ဗန်းမော်ထောင်က ပစ္စလက်ခတ်စွန့်ပစ်ထားတဲ့ မိလ္လာပုံများကို ဖုန်းဖြင့်ဓာတ်ပုံရိုက်သူ ဖုန်းအသိမ်းခံရပြီး အချုပ်ထဲတစ်ညအိပ်ရသည့်အပြင်တရားစွဲခံထားရ

ပို့စ်တင်ချိန် - 6/08/2014 12:29:00 PM




“ကျွန်တော်က နခ/၇၅၅၊ စည်ပင်သာရပ်၊ နောင်ခိုအုပ်စုမှာ နေပါတယ်။ စမ္ပာနဂိုခေတ်ကတည်း ကရှိခဲ့တဲ့ “ဝေသာလီ” ရွာကို အခုတော့ “စည်ပင်သာ”လို့ခေါ်ပါ တယ်။ ကျွန်တော်က ၂၀၁၁ ခုမှာ “အူ” တီဘီအကျိတ်ကြောင့် ခွဲစိတ်  ထားရပြီး ဆိုင်ကယ်တိုက်မိတုန်း ကလည်းဦးခေါင်းကို ထိခိုက်ထားပါ တယ်။ အလေးအပင်မမနိုင်လို့ မနက်ခင်းနောင်ခိုဈေးနဲ့ ညနေဆို ရင်ကမ်းနားဈေးမှာ ကုန်စိမ်းရောင်း တယ်။

အလုပ်ကြမ်းမလုပ်နိုင်ပါ ဘူး။ ညမိုးချုပ်မှ အိမ်ပြန်ရောက် ပြီး အနးယူချိန်လေးမှာ မခံနိုင် လောက်အောင်နံတဲ့ အပုပ်နံ့တွေ ကြောင့် ခေါင်းအရမ်းကိုက်ပါ တယ်။
၇.၄.၂၀၁၄ နေ့ ဦးလေး ရဲ့ ရက်လည်ဆွမ်းကျွေးမှာ ဆိုးဝါး တဲ့ အနံ့တွေလှိုင်နေလို့တရားနာ သူများက တရားကောင်းကောင်း  မနာရဘူးလို့ပြောနေကြသလို ပင့်သံဃာတွေကပါ ဆွမ်းမဘုဉ်း နိုင်လောက်အောင်ဖြစ်ရကြောင်း မိန့်ကြားသွားလို့ဆွမ်းကိစ်္စလည်းပြီး ရော အနံ့ဆိုးဘယ်ကလာတယ်ဆို တာလိုက်ရှာတယ်။

စပါးခွံဖွဲမီးနဲ့ အုတ်ဖုတ်တဲ့ ဆီကအနံ့ဆိုးတွေနဲ့ ပရမ်းပတာပစ်ထားတဲ့ ထောင်မိလ္လာအညစ်အကြေးတွေရဲ့   အပုပ်နံ့ဆိုးတွေကို (၇) နှစ် (၈) နှစ်မကဆက်တိုက်ခံစားခဲ့ရတယ်။

လွန်ခဲ့တဲ့နှစ်က စုပေါင်းလက်မှတ် ရေးထိုးပြီးတိုင်ကြတာကြောင့် မြို့ နယ်စစ်ဆေးရေးအဖွဲ့ကစစ်သွား တယ်လို့ကြားလိုက်တယ်။ အဲဒီ နောက်အနံ့ဆိုးတွေလည်းပျောက်သွား  တယ်။

အခုမိုးမ၀င်သေးဘူး။ အနံ့ ဆိုးတွေပြန်ပြီးနံလာတာ (၄) လ  လောက်ရှိပြီ။ ထောင်မိလ္လာပစ်တဲ့ နေရာနဲ့ ရပ်ကွက်နောက်ကျောက ကပ်ကပ်လေး။ ကျွန်တော်တို့အိမ် နောက်နဲ့ဆိုလျှိုပဲခြားတယ်။ လျှို ပေါ်တက်လိုက်ရင်ထောင်ဝင်းထဲ ရောက်တာပဲ။ စည်းရိုးတွေ၊ ခြံ တွေဘာမှမကာထားဘူး။ “ကန့် သတ်နယ်မြေမ၀င်ရ”ဆိုတာမျိုး တွေလည်း ရေးမကပ်ထားဘူး။

ထောင်အပြင်ဘုတ်အကျဉ်းသား တွေနဲ့ အစောင့်ဝန်ထမ်းတွေ ရံဖန်ရံခါရွာထဲကို ဒီလိုပဲဝင်ထွက်  ဖြတ်သွားနေကျဆိုတော့ ကျွန်တော်လည်းလျှိုအပေါ်ကုန်းထိပ် ပေါ်တက်ကြည့်လိုက်တဲ့အခါမှာ ထောင်ကပစ်္စလက်ခတ်ပစ်ထားတဲ့ ကျွတ်ကျွတ်အိတ်တွေ၊ အမှိုက်တွေ၊ ကျင်းမတူးဘဲ စွန့်ပစ်ထားလို့မြေပြင် ပေါ်ဗွက်ပေါက်နေတဲ့ မစင်အိုင် တွေနဲ့ မိလ္လာကန်ပိုက်ထဲက ယိုစိမ့်ကျနေတဲ့ မစင်အိုင်တွေ တွေ့ရလို့ ဓာတ်ပုံရိုက်ပြီး ရပ်ကွက်   လူကြီးကိုပြမလို့စိတ်ကူးရတာနဲ့ ဖုန်းကင်မရာနဲ့ (၁၃) ကွက်ရိုက် တယ်။

အဲဒီအချိန်မှာ ထောင်မှူး လေးနိုင်ထွန်းနဲ့ အပြင်ဘုတ်အကျဉ်း  သားအဖွဲ့က ကိုက်အစိတ်ခန့် အကွာကနေလှမ်းခေါ်တယ်။ မရိုးမသားဆိုရင်လှည့်ပြေးမှာပေါ့။  ဘာဂရုစိုက်စရာရှိလဲ။ အေးအေး ဆေးဆေးပဲ လမ်းလျှောက်သွား လိုက်တယ်။

သူကထောင်မှူးလေး ဆိုတော့ “မိလ္လာအပုပ်နံ့ဆိုးတွေ အရမ်းနံလွန်းတာကြောင့် မိလ်္လာကို   စနစ်တကျစွန့်ပစ်ပေးဖို့ပြောလိုက်ရင်ရပ်ကွက်လူကြီးကိုတောင်ပြော ပြစရာမလိုတော့ဘူး လို့တွေးပြီး ခပ်သွက်သွက်လျှောက်သွားတာ ပေါ့။ သူတို့အနားလည်းရောက်ရော  ဖုန်းတောင်းကြည့်ပြီး ထောင်ဗူး ထဲခေါ်သွားတယ်။

ကျွန်တော်က လည်း အထဲရောက်ရင်ထောင်ပိုင် ကြီးကိုပါတင်ပြလို့ရမယ်ထင်ပြီး တက်ကြွစွာနဲ့ လိုက်သွားတယ်။ အထဲလည်းရောက်ရောစကားတစ်ခွန်း မှမပြောခိုင်းဘူး။ မိဘနဲ့ ရပ်ကွက်   အုပ်ချုပ်ရေးမှူးကိုအကြောင်းကြား  ပေးပါလို့ပြောလည်းမရဘူး။ ခဏ နေတော့ ရဲစခန်းခေါ်သွားပြီး အချုပ်ခန်းထဲ တန်းထည့်လိုက်တာပဲ။ ညနေ ၅ နာရီခန့်မှာ ထောင်ပိုင်း  ကြီးရောက်လာပြီး “ဓာတ်ပုံဘာ ကြောင့်ရိုက်တာလဲ။

အနံ့အသက်  ဆိုးတွေနံတယ်ပြောရအောင် မင်းအိမ်နဲ့ မင်းတို့ရွာက ငါ့ထောင်   ဘေးလာကပ်ဆောက်တာလား။ ငါ့ထောင်ကမင်းအိမ်နဲ့ ရွာဘေး  လာကပ်ဆောက်တာလား”လို့မေး  ပါတယ်။ ပြီးတော့ အာမခံပေးလို့ ရတဲ့ အမှုကို မိဘနဲ့ ရပ်ကွက်ကလူ တွေ အာမခံဖို့ရောက်လာပေမဲ့ ရဲက အာမခံမပေးဘူး။ အချုပ်ထဲ တစ်ညအိပ်လိုက်ရတယ်။

နောက် နံနက် (၁၁) နာရီခန့်မှာမှ အာမခံ နဲ့ လွှတ်ပေးတယ်။ ကျွန်တော့်ရဲGSM(၀၉ ၄၀၀၀၄၅၆၃၀) ဖုန်းကတ် Memorymg Hua Wei  အမျိုး အစားဟန်းဆက်တွေကို ထောင် မှူးလေးကပြန်မပေးတော့ဘူး။ ဘာလက်မှတ်မှလည်း မထိုးခိုင်းဘဲ သိမ်းသွားတယ်လို့စည်ပင်သာ ရပ်ကွက်နေဦးတင်ညို၏သားကိုကျော်  စိုးသူ (ခ) ကုလား (၂၉/၂၀၁၄) နှစ် (၁/ဗမန (နိုင်) ၀၇၇၅၉၁) ကပြောပါတယ်။
အဲဒီလိုခဲ့တာ တစ်လခန့်  ရှိသွားပါပြီ။ ဗန်းမော်အကျဉ်း ထောင်ဖုန်း (၀၇၄၅၀၃၈၉) သို့ ဖုန်းခေါ်ဆိုပေမယ့်ဆက်သွယ်လို့မရ    ပါ။ ဖုန်းမကိုင်တာလား၊ ဖုန်းလိုင်း    ပျက်နေတာလားမသိ။ ဗန်းမော် ကဖုန်းလိုင်းတွေအဆင်မပြေတာ (၄) လခန့်ရှိနေပြီကိုး။ အကျဉ်း ဦးစီးအရာရှိဦးခင်မောင်ချိုကတရား  လိုပြုလုပ်တိုင်ကြားတာကိုဗန်းမော်  ရဲစခန်းက (ပ) ၉၀/၂၀၁၄၊ ခွင့် ပြုချက်မရှိဘဲဝင်ရောက်မှုပုဒ်မ (၄၄၇) ဖြင့် အမှုဖွင့်ထားကြောင်း  အမှုစစ်ရဲအုပ်ဇော်ဦးထံကသိရ တယ်။
သတင်းအတည်ပြုနိုင်ရန် စည်ပင်သာရပ်ကွက်အတွင်းသွား  ရောက်မေးမြန်းရာ “စနစ်တကျ စွန့်ပစ်ခြင်းမရှိတဲ့မိလ္လာအနံ့ဆိုး များနဲ့ လူနေရပ်ကွက်အနီးစပါး  နှံဖွဲမီးနဲ့ အုတ်ဖုတ်ခြင်းတို့ကြောင့်  လွန်ခဲ့သည့် (၈) နှစ် (၉) နှစ်ခန့် ကတည်းက (၂၄) နာရီပတ်လုံးပျံ့လွင့်    နေတဲ့အပုပ်နံ့ဆိုးများကို ရပ်ကွက်နေသက်ကြီးရွယ်အိုများ ကိုယ်ဝန်ဆောင်များ ကလေးသူ ငယ်များက ကျန်းမာရေးပိုပြီးထိ ခိုက်ရတာမို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်  ဆွေထံစုပေါင်းလက်မှတ်ရေးထိုး ပြီး တင်ပြခဲ့ကြကြောင်း ဦးကျော် ဆွေရဲ့ဆက်လက်ဆောင်ရွက်ပေး မှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး ခေါင်းဆောင်တဲ့မြို့နယ်ကွင်း ဆင်းစစ်ဆေးရေးအဖွဲ့က (၁၁/၁၂/၁၄) နေ့တွင် ကွင်းဆင်း  စစ်ဆေးခဲ့ကြောင်း ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ကဆိုတယ်။
မြို့နယ်ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ရဲ့တွေ့ရှိချက်များကို (၁၉/ ၁၂/၂၀၁၃) နေ့စွဲပါစာအမှတ် ၅/၃-၁၃/ မနအ (၄၀၈၆)နဲ့ ခရိုင် ထွေ/အုပ် ရုံသို့ဓာတ်ပုံ အထောက်အထားများဖြင့် တင်ပြ  ရာမှာမြေယာအက်ဥပဒေအရ  နည်းဥပဒေများအနက် နည်းဥပဒေ (၂၉) ပါသတ်မှတ်ချက်များကို ဖောက်ဖျက်သကဲ့သို့ဖြစ်ခြင်း၊ အုတ်ဖုတ်လုပ်ငန်းလိုင်စင်ပါ။ လမ်းမကြီးနဲ့ ပေ (၆၀၀) အကွာ မှာ မရှိခြင်း၊ လူနေအိမ်များနဲ့ ပေ (၃၀၀) အကွာမှာမရှိခြင်း၊ စည်ပင်နယ်နိမိတ်ထုံးလုပ်နည်းများနှင့် မညီကြောင်း အကျဉ်းဦးစီးဌာန နယ်နိမိတ်နဲ့ လူနေရပ်ကွက်ရှိနေ အိမ်များအကွာအဝေးမှ ပေ (၃၀၀) မှ ပေ (၅၀၀) အတွင်းရှိပြီး မိလ္လာ  များကို အနောက်ဖက်ကုန်းစောင်း ဆင်ခြင်လျှောမှာ တစ်နေ့ (၄) ကြိမ်သွန်ချစွန့်ပစ်နေမှုကြောင့် အဖုံးအကာကင်းမဲ့နေတဲ့မြေပြင်  ပေါ်မှာ မစင်ဖတ်များတင်နေပြီး မစင်ရည်များမှာ ကုန်းစောင်း အောက်ရှိငါးမွေးကန်အတွင်းကျ ရောက်ကြောင်း ကန်တစ်ဖက်ရှိ ရပ်ကွက်နေအိမ်များသို့မစင်အနံ့ ဆိုးများ ပျံ့လွင့်နေကြောင်းပါရှိ တယ်လို့ထောင်မိလ္လာစွန့်ပစ်မှုရာ ဇ၀င်ဟောင်းကိုပါ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်များထံက သိရ  တယ်။

စစ်မှုထမ်းဟောင်းတစ်ယောက်  က “ကျွန်တော်တို့ရပ်ကွက်သားလူ  ငယ်လေးကရိုက်ချင်လို့ရိုက်တာ မဟုတ်ပါဘူး။ အကျဉ်းထောင်က ပစ်ချင်သလိုပစ်လို့ဖြစ်တာပါ။ တာဝန်ယူမှု၊ တာဝန်ခံမှုမှမရှိတာ ကိုး။ မိလ္လာပုံကို ဓာတ်ပုံသွားရိုက်  ဖို့နေနေသာသာဘယ်သူမှ ချေး (ချီး) ပုံနားမသွားချင်ကြပါဘူး။  လွန်ခဲ့တဲ့နှစ်က မြို့နယ်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တွေလာစစ်တယ်။

မကြာခင်မှာပဲ ဖားကန့်လွှတ်တော်  ကိုယ်စားလှယ်ဦးဆောင်တဲ့ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  အဖွဲ့လာပြီးစစ်ပြန်တယ်။ အဲဒီ နောက်အတော်လေးကောင်းသွား ပြီးမကြာပါဘူး။ အရင်တုန်း အတိုင်းအနံ့တွေက ပြန်ပြီးဆိုး တာပဲ။ ပြည်သူ့အသံ လွှတ်တော်  အသံလို့ပြောနေချိန်မှာ အခုအမှု က အတော်စိတ်ဝင်စားစရာကောင်း  ပါတယ်”လို့ဆိုပါတယ်။



ဦးဦးငြိမ်း(ဗန်းမော်)                                                                                                            Hot News Weekly