မြ၀တီမြို့ယာဉ်တိုက်မှု

ပို့စ်တင်ချိန် - 4/13/2014 09:37:00 PM


12.4.2014 ညနေ ငါးနာရီသုံးဆယ့်ငါး မီးစက်ကုန်းလမ်း ယာဉ်တိုက်မှု အမျိုးသမီးနှစ်ဦးမှာ wave100ဆိုင်ကယ် taxi ဖြင့် ပေါင်းသုံးဦးစီးနင်လာပြီး ၊ ယာဉ်တိုက်သူ အမျိုးသမီးမှာ toyota brevis
ကားဖြင့် တစ်ဦးတည်းလာရောက်တိုက်ခြင်းဖြစ် ကားမှာ မြ၀တီမြို့ရာဇာမင်းကားဂိတ်ဘက်မှ မီးစက်ကုန်းဘက်သို့ မောင်းနင်လာခြင်းဖြစ်သည် ဆိုင်ကယ်မှာ ရဲစခန်းဘက်မှ ဘုရင့်နောင်ဈေးကြီးဘက်သို့မောင်းနှင်ခြင်းဖြစ်သည် မိန်းကလေးတစ်ဦးမှာ ကားခေါင်မိုးပေါ်သို့ရောက်ရှိသွားပြီး ကျန်တစ်ဦးမှာ ကားအောက်မှ ခက်ခက်ခဲခဲ ကားအားပင့်၍ထုတ်ခဲ့ရပါသည်။ အခင်းဖြစ်ချိန်တွင် အတိုက်ခံရသူအမျိုးသမီးမှာ သတိရှိနေသော်လည်း ယာဉ်မောင်းဖြစ်သူအမျိုးသမီးမှာ သတိလစ်သွားသဖြင့် သူမကိုပါ မြ၀တီဆေးရုံသို့ပို့ဆောင်ခဲ့ရပါသည်။ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲအား စစ်ချက်တောင်းခံရာ မကင်းရာမကင်းကြောင်း အဖွဲ့အစည်းမှဖြစ်၍ မသိရပါဟုဖြေကြားပါသည် မည်သည်အဖွဲ့ကလည်းဟုထပ်မေးရာ အဆိုပါရဲမှာ သူ့အနေဖြင့်မသိရှိကြောင်းဖြေကြားခဲ့ပါသည်။

သိကြားမင်းကြီးဆင်းလာရင်လည်း ကင်းရာကင်းကြောင်း လမ်းရှင်းရာရှင်းကြောင်းတောလမ်းမှဆင်းလာလျှင် အန္တရာယ်ကင်းနိုင်ပါသည်











Myat Ko Ko Hlaing
Ygn News (www.ygnnews.com)