ရခိုင်က မွတ်ဆလင်ကျောင်းသား နယ်ရွှေ့ခွင့်

ပို့စ်တင်ချိန် - 1/24/2014 10:37:00 AM


စစ်တွေ တက္ကသိုလ် နဲ့ တောင်ကုပ် ကောလိပ်က မွတ်ဆလင် ကျောင်းသား တွေမှာ မှတ်ပုံတင် ရှိရင် နယ်ပြောင်းရွှေ့ သင်ကြားခွင့် ပြုတယ်လို့ မနှစ် နှစ်ကုန် ပိုင်းက ထုတ်တဲ့ စစ်တွေ တက္ကသိုလ် ရဲ့ ကြေညာချက်မှာ ပါရှိ ပါတယ်။

ဒါပေမဲ့ ရခိုင် ပြည်နယ်က မွတ်ဆလင် ကျောင်းသူ ကျောင်းသား အများစုမှာ မှတ်ပုံတင် မရကြ တဲ့အတွက် ဒီအမိန့်က အများစု အကျိုးမရှိ ဖြစ်နေတယ်လို့ ပြောဆို နေကြပါတယ်။

အလားတူပဲ ပြည်နယ် တလွှားက အဝေးသင် ကျောင်းသား တွေကို ဘူးသီးတောင်၊ စစ်တွေနဲ့ ကျောက်ဖြူမှာ အဝေးသင် တက္ကသိုလ် စာမေးပွဲတွေ မတိုင်ခင် စာစစ် ဌာန တွေ ဖွင့်ပေးမယ်၊ အနီးကပ် သင်တန်းတွေ ပေးမယ် ဆိုတာက လည်း အခြေအနေ မတည်မငြိမ် ဖြစ်နေလို့ သွားလို့ မလွယ်ဘူးလို့ သိရပါတယ်။

ရခိုင်မှာ ပညာ သင်ဖို့ ခက်နေတဲ့ မွတ်ဆလင် ကျောင်းသား တွေ ပြောင်းရွှေ့ သင်ကြားခွင့် အတွက် သီတဂူ ဆရာတော် ခရီးစဉ်မှာ တိုက်တွန်းခဲ့တာ ဖြစ်ပေမယ့် မှတ်ပုံတင် ရှိမှ သွားနိုင်မှာ ဖြစ်လို့ တနည်း တလမ်း စီစဉ် ပေးဖို့ ရှိနေပါတယ်။

BBC Burmese