လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့က သြစတေးလျမှ ရရှိခဲ့သော အနုပညာကြေး များအား ကော့မှူး မြို့နယ်သို့ သွားရောက်လှူဒါန်း

ပို့စ်တင်ချိန် - 5/26/2014 03:35:00 PM


တေးသံရှင် လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ရဲ့ ဖေဖော်ဝါရီလက တစ်လ ကြာသွားခဲ့ ကြတဲ့ သြစတြေးလျ ရန်ပုံငွေ ဖျော်ဖြေရေး ခရီးစဉ်မှ ရရှိခဲ့တဲ့ အလှူငွေ များထဲမှ အနုပညာရှင် များအား ချီးမြှင့်သော ဂုဏ်ပြု အနုပညာကြေးသိန်း ၁၈ဝ ကျော်ကို မေလ ၂၅ရက်နေ့ က ကော့မှူးမြို့နယ် မှာရှိတဲ့ နွမ်းပါးတဲ့ ကျောင်း ၇ကျောင်း ကို တေးသံ ရှင် လင်းလင်း ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ပါတယ်။

“ဒါက ကျွန်တော် တို့ရဲ့ အနုပညာကြေး နဲ့ ဆုကြေးငွေ ရရှိတဲ့ငွေ တွေကို လှူဒါန်းတာပါ။ အတိအကျ ဆိုရင် သိန်း ၁၈ဝ နဲ့ ၄သောင်းပါ။ တခြားရတဲ့ အလှူငွေတွေ က ကျန်းမာရေး နဲ့ ပညာရေး လိုအပ်တဲ့ နေရာတွေကို ခွဲလှူတယ်။ အခု ဒီ သိန်း ၁၈ဝကို ကော့မှူးမြို့နယ် ထဲက နွမ်းပါးတဲ့ ကျောင်းတွေ ၇ကျောင်း ကိုလှူဖြစ်မယ်”လို့ ကိုယ် တိုင် သွားရောက် လှူဒါန်းသူ လင်းလင်းကပြော ပါတယ်။

ရဲရဲ

Popular Myanmar