မန္တလေး NLDရုံး မီးလောင် ကျပ်၈၂ သိန်း ၅ သောင်းဆုံးရှုံး

ပို့စ်တင်ချိန် - 1/24/2014 10:49:00 AM

ဓါတ်ပုံ - Tin Ko Ko 
မန္တလေး၊ မဇ္ဈိမ ။      ။ မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း၊ ၂၈ လမ်းနှင့် ၂၉လမ်းကြားရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး(NLD)ရှိရာ ပျဉ်ထောင်အိမ်မှ စတင်ကာ ဇန်နဝါရီ ၂၃ရက် နေ့လည် ၃နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွား ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ရှစ်ဆယ့်နှစ်သိန်း ငါးသောင်းဖြစ်ကြောင်း အမှတ် ၁ ပြည်နယ်နှင့် တိုင်းဒေသကြီး မီးသတ်ရုံးများ ကွပ်ကဲမှုဦးစီးဌာနခွဲက သိရသည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းခြင်းသည် မီးကြွင်းမီးကျန်ကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းမှုကြောင့် ပေ ၂ဝ×၃ဝ ထရံကာသွပ်မိုး၊ မြေစိုက်အိမ် ၂လုံး၊ ပေ ၂ဝ× ပေ ၆ဝ နံကပ် ၂ထပ်တိုက်၏ အပေါ်ထပ်နှင့် အာစီလေးထပ်တိုက်၏ မှန်များကွဲကြေပျက်စီး ဆုံရှုံးခဲ့သည်။

မီးစတင်လောင်ကျွမ်းသည့် ပျဉ်ထောင်အိမ် ပြိုကျပြီးနောက် ဘေးဘက် အိမ်များကို ကူးစက် လောင်ကျွမ်းခဲ့သည်။

မီးလောင်ချိန်မှာ နေ့လယ် ၃ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ပြီး မီးသတ်ယာဉ် ၅၄ စီးဖြင့် ငြှိမ်းသတ် ခဲ့ရသည်။ မီးလောင်ကျွမ်းခြင်းနှင့် ပတ်သက်၍ အိမ်ရှင်ကို နယ်မြေခံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် လျှပ်စစ်ဌာန တို့မှ စစ်ဆေး နေပြီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။

Written by  မျိုးသန့်
Mizzima - News in Burmese

===================================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စိတ္တရမဟီရပ်ကျေးရုံးမီးသင့်

မန္တလေး၊ ဇန်န၀ါရီ ၂၃

မန္တလေးဆေးရုံကြီးအနီး ၇၅လမ်း၊ ၂၈-၂၉လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။
၇၅လမ်းမပေါ်ရှိ ခရစ်ယာန်ချပ်စ်ကျောင်းနှင့် စတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကြားရှိ မြေစိုက်ပျဉ်ထောင်နှစ်ထပ်အိမ်မှ စတင်လောင်ကြွမ်းခြင်းဖြစ်ပြီး မီးလောင်ပြီး ၁၅မီနစ်ခန့်အကြာ ပျဉ်ထောင်အိမ်မှာ ပြိုကျသွားခဲ့ပြီး ဘေးနှစ်ဘက်ရှိ ချပ်စ်ကျောင်းအဆောက်အဦးနှင့် စိတ္တရမဟီရပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ဆက်လက်လောင်ကြွမ်းခဲ့ပါသည်။

ယင်းစိတ္တရမဟီ ရပ်ကျေးရုံး ဖွင့်လှစ်ထားသည့် အန်တီဒေါ်သန်းသန်းအေး သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတူတကွ အစဉ်ထာဝရရှိနေခဲ့သူဖြစ်ပါသည် ။ အန်တီ ဒေါ်သန်းသန်းအေး နှင့် မီးဘေးသင့်သူများအား ကူညီကြပါရန် ရပ်ဝေးရပ်နီးမှ မိတ်သင်္ဂဟများ အားနှိုးဆော်လိုက်ပါသည် ။

Tin Ko Ko