အထည် ၃၇ ထည် ခိုးယူသည့် အမျိုးသမီးနှစ်ဦးကို စီစီတီဗီမှ ခြေရာခံမိ

ပို့စ်တင်ချိန် - 6/28/2014 04:38:00 PM



အထည်ဆိုင်မှ ကျပ်ခုနစ် သိန်းကျော်တန်ဖိုးရှိအထည် ၃၇ ထည်ကို ခိုးယူခဲ့သည့် အမျိုးသမီးနှစ်ဦးကို စီစီတီဗီကင်မရာမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


မကွေးတိုင်းဒေသကြီး၊ ရေနံ ချောင်းမြို့၊ မြို့မတောင်ရပ်ကွက် ရှိ ရွှေကိန္နရီစတိုးဆိုင်တွင် ဇွန်လ ၁၈ ရက် နံနက်က တစ်ရပ်တည်း နေ အမျိုးသမီးတစ်ဦးနှင့် မိတ္ထီ လာမြို့နေ အမျိုးသမီးကြီးတစ်ဦး ရောက်လာပြီး အ၀တ်အထည် များဝယ်ကာ ပြန်ထွက်သွားကြ သည်။

ထို့နောက် ဆိုင်တွင်းရှိ အ ၀တ်အထည်များကို စစ်ဆေးရာ ပါတိတ်လုံချည်များ လျော့နေ သည်ကို တွေ့ရသောကြောင့် ဆိုင်၌ တပ်ဆင်ထားသော စီစီတီ ဗီကင်မရာ ကိုးလုံးကို ပြန်လည် စစ်ဆေး ကြည့်ရှုခဲ့သည်။

ထိုသို့စစ်ဆေးရာ ကင်မရာ နံပါတ် ၄ နှင့် ၆ ရှိ မှတ်တမ်းများ အရ ESTILO စပို့ရှပ်အင်္ကျီကိုး ထည်၊ ဂျော်ဒါးနိုးအင်္ကျီ တစ် ထည်၊ ESTILO အင်္ကျီငါးထည်၊ D2 အင်္ကျီလက်ရှည်ငါးထည်၊ ပါ တိတ်လုံချည် ၁၅ ထည် စုစုပေါင်း တန်ဖိုး ကျပ် ခုနစ်သိန်းကျော်ဖိုး ခန့် ခိုးယူသွားသည်ကို တွေ့ရှိရသည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဆိုင်ရှင်က အမျိုးသမီးနှစ်ဦး ကို အရေးယူပေးရန် ဇွန်လ ၂၅ ရက်တွင် တိုင်ကြားရာ ၎င်းတို့နှစ်ဦးကို ရေနံချောင်းမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ၂၀၁၃ ခုနှစ်အ တွင်းက လမ်းထိပ်တွင် စီစီတီဗီ ကင်မရာ တပ်ထားသည့် မန္တလေးမြို့မှ ကုမ္ပဏီတစ်ခု၏ဂိုဒေါင်ကို ၀င်ဖောက်ကာ လူသတ်ခဲ့သည့်အမှုမှ လူသတ်တရားခံများကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင် မြို့နယ်ရဲစခန်းများတွင်လည်း အမှု လာဖွင့်သူ၊ အချုပ်သားအခန်းနှင့် မသင်္ကာသူကိုစစ်ဆေးသည့်အခန်းများတွင် စီစီတီဗီကင်မရာများ တပ်ဆင်ထားသည်။

7day daily