ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာရေတပ်ဗိုလ်ချုပ်ပြော


ဒုတိ ယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် ဂျပန်စစ်သင်္ဘော များလာရောက်ခြင်းသည် အိမ် နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ထိခိုက်စေမည်မဟုတ်ကြောင်း စစ် ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း က ပြောသည်။ အောက်တိုဘာ၁ရက် ည က သီလဝါဆိပ်ကမ်း  MITT တွင် ရောက်ရှိနေသော ဂျပန်စစ်သင်္ဘော ပေါ်၌ပြုလုပ်သည့် ညစာစားပွဲ တွင် သတင်းထောက်များ၏မေး မြန်းမှုအား ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

''ဒီလိုပဲ မိတ်ဆွေနိုင်ငံ တွေ က စစ်ရေယာဉ်တွေ မကြာခဏ မြန်မာနိုင်ငံဆီကို လာရောက်လည် ပတ်ကြပါတယ်။ အခုလို ဂျပန် စစ်သင်္ဘောတွေ ချစ်ကြည်ရေး ခရီးလာရောက်လို့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်တို့ ထိုင်း တို့နဲ့ ဆက်ဆံရေးကို ပူပန် စရာ မရှိပါဘူး။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေပါတယ်။ မကြာသေး မီကပဲ တရုတ်နိုင်ငံက သင်္ဘော လာခဲ့ပါသေးတယ်။ ဒီလိုပဲ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့လဲ လာခဲ့ပါသေးတယ်။ ဒီပလို မေစီရိုလ်းတစ်ခုအနေနဲ့ နိုင်ငံအား လုံးနဲ့ ချစ်ကြည်ရေးအတွက် ဒီ လိုပဲ အမြဲဆက်ဆံနေပါတယ်'' ဟု ဗိုလ်ချုပ်တင်အောင်စန်းက ပြောသည်။

''ဂျပန်စစ်သင်္ဘောတွေ လာ တဲ့အတွက် ကျွန်တော်တို့အရာ ရှိစစ်သည်တွေအတွက် အကျိုး ဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင် ဂျပန်နဲ့ ဆက်ဆံရေးဟာလဲ အခု ထက် ပိုမိုတိုးတက်လာမှာလဲဖြစ် ပါတယ်''ဟု ယင်းက ဆက်လက် ပြောသည်။ ''ကျွန်တော် တို့ ဒီနှစ် မေလ ကတည်းက ဂျပန်က ထွက်လာ ခဲ့တာပါ။ အမေရိကန်၊ အီးယူ၊ အာဖရိကတွေကို ရောက်ပြီးပါပြီ။ အခုတော့ မြန်မာပြည်ကိုရောက် လာတာပါ။ ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံကို ပထမဆုံးလာရောက် တဲ့ ဂျပန်စစ် သင်္ဘော ဖြစ် တဲ့ အတွက် လဲ သမိုင်းဝင်ခရီးစဉ်ဖြစ်လို့ ဂုဏ် ယူဝမ်းမြောက်မိပါတယ်။ ကျွန် တော်တို့ ချစ်ကြည်ရေးလာရောက် တာကိုလဲ မြန်မာလူမျိုးတွေသိ အောင်ပြောပေးပါ''ဟု ဂျပန်စစ် သင်္ဘောများကို ဦးဆောင်လာသူ ဗိုလ်ချုပ်  Kita Gawa  က ပြော သည်။

ဂျပန်နိုင်ငံMaritime Self Defence Force မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်းသည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အ ဖြစ် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း သို့ စက်တင်ဘာ၃ဝရက်ကရောက် ရှိလာခဲ့သည်။ ယင်းသင်္ဘောများ ပေါ်တွင် ရေတပ်အရာရှိနှင့်စစ် သည် ၇၂ဝကျော်လိုက်ပါလာပြီး အောက်တိုဘာ၎ရက်အထိ မြန်မာ နိုင်ငံတွင် ငါးရက်ကြာနေထိုင်မည် ဖြစ်ကြောင်း သိရသည်။

D - မင်း
yangonmedia

ရဲအယောင်ဆောင်ကာ ခြိမ်းခြောက်ငွေ လိမ်လည်ယူဆောင်မှု ဖြစ်ပွား


လက်တွန်းလှည်းဖြင့် ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ လူငယ်တစ်ဦးကို ရဲအယောင်ဆောင်ကာ ငွေလိမ်လည် ယူဆောင်မှုတစ်ခု ဒဂုံမြို့နယ် ရွှေတိဂုံ ဘုရားလမ်းပေါ် ပန်တျာလမ်းထောင့်တွင် စက်တင်ဘာလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

စမ်းချောင်းမြို့နယ် ဝေဠုဝန် တောင်ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ်ရှိ ပစ္စည်းဟောင်း ဝယ်ရောင်း လုပ်ကိုင်သူ ကိုမိုးထက်အောင်က “ရွှေတိဂုံ ဘုရားလမ်းအတိုင်း ၎င်း၏လက်တွန်း လှည်းကို တွန်းလာစဉ် ၎င်း၏နောက်မှ စက်ဘီးစီးလာသူ အသက် ၃၀ နှစ် အရွယ်ခန့်ရှိ နက်ပြာရောင် ဘောင်းဘီရှည်နှင့် တီရှပ်အင်္ကျီတွဲ၍ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး လိုက်လာကြောင်း၊ ထိုအမျိုးသားက ရဲဝန်ထမ်းယောင် ဆောင်၍ တွန်းလှည်းကို ရပ်တန့်ခိုင်းပြီး “မင်းတွန်းလှည်းမှာ လိုင်စင်ရှိလား။ မင်းကို လက်ထိတ်ခတ်လို့ ရတယ်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ပြီး ငွေလိမ်လည် ရယူခဲ့ခြင်း ဖြစ်ကြောင်း ကိုမိုးထက်အောင်၏ တိုင်ကြားချက်အရ သိရှိရသည်။

ယင်းရဲတပ်ဖွဲ့ဝင်ဟုဆိုသူက စက်ဘီးခြင်းအတွင်းရှိ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ရဲတံဆိပ်ပါ ယူနီဖောင်းအင်္ကျီကို ထုတ်ပြခဲ့ပြီးနောက် ၆၉၀၀၀ ကျပ်ပါသည့် ပိုက်ဆံအိတ်ကို ယူဆောင်ကာ ရဲစခန်းသို့ လိုက်လာခဲ့ရန် ပြောဆိုခဲ့ပြီး စက်ဘီးဖြင့် ရွှေတိဂုံ ဘုရားလမ်းအတိုင်း ထွက်ခွာခဲ့ကြောင်း၊ ငွေတောင်းခံရသူက ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူကို ဒဂုံမြို့နယ်ရဲစခန်းသို့ သွားရောက် စုံစမ်းရာ ရဲအစစ်အမှန် မဟုတ်သည်ကို သိရှိရပြီးနောက် ဒဂုံရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူမှာ ဆံပင်တို၍ မျက်နှာသွယ်လျကာ အရပ်အမောင်း ငါးပေခုနစ်လက်မခန့် ရှိကြောင်း၊ အသားအရောင်လတ်ကာ ခန္ဓာကိုယ်သည် အသင့်အတင့် ရှိကြောင်း အမှုဖွင့် တိုင်ကြားသူ ကိုမိုးထက်အောင်၏ တိုင်ကြားချက်များအရ သိရှိရသည်။

“လမ်းပေါ်မှာ မသင်္ကာစရာ လူတွေ့ရင် ရဲတစ်ယောက်အနေနဲ့ မေးမြန်းစစ်ဆေးပိုင်ခွင့် ရှိပေမယ့် ရဲအစစ်အမှန် ဆိုရင်တော့ တရားခံကို တစ်ပါတည်း စခန်းခေါ်လာရမှာ” ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

ပြည်သူလူထုအနေနှင့် ရဲတပ်ဖွဲ့ဝင် အစစ်အမှန် ခွဲခြားနိုင်ရန် အသေးစိတ် မသိရှိနိုင်ကြောင်း၊ ရဲယူနီဖောင်း ဝတ်ဆင်ထားရုံနှင့် မပြည့်စုံဘဲ သတ်မှတ်ဝတ်စုံနှင့်တကွ ဖိနပ်၊ ဦးထုပ်၊ ညာဘက်ရင်အုံတွင် နာမည်ရင်ထိုးနှင့် ဘယ်ဘက်ရင်အုံတွင် လုပ်သက် ဖော်ပြထားသည့် တံဆိပ်များ အပြည့်အစုံပါရန် လိုအပ်ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး သိန်းဝင်းက The Voice သို့ ပြောကြားသည်။

ရဲတပ်ဖွဲ့ ဝင်များတွင် တစ်ခါတစ်ရံ အရေးပေါ်ကြုံသည့်အခါ၌ သတ်မှတ်ထားသောပစ္စည်း အပြည့်အစုံ မပါရှိတတ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်အင်္ကျီတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ လက်မောင်းတံဆိပ်၏ အလယ်တွင် ကြယ်ပွင့် အမှတ်အသား ပါရှိကြောင်း ၎င်းကရှင်းပြသည်။

The Voice Weekly

အောင်မြင်သော Entrepreneur တို့ ပိုင်ဆိုင်သည့် အရာ ၄ ခု





အောင်ခမ်း (TSJ Team)

အောင်မြင်သော စွန့်ဦးတီထွင်သူ (Entrepreneur) တို့ ယေဘုယျအားဖြင့် ပိုင်ဆိုင်ကြတဲ့ အရည် အချင်း လေးခုကို BusinessNewsDaily က ဖော်ပြထားပါတယ်။ ယင်း ဖော်ပြချက် များ မြန်မာပြည်မှာ Small Business လုပ်ဖို့ ကြိုးစားနေသူများအတွက်လည်း သင့်လျော် အသုံးဝင်တာမို့ ဆီလျော်သလို ဘာသာပြန် ရေသား မျှဝေ လိုက်ရ ပါတယ်။


Professional Experience

ပရော်ဖက်ရှင်နယ် ကျကျ တတ်မြောက်တဲ့ အရည်အချင်း ရှိဖို့လိုပါတယ်။ မိတ်ဆွေထဲမှာ ရှိပါတယ်။ သူ လုပ်နေတာက အိုင်တီ ပရိုဂမ်မာ ၊ နောက်ပိုင်းကျတော့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ချင်လွန်းလို့ ပါ ဆိုပြီး နယ်စပ်ဘက်မှာ ကုန်သွင်းတဲ့ အလုပ် သွားလုပ်ပါတယ်။ သတင်းပြန်ကြားရတော့ အခုထိ ကြိုးစားရုန်းကန်နေရဆဲ ပါပဲ။ အကြောင်းကတော့ ပရော်ဖက်ရှင်ကျကျ တတ်မြောက်တဲ့ အလုပ်ပေါ်မှာပဲ အခြေခံလို့ Business တစ်ခုကို တည်ထောင်တာ မဟုတ်လို့ပါ။ သူကိုယ်တိုင် တတ်ထားတာက ပရိုဂရန်မာ ပညာရပ်မို့ အိုင်တီနဲ့ ဆက်စပ်တဲ့ အနီးစပ်ဆုံး အဖြစ်နိုင်ဆုံး လုပ်တစ်ခုကိုပဲ သူ Choice လုပ်လို့ စတင် သင့်တာပါ။ သို့တည်းမဟုတ် အဲ့ဒီ အိုင်တီ မလုပ်ချင်တောင် သူသွားချင်တဲ့ Platform တစ်ခုမှာ ပရော်ဖက်ရှင်နယ် သမား ဖြစ်အောင် အချိန်ပေးလုပ်ကို လုပ်ရအုံးမှာပါ။ ဒီတော့ Professional Experience ရှိထားကြရင် အောင်မြင် ပါတယ်။


A Business Plan

Business Plan ဆိုတာ စီးပွားရေး စလုပ်မှ ရေးရမယ်လို့ ဘယ်ဥပဒေ မှ ပြဌာန်း မထားပါဘူး။ တကယ်သာ အောင်မြင်ချင်တဲ့ သူတစ်ယောက်က အမြဲ တမ်း Plan အသစ်တွေ တစ်ခုပြီး တစ်ခု ရေးဆွဲပြီး ဦးနှောက် ကို သွေးပေးတယ်။ အိုင်ဒီယာ ထုတ်တယ်။ Plan ရှိထားတဲ့ ကုမ္မဏီက Plan မရှိတဲ့ ကုမ္မဏီထပ် အောင်မြင်မှုကို နှစ်ဆ တိတိ မြင်ရဖို ပိုနီးစပ်တယ်လို့ ဥပမာ ပေးထား ပါတယ်။


Positive Personality

Small Business စလုပ်တဲ့အခါ ငွေကြေးအရခက်ခဲမယ်။ စည်းမျဉ်းဥပဒေ အရ ခက်ခဲမယ်။ လူမှုရေးအရ ခက်ခဲမယ်။ လုပ်ငန်းသဘောရ ခက်ခဲမယ် အစရှိသဖြင့်ပေါ့။ အဲ့လိုမျိုး အခက်တွေကြုံတိုင်း လက်လျော့ဖို့ စိတ်ကူးမယ်။ အတားအဆီးတွေကြုံတိုင်း နောက်ဆုပ်ဖို့ချည် စဉ်းစားမြင်နေရင်တော့ မအောင်မြင်ပါဘူး။ Positive ကျတဲ့ အကောင်းမြင်နိုင်သော အတွေးအခေါ် အယူအဆ ရှိကြတာက အောင်မြင်သော Entrepreneur များရဲ့  အရည် အချင်း တစ်ခု ဖြစ်ပါတယ်။ ပြဿနာတိုင်းကို လှေကားထစ်လို့ သဘောထားပြီး နင်းတက်ဖို့ပဲ စိတ်ကူးကြပါတယ်။


A Mentor

Mentor လို့ခေါ်တဲ့ ကိုယ့်ကို ကြီးကြပ်ကွပ်ကဲမယ့် လူတစ်ယောက် လည်း အောင်မြင်တဲ့ Entrepreneur အများစုမှာ ရှိတတ်ကြပါတယ်။ Overall Process အတွက် Mentoring လုပ်တ မဟုတ်ပဲ တစ်စိတ်တစ်ပိုင်း ကိုပဲ ဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ Motivate လုပ်ပေးတာပဲ ဖြစ်ဖြစ်၊ guide line ပေးတာပဲ ဖြစ်ဖြစ် တစ်စုံ တစ်ယောက် ရှိနေတာကလဲ အးသာချက် ပါ။ ဆွေမျိုးရင်းချာ အုပ်ထိန်းသူ မဟုတ်တောင် ဆရာ ဖြစ်ဖြစ် ရှိနေ ရင် Entrepreneur တစ်ယောက်အတွက် အားသာချက် ဖြစ်သွားပါတယ်။

ဒါကြောင့် အနှစ်ချုပ်လိုက်ရင် အောင်မြင်တဲ့ Entrepreneur များမှာ Professional Experience, A Business Plan, Positive Personality, A Mentor အစရှိတဲ့ အရာ လေးခုကို ပိုင်ဆိုင်ထားကြောင်း ရေးသား ဖော်ပြ ထားပါတယ်။

.
Ref: businessnewsdaily
TechSpace Journal


အရေးပေါ်လူနာတင်ယာဉ်ခေါ်ဆိုမှု နံပါတ်ပြောင်း


ရန်ကုန်-အရေးပေါ်လူနာတင်ယာဉ် ဆက်သွယ်ခေါ်ယူနိုင်ရန်ဂဏန်းလေးလုံးပါ အရေးပေါ်ဖုန်းလိုင်းသို့ စတင်ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း အရေးပေါ်လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေးဖောင်ဒေးရှင်းမှ သတင်းရရှိသည်။

ပြည်တွင်းတွင် အသုံးပြုခဲ့သည့် နံပါတ်များသည် မှတ်သားရခက်ခဲပြီး လိုင်းကျပ်မှုများကြောင့် လူနာတင်ယာဉ်ခေါ်ဆိုမှုတွင် အ ခက်အခဲများရှိခဲ့သဖြင့် မြန်မာနိုင်ငံဆရာဝန်အသင်း၏ တောင်းဆို ချက်အရ ခေါ်ရလွယ်ကူသည့် နံပါတ်အဖြစ်ပြောင်းလဲသွားမည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေးသတင်းအချက်အလက် နည်းပညာဝန် ကြီးဌာန ဒုတိယ၀န်ကြီးက ပြော ကြားခဲ့ခြင်းဖြစ်သည်။

အရေးပေါ်လူနာတင်ယာဉ်အတွက် Hotline တယ်လီဖုန်း နံပါတ် “၁၈၃၀” သို့ ခေါ်ဆိုနိုင်ပြီး ယခင်က နံပတ်ကိုးလုံးပါတယ် လီဖုန်းနံပါတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ကမ္ဘောဇဘဏ်၏ လူနာတင်ယာဉ်နှင့် စက် ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား၌ပြောသည်။

“မှတ်ရလွယ်ကူတဲ့ နံပါတ်တော့မဟုတ်ပေမယ့် အရင်ထက် စာရင်ဒီနံပါတ်က တော်တော်အဆင်ပြေသွားတယ်။ အရင်က ဖုန်း နံပါတ်က မှတ်ရခက်တဲ့အတွက် လူလည်းသိပ်မသိခဲ့ဘူး”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌဒေါက်တာကျော်မြင့်နိုင်ကပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဦးဆောင်၍ ဧရာဝတီဖောင်ဒေးရှင်း၏ အလှူဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော အရေးပေါ် အသက်ကယ်နိုင်မည့် စက်ပစ္စည်းများ၊ ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများပါဝင်သည့် အရေးပေါ် လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းကို ပြီးခဲ့သည့်နှစ်ကစတင်တည်ထောင်ခဲ့သည်။

ဝန်ဆောင်မှုစတင်ခဲ့သည့် အချိန်အတွင်းယာဉ်မတော်တဆမှုဖြင့် လူနာ ၇၀ ကျော် အပါအ၀င်အရေးပေါ်ကျန်းမာရေးပြဿနာများဖြင့် လူနာ ၄၀၀ ကျော်ကို ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထိုဖောင်ဒေးရှင်းမှသိရသည်။

အရေးပေါ်အသက်ကယ်နိုင်မည့် စက်ပစ္စည်းကိရိယာများနှင့် ၀န်ထမ်းများပါရှိသည့် လူနာတင်ယာဉ်ငါးစီးဖြင့် ရန်ကုန်စည် ပင်သာယာ နယ်နိမိတ်များတွင် စတင်ဆောင်ရွက်နေပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

“အခုက တကယ်လိုအပ် ချက်နဲ့ ယှဉ်ရင် သိပ်မလုပ်နိုင်သေးပါဘူး။ နေရာက မြို့နယ်ဖြစ် နေတဲ့အခါဝေးတဲ့ မြို့နယ်တွေက လှမ်းခေါ်ရခက်တော့ သိပ်မတွင်ကျယ်သေးဘူး။ နောက်ပိုင်းတော့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် အနီးဆုံးရောက်နိုင်အောင် ထပ် တိုးချဲ့ဖို့ရှိတယ်”ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆီးဂိမ်းမတိုင်မီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အသက်ကယ်နိုင်သည့် လူနာ တင်ယာဉ် ၀န်ဆောင်မှုစတင်နိုင် ရန် စီစဉ်နေကြောင်း သိရသည်။
7Day News Journal

နိုင်ငံခြားသားခံယူခြင်းနှင့် မျိုးချစ်စိတ်ပြဿနာ


ယူချင်လွန်းလို့ ယူလိုက်တာမှ မဟုတ်ဘဲဗျာ။ အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ ဆိုတော့ ကျွန်တော်တော့ အခမ်းအနား မတက်ခဲ့ဘူး” လို့ ကျွန်တော့်လို နိုင်ငံသား ခံယူထားပြီး မနှစ်ကတည်းက နိုင်ငံသား ဖြစ်သွားတဲ့ သူငယ်ချင်းတစ်ဦးက ပြောပါတယ်။ ဒီအခမ်းအနားဟာ မဖြစ်မနေ တက်ရမယ့် ပွဲမဟုတ်တဲ့အတွက် အခမ်းအနား မတက်လည်း ကိုယ့်ရဲ့နိုင်ငံသား ခံယူထားမှုက ဘာမှထိခိုက်စရာ မရှိဘူးလို့ သူကရှင်းပြပါတယ်။

ကျွန်တော်ကတော့ ဒါတွေကို သိပ်မသိ။ နော်ဝေနိုင်သား ခံယူနိုင်ဖို့ နော်ဝေစာနဲ့ စကားကို သတ်မှတ်နာရီ ပြည့်အောင် သင်ထားတယ် ဆိုပေမယ့် ကောင်းကောင်း ဖတ်တတ်၊ ပြောတတ်တာ မဟုတ်သေးပါ။ “အခမ်းအနားတက်ရင် ကိုယ်ကပါ အလိုတူအလိုပါ တရားဝင် အသိအမှတ်ပြုသလို ဖြစ်သွားမလားဆိုပြီး စိတ်ထဲမှာ စွဲနေလို့ မတက်တာဗျို့” လို့ သူကဆိုပါတယ်။ တက်သင့်မသင့် ဇဝေဇဝါ ဖြစ်နေတဲ့ ကျွန်တော်ဟာ သူရဲ့အိုင်ဒီယာကို ကြားရပြီးတဲ့နောက် အဲဒီအခမ်းအနားဆီ မတက်ဖြစ်လိုက်တော့ပါဘူး။

တစ်ဆက်တည်းမှာပဲ ‘အခြေအနေအရ ရွေးစရာမရှိလို့ လက်ခံလိုက်ရတာ’ ဆိုတဲ့ စကားလုံးကို အသေအချာ ပြန်စဉ်းစားနေမိပါတယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်၊ အခုလို စက်တင်ဘာလအတွင်း စစ်တပ်အာဏာ သိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး တောခိုခဲ့ကြတဲ့ ကျွန်တော်တို့ ကျောင်းသားတွေမှာ နော်ဝေနိုင်ငံဆီ သွားပြီး နော်ဝေနိုင်ငံသား အဖြစ် ခံယူဖို့ အစီအစဉ် ဘယ်ရှိပါ့မလဲ။ မူလအစီအစဉ်က စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ဖို့ သက်သက်မျှသာ ဖြစ်ပါတယ်။

ဒါပေမဲ့ တော်လှန်ရေးတစ်ရပ် အောင်ဖို့ဆိုတာ အသက်စွန့်တိုက်နေရုံနဲ့ ဘယ်လုံလောက်ပါ့မလဲ။ တခြား အချက်အလက်တွေ အများကြီး လိုဦးမှာပေါ့။ ဒီလိုနဲ့ လူကြီးသူမတွေ ပြောနေကျ စကားအတိုင်း ‘ကာလရွေ့လျားလာတာ နဲ့အမျှ’ ကျွန်တော်တို့ တောခိုကျောင်းသား ABSDF အဖွဲ့ဝင် တွေဟာလည်း တိုက်ပွဲမှာ ကျသူကျ၊ ငှက်ဖျားနဲ့ ဆုံးသူဆုံး၊ အိမ်ပြန်သူပြန်၊ နိုင်ငံခြား ထွက်သူထွက်၊ ဆက်တိုက်သူတိုက် စသဖြင့် လမ်းအသွယ်သွယ်နဲ့ ခရီးဆက်ရင်း အခုတော့ ကျွန်တော်အပါအဝင် တောခိုကျောင်းသားဟောင်း တချို့ဟာ နိုင်ငံခြားသား ခံယူရတဲ့ အခြေအနေအထိ ဆိုက်လာခဲ့တယ် ဆိုပါတော့။

၂၀၀၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်း နော်ဝေနိုင်ငံဆီ ရောက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ ၃၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး အများစုဟာ တောခိုကျောင်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ စစ်ပြေး ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ နော်ဝေ ဥပဒေအရ သူ့နိုင်ငံဧရိယာ ထဲမှာ ခုနစ်နှစ်ကြာ ဆက်တိုက်နေထိုင်ပြီးသူတိုင်း နော်ဝေ ဘာသာစကားကို သတ်မှတ်ထားတဲ့ နာရီပြည့်အောင် သင်ထားပြီးသူတိုင်း နိုင်ငံသားအဖြစ် လျှောက်ခွင့်ရှိ တဲ့အတွက် ခုနစ်နှစ် ပြည့်ပြီး သူတိုင်းနီးပါး နိုင်ငံသားအဖြစ် လျှောက်ထားကြတာကို တွေ့ရပါတယ်။

ဒါက နော်ဝေက အခြေအနေပါ။ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန် အပါအဝင် တခြားဥရောပ နိုင်ငံတွေမှာလည်း ၁၉၈၈ နောက်ပိုင်း ထွက်လာသူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။ တစ်ခါ မြန်မာတွေ အများဆုံး ရောက်နေတဲ့ အမေရိက၊ ကနေဒါ၊ သြစတြေးလျနဲ့ နယူးဇီလန် တို့မှာဆိုရင် နိုင်ငံသားခံယူမှုက ဥရောပထက်တောင် ပိုလွယ်၊ ပိုမြန်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတွေ၊ တခြား နယ်စပ်စခန်း တွေကနေ ထွက်လာတဲ့ မြန်မာနိုင်ငံသားဦးရေ သုံးသောင်း ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် အသေအချာစာရင်း ပြုစုထားတာမျိုးတော့ မတွေ့ရသေးပါ။

ဒီလူတွေထဲက ဘယ်လောက်များများ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံသားအဖြစ် သို့မဟုတ် မြန်မာနိုင်ငံက လူတွေအပြောတိုင်း ဆိုရင် ‘နိုင်ငံခြားသား’ အဖြစ် ခံယူထားသလဲဆိုတာ မသိနိုင်ပါ။ ဒါပေမဲ့ အခုတစ်လော မြန်မာနိုင်ငံဆီ ပြန်လည်တဲ့လူတွေ များလာနေတဲ့အတွက်၊ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် နိုင်ငံခြားသား ခံယူပြီးမှ ဒီလိုပြန်လည်နိုင်တဲ့အတွက် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူ ထောင်ဂဏန်းနဲ့ ချီပြီး ရှိနေလောက်ပြီ ဆိုတာကိုတော့ ခန့်မှန်းနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ဧပြီလကုန်ပိုင်းမှာ နော်ဝေနိုင်ငံသား စာအုပ် ရတဲ့အတွက် မေလထဲမှာ မြန်မာနိုင်ငံဆီ သွားလည်ခွင့် Visa ရခဲ့ပြီး ဒါဟာ ၂၅ နှစ်တာအတွင်း ပထမဆုံးသော ပြည်တော်ပြန် ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ တခြားလူတွေထဲမှာလည်း ကျွန်တော့်လို မြန်မာနိုင်ငံ ပြန်ချင်လို့ နိုင်ငံခြားသား ခံယူလိုက်ရသူတွေ ရှိနိုင်သလို အခြားအကြောင်း အမျိုးမျိုးကြောင့် ခံယူလိုက်ရသူတွေ ရှိနိုင်ပါတယ်။

သေချာတာတော့ နိုင်ငံခြားသား ဖြစ်ချင်လွန်းလို့၊ သို့မဟုတ် မြန်မာနိုင်ငံသား မဖြစ်ချင်တော့လို့၊ မြန်မာနိုင်ငံကို မချစ်တော့လို့ နိုင်ငံခြားသားအဖြစ် ခံယူလိုက်သူကတော့ မရှိသလောက် နည်းမယ်လို့ ထင်ပါတယ်။ ဘာကြောင့် ဒီလိုရှည်လျားထွေပြား နိဒါန်းချီ နေရသလဲဆိုရင် အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားသားအဖြစ် ခံယူလိုက်ရသူတွေကို မျိုးချစ်စိတ်မရှိ သူတွေ၊ အမေကျော်ဒွေးဒေါ် လွမ်းသူတွေအဖြစ် ဝေဖန်သံတွေ ကြားလာနေရလို့ ဖြစ်ပါတယ်။

တချို့ဝေဖန်သူ တွေကတော့ နိုင်ငံခြားသားအဖြစ် မခံယူဘဲ PR (Permanent Resident- အမြဲတမ်း နေထိုင်ခွင့်) အဖြစ်ပဲ ယူထားပြီး မြန်မာနိုင်ငံ ပြန်လည်ရင်လည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော် မေးမြန်း သိရှိသလောက်ကတော့ PR သမားတွေ မြန်မာနိုင်ငံ ပြန်လည်မယ်ဆိုရင် နိုင်ငံသားအဖြစ် ခံယူထားသူလို ပုံမှန်လမ်းကြောင်းအတိုင်း Social Visa နဲ့ မသွားနိုင်သေးဘဲ သံရုံးအရာရှိတွေ၊ မြန်မာနိုင်ငံက အစိုးရအရာရှိတွေရဲ့ ခွင့်ပြုချက် စောင့်ရသေးတယ်လို့ ဆိုပါတယ်။ တစ်ခါ နိုင်ငံခြား ခရီးသွားလက်မှတ် (Travel Document) ကိုင်ပြီး မြန်မာနိုင်ငံဆီ အဝင်အထွက် လုပ်နေသူ တွေဟာလည်း အလားတူ သက်ဆိုင်ရာ သံရုံးနဲ့ အစိုးရ အရာရှိတွေဆီက ခွင့်ပြုချက်ရပြီးမှ သီးခြားစာရွက်မှာ အထူး Visa စာရွက်ကပ်ပြီး သွားနေကြရတာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ သံရုံးတွေ၊ အစိုးရအရာရှိတွေ၊ အာဏာပိုင်တွေနဲ့ ဘာမှစကားပြောစရာ မလိုဘဲ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ ခရီးသွားချင်တယ်ဆိုရင် နိုင်ငံသားလက်မှတ် ရှိသူတွေက အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဒါက အခုမြန်မာနိုင်ငံဆီ ပြန်လည်ခွင့်ရပြီဆိုတဲ့ အနေအထားရောက်မှ နိုင်ငံခြားသား ခံယူသူတွေရဲ့အခြေအနေကို ပြောတာပါ။

ဒီမတိုင်ခင်ကတည်းက နော်ဝေမှာ ခုနစ်နှစ် ပြည့်ပြီးသူတွေ၊ တခြားနိုင်ငံ အသီးသီးမှာ သတ်မှတ်အချိန်နဲ့ သတ်မှတ် ဘာသာစကားရပြီးလို့ နိုင်ငံခြားသား ခံယူလိုက်သူတွေလည်း အများကြီး ရှိမှာပါ။ ဆိုလိုတာက နိုင်ငံခြားသား ခံယူတာဟာ မြန်မာနိုင်ငံ ပြန်လည်ခွင့်ရဖို့ တစ်ခုတည်း အတွက်တော့ မဟုတ်ပါဘူး။

ဒါဖြင့် ဘာကြောင့် နိုင်ငံခြားသားအဖြစ် ခံယူကြတာလဲ။ တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်ပါတယ်။ ကဲ ... ဒါဆိုရင် နိုင်ငံခြားသား ခံယူပြီးသူတွေက မြန်မာနိုင်ငံဆီ ပြန်မလာ တော့ဘူးလား။ ဒါကလည်း တစ်ဦးချင်းစီမှာ တစ်ခုချင်း အကြောင်းပြချက်တွေ ရှိနေနိုင်တာပါပဲ။ ဒီလူတွေ မြန်မာနိုင်ငံဆီ ပြန်လာရင် PR (Permanent Resident - အမြဲတမ်း နေထိုင်ခွင့်) အဖြစ်နဲ့ နေကြမှာလား။ မြန်မာနိုင်ငံသား အဖြစ် ပြန်လျှောက်ရမှာလား။ နိုင်ငံရေး၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိမလဲ။ ဒါကတော့ တစ်ဦးချင်းနဲ့ မဆိုင်တော့ဘဲ သူတို့ကို ပြန်လက်ခံမယ့် အစိုးရတွေ၊ ပါလီမန်တွေနဲ့ ဆိုင်သွားပါပြီ။ ဒီအတွက် PR စနစ်နဲ့ ပြည်တော်ပြန်တွေကို ငါးနှစ်တာ နေထိုင်ခွင့်ပေးမယ့် ဥပဒေတစ်ရပ် ပါလီမန်မှာ အတည်ပြုဖို့ ပြင်နေတယ်လို့ ကြားရပါတယ်။

ဒီလိုပြန်လာတဲ့ လူဦးရေက ဘယ်လောက်အထိ ရှိမှာမို့လို့လဲ။ သူတို့အတွက် ဒီလောက်အထိ စဉ်းစားပေးစရာ လိုလို့လားဆိုပြီး မေးခွန်းထုတ် သူလည်းရှိရင် ရှိနိုင်ပါတယ်။ တစ်ခါ ဒီလူတွေက ပြန်လာမယ်ဆိုလည်း အပြီးပြန်လာတာ မဟုတ်ဘူး။ နိုင်ငံရေးအရ ထွက်သွားတယ်ပြောပြီး နိုင်ငံရေး အခြေအနေကောင်းတော့ ဘာကြောင့် အပြီးပြန်မလာရဲ သေးတာလဲ ဆိုပြီးလည်း မေးနိုင်ပါတယ်။ ပြီးတော့ ဒီလူတွေက နိုင်ငံခြားမှာ အနေကြာသွားလို့ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲတဲ့ ပြည်သူတွေနဲ့အတူ မနေနိုင်တော့ ဘူးလား။ ဒီလူတွေက မျိုးချစ်စိတ် မရှိတော့လို့ မြန်မာနိုင်ငံဆီ ပြန်မလာတော့ တာလားပေါ့။

‘ဘဝဟာ တစ်ခါတစ်ခါ စိတ်နာဖို့ ကောင်းပါတယ်’ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပါရဲ့။ မျိုးချစ်စိတ် ရှိလွန်းလို့ တစ်မျိုးသားလုံး စစ်အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုပြီး အသက်စွန့် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ အခုတော့ မျိုးချစ်စိတ် မရှိလို့ နိုင်ငံခြားသား ခံယူသူတွေအဖြစ် စွပ်စွဲခံ နေရပါရော့လား။ ၂၅ နှစ်ဆိုတဲ့ ကာလဟာ လူတွေရဲ့စဉ်းစားပုံနဲ့ တွေးခေါ်ပုံတွေကိုပါ ပြောင်းလဲသွားစေနိုင်သလား။

အတိတ်မှာ အမှားတွေ ကျူးလွန်ခဲ့သူတွေက ယူနီဖောင်း လဲလိုက်ရုံနဲ့ အာဏာကို ဆက်ကိုင်ထားနိုင်တဲ့အခါ အဲဒီလူတွေကိုပဲ အောင်ပွဲရသူတွေအဖြစ်၊ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက် ကြတော့မှာလား။ အဲဒီလို အမှားကျူးလွန် ခဲ့သူတွေကို ဖြုတ်ချဖို့ ကြိုးစားခဲ့သူတွေ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဘဝတစ်ခုလုံး ပေးဆပ်ခဲ့ရ သူတွေကိုတော့ အောင်ပွဲရအောင် မဆောင်ရွက်နိုင်သူတွေ၊ မျိုးချစ်စိတ် မရှိလို့ ပြည်ပထွက်သွားသူတွေ အဖြစ် စွပ်စွဲကြတော့မလား။

အနှစ်ပြန်ချုပ်ရရင်တော့ နိုင်ငံခြားသား ခံယူမှုဆိုတာ အခြေအနေအရ၊ သက်ဆိုင်ရာ လူတစ်ဦးချင်းရဲ့ လိုအပ်ချက်အရ ဖြစ်သွားရတဲ့ အနေထားလို့ ဆိုချင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေဟာ အသွင်ကူးပြောင်းရေး ကာလကို သွားနေပြီလို့ ဆိုပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ နိုင်ငံရေး အာမခံချက် ဘာမှမရှိသေးပါ။ ပြန်လာသူတွေကို မဖမ်းပါဘူးလို့ အာမခံချက် ပေးထားတဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှမတွေ့ရသေးပါ။ ငြိမ်းချမ်းရေး လုပ်နေတဲ့ ဝန်ကြီးနဲ့ပိုင်မှ၊ သမ္မတရုံးဝန်ကြီးနဲ့ သိမှ၊ လွှတ်တော်အမတ်နဲ့ ဆွေမျိုးတော်မှ၊ သံအမတ်နဲ့ခင်မှ အဆင်ပြေတယ်ဆိုတဲ့ အဆင့်ကကို မကျော်နိုင်သေးပါ။

ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံဆီ အပြီးပြန်လာရဲသူ ဘယ်ရှိပါ့ဦးမလဲ။ နိုင်ငံခြားသား ခံယူထားမှုကိုလည်း ဘယ်စွန့်လွှတ်ရဲဦးမလဲ။ လွှတ်တော်က ပြဋ္ဌာန်းပေးမယ်လို့ ပြောနေတဲ့ PR ဥပဒေ၊ အမြဲတမ်း နေထိုင်ခွင့် ဥပဒေ ထွက်လာပြီး ငါးနှစ်တာ နေထိုင်ခွင့်ရမယ် ဆိုရင်တော့ ပြည်ပရောက်နေသူ အတော်များများ ပြန်လာကြမယ်လို့ ထင်ပါတယ်။

အခုလောလောဆယ် အချိန်မှာတော့ အတွင်း-အပြင်၊ နိုင်ငံသား-နိုင်ငံခြားသား စသဖြင့် အချင်းချင်း အငြင်းပွားမှုကို အဆုံးသတ်ပြီး နိုင်ငံ ပြန်လည် တည်ဆောက်ရေးမှာ အားလုံးပါဝင် လက်တွဲ ဆောင်ရွက်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအာဏာယူမယ့် လူတွေ အတွက် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဖြစ်ဆိုတဲ့ ဘောင်တွေနဲ့ စည်းခြားထားတာကို သဘာဝကျတယ်လို့ ဆိုနိုင်ပေမယ့် နိုင်ငံရေးအာဏာအတွက် မဟုတ်ဘဲ တိုင်းပြည် တည်ဆောက်ရေး အတွက် ဆောင်ရွက်ဖို့ ပြန်လာသူတွေ ကိုတော့ ဒီလိုစည်းဘောင် မခြားထားသင့်ဘူးလို့ ထင်မိပါတယ်။

တစ်ချိန်တည်းမှာပဲ နယ်စည်းခြားပြီး ဘာလူမျိုး၊ ဘာနိုင်ငံသားဆိုတဲ့ ခွဲခြား သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်တဲ့ခေတ်၊ လူသားအားလုံးကို ကမ္ဘာသူ ကမ္ဘာသားအဖြစ် အားလုံးတန်းတူ ခံယူနိုင်တဲ့ ခေတ်မျိုး အမြန်ရောက်လာစေဖို့လည်း မျှော်လင့်နေမိပါတယ်။

thevoicemyanmar

လမ်းဘေးရောက် ခွေးလေခွေးလွင့်များ နှင့် စွန့်ပစ်ခွေးများကို ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည့် ပုဂ္ဂလိက ခွေးစောင့်ရှောက်ရေး ဂေဟာတခု ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။



ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့၊ ရွှေပျောက်ကျေးရွာတွင် ယာယီခြံဖြင့် စောင့်ရှောက်ထားသည့် ခွေးကောင်ရေ ၁၀၀ ဝန်းကျင် အပါအဝင် နောက်ထပ် ရောက်ရှိလာနိုင်သည့် လမ်းဘေးလေလွင့်ခွေးများကိုပါ ဆက်လက် စောင့်ရှောက် သွားနိုင်ရေးအတွက် ခွေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ခွေးချစ်သူတတ်သူ တဦးဖြစ်သည့် မမြတ်သက်မွန်က ပြောသည်။

မမြတ်သက်မွန်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက မန္တလေးတိုင်း၊ ပလိပ်မြို့မှ ဦးထွန်းလင်းဆိုသူ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ခွေးအကောင် ၆၀ ကို ပြန်လည် ဝယ်ယူကာ ရန်ကုန်သို့ သယ်ယူခဲ့ပြီးနောက် တခြား လမ်းဘေး ခွေးလေခွေးလွင့်များ အပါအဝင် မည်သည့်ခွေးကိုမဆို စောင့်ရှောက်ပေးရန် ကြိုးစားနေသည့် ခွေးချစ်တတ်သူ တဦးဖြစ်သည်။

“ယာယီခြံကလည်း အမြဲ အဆင်မပြေနိုင်တော့ ခွေးစောင့်ရှောက်ရေး စခန်းတခုဖွင့်ပြီး တနိုင်ငံလုံးမှာရှိတဲ့ ခွေးတွေအတွက် တနေရာတည်းနဲ့ အဆင်ပြေသွားအောင် လုပ်လိုက်တာ၊ စခန်းဖွင့်ပြီးရင်တော့ တနိုင်ငံလုံးက လာပို့သမျှ ခွေးတွေကို ခြံနဲ့ ဆန့်သလောက် အထိ အကုန်လက်ခံမှာ” ဟု မမြတ်သက်မွန်က ရှင်းပြသည်။

ယာယီ စောင့်ရှောက်ပေးထားရသည့် ခြံမှလည်း ပြောင်းရွှေ့ပေးရန် တောင်းဆိုလာသဖြင့် ရန်ကုန်မြို့နှင့် တဝိုက် လူနေရပ်ကွက်များနှင့် ဝေးပြီး ရေ၊ မီး အဆင်ပြေနိုင်သော နေရာကို ရှာနေပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီကိုလည်း ခွေးစောင့်ရှောက်ရေး ဂေဟာ ဖွင့်လှစ်ရာတွင် ခွင့်ပြုပေးနိုင်ရန် အဆင့်ဆင့် ညှိနှိုင်းသွားမည်ဟု သိရသည်။

“ကျမတို့ စောင့်ရှောက်ပေးနေတဲ့ ခွေးတွေက လမ်းဘေးခွေး မြန်မာခွေးတွေချည်းပဲ။ တချို့ဆို လက်တို၊ ခြေတို လေးတွေပါတယ်။ အရမ်းသနားဖို့ ကောင်းတယ်။ အခုက မိုးတွင်းဆိုတော့ ရောဂါလေးတွေဖြစ်ပြီး သေကုန်ကြတာတွေလည်း ရှိတယ်။ ခွေးပေါက်လေးတွေလည်း လာပစ်ကြတယ်” ဟု မမြတ်သက်မွန်က ပြောသည်။

ယင်းခွေးအကောင်ရေ ၁၀၀ ဝန်းကျင်ကို နေ့စဉ် ဆန် ၄ ပြည်နှင့် အသားစများ ရောနှော ချက်ပျြတ်ကာ ကျွေးမွေးပြီး ခွေးများကို ကြည့်ရှု စောင့်ရှောက်ပေးမည့် မိသားစုတစုလည်း ငှားရမ်းထားကြောင်း၊ ကျန်းမာရေး အတွက်လည်း ဆရာဝန်တဦးက အခမဲ့ ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးသည်ကြောင်း၊ အချို့ ခွေးချစ်သူများကလည်း ခွေးခြံသို့လာပြီး ခွေးများအတွက် ဆန်အပါအဝင် ထန်းလျက်ခဲ၊ ပေါင်မုန့်စသည့် စားစရာများ လှူဒါန်းပေးကြကြောင်း သိရသည်။

ထို့အပြင် ယာယီခွေး စောင့်ရှောက်ရေးခြံသို့ အနီးတဝိုက်မှ ဒေသခံများက လမ်းဘေး ခွေးလေခွေးလွင့်များကို လာပို့ပေးခြင်း၊ အချို့ ခွေးပိုင်ရှင်များကလည်း ခွေးပျောက်သွားပါက လာရောက်ရှာဖွေခြင်း အပြင် ခွေးမွေးလိုသူများလည်း လာပြီး စုံစမ်းကြသည်ဟု သိရှိရသည်။

irrawaddy

မြို့တော်ခန်းမ ရှေ့မိကျောင်းကန်အရေးဆန္ဒပြသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာဖွင့်လှစ်


ယမန်နေ့အောက်တိုဘာ၂ရက်က မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ခဲ့သော
မိကျောင်းကန်အရေးဆန္ဒပြသူများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးရဲတို့က
ယနေ့ မနက်တွင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုကို ဖွင့်လှစ်ပေးလိုက်ရပြီဟုသိရသည်၊၊
ဆန္ဒပြမှုတွင်ပါဝင်ခဲ့သောအသက် ၆၄အရွယ်ရှိသူ ဦးစိုးဝင်းမှာ ယနေ့မနက်ကရုတ်တရက်လေဖြတ်မှုရောဂါ ခံစားလိုက်ရသည့်အတွက် ကျန်ဆန္ဒပြသူများအတွက်ဖွင့်လှစ်ပေးလိုက်ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူတို့ကဆိုသည်၊၊မြို့တော်ခန်းမအတွင်းတွင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာအားဖွင့်လှစ်ကာကျောက်တံတားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ကုသမှုပြုပေးနေသည့်အပြင် သပိတ်စခန်းအနီးတွင်ပါ ကြက်ခြေနီအဖွဲ့များက အနီးကပ်စောင့်ရှောက်ပေးနေကြသည်ဟု ၄င်းတို့ကပြောသည်၊၊
မနက်ပိုင်းက ဆေးစစ်မှုလာရောက်ခံယူသူများရှိခဲ့ရာ ထိုထဲမှ အမျိုးသမီး ၄ဦးမှာသွေးချိုရောဂါအခံရှိပြီး
သွေးပေါင်တိုးနေသဖြင့် အချိန်မရွေး လေဖြတ်နိုင်သည်ဟု ဆရာဝန်က အသိပေးထားကြောင်းလည်း
ဆေးမှတ်တမ်းများအရသိရသည်။ဆန္ဒပြသူများ၏ နေရာက သမံတလင်းဖြစ်နေသည့်အပြင်ရာသီဥတု မှာ
လည်း နေပူလိုက်၊မိုးရွာလိုက် ဖြစ်နေရာဆေးစစ်မှုလာရောက်ခံယူသူများကိုနွေးထွေးစွာနေရန်ဆရာဝန်က ညွန်ကြားထားသည်။
ယခုအချိန်အထိရဲတပ်ဖွဲ့မှ မိကျောင်းကန်အရေးဆန္ဒပြသူများကို အရေးယူမှုမပြုသေးပေ။၀၅၁
Popular Myanmar News Journal

သံတွဲပဋိပက္ခဂယက်ကြောင့်မလေးရှားရောက် မြန်မာများစိုးရိမ်ပူပန်


-----------------
ရန်ကုန်- ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားသောပဋိပက္ခဂယက် ကြောင့် အကြမ်းဖက်မှုများပြန်လည်ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြကြောင်းသတင်းရရှိသည်။

“ဇွန်လက ဆာလာရမ်းမှာ ဖြစ်သလိုမျိုးပြန်လုပ်မယ်လို့ သတင်းတွေထွက်နေတယ်။ မက်ဆေ့ခ်ျတွေလည်းပို့လာတာရှိ တယ်”ဟု မလေးရှားနိုင်ငံတွင် အလုပ်သမားအရေးကူညီနေသောအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အကြမ်းဖက်မှုအစီအစဉ်ကို လာမည့်ရက်အတွင်းစတင်အကောင်အထည်ဖော်ရန်စီစဉ်ထားသည့်သတင်းများလည်းရရှိထားသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သတင်းကြားသိထားသူများမှာ သတိဖြင့်သွားလာနေကြပြီး အချို့မှာလည်း အောက်လမ်း မှပြန်လာနေကြကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခများဆက်တိုက်ဖြစ်ပွားပြီး မေလ ကုန်ပိုင်းတွင်ဖြစ်ပွားသော လားရှိုးမြို့ဖြစ်စဉ်ပြီးနောက် ဇွန်လဆန်းမှစ၍ မလေးရှားနိုင်ငံ၌နေထိုင်လုပ်ကိုင်နေသော မြန်မာလုပ်သားများအသတ်ခံခဲ့ရသည်။

ဇွန်လဆန်းပိုင်းက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အသတ်ခံရခြင်းသည် မြန်မာ နိုင်ငံတွင်ဖြစ်ပွားခဲ့သောပဋိပက္ခ များနှင့်ဆက်စပ်မှုရှိသည်ဟု ပြောဆိုသူများရှိခဲ့ကြောင်း မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရစဉ်က သွားရောက်ကူ ညီခဲ့သောဧရာဝတီဖောင်ဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရသူများအား အကြမ်းဖက်သူများက ဗုဒ္ဓဘာသာဝင်လားဟုမေးမြန်းပြီးနောက် ရိုက်ပုတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း အကြမ်းဖက်ခံခဲ့ရပြီး အသက်မသေခဲ့သူအချို့ကပြောသည်။ အဆိုပါအကြမ်းဖက်ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီးအချို့ဒဏ်ရာရခဲ့သည်။

အကြမ်းဖက်သူအများစုမှာ မြန်မာစကားပြောတတ်သူများဖြစ်ကြောင်းလည်း အကြမ်းဖက်ခံရသူများကဆိုသည်။

နိုင်ငံတော်သမ္မတဦးသိန်း စိန်ရခိုင်ပြည်နယ်သွားရောက်သည့် အောက်တိုဘာ ၁ ရက်မှစ၍ ရခိုင်ပြည်နယ်သံတွဲမြို့နှင့် အနီးတ၀ိုက်တွင် ဗုဒ္ဓဘာသာဝင် များနှင့် အစ္စလာမ်ဘာသာဝင်များ ကြားဖြစ်ပွားသော ပဋိပက္ခများ ကြောင့် ဓာတ်ဆီဆိုင်၊ ဗလီတစ် လုံးနှင့် နေအိမ် ၃၀ ခန့် မီးရှို့ခံရပြီး အနည်းဆုံးလူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
7Day News Journal

"ပြဿနာအစ ဘယ်သူက" သံတွဲဖြစ်စဉ်အမှန်


သံတွဲမြို့တွင်၂၉-၉-၂၀၁၃နေ့နံနက်(၁၀)နာရီအချိန်ခန့်တွင်ဘင်္ဂါလီကုလား
အဒူရာစွတ်ခေါ်ကျော်ဇံလှ(ယခုကမန်ဟုပြောဆို-မြန်မာစကားမပီ)မှ၎င်းရဲ့အိမ်ရှေ့
တွင်ရပ်ထားသောရခိုင်လူမျိုးဗုဒ္ဓဘာသာကိုနိုင်ဦးအား-မင်းဘာဖြစ်လို့ရပ်တာလဲ ငါ့အိမ်ရှေ့
လီးတောင်မရပ်နဲ့ဟုဆဲဆိုပါသည်။

ထိုအခါကိုနိုင်ဦးမှအစ်ကိုကျွန်တော့်ကိုမဆဲနဲ့ကောင်းကောင်းမွန်မွန်ပြောဟု ပြောသောအခါဘင်္ဂါလီကုလားမှဆဲတော့ဘာဖြစ်လဲ-မင်းလိုကောင်မျိုးကို
သတ်ပစ်မယ်-ဆိုင်ကယ်မှာထောင်ထားသောသာသနာ့အလံကိုလည်း-
အဲဒီအလံကိုလည်းလီးနဲ့ထိုးပစ်မယ်ဟုသာသနာကိုစော်ကားသော
စကားများအားအော်ကြီးဟစ်ကျယ်ဆဲဆိုခြိမ်းခြောက်ပြောဆိုခဲ့ပါသည်၊

ကိုနိုင်ဦးလည်းဒေါသထွက်သွားပြီးအကျယ်အကျယ်ဖြစ်မည်စိုး၍တရား
ဥပဒေအကြောင်းအရသံတွဲမြို့နယ်ရဲစခန်းတွင်သွားရောက်ကာအမှုဖွင့်ခဲ့
ပါသည်၊

ထိုသို့အမှုဖွင့်နေစဉ်အတွင်းသံတွဲမြို့ဒေသခံများမှသိရှိသွားပြီးရဲစခန်းရှေ့တွင်
ဘင်္ဂါလီကျော်ဇံလှခေါ်အဒူရာစွတ်အားတရားဥပဒေကြောင်းအရဖမ်း/မဖမ်းကိုဒေသခံရခိုင်လူမျိုးများမှစောင့်ကြည့်နေကြပါသည်၊

တစ်ဖြည်းဖြည်းနှင့်လူအုပ်ကြီးမှာလည်းများပြားလာပြီးအဒူ
ရာစွတ်အားမဖမ်းသေးသဖြင့်ဒေါသပေါက်ကွဲလုရှိနေချိန်တွင်သိမ်ကုန်းဆရာ
တော်ရောက်ရှိလာပြီးအခြေအနေမေးမြန်းရာစခန်းမှူးနှင့်မြို့နယ်ရဲမှူးတို့မှ
ညနေ(၄)နာရီအချိန်ခန့်တွင်ဖမ်းဆီးထားပြီးဖြစ်ကြောင်းပြောဆိုသဖြင့်ဆရာ
တော်မှဝင်ကြည့်ရာအမှန်တစ်ကယ်ဖမ်းထားသဖြင့်ဆရာတော်မှလူအုပ်ကြီး
အားကျော်ဇံလှခေါ်အဒူရာစွတ်အားအမှန်တစ်ကယ်ဖမ်းထားပြီဖြစ်ကြောင်း
ပြန်မလွှတ်တော့ပါဘူးဟုမိန့်ကြားသဖြင့်ဗုဒ္ဓဘာသာဝင်များပီပီဆရာတော်စကားအား
နားထောင်ကာပြန်သွားကြပါသည်၊

၎င်းအချိန်တွင်အဒူရာစွတ်ရဲ့အိမ်ရှေ့မှာ သုံးဘီးဆိုင်ကယ်မောင်းနှင်သည့်လူ(၅၀)လောက်စုဝေးပြီးပြဿနာဖြစ်ပွားလုဆဲဆဲတွင် သိမ်ကုန်းဆရာတော်ရောက်ရှိလာပြီးထိန်းသိမ်းသဖြင့်လူစုကွဲသွားကာ သံတွဲမြို့လည်းအေးချမ်းသွားခဲ့ပါသည်၊

သို့သော်
၃၀-၉-၂၀၁၃နေ့တွင်အဒူရာစွတ်မှာငွေကြေးချမ်းသာသူတစ်ဦးဖြစ်တာ
ကြောင့်မြို့ထဲတွင်လှည့်ပြီးပတ်ပြနေခဲ့ပါသည်၊ထိုအခါရခိုင်လူမျိုးများမှစုံစမ်း
ကြည့်သောအခါမနေ့ကည(၈)နာရီလောက်ကတည်းကအာမခံဖြင့်ပြန်လွှတ်
ပေးလိုက်ပြီဟုသိသောအခါဆရာတော်များနှင့်ဒေသခံများမှပေါက်ကွဲမှုအ
ထွတ်အထိပ်သို့ရောက်ရှိသွားပြီးရဲစခန်းသို့သိမ်ကုန်းဆရာတော်၊သုခ၀တီ
ဆရာတော်၊ပုလဲဆရာတော်၊

အံတော်အလယ်ကျောင်းဆရာတော်တို့နှင့်အတူသံတွဲမြို့နယ် အမျိုးဘာသာသာသနာထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့်သံတွဲဒေသခံရခိုင်
လူမျိုးများရောက်ရှိလာပြီးအဒူရာစွတ်အားဖွင့်ထားသည့်အမူတွင်ပုဒ်မ ၂၉၄-၅၀၆ နှစ်ခုတည်းသာဖွင့်ထားပြီးသာသနာညစ်နွမ်းအောင်ဆဲဆိုစော်ကားထား
သောအမှု ပုဒ်မ ၂၉၅ မှာပျောက်နေသဖြင့်ဆရာတော်များမှဒီအမှုပေါ်လွင်
၇ဲ့သားနဲ့ဘာလို့မဖမ်းတာလဲဟုမေးမြန်းရာစခန်းမှူးမှရဲအရေးမပိုင်သဖြင့်
တင်္နလာနေ့မှတရားရုံးတွင်ဦးတိုက်လျှောက်၇မည်ဟုပြောဆိုသဖြင့်ပြဿနာ


ဖြစ်တော့မည် ဒီလိုလုပ်လို့မဖြစ်တော့ဘူးဆိုပြီးပြောဆိုနေချိန်တွင်ခရိုင်အုပ်
ချုပ်ေ၇းမှူးဦးထွန်းဝေနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးလွင်တို့ရောက်ရှိ
လာချိန်တွင်ဆရာတော်များမှလူမျိုးရေးပဋိပက္ခဖြစ်သွားနိုင်သဖြင့်ပုဒ်မ ၁၄၄
ထုတ်ထားသည့်အချိနိတွင်ဒေသန္တ၇အမိန့်ဖြင့်(သို့)လိုအပ်ပါကအထက်သို့
တင်ပြပြီးထိန်းသိမ်း၇န်ပြောကြားသော်လည်းဘဲခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်း
ဝေမှငြင်းဆန်သဖြင့်ညနေဘက်တွင်လူအုပ်မှာထိန်းသိမ်းမရတော့ဘဲပေါက်
ကွဲကာမီးရှို့အိမ်ဖျက်မှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်၊

ဒါပေမဲ့ယခုဖြစ်စဉ်သည်အဒူရာစွတ်ဖြစ်စဉ်ပေါ်အခြေမခံဘဲယခင်လများကဖြစ်စဉ်
များဖြစ်သောဗုဒ္ဓဘုရားဦးခေါင်းတော်အားဘင်္ဂါလီ ကုလားမှခြေထောက်ဖြင့်နင်းမှု၊ဗုဒ္ဓဘာ
သာဘုန်းတော်ကြီးအားမှုန်ရွှေရည်ဆိုသူကုလားမှကိုယ်ထိလက်ရောက်စော် ကားမှု၊တောင်ကုတ်သူရခိုင်အမျိုးသမီးအားဘင်္ဂါလီကုလားများမှမဒိန်းကျင့်
စော်ကားမှု၊ရွှေလှေ၊သဗြုချိုင်ကျေးရွာတွင်ဘင်္ဂါလီကုလားများမှရခိုင်အမျိုးသားအား လည်လှီးသတ်ဖြတ်မှု၊စသည့်ကိစ္စအမှုများပေါ်တွင်အခြေခံ၍ယခုလိုပေါက်ကွဲခဲ့ခြင်းဖြစ်သည်၊

ယခုလည်းမွတ်ဆလင်များမှသံတွဲတွင်ဂျီဟဒ်ဆင်နွှဲမည်ဟုကြေငြာပြီး ယခုအခါရွှေလှေကျေးရွာလင်းသီရွာတွင်
ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနှင်လူ(၃)ယောက်ဖြတ်သန်းသွားစဉ်ကုလားများမှဒါးနှင့် လိုက်ခုတ်သဖြင့်အရေးပေါ်ဆေးရုံသို့ေ၇ာက်ရှိပြီးအသက်အန္တရာယ်စိုးရိမ်၇ပါသည်၊ယခုအခါခရစ်ယာန်ဘာသာဝင်များမှလည်းအကြီးအ်ကျယ်ပေါက်ကွဲကာပြဿနာတက်နိုင်
သည့်အနေအထားတွင်ရှိပါကြောင်းနှင့်ယခု
ဖြစ်စဉ်များသည်မည်သူတစ်ဦးတစ်ယောက်၊

မည်သည့်အဖွဲ့အစည်းကမှကြိုးကိုင်ဆောင်ရွက်တာမဟုတ်ဘဲဘင်္ဂါလီကုလားများရဲ့လုပ်ရပ်များကိုမခံနိုင်တော့၍ဒေသခံများမှပေါက်ကွဲ၍ ယခုလိုဖြစ်ရခြင်းဖြစ်ကြောင်းဖြစ်စဉ်အမှန်ကို
ရေးသားတင်ပြလိုက်ရပါသည်။

ThanTwe NewsGroup
Shwemyanmar media group

ကွေးကောက်မျက်နှာပြင်ဖြင့် LG Z





ကွေးကောက်နိုင်သော ပျော့ပြောင်းမျက်နှာပြင်နဲ့ စမတ်ဖုန်း ထုတ်မှာက Samsung တို့ပဲ မဟုတ်ပါဘူး။ တောင်ကိုရီးယား တစ်နိုင်ငံတည်းက ထွက်တဲ့ LG ကလည်း ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကို တောင်ကိုရီးယား နည်းပညာ ဝဘ်ဆိုဒ်တစ်ခု က ပြသသွားခြင်း ဖြစ်ပါတယ်။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး Entertainment Utility တစ်ခု ဖြစ်လာမယ်လို့ ဆိုထား ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ၊ ဂိမ်းဆော့တဲ့ အခါ ယင်းကွေးကောက် နိုင်မှုက အသုံးဝင်လာမှာမို့ပါ။ အတွင်းက Specification ကတော့ LG တိ့ နောက်ဆုံး မိတ်ဆက်ထားတဲ့ LG G2 နဲ့ အတူတူပဲလို့ ဆိုပါတယ်။ quad-core Qualcomm Snapdragon 800 processor ကို အသုံးပြုထားပြီး အခြားသော Graphic , Memory တို့ကလည်း အတူတူပဲ လို့ ဆိုပါတယ်။

Android OS ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ LG Z လို့အမည်ပေး ထားတဲ့ ယင်းဖုန်းကို CES အမှီ LG တို့ မိတ်ဆက် ပြသနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (TSJ Team)
TechSpace Journal


မြန်မာအပေါ် OIC အထင်အမြင် လွဲမှားမှု ဖြေရှင်းပြီးဟုဆို



မွတ်ဆလင် လူနည်းစုကို အကြမ်းဖက်ခံနေရသည်ဟု ပြောဆိုလေ့ရှိသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားနေမှုများကို ဖြေရှင်းခဲ့ကြောင်း လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂက ဖိတ်ခေါ်မှုဖြင့် Group of Friends of the Secretary-General’s on Myanmar အစည်းအဝေး တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိစဉ် စက်တင်ဘာလ ၂၆ ရက်နေ့က OIC (Organisation of Islamic Cooperation)၊ ကုလသမဂ္ဂ၊ အမေရိကန် အစိုးရတို့နှင့် တွေ့ဆုံရာ ယင်းသို့ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ်နှင့် နယူးယောက်မြို့ရှိ OIC သံအမတ်တို့နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဘင်္ဂါလီများ ယာယီအဆောက်အအုံများ ဆောက်လုပ်ထားမှု၊ ဘင်္ဂါလီ ကျောင်းသား ၇၀၀၀ ကျော်နှင့် ရခိုင်ကျောင်းသား ၇၀၀ ကို ပြန်လည် စာသင် ကြားခွင့်ရအောင် လုပ်ဆောင်ထားမှု၊ ကျောင်းများ ဆောက်လုပ်ထားသည့် အခြေအနေ အပါအဝင် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို အထောက်အထားများနှင့် ရှင်းပြခဲ့ကြောင်း ဦးခင်ရီက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယား၏ စက်တင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်သို့ လိုက်ပါသွားစဉ် စစ်တွေမြို့ရှိ ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် သဲချောင်းကျေးရွာတွင် ရခိုင်ဈေးသည်များ ဈေးရောင်းနေသည်ကို တွေ့ခဲ့ရပြီး အောက်ခြေအဆင့် တွင် ကူးလူးဆက်ဆံလာသည့် တိုးတက်မှုမျိုးကိုလည်း ရှင်းပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှု အသွင်နားလည်ထားတဲ့ အခြေအနေကနေ လူသားချင်း စာနာတဲ့ဘက်ကိုပဲ ဦးတည် သွားရမယ့် အခြေအနေလို့ သူတို့နားလည်သွားတယ်” ဟု OIC ၏ တုံ့ပြန်မှု အခြေအနေများကို မူတည်ကာ ဦးခင်ရီက ရှင်းပြသည်။

အဖျက်အမှောင့်သမား၊ လှုံ့ဆော်သူများကြောင့် OIC သည် မြန်မာနိုင်ငံအပေါ် ဘာသာရေးနှင့် မွတ်ဆလင် လူနည်းစုများကို ခွဲခြားမှုများ ရှိနေသည်ဟု အထင်အမြင် လွဲမှားနေခဲ့ကြောင်း ၎င်းက ဆိုသည်။

အစ္စလာမ်နိုင်ငံ ၅၇ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် OIC အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဆိုပါ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ဆက်ဆံရေးအဖွဲ့ မြန်မာနိုင်ငံရှိ မွတ်ဆလင်

The Voice Weekly

မြုံနေသည့် အမျိုးသမီးများ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာ တွေ့ရှိ


မြုံနေသော အမျိုးသမီး ၏ သား အိမ်အတွင်း၌ မျိုးဥ ပြန်လည် ဖြစ်ထွန်းစေသည့် နည်းပညာသစ် တစ်ခုအား ရှာဖွေ တွေ့ရှိခဲ့ပြီး ၄င်း နည်းပညာ သုံး၍ ဂျပန် အမျိုးသမီး အား ကလေး မီးဖွား စေခဲ့ကြောင်း နိုင်ငံတကာ သိပ္ပံပညာရှင် များက စက်တင်ဘာ ၃ဝ ရက် တွင် ပြော ကြားခဲ့သည်။
စတန်းဖို့ဒ် တက္ကသိုလ်ရှိ သားဖွား နှင့် မီးယပ်ရောဂါ ဌာနမှ ပါမောက္ခ အာရွန်ဆန် သည် မြုံနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ် အတွင်း၌ မျိုးဥဖြစ် ထွန်းစေသည့် နည်းသစ် တစ်ခု အား ရှာ ဖွေတွေ့ရှိခဲ့သည်။
အဆိုပါ နည်းပညာသစ် မှာ ကနဦး အဆင့်၌သာ ရှိသေးသော်လည်း မျိုးဥ မထုတ် လွှတ်နိုင်တော့သည့် သားအိမ် ရှိသော အမျိုးသမီးငယ် များ အတွက် မျှော်လင့်ချက် တစ်ခု ပင် ဖြစ်သည်။
၎င်း အမျိုးသမီး များသည် ငယ်ငယ် ရွယ်ရွယ်နှင့် သွေးဆုံးကြပြီး ကိုယ်ဝန် ဆောင်လိုပါက မျိုးဥ လှူဒါန်းခြင်း တစ်ခု သာ ရွေးချယ်စရာ ဖြစ်သည်။ ယင်းကဲ့သို့ ဖြစ်ခြင်းမှာ သားအိမ် အလုပ် မလုပ်ခြင်း ဖြစ်ပြီး အသက် ၄ဝ မတိုင်ခင် အရွယ် ၌ပင် သားအိမ် အလုပ်လုပ်ခြင်း မရှိပေ။
အဆိုပါ သုတေသန ပြုလုပ်မှုအား ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ ဖြစ်ပွားနေသူ အမျိုးသမီး ၂၇ ဦးပါဝင် ခဲ့ပြီး ပျမ်းမျှ အသက် ၃၇ နှစ် အရွယ်များ ဖြစ်ကြသည်။ ၄င်းတို့ထဲ၌ ၁၃ ဦး၏ သားအိမ် ကြွင်းကျန်နေသော မွေးညင်း ပေါက်လေးများ ရှိသေးပြီး ၄င်းမွေညင်း ထဲ၌ မကြီးထွားသေးသော မျိုးဥ တစ် ခုရှိသည်။
အဆိုပါ နည်းပညာ သစ်အား နောက် ထပ်တစ်ဆင့် စစ်ဆေးရာ၌ မြုံခြင်းနှင့် ဆိုင်သော ရောဂါ ဝေဒနာများအား တိုက်ဖျက်နိုင်မှု ရှိ မရှိကို မျှော်လင့်လျက် ရှိကြောင်း သုတေသန ပညာရှင်များ က ပြောကြားသည်။
သိင်္ဂီဝင်း
popularmyanmar

LG ဈေးသက်သာ Note ဖုန်း Pro Lite Dual




ရုရှားဈေးကွက်ကို စတင်ရောက်ရှိမယ့် တောင်ကိုရီးယား LG ထုတ် ဈေးသက်သာ စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။

ဖန်သားမျက်နှာပြင်အရွယ် ၅.၅ လက်မရှိပြီး IPS display ကို အသုံပြထား ပါတယ်။ HD ထပ် resolution အနည်းငယ် ကျတဲ့ အရည်အသွေးပါ။ Processor က 1GHz dual-core ဖြစ်ပြီး RAM က 1GB ရှိပါတယ်။ internal Storage က 8 GB ရှိပြီး ဘက်ထရီက 3140 mAh ရှိပါတယ်။ Samsung Galaxy Note ဖုန်းတွေကလိုပဲ Pen လေး ပါလာတာမို့ Samsung Note တွေ ကို ယှဉ်ပြိုင်မယ့် ဖုန်း ဖြစ်တယ်လို့ ဆိုခြင်း ဖြစ် ပါတယ်။ အမှန်တော့ မပြိုင်နိုင်ပါဘူး။ ပြိုင်ဖို့အတွက်လည်း မဟုတ်ပဲ ဈေးသက်သာပြီး အရွယ်ကြီး တဲ့ အရည်အသွေး အသင့်တင့် စမတ်ဖုန်း တစ်လုံး အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဈေးနှုန်းက ရုရှားငွေ 12,990 ruble ပါ။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၄၀၀ ရှိပြီး မြန်မာပြည်မှာဆိုရင် ၄ သိန်းအောက် ပေါက်ဈေးရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ source အချို့ ရဲ့ ဖော်ပြချက်အရ ရုရှားမှာပဲ ဖြန့် ချိမယ် လို့လည်း ဆိုပါတယ်။ အဲဒါလည်း သေချာမသိရသေးပါဘူး။ LG Pro Lite Dual ကို LG တို့ မကြာမီ တရားဝင် မိတ်ဆက် ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketilnt
Aung Kham (TSJ Team)
TechSpace Journal

သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၆/၂၀၁၃)
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်

သံတွဲမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ပြည်သူချင်း အငြင်းပွားမှုဖြစ်စဉ်ကို အကြောင်းပြု၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ဖြစ်စဉ်များအတွင်း နှစ်ဘက်လုံးမှ ထိခိုက်ဒဏ်ရာရ သေဆုံးမှုအချို့ ရှိသကဲ့သို့ အိုးအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ကို တွေ့ရှိရပါသည်။ အဆိုပါ ထိခိုက်နစ်နာ ဆုံးရှုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ အနေဖြင့် ထိခိုက်နစ်နာခဲ့သည့် ပြည်သူများနှင့်အတူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။

၂။ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းသည် ရခိုင်ပြည်နယ်အတွက်သာမက နိုင်ငံအတွက်ပါ ထိခိုက်ဆုံးရှုံးရခြင်း ဖြစ်ပါသည်။

၃။ နိုင်ငံတော် အစိုးရအနေဖြင့် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ရေး အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း ပဋိပက္ခများထပ်မံ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြအပ် ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F10%2F03%2Fid-4581]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Hmuu Zaw
Myanmar Daily News

အိန္ဒိယနိုင်ငံတွင် ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောမည်




အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ စက်တင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့သော အသက် ၉၀ အရွယ်ရှိ ကမ္ဘာကျော် ၀ိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာ၏ အရိုးပြာကို မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်ပြီး ဧရာဝတီမြစ်အတွင်း မျှောရန် စီစဉ်ထားကြောင်း သိရသည်။

''ဆရာကြီးရဲ့ ဈာပနကို အောက်တိုဘာ ၁ ရက် အိန္ဒိယနိုင်ငံ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သံဃာငါးရာကျော်နဲ့ လူပရိသတ် တစ်သိန်းကျော် လိုက်ပါပို့ဆောင်ပြီး နိုင်ငံတော် ဈာပနအနေနဲ့ ပြုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ ဆရာကြီးရဲ့ အရိုးပြာကို မွန်ဘိုင်းမြို့က ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး (Global Vipas-sana Pagoda) မှာ ထားရှိပါတယ်။ အောက်တိုဘာ ၇ ရက်မှာ ဆရာကြီးရဲ့ အရိုးပြာကို မြန်မာနိုင်ငံကို ပြန်သယ်လာမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်မြို့၊ ဓမ္မဇောတိရိပ်သာမှ တရားပြဆရာ ဦးစန်းဝင်းက The Daily Eleven သို့ ပြောကြားသည်။

ထိုသို့ သယ်ယူလာခဲ့ပြီးနောက် သီတဂူဆရာတော် ဦးဉာဏိဿရ၏ သြ၀ါဒအရ မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေး နေရာသုံးနေရာခွဲ၍ အရိုးပြာကို ဧရာဝတီမြစ်အတွင်းသို့ တစ်ပြိုင်နက်တည်း မျှောချရန် စီစဉ်ထားကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် 'ဓမ္မနိုင်ငံမှာ ၁၃၅ နှစ်ကြာ' အမည်ဖြင့် ဟောပြောပွဲ တစ်ခုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် နှင့် ၂၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ပြု လုပ် ကျင်းပခဲ့သည်။ ထိုဟောပြောပွဲတွင် ၁၉၅၀ ပြည့်နှစ်အချိန်က ဆရာကြီးရေးသားခဲ့သည့် 'ဧရာဝတီ' ကဗျာကိုလည်း ဖတ်ကြားခဲ့ပါသည်။

ဦးဂိုအင်ကာ၏ အဘိုးဖြစ်သူ သီရိဘာဆာရာလာ လာဂိုအင်ဂါသည် အိန္ဒိယနိုင်ငံ၊ ဗီကာရ်နေပြည်နယ်၊ ကျူရုမြို့မှ မြန်မာနိုင်ငံသို့ ၁၈၇၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့သည့် ဦးဂိုအင်ဂါသည် ဆရာကြီး ဦးဘခင်ထံတွင် ၀ိပဿနာ တရားတော်များကို ၁၄ နှစ်ကြာ သင်ယူလေ့ကျင့်ပြီးနောက် အိန္ဒိယနိုင်ငံသို့ ပြန်လည်နေထိုင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ၀ိပဿနာ တရားတော်များ ပို့ချခဲ့သည်။

၁၉၇၆ ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ မဟာရက်ရှထရာပြည်နယ် နာရှစ်ခရိုင်၊ အီဂတ်ပူရီမြို့တွင် ကမ္မဋ္ဌာန်းရိပ်သာတစ်ခုကို စတင်ထူထောင်ခဲ့ပြီး ကမ္ဘာအနှံ့တွင် ၀ိပဿနာ ရိပ်သာပေါင်း ၁၇၂ ခုအထိ ဖွင့်လှစ်ထားခဲ့သည်။ ဆရာကြီးသည် ၀ိပဿနာ နည်းပြဆရာပေါင်း ၈၀၀ ခန့်ကို မွေးထုတ်ပေးခဲ့ပြီး ၎င်းဦးဆောင်သည့် ၀ိပဿနာ တရားစခန်းများသို့ ၀င်ရောက်အားထုတ်သူ အရေအတွက် နှစ်စဉ် တစ်သိန်းခန့်ရှိကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာသည် အိန္ဒိယ နိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက် ရွှေတိဂုံစေတီတော် ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော်မြတ် (Global Vipassana Pagoda) တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ထားပြီး ထီးတော်တင်ခဲ့သည်။

အောက်တိုဘာ ၁ ရက်က ဆရာကြီး ကွယ်လွန်ခြင်းကို ရည်စူးပြီး ရန်ကုန်မြို့ရှိ ဓမ္မဇောတိရိပ်သာ၌ သံဃာတော်များကို ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင် တက်ရောက်ခဲ့ပါသည်။ ထို့နောက် ယောဂီများက တစ်နာရီကြာ မေတ္တာပို့ အမျှဝေခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားရှိ ဓမ္မဂီရိ ရိပ်သာအသီးသီးတွင်လည်း စုပေါင်းတရားထိုင်ပြီး မေတ္တာပို့ အမျှဝေခြင်းများကို တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဦးဂိုအင်ကာ၏ ဈာပနကို နိုင်ငံတော် ဈာပနအနေဖြင့် အောက်တိုဘာ ၁ ရက်က အိန္ဒိယနိုင်ငံ၌ ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- Vipassana Facebook)
Eleven Media Group

ရန်ကုန်တွင် အင်တာနက် ယာယီပြတ်တောက်မည်


ရန်ကုန်ရှိ ISP Network နှင့် ချိတ်ဆက်ထားသော POP(Post Office Protocol) များကို လိုင်းအသစ် တပ်ဆင် ချိတ်ဆက် မည် ဖြစ်၍ လိုင်းသစ်ချိတ်ဆက်မှုကြောင့် အင်တာနက် ယာယီပြတ်တောက်မည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၅ ရက်နေ့ ဟံသာဝတီ POP တွင် မွန်းလွဲ ၂ နာရီမှ ၂နာရီ ၁၅ မိနစ် အထိ လည်း ကောင်း၊ အောက်တိုဘာ ၈ ရက်နေ့ မိုဘိုင်း POPတွင် မွန်းလွဲ ၂ နာရီ မှ မွန်းလွဲ ၂နာရီ ၁၅ မိနစ် အထိ လည်းကောင်း၊ မရမ်းကုန်း POP တွင် ၂နာရီ ၁၅ မိနစ်မှ ၂ နာရီ ၃၀ မိနစ် အထိလည်းကောင်း၊ မောင်ထော်လေး POP တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ် မှ ၂ နာရီ ၄၅ မိနစ် အထိ လည်း ကောင်း၊ အောက်တိုဘာ ၉ ရက်နေ့ MICT POP တွင် မွန်းလွဲ ၂ နာရီ မှ ၂ နာရီ ၁၅ မိနစ် အထိ လည်းကောင်း အင်တာနက် ခေတ္တပြတ်တောက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယနေ့ အသိပေး ထုတ်ပြန်သည်။

ဧရာဝတီ

တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို အောက်တိုဘာ ၁ ရက်မှစ၍ ထောင်ဒဏ်ချသည်အထိ အရေးယူမှုစတင်




ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ဖက်ယာဉ်ကြောသို့ ကျော်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များ အပါအ၀င် စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကို စီမံချက်ဒဏ်ငွေဖြင့် အရေးယူနေမှုအား ပယ်ဖျက်ကာ အောက်တိုဘာ ၁ ရက်မှ စတင်၍ တည်ဆဲဥပဒေဖြင့် ယာဉ်ထိန်းတရားရုံးမှ ထောင်ဒဏ်ပြစ်ဒဏ်အထိ ချမှတ်ကာ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ဌာနချုပ်၊ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

စည်းကမ်းချိုးဖောက်ပြီး မောင်းနှင်နေသည့် မော်တော်ယာဉ်အစီးရေ ၁၅၀၀၀ ကျော်အား လစဉ်ဖမ်းဆီးပြီး ဒဏ်ငွေရိုက် အရေးယူသော်လည်း လိုက်နာမှုများ မရှိသဖြင့် ယခုကဲ့သို့ ထိရောက်စွာ အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။

''ဒီလိုစည်းကမ်းဖောက်တဲ့ ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ အားလုံးပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ လူတိုင်းကတော့ ကိုယ်သွားလိုတဲ့ နေရာကို အမြန်ဆုံး ရောက်ချင်ကြတာပဲ။ ဒါပေမဲ့ စည်းကမ်းရှိဖို့ အရေးကြီးပါတယ်။ အခုယာဉ်တွေအများစုက မီးပွိုင့်မိနေတဲ့အခါကျရင် ကားတန်းအရှည်ကြီးကို စနစ်တကျမမောင်းဘဲနဲ့ တစ်ဖက်ယာဉ်ကြောကနေ ကျော်တက်ပြီးတော့ အရှေ့ရောက်မှ ကားခေါင်းကို ထိုးထည့်ပြီး နေရာယူ မောင်းနှင်နေတာ တွေ့ရတယ်။ ဒါကတော့ ယာဉ်မောင်းတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ပြုပြင်ဖို့ လိုသလို စိတ်ရှည်သည်းခံကြဖို့လည်း လိုအပ်ပါတယ်''ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး က'' ဒီလို စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်တွေကို စည်ပင် အက် ၂၆ ဥပဒေနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သုံးခုမှာ စီမံချက် ဒဏ်ငွေရိုက်ပြီးတော့ အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ ယာဉ်မောင်းတွေက လိုက်နာမှုတွေမရှိတဲ့အတွက် အခုယာဉ်ထိန်း တရားရုံးက အောက်တိုဘာ ၁ ရက်ကစပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ပြီး အရေးယူသွားပါမယ်'' ဟု ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လစဉ် စည်းကမ်း ဖောက်ဖျက်မှုကြောင့် အရေးယူခဲ့ရသည့် ယာဉ်အများစုမှာ ဖြူနီကျားတွင် ယာဉ်ရပ်ခြင်း၊ မှတ်တိုင်ကျော်ရပ်ခြင်း၊ အပြိုင်အဆိုင် မောင်းနှင်ခြင်း၊ မီးပွိုင့်အနီဖြတ်ခြင်း၊ မှတ်တိုင်မဟုတ်ဘဲ ခရီးသည်အတင်အချလုပ်ခြင်း၊ တံခါးဖွင့်မောင်းနှင်ခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
Eleven Media Group

Dell ကထုတ်တဲ့ Windows 8.1 Venue tablets!




သိပ်မကြားသေခင်က Microsoft ကသူရဲ့ မျိုးဆက်သစ် Tablet Surface 2
ကိုမိတ်ဆက်ပြသခဲ့လို့အပြီး Dell ကသူရဲ့  Generation သစ်ဖြစ်တဲ့
Dell Venue 8 Pro နဲ့ Dell Venue 11 Pro ကို ယခုလိုထပ်မံပြီး ပွဲထုတ် မိတ်ဆက်သွားခဲ့ပါတယ်။

ဒါကြောင့် ယခုထွက်ရှိလာတဲ့ Dell Venue ကို Microsoft ကအဓိကယှဉ်ပြိုင်
ရတော့မှာပါ။ သို့ပေမယ့် ပါဝင်တဲ့ Features တွေကိုတော့ Microsoft ရဲ့ 
Surface တုန်းကလို သတင်းမှာတော့ Cnet ကအတိအကျဖော်ပြသွား
ခြင်းတော့မရှိပါဘူး။

သိရှိရသလောက် အချက်အလက်တွေအရ Venue 8 Pro ကို မျက်နှာပြင် ၈ လက်မနဲ့ Venue 11 Pro ကို ၁၀.၁ လက်မ full HD IPS display နဲ့ပွဲထုတ် သွားပါတယ်။ အမျိုးအစားနှစ်ခုလုံးအတွက် Windows 8.1 အသုံးပြုမယ့် tablet အမျိုးအစားဖြစ်တဲ့ အတွက် Laptop အဖြစ်ပါ အသုံးပြုလို့ရနိုင်မယ့် Hybrid အမျိုးအစားပါ။

အထူအပါး ၈.၉ မီလီမီတာ သာရှိမှာဖြစ်ပြီး fourth Generation Intel Core i3 နဲ့ i5 processors အသုံးပြုထားပါတယ်။ Mobile internat စနစ်ပါဝင်
ပြီး RAM 8 GB နှင့် Memory 256GB အထိသိုလှောင်အသုံးပြုနိုင်ပါတယ်။

သိရှိရသလောက် စွမ်းဆောင်ရည်တွေအရ အမျိုးအစားနှစ်ခုလုံး
အတွက် Surface 2 နဲ့ Surface 2 Pro tablet လောက်မမှီနိုင်ဘူးလို့ဆိုပေ
မယ့် ထွက်ရှိပြီးခဲ့သမျှ tablet တွေထက်များစွာ သာလွန်နေတာက ရွေးချယ်
ဖို့သင့်တော်တဲ့ အနေအထားပါ။

ပြီးတော့ Dell Venue 11 Pro ကိုဗြိတိန်ပေါင် £349 နဲ့ရောင်းချပေးမယ်လို့
ကြေငြာထားတဲ့ အတွက် Microsoft ထက်ဈေးကများစွာသက်သာ နေတာ
က လူအများစု ရွေးချယ်ဝယ်ယူလာနိုင်တယ်လို့ခန့်မှန်းမိပါတယ်။ လာမယ့်
နိုဝင်ဘာလ-၇ ရက် စတင်ဖြန့်ချိပေးပါလိမ့်မယ်။

Microsoft ကကြေငြာလိုက်တဲ့ Surface 2 နဲ့ Surface 2 Pro tablet
ကိုပြန်လည်ကြည့်ရှုလိုပါက ယခင်ပိုစ့်ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ခွန်နေ(AMMG)

TechSpace Journal
Ref:Cnet

မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား

အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁ ရက် ညဥ့်နက်ပိုင်းက အဆိုပါဂိုဒေါင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော PSS လုံခြုံရေးကုမ္ပဏီမှ အသက် (၆၀)နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်သော ဦးတင်လှိုင်၊ ဦးဟန်သောင်းနှင့် ဦးတင်လှိုင်၏ဇနီးဖြစ်သော အသက်(၃၀)နှစ်ဝန်းကျင် ဒေါ်ကြည်ကြည်ဟန်တို့ကို အုတ်ခဲဖြင့် ထုရိုက်ခြင်း၊ ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ခြင်းတို့ကို ပြုလုပ်ခံခဲ့ရပြီး ဦးခေါင်း၊ နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ပါးစပ်နှင့်နှာခေါင်းတွင် သွေးထွက်ဒဏ်ရာ၊ မျက်ခုံးပြတ်ရှဒဏ်ရာ၊ မျက်လုံးဖူးရောင် ဒဏ်ရာများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဂိုဒေါင်နံဘေးရှိ ကုမ္ပဏီရုံးခန်း အပေါ်ထပ်၊ ငွေခန်းတွင်ရှိသော မီးခံသေတ္တာကိုလည်း ဖောက်ထွင်းရန် ကြိုးစားခဲ့ကြောင်း ရဲမှတ်တမ်းများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့၏ ပြောကြားချက်များအရ သိရသည်။

''ရုံးဝန်ထမ်းတွေက ညနေ ၅ နာရီ ခွဲလောက်ဆို ပြန်ကြတယ်လေ။ မနက်ဆို ၉ နာရီ ရုံးတက်ရတယ်။ ဒီနေ့မနက်ကတော့ ခရီးသွားစရာရှိတဲ့ ၀န်ထမ်းတွေက မနက် ၇ နာရီလောက် ရောက်လာတယ်။ ရောက်ရောက်ချင်း ခြံတံခါးက ပွင့်နေတာ တွေ့ရတယ်။ ပြီးတော့ ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးတင်လှိုင်ကို ရုံးခန်းရှေ့ ကားကြားထဲမှာ မှောက်ခုံကြီးတွေ့ရတယ်။ သူ့မိန်းမ မကြည်ကြည်ဟန်ကိုလည်း မနီးမဝေးမှာ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူကြီးတွေကို အသိပေး အကြောင်းကြားအပြီး ဂိုဒေါင်ရှေ့မှာ ခြင်ထောင်နဲ့ အိပ်နေတဲ့ ဦးဟန်သောင်းကို ပါးစပ်မှာ အ၀တ်တွေ ပိတ်လျက်သားနဲ့ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကိုထပ်တွေ့တယ်။ နောက်ပြီး ရုံးခန်းအပေါ်ထပ် ငွေခန်းထဲက မီးခံသေတ္တာကို နံပါတ်တွေလှည့်ပြီး ဖွင့်ဖို့ကြိုးစားထားတာလည်း တွေ့ရတယ်။ ဒါပေမဲ့ လောလောဆယ် စစ်ဆေးချက်တွေအရတော့ ငွေကြေး၊ ပစ္စည်းဆုံးရှုံးမှု မတွေ့ရဘူး။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဖြစ်စဉ်ဖြစ်တဲ့ အချိန်ကို ည ၁ နာရီလောက်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်က လုံခြုံရေးတွေ အပြောအရတော့ ည ၁၁ နာရီကျော်လောက်မှာ လူအော်သံတွေ၊ ခွေးဟောင်သံတွေ ကြားရတယ်လို့ ပြောတယ်။ ဒါလောက်ပဲ ပြောလို့ရမယ်။ ဂိုဒေါင် အနီးတစ်ဝိုက်ကလည်း လူနေအိမ်ခြေနည်းတာရယ်၊ လုံခြုံရေးကင်မရာ တပ်မထားရသေးတာရယ်ကြောင့် ကျွန်တော်တို့လည်း ဒီလောက်ပဲသိတယ်''ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျာ ဦးသက်နိုင်ထွန်းက အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က The Daily Eleven သို့ ပြောကြားသည်။

အဆိုပါသုံးလောင်းပြိုင်လူသတ်မှုနှင့် ဖောက်ထွင်းမှုကို အမှတ် ၁၁ ရဲစခန်းမှ ဒုရဲအုပ် ဆန်းညွန့်လှိုင်က တရားလိုအဖြစ်(ပ) ၄၉၈/၂၀၁၃/ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။''ဒီအမှုကို ချမ်းမြသာစည် မြို့နယ်အပိုင် နယ်မြေခံရဲစခန်းအပြင် စီအိုင်ဒီကလည်း လာရောက် စစ်ဆေးသွားပါပြီ။ ပူးပေါင်းကိုင်တွယ်ပြီး ကျူးလွန်သူတွေကို ဖမ်းမိအောင် ကြိုးစားသွားမှာပါ။ လူသုံးဦးကို ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးအောင် သတ်တာဟာ အဖွဲ့လိုက် လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆရပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက မှုခင်းဖြစ်စဉ်အပေါ် သုံးသပ်ပြောကြားခဲ့သည်။
Credit : Eleven

သံတွဲ ပဋိပက္ခ သေဆုံးသူ ၅ ဦး အထိရှိ




ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ကျေးရွာတချို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အိမ်ခြေ ၆၀ ၀န်းကျင် မီးလောင်ကျွမ်းခဲ့ပြီး သေ ဆုံးသူ စုစုပေါင်း ၅ ဦး အထိရှိပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများသည် ယမန်နေ့က ဖြစ်ပွားခဲ့သော ပဋိပက္ခများအကြား ပါဝင်သူများဖြစ်ကြောင်း သံတွဲမြို့နယ် ရဲတပ် ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောသည်။ သေဆုံးသူ ၅ ဦးတွင် အမျိုးသမီးတဦး ပါဝင်ကြောင်း သိရသည်။

“အမျိုးသမီး အလောင်း နဲ့ အမျိုးသား ၄ ဦးကို သံတွဲဆေးရုံ ပို့ထားပါတယ်၊ ဒီနေ့တော့ အခြေအနေတွေက တည်ငြိမ်နေပါပြီ”ဟု ရဲစခန်း တာဝန်ရှိသူ က ပြောသည်။

ပဋိပက္ခအတွင်း ဒဏ်ရာရရှိသူ ၄ ဦးရှိပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း၊ ဒဏ်ရာရရှိသူများကို သံတွဲ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သံတွဲဆေးရုံ ၀န်ထမ်း တဦးကို ကိုးကား၍ နိရဉ္စရာ သတင်းတွင်လည်း ဖော်ပြထားသည်။

သေဆုံးသူများသည် တောင်ပေါ် သပြုချိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်း သေဆုံးသူများဟု သိရသည်။

ထို့အတူ ကျီးကန်းရဲ ကျေးရွာမှ အမျိုးသား တဦးလည်း သေဆုံးသွားကြောင်း ရဲ တာဝန်ရှိသူက ပြောသည်။

“သူကတော့ ဆူပူအကြမ်းဖက်မှုမှာ ပါဝင်ပြီး သေတာ မဟုတ်ပါဘူး၊ နှလုံးရောဂါ အခံနဲ့ သေတာပါ”ဟု ရဲ စခန်း တာဝန်ရှိသူက ဆို သည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများကြောင့် ရွှေလှေ၊ ပေါက်တော၊ သပြုချိုင် စသည့် ကျေးရွာများ၌ မီးရှို့မှု ဖြစ်ပွားသည့်အတွက် အိမ်ခြေ ၅၉ အိမ် မီးလောင် ကျွမ်းခဲ့ကြောင်း၊ ယနေ့တွင် အခြေအနေများ တည်ငြိမ်နေပြီ ဖြစ် ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ၀န်ကြီးများလည်း သံတွဲသို့ သွားရောက် ကြီးကြပ်နေကြောင်း ရခိုင်ပြည် နယ်အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင် က ပြောသည်။

သံတွဲမြို့၌ ယမန်နေ့က စတင်၍ ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်) ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထုတ်ပြန် ထားသည်။ ယခုအခါ မြို့ပေါ် တ၀ိုက်တွင် သံတွဲအခြေစိုက် တပ်ရင်းများနှင့် နယ်မြေ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တာဝန်ယူ ဆောင်ရွက်ထားကြောင်း ဒေသခံများက ပြောပြသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများက ရေးသားဖော်ပြထားရာတွင် စက်တင်ဘာလ ၂၈ ရက်နေ့ညနေက စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီး၊ ဒွါရာဝတီ မြို့သစ် ဈေးရှိ ဓာတ်ဆီဆိုင် တဆိုင် မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း၊ ကျောက်ကြီး၊ မန်ကျည်းချောင်ရွာ တို့တွင် မီးရှို့မှုဖြစ်ပွားကြောင်း ရေးသားထားပြီး အသေးစိတ်ရေးသား ဖော်ပြထားခြင်း မရှိပေ။

သံတွဲမြို့ပဋိပက္ခ ဖြစ်နေချိန်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်လည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေပြီး၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များသို့ သွားရောက်၍ ဒေသတွင်း အခြေအနေများကို လေ့လာ၍ ဒေသခံများနှင့်တွေ့ဆုံနေကြောင်း၊ ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်ဖြူမြို့သို့ ရောက်နေပြီး၊ ညနေတွင် သံတွဲမြို့သို့ သွားရောက်မည်ဟု ပြည်နယ် အစိုးရ က ဆိုသည်။

ဧရာဝတီ

အကြောင်းတစ်ခုခုကြောင့် အရွယ်မတိုင်မီ သွေးဆုံးသွားလို့ ကလေးမရနိုင်ကြတဲ့ မိခင်လောင်းတွေအတွက် မျှော်လင့်စရာ နည်းပညာတစ်ခု


အကြောင်းတစ်ခုခုကြောင့် အရွယ်မတိုင်မီ သွေးဆုံးသွားလို့ ကလေးမရနိုင်ကြတဲ့ မိခင်လောင်းတွေအတွက် မျှော်လင့်စရာ နည်းပညာတစ်ခုကို အမေရိကန်နဲ့ ဂျပန်က ဆရာဝန်တွေ ပူးပေါင်း တီထွင် ကုသခဲ့ရာမှာ အောင်မြင်မှု ရခဲ့ပြီလို့ သိရပါတယ်။

ရောဂါတစ်ခုခုကြောင့် အသက် ၃၀ လောက်မှာ သွေးဆုံးသွားကြတဲ့ အမျိုးသမီး ၂၇ ဦးကို စမ်းသပ်ကုသခဲ့ရာမှာ အလားအလာကောင်းတဲ့ ရလဒ်အဖြစ် မိခင် ၁ ဦး ကလေး ရရှိ မွေးဖွားနိုင်ခဲ့ပြီး နောက် ၁ ဦးကလည်း ကိုယ်ဝန်ရပြီး မွေးဖွားနိုင်တော့မယ်လို့ ဆိုပါတယ်။

ဆရာဝန်တွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးသွားတဲ့ မိခင်လောင်းရဲ့ အစွမ်းမရှိတော့တဲ့ မျိုးဥကို ထုတ်ယူပြီး ဓာတ်ခွဲခန်းမှာ ပြုပြင်ပြောင်းလဲပေးပြီးနောက် မိခင်လောင်းရဲ့ သားအိမ်ပြွန်အတွင်း ပြန်ထည့်ပေးလိုက်ကာ ဟော်မုန်း ကုထုံးကို ပေးပြီး ကုသတဲ့ နည်းစနစ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီနည်းစနစ်ဟာ ကင်ဆာရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမရနိုင်တော့တဲ့ မိခင်လောင်းတွေအတွက်ပါ ကလေးရစေနိုင်ဖို့ မျှော်လင့်ရကြောင်း ဆိုပါတယ်။
BBC Burmese

လစာကိစ္စ အဆင်မပြေသဖြင့် ရန်ကုန်အသင်းမှ ထွက်ခွာလိုဟု ကြည်လင်း ဖွင့်ဟ

ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကစားသမား ကြည်လင်းက လစာကိစ္စအဆင်မပြေသဖြင့် အသင်းမှ ထွက်ခွာလိုကြောင်း မဇ္ဈိမသို့ ပြောသည်။

ကြည်လင်းမှာ ရန်ကုန်အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကစားနေသော ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ကာ ရန်ကုန်ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်အသင်းတွင် ကြုံတွေ့နေရသော အခက်အခဲ နှင့် ပတ်သတ်ပြီး ကြည်လင်းက“ကျွန်တော် လာမယ့်ရာသီမှ အသင်းက ထွက်ချင်ပါတယ်။ ရန်ကုန်အသင်း တာဝန်ရှိသူတွေက ကစားသမားတွေကို အလေးမထားဘူးလို့ ခံစားရတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် လစာတိုးတောင်းတော့ ၁၀ သိန်းတိုးပေးပါတယ်။ ဒါပေမယ့် သုံးလပဲ တိုးပေးပြီး ၁၀သိန်း ပြန်လျှော့သွားတယ်။

ကျွန်တော့် စာချုပ်သက်တမ်းက လာမယ့်နှစ်ကုန်ရင် ပြည့်ပါပြီ။ ကျွန်တော့်အနေနဲ့ ပြည်တွင်းအသင်းတွေသာမကဘဲ
ပြည်ပအသင်းတွေအထိ သွားကစားချင်ပါတယ်”ဟု ပြောကြားသည်။

ကြည်လင်း၏ ပြောကြားမှုနှင့် ပတ်သက်ပြီး ရန်ကုန်ယူနိုက်တက်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် “ကျွန်တော်တို့အနေနဲ့ ကစားသမားတွေနဲ့ တရားဝင် စာချုပ်ချုပ်ဆိုထားတာပါ။ စာချုပ်ထဲမှာပါတဲ့ လစာကို အတိုးအလျှော့လုပ်လို့ မရပါဘူး။ကျွန်တော်တို့ အသင်းကကစားသမားရဲ့ စွမ်းဆောင်ရည် အပေါ်မူတည်ပြီး လစာအတိုးအလျှော့ လုပ်တဲ့ပုံစံမျိုး စာချုပ်ထဲမှာ ထည့်ချုပ်ထားပါတယ်။ စွမ်းဆောင်ရည်ကောင်းရင် လစာတိုးပေးပြီး စွမ်းဆောင်ရည် ကျလာရင်လစာ လျှော့တဲ့ ပုံစံပါ။လျှော့တယ်ဆိုတာလည်း တိုးထားတဲ့ ငွေပမာဏကို လျှော့တာပါ။ သူတို့ရဲ့ အခြေခံလစာကို လျှော့တာမဟုတ်ပါဘူး။ အခုကာလက ပွဲတွေလဲ မရှိဘူး။သူတို့တွေလည်း အသင်းအတွက် မကစားရသေးတဲ့အတွက် ပြန်လျှော့ထားတာပါ။ ကစားသမားတွေကို သေချာရှင်းပြပေမယ့် သူတို့ကိုယ်တိုင် နားမလည်ဘူးဖြစ်နေတာပါ”ဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ကြည်လင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းတွင် လစာ ၁၃ သိန်းရရှိနေသော ကစားသမားတစ်ဦးဖြစ်ပြီး အသင်းပြောင်းရွှေ့လိုပါက ကမ်းလှမ်းမည့် အသင်းရှိမှသာ ရန်ကုန်အသင်းမှ လက်ခံစဉ်းစားနိုင်မည်ဖြစ်ကြောင်းလည်း ဦးကျော်လင်းထွေးက ဆက်လက်ပြောကြားသည်။

“ကြည်လင်း အသင်းပြောင်းချင်ရင် သူ့ကိုကမ်းလှမ်းမယ့် အသင်းရှိမှဖြစ်မှာပါ။ ဒါမှကျွန်တော်တို့က ပြောင်းရွှေ့ကြေးတို့ အခြားလိုအပ်တာတွေ ညှိနှိုင်းလို့ ရမှာပါ။ ကမ်းလှမ်းမယ့်အသင်းက ကစားသမားအနာဂတ်အတွက် ဘယ်လောက်အထိ ကောင်းမွန်နိုင်မလဲဆိုတာကြည့်ပြီး ဆုံးဖြတ်မှာပါ” ဟု ၎င်းက ဆိုသည်။

ကြည်လင်းမှာ အာဆီယံဒေသတွင်း လူသိများသော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကိုေ ခ်ါယူရန် မလေးရှားကလပ် အသင်းများက စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်ဖူးသည်။

Mizzima - News in Burmese

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သည်။ ရောက်ရှိချိန်တွင် ခြံ ၀န်းတံခါးမကြီးပွင့်နေသည်ကို တွေ့ရပြီး ခြံဝန်းအတွင်းလူသုံးဦးလဲကျနေသည်ကို တွေ့ရှိသဖြင့် ဒါရိုက်တာ ဦးလှဖုန်းကျော်သို့အကြောင်း ကြားခဲ့သည်။

လဲကျနေသူသုံးဦးမှာ ဦးဟန်သောင်း(၇၀)နှစ်၊ PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးသာဒွန်း၊ ထန်းတ ပင် ဈေးချိုရပ်ကွက်၊ အမရပူရမြို့၊ ဦးတင်လှိုင်(၅၄)နှစ် PSS ကုမ္မဏီလုံခြုံရေးဝန်ထမ်း၊ (ဘ)ဦးစု၊ သင်ပန်းကုန်း ဈေးချိုရပ်ကွက်၊ အမရပူရမြို့နှင့် ဒေါ်ကြည်ဟန်(စိစစ်ဆဲ) တို့ဖြစ်သည်ဟု သိရသည်။ ၄င်းသုံးဦးမှာ မျက်နှာနှင့်ဦးခေါင်းတို့တွင် ထုရိုက်ထား သည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါသတင်းမှာ ကနဦးသတင်းသာဖြစ်ပြီး အသေးစိပ်အချက်လက်များ မသိရသေးကြောင်း အမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

`လူသေအလောင်းတွေပဲတွေ့တယ်။ ပစ္စည်ပျောက်တာတော့ မတွေ့ရသေးဘူး။ ဘာကြောင့်လုပ်တယ် ဆိုတာ ဆက်လက်စုံးစမ်းဖော်ထုတ်သွားမှာပါ´ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး အမှတ်(၁၁)ရဲစခန်းတွင် (ပ)၄၉၈/၂၀၁၃၊ ပုဒ်မ(၃၀၂)အရအမှုဖွင့်အ ရေးယူထားကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်..

ဖိုးလပြည့်
Credit: Popular Journal

မောင်းနှင်နေသည့် ရထားပေါ်သို့ ပြေးတက်စဉ် ပြုတ်ကျ၍ ကြိတ်မိကာသေဆုံး


၁.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မလွှကုန်းဘူတာတွင် လူတစ်ဦး ရထားကြိတ်ခံရပြီး
သေဆုံးနေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဦးလှဌေး(၄၇)နှစ်၊ (ဘ)ဦးတင်လှ သန်လျင်မြို့နယ်နေသူဖြစ်ပြီး လည်ပင်းပြတ်ကာ သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၂၄၅အချိန်ခန့်က မလွှကုန်းဘူတာသို့ စပ္ပါယ်အမှတ် (၆) မြို့ပတ်ရထား၊ စက်ခေါင်းအမှတ် DF- 1230 မှာ မောင်းနှင်ဝင်ရောက်လာစဉ် ရထားပေါ်သို့ ပြေးတက်ရာမှ ပြုတ်ကျကာ ရထားကြိတ်မိသေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၃၀/၂၀၁၃)ဖြင့် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။

ယင်းနေ့ညက လုယက်ခံရသူ ဒေါ်ငုဝါကို မြစ်ကမ်းဘေးတွင် အိမ်ရှင်အမျိုးသမီးက ချုပ်နှောင်ပြီး အမျိုးသားက လည်ပင်းညှစ်ကာ ဆွဲကြိုး၊ နားကပ်၊ လက်စွပ်တို့ဖြုတ်ယူ၍ လူကို စောင်ဖြင့်ပတ်ကာ ဧရာဝတီမြစ်တွင်း ပစ်ချခြင်း ဖြစ်ကြောင်း ဒေါ်ငုဝါက ပြောဆိုသည်။

မြစ်ထဲသို့ပစ်ချခံရစဉ် သတိလစ်ခြင်း မရှိဘဲ ရေစီးအတိုင်း မျောပါပြီး သမန်းကုန်းရွာ အရောက် ကမ်းပေါ်သို့ တက်၍ နီးစပ်ရာ အိမ်တွင် အကူအညီတောင်းကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြ သည်။

သံသယရှိသူ ဇနီးမောင်နှံနှစ်ဦးကို (ပ) ၁၂၄/၂၀၁၃ ပုဒ်မ ၃၉၄ လုယက်မှုဖြင့် အရေးယူထားကြောင်း ဇလွန်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly

ပဋိပက္ခနေရာတွေကို ၁၀ နိုင်ငံ ဘာသာရေးခေါင်းဆောင်တွေ သွားရောက်မည်




ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံဒေသတချို့ကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ဘာသာရေးခေါင်းဆောင်တွေ သွားရောက်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ကြဖို့ တိုက်တွန်းသွားမယ်လို့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက ဒီနေ့ မိန့်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ နှစ်ရက်တာကျင်းပခဲ့တဲ့ ကမ္ဘာ့ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် RFA ရဲ့ မေးခွန်းကို ဆရာတော်က ခုလိုပြန်လည် မိန့်ကြားလိုက်တာပါ။

"ဒို့ကိုယ်တိုင် အဲဒီလိုအပ်တဲ့နေရာတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရတဲ့ နေရာတွေကို ကိုယ်တိုင်သွားမယ်၊ အောက်ကိုလှမ်းညွှန်ကြား၊ ကုလားထိုင်ပေါ်ကထိုင်နေပြီး ဟေ့ကောင်ဘာလုပ်လိုက် ညွှန်ကြားလို့မဖြစ်တာ တိုင်းပြည်မှာကြာလှပြီ၊ ပြောတိုင်းမလုပ်တဲ့လူတွေက တိုင်းပြည်မှာအများကြီးပဲ၊ ဒို့ကတော့ သူများကိုလုပ်ပါလို့ မပြောဘူး၊ တကယ်ကိုယ်လုပ်ဖြစ်တဲ့ဥစ္စာကို ရွေးလုပ်သွားမယ်"

သီတဂူဗုဒ္ဓတက္ကသိုလ်မှာ ငြိမ်းချမ်းရေး ၊ ညီညွှတ်ရေးနဲ့ အတူလက်တွဲနေထိုင်ရေး ဆိုင်ရာခေါင်းစဉ်နဲ့ နှစ်ရက်ကြာဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၁၀ နိုင်ငံက ဘာသာပေါင်းစုံခေါင်းဆောင်တွေအပြင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

အုပ်ချုပ်ရေးအားနည်းချက် ထောက်ပြဖို့ လွှတ်တော်ကော်မတီကို သမ္မတ တိုက်တွန်း




ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနဲ့ တရားစီရင်ရေးစနစ်အပြင် အုပ်ချုပ်ရေးစနစ်ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းချက် သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက ပေးပို့တဲ့သ၀ဏ်လွှာကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဖတ်ကြားတင်ပြခဲ့တာပါ။

"တရားစီရင်ရေးမဏ္ဍိုင်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအတွက် လွှတ်တော်အနေဖြင့် တိုက်ရိုက်ဆက်သွယ်ပေးပို့နိုင်ပါသည်၊ ထို့အပြင် ကော်မတီအနေဖြင့် နိုင်ငံသားများ၏ တရားဥပဒေစိုးမိုးရေး တိုးမြှင့်ခံစားစေရန်အတွက် တရားရုံးနှင့် တရားစီရင်ရေးစနစ် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦစီးဌာနအောက်ရှိ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်တို့၏ အားနည်းမှုများအပြင် သက်ဆိုင်သော အခြားကဏ္ဍစုံဆိုင်ရာတို့၏ အားနည်းချက်များကို ဖော်ထုတ်ထောက်ပြခြင်းဖြင့် ပိုမိုပြည့်စုံထိရောက်မည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်"

ပြီးခဲ့တဲ့ သတ္တမအကြိမ် ပုံမှန်ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက တင်သွင်းခဲ့တဲ့ တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတဆီ သြဂုတ်လ ၁၆ရက်နေ့က ပေးပို့ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာ တရားစီရင်ရေးမဏ္ဍိုင် အားနည်းချက်အကြောင်း ဖေါ်ပြထားရာမှာ သမ္မတက အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း ထောက်ပြဖို့ သ၀ဏ်လွှာပြန်လည်ပေးပို့ပြီး တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ အစီရင်ခံစာမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်းသင့်ကြောင်းကိုလည်း တိုက်တွန်းအကြံပြုထားပါတယ်။
RFA Burmese

စကားပြော အတတ်ပညာ


လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတတ်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။
စကားပြောတတ်ကြစေဖို့  ပါပဲ ။ ဒါပေမဲ့ ရည်ရွယ်ချက်က စကားပြောတတ် ဖို့ တင် သက်သက်မဟုတ်ပြန်ပါဘူး ။

ပြောရရင် အစည်းအဝေးပွဲတွေမှာ ၊ မာကတ်တင်း ဆင်းတဲ့ နေရာတွေမှာ ၊ ဟောပြောပွဲ ၊ သင်တန်း ၊ ဖိုရမ် ၊ ၀ပ်ရှော့ စသဖြင့် လူအချင်းချင်း ဆက်ဆံရတဲ့ နေရာတွေမှာ  Public Relation & Pubic Speaking ဆိုတဲ့ အဓီက ကျတဲ့ ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဒါမှ မိမိ ပြောချင်တဲ့ အကြောင်းအရာ ၊ ဆွေးနွေး တင်ပြချက်က ထိရောက်မယ် မဟုတ်ပါလား ။
ဒီတော့ ဖတ်မိတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေရင်း မိတ်ဆွေတို့ ရဲ့  တန်ဖိုးရှိတဲ့ အချိန်အနည်းငယ်ကို ဒီအကြောင်းအရာအတွက်ပေးအပ်စေလိုပါတယ်။

ဖြည်းဖြည်းပြောပါ

လူတွေဟာ စိတ်ဖိဆီးနေတဲ့အချိန် ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်ဆိုရင် စကားပြော မြန်တတ်ကြပါတယ်။ သေချာတာကတော့ စကားပြော မြန်ခြင်းဟာမကောင်းတဲ့ အမူအကျင့်ပါပဲ။ လူထုဆက်ဆံရေး လုပ်တဲ့ အချိန်မှာ စကားပြော မြန်ရင် ကိုယ့်စကားလုံး တွေနဲ့  ကိုယ်ခလုတ် တိုက်နိုင်ပြီး ကိုယ်ပြောရတဲ့သူကို ကြောက်ရွံ့ နေတယ်
လို့ ထင်စေနိုင်ပါတယ်။ ဒီတော့ စကားပြောမြန်တတ်တဲ့ သူဆိုရင် အရှိန်လေးကို နည်းနည်းစီ လျော့ခြင်းဖြင့် သင့်ရဲ့ စကားသံကို နားထောင်နေတဲ့ သူတွေကို ပိုပြီး နားလည်မှု ရရှိ စေရ ပါမည်။

နေရာပြောင်းပါ

သင့်စကားပြောတဲ့ အချိန်မှာ လူအရေအတွက် လိုက် စကားပြောတဲ့ နေရာကို ပြောင်းလဲတတ်ရပါမယ်။ မိမိစကားကို နားထောင်တဲ့ သူတွေကို ပိုပြီး အာရုံစိုက်မှု ရရှိစေဖို့  နဂိုထိုင်နေတဲ့ နေရာကနေ ပြောင်းသင့်ရင် ပြောင်းရပါမယ်။ အစည်းအဝေးခန်းထဲမှာ လူနှစ်ယောက် လောက်နဲ့ ပြောရတယ် ဆိုရင် ခေါင်းကို မော့ထားပြီး ပြောပါ။ လူများတဲ့ အဖွဲ့ ကြီးကို ပြောရမယ် ဆိုရင်တော့ မတ်တပ် ထပြီး ပြောပါ။ ဒါမှ သင့်စကား သူတို့ ဆီ ရောက်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အသံနဲ့  ကိုယ်ဟန်အမူအရာများဟာကိုယ့်ကိုယ် ယုံကြည်မှု ကို ရှိစေတဲ့ ပုံဖြစ်စေပါတယ်။

ပရိသတ်အပေါ် မူတည်ပြီး အသံကို ထိန်းညှိပြောပါ

ကျနော်တို့ ဆရာတော်တော်များများ ပြောတတ်ကြပါတယ်။  စကားပြောတဲ့ အခါ ကျယ်ကျယ်နဲ့  ရှင်းရှင်းလင်းလင်းပြောဖို့ ပါ ။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ်မှာ ကြုံဖူးပါတယ်။ Term paper တင်ရမျိုးပါ။ အဲ့ဒီအခါ အဖွဲ့ မှာ တစ်ယောက်က ကိုယ့် အဖွဲ့ လုပ်တဲ့ Term Paper Project ကို Presentation လုပ်ရတာ ရှိပါတယ်။  ကျနော့်အဖြစ်တုန်းကဆိုရင် Physics ကျောင်းသား ဖြစ်တဲ့ အတွက် diode ကောင်းမကောင်းစမ်းတဲ့ LED မီးသီးလေးတွေ ချိတ်ဆက်ပြီး စမ်းသပ်ရတဲ့ အကြောင်းကို  မေဂျာ ပါမောက္ခ နဲ့  ကထိကတွေ အရှေ့ မှာ ဖတ်ပြီး ရှင်းလင်းပြရပါတယ်။ကိုယ့် Term Paper အဖွဲ့ မှာ ၈ ယောက်လောက် ပါပေမဲ့ Presentation မလုပ်ခင် တစ်ယောက်ချင်းစီကို ဖတ်ခိုင်း အသံထွက် ရှင်းလင်းပြီး ကျယ်တဲ့ သူတို့  တတ်ပြာ ခိုင်းတော့ ကျနော်ပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ပထမဆုံး Power Point နဲ့ ထိုးပြီး ရှင်းလင်းပြရတာကို ရင်တုန်ပန်းတုန်ဖြစ်ခဲ့ရလို့  မှတ်မိနေဆဲပါပဲ  ။ ပြောချင်တာက စကားလုံးကို ရှင်းလင်းပြီး အသံကို ကျယ်ကျယ်ပြောနိုင်ရမယ် ဆိုတာပါ။

ကိုယ့်စကားသံကို ကိုယ်မရှက်ပါနဲ့ 

စကားပြောကောင်းကြတဲ့ အကြောင်းအရင်းထဲမှာ ကိုယ်ပိုင်ဆွဲဆောင်မှု ပေးနိုင်တဲ့ စကားလုံးလေးတွေလည်း ပါဝင်ပါတယ်။ တိုင်းရင်းသားမို့ လို့ အသံဝဲလို့ စိတ်ပူတာမျိုး ဖြစ်ဖူးသလား ။သေချာလေး ထိန်းပြီး ပြောသွားပါ ။ ကိုယ်ပြောတဲ့ အကြောင်းအရာက အချိတ်အဆက်မီပြီး ထိမိရင် စကားဝဲတာတောင် နားထောင်ရတာ တစ်မျိုးလေးနဲ့ စွဲသွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။အဓီက ကတော့ စကားပြောစွမ်းရည်အတွက် အချက်အလက်ကျကျ ပြောတက်ဖို့ သာ အရေးကြီးပါတယ်။

အသံနှုန်းကို ချိန်ဆပါ

မိမိ စကားပြောတဲ့ အချိန်မှာ အရေးကြီးတဲ့ အကြောင်းအရာ ၊ မှတ်မိစေလိုတဲ့ အကြောင်းအရာ နဲ့  သာမန်အကြောင်းအရာ ပြောတဲ့ နှစ်ခုမှာ အသံအနိမ့်အမြင့် ဆိုတာ ရှိပါတယ်။ဘယ်လို အသံနှုန်းနဲ့ ပြောတဲ့ အကြောင်းအရာ ဖြစ်ပါစေ တစ်ဖက်လူရဲ့  နားထဲကို လျောလျောရှုရှု ရောက်သွားဖို့ အရေးကြီးပါတယ်။ ငယ်သံပါအောင်သံပေါက်တဲ့ အသံနှုန်းမြင့်တဲ့ စကားသံများဟာ တစ်ဖက်သားကို ကြောက်လန့် နေပုံ ဖြစ်စေပြီး ၊ အသံနှုန်းနိမ့်ပြီး ပြောတဲ့ စကားသံကတော့ တခါတလေ အမိန့် အဏာ ဆန်တဲ့ စကားသံပုံ ပေါက်စေ ပါတယ်။ စကားသံ အနိမ့်အမြင့်က ကိုယ်ပေးချင်တဲ့ စကားကို ပိုပြီး အားကောင်းစေပါတယ်။မေးခွန်းမေးတဲ့ အခါမှာ အဆုံးသတ်ကို အသံနှုန်းမြင့်ပြီး ပြောပါ။ ကြေငြာစာတမ်းလို ထုတ်ပြန်ချက်တွေ ဖတ်တဲ့ အခါမှာ စကားအဖြတ်အတောက်ကို အသံနိမ့်ပြီး ပြောပါ။

မိမိအသံနဲ့ ခံစားချက်ကို ညီပါစေ

ကိုယ်ပြောတဲ့ စကားလုံးနဲ့ ကိုယ် ဟန်ပန်အမူအရာဟာ လိုက်ဖက်မှု ရှိရပါမယ် ။ အားပေးတဲ့ စကားပြောပြီး မျက်နှာပျက်နေတာမျိုး မလုပ်သင့်ပါဘူး ။ ကိုယ်ပြောတဲ့ စကားသံဟာ ကိုယ့်ပရိသတ်ကို ကိုယ်နဲ့ ထပ်တူ ခံစားမှု တွေ ပေးနိုင်စွမ်း ရှိရပါမယ်။ကိုယ့်အသံကိုယ် ကောင်းကောင်း ထိန်းချုပ်ပြီး အသုံးချနိုင်တဲ့ သူများဟာ စီးပွားရေး နယ်ပယ်မှာတင်မက လူမှုရေး နယ်ပယ်မှာလည်း အောင်မြင်မှု ရရှိစေပါတယ်။ ဒီအတွက် အချိန်ပေးပြီး ဆရာတစ်ဆူဖြစ်လာအောင် လေ့ကျင့်ကြမယ် ဆိုရင် တစ်ချိန်ချိန် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုး တွေ ရရှိစေမှာ မလွဲမသွေပါပဲ။

Lynntazaung

searchmyanmar

အခမ်းအနားမှူးအဖြစ်ပါဝင် ဆောင်ရွက်မယ့်စိုင်းစိုင်းခမ်းလှိုင်


ယနေ့ အောက်တိုဘာ(၃)ရက်နေ့ 
အမျိုးသားဇာတ်ရုံကြီးမှာယှဉ်ပြိုင်တော့မယ့်
Miss Universe Myanmar 2013 ပြိုင်ပွဲကြီး
အတွက် အခမ်းအနားမှူးအဖြစ်ပါဝင် ဆောင်ရွက်
မှာဖြစ်ကြောင်း“I will be the Host for miss universe
myanmar 2013..နှစ်ပေါင်း 50 ကြာ အတွင်းပထမ
ဆုံးအကြိမ်အဖြစ် miss universe ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု
ယှဉ်ပြိုင်ဖို့ မြန်မာ့အလှမယ်ရွေးပွဲကို မနက်ဖြန် ကျရင် အမျိုးသားဇာတ်ရုံမှာကျင်းပပါမယ်..
အဲဒီပွဲမှာ ကျနော်မောင်စိုင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါမယ်ခင်ဗျား”လို့ 
စိုင်းစိုင်းခမ်းလှိုင်ကယမန်နေ့ ညကသူ့ ဖေ့ဘုတ်စာမျက်နှာ Sai Sai Kham Lengကနေပရိသတ်ကိုအသိပေးပါတယ်။စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူMiss Universe Myanmar 2013 ပြိုင်ပွဲကြီးမှာဒေါ်တင်မိုးလွင်လည်းအခမ်းအနားမှူးအဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်။

credit-Sai Sai Kham Leng
Popular Journal

ရေကူး ရေစိမ်ချိုး ရေသောက် ရေပက်ဖျန်းရင် ဘာတွေဖြစ်လာနိုင်မလဲ



သိပ္ပံပညာရဲ့ လတ်တလော လေ့လာမှုတွေအရ လူတွေဟာ ရေနဲ့ထိတွေ လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဓာတ်ဖွဲ့စည်းပုံနဲ့ အာရုံကြောတွေအပေါ် သက်ရောက်မှု ရှိသွားပြီး စိတ်ဖိစီးမှု လျော့ကျတာ၊ စိတ်ခံစားမှု ကောင်းမွန် တာနဲ့ စိတ်တို ဒေါသထွက်မှု လျော့ပါးတာ အစရှိတဲ့ အကျိုးအာနိသင်တွေကို ရရှိစေတယ်လို့ သိရပါတယ်။

ရေကူးပါ

ရေကူးတာက အပြေးသမားတွေမှာလိုပဲ အဆစ်တွေအပေါ် ဒဏ်သက်ရောက်မှု မရှိဘဲ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိစေပါတယ်။ ရေကူးကန်ထဲမှာ လှေလှော်တာကတောင် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ အင်ဒီးယားနား တက္ကသိုလ်ရဲ့ ပါမောက္ခဂျက်က ပြင်းပြင်းထန်ထန် အားကစား မလုပ်နိုင်သူတွေ အနေနဲ့ အေးအေးဆေးဆေး ရေကူးတာက အန်ဒေါ်ဖင်ဟော်မှုန်း ထွက်လာစေပြီး စိတ်ကြည်နူး နှစ်သိမ့်မှုကို ခံစားရစေကြောင်း ရှင်းပြထားပါတယ်။ ရေကန်ထဲမှာ ကလေးတွေနဲ့အတူ ကစားရင်း ကလေးတွေကို ရေပက်ဖျန်း ပေးတာကလည်း နာဗ့်ကြောစနစ် ကို ကောင်းမွန်တဲ့ သက်ရောက်မှု ဖြစ်စေပါတယ်။ တကယ်လို့ ရေကူးကန်ကို မသွားနိုင်ဘူးဆိုရင် ရေစိမ်ကန်ထဲမှာ စိမ်ချိုးတာကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။

ရေစိမ်ချိုးပါ


ရေချိုးတာက စိတ်နဲ့ခန္ဓာကို လန်းဆန်းသွားစေတယ်ဆိုတာ သင်သိပြီးဖြစ်မှာပါ။လတ်တလော လေ့လာမှုအရ ရေရဲ့အပူချိန်က အေးချင်အေး၊ နွေးချင်နွေး နေပါစေ၊ ရေထဲကို စိမ်ချိုးတာက ကျန်းမာနေတဲ့ လူတွေအတွက် ကောင်းကျိုးတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ရေစိမ်ချိုးချိန် ၂၄ မိနစ် ကြာပြီးချိန်မှာ လူရဲ့ဗဟိုအာရုံကြော စနစ်ဟာ အနားရကာ အာရုံစူးစိုက်အား ပိုကောင်းလာပါတယ်။

စိတ်ဓာတ်ကျတာနဲ့ ပူပင်သောက ဟူသမျှကိုလည်း လျော့သွားစေ ပါတယ်။ ခြေထောက်ကို ရေစိမ်တာကလည်း ညမှာ ကောင်းကောင်း အိပ်မောကျစေပါတယ်။ Physiology Anthropology ရဲ့ လေ့လာမှုအရ ဒူးအထိ ခြေထောက်တွေကို မိနစ် ၂၀ လောက် ကြက်သီးနွေးရေထဲ စိမ်တဲ့သူ ဒါမှမဟုတ် ရေချိုးတဲ့သူတွေက ကောင်းကောင်း အိပ်မောကျစေပြီး မလုပ်တဲ့သူတွေထက် အိပ်စက်မှု အရည်အသွေးလည်း ကောင်းမွန် တာကို တွေ့ရပါတယ်။ ကြက်သီးနွေးရေထဲ စိမ်ဖို့ အချိန် မပေးနိုင်ရင်တောင်
ခြေချင်းဝတ်တွေပေါ်ကို ကြက်သီးနွေးရေ လောင်းချပေးပါ။ အချိန် ၃၀ စက္ကန့်လောက် လုပ်ပေးရုံနဲ့ အပန်းပြေမှုကို ခံစားရမှာပါ။

ရေသောက်ပါ

ရေကိုနည်းနည်းပဲ သောက်တာက စိတ်ခံစားမှုနဲ့ ခန္ဓာကိုယ်အပေါ် မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ရေဆာနေပြီဆိုရင် ရေဓာတ် ခန်းခြောက်တဲ့ အဆင့်ကို ရောက်နေပါပြီ။ ရေဓာတ် ခန်းခြောက်ပြီ ဆိုတာနဲ့ ပိုပြီး ပင်ပန်းလာတယ်။ အာရုံစူးစိုက်ဖို့ ပိုခက်လာပါတယ်။ ၂၀၀၁ လေ့လာမှု တစ်ရပ်အရ ညဥ့်လယ်မှ နံနက် ၁၁ နာရီအထိ ရေနဲ့အစာ လုံးဝမကျွေးဘဲ ထားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် နှိုးဆော်နိုင်တဲ့ တက်ကြွဖျတ်လတ်မှု ပျောက်ဆုံးသွားတာကို တွေ့ရပါတယ်။ ရေမသောက်ဘဲ အချိန် ၁၃ နာရီလောက် ကြာသွားရင် အာရုံစူးစိုက်နိုင်စွမ်းနဲ့ တက်ကြွမှုတို့ လျော့ကျသွားပြီး ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ သင်ဘယ်လောက် ရေသောက်သင့်တယ်ဆိုတဲ့ အချက်က သင့်ခန္ဓာကိုယ် အလေးချိန်၊ လှုပ်ရှားမှုအဆင့်၊ လေရဲ့ အပူချိန်နဲ့ စိုထိုင်းဆတို့အပေါ် မူတည်နေပါတယ်။ အစာစားပြီးတိုင်း ရေတစ်ဖန်ခွက် သောက်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာလည်း ရေတစ်ဖန်ခွက်စီ သောက်ပေးပါလို့ ဒေါက်တာဘော်ဒလေက အကြံပြုထားပါတယ်။

ရေပက်ဖျန်းပါ

စိတ်ဖိစီးမှု ကင်းအောင် ပက်ဖျန်းရတဲ့ စပရေးကို လိုချင်ရင် ရေတံခွန်ဆီကို သွားပါ။ ရေတံခွန်ရဲ့ အခြေရှိ လေထဲမှာ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ မော်လီကျူး အမှုန်တွေ ပါဝင်နေပါတယ်။ ဝက်စ်လီရန် တက္ကသိုလ်ရဲ့ လေ့လာမှုအရ ၁၅-၃၀ မိနစ်လောက် ရေနဲ့ပက်ဖျန်း ပေးတာက စိတ်ဓာတ်ကျတာကို သက်သာစေတယ်လို့ သိရပါတယ်။ ဒါဟာ ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဆီရိုတိုနင် ပမာဏကို တိုးစေလို့ပါ။ ဒါကြောင့် ရေတံခွန်နားကို သွားတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူသွင်း လုပ်ပေးပါ။ ဒါမှမဟုတ် ရေပန်းနဲ့ ရေချိုးလိုက်ပါ။ ငါးမိနစ်လောက် ရေပန်းနဲ့ ရေချိုးပေးတာက ပူပင်သောကတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ရေပက်ဖျန်းပါ

ကမ်းခြေမှာ နေတဲ့ရက်တွေမှာ သွေးဖိအားတွေ တည်ငြိမ်နေတယ်လို့ မထင်ဘူးလား။ ရေသံက စိတ်ကို အေးချမ်း တည်ငြိမ်စေပါတယ်။ အလာဘားမား ဆေးရုံသုတေသီတွေက ပင်လယ်ရေသံဟာ ကြားရသူ လူနာတွေကို သုံးညခန့် ကောင်းကောင်း အိပ်ပျော်စေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ပင်လယ်ရေလှိုင်းသံနဲ့ လှိုင်းပုတ်သံတွေဟာ စိတ်ကို အေးချမ်းစေတာကြောင့်ပါ။ ဦးနှောက်ဟာ လှိုင်းသံ၊ ရေသံတွေ အပေါ် ကောင်းတဲ့ တုံ့ပြန်မှု ပေးနိုင်လို့ ဖြစ်ပါတယ်။

By Good Health Origin
Kayan Times

ဒူဘိုင်းအခြေဆိုက် W motors ထုတ် Lykan HyperSport


ိခွန်နေ(AMMG)

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံ ဒူဘိုင်း အခြေဆိုက် W motors ကပထမဆုံး ထုတ်လိုက်တဲ့ Lykan HyperSport ပြိုင်ကားပါ။ ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့ကမှ စတင်တည်ထောင်တဲ့ အဆိုပါစက်ရုံမှ ထွက်ရှိလာတဲ့ ပထမဆုံး မျိုးဆက်သစ်ကားလို့ ဆိုနိုင်ပါတယ်။

2013 Qutar Motor Show မှာမိတ်ဆက်ပွဲထုတ်သွားတဲ့ ဒီကားဟာ စုစုပေါင်း
အစီးရေ ၇ စီးသာထုတ်လုပ်ထား တာပါ။ အစီးရေလည်းနည်း သလို၊W motors ကပထမဆုံးမိတ်ဆက်လိုက်တဲ့ ကားဆိုလို့ ဈေးနှုန်းကသေးတယ်လို့
တော့မထင်လိုက်ပါနဲ့။ အမေရိကန်ဒေါ်လာ ၃.၄ သန်းအထိပေါက်ဈေးရှိတယ်
လို့ဆိုပါတယ်။

တာဗိုအင်ဂျင် နှစ်လုံးတွဲနဲ့ ပွဲထုတ်ထားတဲ့ ဒီကားရဲ့ မောင်းနှင်အားကလည်း
နာမည်ကျော်ပြိုင်ဘက်ကားတွေ လိုစွမ်းဆောင်ရည် မနိမ့်တာကိုမြင်တွေ့ရပြီး
မြင်းကောင်ရေ ၇၄၀ အထိတောင်ထုတ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ၂.၈ စက္ကန့်အတွင်းကို ၆၂ မိုင်နှုန်းအထိအရှိန်မြင့်တင်နိုင်သလို၊အမြင့်ဆုံး
မောင်းနှင်နိုင်အားက တစ်နာရီ ၂၄၅ မိုင်နှုန်း ရှိတယ်လို့သိရပါတယ်။

ဒူဘိုင်းနိုင်ငံဟာ နာမည်ကြီး ပြိုင်ကားတွေကိုလည်း ရဲကားအဖြစ်အသုံးပြု
နေသလို ယခုထုတ်လုပ်လိုက်တဲ့ ပြည်တွင်းကားကိုတော့ ရဲကားအဖြစ်
အသုံးပြုထားတာကိုတော့ မြင်တွေ့ခြင်းမရှိသေးပါဘူး။ သို့ပေမယ့် ကမ္ဘာ့ပြိုင်
ကားလောကနဲ့ ဈေးအကြီးဆုံးကားဆိုတဲ့ စာရင်းမှာ ပါဝင်လာတဲ့ဒီကားဟာ
အခြား ပြိုင်ဘက်တွေကို ဈေးကွက်အတွင်း ခြိမ်းခြောက် လာနိုင်မလား ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

ကားရဲ့  Body ကိုကာဗွန်ဖိုက်ဘာ၊အလူမီနီယံ ကိုယ်ထည်နဲ့ တည်ဆောက်ပြီး ခုနှစ်စီးသာ ရှိတဲ့ Lykan HyperSport ယေခုလိုမြင်တွေ့ရပါတယ်။

Ref:wiki
TechSpace Journal