ရွှေမှုံရတီစာမေးပွဲမအောင်

ပို့စ်တင်ချိန် - 6/08/2014 11:40:00 AM



ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 သရုပ်ဆောင်ရွှေမှုံရတီ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်ခဲ့ကြောင်း သိရ သည်။

‘‘ကျန်းမာရေးမကောင်းတဲ့ ကြားထဲက သူဖြေထားတာပဲ။ မအောင်တာတော့သူ့ကံပေါ့။ စာမေးပွဲဖြေခါနီး ဆေးရုံတင်လိုက်ရတယ်။ ဆေးရုံဆင်းဆင်းချင်း သွားဖြေလိုက်ရတာ ဆိုတော့လေ’’ဟု ရွှေမှုံရတီ၏ မိခင်ကပြောသည်။

ရွှေမှုံရတီသည် တက္ကသိုလ် ၀င်တန်း  စာမေးပွဲမဖြေဆိုမီက ကျန်းမာရေးချူချာခဲ့ပြီး ဆေးကုသမှု အမြဲခံယူခဲ့ကြောင်း ၎င်း၏ မိခင်ကပြောသည်။

‘‘သမီးရဲ့ နှလုံးရောဂါက ထထဖောက်လာတော့ အဲဒါလေး ကို သိချင်လို့ အခုရက်ထဲမှာ ဘန်ကောက်သွားပြီး ဆေးသွား စစ်မယ်’’ဟု မိခင်ကပြောသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျရှုံးခဲ့ပြီး ထပ်မံဖြေဆိုရန် ရှိ၊မရှိ  မစဉ်းစားရသေးကြောင်း  ၎င်းက ပြောသည်။

ကြူကြူဟန်
7day daily