ဒီနှစ် အကုန်မှ တစ်ကိုယ်တော် အခွေကို စလုပ်ဖြစ်မယ့် ထွန်းအိန္ဒြာဗိုလ်

ပို့စ်တင်ချိန် - 1/24/2014 11:30:00 PM


သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗို အနေနဲ့ ငယ်ငယ်တုန်းက အနုပညာကို တကယ် ရူးသွပ်ပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေ အများကြီးရှိခဲ့သလို အားနာပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း ရှိခဲ့တယ်လို့ ပြောပါ တယ်။

”လောလောဆယ် ဒီရက်ပိုင်းတွေမှာတော့ ကိုယ်တကယ် စိတ်ဝင်စားတဲ့၊ တကယ် လုပ်ချင်တဲ့ အလုပ်မှန်သမျှ ဘယ်အလုပ်ပဲ ဖြစ်ဖြစ်ပါ။ အနုပညာပဲ ဖြစ်ဖြစ်၊ လူမှုရေးပဲ ဖြစ်ဖြစ် စိတ်ဝင်စားမှ လုပ်တော့မယ်။ ဟိုးအရင် ငယ်ရွယ်တဲ့ အချိန်တုန်းကဆို တကယ်ရူးသွပ်ပြီး လုပ်ခဲ့တဲ့ အလုပ်တွေ ရှိခဲ့သလို၊ အားနာပြီး လုပ်ခဲ့ရတဲ့ အလုပ်တွေလည်း အများကြီး ရှိခဲ့တယ်။ အခုအချိန်မှာ အသက် နည်းနည်း ရလာတော့ အဲဒီလိုမျိုးတွေကို သိပ် စိတ် မရှည်ချင်တော့ဘူး။ တကယ် စိတ်ဝင်စားရင်တော့ ဘယ်အလုပ်မဆို လုပ်ဖြစ်မှာပါ။ ထွန်းအိန္ဒြာဗိုရဲ့ အနုပညာ သက်တမ်း ၂၂နှစ် အတွင်းမှာ အသက်အရွယ် ကွာဟသွားလို့ အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ခံယူ ချက်တွေ ပြောင်းလဲသွားတာက လွဲပြီး အနုပညာအလုပ် တွေက ပြောပလောက်အောင် သိပ်တော့ ထူးဆန်းတာမျိုး မရှိခဲ့ပါဘူး” လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့မှာ အဲလက်စ်၊ Rဇာနည်တိုနဲ့ အတူ သီဆိုမယ့် TRIO Show နဲ့ ပတ်သက်ပြီးလည်း ထွန်းအိန္ဒြာဗိုက..

”ဒီ Show ပွဲကို မြိုင်မြိုင် ဆိုင်ဆိုင်နဲ့ ပိုပြီးတော့ ပျော်စရာ ကောင်းအောင် ဆိုကြမှာပါ။ အချိန်မလောက်ရင် Solo တွေကို ဖြုတ်ပြီး အတွဲကို ဦးစားပေးဆိုမယ်။ ရင်ခုန်စရာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ် စိတ် ပါဝင်စားပြီး လုပ်တဲ့ပွဲ ဖြစ်တဲ့အတွက် တအား ပျော်စရာကောင်းမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့ ဖေဖော်ဝါရီ ၁ဝ ရက် နေ့မှာ သြစတြေးလျကို တစ်လ ကြာ ဖျော်ဖြေရေး သွားမှာ ဖြစ်ပြီး ပြန်လာရင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ် ရိုက်ကူးတဲ့ မြန်မာ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ်ကုန်မှ တစ်ကိုယ်တော် အခွေကို စလုပ်တော့မှာ ဖြစ်ပြီး နောက်နှစ်မှာ အချောသပ် ထွက်နိုင်ဖို့နဲ့ ကြိုးစားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဆက်လက်ပြီးလည်း ဖေဖော်ဝါရီ ၈ရက်နေ့ အမေစု ပညာရေး ကွန်ရက် အတွက် လင်းလင်း ဦးဆောင်ပြီး လုပ်မယ့် ရန်ပုံငွေပွဲမှာ အဆိုတော် ခုနစ်ယောက်နဲ့ ရှိုးဆိုဖို့ ရှိကြောင်းလည်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

Mဘွယ်