မအူပင်ဈေးလမ်း မီးလောင်မှု ကျပ် ၇၇သိန်းခန့် ဆုံးရှုံးဟုဆို

ပို့စ်တင်ချိန် - 1/24/2014 10:25:00 AM

ပထမ ဆုံး စ လောင် တဲ့ အိမ် ( ကမ်း နား လမ်း နဲ့ ဈေး လမ်း ထောင့် )  ဓါတ်ပုံ - ထိုက် ထိုက် (ဖေ့ဘုတ်) 




မအူပင်ဈေးလမ်း မီးလောင်မှု  / ဓါတ်ပုံ - ထိုက် ထိုက် (ဖေ့ဘုတ်) 

ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း၊ မအူပင်မြို့ ၊ဈေးလမ်းတွင် ည၇နာရီ ၃၀ခန့်တွင် မီးစတင် လောင်ကျွမ်းခဲ့ရာ အိမ်နှင့်ဆိုင်တွဲ ၃ခု မီးလောင်းကျွမ်းမှုကြောင့် တန်ဖိုးငွေ ကျပ် ၇၇သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု မအူပင် မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဦးမွန်းဟန် အထည်ဆိုင်ကနေ မီးစလောင်တာ၊ သူတို့ ဆိုင်ပိတ်သွားပြီး ဘယ်သူမှမရှိတော့ဘူး။ ကမ်းနားလမ်းအိမ်ဆိုင်(၃)လုံး ပါသွားတယ်။ မီးလောင်တာတော့ ၇ နာရီခွဲကျော်လောက်က စတင်လောင်းတာ။ မီးငြိမ်းတာ ၈နာရီကျော်လောက်တော့ မီးညွန်ကျိုးသွားတယ်။ ပန်းတနော်၊ ညောင်တုန်း၊ ကျိုက်လတ်က မီးသတ်ကားတွေပါလာငြှိမ်းတယ်”ဟု မအူပင်မြို့ ခံဦးကျော်ကျော်မှ မဇ္ဈိမကို ပြောသည်။

မီးလောင်ကျွမ်းခြင်းကြောင့် တန်းဖိုး ကျပ် ၇၇သိန်း ဆုံးရှုံးသည်ဟု မီးသတ်ဦးစီးဌာနကဆိုသည်။ သို့သော် မီးစတင်လောင်ကျွမ်းမှုကိုမူ မီးသတ်ဦးစီးဌာနက အတည်ပြုချက်မပေးနိုင်သေးပေ။

မီးလောင်မှုကြောင့် အိမ်ဆိုင်တွဲ ၃ခန်းနှင့် မိသားစုဝင် ၅စု မီးလောင်းခံရပြီး လက်ရှိ မီးဘေးပြည်သူများကို အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နေရာချထားပေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုက်အိမ်ခံလိုက်သလိုဖြစ်သွားတော့ မီးက ဆက်လောင်စရာမရှိသလိုလည်း ဖြစ်တာပါတယ်။ ဈေးလမ်းက ဆိုင်တွေလည်း မီးလောင်တာမှာပါတယ်။ ကမ်းနားလမ်းက မုန့်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ခြောက်ဆိုင်၊လျှပ်စစ်ပစ္စည်းဆိုင်တွေ ပါသွားတယ်။ ကျွန်တော်တို့ လည်း အချိန်အတိအကျတော့မသိလိုက်ဘူး”ဟု မအူပင်မြို့ က ဦးညီညီအောင်က ပြောသည်။

ယခု မအူပင်တွင် မီးလောင်ကျွမ်းမှုသည် ဇန်န၀ါရီလဆန်းပိုင်းက ကန်ကြီးထောင်မြို့ နယ်၊ ဒါးကကျေးရွာပြီးနောက် ဧရာဝတီတိုင်းအတွင်း ဒုတိယအကြိမ်မြောက် မီးလောင်းကျွမ်းမှုလည်း ဖြစ်သည်။

စည်သူမောင်မောင်
Mizzima Burmese