ပေါ်တီကိုတွင် လှေကားဖြင့်တက်၍ မီးချောင်းတပ်ဆင်ရာမှ ဓါတ်လိုက်ပြုတ်ကျသေဆုံး

ပို့စ်တင်ချိန် - 6/08/2014 12:15:00 PM


ရန်ကုန်၊ ဇွန် ၇

၆.၆.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်တွင် မရမ်းကုန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပဆေးရုံသို့ အမျိုးသားတစ်ဦး
ဓါတ်လိုက်သေဆုံးရောက်ရှိလာကြောင်းသတင်းအရ သွားရောက်
စစ်ဆေး ရာ သေဆုံးသူမှာ မရမ်းကုန်းမြို့နယ်နေ ပရိဘောဂ
အလုပ်သမား ကိုအောင်မျိုးလှိုင်၊ (၂၆)နှစ်ဖြစ်ပြီး ၎င်းတွင် လက်ဖ၀ါး
ညိုမဲဒဏ်ရာနှင့် ၀ဲမျက်လုံးဘေးစုတ်ပြဲဒဏ်ရာများရရှိထားသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၁၈၀၀ အချိန်ခန့်က ၎င်းအလုပ်လုပ်ကိုင်သော ပရိဘောဂအလုပ်ရုံရှေ့ အမြင့်(၈)ပေခန့်ရှိ ပေါ်တီကိုတွင် လှေကား
ဖြင့်တက်၍ မီးချောင်းတပ်ဆင်ရာမှ ဓါတ်လိုက်ခဲ့ပြီး ပြုတ်ကျခဲ့သဖြင့်
ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရ
ပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ မရမ်းကုန်းမြို့မရဲစခန်းသေမှုသေခင်း
အမှတ်စဉ် (၁၀/၂၀၁၄) ဖြင့် ရေးဖွင့် ကာ စုံစမ်းစစ်ဆေးလျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police