Big Bang G-Dragon’s ရဲ့ Crooked သီချင်းကို MTV Iggy ရဲ့ တစ်နှစ်တာအကောင်းဆုံးသီချင်းအဖြစ် ရွေးချယ်

ပို့စ်တင်ချိန် - 1/24/2014 12:14:00 PM

 
          Big Bang အဖွဲ့ဝင်တစ်ဦးဖြစ်သူ G-Dragon ရဲ့ “Crooked” ဆိုတဲ့သီချင်းဟာ ၂၀၁၃ရဲ့တစ်နှစ်တာ အကောင်းဆုံး MTV Iggy အဖြစ် ရွေးချယ်ခံရပါတယ်။

          ဒီရွေးချယ်ပွဲကိုတော့ ၂၀၁၃ ဒီဇင်ဘာ ၁၃ကနေ ၂၀ရက်အတွင်း အွန်လိုင်းကနေ vote လုပ်သူအရေအတွက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး G-Dragon က ၄၇.၇ ရာခိုင်နှုန်းနဲ့ ပထမနေရာကိုယူခဲ့ပါတယ်။

          “Big Bang G-Dragon ရဲ့ ဆိုလိုအယ်လ်ဘမ်ဟာ K-Pop ကို မုန်တိုင်းတစ်ခုအဖြစ် သယ်ဆောင်လာခဲ့ ပါတယ်။ သူ့ရဲ့သီချင်း “Crooked” ဟာ အမြဲတမ်း ပြန်နားထောင်ဖြစ်နေမယ့် သီချင်းတစ်ပုဒ်ပါ။ သူဟာ ၂၀၁၂ တုန်းကလိုမျိုး တခါပြန်လာခဲ့ပြီဆိုတာ ကျွန်ုပ်တို့အားလုံးသိကြပါတယ်” လို့ MTV IGGY က အခုလို မှတ်ချက်ပေးသွားပါတယ်။

          ဆိုလိုတာကတော့ ဒီအတောအတွင်းမှာ Big Bang G-Dragon အနေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရရှိနေခြင်းပါပဲ။ ဇန်န၀ါရီ ၂၄ကနေ ၂၆ အတွင်းမှာလည်း “BIGBANG + a IN SEOUL” ဆိုတဲ့ ပွဲကြီးကို ကျင်းပဦးမှာပါ။



Ref:kpoptarz.com
Trend Myanmar