ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ထပ်ခြင်းကို မှတ်ပုံတင်ပေးသူနှင့် ပါဝင်ပတ်သက်သူများအား အရေးယူမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြောဆို

ပို့စ်တင်ချိန် - 7/12/2014 02:07:00 PM



ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ရိုဟင်ဂျာဒုက္ခသည်များ (မူရင်းသတင်းအသုံးအနှုန်း) နှင့် လက်ထပ်ခြင်းကို မှတ်ပုံတင်ပေး သူများ၊ ပါဝင်ပတ်သက်သူများကို အရေးယူသွားမည်ဟု ဘင်္ဂလား ဒေ့ရှ်တရားရေးဝန်ကြီး Anisul Huq က  ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရား ရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်က ပြုလုပ်သော နယ်မြေအုပ်ချုပ်ရေး အရာရှိများနှင့် တွေ့ဆုံပွဲအပြီး တွင် မီဒီယာများအား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

‘‘ရိုဟင်ဂျာတွေနဲ့ လက်ထက်ခြင်း မှတ်ပုံတင်တာ ဒီမှာတရားမ၀င်ပါဘူး။ မှတ်ပုံတင်ရာမှာ ပါဝင်ပတ်သက်တဲ့ မှတ်ပုံတင်အရာရှိတွေကို အရေးယူဖို့ နယ်မြေအုပ်ချုပ်ရေးအရာရှိတွေကို ညွှန်ကြားထားပါတယ်’’ ဟု တရားရေးဝန်ကြီးက ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်း များဖြင့် ဒေသခံများနှင့် ရိုဟင် ဂျာဒုက္ခသည်များ  လက်ထပ်ခြင်း များကို လျှော့ချနိုင်မည်ဟု မျှော် လင့်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ (Cox's Bazar) ဒေသတွင် ရိုဟင်ဂျာဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ အရေအတွက် နှစ်သောင်းခွဲခန့် ရှိသည်။ တရားဝင်အထောက်အထားများအရ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် မှတ်ပုံမတင်ထားသော ရိုဟင်ဂျာဒုက္ခသည် ဦးရေ အရေအတွက် နှစ်သိန်းကျော်ရှိကြောင်း New Age သတင်းဌာနက ရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ရို ဟင်ဂျာလူမျိုးများသည် မြန်မာ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာ သူများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မြန်မာနိုင်ငံတွင် မရှိကြောင်း  တရားဝင်ငြင်းဆို ထားသည်။

7day daily