်းပဲ့ဒဏ်ရာ၊ ၀မ်းဗိုက်ယာဘက်ပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယာဉ်မောင်း(စုံစမ်းဆဲ)မှာယာဉ်အားမောင်းနှင်ထွက်ပြေးသွားသောကြောင့် ၎င်းအားသာကေတနယ်မြေရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၃၊ ပုဒ်မ ၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်အရေးယူထားရှိပြီးဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း


ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိပ်မွေးရိတ်ပြီး အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ၊ ခြောက်သွေ့စေတာ၊ ကြမ်းရှရှဖြစ်စေတာ၊ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီးချိန်မှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန်များကို ရှောင်ပါ

မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီင်္းတဲ့အခါ အသားအရေချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ Balm လိမ်းပေးပါ။

၂။ ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်

ဆပ်ပြာအများစုက အယ်လ်ကာလီဓာတ်တွေဖြစ်ပြီး အရေပြားက အနည်းငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက်နှာသစ်တဲ့အခါ၊ မုတ်ဆိပ်မွှေးရိတ်တဲ့အခါတွေမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊ မုတ်ဆိပ်မွှေးရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြုတာကြောင့် အသားအရေခြောက်သွေ့ကာ အရွယ်မတိုင်မီ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

သင့်အသားအရေတွေ ခြောက်သွေ့နေပါက အရေပြားရဲ့ သဘာဝကာကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေတာကြောင့် အရေးကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်မှု နည်းစေအောင်အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို ခြောက်နာရီ-၁၂နာရီအထိသာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန်ထက်ကျော်သွားရင်တော့ အသားအရေခြောက်သွေ့လာတာကြောင့် နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့လိုပါတယ်။

၎။ ကြက်သီးနွေးရေနှင့် မျက်နှာသစ်ပါ

ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။ မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက်သီးနွေးရေကိုသာ အသုံးပြုပါ။

၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ

စစ်တမ်းကောက်ယူမှုအရ မိန်းကလေးအများစုက ယောက်ျားလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။ သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ်ပေးပြီး ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက်ကို ကြေးချွတ်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပေးပါ။

Health
Mg Mandalay

နေပြည်တော်တွင် Rocker အချိုရည်ရောင်းချခြင်း တားမြစ်


Rocker အားဖြည့်အချိုရည်ဘူးများအတွင်း အရောင်ပြောင်းလဲနေသည့် အရည်များနှင့် အဖတ်များ ပါဝင်နေသည်ကို တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူရန် ညွှန်ကြားထားကြောင်း နေပြည်တော် ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

စက်တင်ဘာ ၃ ရက်က နေပြည်တော်ရှိ အမှတ် (၁၁) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသားမိဘတစ်ဦး ၀ယ်လာသည့် အချိုရည်အား ဆရာမများက ကျောင်းသားကျောင်းသူများအားတိုက်ရာ ထို Rocker အချိုရည် နှစ်ဘူးတွင် မည်းညစ်ညစ်အရည်များ၊ အဖတ်များနှင့် အရောင်ပြောင်းလဲနေသည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပြီး စတိုးဆိုင်များအား စစ်ဆေးကာ ရောင်းချမှုတားမြစ်ထားကြောင်း သိရသည်။

စတင်တွေ့ရှိခဲ့သည့် အချိုရည်များအား ဓာတုဗေဒစစ်ဆေးရေးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာနများသို့ ပို့ဆောင် စစ်ဆေးထားပြီး ထိုအချိုရည်ဘူး များဝယ်ယူခဲ့သည့် စတိုးဆိုင်အပြင် နေပြည်တော် ပျဉ်းမနားရှိ စတိုးဆိုင်ခြောက်ဆိုင်မှ Rocker အချိုရည်များအား လိုက်လံသိမ်းဆည်းပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားသည်။

““သိရတာက အဲဒီအချိုရည်က မှတ်ပုံတင်ထားခြင်း မရှိသေးဘူး။ သူတို့ရဲ့ ကုမ္ပဏီတာဝန်ခံကိုလည်းခေါ်ပြီး ဈေးကွက်ထဲကပြန်သိမ်းဖို့ မှာထားပြီးပါပြီ”” ဟု ဒေါက်တာထွန်းမြင့်က ဆက်လက် ပြောကြားသည်။

““ဘူးမှာ ဘဲဥပုံအမှတ်အသားပါတဲ့ဘူးတွေကို မရောင်းဖို့ အခုပဲ လာပြောသွားတယ်။ ရဲ၊ စည်ပင်၊ ကျန်းမာရေးဝန်ထမ်း၊ အုပ်ချုပ်ရေးမှူးတွေလည်း ပါတယ်”” ဟု ပျဉ်းမနားမြို့ ကံဦးရပ်ကွက်ရှိ အိမ်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက စက်တင်ဘာ ၆ ရက် တွင်ပြောကြားသည်။

စက်တင်ဘာ ၄ ရက်မှ စတင်၍ နေပြည်တော်ရှိ စတိုးဆိုင်များတွင် စတင်စစ်ဆေးခဲ့ပြီး ပစ္စည်းများလာပို့လျှင် သတင်းပို့ရန်လည်း စစ်ဆေးရေးအဖွဲ့က မှာကြားသွားခဲ့ကြောင်း ဇင်ဇင်မုန့်တိုက်မှ ပြောသည်။ ဘူးခွံတွင် ဘဲဥပုံအမှတ်အသားပါသည့် ဘူးများအပြင် အမှတ်အသားမပါသည့် ဘူးများနှင့် လက်ကိုင်ကွင်းအစိမ်းရောင်၊ အဖြူရောင်ဖြစ်သည့်ဘူးများ ဈေးကွက်အတွင်း တွေ့ရှိရပြီး မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ယင်းအမှတ်တံဆိပ်ဘူးများအားလုံး ပြန်သိမ်းရန် ပြောကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ခွဲဌာနများတွင် စစ်ဆေးထားသည့်အဖြေ ပြန်လည်မရရှိသေးဘဲ တရားစွဲဆိုမှုများသည် သက်ဆိုင်ရာမြို့နယ်၏ အစီအစဉ်ဖြစ်ကြောင်း ဒေါက်တာထွန်းမြင့်က ပြောသည်။

7day daily

ဆင်ဆာနဲ့ပတ်သက် ပြီး အရင်လို မွဲပြာ ပုဆိုးမဖြစ်ပါစေနဲ့လို့ ပြောတဲ့ ရန်အောင်


အနုပညာလောကမှာ အကယ်ဒမီထူးချွန်ဆု ၆ဆု မှတ်တိုင် စိုက်ထူနိုင် ခဲ့သူဖြစ်တဲ့ရန်အောင်ကိုအနုပညာဖန်တီးရာမှာ ဆင်ဆာ တွေနဲ့ပတ်သက်ပြီး တစေ့တစောင်းမေးကြည့်ဖြစ်ရာ "ဆင်ဆာလွတ် လပ်ခွင့်တွေပေးတာ အများကြီးကြိုဆိုဝမ်းသာတယ်။

အရင်တုန်းက ဆိုရင်သွေးထွက်သံယိုတွေ တအားမပြရဘူး။ပါးရိုက်လို့မရ၊ လက် သီးထိုးလို့မရဘူး။ ခုံပေါ်ခြေထောက်မထင်ရဘူး။ ဒါမျိုးတွေက ဇာတ်ရုပ်အရ လိုအပ်တဲ့အခါမျိုးမှာ လုပ်ခွင့်ရှိလာတာက ဝမ်းသာ ပါတယ်။ ဒါပေမဲ့ မိသားစုတွေ အားလုံးထိုင်ကြည့်နေတဲ့အချိန်မျိုးမှာ မပြသင့်တဲ့ရိုက် ချက်မျိုး၊မပြောသင့်တဲ့စကားမျိုး၊ မိသားစုချင်း မျက် နှာပူရမယ့်ကိစ္စမျိုးက အစ်ကိုတို့နိုင်ငံအတွက်၊ဓလေ့ထုံးစံအတွက် နည်း နည်းစောနေသေးတယ်လို့ ထင်တယ်။အနောက်နိုင်ငံနဲ့ ယဉ်ကျေးမှု ချင်း၊ ပွင့်လင်းမှုချင်း၊ ခံယူချက် ချင်း မတူပါဘူး။ အစ်ကိုတို့ နိုင်ငံက အရှက်အကြောက်ကြီးတယ်။

ဟီရိသြတပ္ပတရားဆိုတာကို လက် ကိုင်ထားကြတယ်။အာရှနိုင်ငံတော်တော် များများက သူတို့ ဇာတ်ကား တွေရိုက်ရင်အခုနောက်ပိုင်းကျမှ ပွင့်ပွင့်လင်း လင်းပြောရရင် အိန္ဒိယ၊တရုတ်၊ကိုရီးယားဆို Lip Kiss ခန်းကိုမဖြစ်မနေ တစ်ခါတလေမှပြတယ်။အကြာကြီးတောင်မပြပါဘူး။ဒါတွေကကိုယ့်နိုင်ငံအတွက် နည်း နည်းစောနေသေးတယ်လို့ယူဆမိပါတယ်" လို့ပြောပြပါ တယ်။ဆင်ဆာလွတ်လပ်ခွင့်တွေအပေါ်ထောက်ညွှန်နဲ့ပြန်လည်လုပ်လာတဲ့အပေး အရင်လိုမဲပြာပုဆိုးမဖြစ်ပါစေနဲ့လို့လည်းပြောပြတဲ့ ရန် အောင်က "ဒါပေမဲ့ဆင်ဆာကိုထောက်ညွှန်အနေနဲ့လုပ်တာကလည်း ဖြစ် သင့်တယ် လို့ထင်သလိုနဂိုအတိုင်း မဲပြာပုဆိုးပြန် မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်။ ဆင်ဆာလွတ်လပ်ခွင့်တွေရလာ တော့ဇာတ်ရုပ်တွေ အများကြီးလုပ်လို့ရလာ တယ်။ သူ့ ဇာတ်ရုပ်နဲ့သူ ဆံပင်နီဆိုနီပါ၊ သွေးထွက်သံယိုရှိလို့၊ ဒါကို ရင်နာရမှာမို့လို့ဒီလိုရိုက်ချင်တဲ့ဆန္ဒရှိရင်ရိုက်ခွင့်ပေးပါ။ ဒီလိုကနေ ဒီလိုဇာတ်တွေဖြစ်လာတယ်ဆိုတာ လက်ခံ ရမှာပါ။နိုင်ငံတကာမှာလည်း ဒီလိုပဲ လေ။ အရင်ကဆိုဇာတ်လမ်းစိစစ်ရေးက တစ်ခါကြပ် တယ်၊ဆင်ဆာ ကတစ်ခါကြပ်တယ်။အဲဒါကြောင့် မဲပြာပုဆိုးထဲကမလွတ်ဘူး ဆိုတဲ့အပြောမျိုးခံခဲ့ ရဖူးပါတယ်။အခုတော့အဖန်တစ်ရာ ဒီဇာတ်ကနေ
ထွက်လာပြီဆိုပေမယ့်မြန်မာ့ထုံးတမ်းအစဉ်အလာ နဲ့ မကိုက်တဲ့ပုံစံမျိုးလေးေ တွတော့ နည်းနည်း စောပါသေးတယ်။နောက်အနှစ် ၁၅ နှစ်လောက်ဆို အကုန်ခေတ်မီတိုးတက်လာတယ်။အမြင်တွေ ပွင့်လင်း လာတယ်ဆို တစ်မျိုးပေါ့" လို့ပြောပြပါတယ်။

မေမွန်မောင်

Popular Journal

စီးပွားရေးလုပ်ငန်းပေါင်းစုံကိုအကြောင်းပြပြီး တရားမ၀င် မူးယစ်ဆေးဝါး စိတ်ကြွဆေး များကိုရောင်းဝယ်


ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ တွင် စီးပွားရေးလုပ်ငန်းပေါင်းစုံကိုအကြောင်းပြပြီး တရားမ၀င် မူးယစ်ဆေးဝါး စိတ်ကြွဆေး များကိုရောင်းဝယ်ကုန်ကူးနေသူများ အလွန်များပြားနေပါသည်။

ထိုသူများကြောင့် ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများ စီးပွားရေး အခက်ခဲများနှင့် ကြုံတွေ့ နေရပါသည့်အပြင် ကျောင်းသားလူငယ်များလဲ ထိုမူးယစ်ဆေးကို အလွန်သုံးစွဲနေကြပါသည် ထိုအတွက်ကြောင့် လက်ရှိရောင်းချနေသူများသာမက နာမည်ရှိ မူးယစ်ကုန်ကူးနေသည့် နာမည်ကြီးကုန်သည်များကိုပါ အရေးယူပေးပါရန် အထက်လူကြီးမင်းများအား လေးစားစွာ တိုင်ကြားအပ်ပါသည်။

Myanmar CNN သို့ ပေးပို့လာသော တိုင်ကြားစာဖြစ်ပါသည်။ တာဝန်ရှိသူများ သိရှိစေရန် များများ share ပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။

မြစ်ကြီးနား သံဃာအပါး ၇ဝ မွတ်စလင်များက ဆွမ်းကပ်လှူ


ဝန်းသိုဆရာတော်ကြီးကို စက်တင်ဘာလ ၈ ရက်နေ့ က မြစ်ကြီးနားမြို့ခံ အစ္စလာမ်ဘာသာဝင်များက ဆွမ်းကပ်လှူဒါန်းနေစဉ် photo: RFA/ Kyaw Myo Min
RFA News, 9September 2013  —-   ဘာသာပေါင်းစုံ ချစ်ကြည်ရေး အထိမ်းအမှတ်အနေ နဲ့ မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဆရာတော်ကြီး ဦသီလဝံသနဲ့ သံဃာတော်အပါး ၇ဝ ကို မြစ်ကြီးနားမြို့ခံ အစ္စလာမ်ဘာသာဝင်တွေက မနေ့က နေ့ဆွမ်းကပ်လှူခဲ့ပါတယ်။
ဝန်းသိုဆရာတော်ကြီးက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ခင်စွာအတူတကွနေထိုင်ကြဖို့ မိန့်ကြားခဲ့တယ်လို့ ဆွမ်းကပ်လှူရာမှာပါဝင်ခဲ့တဲ့ မြစ်ကြီးနားမြို့မဗဟိုဗလီ ဥက္ကဋ္ဌ ဟာဂျီ ဦးမင်းလွင်က RFA ကို ပြောပါတယ်။
“ဆရာတော်ကြီးကတော့ ကျနော်တို့ကချင်ပြည်နယ်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွယှဉ်တွဲပြီး ချစ်ချစ်ခင်ခင် နေထိုင်ခဲ့တာလည်းရှိပါတယ်၊ ဒီပွဲကိုလုပ်တာလည်း ဝမ်းမြောက်ဝမ်းသာတယ်၊ နောက်လည်း လူမျိုးပေါင်စုံ၊ ဘာသာပေါင်စုံ ဒီလိုပဲ ချစ်ချစ်ခင်ခင် ယှဉ်တွဲနေထိုင်ကြပါလို့ မိန့်ကြားခဲ့ပါတယ်၊ ရဟန်းသံဃာတော်တွေ၊ ဆရာတော်တွေကိုလည်း ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေကလည်း ကြည်ညိုလေးစာပါတယ်၊ ကျနော်တို့ဒီမှာလည်း အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ၊ တခြားဘာသာအားလုံး ချစ်ခင်ရင်းနှီးမှု နဂိုကတည်းကရှိပြီးသားပါ၊ ဒီထက်ပိုပြီး ချစ်ခင်ရင်းနှီးဖို့အတွက် တခြားဘေးပရောဂတွေမဝင်အောင် အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေး အမှတ်တရအနေနဲ့ မိတ်ဆုံစားပွဲပြုလုပ်တာပါ”
ဒါ့အပြင် သံဃာတွေကို ဆွမ်းကပ်အပြီးမှာ တက်ရောက်လာကြတဲ့ ဘာသာပေါင်းစုံက မြို့မိမြို့ဖတွေနဲ့လည်း ချစ်ကြည်ရေးအထိမ်းအမှတ် မိတ်ဆုံစားပွဲပြုလုပ်ခဲ့ပါတယ်။

Myanmar News Hub

အိမ်ဖေါ်အား မီးပူနှင့်ထိုးခဲ့သူကို ယနေ့အထိမဖမ်းဆီးသေး


ပဲခူးမြို့တွင် လွန်ခဲ့သည့်(၂၅.၃.၂၀၁၂)နေ့က တိုင်းတရားသူ ကြီးဟောင်း ယခု (တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ) အိမ်တွင်ငှားရမ်း နေထိုင်သော ပဲခူးမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်(၃၆-နှစ်)မှ ၄င်းအိမ်တွင် အိမ်ဖေါ်အဖြစ် အလုပ်လုပ်ကိုင်သူ မအေးယုအောင်(၁၅-နှစ်)အားမီးပူနှင့် ထိုးခဲ့သဖြင့် မအေးယုအောင်၏ လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဒါဏ်ရာများ ရရှိခဲ့သည်ကိုအမှတ်(၃) ရဲစခန်းမှတဆင့် ပဲခူးမြို့နယ် တရားရုံး သို့ တိုင်တန်းခဲ့ရာတွင် (၉.၅.၂၀၁၃)နေ့တွင် ပဲခူးမြို့နယ်တရားသူကြီး ဒေါ်ခင်မေယုမှ တရားလိုနှင့် သက်သေများကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားခံဟု စွပ်စွဲခံရသူသည် တရားရုံး၏ရှေ့မှောက်သို့ ယနေ့အချိန်အထိ လာရောက်ဖြေရှင်း ဆောင်ရွက်မှု မရှိသေးသဖြင့် ဒေါ်ဖြူဝင်းသက်အား ပဲခူးမြို့နယ် တရားရုံးမှ တရားခံပြေး အဖြစ်ကြေငြာထား ကြောင်းသိရှိရသည်

အလင်းရောင်

by Myanmar News Now

မိတ္ထီလာမှာ ဗလီတွေ ပြင်ဆင်ခွင့်ပြု


မိတ္ထီလာက ပျက်စီးသွားတဲ့ ဗလီတစ်လုံး
BBC News, 9September 2013  —   မိတ္ထီလာမြို့မှာ အခင်းဖြစ်ပွားပြီးနောက် ပျက်စီးသွားလို့ ပိတ်ထားလိုက်ရတဲ့ ဗလီတွေကို အခုအခါ ပြန်လည် ပြင်ဆင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ အတွင်း ရေးမှူး ဦးအုန်းလွင်က ပြောပါတယ်။
အခုဗလီတွေကို ပြန်လည်ပြင်ဆင်နေပြီ ဖြစ်တဲ့ အကြောင်း မိတ္ထီလာမြို့က အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြောပြပါတယ်။
မီးလောင်သွားတဲ့ အစ္စလာမ်ရပ်ကွက်ကိုတော့ ပြန်နေခွင့်မရသေးကြောင်း၊ အနည်းငယ် ပျက်စီးသွားတဲ့ နေအိမ်တွေမှာတော့ ကိုယ်အစီအစဉ်နဲ့ကိုယ် နေနေကြပြီဖြစ်တဲ့အကြောင်း ပြောပါတယ်။
မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင် တချို့ရဲ့ ပဋိပက္ခမှာ အဖမ်းခံထားရတဲ့သူ ၁ဝဝ ကျော်ရဲ့ အမှုကို အောက်ခြေတရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အခုအခါ အယူခံရုံးမှာ အယူခံဝင်တဲ့အဆင့် ရောက်နေပြီဖြစ်ကြောင်း အစိုးရပိုင်းနဲ့ နီးစပ်သူက ပြောပြပါတယ်။

Myanmar News Hub

Facebook မှာ Professional Skills တွေ ထည့်သွင်းတော့မလား


Facebook ဟာ Professional တွေ စုဝေးရာ လူမှုကွန်ယက်ဖြစ်တဲ့ LinkedIn ကို အတုယူပြီး Profession Skills တွေ ထည့်သွင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်.။

ဒီအချက်ကို စတင် သတိပြုမိခဲ့တာက Sociobits.org ဖြစ်ပါတယ်.။ Facebook ရဲ့ About Section မှာ Skill ထည့်သွင်းရာ Option တစ်ခုကို တွေ့ရှိ Screenshot ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်.။

The Next Web က ဆက်သွယ်မေးမြန်းရာမှာတော့ Facebook ပြောရေးဆိုခွင့် ရှိသူတစ်ဦးက အခုလိုပြောခဲ့ပါတယ်.။

“We are currently testing a new option where you can add your professional skills to the work and education section of your timeline.”

ဒါဟာ Facebook ပေါ်ကနေ အလုပ်ရှာသူများအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုပဲဖြစ်ပြီး နေ့စဉ် Facebook ကို အပျော်သုံးနေသူများအတွက်လဲ Facebook သုံးရင်း အကျိုးရှိလာစေမှာဖြစ်ပါတယ်.။
Hardwarezone Myanmar : နည်းပညာ ဗဟုသုတများ မျှဝေမယ်

သတင်းထောက်နှစ်ဦး လှေပေါ်ခိုးပါလာ


 ကမ္ဘာ့နာမည်ကြီး ​နယူးယောက်ထိုင်းမ်စ် ​မဂ္ဂဇင်းဌာနရဲ့ ​သတင်းထောက်နဲ့ ​ဓာတ်ပုံဆရာတို့နှစ်ဦး ​သြစတြေးလျနိုင်ငံပိုင် ​ခရစ္စမတ်ကျွန်းကို ​လှေတွေနဲ့ ​ရောက်ရှိလာတယ်လို့ ​သိရပါတယ်။

 အမေရိကန် ​နိုင်ငံသားတစ်ဦး ​Luke ​Mogelson ​နဲ့ ​ပေါ်တူကီနိုင်ငံသား ​Joel ​Van ​Houdt ​သတင်းသမားနှစ်ဦးတို့ ​သြစတြေးလျနိုင်ငံကို ​ခိုးဝင်လာတဲ့ ​လှေနဲ့အတူ ​ပါလာကြောင်းကို ​သြစတြေးလျနိုင်ငံ ​လူဝင်မှုကြီးကြပ်ရေးဌာနက ​အတည်ပြု ​ပြောဆိုခဲ့ပါတယ်။
 အဲဒီသတင်းသမားနှစ်ဦးဟာ ​အာဖဂန်နစ္စတန်နိုင်ငံက ​ခိုလှုံခွင့်တောင်းလိုသူတွေ ​ဘာကြောင့် ​အသက်ကို ​စွန့်ပြီး ​သြစတြေးလျနိုင်ငံလို ​နိုင်ငံမျိုးကို ​လှေတွေနဲ့ ​ခိုးဝင်နေကြသလဲ၊ ​သြစတြေးလျနိုင်ငံမှာ ​ဘာတွေ ​မက်စရာရှိလဲဆိုတာ ​သိရအောင် ​ခိုလှုံခွင့်တောင်းလိုသူတွေနဲ့အတူ ​လှေနဲ့ ​ခိုးဝင်လာတာ ​ဖြစ်ပါတယ်။
 သတင်းသမားနှစ်ဦး ​လိုက်ပါလာတဲ့ ​လှေဟာ ​မနေ့တုန်းက ​ဒုက္ခရောက်ပြီး ​အစားအစာနဲ့ ​ရေတွေပေးဖို့ ​အကူအညီ ​တောင်းခံခဲ့တဲ့အတွက် ​သြစတြေးလျ ​ကမ်းခြေစောင့်တပ်က ​အစားအသောက်တွေ ​ပေးခဲ့ပြီး ​လှေကို ​ခရစ္စမတ်ကျွန်းကို ​ခေါ်ဆောင်ခဲ့ရာက ​ခိုလှုံခွင့်တောင်းလိုသူ ​၅၇ ​ယောက်ထဲမှာ ​သတင်းသမားနှစ်ယောက် ​ပါဝင်နေတာ ​သိခဲ့ရတာ ​ဖြစ်ပါတယ်။
 သတင်းသမားတွေမှာ ​သြစတြေးလျ ​ပြည်ဝင်ခွင့်ဗီဇာ ​အသင့်ရှိနေကြောင်းလည်း ​တွေ့ရတဲ့အတွက် ​သူတို့ကို ​စစ်ဆေးမေးမြန်းပြီး ​လွတ်ပေးလိုက်ပြီ ​ဖြစ်ပါတယ်။
 အာဖဂန်နိုင်ငံ ​ကာဘူးမြို့အခြေစိုက် ​သတင်းသမား ​နှစ်ယောက်စလုံးဟာ ​စစ်မြေပြင်မှာ ​သတင်းယူတဲ့ ​အတွေ့အကြုံ ​ရှိသူတွေ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia


သမာရိုးကျ မဟုတ်တဲ့ ဥရောပရဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသား




ဂျာမဏီနိုင်ငံ၊ Neukoellin ခရိုင်အတွင်းရှိ အမျိုးသားပုံ လူတစ်ဦးဟာ ဥရောပရဲ့ သမာရိုးကျ မဟုတ်တဲ့ ပထမဦးဆုံး ကိုယ်ဝန်ဆောင် အမျိုးသား တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 တကယ်တော့ အဲ့ဒီ အမျိုးသားဟာ အမျိုးသမီးတစ်ဦးအဖြစ် မွေးဖွါးလာခဲ့သူပါ။

 ဒါပေမယ့် လူသားအဖြစ် စတင်ချိန်ကစလို့ အမျိုးသား ဟိုမုန်းကြီးထွားလာတာမို့ အမျိုးသားတစ်ဦးအဖြစ် ရှင်သန်လာခဲ့ပါတယ်။

 ဒါပေမယ့် သူ့ရဲ့ အမျိုးသမီး လိင်အင်္ဂါ ကို ဒီအတိုင်းပဲ မခွဲမစိတ်ထားရာက အရွယ်ရောက်လာတဲ့ အခါမှာတော့ အမျိုးသား တစ်ဦးဆီကနေ သုတ်ပိုး အလှူခံလို့ ကိုယ်ဝန်ဆောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

 ဆေးရုံတွေမှာ ကိုယ်ဝန်ကို သွားမွေးရင် အမေးအမြန်းထူလာမှာစိုးလို့ အိမ်မှာပဲ မွေးဖွါးခဲ့ပါတယ်။

 တရားဝင် မွေးစာရင်းအရ သူ့အငယ်ဆုံး ကလေးဟာ မိခင်မရှိပဲ ဖခင်ကနေသာ မတ်လ ၁၈ ရက်နေ့မှာ မွေးဖွါးခဲ့တယ်လို့ စာရင်းသွင်းထားခဲ့ကြောင်းလဲ သိရပါတယ်။

Thomas Beatie ဆိုတဲ့ အဲ့ဒီပုဂ္ဂိုလ်ကြီးဟာ အဲ့ဒီလိုနည်းနဲ့ မွေးဖွါးခဲ့တဲ့ ကလေး သုံးဦးအထိ ရှိနေခဲ့ပါပြီ.....

 (ဇော်လွင်ဝင်း)facebook

ထောင်တွင်း နှစ်ဦးသဘောတူ လိင်ဆက်ဆံမှုကြောင့် မိန်းမလျာအကျဉ်းသားအား ခွဲခြားထားရ


 ဗြိတန်နိုင်ငံ Howard League for Penal Reform အကျဉ်းထောင်တွင် မိန်းမလျာ အကျဉ်းသားတစ်ဦးက ထောင်တွင်းရှိ အကျဉ်းသားများဖြင့် နှစ်ဦးသဘောတူ လိင်ဆက်ဆံခြင်းအား ကင်မရာမှတ်တမ်းများမှ တဆင့် တွေ့ရှိရသောသောကြောင့် ၎င်းမိန်းမလျာ အကျဉ်းသားအား ခွဲထားရပြီး စည်းကမ်းပြန်လည်ချထားဖို့ရှိကြောင်း သိရသည်။
 အင်္ဂလန်နှင့် ဝေလနယ်ရှိ အကျဉ်းထောင်များအတွင်း လိင်ဆက်ဆံမှုပြုခြင်းစည်းကမ်းများအား ပြန်လည်သုံးသပ်ဖို့ရှိကြောင်းလည်း သိရသည်။
 ဗြိတိန်နိုင်ငံရှိ အကျဉ်းထောင်များအတွင်း လိင်ဆက်ဆံမှု မပြုရဟု တရားဝင် ထောင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော်လည်း လိင်ဆက်ဆံသော ဝန်ဆောင်မှု ပေးထားခြင်း မရှိကြောင်း သိရသည်။
 လိင်တူဆက်ဆံခြင်းဟာ HIV အပါအဝင် အခြားသော လိင်မှတဆင့် ကူးစက်တတ်သည့်ရောဂါများ ဖြစ်ဖို့ ရာခိုင်နှုန်းများကြောင်းလည်း သိရသည်။

Source : Daily Mail
ပုံရိပ်(burmesehearts.com)


ဈေးနှုန်းသတ်မှတ်ပြီး ထိန်းချုပ်ခြင်းက မြေဈေးကြီးမြင့်မှုအတွက် အဖြေလား


မြန်မာနိုင်ငံရှိ အဆမတန်ကြီးမြင့်လျက်ရှိသည့် မြေဈေးများကို မြို့နယ်အလိုက် တစ်ပေပတ်လည်နှုန်းထားများ သတ်မှတ်ကာ ထိန်းချုပ်မည့်အစီအစဉ်သည် ဖြစ်ပေါ်နေသောဈေးကွက်အရ ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း စီးပွားရေးပညာရှင်များနှင့် အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းရှင်များက သုံးသပ်သည်။

မြေဈေးနှုန်း အဆမတန်ကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တစ်ပေ ပတ်လည်မြေဈေးနှုန်းများကို အစိုးရကသတ်မှတ်ပြီး ထိန်းချုပ်သွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက သြဂုတ်လအတွင်းက ဆိုသည်။

သဟဇာတမဖြစ်
ရောင်းလိုအားနှင့် ၀ယ်လိုအား မမျှတမှုကြောင့် ရှိသင့်ရှိထိုက်သည့်ဈေးနှုန်းများထက် အဆမတန် ဈေးမြင့်တက် လျက်ရှိသော အခြေခံအကြောင်းအရင်းများနှင့် အစိုးရမှ ဆောင်ရွက်လာမည့် တစ်ပေပတ်လည်နှုန်းထားများ သတ်မှတ်ဆောက်ရွက်ခြင်းသည် သယဇာတမဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

စီးပွားရေးပညာရှင် ဦးကြည်မြင့်(လသာ)က “ဒီလို ဆောင်ရွက်တာဟာ ဈေးကွက်အတွင်းမှာလိမ်လည် ရောင်းချ တာတွေပဲ ရှိလာမယ်။ သတ်မှတ်နှုန်းအတိုင်း ဈေးကွက်က လိုက်လာမှာမဟုတ်ဘဲ အခွန်ရှောင်သလို မျိုးပဲ ဖြစ်နေမှာပဲ”ဟု ပြောသည်။

စီးပွားရေးနှင့် ဥပဒေပညာရှင် ဦးတင်သန်းဦးက “ ဒီလိုသတ်မှတ်ဆောင်ရွက်ခြင်းအားဖြင့်တော့ မြေဈေးကျ အောင် လုပ်လို့ရမှာမဟုတ်ပါဘူး။ ဈေးကွက်ဝယ်လိုအားနဲ့ ရောင်းလိုအားက အစိုးရသတ်မှတ်တဲ့ အပေါ်မှာ လုပ်နေတာ မဟုတ်ဘူး။ စီးပွားရေးအရ ရောင်းလိုအားနဲ့ ၀ယ်လိုအားဟာ သူ့ဟာသူ စီးဆင်းနေတဲ့ သဘောပါ” ဟု ပြောသည်။

နိုင်ငံတော် လူမှုစီးပွားဖွံ့ဖြိုးရေး အကြံပေးကောင်စီ အဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြေဈေးနှုန်းများကြီးမြင့်ခြင်းသည် ဈေးကွက်စီးပွားရေးအရ ရောင်းလိုအားနှင့် ၀ယ်လိုအားအပေါ် မူတည်ကာ ဖြစ်ပေါ်နေခြင်းကြောင့် အစိုးရအနေဖြင့် ၀င်ရောက်ထိန်းချုပ်ခြင်း လုံးဝမလုပ်သင့်ကြောင်း ဇူလိုင်လ အတွင်းက ကျင်းပသည့် အိမ်ခြံမြေဆိုင်ရာဟောပြောပွဲတစ်ခုတွင် ပြောဆိုထားသည်။

နိုင်ငံတကာတွင် မည်သည့်အစိုးရမှ ယင်းကဲ့သို့ မြေဈေးနှုန်းများကို ၀င်ရောက်ထိန်းချုပ်ခြင်း မရှိခြင်း ကလည်း ဝေဖန်စရာဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

မြေဈေးနှုန်း ကြီးမြင့်မှု
အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် အိမ်ခြံမြေဈေးနှုန်းများ တစ်စထက်တစ်စ မြင့်တက်လာရာ ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်များသည် ပြီးခဲ့သည့်နှစ်ထက် ၂၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာပြီး စီမံကိန်းနယ်နိမိတ်မြေယာဈေးနှုန်းများမှာမူ အဆမတန် ဈေးပေါက်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။
မြေဈေးနှုန်း ကြီးမြင့်လျက်ရှိသည့်အချက်များတွင် နိုင်ငံတော်အစိုးရပိုင်မြေများအား ရောင်းချရာတွင်လည်း လုပ်ငန်းကြီးများသို့သာ ရောင်းချမှုများမှာ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်မည့်သူများလက်ထဲ မရောက်ရှိဘဲ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများကလည်း ဈေးတက်ရခြင်း၏ အဓိကအကြောင်းတစ် ချက်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ဆိုသည်။
ဦးတင်သန်းဦးက “နည်းလမ်းရှာရမယ်ဆိုပေမယ့် မှန်ကန်ဖို့လိုတယ်။ ဈေးတွေက အရောင်းအ၀ယ် အမှန် တကယ် မဖြစ်ဘဲ အဆမတန်မြင့်မားနေတယ်။ ဒါဟာ သမားရိုးကျလား၊ နောက်ကွယ်မှ ဘယ်သူတွေက အကျိုးအမြတ် ရှိလို့ ဈေးကစားနေတာလားဆိုတာကို အစိုးရက ဖော်ထုတ်သင့်တယ်”ဟု ပြောသည်။
မြေဈေးနှုန်းများသည် သာမန်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်မည့် ဈေးနှုန်းများမဟုတ်ဘဲ ငွေရှင်ကြေးရှင် နှင့် ၀င်ငွေမပြနိုင်သောသူများ (ငွေမည်းကိုင်ဆောင်ထားသူ) သာ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်လျက်ရှိသည်။

အခွန်တကယ်ဆောင်ရန်လို
စီးပွားရေးပညာရှင် ဦးလှမောင်က “နိုင်ငံတော်အစိုးရ အနေနဲ့ ပြဋ္ဌာန်းထားတဲ့ အိမ်ခြံမြေ အခွန် ၃၇ ရာခိုင်နှုန်း ကို အမှန်တကယ်ပေးနိုင်ဖို့ လိုအပ်တယ်။ အခုလို မြေဈေးတွေ သိန်းသောင်းနဲ့ ချီဖြစ်နေတဲ့ ခေတ်မှာ ၃၇ ရာခိုင်နှုန်း အမှန်တကယ်အခွန်ပေးဆောင်ရမယ်ဆိုရင် တန့်သွားကြမယ်”ဟု ပြောသည်။
ယင်းက နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ခြံမြေဈေးနှုန်းများကို အမှန်တကယ်ကျဆင်းစေလိုလျှင် ဆောင်ရွက်နိုင် ရမည်ဖြစ်ကြောင်း၊ အမှန်တကယ်လုပ်ဆောင်မည့် မူဝါဒများ ချမှတ်ဆောင်ရွက်သင့်ကြောင်း ဆိုသည်။
ရန်ကုန်မြို့ဧရိယာများ တိုးချဲ့လျက်ရှိသော်လည်း လက်ရှိအချိန်တွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိမှုများ ပိုမိုကောင်းမွန်လျက်ရှိသည့် မြို့ပြနေရာများတွင်သာ အရောင်းအ၀ယ်ဖြစ်လျက်ရှိခြင်း ကလည်း မြို့တွင်း ဈေးကွက်ကိုတက်စေသည့် အချက်တစ်ချက်ဖြစ်ကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှု လုပ်ငန်းများက သုံးသပ်သည်။

ဘယ်လိုကိုင်တွယ်ကြမလဲ
ကားနှင့်နိုင်ငံခြားငွေဈေးများမှာ မူဝါဒ တစ်ခုအနေဖြင့် ဆောင်ရွက်လိုက်ခြင်းအားဖြင့် ပြေလည်သွားနိုင်သော် လည်း မြေဆိုသည်မှာ Limited ဖြစ်သည့်အတွက် အခြားကိစ္စရပ်များကဲ့သို့ သွင်းအားစု များများ သွင်းခြင်းဖြင့် Supply & Demand ကို ထိန်းညှိရန် မလွယ်ကူနိုင်ဘဲ ကိုင်တွယ်ရခက်ခဲနိုင်ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များက ဆိုသည်။
ဒေါက်တာအောင်ထွန်းသက်က အစိုးရအနေဖြင့် ၀င်ရောက်ထိန်းချုပ်ခြင်းထက် မြေယာအလွတ်များကို အမှန်တကယ်ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းဖော်ဆောင်မည့်သူများ လက်သို့ပေးခြင်း၊ အခြေခံအဆောက် အအုံများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆိုသည်။

အိမ်ရာ ဖော်ထုတ်မှု
လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ပြည့်စုံစွာရရှိသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကသာ ရေရှည်တွင် မြေဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် အထောက် အကူပြုနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ဦးရန်အောင်က “မြို့ပြစီမံကိန်းတွေကို အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ ပြည့်စုံအောင် အကောင်အထည် ဖော်ဖို့ လိုအပ်နေတယ်။ လူတွေမှာ ရွေးချယ်စရာများလာရင် မြေဈေးကအလိုလိုကျလာမယ်”ဟု ပြောသည်။
အစိုးရအနေဖြင့် ယင်းသို့ဆောင်ရွက်လာခြင်းသည် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက် သည့် အခါတွင်လည်း အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ဆိုထားကြသည်။
အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုဒဏ်အား လက်ရှိအချိန်တွင် အခြေခံလူတန်းစား များပြားသည့် မြန်မာနိုင်ငံတွင် ပြည်သူလူထုအနေဖြင့် အဓိကခံရလျက်ရှိပြီး တစ်ဟုန်ထိုး မြင့်မားသည့်ဈေးနှုန်းများကြောင့် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့် မျှော်လင့်ချက်များသည် တစ်စထက်တစ်စ ဝေးလာပြီး ဖြစ်သည်။

တရားဝင်ထုတ်ပြန်
ယင်းသို့ မည်သူကိုမျှ အကျိုးမဖြစ်ထွန်းစေဘဲ ငွေရှင်ကြေးရှင်ကြီးများကို အကျိုးဖြစ်စေသော မြေဈေးနှုန်း ထားကြီးများကို တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ပြီးပဲ လုပ်ဆောင်မည်လား၊ ဒါမှမဟုတ် အစိုးရ သက်တမ်းတစ်ဝက်ကျန်ချိန်တွင် မှန်ကန်သည့်မူဝါဒများ ချမှတ်နိုင်မည်လားဆိုသည်ကို တရားဝင်ထုတ်ပြန်ချက် ထွက်လာမှသာသိနိုင်မည်ဖြစ်သည်။
လက်တွေ့လုပ်ငန်းခွင်တွင် လည်ပတ်ထိတွေ့လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ အမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက်ရှိသော တစ်ပေပတ်လည် မြေဈေးနှုန်းသတ်မှတ်ချက်အား တရားဝင် ထုတ်ပြန် လိုက်သည့် အခါမှပင် မြေဈေးထိန်းနိုင်၊ မထိန်းနိုင်ဆိုသည်ကို သိရလိမ့်မည်။ Source : mizimma

အာရှပစိဖိတ်ဒေသတွင်း အိမ်ခြံမြေဈေးကွက်မှာ အရှိန်အဟုတ်နှေးသွားကြောင်း စစ်တမ်းတစ်ခုမှ ဖော်ပြခဲ့ အာရှပစိဖိတ်နိုင်ငံများအတွင်း ပျမ်းမျှအိမ်ခြံမြေရောင်းချရမှုပမာဏမှာ ယခု ၂၀၁၃ခုနှစ်၏ ဒုတိယ ၃လပိုင်းအတွင်း အရှိန်အဟုန်အလွန်နှေးသွားကြောင်း နိုင်ငံတကာဈေးကွက်သုတေသနလုပ်ငန်း Jones Land Lasalle မှ ထုတ်ပြန် ကြေညာခဲ့သည်။

အထူးသဖြင့် အာရှပစိဖိတ်နိုင်ငံကြီးများ၏ မြို့တော်များတွင် အိမ်ခြံမြေအရောင်းအ၀ယ်ပမာဏမှာ သိသိသာသာကျဆင်း သွားခဲ့ကြောင်းသိရသည်။ ဂျာကာတာနှင့် ဘေဂျင်းမြို့များတွင် ယခင်နှစ်ကထက် အိမ်ခြံမြေအရောင်းအ၀ယ်ပမာဏ ၉ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စင်ကာပူနိုင်ငံတွင် ၂.၁ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။ ထို့အတူ ဘန်ကောက်နှင့် မနီလာမြို့များတွင်လည်း အရောင်းအ၀ယ်ဖြစ်မှုနှုန်းသာမက ဈေးနှုန်းကျဆင်းသွားခဲ့သလို ကွာလာလမ်ပူတွင် ဈေးကွက် အေးစက်လျက်ရှိနေသည်။ ဟောင်ကောင်တွင်မူ ပထမသုံးလပိုင်းအတွင်း အရောင်းအ၀ယ်တိုးတက်လာခဲ့သော်လည်း ဒုတိယသုံးလပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည်။


Ref : ရွှေဆဌဂံဂျာနယ်

ရုရှားရဲ့ အဆိုကို အမေရိကန် သုံးသပ်မယ်


 အမေရိကန်က စစ်ရေး နဲ့ ဆီးရီးယားကို ဝင်ရောက် တိုက်ခိုက် မှာကို ရှောင်လွှဲနိုင်ရေး အတွက် ရုရှားရဲ့ ဆီးရီးယား ဆီက ဓာတု လက်နက် တွေကို နိုင်ငံတကာ လက်ထဲ အပ်ပြီး ဖျက်ဆီး ပစ်ရေး အဆိုကို အမေရိကန် သမ္မတ အိုဘားမားက အလားအလာ ကောင်းရှိတဲ့ အဆိုတရပ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့် အမေရိကန် ရုပ်သံတွေနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်း ခန်းတွေမှာ မစ္စတာ အိုဘားမားက ဒီကိစ္စနဲ့ ပတ်သက်လို့ သတိကြီးစွာ ထားပြီး ဆောင်ရွက် သင့်တယ်လို့ ဆိုပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

    ငြိမ်နေတာက ပိုဆိုးမယ်လို့ ဂျွန်ကယ်ရီ ဆို
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လန်ဒန်ဆိုက်ရောက်
    ဆီးရီးယားအရေး ဂျီ ၂၀ မှာ သဘောကွဲလွဲ

တချိန်ထဲမှာပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ဒီအဆိုနဲ့ ပတ်သက်လို့ ရုရှား ဘက်က ဘယ်လောက် အလေးထား သလဲ ဆိုတာကို လေ့လာ သွားမယ်လို့ ပြောပါတယ်။

မစ္စတာ အိုဘားမား ကတော့ ဒီရုပ်သံ အင်တာဗျူး တွေကနေတဆင့် ကွန်ဂရက် လွှတ်တော်က သူဆီးရီးယားကို တိုက်ဖို့ အတွက် အာဏာပေးဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ကွန်ဂရက် လွှတ်တော် က ထောက်ခံမလား ဆိုတာနဲ့ ပတ်သက်လို့တော့ သိပ် မသေချာဖြစ်နေပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ အကြံပေး ဖြစ်တဲ့ တိုနီ ဘလင်ကဲန်ကတော့ အမေရိကန်ဘက်က ဒီအဆိုကို သေချာ လေ့လာ သွားမယ်လို့ ပြောပါတယ်။

မစ္စတာ ဘလင်ကဲန်က အမေရိကန် အနေနဲ့ ဒီအဆိုနဲ့ ပတ်သက်လို့ သိရှိပြီး ဖြစ်ကြောင်း ၊ သေချာသုံးသပ် ချင်တဲ့ အကြောင်း၊ ရုရှားနဲ့လည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ဆီးရီးယားဘက်က ဓာတု လက်နက်တွေကို အပ်ဖို့ စဉ်းစား ဆုံးဖြတ် လာမယ်ဆိုရင်လည်း ဒါကို ကြိုဆိုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလုပ်နေတာတွေဟာ ဆီးရီးယား ဒီလက်နက်တွေ ထပ်မသုံးဖို့ ဘဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား ရဲ့ မကောင်းတဲ့ အတိတ် မှတ်တမ်း တွေကြောင့် ဒီကိစ္စ ဖြစ်လာ လိမ့်မယ်လို့ မထင်တဲ့ အကြောင်းလည်း ဆိုပါတယ်။

ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ကတော့ ဒီအဆိုကို ကြိုဆိုတဲ့ အကြောင်း ပြောပါတယ်။ ဒါပေမယ့် သမ္မတ အာဆတ်ဒ် ဘက်က ဒါကို တကယ် လိုက်နာမလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မပြောခဲ့ပါဘူး။

ဒမတ်စကပ်စ် မြို့က ဘီဘီစီ သတင်းထောက်ကတော့ ဆီးရီးယား အရာရှိကြီး တွေနဲ့ တွေ့ဆုံ ခဲ့ရာမှာ သူတို့ဆီက ဒါနဲ့ ပတ်သက်လို့ အားလုံး အဆင်ပြေမယ့် အခြေအနေတရပ် ဖြစ်လာ နိုင်တယ်ဆိုပြီး တက်ကြွနေကြတာကို သိခဲ့ရတယ်လို့ သတင်း ပေးပို့ ထားပါတယ်။

ယာဉ်တိမ်းရှောင်မောင်းနှင်ရာမှ ဧရာဝတီမြစ် အတွင်းကျ ဦးခေါင်းခန်းစီးနင်းသူ နှစ်ဦးသေဆုံး


မြစ်ကြီးနား ၊ ၁၀-၉-၂၀၁၃

မြစ်ကြီးနားမြို့ မြို့ပေါ်ရပ်ကွက် အတွင်း စက်တင်ဘာ ၇ ရက်နေ့ က ဧရာဝတီ မြစ်ကမ်းနားလမ်း တွင် ရပ်ထားသည့် ယာဉ်အား တိမ်းရှောင် မောင်းနှင်ရာမှ လမ်းမြေသား ပဲ့ကျကာ ယာဉ်မှာ ဧရာဝတီမြစ် အတွင်း ထိုးကျသွားပြီး ဦးခေါင်းတွင် ပါရှိသည့် ယာဉ်မောင်းနှင့် အတူပါသူ နှစ်ဦးသေဆုံး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ကချင်စုရပ်ကွက် မြစ်ဖျားဧရာ စက်လှေဆိပ် (လဖဆိပ်)လမ်းတွင် တောင်မှမြောက် သို့ ကမ်းနားလမ်း အတိုင်း မောင်းနှင် လာသော ၆က/၃ဝ၄၁ ဖိုးဝှီး အမျိုးအစား ခဲရောင် မော်တော်ယာဉ် အား စိုးမိုးအောင် (ခ) အရှည်ကြီး မောင်းနှင်၍ ၄င်းနှင့်အတူ အိုက်ပန် အတူစီးကာ ယာဉ်နောက်ပိုင်း တွင် စန်းမောင် ၊ ကျော်သူလှိုင် ၊ အောင်ကိုဝင်း နှင့် ကျော်ဘ (ခ)မင်းရန်သိန်း တို့စီးလာသော မော်တော်ယာဉ် သည် စက်လှေဆိပ် အရောက်တွင် လမ်းဘယ်ဘက်တွင် ရပ်တန့်ထားသော သုံးဘီးယာဉ်အား ရှောင်တိမ်း မောင်းနှင် ရာမှ မြစ်ကမ်းဘေး မြေသား ပဲ့ကျကာ ယာဉ်မှာ ဧရာဝတီမြစ် အတွင်း ပြုတ်ကျ သွားခဲ့ပြီး ယာဉ်ဦးခန်း စီးနင်းသူ စိုးမိုးအောင် (ခ) အရှည်ကြီး (၄၅)နှစ် နှင့် အိုက်ပန် (၂၈) နှစ်တို့နှစ်ဦးမှာ သေဆုံး သွားခဲ့ပြီး ယာဉ်နောက်ပိုင်း စီးနင်းသူ (၄)ဦးအား ရပ်ကွက်နေ ပြည်သူများ၏ ဝိုင်းဝန်း ကူညီမှုကြောင့် အသက်ရှင် လျက် ကယ်တင် ရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ချစ်သား


အောက်ခြေရပ်ကွက်များအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည့် မီးပွားများ ရှိနေဟုဆို


ရန်ကုန်၊ စက်တင်ဘာ ၉

မြန်မာနိုင်ငံတွင်း လူဦးရေအများဆုံး နေထိုင်သော ရန်ကုန်မြို့တော် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အောက်ခြေ ရပ်ကွက်များတွင် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားနိုင်သော မီးပွား (ရန်ပွဲ) များ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၂၇) ကြိမ်မြောက် SEA Games အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပဋိပက္ခများနှင့် SEA Games လုံခြုံရေးနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြဿနာတွေ မကြာခဏဖြစ်တယ်၊ နေ့တိုင်းလိုလို တစ်ခုနှစ်ခု အမြဲရှင်းနေရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် လက်ဦးမှု ရယူပြီး ဖြေရှင်းနေသောကြောင့် ပြဿနာများ ကြီးထွားမလာခြင်း ဖြစ်ကြောင်း ဦးမြင့်ဆွေက ထပ်လောင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်တွင် စက်တင်ဘာ ၄ ရက်နေ့က အစ္စလာမ်ဘာသာရေး စာသင်ကျောင်း တစ်ကျောင်းကို ဓာတ်ဆီများ သုတ်ထားသော မီးတုတ်ပစ်တင်မှု ဖြစ်ပွားခဲ့ပြီး သုံးမိနစ်တာ မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်တွင် လူငယ်အုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားရာမှ ပဋိပက္ခ ဖြစ်ပွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင်လည်း အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့် ခြစ်ရာမှ ဘာသာရေးအသွင်ဆောင် ပဋိပက္ခ ဖြစ်ပွားနိုင်သည့် ကောလာဟလအချို့ ထွက်ပေါ်ခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း ဥက္ကံမြို့တွင် ဗုဒ္ဓဘာသာဝင် လူငယ်အချို့နှင့် အစ္စလာမ်ဘာသာဝင် လူငယ်အချို့ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

၂၀၁၃ ခုနှစ် သြဂုတ်လအတွင်း စစ်ကိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာတွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခကြောင့် နေအိမ် ၄၂ လုံး၊ ဈေးဆိုင်ခန်း ၁၈ ခန်းနှင့် ကြက်မွေးမြူရေးခြံတို့ မီးလောင်ပျက်စီးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှ လူ့အဖွဲ့အစည်းနှစ်ခု၏ ပဋိပက္ခများမှစတင်ကာ ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ရှမ်းပြည်နယ် လားရှိုးမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တို့တွင် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံရေးပါတီ ၂၉ ပါတီမှ ခေါင်းဆောင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံစဉ် ရန်ကုန်မြို့တော်တွင် ဘာသာရေး အကြမ်းဖက်မှုများ ဖြစ်ပေါ်စေသည့် လှုံ့ဆော်မှုများ အောက်ခြေနိုင်ငံရေး ပါတီဝင်များ မပါဝင်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် တိုက်တွန်းခဲ့သည်။

(ကောင်းဆက်နိုင်)

The Voice Weekly

လင်မယားနှစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံး



နေပြည်တော် ၊ ၁၀-၉-၂၀၁၃

ကရင်ပြည်နယ် ၊ ကော့ကရိတ် မြို့နယ် ၊ နောင်ကိုင် ကျေးရွာ အုပ်စု မိဖာလဲ ကျေးရွာနေ ဦးမြလွင် ၄၈ နှစ် (ဘ) ဦးထွန်းကြည် နှင့် ဇနီးဖြစ်သူ ဒေါ်ရင်တင် ၅၂ နှစ် (ဘ) ဦးစံဟန် တို့နှစ်ဦးသည် စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲ ခန့်က နေအိမ် အရှေ့လှေကား အနီး ခြေဆေးကန် ဘေး၌ သေနတ် ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သိရှိရသဖြင့် တာဝန်ရှိ သူများက သွားရောက် စစ်ဆေးရာ အလောင်းများ အနီးတွင် ပွိုင့် - ၃၀ ကာဘိုင် ကျည်ခွံ ၁၅ ခုခန့် တွေ့ရှိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် စိစစ်ရာ ၄င်းတို့ နှစ်ဦးသည် ကျေးရွာအတွင်း အောက်လမ်း အတတ်ပညာ များဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ  ကျေးရွာသား များမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

Myawady Daily Myawady