မြို့တော်ခန်းမ ရှေ့မိကျောင်းကန်အရေးဆန္ဒပြသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုစင်တာဖွင့်လှစ်

ပို့စ်တင်ချိန် - 10/03/2013 06:18:00 PM


ယမန်နေ့အောက်တိုဘာ၂ရက်က မြို့တော်ခန်းမ ရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ခဲ့သော
မိကျောင်းကန်အရေးဆန္ဒပြသူများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးရဲတို့က
ယနေ့ မနက်တွင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုကို ဖွင့်လှစ်ပေးလိုက်ရပြီဟုသိရသည်၊၊
ဆန္ဒပြမှုတွင်ပါဝင်ခဲ့သောအသက် ၆၄အရွယ်ရှိသူ ဦးစိုးဝင်းမှာ ယနေ့မနက်ကရုတ်တရက်လေဖြတ်မှုရောဂါ ခံစားလိုက်ရသည့်အတွက် ကျန်ဆန္ဒပြသူများအတွက်ဖွင့်လှစ်ပေးလိုက်ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူတို့ကဆိုသည်၊၊မြို့တော်ခန်းမအတွင်းတွင်ကျန်းမာရေးစောင့်ရှောက်မှုစင်တာအားဖွင့်လှစ်ကာကျောက်တံတားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ကုသမှုပြုပေးနေသည့်အပြင် သပိတ်စခန်းအနီးတွင်ပါ ကြက်ခြေနီအဖွဲ့များက အနီးကပ်စောင့်ရှောက်ပေးနေကြသည်ဟု ၄င်းတို့ကပြောသည်၊၊
မနက်ပိုင်းက ဆေးစစ်မှုလာရောက်ခံယူသူများရှိခဲ့ရာ ထိုထဲမှ အမျိုးသမီး ၄ဦးမှာသွေးချိုရောဂါအခံရှိပြီး
သွေးပေါင်တိုးနေသဖြင့် အချိန်မရွေး လေဖြတ်နိုင်သည်ဟု ဆရာဝန်က အသိပေးထားကြောင်းလည်း
ဆေးမှတ်တမ်းများအရသိရသည်။ဆန္ဒပြသူများ၏ နေရာက သမံတလင်းဖြစ်နေသည့်အပြင်ရာသီဥတု မှာ
လည်း နေပူလိုက်၊မိုးရွာလိုက် ဖြစ်နေရာဆေးစစ်မှုလာရောက်ခံယူသူများကိုနွေးထွေးစွာနေရန်ဆရာဝန်က ညွန်ကြားထားသည်။
ယခုအချိန်အထိရဲတပ်ဖွဲ့မှ မိကျောင်းကန်အရေးဆန္ဒပြသူများကို အရေးယူမှုမပြုသေးပေ။၀၅၁
Popular Myanmar News Journal