အီတလီနိုင်ငံ ရောမမြို့မှာ လူ ၂ သောင်းကျော် ဆန္ဒပြ

ပို့စ်တင်ချိန် - 4/13/2014 10:05:00 PM


အီတလီနိုင်ငံ ရောမမြို့တော်မှာ နိုင်ငံတ၀ှမ်းက လူပေါင်း ၂ သောင်းလောက် ပါဝင်တဲ့ ဆန္ဒပြပွဲ ဧပြီလ ၁၃ နေ့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။

အစိုးရရဲ့ အိုးအိမ်စီမံကိန်း၊ အလုပ်အကိုင် အစီအစဉ်နဲ့ လူမှုဖူလုံရေး အစီအစဉ်တွေအပေါ် မကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလမှာ အာဏာရလာတဲ့ ၀န်ကြီးချုပ် မတ္တီရို ရန်ဇီ လက်ထက်မှာ ပထမဆုံး ပေါ်ပေါက်လာ တဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးကို ကယ်တင်ဖို့ ဆိုရင် အလုပ်လက်မဲ့ပြဿနာကို အရင်ဆုံး ဦးစားပေး ဖြေရှင်ေးပးဖို့ လိုပါတယ်။ ဒါပေမယ့် ၀န်ချုပ်ချုပ်ဟာ သူ့ရှေ့က ၀န်ကြီးချုပ်တွေလိုပဲ ဒီပြသနာတွေကို ဖြေရှင်းနိုင်စွမ်း မရှိပါဘူးလို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။ အဓိက လမ်းမတွေကို ပိတ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့အတွက် လိုင်းကား ၄၀ လောက်ဟာ ပုံမှန်လမ်းကြောင်းတွေကို ပြောင်းလဲပြီး ပြေးဆွဲနေရပါတယ်။

ဆန္ဒပြပွဲတွေကြောင့် အရောင်းအ၀ယ်လုပ်ငန်းတွေအပေါ်မှာလည်း ထိခိုက်နေပါတယ်။ ဈေးတွေ၊ ဆိုင်ခန်းတွေကို ပိတ်ထားရပါတယ်၊ ရဲအင်အား ၁၅၀၀ ကိုလည်း စေလွှတ်ပြီး ထိန်းသိမ်း ခိုင်းထားရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ဆန္ဒပြပွဲတွေဟာ နိုင်ငံတ၀ှမ်းလုံးမှာ ပျံ့နှံ့နေပါတယ်။ လေယာဉ်လိုင်းတွေ၊ ရထားလိုင်းတွေရဲ့ သပိတ်တွေလည်း ဧပြီလ ၁၁ ရက်နေ့က စလို့ ပေါ်ပေါက်နေပါတယ်။ မြို့ငယ်တချို့မှာ ကျောင်းတွေကို အကန့်အသတ်မရှိ ပိတ်ထားရပါတယ်။

DVB Burmese