ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန် ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ပြောပြီ


ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန် ရေးသား ဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက မီဒီယာ သမားများအား ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။

အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်က နိုင်ငံခြား၌ ငွေစာရင်း ဖွင့်ထားသည့် သတင်း ထွက်ပေါ်ဟူသော သတင်း ခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသား ဖော်ပြမှုအား ထိုသို့ပြောဆို လိုက်ခြင်း ဖြစ်သည်။

“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိ ရမှာပေါ့ဗျာ။ မှန်ကန်တဲ့ သတင်းပဲ ပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့ သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။

အကယ်၍ ဂျာနယ်က ဖော်ပြသည့် သတင်းမှန်ကန်ပါက သက်သေ အထောက်အထားနှင့် တကွ ဖော်ပြစေလိုကြောင်းနှင့် ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။

နိင်ငံတော်အစိုးရ၏ ပြည်ထောင်စု ၀န်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတို့၌ လှုပ်ရှားပါဝင်မှု အများဆုံး ဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ် နိုင်ခဲ့ကြသူများ ဖြစ်သည်။

Popular Myanmar News Journal

iPhone 5s လက်ဗွေဖတ်စနစ်၏ လုံခြုံမှုအား စိုးရိမ်နေသည့် အမေရိကန် လွှတ်တော်အမတ်





အမေရိကန် အထက်လွှတ်တော်အမတ် Al Franken သည် iPhone 5s နှင့်အတူ Apple မှ မိတ်ဆက်ပေးခဲ့သည့် လက်ဗွေဖတ်စနစ် (Fingerprint Scanner) အား အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံရေးအတွက် စိုးရိမ်ပူပန်လျက်ရှိပြီး Apple ထံသို့ တရားဝင် ရှင်လင်းချက် တောင်းခံထားကြောင်း သိရှိရသည်။

iPhone 5s ပါ ဤလက်ဗွေဖတ် လုံခြုံရေးစနစ်သည် သမားရိုးကျ ဂဏာန်း ၄ လုံး ရိုက်သွင်းရသည့် လုံခြုံရေးနစ်အစား သုံးဆွဲသူ၏ လက်ဗွေအား Home ခလုတ်မှ ဖတ်ရှုစစ်ဆေး ပေးမည်ဖြစ်သည်။

ဆီနိတ်တာ Franken ကမူ အဆိုပါ လက်ဗွေဖတ် လုံခြုံရေးနစ်သည် မသမာသူများမှ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပါက ကြီးမားသည့် နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက်ရှိသည်။ သမားရိုးကျ Password များအနေဖြင့် မသမာသူများက သိရှိနိုင်ရန် ခက်ခဲသလို ဖောက်ထွင်းဝင်ရောက် ခံရသည့်တိုင် အသစ်ပြင်ဆင် အသုံးပြုနိုင်မည် ဖြစ်သည်။

သို့ရာတွင် လူတစ်ဦး၏ လက်ဗွေရာဆိုသည်မှာ လက်ချောင်းများ ထိတွေ့ခဲ့သည့် နေရာတိုင်းတွင် ကျန်ရှိနိုင်ခဲ့ရာ လျှို့ဝှက်ဖို့ မဆိုထားနှင့် မသမာသူများ အနေဖြင့် ပိုမိုလွယ်ကူစွာ ရယူနိုင်သည့် အခြေအနေရှိနေသည်။ Mr. Franken က “တိုတိုနဲ့ လိုရင်းကို ပြောရရင်တော့ မသမာသူ ဟက်ခ်ကာတွေသာ သင့်ရဲ့ လက်ဗွေရာကို ရယူနိုင်ခဲ့ပြီဆိုရင် သင့်ရဲ့ကိုယ်စား သင့်ကိုယ်ပွားအဖြစ် ဟန်ဆောင်ပြီး တစ်သက်သာ လုပ်ချင်တာ လုပ်လို့ရသွားပါပြီ။” ဟု ထောက်ပြသွားခဲ့သည်။

Apple Inc. အနေဖြင့် တစ်စုံတစ်ရာ တုန့်ပြန်ဖြေရှင်းခြင်း မရှိသေးသော်လည်း ဤနည်းပညာသည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်ပြီး စိတ်ချရသည့် လုံခြုံရေးစနစ်ဟု ယခင်က ပြောကြားထားခဲ့သည်။

Apple ၏ အဆိုအရ လက်ဗွေဖတ် လုံခြုံရေးစနစ်နှင့် သက်ဆိုင်သည့် အချက်အလက်များအား အခြားသော app များနှင့် Apple ၏ server များနှင့် ဆက်နွှယ်မှုမရှိသည့် ဖုန်း၏မှတ်ဥာဏ်အတွင်း သိုမှီးထားကြောင်း သိရှိရသည်။ ထို့အပြင် Apple အနေဖြင့် ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ဖုန်းအား restart လုပ်ပြီးပါက သမားရိုးကျ passcode ထည့်သွင်းစေခြင်းနှင့် ဖုန်းအား ၄၈ နာရီကြာ အသုံးပြုခြင်း မရှိခဲ့ပါက passcode ပြန်လည်ထည့်သွင်းစေခြင်းတို့ကို ပြုလုပ်စေမည်ဖြစ်သည်။

ထို့အပြင် မသမာသူ တစ်ဦးတစ်ယောက်က လက်ဗွေရာအား တစ်နည်းနည်းဖြင့် ရယူပြီး ပုံတူကူးကာ အသုံးပြုနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။ အဘယ်ကြောင့်ဆိုသော် ဤလက်ဗွေဖတ်စနစ်သည် လူသားတစ်ဦး၏ sub-epidermal layer ခေါ် အရေပြား၏ ဒုတိယအလွှာအား တိုက်ရိုက် ဖတ်ရှုသောကြောင့်ဖြစ်ကြောင်း သိရှိရသည်။

သုံးစွဲသူများ အနေဖြင့်လည်း လက်ဗွေဖတ် လုံခြုံရေးစနစ်အား ယုံကြည်စိတ်ချမှု မရှိပါက disable လုပ်ကာ သမားရိုးကျ passcode ကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။
Myawady News

စင်ကာပူ ဝါရင့်သရုပ်ဆောင် ဇီရှဲဂွေ ဗုဒ္ဓသာသနာ့ဘောင်သို့ဝင်



ဝါရင့် စင်ကာပူသရုပ်ဆောင်ဟောင်း တစ်ဦးဖြစ်သူ ဇီရှဲဂွေဟာ စင်ကာပူ-မလေးရှား နယ်စပ် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်မှာရှိတဲ့ ပေါင်တီယန် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးဝတ်သွားတယ် လို့ စင်ကာပူထုတ် CNA သတင်းမှာ ဖော်ပြထားပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်ကစပြီးတော့ သရုပ်ဆောင်လောကက အနားယူပြီးတဲ့ နောက်မှာ သိုသိုသိပ်သိပ် နေထိုင်နေသူ တစ်ဦးဖြစ်ပြီးတော့ သူ့မိတ်ဆွေတွေ နဲ့လည်း အဆက်အသွယ် သိပ်မလုပ်ဘူးလို့ အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။

စင်ကာပူ သရုပ်ဆောင်ဟောင်း ဇီရှဲဂွေ ဗုဒ္ဓဘာသာဘုန်းကြီး ဝတ်သွားတာနဲ့ ပတ်သက်လို့ ဝါရင့် အမျိုးသမီးသရုပ်ဆောင် တစ်ဦးဖြစ်သူ လီမိုင်ဂျိုက သူမရဲ့ မန်နေဂျာကနေ တစ်ဆင့် ပြောကြားရာမှာ ဇီ ဘုန်းကြီးဝတ်သွားတဲ့ အကြောင်းကို မသိကြောင်း မီဒီယာတွေမှာ သတင်းတွေ့လို့သာ သိရတယ်လို့ဆိုပါတယ်။

နောက်ပြီး မင်းသားဇီ နဲ့အတူ Holland V ရုပ်သံဇာတ်လမ်းတွဲမှာ လက်တွဲခဲ့ဖူးတဲ့ သရုပ်ဆောင် ကျန်းဂျီပင်းက ဇီအခုလို ဘုန်းကြီးဝတ်သွားတဲ့ သတင်းကြားရလို့ အံ့သြမိတဲ့ အကြောင်း ပြောကြားပါတယ်။

အခု ဗုဒ္ဓဘာသာဘုန်းကြီးဘဝကို ခံယူသွားတဲ့ စင်ကာပူ ဝါရင့်သရုပ်ဆောင် ဇီဟာ အကောင်းဆုံး သရုပ်ဆောင်ဆု များစွာ ရရှိခဲ့ဖူးသူ ဖြစ်ပြီးတော့ The Golden Pillow, Stand By Me နဲ့ Holland V ရုပ်သံဇာတ်လမ်းတွဲ တွေနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆု ရရှိခဲ့ဖူးသူ တစ်ဦး ဖြစ်ပါတယ်။

သူနောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲ ကတော့ ၂၀၀၅ ခုနှစ်က Baby Blues ဆိုတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပြီးတော့ သရုပ်ဆောင်ချန်လီပင်းနဲ့ တွဲဖက်ထားတာဖြစ်ပါတယ်။
The Voice Weekly

ကျောက်ချဉ်အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး




အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမ တင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်း ထက်မြက်မှု တချို့ပါ။

ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ်ပရိသတ်တိုင်း သိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။

ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။

ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။

ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။

ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။

ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။
ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေတဲ့ သတ္တိရှိပါတယ်။

ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင်သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။

လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။

နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။

ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။
Myawady News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုအိမ်၊ ကား ရောင်း၍လုပ်နေခြင်းဖြစ်ဟု ဦးအောင်မင်းပြော

ရန်ကုန်- ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အိမ်ရောင်း၊ ကားရောင်းပြီး ပိုက်ဆံစိုက်ကာ လုပ်ဆောင်နေကြောင်း ပြည် ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင်မီဒီယာများအားပြောကြားလိုက်သည်။

“ဦးအောင်မင်းကို ကြိုက်တဲ့ အချိန်ပိုက်ဆံစစ်လို့ရတယ်။ အခုပိုက်ဆံစိုက်ပြီးလုပ်နေတာ။ ဒါတွေက ငြိမ်းချမ်းရေးကိုလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးလုပ်နေတာ။ ဘယ်အိမ်တွေရောင်းထားလဲဆိုတာ သိချင်သေးတယ်ဆိုရင် ကျွန်တော် လိပ်စာပေးလိုက်ဦးမယ်။ သွားကြည့်လိုက်ဦး”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာ ၂၁ ရက်တွင် မြန်မာ့ငြိမ်းချမ်း ရေးပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားအပြီး၌ ပြော ကြားခဲ့ခြင်းလည်းဖြစ်သည်။


ပြည်တွင်းငြိမ်းချမ်းရေးလုပ် ဆောင်ရာတွင်အသုံးပြုရန် ပြည်ပမှ ငွေကြေးအထောက်အပံ့ တောင်းခံမှုမှာ ဆယ်သက်စား မကုန်အောင်ရနေသည်ဟု နောက်ကွယ်မှ အမြင်မှားအောင် လှည့်ကွက်ပြုလုပ်နေသည်ဟု ဦးအောင်မင်းကဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကျန်းမာရေးစစ်ဆေးရာတွင် နှလုံးရောဂါတွေ့ရှိ
သဖြင့် ရန်ကုန်မြို့ရှိ ၀ိတိုရိယဆေးရုံ၌ တက်ရောက်ကုသမှုခံယူခဲ့ရသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပြည်ပမှ အထောက်အပံ့များကို စောင့်ဆိုင်းပြီး မလုပ်ဆောင်ဘဲ နိုင်ငံတော်က စိုက်ခံကာ လုပ်ဆောင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်းတိုက်တွန်းထားဖူးသည်။

လာမည့်အောက်တိုဘာလဆန်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့သည် ငြိမ်းချမ်းရေးဆွေးနွေးရန် အကြိုသဘောတူညီချက် ရရှိထားပြီးဖြစ်သည်။
7Day News Journal

ကျောက်တော် ပဋိပက္ခအတွင်း ဖမ်းဆီးခံထားရသူနှစ်ဦး ပြန်လွှတ်




ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြားဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်ဘွေရွာခံ ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို စစ်တွေခရိုင်တရားရုံးက မနေ့ကညနေပိုင်းမှာ အပြီးသတ်ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေ ဒေါ်မြသူဇာက RFA ကို အခုလိုပြောပါတယ်။

"သူတို့နှစ်ယောက်က တရားလိုနဲ့ တရားလိုပြသက်သေတွေ ထွက်ချက်အရ ခိုင်မာလုံလောက်တဲ့ အထောက်အထားတွေ မပြနိုင်ပါဘူး၊ အဲဒါကြောင့် စစ်တွေခရိုင်တရားရုံက တရားသေလွှတ်လိုက်တာပါ"

ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို မနှစ်က ကျောက်တော်မြို့နယ် အကြမ်းဖက် ပဋိပက္ခတွေအတွင်း ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၄၃၆ မီးရှို့မှု၊ ၃၀၂ လူသတ်မှု၊ စတဲ့ပုဒ်မနှစ်ခုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့က စွဲချက်တင်ကာ မခိုင်လုံတဲ့အတွက် မနေ့က ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။
RFA Burmese

စာနာမှုနဲ့ ကူညီဖို့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား





မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာလို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ရတာတွေကြောင့် ဖြစ်ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ စီးပွားရေးညီလာခံမှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ နိုင်ငံရေးတည်ငြိမ်တဲ့အထိ စောင့်သင့်ပါသလားလို့ မေးမြန်းတဲ့အခါမှာ စီးပွါးရေးကောင်းအောင်လုပ်ဖို့ဆိုရင် အရင်းအနှီးလိုတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားပြီးသားသူတွေ ပြန်ထွက်သွားဖို့ သူ့အနေနဲ့ အကြံပေးမှာမဟုတ်ပဲ လုပ်လက်စအတိုင်းဆက်လုပ်ကြဖို့ကိုပဲ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူနိုင်သမျှယူဖို့တော့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအရှိန် ရှိနေတယ်ဆိုပေမယ့် လူ့အဖွဲ့အစည်းအတွင်းဖြစ်နေတဲ့ အကြမ်းဖက်ပဋိပက္ခတွေရယ်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာတွေရယ်ဟာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ နောက်တွန့်သွားနိုင်တယ်လို့  သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့  အပစ်အခတ်ရပ်နိုင်နေပြီဆိုပေမယ့်၊ တကယ့်ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်တဲ့အခြေအနေ မရောက်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
RFA Burmese

မြန်မာနိုင်ငံအတွင်း ရထားများပေါ်၌် ခရီးသည်များထံမှ ခိုး၊ ဆိုး၊ နှိုက် ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေ




မြန်မာနိုင်ငံအတွင်း ရထားဖြင့် ခရီးသွားလာနေသော ခရီးသွားများထံမှ ခိုး၊ ဆိုး၊ နှိုက်ဖြစ်စဉ်များ လစဉ်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် ရထားရဲတပ်ဖွဲ့ရုံးမှ စက်တင်ဘာ ၂၁ ရက်တွင် သိရသည်။

ဖြစ်ပွားခဲ့သည့် မှုခင်းအရေအတွက် များအနက် ထက်ဝက်ခန့်၏ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ စုံစမ်းစစ်ဆေးဆဲ အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

ရထားပေါ်တွင် ၂၀၁၃ ခုနှစ် သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ခိုး၊ ဆိုး၊ နှိုက် မှုခင်းဖြစ်စဉ် ငါးမှုဖြစ်ပွားခဲ့ပြီး သုံးမှုမှ ကျူးလွန်သူများကို ဖမ်းဆီးဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ရထားဖြင့် ခရီးသွားလာနေသည့် ခရီးသွားများ ရထားပေါ်တွင် အိပ်ပျော်နေသည့် အချိန်များ၌ အများဆုံး ပစ္စည်းများ ခိုးခံရမှု ဖြစ်ပွားနေကြောင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအား လေ့လာသုံးသပ်ချက်အရ သိရသည်။

ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် သြဂုတ် ၂၅ ရက် နံနက် ၁၁ နာရီတွင် မြစ်ကြီးနား-မန္တလေး အမှတ် ၃၈ အစုန်ရထား မိုးကောင်းဘူတာသို့ ဆိုက်ရောက်စဉ် မလဲ့လဲ့ထွန်း မိုးကောင်းမြို့နေသူနှင့် ၎င်း၏ခင်ပွန်း ကိုမင်းနိုင်ဦးတို့သည် အဆိုပါ ရထားရိုးရိုးတန်း အတွဲ ၂၊ ခုံအမှတ် ၄၅/၄၆ တွင် စီးနင်းလိုက်ပါလာစဉ် မလဲ့လဲ့ထွန်းမှ မိန်းမကိုင် သားရေဘေးလွယ်အိတ် (အနက်ရောင်) ငွေနှင့် ပစ္စည်းကာလတန်ဖိုး ကျပ် ၅၉၄၀၀၀၀ ခန့်အား ခေါင်းအုံးအိပ်ခဲ့ကြောင်း သိရသည်။

၂၆ ရက် နံနက် ၁ နာရီတွင် ကန့်ဘလူမြို့နယ် ထန်းကုန်းဘူတာ အ၀င်တွင် အမည်မသိ အမျိုးသားတစ်ဦးမှာ ဆွဲယူခုန်ဆင်း သွားခဲ့သဖြင့် ကန့်ဘလူ ရဲစခန်း (ပ)၃၀၆/၁၃ ပြစ်မှု ပုဒ်မ-၃၇၉ (နှိက်)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရှိရသည်။

သြဂုတ်လအတွင်း ရထားပေါ်၌ ဖြစ်ပွားခဲ့သည့် ခိုးဆိုးနှိုက်မှုခင်း ဖြစ်စဉ်များကို ကောလင်းရဲစခန်း၊ ဟသာင်္တ ရထားရဲစခန်း၊ ရန်ကုန် ရထားရဲစခန်း၊ ရွာထောင် ရထားရဲစခန်းနှင့် မန္တလေး ရထားရဲစခန်းတို့က အမှုဖွင့် စစ်ဆေးနေကြောင်း သိသည်။

(ရထားပေါ်တွင် လုံခြုံရေးအတွက် စစ်ဆေးနေသည့် ရထားရဲ တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့် ))
Eleven Media Group

မြန်မာ့သူရဲကောင်း နမားဂျွန်ဆင်နှင့် ထူးခြားထရုံလူမျိုး ဦးဒါဝိတ်အား ထူးဖောင်ဒေးရှင်း ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့


မြန်မာ-အမေရိကန် ရေခဲတောင်တက်အဖွဲ့ ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် နောက်တန်းမှ ထောက်ပံကူညီရန် လိုက်ပါခဲ့သော ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ဂမ်လန်ရာဇီတောင်မှ အပြန်ခရီးတွင် မြန်မာလူမျိုးများထဲမှ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သော နမားဂျွန်ဆင်နှင့် မြန်မာနိုင်ငံတွင် (၃)ဦးသာ ကျန်တော့သည့် ထရုံလူမျိုးထဲမှ အကိုအကြီးဆုံးဖြစ်သော ဦးဒါဝိတ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ ဗဟုသုတ တိုးပွားစေရန်အတွက် ရန်ကုန်နှင့် နေပြည်တော်အနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည် ဖြစ်သည်။

နမားဂျွန်ဆင်နှင့် ထရုံလူမျိုး ဦးဒါဝိတ်တို့ နှစ်ဦးအား ထူးဖောင်ဒေးရှင်းက …

၁။ မြန်မာနိုင်ငံ မြို့ကြီးများ၏ တိုးတက်နေမှုကို ကိုယ်တိုင်ခံစား သိမြင်ပြီး ပီတိဖြစ် ၀မ်းမြောက်စေရန်

၂။ မျိုးချစ်စိတ်ဓါတ်ပိုမို ထက်သန်စေရန်နှင့် ဒေသန္တရ ဗဟုသုတ တိုးပွားစေရန်

၃။ ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူ၍ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးနိုင်ရန်
စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖိတ်ကြား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
Myanmar News Update

လိုင်စင်ရ ကန်ထရိုက်များ မဟုတ်ဘဲ မြေပိုင်ရှင်များကိုယ်တိုင် အဆောက်အအုံ ဆောက်ပါကလည်း အာမခံ ငွေကျပ် သိန်း ၅၀၀ တင်ရမည်




ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လိုင်စင်ရ ကန်ထရိုက်တာများ အနေဖြင့် အဆောက်အအုံများ ဆောက်လုပ်ပါက စည်ပင်သို့ အာမခံ စပေါ်ငွေ ကျပ်သိန်း ၅၀၀ တင်ရကြောင်း၊ လိုင်စင်ရ ကန်ထရိုက်များမှ မဟုတ်ဘဲ မြေဂရန်ပိုင်ရှင်ကိုယ်တိုင် ရင်းနှီးငွေဖြင့် ဆောက်လုပ်ပါကလည်း စပေါ်ငွေကျပ် သိန်း ၅၀၀ ပင် တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ "အထပ်မြင့်များ ဆောက်လုပ်ရာ၌ မြေဂရန်ပိုင်ရှင်က ကိုယ်ပိုင်ငွေရင်းဖြင့် ဆောက်လုပ်မည့် ကိစ္စများတွင် စပေါ်တင်ထားသည့် လိုင်စင်ရ ကန်ထရိုက်တာအား ကျပ်သိန်း ၅၀ ခန့်ပေး၍ လက်မှတ်ရေးထိုးစေပြီး လျှောက်ထားနေရသည်ကို သိပါသလား။ ဖြေလျှော့မှု အနေဖြင့် ပိုင်ရှင်၏ ဂရန်မူရင်းကို စပေါ်တင်စေခြင်းဖြင့် ခွင့်ပြုပေးရန် ရှိမရှိ" မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော်တွင် နေရာအနှံ့မှာ အထပ်မြင့်အိမ်တွေ တော်တော်များများ ဆောက်နေတာကို တွေ့ရပါတယ်။ အဲဒီလို ဆောက်တဲ့အခါမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ကျပ်သိန်း ၅၀၀ တိတိ စပေါ်တင်ထားရတဲ့ လိုင်စင်ရ ကန်ထရိုက်တာ ငွေရှင်ကြေးရှင်ကသာ ဆောက်လုပ်ခွင့် ရှိတယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီအခါမှာ မြေဂရန်ပိုင်ရှင်တွေ အနေနဲ့ ကိုယ်ပိုင်ငွေနဲ့ ရင်းနှီးပြီးတော့ ဆောက်လုပ်မယ့် ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါ လိုင်စင်ရ ကန်ထရိုက်ကို ကျပ်သိန်း ၅၀ ပေါက်ဈေးပေးပြီး လက်မှတ်ထိုးပြီးတော့ လျှောက်နေကြတယ်လို့ ကြားသိရပါတယ်" ဟု ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြောကြားသည်။

"အချို့ ဂရန်အမည်ပေါက် ပိုင်ရှင်များ အနေနဲ့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတ်မှတ်ချက်များနှင့်အညီ ကိုယ်ပိုင်ငွေရင်းဖြင့် အာမခံငွေကျပ် သိန်း ၅၀၀ သွင်း၍ အဆောက်အအုံ ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန် ကန်ထရိုက်တာ လိုင်စင်ရယူလျက် ရှိပါတယ်။ ဒါကြောင့် မြေဂရန်ပိုင်ရှင်က ကန်ထရိုက် တစ်ဦးအား လက်မှတ်ရေးထိုးစေပြီး ဆောက်လုပ်ခွင့် လျှောက်ထားခြင်း မဆောင်ရွက်လိုပါက မြေပိုင်ရှင်ကိုယ်တိုင် ရန်ကုန်မြို့တော် စည်ပင်သတ်မှတ်ချက်များနှင့်အညီ အမည်ပေါက်ပိုင်ဆိုင်သည့် အထောက်အထားများ တင်ပြပြီး အာမခံကြေး ကျပ်သိန်း ၅၀၀ ပေးသွင်းလျက် ကိုယ်တိုင်ကန်ထရိုက်တာ လိုင်စင် ရယူနိုင်ပါတယ်" ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ဆိုသည်။

(ရန်ကုန်မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ရစဉ်)
Eleven Media Group

ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် အမှုကြီးဖြစ်စဉ် အပါအ၀င် ပျမ်းမျှ မှုခင်းအရေအတွက် ၅၀ ၀န်းကျင် ဖြစ်ပွား




ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်နေ့လျှင် အမှုကြီးဖြစ်စဉ် အပါအ၀င် ပျမ်းမျှမှုခင်း အရေအတွက် ၅၀ ၀န်းကျင် ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက စက်တင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ နေ့စဉ်ဖြစ်ပွားနေသည့် မှုခင်းဖြစ်စဉ်များ လျော့ကျစေရန်အတွက် "ကျားနက်" စီမံချက် ချမှတ်ကာ ရဲလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါကဲ့သို့ "ကျားနက်" စီမံချက် မစခင်တွင် မှုခင်းဖြစ်စဉ်များ လျော့ကျစေရန် အတွက်လည်း "လှိုင်းလုံး" စီမံချက်၊ "၀ရဇိန်" စီမံချက်များ ချမှတ်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ တစ်နေ့ကို ပျမ်းမျှအမှုပေါင်း ၃၀ ကနေ၊ ၅၀ ကျော်ထိ ဖြစ်ပွားနေတယ်။ ဒါပေမဲ့ အရင်နှစ်နဲ့ ယှဉ်ရင်တော့ တစ်နေ့ကို လေးမှုဝန်းကျင်တော့ လျော့ကျသွားတယ်။ မှုခင်းဖြစ်စဉ်တွေ လျော့ကျဖို့ အရင်လုပ်ခဲ့တဲ့ စီမံချက်တွေရဲ့ အားနည်းချက်တွေကို ဖြည့်စွက်ထားတဲ့ "ကျားနက်" စီမံချက် ချမှတ်ပြီးတော့ မှုခင်းတွေကို ထိရောက်စွာ ကြိုတင်ကာကွယ်ဖို့နဲ့ တရားခံတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ်။ အချို့မှုခင်းတွေ လျော့ကျခဲ့ပေမယ့်လည်း သေမှုသေခင်းတွေ တိုးလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။

အမှုကြီး ၁၀ မျိုးဖြစ်စဉ်များကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ၂၆၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ ယခုနှစ်၏ အဆိုပါ ရှစ်လအတွင်း အမှုကြီး ၁၀ မျိုးဖြစ်စဉ် ၂၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရဲမှူးမြင့်ထွေးထံမှ သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ ဇူလိုင်လအထိ အမှုကြီး ၁၀ မျိုး ဖြစ်စဉ်များကို အနောက်ပိုင်း ခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ကာ ၃၁ မှုကိုသာ တရားရုံးသို့ စွဲတင်နိုင်ခဲ့ကြောင်း၊ အနောက်ပိုင်းခရိုင်တွင် ၂၃ မှု ဖြစ်ပွားခဲ့ပြီး ၁၅ မှုကိုသာ တရားရုံးသို့ စွဲတင်နိုင်ခဲ့ကြောင်း၊ တောင်ပိုင်းခရိုင်တွင် ၄၁ မှု ဖြစ်ပွားခဲ့ကာ ၃၀ မှုကိုသာ တရားရုံးသို့ စွဲတင်နိုင်ခဲ့ကြောင်းနှင့် မြောက်ပိုင်းခရိုင်တွင် ၇၈ မှု ဖြစ်ပွားခဲ့ပြီး ၅၆ မှုကိုသာ တရားရုံးသို့ စွဲတင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ခုနစ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ခိုးမှုငါးမျိုးဖြစ်စဉ် ၆၃၃ မှု ဖြစ်ပွားခဲ့ပြီး တရားရုံးသို့ ၂၆၁ မှု စွဲတင်နိုင်ခဲ့ကာ ၁၆ မှု ပိတ်သိမ်းခဲ့ကြောင်း၊ လက်ကျန်အမှုပေါင်း ၃၅၆ မှုရှိပြီး ဖြစ်ပွားခဲ့သော ဖြစ်စဉ်အရေအတွက် များအနက် ၄၂ ဒသမ ၃ ရာခိုင်နှုန်းကိုသာ တရားရုံးသို့ စွဲတင်နိုင်ခဲ့ကြောင်း သိရသည်။


(ဆန္ဒဖော်ထုတ်မှုကို ထိန်းသိမ်းရန် ဟံသာဝတီ ကားပွဲစားတန်းအနီး အသင့်စောင့်နေသည့် ရဲတပ်ဖွဲ့ဝင်များကို မတ် ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်))
Eleven Media Group

မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးဆန္ဒပြ


မြစ်မာစစ်ဗိုလ် ရက်ရက်စက်စက် သတ်ခံရချိန် နှင့် KIA မှ တစ်ပြည်လုံးငြိမ်းချမ်းရေးဆွေးနွေးပွဲ မတတ်ကြောင်း ပြောချိန်က ငြိမ်နေခဲ့သူများ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲကို စက်တင်ဘာလ ၂၁ရက်နေ့ နေ့လည်၁၂နာရီမှာ ဆူးလေဘုရားကနေ စတင်လမ်းလျှောက်ကြသည်။

အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း ကချင်ပြည် လွတ်လပ် ရေး အဖွဲ့ KIO ၏ သဘောထားကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မကဒတ ၏ ဥက္ကဋ္ဌ ရဲဘော် သံခဲနှင့် ယမာန်နေ့က လိုင်ဇာ မြို့၌ တွေ့ဆုံစဉ် ဗိုလ်ချုပ် ဂွမ်မော် က ထုတ်ဖေါ်ပြောကြား ခဲ့သည်ဟု ABSDF (မြောက် ပိုင်း) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမင်းဌေးက ဆိုပါသည်။


MYANMAR EXPRESS GROUP

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်္ဘောကို ရုရှားက ဖမ်းဆီး


ရုရှားလုံခြုံရေးအရာရှိများ ပါသော သင်္ဘောများသည် အာ တိတ်တွင် ဝင်ရောက်ခဲ့ပြီးနောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလှုပ်ရှားသူ ၂၉ဦးကို ဖမ်းဆီး ထားကြောင်း သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့က ပြော သည်။ ဖမ်းဆီးထားသူ ၁၅ဦးခန့် ကို ခေါင်းစွပ်များဖြင့် ဘာရန့် ပင်လယ်ရှိ သင်္ဘောတွင် ဖမ်းဆီး ထားကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခံရခြင်းသည် ရုရှားရေနံထုတ်ယူမှုမှ ကာကွယ် ရန် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ဝင်လေးဦးက ကြိုး စားခဲ့ပြီးနောက် ဖြစ်ပွားခြင်းဖြစ် သည်။ ဖမ်းဆီးခံထားရသူများ ကို Arctic Sunrise သင်္ဘောတွင် ဖမ်းဆီးထားပြီး လက်နက်ကိုင် အမျိုးသားများသည် ရုရှားနိုင်ငံ တွင်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ ဝင်များဖြစ်မည်ဟု ယုံကြည်ရ ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦး က ပြောသည်။

ထိုသင်္ဘောသည် နိုင်ငံတ ကာရေပိုင်နက်တွင် သွားနေခြင်း ဖြစ်ပြီး ဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွှတ်ပေးရန် သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့က ရုရှားသမ္မတဗလာဒီမာ ပူတင်ကို တောင်းဆိုခဲ့သည်။ ဖမ်း ဆီးခံထားရသော အဖွဲ့ဝင်များ သည် ရန်စလှုံ့ဆော်သောအမူအကျင့်များရှိကြောင်း Gazprom ၏ Prirazlomnaya ရေနံတွင်း စီမံကိန်းသည် လူသားများ၏ အ သက်အန္တရာယ်ကို ခြိမ်းခြောက် ပြီး အာတိတ်တွင် ထင်မှတ်မထား သော ပတ်ဝန်းကျင်အကျိုးဆက် များ ဖြစ်လာနိုင်သည်ဟုပြောကာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က စွပ်စွဲခဲ့သည်။
Yangon Media Group

ကင်ညာ နိုင်ငံ တွင် မွတ်စလင် အကြမ်းဖက်သမားများ က shopping mall တစ်ခု ကို စီးနင်းတိုက်ခိုက်





ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့ ရဲ့ shopping mall တစ်ခု ကို မွတ်စလင် အကြမ်းဖက်သမားများ က လွန်ခဲ့ တဲ့ နာရီပိုင်း အတွင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက် ပြီး ဓားစာခံ ၃၀ ကျော်ကိုဖမ်းစီးထားပါသည်။

အဆိုပါ မွတ်စလင် အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက်မှုတွင် လူ ၃၀ သေဆုံးခဲ့ပြီး ၁၀၀ ရာကျော် ဒဏ်ရာ ရရှိခဲ့ပါသည်။

မွတ်စလင် အကြမ်းဖက်သမားများ က shopping mall ကို လက်ရှိ အချိန်အထိ စီးနင်းထားပြီး ဓားစာခံ ၃၀ ကျော် ဆက်လက် ဖမ်းစီးထားပါသည်။

ကင်ညာ အထူး ကွန်မန်ဒို အဖွဲ့ မှ ဓားစာခံများ ကို ကယ်တင်နိုင်ရန် ကြိုးစား လျှက်ရှိကြောင်း CNN သတင်းဌာန မှ သတင်းရရှိပါသည်။
MyanmarTodayNews

ပြည်တွင်း မငြိမ်သက်မှု ရင်းနှီးမြှုပ်နှံမှု အဟန့်အတား ဖြစ်မည် ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်



မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသော ဘာသာရေး ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အဟန့်အတား ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူတွင် ပြုလုပ်နေသော အဆင့်မြင့်စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားလိုက်သည်။

ယင်းအချက်များကို မဖြေရှင်းနိုင်ပါက ရင်းနှီးမြှုပ်နှံသူများ စိတ်ချမ်းမြေ့မည့် တည်ငြိမ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်မျိုးကို ဆောင်ကြဉ်းနိုင်မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပသော အထက်ပါ စီးပွားရေး ကွန်ဖရင့်တွင် ပြောကြားသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံတကာမှ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံတွင် ကျင်းပသော စင်ကာပူ ထိပ်သီးအစည်းအဝေးပွဲတွင် ပြောကြားခဲ့ကြောင်း Bloomberg သတင်းဌာန ကဖော်ပြသည်။
“စီးပွားရေး အခြေအနေကို ဖွံ့ဖြိုးလာအောင် ပြန်လုပ်ကြတော့မယ်ဆိုရင် အရင်းအနှီးက သေချာပေါက် လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ် သွားရောက်သော စင်ကာပူ ခရီးစဉ်အတွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလအတွင်း တရားဥပေးစိုးမိုးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အမြန်ဆုံး ဆောင်ရွက်ရန်နှင့် အခြေခံဥပဒေ ပြင်ဆင် ရေး လုပ်ငန်းစဉ်များ စတင်ရန် လိုအပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီး အစည်းအဝေးပွဲတွင် ပြောကြားလိုက်သည်။
“ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ရှိနေတာကို သဘောကျပါတယ်။ ဒါပေမယ့် တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပဲ ဖြစ်စေချင်တယ်” ဟု ၎င်းက စက်တင်ဘာ ၂၁ ရက်တွင် ပြုလုပ်သည့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် သန့်ရှင်းမျှတသော တရားရုံးများ၊ ထိရောက်ပြီး လွတ်လပ်မှုရှိသော တရားစီရင်ရေးစနစ်များ လိုအပ်ပြီး တရားဥပဒေ စိုးမိုးမှု မရှိပါက ရင်းနှီးမြှုပ်နှံမှုများအပေါ် သံသယဝင်နိုင်ကြောင်း ၎င်းကဆိုသည်။
“အစိုးရ အပြောင်းအလဲကာလ နောက်ပိုင်မှာ ရင်းနှီးမြှုပ်နှံမှုက တောက်လျှောက် တက်လာနေတယ်။ ပိုပြီးပွင့်လင်း မြင်သာမှု ရှိလာတာရယ်၊ အခွင့်အလမ်းတွေ ပေါများတာရယ် ကြောင့်ပါ။ ရုံးတွေမှာဆိုရင် နေ့စဉ်လာဆွေးနွေးတဲ့ ပြည်ပကုမ္ပဏီတွေ မနည်းဘူး” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာရှိတစ်ဦးက မှတ်ချက်ပေးသည်။

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုခရီးစဉ်အတွင်း စင်ကာပူနိုင်ငံသမ္မတ Dr. Tony Tan Keng Yam၊ ဝန်ကြီးချုပ် Mr. Lee Hsien Loong၊ ဂုဏ်ထူးဆောင် ဝန်ကြီးချုပ် Mr. Goh Chok Tong၊ ပါလီမန်ဥက္ကဋ္ဌ Madam Haliamah Yacob တို့ တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံမည် ဖြစ်သည်။
The Voice Weekly

မျိုးစောင့်ဥပဒေကြမ်းနှင့် ၁၉၅၄ ခုနှစ် လက်ထပ် ထိမ်းမြားခြင်းဥပဒေတို့ ပေါင်းစပ်ဥပဒေသစ်တစ်ခု ရေးဆွဲပြီး လွှတ်တော်တင်မည်ဟု ဦးသိန်းညွန့်ပြော

သံ ဃာတော်များ ရေးဆွဲထားသော မျိုးစောင့်ဥပဒေကြမ်းပါ အချက် အလက်များနှင့် ၁၉၅၄လက်ထပ် ထိမ်းမြားခြင်း ဥပဒေပါအချက် အလက်တို့ကိုပေါင်းစပ်၍ဥပဒေ တစ်ခုရေးဆွဲကာ လွှတ်တော်တင် သွားမည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦး သိန်းညွန့်က ''၁၉၅၄ခုနှစ် ဥပဒေ ဟာ ခေတ်ကာလနဲ့မလျော်ညီ တော့တဲ့အတွက် ပြောင်းကိုပြောင်း ရမယ်။ သံဃာတော်တွေရဲ့ စေ တနာတွေကိုလဲ ဖြည့်စွက်ပေးချင် တယ်။ ဒါကြောင့် လူ့အခွင့်အရေး လို့ ကြွေးကြော်နေတဲ့ပုဂ္ဂိုလ်တွေ လဲ မေးခွန်းမထုတ်နိုင်အောင် ၁၉၅၄ ဥပဒေနဲ့ သံဃာတော်တွေ ရေးဆွဲတဲ့ ဥပဒေကြမ်းတို့ကို လို အပ်သလို ပေါင်းစပ်ပြီး ဥပဒေ တစ်ခုကိုတင်သွားမယ်''ဟုပြော သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ အခန်း(၈) ပုဒ်မ ၃၆၁ အရ နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ ဖြစ်သည်ဟု နိုင်ငံတော်ကအသိ အမှတ်ပြုသည်ဟူ၍လည်းကောင်း၊ ပုဒ်မ-၃၆၂ အရ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ် ကိုးကွယ်သောဘာသာတို့ကို ဤ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာ သာများဟူ၍ အသိအမှတ်ပြု သည်ဟူ၍ ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ၂၀၀၈ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ-၃၆၁ နှင့် ၃၆၂ တို့ အရ ရဟန်းသံဃာများ၊ ပြည်သူ များလည်း ထောက်ခံနိုင်သော လူ့ အခွင့်အရေး စံနှုန်းများဖြင့်လည်း ထောက်ပြ၍မရနိုင်သော ဥပဒေ တစ်ခုဖြစ်ရန်အတွက် ယင်းဥပ ဒေနှင့်ဥပဒေကြမ်းနှစ်ခုကို ပေါင်း စပ်ကာ ဥပဒေတစ်ခုပေါ်ပေါက် လာရန်ကိုင်တွယ်သွားမည်ဟု ဦး သိန်းညွန့်က ပြောသည်။

မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင် ရေးအတွက် ပါဝင်ဆောင်ရွက် ပေးနေသည့် သံဃာတော်တစ်ပါး ဖြစ်သော မကွေးဆရာတော် ဦး ပါမောက္ခက ''ဦးဇင်းတို့မှာ ရည် ရွယ်ထားတဲ့ အချက်လေးချက် ရှိပါတယ်။ ဒီအချက်လေးချက် ကို ပါဝင်အောင်ရေးဆွဲပေးနိုင် မယ်ဆိုရင် ဘယ်လွှတ်တော်ကိုယ် စားလှယ်ပဲတင်တင် လက်ခံမှာ ပါ။ ဦးသိန်းညွန့်တို့ပါတီရဲ့ စေ တနာ မေတ္တာ၊ ဘာသာချစ်စိတ်၊ လူမျိုးချစ်စိတ်ကိုလက်ခံပါတယ်'' ဟု မိန့်ကြားသည်။

သံဃာတော်များရည်ရွယ် ထားသောအချက်လေးချက်မှာ (၁)လက်ထပ်ထိမ်းမြားခြင်းဥပ ဒေ၊ (၂)တစ်လင်တစ်မယားစနစ် ဖြစ်စေမည့်ဥပဒေ၊ (၃)သားဖွား နှုန်းကို ထိန်းချုပ်မည့်ဥပဒေ၊ (၄) ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတို့ဖြစ်ကြောင်းနှင့် ၁၉၅၄ ဥပဒေမှာ ပစ္စည်းဥစ္စာကိုသာ ကာ ကွယ်ပေးခြင်းဖြစ်ပြီး သံဃာတော် များ ရေးဆွဲသောဥပဒေမှာ ပစ္စည်း ကိုသာမက လူမျိုးပါ ကာကွယ်ပေး နိုင်မည့်ဥပဒေဖြစ်သောကြောင့် ၎င်းတို့နှစ်ခုပေါင်းစပ်လိုက်မည် ဆိုပါက အဆင်ပြေနိုင်ကြောင်း ဆက်လက်မိန့်သည်။
Yangon Media Group