ချစ်သက်သေပြကာ ကားရှေ့ဝင်ပြေးအတိုက်ခံပြီး သေဆုံးခဲ့သည့် တက္ကသိုလ်ကျောင်းသားအမှုတွင် ယာဉ်မောင်းဖြစ်သူအား သေဆုံးသူ၏မိဘများမှ ကျေအေးပေး

ပို့စ်တင်ချိန် - 6/28/2014 04:43:00 AM



အခင်းဖြစ်ပွားခဲ့သည့် ဘီအမ်ကား (DagonUniversity StudentsUnion)

ဒဂုံတက္ကသိုလ်ကျောင်း အတွင်း ယာဉ်တိုက်၍ သေဆုံးခဲ့ သည့် ကျောင်းသားအမှုမှ ယာဉ် မောင်းကို ကျောင်းသားမိဘဘက် က အမှုကျေအေးပေးထားသော် လည်း ဇွန်လ ၂၆ ရက်တွင် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ဖမ်းချုပ်ခဲ့ကြောင်း ဒဂုံအရှေ့မြို့နယ် အမှတ် ၃၉ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သတင်းရရှိသည်။

ဒဂုံတက္ကသိုလ်ကျောင်း ၀င်း အတွင်း ဇွန်လ ၁၂ ရက်က ဒုတိ ယနှစ်ဥပဒေကျောင်းသားတစ်ဦး ၎င်း၏ ချစ်သူနှင့် စကားများရန် ဖြစ်ပြီး ကျောင်းဝင်းအတွင်း မောင်းနှင်လာသည့် တက္ကသိုလ်ကြို့ပို့ယာဉ်ဘီအမ်ကားရှေ့သို့ ဖြတ်ပြေးကာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူကို ဒဂုံအရှေ့ မြို့နယ်ရဲစခန်း၌ အမှုဖွင့်ဖမ်း ဆီးချုပ်နှောင်ခဲ့ပြီး ဇွန်လ ၂၆ ရက်တွင် ယင်းအမှုကို တရားစွဲဆိုရန် ဥပဒေအရာရှိထံ တင်ပြပေးပို့ခဲ့ပြီး ၎င်းကိုဒုတိယရာမန်ချုပ်ရက် ယူကာ ယင်းနေ့မှာပင် အင်းစိန် အကျဉ်းသို့ ပြောင်းရွှေ့ဖမ်းဆီး ချုပ်နှောင်ခဲ့ကြောင်း သတင်းရရှိ သည်။

‘‘ဒုတိယချုပ်ရက်ယူပြီး ဒီနေ့ ညနေမှာပဲ သူ့ကိုအင်းစိန်ထောင်ပို့ မယ်။ ဒီအမှုကို ကျောင်းသားမိဘ ဘက်က ကျေအေးပေးထားတယ်။ ကျေအေးပေးကြောင်း စာချုပ်ကတော့ တရားရုံးမှာ တရားဝင်မဖြစ်သေးဘူး။ ရဲလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ တရားရုံးက အဆင့် ဆင့်ပေးပို့ပြီး တရားသူကြီးလက် ထဲကို ရောက်မှ ကျေအေးကြောင်း က တရားဝင်ဖြစ်မယ်။ အဲဒီလို တရားဝင်ဖြစ်ဖို့က အနည်းဆုံး တစ်လနှစ်လလောက်ကြာမယ်’’ ဟု ယင်းအမှုကို တရားလိုပြု၍ အမှုဖွင့်တိုင်ကြားထားသော ယာဉ်မှုစစ်ရဲအုပ်ယဉ်ဌေးကပြောသည်။

‘‘ကားသမားရဲ့ဖြစ်စဉ်တွေ ကိုလည်း အားလုံးသိတာပဲ။ ဒီတော့ မိဘတွေဘက်ကလည်း ကျေအေးပေးထားတယ်။ သူတို့ သဘောဆန္ဒနဲ့ပဲ ကျေအေးပေး တာ’’ဟု ဒဂုံတက္ကသိုလ်ကျောင်း သားသမဂ္ဂ ဥက္ကဋ္ဌ မောင်ကောင်းကပြောသည်။

ယင်းအမှုတွင် ဖမ်းဆီးခံထားရ သော ယာဉ်မောင်းအား ဒဂုံတက္က သိုလ်ကျောင်းသားသမဂ္ဂက တရားဥပဒေဘောင်အတွင်းမှ အမှုမှန် ပေါ်ပေါက်သည်အထိ လိုက်လံ ကူညီဆောင်ရွက်ပေးမည်ဖြစ် သည်။ ယခုအခါယင်းအမှုတွင် မျက်မြင်သက်သေ ခုနစ်ဦးထားရှိ ထားပြီး ၎င်းတို့အနက် သေဆုံးသူ ၏ ရည်းစားဖြစ်သူ မိန်းကလေး လည်းပါဝင်ကြောင်း သတင်းရရှိ သည်။

ထို့အပြင်အခင်းဖြစ်ပွားခဲ့ စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ဖြစ်သူ ညီညီအောင်က‘‘အခုအမှု ကိစ္စကို အားလုံးကူညီပေးထားပါ တယ်။ အခင်းဖြစ်တဲ့နေ့က ကျွန် တော်ကကားကို အရှိန်နဲ့မောင်း လာတာမဟုတ်ပါဘူး။ ဒါကြောင့် မို့လည် ချက်ချင်းမသေတာ။ ကောင်လေးက သူ့ရည်စားနဲ့ ပလက်ဖောင်းပေါ်ရပ်နေရင်းကား ရှေ့နှစ်ပေ၊ သုံးပေအကွာ လောက်ကို ဖြတ်ပြေးလာတာ။ ဖြစ်ဖြစ်ချင်း ကျွန်တော်လည်း ဒူးတွေတုန်၊ ခြေထောက်တွေတုန်နေတာ။ ကျွန်တော်လည်း ပူထူနေတော့ ထိုင်ငိုနေတာ။ နောက်ကားနဲ့ ကျောင်းသားကို ဆေးရုံခေါ်သွားတာ။ ကားပေါ်မှာ ခရီးသည်တွေပါတော့ဘေးထိုးချပြီး မကွေ့တော့တာ။ဘရိတ်ကိုနင်းလိုက်ပေမယ့်လှိမ့်ပြီးတိုက်မိသွားတာ’’ဟု ဆိုသည်။

‘‘အစ်ကိုတို့က ဥပဒေအရ လိုင်စင်ရယာဉ်မောင်းတစ်ဦးဟာ ဘယ်သတ္တ၀ါကိုမှတိုက်လို့မရ ဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့သေ ကြောင်းကြံစည်တယ်ဆိုရင် အဲဒါ ကို တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ တရားသူကြီးပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိ တယ်။ ကိုယ်တို့ကတော့ တင်ပေး ရမှာပဲ။ သူကတော့ တစ်နာရီကို မိုင် ၃၅၊ ၄၀ နဲ့ မောင်းလာတာ။ ဒီအမှုအပေါ် သုံးသပ်ရမယ်ဆိုရင် ကွင်းလုံးကျွတ်တာထက် ပုဒ်မ ပြောင်းပြီးသွားနိုင်တဲ့ အနေအ ထားရှိတယ်’’ဟု ရဲအုပ်ယဉ်ဌေးကပြောသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး လိုက်လံကူညီဆောင်ရွက်ပေးနေ သော ကျောင်းသားသမဂ္ဂက ဒုဥက္ကဋ္ဌထွန်းမင်းခန့်က ‘‘အမှုမှန်ပေါ်ပေါက်ဖို့ အဆုံးအထိ ကူညီသွားမှာပါ။
ကျွန်တော်တို့နိုင်ငံမှာ ဥပဒေပြဋ္ဌာန်းချက်နဲ့ လုပ်နေတာတွေ လွဲနေတာတွေရှိတယ်။ တကယ်ဆို ဒီယာဉ်မောင်းက တရားခံမဟုတ်ပါဘူး။ ကျွန်တော်တို့ဘက် ကသက်သေအထောက်အထား အပြည့်အစုံတင်ပြမယ်။ ဟိုဘက် ကလည်း ကျေအေးပေးထားတယ်ဆိုရင် အပြစ်ကနေလွှတ်ပေးသင့်ပါတယ်’’ဟု သုံးသပ်ပြောသည်။

ယာဉ်မောင်းဖြစ်သူကို ပြစ်မှု ဆိုင်ရာ ပုဒ်မ ၃၀၄ (က)ဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ဒဂုံ အရှေ့မြို့မစခန်းတွင် ဇွန်လ ၁၂ ရက်က အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။
အမှုတရားဝင်ကျေအေးရန် မြို့နယ်မှုခင်းမှတ်တမ်းရုံးမှ မြို့ နယ်ရဲစခန်းမှ စခန်းမှူးထံ၊ ထိုမှ တစ်ဆင့်ခရိုင်မှူး၊ တိုင်းမှူးထံ အဆင့်ဆင့်တင်ပြရမည်ဖြစ်ပြီး တရားရုံးဘက်ကလည်း မြို့နယ်အဆင့်၊ ခရိုင်အဆင့်သဘောတူညီချက်တောင်းခံပြီးမှသာ တရားသူကြီးက အမှုကျေအေးခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည်။

7Day Daily