၅၉ (စ) ပြင်ဆင်ရေးကိစ္စ လွှတ်တော်ကော်မတီ အင်္ဂါနေ့မှာ ဆွေးနွေးဖွယ်ရှိ

ပို့စ်တင်ချိန် - 6/08/2014 04:36:00 AM


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) တွေကို ဖွဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ လာမယ့် အင်္ဂါနေ့ အစည်းဝေးတွင်း ဆွေးနွေးနိုင်ဖို့ရှိတယ်လို့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ အမျိုးသားလွှ့တ်တော် ဒေါက်တာအေးမောင်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊

အသံဖိုင် နားဆင်ရန်