အလှူလုပ်နေစဉ်ပိုက်ဆံအိတ်(၅)လုံးပျောက်ဆုံးသွားသဖြင့်ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူ

ပို့စ်တင်ချိန် - 4/13/2014 03:09:00 PM


ရန်ကုန်၊ ဧပြီ ၁၃

၇.၄.၂၀၁၄ ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦးသိန်းနိုင်ဦးသည် မိသားစုနှင့်အတူ မှော်ဘီမြို့နယ်၊အောက်ဝါးနက်ချောင်း
ကျေးရွာရှိ ဓမ္မဒူတဘုန်းတော်ကြီးကျောင်းတွင် အလှူလုပ်ကာ သံဃာများ
အားဆွမ်းကပ်နေစဉ် ဆွမ်းစားဆောင်ဒုတိယထပ် အပေါက်ဝရှိ ပစ္စည်းတင် စင်ပေါ်တွင် တင်ထားသော အတွင်း၌ငွေများထည့်ထားသည့် ပိုက်ဆံ
အိတ်(၅)လုံး စုစုပေါင်းတန်ဖိုး ငွေကျပ်(၁၇၉၅၅၀၀)မှာ ပျောက်ဆုံးနေသည်
ကိုတွေ့ရှိရသဖြင့် ခိုးယူသူအား အရေးယူပေးပါရန် တိုင်းတန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း(ပ)၂၀၃/၂၀၁၄၊ ပြစ်မှုပုဒ်မ၃၈၀ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူကို စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာမှ ပြစ်မှုကျူးလွန်သူမှာ အောင်ကျော်သက်၊ (၂၃)နှစ်၊ (ဘ)ဦးလှဝင်း၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
နေသူဖြစ်ကြောင်းသိရှိရသဖြင့် စုံစမ်းရှာဖွေဖမ်းဆီးခဲ့ပြီး သက်သေခံ
ပစ္စည်းများသိမ်းဆည်းကာ ဆက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police