ဇင့်ဓာတ်ပါဝင်သော အစားအစာများက ဆီးချိုသွေးချိုရောဂါမှာ အသုံးဝင်


ဇင့်ဓာတ်ဟာ ခုခံအားစနစ်ကို ထိန်းသိမ်းပေးခြင်း၊ အသားဓာတ် ပရိုတင်းကို ဖွဲ့စည်းခြင်း၊ အင်ဇိုင်းများ ထုတ်လုပ်မှုအားပေးခြင်းနဲ့ ဒီအင်အေ စတင်တည်ဆောက်မှုမှာ ပါဝင်ခြင်းစသော အာနိသင်တွေရှိနေတဲ့ သတ္ထုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒါတွေအပြင် ဆီးချိုသွေးချိုရောဂါမှာလည်း အသုံးဝင်တဲ့အကြောင်းကို လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ဇင့်ဓာတ်ဟာ ဆီးချိုသွေးချို ရောဂါရှင်များမှာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်တဲ့အတွက် ဆီးချိုသွေးချို ဝေဒနာရှင်တွေဟာ ဇင့်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးသင့်ကြောင်း ဖော်ပြလိုပါတယ်။
ပင်လယ်စာ
ပင်လယ်ကဏန်း၊ ကမာစတဲ့ အစားအစာတွေမှာ ဇင့်ဓာတ် ကြွယ်ဝနေပြီး အိုမီဂါ၃အဆီဓာတ်လည်း ပါဝင်မှုများပါတယ်။ ဒါ့အပြင် ကစီဓာတ်ကိုမတက်စေနိုင်ခြင်း၊သွေးတွင်းဂလူးကိုစ့် မြင့်တက်ခြင်းကို ကာကွယ်နိုင်ခြင်းတွေလည်း ပင်လယ်စာတွေမှာ ရှိနေပါတယ်။
ဟင်းနုနွယ်
ဟင်းနုနွယ်ရွက် စိမ်းစိမ်းလေးဟာ ကယ်လိုရီနဲ့ ကစီဓာတ်ပမာဏ အလွန်နည်းပါးတာကြောင့် ဆီးချို ဝေဒနာရှင်တွေရွေးချယ်သင့်တဲ့ ထိပ်တန်း ဟင်းသီးဟင်းရွက်ပဲ ဖြစ်ပါတယ်။
အစေ့အဆန်များ
သစ်ကြားစေ့၊ ဗာဒံစေ့၊ မြေပဲ စတဲ့ အစေ့အဆန်များကို သင့်တင့်မျှတတဲ့ ပမာဏစားသုံးပေးရင် သွေးတွင်းအချိုဓာတ် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကိုလက်စတီရော ထုတ်ပယ်ထားတဲ့ အစေ့အဆန်များကို ရွေးချယ်ဝယ်ယူ ဖို့တော့ လိုပါလိမ့်မယ်။
ဖရုံသီး
ဖရုံစေ့မှာ ဇင့်ဓာတ်မြင့်မားစွာ ပါဝင်နေပါတယ်။ ဖရုံစေ့ဟာ အမျိုးအစား-၁ ဆီးချိုသွေးချိုရောဂါရှင်တွေရဲ့ အင်ဆူလင်ထိုးနှံရမှု ပမာဏ ကိုလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဖရုံသီးကို စားသုံးပေးမယ်ဆိုရင် ကိုယ်ခန္ဓာထဲက အင်ဆူလင်ထုတ်လုပ်မှုကို မြင့်တက်စေပြီး ပျက်စီးနေတဲ့ ပန်ကရိယဆဲလ်များကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
သက်ကို
ref: ANI
Health Updates Journal

ခွန်အားဖြည့် အချိုရည်နဲ့ ယမကာ တွဲသောက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာ


ခွန်အားဖြည့်အချိုရည်နဲ့ ယမကာကို တွဲသောက်ခြင်းဟာ ယမကာကိုပဲ သောက်သုံးခြင်းထက် ပိုအန္တရာယ်များတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို Michigan Institute for Social Research မှ သုတေသီ Dr.Megan Patrick  မှဦးဆောင် လေ့လာခဲ့ပါတယ်။
ယနေ့ခေတ်မှာ လူငယ်တွေဟာ energy drinks တွေနဲ့ ယမကာကို ရောနှောသောက်သုံးမှု မြင့်တက်နေပါတယ်။ ဒါဟာ ယမကာကို သီးသန့်သောက်သုံးသူတွေအတွက် ယမကာအဆိပ်သင့်ခြင်း (alcohol poisoning)ကို ပိုဖြစ်စေနိုင်ပါတယ်။ လူငယ်တွေဟာ ပါတီနဲ့ပျော်ပွဲရွှင်ပွဲတွေမှာ အိပ်မငိုက်စေဘဲ နိုးနိုးကြားကြားရှိနေစေဖို့ အခုလို တွဲဖက်သောက်သုံးကြတာ ဖြစ်တယ်လို့  Dr.Megan Patrick က ပြောကြားခဲ့ပါတယ်။ ဒီလေ့လာမှုမှာ Penn State University မှ ကောလိပ်ကျောင်းသား ၆၅၂ဦးကို လေ့လာခဲ့ပြီး စာသင်နှစ် လေးနှစ်ကြာ လေ့လာခဲ့ပါတယ်။ စာမေးပွဲအပြီး ကာလတွေမှာ ပါတီတွေကျင်းပပြီး လူငယ်တွေဟာ ယမကာနဲ့ ခွန်အားဖြည့် အချိုရည်တွေကို ရောနှောသောက်သုံးကြတယ်လို့ သိရပါတယ်။
တွေ့ရှိရတာကတော့ ယမကာကို သီးသန့်သောက်သုံးတာထက်စာရင် ရောနှောသောက်သုံးသူတွေမှာ အသည်းကို ပျက်စီးမှုကိုဖော်ပြတဲ့ အင်ဇိုင်းပမာဏ မြင့်တက်နေတာကိုဓာတ်ခွဲစစ်ဆေးမှုများက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ အရက်နာကျခြင်း၊ အော့အန်ခြင်း၊ ယမကာအဆိပ်သင့်ခြင်းတွေကို ပိုမိုကြုံတွေ့ရတယ်လို့လဲ စစ်တမ်းကောက်ယူမှုမှာ ဖြေဆိုခဲ့ ကြပါတယ်။
ဒီလေ့လာမှုကို Journal of Adolescent Health မှာ ဖော်ပြထားပါတယ်။
ငြိမ်းအေး
ref;ANI
Health Updates Journal

ရင်သားကင်ဆာကုထုံးမှ ဘေးထွက်ဆိုးကျိုးများသက်သာစေရန် အပ်စိုက်ကုထုံးက ကူညီပေးနိုင်


လေ့လာမှုတစ်ခုအရ အပ်စိုက်ကုထုံးက ရင်သားကင်ဆာကုသမှုမှ အချို့သောကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများအား သက်သာစေကြောင်း တွေ့ရှိခဲ့ကြသည်။ ရင်သား ကင်ဆာဝေဒနာရှင် အများစုတွင်  ၎င်းတို့၏သွေးတွင်းရှိ အီစထရိုဂျင်ပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် aromatase inhibitor  အား သုံးစွဲရပြီး ၎င်း၏ ဘေးထွက်ဆိုးကျိုးအနေဖြင့်  ကြွက်သားများ၊ အဆစ်အမြစ်များ နာကျင်ခြင်း၊ အနီကွက်များ ထခြင်းတို့ဖြစ်တတ်လေသည်။ အမေရိကန်နိုင်ငံရှိ University of Maryland   မှ လေ့လာသူများက ရင်သားကင်ဆာဝေဒနာရှင်များမှ အထက်က ဝေဒနာခံစားနေရသူများအား  အပတ်စဉ် အပ်စိုက်ကုထုံးပေး၍ ရလဒ်အား စောင့်ကြည့်ခဲ့ရာ ဘေးထွက်ဆိုးကျိုးမရှိဘဲ လက္ခဏာများအား သက်သာစေကြောင်း တွေ့ ရှိခဲ့ကြသည်။ The National Institute for Care Excellence မှ လေ့လာသူများကလည်း အပ်စိုက်ကုထုံးအား ခါးနာခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် နာကျင်မှုများအား သက်သာစေရန် သုံးနိုင်သည်ဟု ထင်မြင် ချက်ပေးခဲ့သည်။

ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal

စုန်းမအိပ်မက် မက်သူနဲ့ စကားစမြည်


နှင်းထွဋ်ဆွေရဲ့ စုန်းမအိပ်မက် စီးရီး မျက်နှာဖုံး

လတ်တလော ထွက်ရှိထားတဲ့ စုန်းမအိပ်မက် ဆိုတဲ့ တေးစီးရီးကို သီဆိုထားသူ နှင်းထွဋ်ဆွေဟာ ဟစ်ပ်ဟော့ပ် အဆိုတော် ကျော်ထွဋ်ဆွေရဲ့ အစ်မ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပထမဆုံး တေးစီးရီးမှာ တေးရေး ရွှေဂျော်ဂျော်၊ ဖြိုးလေး၊ ကြည်သာ၊ N Zai၊ MC လွှမ်းပိုင်၊ ဆလိုင်း၊ ရဲရင့်၊ သိန်းလင်းစိုး၊ ရသ၊ သားကြီး၊ AKS ၊ ကျော်ထွဋ်ဆွေတို့ ရေးစပ်ထားတဲ့ တေးသီချင်း ၁၃ ပုဒ် ပါဝင်ပြီး ရသ၊ ရဲရင့် (One Way)၊ ကျော်ထွဋ်ဆွေ၊ N Zai ၊ Lil Z ၊ Jenny၊ နန္ဒီထွဋ်ဆွေတို့က Featuring သီဆိုပေးထား ပါတယ်။ Title သီချင်းဖြစ်တဲ့ စုန်းမအိပ်မက်ကတော့ တေးရေး ရွှေဂျော်ဂျော် ဖြစ်ပါတယ်။ အဲဒီ စီးရီးထဲက သီချင်း တချို့ကို ရှိုးပွဲတွေမှာ ဆိုနေတာ၊ ပရိသတ် လက်ခံနေတာတွေ တွေ့ရတဲ့အတွက် စုန်းမအိပ်မက်ရဲ့ အဆိုရှင် နှင်းထွဋ်ဆွေနဲ့ စကားစမြည် ပြောဆို ဖြစ်ခဲ့ပါတယ်။

မေး။     ။ နှင်းထွဋ်ဆွေရဲ့ အခုထွက်ထားတဲ့ စီးရီး အခွေအကြောင်း ပရိသတ်ကို ဟြေပေးပါဦး။

ဖြေ။     ။ နှင်းထွဋ်ရဲ့ ပထမဆုံးလုပ်တဲ့ တကိုယ်တော် စီးရီးလေးပါ။ စီးရီး နာမည်ကိုတော့ စုန်းမ အိပ်မက်လို့ ပေးထားပါတယ်။ နှင်းထွဋ်ရဲ့ အခွေ စုန်းမအိပ်မက်ထဲမှာ သီချင်းအားလုံး ၁၃ ပုဒ် ပါပါတယ်။ သီချင်းအားလုံး ကိုယ့်အကြိုက်တွေပဲ လုပ်ထား တာပါ။ STRING ၊ PRO နဲ့ D.R.E.A.M စတူဒီယိုတွေမှာ  သွင်းထားပါတယ်။

မေး။     ။ ဒီ စီးရီးလုပ်ခဲ့တုန်းက အမှတ်တရတွေ ရှိခဲ့လား။

ဖြေ။     ။ စီးရီး Title ဖြစ်တဲ့ စုန်းမ အိပ်မက်ကတော့ အမှတ်တရ အဖြစ်ဆုံးပါပဲ။ ခဏခဏ ပြန်သွင်းခဲ့ရပါတယ်။ အဲဒါကြောင့် အမှတ်တရ ဖြစ်ခဲ့တာပါ။ Key တွေ ချိန်ရတာလည်း ပါတာပေါ့လေ။ ကျန်တဲ့ သီချင်းတွေကလည်း အမှတ်တရ ရှိပါတယ်။

မေး။     ။ သီချင်း အမျိုးအစားတွေကရော ဘယ်လိုပုံစံမျိုးတွေ ပါလဲ။

ဖြေ။     ။ သီချင်းအမျိုးအစား တွေကတော့ Hip Hop, R&B, Pop နဲ့ Party Rock ပုံစံလေးတွေ ပါပါတယ်။

မေး။     ။ ဂီတကိုရော ဘယ်အရွယ် ကတည်းက ၀ါသနာပါခဲ့တာလဲ။

ဖြေ။     ။ နှင်းထွဋ်က ဂီတကို ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့တာပါ။ ငယ်ငယ် ကတည်းက သီချင်း နားထောင်ရတာကို ကြိုက်ခဲ့တာပေါ့။ နောက် အရွယ်ရောက်လာတဲ့ အချိန်မှာ သီချင်းဆိုချင်စိတ်တွေ ဖြစ်လာတာပါ။

မေး။     ။ မောင်ဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေကို အားကျပြီး လုပ်ဖြစ်ခဲ့တာလား။

ဖြေ။     ။ နှင်းထွဋ်ရဲ့ မောင်ဖြစ်တဲ့ ကျော်ထွဋ်ဆွေ ကိုအားကျပြီး လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ သူ အောင်မြင်တိုင်းလည်း ကိုယ် အောင်မြင်ချင်မှ အောင်မြင်မှာပါ။ ဂီတကို တကယ် ၀ါသနာပါလို့ လုပ်ခဲ့တာပါ။

မေး။     ။ ဘာလို့ စီးရီးနာမည်ကို စုန်းမ အိပ်မက်လို့ ပေးခဲ့တာလဲ။

ဖြေ။     ။ ကိုယ့်ကာရိုက်တာ နဲ့လည်း ပိုလိုက်သလို ဖြစ်တယ်လို့ ခံစားရသလို၊ ခပ်ကြမ်းကြမ်း လေးလည်းဖြစ်လို့ စုန်းမ အိပ်မက် နာမည်ကိုစီးရီး Title အဖြစ် ပေးခဲ့တာပါ။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဓာတ်ပုံ ကာဗာတွေကအစ စီစဉ်ခဲ့တာပါ၊
ဒီဇိုင်နာ တွေကိုလည်း ဟြေပြ တိုင်ပင်ခဲ့တာပါ။ အားလုံးကလည်း အစစအရာရာ ကူညီ ပေးခဲ့ကြပါတယ်။

မေး။     ။ ပရိသတ် အားပေးမှုကို ဘယ်လောက်အထိ မျှော်မှန်းထားလဲ။

ဖြေ။     ။ ကိုယ့်သီချင်းတွေကို ကိုယ်ကတော့ အားပေးမှုကို အဆုံးအထိ လိုချင်တာပေါ့။ ဒါပေမယ့် အားပေးတာ မပေးတာက ပရိသတ်တွေရဲ့ ဆန္ဒပါ၊၊

မေး။     ။ အခုရော ပွဲတွေမှာ ဆိုနေတာတွေ့ရတယ်နော်။

ဖြေ။     ။ အခု ရှိုးပွဲအကြီးတွေတော့ မဆိုရသေးပါဘူး။ ကိုယ့်သီချင်းတွေကို Promotion လုပ်တဲ့အနေနဲ့ ပွဲတွေ တချို့တော့ ဆိုပေး ဖြစ်ပါတယ်။ ပိုက်ဆံမရသေးတဲ့ ပွဲတွေပေါ့နော်။

မေး။     ။ VCD ရော ထွက်ဖို့ စီစဉ်ထားသေးလား။

ဖြေ။     ။ VCD ကို နောက်လထဲမှာ ရိုက်ဖို့တော့ မှန်းထားပါတယ်။ တနှစ်လောက်တော့ ကြာမယ် ထင်ပါတယ်။ ကိုယ်ကတော့ အမြန်ဆုံး လုပ်ချင်တာပေါ့နော်၊၊

မေး။     ။ ပရိသတ်ရဲ့ အားပေးမှု ရှိမရှိကို ဘယ်လောက် သိရပြီလဲ။

ဖြေ။     ။ အခု အခွေထွက်ခဲ့တဲ့ တလလောက် အတွင်းမှာတော့ အကောင်းပဲ ကြားရပါတယ်။ မကြိုက်ဘူး ဟြေတဲ့ ပရိသတ်တော့ မတွေ့သေးပါဘူး။ ပရိသတ်ဆီကို သေချာရောက်မှပဲ အခြေအနေကို ပြန်သိရမှာပါ။

မေး။     ။ ဒီအခွေ ထွက်ဖို့ ဘယ်လိုတွေ ကြိုးပမ်းခဲ့ရလဲ။

ဖြေ။     ။ အစစ အရာရာပါပဲ။ One Way အဖွဲ့က ရဲရင့်က နှင်းထွဋ်ကို အကုန်လုံး အစစအရာရာ ကူညီပေးပါတယ်။ ကူညီပေးတဲ့သူ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး။     ။ ပရိသတ်တွေကိုရော ဘာဟြေချင်လဲ။

ဖြေ။     ။ နှင်းထွဋ်ရဲ့ အခွေ စုန်းမအိပ်မက်ကို ပရိသတ်တွေ သေချာလေး နားထောင်ပြီး ဝေဖန်ပေးကြပါလို့ ဟြေချင်ပါတယ်။ နောက်ထပ် အခွေတွေ ထွက်နိုင်အောင်လည်း ကြိုးစားမှာပါလို့ ဟြေပါရစေ။
ဧရာဝတီ သတင်း

တရုတ်တွင် တရားမ၀င် ဆင်စွယ်များ တန်ချီဖျက်ဆီး

China destroys tonnes of illegal ivory

တရုတ်အာဏာပိုင်များက ဆင်များကို ခိုးသတ်နေသည့် မှောင်ခိုဂိုဏ်းများ၏ရန်ကို  ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တရားမ၀င် ဆင်စွယ်ပေါင်း ခြောက်တန်မျှကို ဖျက်ဆီးလိုက်သည်။ တောရိုင်းတိရစ္ဆာန်စောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့သောနှစ်အတွင်း ဆင်စွယ်ကြောင့် အသတ်ခံရသည့် ဆင်ပေါင်းမှာ ၃၅၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းထားကြသည်။

ဒန်ဂွမ်ပြည်နယ်တောင်ပိုင်း သစ်တောရေးရာဌာန၏ အဆိုအရ ဇန်န၀ါရီလ ၆ရက်က ဆင်စွယ်ဖျက်ဆီးခြင်းသည် တရုတ်ပြည်သူလူထု မြင်ကွင်းထဲတွင် ဖျက်ဆီိးခဲ့သမျှတွင် အများဆုံးဖြစ်သည်ဟု ဆိုသည်။ တိရိစ္ဆာန်များ စောင့်ရှောက် ရေးနိုင်ငံတကာရံပုံငွေမှ အလုပ်အမှုဆောင်ချုပ် အန်ဇီဒင်ဒွန်းစ်က ယခု ဆင်စွယ်များ ဖျက်ဆီးသည့်ပွဲများသည် တစ်ကမ္ဘာ လုံးမှ ၀ယ်ယူသူများကို ဆင်စွယ်လက်ရာများ စုဆောင်းခြင်းသည် မှားယွင်းသော၊ အပြစ်မကင်းသည့် လုပ်ရပ်ဖြစ်သည်ကို ပြသရာရောက်ကြောင်း ဆိုသည်။

တရုတ်အာဏာပိုင်များအနေဖြင့်လည်း တောရိုင်းတိရစ္ဆာန်များ တရားမ၀င်သတ်ဖြတ်နေမှုများကို ဆန့်ကျင်ကြောင်း အကျယ်တ၀င့် ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ထို့အတွက် ဒေသအတွင်း သားရိုင်းများအပေါ် နည်းမျိုးစုံဖြင့် နှောက်ယှက်နေကြသည့် မှောင်ခိုဂိုဏ်များ၏ ရန်မှကာကွယ် ခြင်းလည်းဖြစ်သည်ဟု စောင့်ကြည့်အဖွဲ့များက ယူဆကြသည်။

မှောင်ခိုဈေးကွက်တွင် အဖြူရောင်ရွှေဟု အမည်ပေးထားသော ဆင်စွယ်သည်  တစ်ကီလိုဂရမ်လျှင် ဒေါ်လာ ၂၀၀၀ခန့် တန်ကြေးရှိသည်။

Ref; AP

သတင်းလွတ်လပ်ခွင့်ရရေး ရန်ကုန်တွင် ဆန္ဒပြ


အလဲဗင်းသတင်းထောက် ထောင်ဒဏ်ချမှတ်ခံရမှုအပါအ၀င် သတင်းလွတ်လပ်ခွင့်ရရှိရေး၊ သတင်းမီဒီယာသမားတွေကို ဖိနှိပ်မှုတွေ ရပ်တန့်ရေးအတွက် ရန်ကုန်မြို့မှာ ဆန္ဒပြနေကြပါတယ်။

ဇန်န၀ါရီ ၇ ရက် ဒီနေ့ နံနက် ၉ နာရီမှာ ရန်ကုန်မြို့တော်ခန်းမရှေ့က စတင်ထွက်ခွာပြီး အလဲဗင်းမီဒီယာရုံး အခြေစိုက်ရာ တာမွေမြို့နယ် တောင်မြင်းပြိုင်ကွင်းလမ်းကို ချီတက်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေက သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမူ… အလိုမရှိ၊ လွတ်လပ်စွာ သတင်းရယူခွင့်ပြုရေး … ဒို့အရေး၊ မှန်ကန်တဲ့ တရားစီရင်ရေး… ချက်ချင်းလုပ်ဆောင်ပေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြတာပါ။

မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးဆောင် ဆန္ဒပြနေကြတာ ဖြစ်ပြီး ဆန္ဒပြပွဲကို သတင်းမီဒီယာပေါင်းစုံနဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အပါအ၀င် ၂၀၀ လောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ “လွတ်လပ်စွာ သတင်းယူခွင့်သည် ဒီမိုကရေစီ၏အသက်ဖြစ်သည်” ဆိုတဲ့ စာသားပါ တီရှပ်အင်္ကျီအနက်ကို ၀တ်ဆင် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကို မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “လွိုင်ကော်သတင်းထောက် ထောင်ဒဏ် ၅ လ ချခံရတယ်။ သုံးမှုနဲ့တပေါင်းတည်း ၃ လ။ ဒီထောင်ချခံရတဲ့ကိစ္စ သတင်းထောက်က သတင်းအလုပ်လုပ်ရင်း ထောင်ချခံရတာ။ ဒါဟာ လွတ်လပ်စွာ သတင်းရယူခွင့်ကို ခြိမ်းခြောက်ခံရတဲ့ကိစ္စလို့ ကျနော်တို့က ခံယူတယ်။ ဆန္ဒပြဖို့ ဆုံးဖြတ်တာပါ” လို့ ပြောပါတယ်။

အခုဆန္ဒပြပွဲကို သတင်းဌာနတခု၊ သတင်းထောက်တယောက်တည်းအတွက် ရည်ရွယ်လုပ်ဆောင်တာ မဟုတ်ဘူးလို့လည်း ဦးမြင့်ကျော်က ပြောပါတယ်။

“ကျနော်တို့က ဒီကိစ္စကို သတင်းဌာနတခုအတွက် ရည်ရွယ်ပြီး လုပ်တာလည်းမဟုတ်ဘူး။ ဒီသတင်းထောက်တယောက်တည်းတင်မကဘဲ ကျန်တဲ့ သတင်းထောက်တွေလည်း ဒီလိုကိစ္စမျိုးမှာ ကြုံရနိုင်တဲ့ ခြိမ်းခြောက်မှု အဲဒီအတွက် ကျနော်တို့ပြောတာပါ။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ အဓိပ္ပာယ်နဲ့ ပြောရင် နိုင်ငံသားတယောက်အတွက်နဲ့ နိုင်ငံသားတယောက်မှာ မျှတမှုမရှိတဲ့ တရားစီရင်မှုကို ခံရတယ်ဆိုရင် ပြန်ပြီး တုံ့ပြန်တောင်းဆိုခွင့် အဲဒီအတွက်လည်း ပြောတာပါ။”

သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှုအရ ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုအရ ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၂၉၄ (ခ) ညစ်ညမ်းစွာပြောဆိုမှုအရ ထောင်ဒဏ် ၁ လ တို့ကို တပေါင်းတည်း ကျခံစေဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက် ထောင်ဒဏ်ချခံရမှုနဲ့ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက် ခြိမ်းခြောက်မှုဖြစ်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အပါအ၀င် အချက် ၅ ချက်ပါ ကြေညာချက်ထုတ်ပြီး တာဝန်ရှိသူတွေရဲ့ ပြန်ကြားချက်ကို စောင့်ကြည့်ခဲ့ပေမယ့် တုံ့ပြန်ချက်မလာဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။

“ဆန္ဒမပြခင် ကျနော်တို့က ၂၁ ရက်က ကြေညာချက်ထုတ်ပြီး သူတို့ဘက်က တုံ့ပြန်မှုကို ကျနော်တို့ စောင့်ကြည့်ခဲ့တယ်။ ဒါပေမယ့် ဘာမှ တုံ့ပြန်မှု မလာတဲ့အတွက် ကျနော်တို့က မျှတတဲ့ တရားစီရင်ရေးတခုဖြစ်အောင် ပြန်သုံးသပ်ဖို့ ဖိအားပေးတယ်၊ တိုက်တွန်းတယ်။ ဒီအမှုမှာ သတင်းလွတ်လပ်ခွင့် ထိပါးတာကို မပြောဘဲ နေလိုက်ရင် အဲလိုအမှုတွေ အများကြီး ပေါ်ပေါက်လာနိုင်တယ်။ သတင်းထောက်တွေ သတင်းရယူတဲ့အခါမှာ ထောင်ကျမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာနိုင်တယ်။ ဒါက ရေရှည်အတွက်ပါ။”

သတင်းလွတ်လပ်ခွင့် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၂၉ ရက်က ခွင့်ပြုချက်တောင်းခံခဲ့တာဖြစ်ပြီး ဇန်န၀ါရီ ၃ ရက်နေ့မှာ ခွင့်ပြုချက်ကျလာတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အလဲဗင်းမီဒီယာဂရုပ်ဖ်ရဲ့ လွိုင်ကော်အခြေစိုက် သတင်းထောက်ကို ထောင်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး မန္တလေး အခြေစိုက် သတင်းထောက်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ မန္တလေးမှာ ဆန္ဒပြခွင့် လျှောက်ထားပေမယ့် လူစည်ကားတဲ့ နေရာဖြစ်တယ်ဆိုတဲ့ အချက် အပါအ၀င် အကြောင်းပြချက်အချို့နဲ့ တာဝန်ရှိသူတွေက ခွင့်မပြုခဲ့ပါဘူး။
DVB Burmese

အုံနာဘုတ်နှင့် ၀ှီးတက်အတု ကိုင်ဆောင်သူများ က-ည-န တရားစွဲမည်


ယာဉ်ပိုင်ဆိုင်မှုစာအုပ်(အုံနာဘုတ်)နှင့် ယာဉ်သက်သေခံလက်မှတ်(၀ှီးတက်) အတုပြုလုပ် ကိုင်ဆောင် ခြင်းကို စစ်ဆေးတွေ့ရှိပါက တရားစွဲဆိုသွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာန တိုင်းဦးစီးမှူးဦးသိန်းဦးက ပြောသည်။

အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ ၂၀၁၃နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာထားပြီး ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။

“အရင်ထက်စာရင် အဲလိုအတုပြုလုပ်လာတာတွေ နည်းနည်းများလာတယ်။ မသိနားမလည်တဲ့သူတွေ မနစ်နာရအောင် ခုလိုကြေညာရတာဖြစ်တယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်သွားမှာပါ”ဟု တိုင်းဦး စီးမှူးဦးသိန်းဦးက ပြောသည်။

ယာဉ်အစီးရေများပြားလာခြင်းနှင့်အတူ ယာဉ်ပိုင်ဆိုင်မှုစာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်တို့ကို အ တုပြုလုပ်ကာ ကိုင်ဆောင်ခြင်း၊ လက်လွှဲရောင်းချ ပေါင်နှံခြင်းတို့ ပြုလုပ်လာသည်ကို စစ်ဆေးတွေ့ရှိမှု များ ရှိနေသည်ဟုလည်း သူက ပြောသည်။

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ဖြစ်စေ မိမိဝယ်ယူမည့်ယာဉ်နှင့် သက်သေခံအထောက်အထားများကို စစ်ဆေးလိုပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ် နိုင်သည်။
Mizzima Burmese

ကုမ္ပဏီက မြေသိမ်းသည်ဟုဆိုကာ မရမ်းကုန်းတွင် လူ ၆၀ ခန့် ဆန္ဒပြ


မရမ်းကုန်း အမှတ်(၆)ရပ်ကွက်နေ ပြည်သူများပိုင်မြေကို သိမ်းယူပြီး အိမ်ရာဆောက်လုပ် ရောင်းချသည် ဟုဆိုကာ ဇန်န၀ါရီ ၆ ရက်တွင် မင်းဓမ္မလမ်းပေါ်၊ တော်ဝင်ချယ်ရီအိမ်ရာရှေ့တွင် လူပေါင်း ၆၀ ခန့်က ဆန္ဒ ထုတ်ဖော်ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် မစိန်ထွေးက “ကျွန်မတို့ ချွေးနဲ့သွေးနဲ့ ၀ယ်ခဲ့တဲ့ အိမ်ခြံလေးကို သိမ်းယူ ပြီး အခုလို အိမ်ရာဆောက်လုပ်ထားတာပါ။ ဒီမြေကို မူလပိုင်ရှင်တွေ ပြန်ရဖို့အရေး တာဝန်ရှိသူတွေအား လုံး ဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်”ဟု ယင်းဆန္ဒထုတ်ဖော်ပွဲတွင် တောင်းဆိုခဲ့သည်။

မရမ်းကုန်း(၆) ရပ်ကွက်တွင်း နေထိုင်သူများသည် ၂၀၁၃ ခုနှစ်က အဆိုပါရပ်ကွက်မှ ရွှေ့ပြောင်းခဲ့ရပြီး အိမ်ထောင်စု ၁၉၃ စုပါဝင်သည်ဟု ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ကုန် ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်က ဦးဆောင်ခဲ့ပြီး မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက်တွင်း နေ ထိုင်ခဲ့သူ ၆၀ ကျော် ပါဝင်ခဲ့သည်။
Mizzima Burmese

မန္တလေး၏ ပထမဆုံး အထပ်မြင့်အဆောက်အအုံ မန်းမြန်မာကွန်ဒို လူနေတိုက်ခန်းများ ဇန်န၀ါရီ ၁၆ တွင် ဖွင့်မည်


မန္တလေး စည်ပင်သာယာရေးကော်မတီနှင့် မန်းမြန်မာကုမ္ပဏီတို့ အကျိုးတူလုပ်ဆောင်သည့် မန္တလေးမြို့ ၏ပထမဆုံး အထပ်မြင့် ကွန်ဒိုမီနီယံ မန်းမြန်မာကွန်ဒို၏ ခြောက်ထပ်မှ၂၅ထပ်အထိ လူနေတိုက်ခန်းများ ကို ဇန်န၀ါရီ ၁၆ ရက်တွင်ဖွင့်လှစ်မည်ဟု မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူးဦးမျိုးအောင်က ပြောသည်။

အဆိုပါ မန်းမြန်မာကွန်ဒိုမှာ မန္တလေးမြို့ ၈၄ လမ်း၊ ၂၇ နှင့်၂၈ လမ်းကြားတွင် ဆယ်နှစ်တာကာလအချိန် ယူတည်ဆောက်ခဲ့သည့် ၂၅ ထပ် ကွန်ဒိုမီနီယံ အဆောက်အအုံဖြစ်သည်။ မြေညီထပ်မှ ခြောက်လွှာအ ထိ ဆိုင်ခန်းများနှင့် ကားပါကင်အတွက် တည်ဆောက်ထားကာ မန်းမြန်မာပလာဇာအဖြစ် ၂၀၀၈ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။ ခြောက်ထပ်မှ ၂၅ ထပ်အထိ လူနေတိုက်ခန်းများကိုမူ ဇန်န၀ါရီ ၁၆ ရက်တွင် ဖွင့် လှစ်မည် ဖြစ်သည်။

မန်းမြန်မာ ၂၅ ထပ် ကွန်ဒိုမီနီယံကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန်းမြန်မာ ဆောက်လုပ်ရေးတို့ အကျိုးတူ တည်ဆောက်ခြင်းဖြစ်သည်။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ သည် လူနေတိုက်ခန်း ၄၃ ခန်း ရရှိမည်ဖြစ်သည်ဟုလည်း အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနစုမှူး ဒေါ်လဲ့လဲ့ခိုင်က ပြောသည်။

အဆောက်အအုံ၏ ကြံ့ခိုင်မှုနှင့် လူနေထိုင်ရန် သင့်လျော်သည့် အနေအထားများကို မန္တလေးမြို့စည်ပင် မှ စစ်ဆေးတွက်ချက်ပြီးမှ ဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါအဆောက်အအုံသည် ၈ ဒသမ ၅ ရစ်ခ်ျတာ စကေးအထိ ငလျင်ဒဏ်ခံနိုင်သည်။

ကွန်ဒိုတစ်ခုလျှင် အခန်းအရေအတွက် ၇၂ ခန်းပါဝင်ပြီး ကွန်ဒိုနှစ်ခုအတွက် စုစုပေါင်း ၁၄၄ ခန်း ပါဝင်ဖွဲ့ စည်းထားပြီး အခန်းတစ်ခန်းလျှင် စတုရန်းပေ ၁,၉၈၀ ခန့် အကျယ်အ၀န်းရှိသည်။ ဖွင့်ပွဲနေ့တွင် လူနေ တိုက်ခန်း၂၀ ကိုလည်း မန်းမြန်မာဆောက်လုပ်ရေးက ရောင်းချပေးသွားမည်ဖြစ်သည်။ ၂၀၀၃ ခုနှစ် စက်တင်ဘာတွင် ဌာနတွင်း အတည်ပြု စာချုပ်ချုပ်ဆိုခဲ့ကာ ၂၀၀၄ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်တွင် တည် ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့သည်။
Mizzima Burmese

လူဘဝသက်တမ်းမှာ ဒီအချက်တွေ သတိထားပါ




၁ ။ ဆင်ခြေပေးတဲ့ပါးစပ်ဟာ ထမင်းငတ်တတ်ပါတယ် ။

၂ ။ မေ့တယ်ဆိုတာ မလေးစားလို့ ကြောက်တယ်ဆိုတာ မခိုင်လုံလို့ ။

၃ ။ နှေးတာအရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးပါတယ် ။

၎ ။ မနာလိုမဖြစ်ပါနဲ့ လုပ်တဲ့သူက နေရာရလိမ့်မယ် ။

၅ ။ မလုပ်တတ်တဲ့အကြောင်း များများပြောလေ မလုပ်တတ်လေဘဲ ။

၆ ။ လိုသလောက် မရနိုင်ပေမဲ့ လုပ်သလောက်တော့ ရနိုင်ပါတယ်။

၇ ။ ဒုက္ခနဲ့အရင်းခံမှ သုခစံရမယ်။

၈ ။ ဟန်ဆောင်ကောင်းတဲ့ မိတ်ဆွေဟာ ရန်သူထက်ပိုဆိုးပါတယ် ။

၉ ။ ထိခိုက်ဒဏ်ရာ ရခြင်းဟာ စော်ကားခံရသည်ထက် ပို၍လျှင်မြန်စွာ မေ့ပျောက်နိုင်ပါတယ် ။

၁၀ ။ နုတ်နဲ့ပေးတဲ့ ဒုက္ခဟာ နုလုံးသားကို ထိခိုက်ပြီး ၊ လက်နဲ့ပေးတဲ့ ဒုက္ခကတော့ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ် ။

လူဘဝသက်တန်းမှာ ဒီအချက်လေးတွေ သတိထားဖို့ လိုအပ်ပါတယ် ။

Credit to U Aung Naing Thu
Myanma Spectrum

အထက်တန်းကျောင်း နှစ်ကျောင်းကြားက ပေါ်ပေါ်ထင်ထင် KTV ဆိုင်ကြီး


အထက်တန်းကျောင်း နှစ်ကျောင်းကြားက ပေါ်ပေါ်ထင်ထင် KTV ဆိုင်ကြီး

ယနေ့လူငယ် များသည် နောင်တစ်ခေတ် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်ကြ ပေလိမ့်မည်။ တစ်နည်း အားဖြင့် နိုင်ငံ့ သားကောင်း ရတနာ များပင် ဖြစ်ပေသည်။ '' အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက '' ဟူသော ဆောင်ပုဒ်နှင့် အညီ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ သာမက ကျောင်းသား ၊ ကျောင်းသူများ အတွက် အထူး လိုအပ် အရေးပါ လှသော စာရိတ္တ မဏ္ဍိုင် မယိုင်မလဲ စေရန် အတွက်လည်း ပဲ့ပြင် ထိန်းကျောင်း သင်ကြား ပေးလျက် ရှိနေ ပေသည်။

ယခု အချိန်အခါတွင် ငယ်ရွယ်သူ ကျောင်းသား လူငယ်များကို ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် အရှိန်အဟုန်ဖြင့် သင်ကြား ပို့ချ ပေးရမည့် တာဝန်မှာ အခြေခံ ပညာကျောင်း များတွင် တည်ရှိ နေပေသည်။ ကျောင်းမှ ဆရာ ၊ ဆရာမ များကလည်း မိမိတို့ တပည့် သားသမီးတို့ အပေါ်တွင် ဝိဇ္ဇာ ၊ သိပ္ပ ဟူသော အသိပညာ ၊ အတတ်ပညာ များသာမက အကြောင်း အကျိုး ၊ အဆိုး အကောင်း တို့ကို ခွဲခြား သိမြင်စေသော ပညာဉာဏ် တိုးတက် ဖွံ့ဖြိုးရန် အတွက်ပါ ကြိုးကြိုးစားစား သင်ကြား ပို့ချ ပေးနေချိန်တွင် မလိုလား အပ်သော စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင် စေမည့် အနေအထိုင် ၊ အပြောအဆို ၊ အပြုအမူ၊ အတွေးအမြင် မှားများ ယနေ့ ကျောင်းသား ၊ ကျောင်းသူတို့ မြင်တွေ့ ကြားသိ သွားမည် ဆိုပါက လမ်းမှားသို့ ရောက်ရှိ သွားနိုင်ပေသည်။

အဘယ့်ကြောင့် ဆိုသော် ပြင်ဦးလွင်မြို့ ၏ မြို့လယ် အမှတ်(၄) အခြေခံ ပညာ အထက်တန်း ကျောင်းနှင့် စာပန်းအိမ် ကိုယ်ပိုင် အထက်တန်း ကျောင်း နှစ်ခုကြားတွင် Holiday KTV အမည်ဖြင့် ပေါ်ပေါ်ထင်ထင် ဆိုင်းဘုတ်ကြီး ဖြင့် ကာရာအိုကေ လုပ်ငန်း လုပ်ကိုင် နေသောကြောင့် ဖြစ်ပေသည်။ ဆိုင်ဖွင့်ချိန် မှာလည်း နံနက် ၉ နာရီမှ ည ၁ဝ နာရီဟု ဖော်ပြ သတ်မှတ် ထားရာ ကျောင်းသား ၊ ကျောင်းသူများ နေ့စဉ် စာသင်ကြား ချိန်နှင့် စာကျက်ချိန် တို့ ဖြစ်နေ လေသည်။

ယခု အချိန်အခါသည် ကျောင်းသား လူငယ်တိုင်း အတွက် အတန်းတင် စာမေးပွဲကြီး ဖြေဆိုရန် အလွန် နီးကပ်၍ ကြိုးစား ကျက်မှတ် သင်ယူ နေချိန်တွင် ကျောင်းနှစ်ကျောင်း ကြားမှ KTV ကာရာအိုကေ ဆိုင်သည် အနှောင့်အယှက် ဖြစ်သည်မှာ အမှန်ပင် ဖြစ်ပေ လိမ့်မည်။

ထို့ထက်ပို၍ ကာရာအိုကေ ဆိုသည်မှာ အစားအသောက် မှအစ အရက် ဘီယာများ နှင့် မိန်းကလေးများ သီချင်းသီဆို ပျော်ပါးကြလျက် ရှိရာ အထက်တန်း ကျောင်းသား ၊ ကျောင်းသူတို့ အတုမြင် အတတ်သင် မှုများ ဖြစ်လာ နိုင်သည်။ အထက်တန်း ကျောင်းသား ဆိုသည်မှာ စူးစမ်း တတ်မြောက် လွယ်သော အရွယ် ဖြစ်သောကြောင့် အတုခိုးမှားပြီး လမ်းမှား ရောက်ရှိ သွားပါက ကျောင်းသား ၊ ကျောင်းသူ ကိုယ်တိုင် အတွက် သာမက မိဘ ၊ ဆရာ ၊ ဆရာမ တို့ကစပြီး နောက်ဆုံး တိုင်းပြည် အတွက်ပါ နစ်နာ ဆုံးရှုံးမှုတို့ ဖြစ်ပေါ် စေနိုင်သည်။

ထိုဆိုင်သို့ လာရောက် အပန်းဖြေ သူများနှင့် ဆိုင်၏ ဝန်ဆောင်မှု တို့ကို ယနေ့ ကျောင်းသား လူငယ်များ အားကျ ဂုဏ်ယူစွာ အတုယူ မိပါက ယခု လတ်တလော ပစ္စုပ္ပန် အချိန်တွင် သာမက နောင် အနာဂတ် ဘဝ အတွက်ပါ မလှမပ ဖြစ်ကြရပေ လိမ့်မည်။



ထို့ကြောင့် နိုင်ငံ၏ သားကောင်း ရတနာ ၊ သမီးကောင်းရတနာ များဖြစ်သော ငယ်ရွယ်သူ ကျောင်းသား ၊ ကျောင်းသူတို့ လမ်းလွဲ ၊ လမ်းမှား မရောက်ရှိဘဲ နောင်တစ်ချိန်တွင် တိုင်းပြည်၏ အားကိုး အားထားပြု ရသော လူကောင်း ၊ လူတော်များ ဖြစ်လာစေရန် ဤကဲ့သို့သော အရေးကြီးသည့် အချိန် ၊ အရေးကြီးသည့် နေရာ အထက်တန်း ကျောင်းနှစ်ကျောင်း ကြားတွင် KTV ကာရာအိုကေ ဆိုင်ဖွင့်ခြင်း ၊ ဖွင့်ခွင့်ပြုခြင်း တို့ကို ပြန်လည် သုံးသပ် ဆောင်ရွက် ပေးပါရန် မေတ္တာ စေတနာဖြင့် တိုက်တွန်း ရေးသား အပ်ပေသည်။

Myawady News

ထိုင်းနိုင်ငံရေးတွင် ထိုင်းရောက်မြန်မာများ မပါဝင်ရန် ဘန်ကောက်မြို့ မြန်မာသံရုံး သတိပေး


ရန်ကုန်၊ မဇ္ဈိမ ။        ။ ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့တွင် ဇန်နဝါရီလ ၁၃ရက်၌ တစ်မြို့လုံးကို ပိတ်ဆို့ကာ ဆန္ဒပြလှုပ်ရှားသည့် Bangokok Shutdown လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ရာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် ဆန္ဒပြနေသည့် နေရာများကို ရှောင်ရှားသွားလာရန် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်လိုက်သည်။

ယင်းသို့ သတိပေးခြင်းသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အခြေအနေကို ထိန်းသိမ်းနိုင်ရေးနှင့် ထိုင်းရောက် မြန်မာနိုင်ငံ သားများ၏ လုံခြုံရေးအတွက် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

 ထိုင်းရွှေ့ပြောင်းလုပ်သားများ ကူညီဆောင်ရွက်ပေးရေးအဖွဲ့ စီမံကိန်းမန်နေဂျာ ဦးစိန်ဌေးက "ဗန်ကောက်မြို့ကို ပိတ်ဆိုပြီး ဆန္ဒပြမှာ
ဖြစ်တဲ့အတွက် မိမိရဲ့လုံးခြုံရေးကိုတော့ အထူးဂရုစိုက်ရန် လိုအပ်တယ်”ဟု  ပြောသည်။

ထိုင်းနိုင်ငံအစိုးရ ပြုတ်အောင် ဆောင်ရွက်မည့် ဆန္ဒပြပွဲဖြစ်သောကြောင့် အချိန်အားဖြင့် မည်မျှကြာနိုင်မည်ကို ခန်မှန်းရန် ခက်ခဲ့သည့်အတွက် စားနပ်ရိက္ခာကိုလည်း လုံးလောက်သည်အထိ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

" မြန်မာ အလုပ်သမားတွေက စီးပွားရေး စားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်နေကြတာ၊ အလုပ်ချိန်ထဲမှာပဲ ရှိနေလောက် တယ်၊ ဆန္ဒပြပွဲမှာ ပါဝင်မယ့်သူမရှိသလောက် နည်းပါတယ်၊ အရင်နှစ်တွေ တုန်းကလည်း ပါဝင်တဲ့သူ မရှိပါဘူး”ဟု ဦးစိန်ဌေးက သူ့အမြင်ကိုပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း လက်တလော ဖြစ်ပွားနေသော ထိုင်းပြည်တွင်းနိုင်ငံရေးနှင့် ပတ်သက်ပြီး ဆန္ဒပြလူစု လူဝေးပြုလုပ်မည့်
နေရာဒေသများကို သိရှိနိုင်ရေးအတွက် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသဆိုင်ရာ သတင်းမီဒီယာများကို အဆက်မပျက်
လေ့လာရန် အသိပေး ထုက်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းနေမှု အခြေအနေများကို ထိန်းသိမ်းနိုင်ရေးနှင့် မိမိလုံတို့၏ လုံခြုံရေးအတွက်
နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်ပြားစေမည့် အပြုအမှုများကို အထူးပြုရှောင်းရှားကြရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအနေဖြင့် တရားဝင် သွားရောက်လုပ်ကိုင်နေသူ သုံးသန်းကျော်ရှိပြီး တရားမဝင်လုပ်သား အပါအဝင် စုစုပေါင်း လေးသန်းဝန်ကျင် အထိရှိနိုင်သည့်ဟု အလုပ်အကိုင်ရှာဖွေးရေးနှင့် လူမှုဖူးလုံးရေးဝန်ကြီးဌာနက ခန့်မှန်ထားခြင်းဖြစ်သည်။
Written by  မောင်သင်တုန်း
Mizzima Burmese

ကိုယ့်စီးပွား အရင်မပျက်စေဖို့


ကိုယ့်စီးပွား အရင်မပျက်စေဖို့

လူသည် ပတ်ဝန်းကျင် နှင့် ပေါင်းသင်း ဆက်ဆံ နေကြသူများ ဖြစ်၍ ပတ်ဝန်းကျင် နှင့် မကင်းနိုင် ကြပေ။ တစ်ဦးနှင့် တစ်ဦး ပစ္စည်းနှင့် ပတ်သက်၍ သော် လည်းကောင်း ၊ လူမှု ဆက်ဆံရေး ကြောင့်သော် လည်းကောင်း အဆင်မပြေ ဖြစ်တတ် ကြသည်။ အချို့က လည်း အမှုမဲ့ အမှတ်မဲ့ ပြုမူမှု များကြောင့် စကားများရာမှ ရန်ဖြစ် ရသည်အထိ ဖြစ်တတ် ကြသည်။ သာမန် အသေးအဖွဲ ကိစ္စလေးမှသည် အကြီးအကျယ် ခိုက်ရန် ဖြစ်ပွားပြီး ၊ အမှုအခင်းများ ဖြစ်ကာ တရားစွဲဆို ဖြေရှင်းရသည် အထိ ဖြစ်တတ် လေသည်။

ကျေးလက် တောရွာများတွင် ကျွဲ ၊ နွား ၊ ဆိတ် ၊ ဝက် ၊ ကြက် စသည့် အိမ်မွေး တိရစ္ဆာန်များ တစ်ပိုင်တစ်နိုင် မွေးမြူကြသည့် ဓလေ့ရှိသည်။ ထို တိရစ္ဆာန် များကို စားကျက်ရှိရာ တောတောင် တို့တွင် လွှတ်ပြီး ကျောင်းလေ့ ရှိကြသည်။ ထို တိရစ္ဆာန်တို့ အခြားသူ၏ သီးနှံစိုက်ခင်း သို့ ဝင်ရောက် စားသောက်၍ စိုက်ခင်း ပျက်စီးသည့် အခါ သီးနှံဆုံးရှုံးမှု တန်ဖိုးအတွက် သီးနှံဆုံးရှုံးမှု တန်ဖိုး နှင့် နစ်နာကြေးငွေ ရလိုကြောင်း တရားမ လမ်းကြောင်း အရ တရားစွဲဆိုခြင်း များ ရှိသကဲ့သို့ သီးနှံများ ပျက်စီးဆုံးရှုံး နစ်နာမှု ရှိသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ အကျိုး ဖျက်ဆီးမှု ဖြင့် တရားစွဲဆို ကြသည်။

မြို့ပြဒေသနှင့် ကျေးရွာများတွင် အိမ်နီးချင်း များသည် ဝင်းထရံ ကာရံသည့် ကိစ္စ ၊ သစ်ပင်ခုတ်သည့် ကိစ္စတို့နှင့် လည်း စကားများ ရန်ဖြစ် တတ်ကြ သည်။ အများအားဖြင့် တစ်ဖက်အိမ်က ဝင်းထရံ ကာရံရာတွင် အခြား တစ်ဖက်အိမ်ရှိ ပစ္စည်း တစ်စုံတစ်ရာ ကို ထိခိုက်ပျက်စီး တတ်လေသည်။ ပျက်စီး သွားသော ပစ္စည်းရှင်က မကျေနပ်၍ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကို တရားမ လမ်းကြောင်း အရ တရားစွဲဆို သည်များ ရှိသကဲ့သို့ ပစ္စည်းများ ပျက်စီး ဆုံးရှုံးနစ်နာ သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆို ကြလေသည်။

တစ်စုံ တစ်ယောက်သည် တစ်ဦး တစ်ယောက်၏ ပစ္စည်းကို ဖျက်ဆီးခြင်း ၊ သို့မဟုတ် အနေအထား ပြောင်းလဲအောင် ပြုခြင်းကြောင့် ပစ္စည်းသည် ပျက်စီး ဆုံးရှုံးခြင်း တန်ဖိုးဖြစ်စေ ၊ အသုံးဝင်မှု ဖြစ်စေ ယုတ်လျော့ စေခြင်း ၊ နစ်နာစေခြင်း ဖြစ်စေရန် အကြံနှင့် သော်လည်းကောင်း ၊ ဆုံးရှုံးနစ်နာမှု ဖြစ်စေ နိုင်သည်ကို သိလျက်နှင့် ပြုလုပ်လျှင် သော် လည်းကောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆို နိုင်သည်။ ပြစ်မှု ထင်ရှားပါးက နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရပေမည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၂၇၏ ရည်ရွယ်ချက်သည် တစ်ဦး တစ်ယောက်၏ ကာယကံမြောက် ပြုလုပ်မှုကြောင့် သော် လည်းကောင်း ၊ သူတစ်ပါးအား ပြုလုပ်စေခြင်း ကြောင့်သော် လည်းကောင်း ၊ ပြုလုပ်ရန် အားပေးခြင်း ကြောင့်သော် လည်းကောင်း အများပြည်သူ တို့၏ ပစ္စည်းများ ဆုံးရှုံးပျက်စီးမှု ၊ တန်ဖိုး ယုတ်လျော့ စေမှု ၊ နစ်နာစေမှု မဖြစ်စေရန် ၊ အများ ပြည်သူတို့၏ ပစ္စည်းများကို အဖျက်သမား တို့၏ ဘေးရန်မှ ကာကွယ်ရန် အတွက် ဖြစ်ပေသည်။

တစ်ပါးသူ တို့၏ ဥစ္စာပစ္စည်း တို့ကို ဆုံးရှုံးနစ်နာ ပျက်စီး ၊ အသုံးမဝင် တန်ဖိုး နည်းပါးအောင် ဖျက်ဆီးပါက တရားစွဲဆိုခြင်း ခံရပေမည်။ အမှုအခင်း ရင်ဆိုင် ဖြေရှင်းရသဖြင့် မိမိ လုပ်ကိုင်မြဲ အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင် နိုင်ခြင်း မရှိချေ။ အမှုအခင်း အတွက်လည်း သောက ဗျာပါဒ နှင့် ရင်ဆိုင်ဖြေရှင်း နေရသဖြင့် ပစ္စုပ္ပန် မျက်မှောက်တွင် စီးပွားဥစ္စာ ကိုကောင်းစွာ မရှာဖွေနိုင်၍ စီးပွားဥစ္စာ ပျက်စီး ရလေသည်။ ထို့ကြောင့် ရှေးလူကြီး များက '' သူများ စီးပွားဖျက်ဆီး က ကိုယ့်စီးပွား အရင်ပျက်သည် ''ဟု ဆုံးမစကား ဆိုခဲ့သည်။

ထို့ကြောင့် ကိုယ့်စီးပွား အရင်မပျက် စေရန်အတွက် သူတစ်ပါး စီးပွားဥစ္စာ ၊ ပစ္စည်းတို့ကို သတိ လက်လွတ်၍ မဖျက်ဆီး မိကြရန်နှင့် ပျက်စီးအောင် မပြုလုပ် ကြရန် အကယ်၍ ပြုလုပ်ပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၄၂၇ အရ တရားစွဲဆိုခြင်း ခံရမည် ဖြစ်သည့် အတွက် ဥပဒေရေးရာ အမြင်ဖြင့် သတိပေး နှိုးဆော် ရေးသား လိုက်ရပေသည်။

ရှေ့နေ-ဦးဝင်းကြည်(စဥ့်ကိုင်)

အသက် ၆၀ မှ အသက် ၂၀ သို့ ပြန်လည်နုပျိုလာတော့မည်လော

အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုက အသက်အရွယ်ကြီးရင့်လာမှုဖြစ်စဉ်အား  ပြောင်းပြန်ပြန်ကာ နုပျိုသွားစေမည့်ဓာတုပစ္စည်း တစ်မျိုးအား ကြွက်များတွင် အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့သည်။ လူများ၏ခန္ဓာကိုယ်ထဲတွင် NAD  ဟုခေါ် သည့်ဓာတုပစ္စည်းမှာ မွေးစဉ်ထဲကပါလာပြီး အရွယ်ကြီးလာလေ ယင်း ဓာတုပစ္စည်းပမာဏ ကျလာလေဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုကို လျော့ကျစေပြီး အသက်အရွယ်ကြီးရင့်မှုအား ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် အသက် ၂ နှစ် အရွယ်ရှိ ကြွက်အား ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းပေးခဲ့ရာ ကြွက်၏ခန္ဓာကိုယ်မှ ယင်းဓာတုပစ္စည်းများအား NAD  အဖြစ်သို့ ပြောင်းပေးပြီး ရလဒ်အားဖြင့်  ယင်းကြွက်၏ ကြွက်သားများမှာ အသက် ၂ နှစ် အရွယ်မှ အသက် ၆ လအရွယ်ကြွက်သားများကဲ့သို့ ဆေးသွင်းပြီး ၁ပတ်ကြာလာသောအခါ  ပြန်လည်နုပျိုလာကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် စမ်းသပ်ရန်မူ ၂၀၁၅တွင် စမ်းသပ်ရန်စီစဉ်ထားပြီး အကယ်၍ ယင်းကုသမှုအောင်မြင်ခဲ့ပါက အသက် ၆၀အရွယ်ရှိသူ တစ်ဦး၏ ကြွက်သားများအား အသက် ၂၀ အရွယ်ကြွက်သားများကဲ့သို့ ပြန်လည်သန်စွမ်းလာစေမည်ဟု အမေရိကန်မှ သိပံ္ပပညာရှင်များက ဖော်ပြခဲ့ကြသည်။
ဖိုးသောကြာ
ref:Netdoctor.co.uk
Health Updates Journal

တရားရှူမှတ်ခြင်းကြောင့် မျိုးဗီဇပြောင်းလဲနိုင်သလား



No. 99
စပိန်နှင့်ပြင်သစ်နိုင်ငံ သုတေသီများ၏ လေ့လာချက်အရ တရားရှူမှတ်ခြင်းသည် မျိုးဗီဇများကို ပြောင်းလဲနိုင်ကြောင်းသိရသည်။ မျိုးဗီဇ ပစ္စည်းများသည် မွေးရာပါပစ္စည်းများ ဖြစ်ကြပြီး ဆေးဝါးများဖြင့်သော် လည်းကောင်း၊ အသစ်ဖန်တီး၍သော် လည်းကောင်း ပြုပြင်ရန် မဖြစ်နိုင်သလောက် ခက်ခဲလေ့ရှိသည်။
တရားရှူမှတ်သည့်အလေ့အထရှိသူများနှင့် တရားရှူမှတ်လေ့ မရှိသူများကို အုပ်စုခွဲ၍ လေ့လာခဲ့ရာ တရားရှူမှတ်ချိန် စုစုပေါင်းရှစ်နာရီ အပြီးတွင် တရားရှူမှတ်ကျင့်ရှိသူများ၌ မျိုးဗီဇပစ္စည်းများ ပြောင်းလဲမှုဖြစ်ပေါ်သည်ကို တွေ့ခဲ့ရသည်။ အဓိက ပြောင်းလဲမှုဖြစ်ပေါ်သည့် နေရာများ မှာ ရောင်ရမ်းမှုဖြစ်စေသည့် မျိုးဗီဇများဖြစ်ပြီး ၄င်းမျိုးဗီဇ အရေအတွက် ကျဆင်းလာသောကြောင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုဖြစ်စဉ်များ ကျဆင်း ကာဖိစီးမှုများကိုခံနိုင်ရည်ရှိလာ စေသည်။
RIPK2   နှင့် COX2  ဗီဇ ပစ္စည်းများ ထုတ်လုပ်မှုကျဆင်းသောကြောင့် ခန္ဓာကိုယ်တွင်းပြင်ဆင်မှု လုပ်ငန်းများအားကောင်းစေသလို ဖိစီးမှုဒဏ်ရာဒဏ်ချက်များလျော့နည်းစေသည့် ကောင်းကျိုးများပါ ရရှိစေသည်။ တရားရှူမှတ်ခြင်းကြောင့် ဦးနှောက်၏ အပြင်ဘက်ဆုံးအလွှာ insula  ကို တွန့်ခေါက်မှုအားကောင်း စေသည်။ insula တွန့်ခေါက်မှုအားကောင်းလေ သတိ၊ မှတ်ဉာဏ်နှင့် အာရုံစူးစိုက်နိုင်စွမ်းပါ အားကောင်းလေဖြစ်သည်။
“တရားထိုင်တဲ့လူတွေမှာ သတိကောင်းလာပြီး စိတ်ခံစားမှုထိန်းချုပ်နိုင်စွမ်း၊ ကိုယ်ကိုယ့်ကိုယ် ထိန်းသိမ်း နိုင်စွမ်းတွေပါ တိုးတက်လာပါတယ်။ ဒါဟာ တရားထိုင်ချိန်ကြာလေလေ insula တွန့်ခေါက်မှုများလေလေကြောင့်ဖြစ်ပါတယ်”ဟု UCLA  တက္ကသိုလ်မှတွဲဘက်ပါမောက္ခ အီလင်းလောက်ဒါကဆိုသည်။
ဇော်ကို
Ref: MDI

Health Updates Journal

ကျော်ကိုကို မင်္ဂလာပွဲမှာ ကားတစ်စီးလက်ဖွဲ့ခဲ့တဲ့ ဦးဇော်ဇော်


By Pyimyanmar

ကြေးမုံ သတင်းစာ (၇-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





New Light of Myanmar သတင်းစာ (၇-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်


မြန်မာ့အလင်းသတင်းစာ (၇-၁-၂၀၁၄)

Myanmar Journal Download Free

အကျယ်ချဲ့ကြည့်ရန်





အစိုးရပေါ်လစီကြောင့် ဒေါ်လာဈေးအတက်ကြမ်း


ရန်ကုန်၊ ဇန်န၀ါရီ ၇

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း အစိုးရ၏ ပေါ်လစီ အပြောင်းအလဲများကြောင့် ဒေါ်လာဈေးအတက်အကျ
ကြမ်းခဲ့ကြောင်း မဟာဗန္ဓုလ ပန်းခြံ လမ်း မြ၀တီဘဏ်
ရှေ့ရှိ ငွေကြေးဈေးကွက်အတွင်းရှိ ဒေါ်လာရောင်းဝယ်ရေး
သမားများထံမှ စုံစမ်းသိရှိရသည်။

အစိုးရပေါ်လစီများမှ Mobile Team ဖမ်းဆီးမှု များလာခြင်း၊
ဘဏ်များ၏ အခွန်တိုးမြင့်ကောက်ခံခြင်းကြောင့် Expost သမားများ ဒေါ်လာ အ၀ယ် ပိုများလာသဖြင့် ပုဂ္ဂလိကဘဏ်
များက +၁၀ ရာခိုင်နှုန်း (သို့မဟုတ်) +၁၅ ရာခိုင်နှုန်း
ပေါင်းလာသဖြင့် ဒေါ်လာဈေးတက် လာခြင်း ဖြစ်ကြောင်း ၀ါရင့်ဒေါ်လာရောင်းဝယ်ရေးသမား ဦးမိုးက People Power သတင်းစာသို့ ပြောကြားသည်။

“နောက်ပြီး ဒေါ်လာတက်တာက မနှစ်က စပါးပေါ်ချိန်မှာ
ဒေါ်လာကျတော့ ကုန်သည်တွေ အရှုံးပေါ်တယ်၊ ဒါကြောင့်
ဒီနှစ်အစိုးရက ထိန်း တာလည်း ပါတယ်၊ အခု ညနေနဲ့
မနက်တင် ဈေးက ၅ ကျပ်၊ ၆ ကျပ်လောက် ပြောင်းတယ်”ဟု ၎င်းက ပြောကြားသည်။

ဒေါ်လာဈေးကွက် သဘောအရ ဆောင်းတွင်း ဘိန်းပေါ်ချိန်
ဖြစ်သောကြောင့် ဈေးကျချိန်ဖြစ်သော်လည်း ယခုနောက်ပိုင်း
ပြောင်းလဲလာသည့် အစိုးရပေါ်လစီများကြောင့် ဈေးတက်နေ
ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“အရင်နဲ့ မတူတော့ဘူး၊ ခန့်မှန်းရခက်နေတယ်၊ ဒီနှစ်က
နိုင်ငံရေးပေါ်လစီကို ကြည့်ပြီး ဒေါ်လာ ဈေးအတက်အကျ
ဖြစ်မယ်”ဟု ပန်းဆိုးတန်း လမ်းရှိ ဒေါ်လာရောင်းဝယ်သည့် ဦးသိန်းမောင်က ပြောကြားသည်။

ယခင်နှစ် ယခုလို အချိန်တွင် ဒေါ်လာဈေး အမြင့်ဆုံး ၉၅၀ ကျော်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်တွင် NA ဈေး ၉၈၆ ကျပ်
အစိမ်းဈေး ၉၈၃ ကျပ်နှင့် Away ဈေး ၉၅ ကျပ်တို့ဖြင့် ရောင်း
ဝယ်လျက် ရှိကြောင်း ဒေါ်လာဈေးရောင်းဝယ်သူများထံမှ စုံစမ်း
သိရှိရသည်။

မျိုးပပစန်း
People power

သဇင်ဘီစကစ် စက်ရုံမှ အလုပ်အထုတ်ခံရသူများ လျော်ကြေး ကျပ်သိန်း ၄၀၀ ကျော်ရ


မန္တလေး၊ ဇန်နဝါရီ ၆

မန္တလေးစက်မှုဇုန်တွင် စက်ရုံပိတ်ရက်နှင့် ပတ်သက်၍ လေးရက်ကြာ ဆန္ဒထုတ်ဖော် ခဲ့သော သဇင်ဘီစကစ် စက်ရုံ လုပ်သား ၇၀ ဦးကျော် အပါအဝင် အလုပ်ထွက်လိုသူ ၁၃၈ ဦးကို ကျပ်သိန်း ၄၀၀ ကျော် လျော်ကြေးပေးပြီး အလုပ်ထုတ်ပယ် လိုက်ကြောင်း သဇင်ဘီစကစ် စက်ရုံပိုင်ရှင် ဦးအောင်စိုးဝင်းထံမှ သိရှိရသည်။

ဥပုသ်နေ့နှင့် တနင်္ဂနွေနေ့ နှစ်နေ့တွင် တစ်နေ့ကို အလုပ်ပိတ်ရက် ရွေးချယ်ရေးနှင့် ပတ်သက်၍ ဥပုသ်နေ့ကို အလုပ်ပိတ်ရက် အဖြစ် ဆက်လက် သတ်မှတ်ပြီး ဆန္ဒပြ လုပ်သားများကို မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် အလုပ်သမား ဥပဒေပါ နစ်နာကြေးအတိုင်း လုပ်သက်နှင့် လစာ တွက်ချက်ပြီး ဝန်ထမ်း ၁၃၈ ဦး အတွက် ကျပ် ၄၀,၈၂၂,၀၀၀ (လေးရာရှစ်သိန်း နှစ်သောင်းနှစ်ထောင်) ကို နစ်နာကြေး ပေးခဲ့ကြောင်း ၄င်းက ထပ်မံရှင်းပြသည်။

"ကျွန်တော့်ဘက်က အလုပ်ထုတ် ထားတာ ၂၆ ယောက် တည်းပါ။ ဥပဒေအရ အလုပ်ထုတ်ပယ်တဲ့ လူ ၂၆ ယောက်ကိုသာ အလုပ်သမားဥပဒေပါ နစ်နာကြေးအတိုင်း ပေးရမှာ ဖြစ်ပေမယ့် သူ့ဆန္ဒနဲ့ ထွက်သွားတဲ့ လူတွေကိုတော့ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဆန္ဒအလျောက် ထွက်သွားတဲ့ သူတွေကိုလည်း မုန့်ဖိုးအနေနဲ့ အလုပ်သမားဥပဒေပါ နစ်နာကြေးအတိုင်း ပေးလိုက်ပါတယ်" ဟု အဆိုပါ သဇင်ဘီစကစ် စက်ရုံပိုင်ရှင်က ဆိုသည်။

အဆိုပါ အလုပ် ထုတ်ပယ်ခံရသည့် ၂၆ ဦးသည် စက်ရုံတွင် ခေါင်းဆောင်အနေအထား ရှိသဖြင့် ၄င်းတို့ကို အလုပ် ထုတ်ပယ်ရာတွင် ကျန်လုပ်သားများက အလုပ်ထွက်သဖြင့် လုပ်သားတစ်ရာကျော် အလုပ်ထွက်ခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမား သမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စက်မှုဇုန်သမိုင်း မှာတော့ စံချိန်တင် လျော်ကြေးလို့ ပြောရမယ်။ ပိုင်ရှင်ဖြစ်သူက ထုတ်ပယ်သူ ကိုသာ ဥပဒေအတိုင်း ပေးလျော်ရမှာပါ။ အခုကျတော့ မိမိဆန္ဒနဲ့ ထွက်တဲ့လူ တွေကိုပါ လျော်ပေးလိုက်တယ်" ဟု ပြည်ကြီးတံခွန်မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်စိုးက ဆိုသည်။

အဆိုပါစက်ရုံ အလုပ်ပိတ်ရက်နှင့် ပတ်သက်၍ မြို့နယ်အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေရေးအဖွဲ့ ရှေ့မှောက်တွင် အလုပ်ရှင်၊ အလုပ်သမား သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ဆိုကာ သဇင် ဘီစကစ်စက်ရုံမှ နေ့စား အလုပ်သမား ၇၀ ဦးကျော်တို့သည် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ယင်းစက်ရုံ ရှေ့တွင် ဆန္ဒထုတ်ဖော် ခဲ့ပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် မြို့နယ် အလုပ်ရှင်နှင့် အလုပ်သမား ဖျန်ဖြေညှိနှိုင်းရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် လျော်ကြေးရယူမည်ဟု ဆိုကာ ညှိနှိုင်းမှု ပြေလည်ခဲ့သည်။

The Voice Weekly

တရားခွင့်ဆန္ဒဖော်ထုတ်ခွင့်မရသော်လည်း မန်းသတင်းထောက်များ ဆန္ဒဖော်ထုတ်


အင်္ဂါနေ့၊ ဇန်နဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေး၊ မဇ္ဈိမ။ ။ Eleven Media Group၏ ကယားပြည်နယ်လွိုင်ကော်မှ သတင်းထောက် မခိုင်အား ပုဒ်မ၃ခုဖြင့် မုဒုံမြို့နယ် တရားရုံးက ထောင်သုံးလ ချမှတ်ခဲ့သည့်အတွက် ဇန်န၀ါရီ(၇)ရက်က မန္တလေးအခြေစိုက် သတင်းထောက် ၂၀ခန့်က အိုးဘိုထောင်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို အိုးဘိုထောင်ရှေ့မှစ၍ ဆိုင်ကယ်များဖြင့် မန္တလေးမြို့ပတ်ပြီး မဟာမြတ်မုနိ ဘုရားကြီးတွင် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။

"ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဘာမှပြောစရာမရှိပါဘူး။ မီဒီယာဖိနှိပ်တာကို မလိုလားလို့ ဆန္ဒဖေါ်ထုတ်တာပါ။ ဒီလိုတွေဆက်ပြီး လုပ်နေမယ်ဆို နိုင်ငံရဲ့သတင်းကို အမှောင်ချတာနဲ့ အတူတူပါပဲ" ဟု DVBသတင်းထောက် ဘကြီးအောင်က မဇ္ဈိမကိုပြောသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရန် တရားဝင်စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ပေ။

မန္တလေးမြို့ခံ ဝါရင့်သတင်းထောက် ဆရာမင်းထက်ငြိမ်းချမ်းက “ ဆန္ဒဖော်ထုတ်ခွင့်တင်လိုက်တယ်။ မပေးဘူး။ ငြင်းတာကလည်း အကြာင်းပြချက်မခိုင်လုံဘူး" ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါလွိုင်ကော်မြို့မှ နယ်သတင်းထောက် မခိုင်(ခ)နော်ခိုင်ခိုင်အေးချိုအား ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထောင်ဒဏ် ၃လ အမိန့်ချလိုက်ခြင်းအပေါ် မန္တလေးသတင်းထောက်များက မီဒီယာဖိနှိပ်မှုကို မလိုးလား သည့်အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု မန္တလေးခေတ် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမင်းဒင်က မဇ္ဈိမကိုပြောသည်။

ခွင့်ပြုမိန့်မရခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ရှုတ်ချကြောင်းနှင့် သတင်းထောက်မခိုင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မန္တလေး အခြေစိုက်သတင်းထောက်များမှ ကြေငြာချက်တစ်စောင် အမြန်ဆုံးထုတ်ပြန်သွားမည်ဟု သိရ သည်။

အဆိုပါ သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း မြန်မာဂျာနယ်လစ် ကွန်ရက်မှဦးဆောင်ပြီး သတင်းထောက် ၂၀၀ခန့်နှင့် လူမှုအဖွဲ့အစည်းများက ဇန်န၀ါရီ(၇)ရက် နံနက်(၉)နာရီမှ ၁၁နာရီခွဲအထိ မြို့တော်ခန်းမရှေ့မှ Eleven Media Groupရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

အောင်ကိုဦး
Mizzima - News in Burmese

ကြံ့ခိုင်ရေး အစည်းအဝေးတွင် လက်ညှိုး ထောင် ခေါင်းညိမ့်စနစ် ပျက်ပြယ်


ရန်ကုန် ဇန်န၀ါရီ ၆

ဗဟိုဦးစီးနစ်မှ တဖြေးဖြေး ပြောင်းလဲရန် ကြိုးစားနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အစည်းအဝေး၏ ထူးခြားချက်မှာ ပွင့်လင်းစွားဆွေးနွေး ခဲ့ကြပြီး လက်ညိုးထောင်ခေါင်းညိမ့် စနစ် ပျောက်ကွယ်နေပြီး ဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

ကော်မတီဝင် ၃၀၀ ကျော်တက်ရောက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပါတီတွင်း အစည်းအဝေးကို ကျင်းပပြီး တစ်ပတ်ခန့် အကြာ ဦးအောင်သိန်းလင်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ပြင်ဆင်သင့်သည့်ပြဋ္ဌာန်းချက်များ အဖြစ် အစားထိုး ခြင်း ၁၂ချက် ဖြည့်စွက်ခြင်း ၁၃ချက် ပယ် ဖျက်ခြင်း၅ချက် ဇယား ၂ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဥပဒေပြုစာရင်းတွင် ဖြည့်စွက်သင့် သည့် ကိစ္စရပ်များ အဖြစ် ၁၁ချက် နှင့် ပြင်ဆင်သင့်သည့် ပြဋ္ဌာန်းချက် ၆ချက်တို့ကို သဘောတူ ညီခဲ့ကြောင်းပါတီက သတင်းထုတ်ပြန်ထားသည်။

ဗဟိုဦးစီးစနစ်မှ တစတစပြောင်းလဲရန်ကြိုးစားလျက်ရှိရာ ယခုကဲ့သို့ လက်ညှိုးထောင်ခေါင်းညိမ့် အပြုအမူများ လျော့နည်း လာသည်ကို တွေ့ရှိ ရသော်လည်း ၎င်းတို့ပါတီဝင်များ၏ စွမ်းဆောင်နိုင်စီမ်းကို အားရကျေနပ်မူ မရှိသေးကြောင်း ပါတီခေါင်း ဆောင်တစ်ဦး မှတ်ချက်ပြုပြောဆို သည်။

တပ်မတော်များ၏ အစဉ်အလာသည့် အထက်မှအောက်ချေသို့ အမိန်စီးဆင်းမှုနှင့် နာခံမှုအပေါ် အခြေခံထားကြောင်း ဒီမိုကရေစီ၏ အနစ်သာ ရမှာ အမျာစု၏ ဆန္ဒကို အနည်းစုကနာခံ အနည်းစု၏ ဆန္ဒကို လေးစားသည်ဆိုသည့် မူကို အခြေခံထားပြီး တပ်တွင်းဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ကျင့်သုံးနိုင်ကြောင်း မြန်မာအရေး စောင့်ကြည့်သူများကပြောကြားသည်။

“လက်ညိုးထောင် ခေါင်ညိမ့် ဖြစ်တယ်ဆိုတာ အကြောက်တရားကြောင့် အကြောက်တရား ဖြစ်တာကလည်း ခိုင်းတာလုပ် ခံမပြော နဲ့ ခံပြောရင် ခံသွားရမယ်ဆိုတဲ့ တပ်တွင်းဝေါဟာရ ခ သုံးလုံးကြောင့်ပဲ”ဟု ၎င်းက ဆိုသည်။

People power

လူကုန်ကူးခံရသော မြန်မာနိုင်ငံသား ၁ဝဦးကို မလေးရှား ရဲတပ်ဖွဲ့ကယ်တင်


ရန်ကုန် ဇန်နဝါရီ ၆

မလေးရှားနိုင်ငံရှိ ပီနန်းခရိုင်ရဲ တပ်ဖွဲ့သည် နီဘောင်းတီဗယ်ဒေသ တွင် လူကုန်ကူးခံရသော မြန်မာ နိုင်ငံသား ၁ဝ ဦးကို ယနေ့နံနက် ပိုင်းက ကယ်တင်နိုင်ခဲ့သည်ဟု မလေးရှားနေ့စဉ်ထုတ်သတင်းစာ များက ဖော်ပြသည်။ လူကုန်ကူး ခံရသူများမှာ အသက် (၈) နှစ်မှ (၂၂)နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံ သားများဖြစ်ပြီး အရွယ်မရောက် သေးသောကလေးငယ်နှစ်ဦးပါဝင် ခဲ့သည်ဟု သိရသည်။

အဆိုပါမြန်မာနိုင်ငံသားများကို အသက် (၃၅)နှစ်အရွယ်နှင့် အသက် (၂၁)နှစ်အရွယ်ရှိ ဇနီး မောင်နှံနှစ်ဦးက ၄င်းတို့၏အိမ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် အခြေစိုက် ထားသော လူမှောင်ခိုဂိုဏ်းများနှင့် ဆက်စပ်နေသည့် လုပ်ရပ်တစ်ခု ဖြစ်ဖွယ်ရှိကြောင်း ပီနန်းခရိုင်ရဲတပ် ဖွဲ့မှ ထုတ်ပြန်သော သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ဖမ်းဆီး ချုပ်နှောင်ထားသည့် ဇနီးမောင်နှံ နှစ်ဦးသည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်မှတ်ပုံတင်ကတ်များကိုင်
ဆောင်ထားသူများဖြစ်သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် အတည်ပြုထားသည်။

ပီနန်းခရိုင် ရဲအရာရှိချုပ် ဒါ တက်ခ်ဟာနာဖီက ''လူမှောင်ခို ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ သတင်း တွေကနေ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးထားတဲ့သတင်းကို ခြေရာ ခံနိုင်ခဲ့တာပါ။ကနဦးစစ်ဆေးမှုတွေ အရ အတည်ပြုနိုင်တာကတော့ ဒီ ဇနီးမောင်နှံနှစ်ယောက်ဟာဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသားတွေဆီက နေလွတ်မြောက်ဖို့အတွက် သူတို့ မိသားစုတွေဆီကပေးပို့မယ့်ငွေကြေး တွေကိုစောင့်ဆိုင်းနေပုံရပါတယ်။ ဒီဇနီးမောင်နှံ နှစ်ယောက်လုံးဟာ မလေးရှား လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်နေသူတွေဖြစ်ပြီး အရင် ကတည်းက အခုလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့ပုံရပါတယ်။ မြန်မာနိုင်ငံ သားတွေရဲ့ထွက်ဆိုချက်အရဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ သူတို့မိသားစု တွေဆီကနေ တစ်ယောက်ကို ရင်းဂစ် ၄ဝဝဝ ကနေ ၆ဝဝဝအထိ ပေးဖို့တောင်းဆိုထားတယ်လို့ သိရ ပါတယ်။သူတို့ကိုဖမ်းဆီးချုပ်နှောင် ထားတာ ရက်သတ္တပတ်လောက် ရှိပါပြီ'' ဟုပြောသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ရင်းဂစ် ၁ဝဝဝ နှင့် မိုဘိုင်းလ် ဖုန်းငါးလုံး၊ လူကုန် ကူးခံရသူများဟု ယူဆရသော အမည်များကို ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ်တစ်အုပ်ကို သိမ်း ဆည်းရရှိခဲ့သည်ဟု သိရသည်။

ပြည့်ဖြိုးနိုင်
The Union Daily

အလွတ်ကျက် ပညာရေးစနစ် မလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


စာမေးပွဲအောင်ဖို့ အလွတ်ကျက်ရတဲ့စနစ်ဟာ တိုင်းပြည်အနာဂတ်အတွက် အဆင်မပြေ နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ဒီကနေ့မနက် ချင်းပြည်နယ် တီးတိန်မြို့နယ် ဇိုနွမ်းဇန်ကျေးရွာက မူလတန်းလွန်ကျောင်း ဖွင့်လှစ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ ကလေးမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမင်းက ပြောပါတယ်။

“အန်တီပြောတာက ပညာရေးနဲ့ ပတ်သက်လို့ ပညာရေးမှာ အလွတ်ကျက် ပညာရေးစနစ် မဟုတ်ဘဲနဲ့ စာမေးပွဲအောင် ပညာရေးစနစ် မဟုတ်ဘဲနဲ့ ကျောင်းသားတွေကို တွေးနိုင်ခေါ်နိုင်၊ တွေးတတ်ခေါ်တတ်အောင် ပညာသင်ပေးဖို့ လိုအပ်တယ်ဆိုပြီး ဆရာမတွေကို ပန်ကြားခဲ့တယ်။ ကျောင်းသားများရဲ့ မေးခွန်းများ၊ ကျောင်းသားတွေရဲ့ အပြန်အလှန် ပြောဆိုမှုများ လုပ်သင့်တယ်။ ဒါမှလည်းပဲ တိုင်းပြည်ရဲ့ ပညာရေးက ဖွံ့ဖြိုးမှာ။ အဲတော့ တလျှောက်လုံး ကျနော်တို့က စာမေးပွဲခန်းထဲ ရောက်တာနဲ့ တပြိုင်နက် စာမေးပွဲအောင်ဖို့ အလွတ်ကျက်ရတဲ့ စနစ်ဟာ တိုင်းပြည် အနာဂတ်အတွက် အဆင်မပြေနိုင်ဘူးဆိုပြီး အဲလိုပြောသွားပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၉း၀၀ နာရီမှာ ဇိုနွမ်းဇန်ကျေးရွာက မူလတန်းလွန်ကျောင်းကို ဖွင့်လှစ်ပေးခဲ့တာပါ။

ဆရာတော် အရှင်ဆန္ဓာဓိကက အဖွဲ့ချုပ်ရဲ့ အမေ့အိမ်ပညာ ဒါနကျောင်းအတွက် လှူဒါန်းဖို့ ဆန္ဒရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားဒေသတွေမှာ ပိုပြီး အကျိုးရှိစေမယ့် မူလတန်းကျောင်းလှူဖို့ အကြံပြုခဲ့တဲ့အတွက် အဲဒီအလှူငွေကို ဇိုနွမ်းဇန်ကျောင်းကို ပေးအပ်ခဲ့တာလို့လည်း ဦဘမင်းက ပြောပါတယ်။

ဇိုနွမ်းဇန် ကျောင်းအတွက် အရှင်ဆန္ဓာဓိက ကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ကျပ်သိန်း ၃၀ လှူဒါန်းခဲ့တဲ့အပြင် ဗလာစာအုပ်ဒါဇင် ၅ ရာကျော်နဲ့ ဘောပင်ခဲတံတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

မြောက်ဒဂုံရှိ ကျူးကျော်အိမ် ၂၅လုံး ဖျက်၍ အားကစားကွင်း တည်ဆောက်မည်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၆) ရပ်ကွက် ဗိုလ်စောဦးလမ်း အတွင်းရှိ ကျူးကျော်အိမ် ၂၅လုံးကို ဖျက်သိမ်း၍ အားကစားကွင်း တည်ဆောက်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာ ဒုတိယအုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောကြားသည်။

ယင်းအားကစားရုံကို ဇန်နဝါရီလ ပထမပတ်က စတင်ဆောက်လုပ်ခြင်းဖြစ်ရာ ၂ဝ၁၄ ခုနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်းနှင့် အဆိုပါ အားကစားရုံ၌ ဘောလုံး၊ ခြင်းလုံးနှင့် ဘတ်စကက်ဘော အားကစားနည်း များအတွက် ကစားကွင်း သုံးကွင်း ပါဝင်မည်ဖြစ်ကြောင်းနှင့် အားကစားကွင်း
ဆောက်လုပ်ပြီးစီးပါက မည်သူမဆို အခမဲ့ လာရောက် ကစားနိုင်မည်
ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ သို့သော်လည်း မည်မျှကုန်ကျမည် ကိုမူ ပြောဆိုခဲ့ခြင်း မရှိပေ။

ယင်းစည်ပင်ပိုင် မြေနေရာတွင် ကျူးကျော်အိမ် ၂၅လုံးရှိပြီး ဇန်နဝါရီလ ၅ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သုံးကြိမ်တိုင် သတိပေး
ထားကြောင်း (၄၆) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

ကျူးကျော်နေထိုင်သူ များမှာ အများဆုံး ခြောက်နှစ်မှအနည်းဆုံးသုံးနှစ်အထိ
ယင်းမြေနေရာတွင် နေထိုင်ခဲ့ကြရာ အချို့မိသားစု များတွင် ကျောင်းနေ
အရွယ်များ ရှိသောကြောင့် ယခုပညာသင်နှစ် ပြီးသည်အထိ နေထိုင်ခွင့်ပြုရန် မြို့နယ်စည်ပင်ရုံးသို့ စာတင် ထားကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့ က ကျူးကျော်တဲ ၁၀လုံး ဖယ်ရှားခံရကြောင်း ဖျက်သိမ်းခံခဲ့ရသည့် ဒေါ်စုခင်က
ပြောဆိုသည်။

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ရပ်ကွက်အဆင့်ထိ အားကစားကွင်းများ တိုးချဲ့
ဆောက်လုပ်မည်ဖြစ်ရာ စည်ပင်သာယာပိုင် မြေနေရာ များတွင် ကျူးကျော်
ဆောက်လုပ်ထားသည့် အိမ်များကိုလည်း ထပ်မံဖယ်ရှား ရှင်းလင်း ဦးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောဆိုသည်။

The Voice Weekly

လာမည့် စင်ကာပူတွင်ကျင်းပမည့် ၂၈ ကြိမ်မြောက်ဆီးဂိမ်းတွင် မြန်မာ့ခြင်းလုံး ယှဉ်ပြိုင်ခွင့်ရပြီ


၂ဝ၁၅ စင်ကာပူတွင် ကျင်းပမည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာ့ ရိုးရာခြင်းလုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရပြီဟု ရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ သိရသည်။

ရိုးရာခြင်းလုံး အားကစားနည်းသည် ကျင်းပ ပြီးစီးခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ပထမဆုံး အဖြစ် ထည့်သွင်း ထားသည့် မြန်မာ့ရိုးရာ အား ကစားနည်း တစ်ခုဖြစ်သည်။

အာရှ အားကစား အဖွဲ့ချုပ်တွင် ရိုးရာခြင်းလုံး အဖွဲ့ချုပ် မရှိဘဲ ပိုက်ကျော် ခြင်း အဖွဲ့ချုပ်နှင့် ပူးတွဲ လုပ်ဆောင်နေ ရခြင်းကြောင့် လာမည့် ဆီးဂိမ်းတွင် ပါဝင် နိုင်ရန် မသေချာခဲ့ပေ။

”အာရှ ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် ကိုလည်း ဖွဲ့စည်းပြီးပါပြီ။ အရှေ့တောင် အာရှ အားကစား ကျင်းပရေး ကော်မတီ ကလည်း လာမယ့်စင်ကာပူ ဆီးဂိမ်းမှာ မြန်မာ့ ရိုးရာခြင်းလုံး ပါဝင်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ရိုးရာ ခြင်းလုံး အဖွဲ့အနေဖြင့် သေချာပေါက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါပြီ”ဟု ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် မှ တွဲဖက် အတွင်းရေးမှူး (၁) ဦးပြည့်စုံမြင့် က ပြောသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် လက်ခံ ကျင်းပသကဲ့သို့ Event လေးခု ပါဝင်မည် မပါဝင်မည်ကို မသိရှိသေးကြောင်း အစည်းအဝေး အထပ်ထပ် ပြု လုပ်ရဦး မည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစား အဖွဲ့သည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် Event လေးခု ထည့်သွင်း ယှဉ်ပြိုင်ခဲ့ ပြီး ရွှေတံဆိပ် ၆ ခုရယူပေးထားသည့် အားကစားနည်း ဖြစ်ကြောင်း သိရသည်။

PN052

နေအိမ်တွင် ကိုယ်ပိုင်နိုက်ကလပ် တည်ဆောက်ထားသည့် ပဲရစ်ဟီလ်တန်


ပဲရစ်ဟီလ်တန်က သူမ၏ နေအိမ်တွင် နိုက်ကလပ်တစ်ခုကို ထည့်သွင်း
တည်ဆောက်ထားကြောင်း ကြွားလုံးထုတ် ပြောဆိုလိုက်သည်။ ဟီလ်တန်
ဟိုတယ် လုပ်ငန်းစုကြီး၏ အမွေခံ သန်းကြွယ်သူဌေးမလေးက ဘီဗာလီဟေးလ်ရှိ နေအိမ်တွင် မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ ပျော်
ရွှင်နိုင်မည့် ကလပ်တစ်ခုကို စိတ်ကြိုက် ဖန်တီးထားကြောင်း ဆိုသည်။ "ကျွန်မအိမ်မှာ အိပ်ခန်း(၅)ခန်းရှိတယ်။ ကျွန်မကတော့ အကြိုက်ဆုံး အိပ်ခန်းကို ကိုယ်ပိုင်အဖြစ် ရွေးထားတယ်။ ပြီးတော့ ကျွန်မရဲ့ အဝတ်ဗီရို
ကိုလည်း သိပ်ကြိုက်တယ်။ နောက်တစ်ခု ရှိသေးတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်
နိုက်ကလပ်ပါ။ အဲဒီမှာ ကျွန်မ ပါတီတွေ အများကြီး လုပ်ပြီးပြီ"ဟု ပဲရစ်က
ပြောကြားခဲ့သည်။

ပဲရစ်တွင် ဘာရွန်ဟီလ်တန်၊ ကွန်ရက်ဒ်ဟီလ်တန်နှင့် နစ်ကီဟီလ်တန်
ဆိုသော မောင်နှမ (၃)ဦးလည်း ရှိနေသေးသည်။ သူမက မိမိ၏ မောင်နှမ
များကို နေအိမ်သို့ ဖိတ်ကြားကာ သီးခြားပါတီလေးများ ပြုလုပ်လေ့
ရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။ "ကျွန်မမိသားစုနဲ့ ခုလိုမျိုး သီးသီးသန့်သန့် ပါတီလေးတွေ လုပ်ခွင့်ရတာကို သိပ်သဘောကျပါတယ်။ ဒါက အရမ်းကို
ပျော်စရာကောင်းတယ်။ ကျွန်မရဲ့ အိမ်ထဲမှာ သူငယ်ချင်းတွေချည်း စုပြီးတော့ ဝိုင်းဖွဲ့နေလို့ရတယ်။ ကျွန်မမောင်ရဲ့ မွေးနေ့ပါတီကိုတောင် အိမ်က နိုက်ကလပ်မှာ လုပ်ဖြစ်ခဲ့သေးတယ်"ဟု ပဲရစ်က ဆိုသည်။

သူမက ရပ်ကွက်အနေအထားအရ ကျယ်ကျယ်လောင်လောင် ပါတီမျိုးကို ညအချိန်မတော်တွင် ကျင်းပ၍မူ မရနိုင်ကြောင်းလည်း ဝန်ခံခဲ့သည်။ "ဒီမှာက လုံခြုံရေး တင်းကျပ်လွန်းတယ်။ (၂)နာရီလောက်ထိ ပါတီပေးလို့တော့ရတယ်။
ဒါပေမဲ့ ဆူညံနေလို့ မရဘူး။ ဒါကြောင့် ကျွန်မက ညကြီးအချိန်မတော်ထိ ပါတီလုပ်တယ်ဆိုရင် အခင်ဆုံး၊ အကြောင်းအသိဆုံး သူငယ်ချင်းတွေကိုပဲ
ရွေးပြီး ခေါ်ထားပါတယ်"ဟု ပဲရစ်က ရှင်းပြသွားသည်။

Planet Myanmar Network

ထိုင်းနိုင်ငံထုတ် (GSM)AIS ဆင်းကတ်များ ပြည်တွင်း၌ ယခုလအတွင်း သုံးစွဲနိုင်မည်


ရန်ကုန်၊ ဇန်န၀ါရီ ၇

ထိုင်းနိုင်ငံအခြေစိုက် GSM မိုဘိုင်းလ်အော်ပရေတာ
AIS (Adavanced Info Service) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များကို ပြည်တွင်း၌ ယခုလအတွင်း သုံးစွဲ
နိုင်တော့မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်
အရ သိရသည်။

ထိုင်းနိုင်ငံထုတ် GSM ဆင်းမ်ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန် မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဝန်ကြီးဌာနနှင့် သဘောတူ လက်မှတ်ရေးထိုး
ထားပြီး ဆင်းမ်ကတ်များကို လူဦးရေ ၂ သိန်းမှ ၃ သိန်း
အထိ အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၀န်ဆောင်မှုတွေကိုတော့ ဇန်န၀ါရီလ အလယ်ပိုင်းလောက်
မှာ စတင်ဖို့ စီစဉ်ထားတယ်၊ ဆင်းမ်ကတ်တစ်ခုကို တစ်ရက်
မှာ 50 Mb ထိ သုံးစွဲနိုင်မယ်”ဟု ၎င်းက ဆက်လက်ပြောကြား
သည်။

ယခုအခါတွင် GSM ဆင်းမ်ကတ်များကို ရောင်းချမည့်
ဈေးနှုန်း အတိအကျ မသိရှိသေးကြောင်း တစ်မိနစ်လျှင်
ဖြတ်တောက်မည့် ပိုက်ဆံနှုန်း ထားများကိုလည်း အတိ
အကျ မသိသေးကြောင်း ကောလ်စင်တာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံ အခြေစိုက် AIS ဆက်သွယ်ရေးကုမ္ပဏီကို
၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့တွင်
ကမ္ဘာအနှံ့ သုံးစွဲသူ ၁၅ သန်းကျော် ရှိကြောင်း ထုတ်ပြန်
ချက်အရ သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းအသုံးပြုနိုင်သူ
ဦးရေမှာ ည်းပါးနေခြင်းကြောင့် မြန်မာ့ဆက်သွယ်ရေးမှ
ရောင်းချပေးလျက်ရှိသည့် ဖုန်းအမျိုးအစားများအပြင် ပြည်ပ
ဆက်သွယ်ရေး ကုမ္ပဏီများမှ ဈေးနှုန်းသင့်တင့်စွာဖြင့်
ရောင်းချပေးမည့် ဆင်းမ်ကဒ်များကို လိုအပ် လျက်ရှိနေ
သေးကြောင်း မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့ တာဝန်ရှိသူ
များထံမှ သိရသည်။

ရေးသားသူ - အောင်ကိုမင်း
တည်းဖြတ်သူ- အေးငြိမ်းသူ
People power

မင်းလှမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား


သာယာဝတီ ဇန်နဝါရီ ၇

၂၀၁၄ခုနှစ်၊ ဇန်နဝါရီ(၆)ရက်နေ့ (၂၂:၃၀) အချိန်တွင် မင်းလှမြို့နယ်၊ လက်ဆက် အုပ်စု၊ ရွှေကြီးမြင့်ရပ်ကွက်၊ သစ်ထုတ်ရေးဝန်း အတွင်းရှိ ရေကန်ဘေး တွင် ဦးဆွေမြင့် (၅၄)နှစ် (ဘ) ဦးတင်ရှိန်၊ ကျဘမ်းလုပ်၊ တပ်မတော် တပ်ကြပ်ကြီး (ငြိမ်း)၊ ရွှေကြီးမြင့်ရပ်ကွက်၊ လက်ဆက် အုပ်စုနေသူသည် ဝဲဘက်ပါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲဘက် လက်ဖဝါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဓါးခုတ် ဒဏ်ရာများ ရရှိပြီး၊ သေဆုံးနေကြောင်း၊ ကျေးရွာ အထောက် အကူပြု အဖွဲ့များဖြစ်သော ဦးခင်မောင်ထွေး၊ ဦးမျိုးမင်းသူတို့မှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျထံ သွားရောက် သတင်းပို့ခဲ့ရာ ဦးကျော်ဇေယျမှ မင်းလှမြို့မရဲစခန်းသို့ ဖုန်းဆက် သတင်းပေးခဲ့ပြီး၊ စခန်းမှူး ဒုရဲမှူး ကိုကိုဇော်၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကိုလေးတို့နှင့် အတူ အခင်းဖြစ်ရပ်သို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး၊ မင်းလှပြည်သူ့ဆေးရုံသို့ သေဆုံးသူ၏ အလောင်း အား ရဲစခန်းဆေးစာ ဖြင့် တင်ပို့ ထားရှိကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ (၇-၁-၂၀၁၄)ရက်နေ့ (၀၇:၃၀)အချိန်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျမှ တရားလိုပြု လုပ်တိုင်းတန်းသဖြင့် မင်းလှ ရဲစခန်း (ပ) ၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပြီး စခန်းမှူး ဒုရဲမှူး ကိုကိုဇော်မှ တရားခံဖော်ထုတ် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိ ရပါသည်။
MOI Webportal Myanmar

သင်္ဃန်းကျွန်းတွင် ရဟန်းတစ်ပါးထံမှ သိန်းတစ်ရာခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများတွေ့


ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က သက်တော် ၄၅ နှစ်အရွယ် ရဟန်းတစ်ပါး ထံမှ ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိသော ICE အမျိုးအစား မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကြိုတင် သတင်းရရှိချက်များ အရ ရဲတပ်ဖွဲ့ဝင်များက သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းနှင့် ဗဟိုလမ်းထောင့် စံပြဈေးမှတ်တိုင် အနီး (တာမွေမြို့နယ်ဘက် အသွား) တွင် စောင့်ဆိုင်းနေစဉ် လေးဒေါင့်ကန်လမ်း အတိုင်း မောင်းနှင်လာသော ပရိုဘောက်စ် အငှားယာဉ် ပေါ်တွင် လိုက်ပါလာသော ခရီးသည် ရဟန်းဦးခေမိန္ဒ(ခ) စိုးဖြူအောင် နှင့် အသက် ၃၉ နှစ်အရွယ် ဦးကိုကိုဝင်း တို့ကို ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သို့ ခေါ်ဆောင်စစ်ဆေးရာ ဦးခေမိန္ဒ လွယ်ထားသော လွယ်အိတ် အတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော ICE မူးယစ်ဆေးဝါးအခဲ ၅၀၀ ဂရမ် ကာလတန်ဖိုး ကျပ်သိန်းတစ်ရာခန့်ကို တွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

"ICE ခဲတွေနဲ့မိတဲ့ ကိုယ်တော်က ကျောင်းတိုက်မှာမနေဘဲ အမြဲတမ်း ဟိုသွားဒီသွား လုပ်နေတယ်လို့ သိရတယ်။ ဒီမူးယစ်ဆေး တွေကို နေပြည်တော်ဘက်က ယူလာတာလို့ ပြောပါတယ်" ဟု သင်္ဃန်းကျွန်း မြို့နယ် ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က The Voice သို့ ရှင်းပြသည်။

မူးယစ်ဆေးဝါးများနှင့် တွေ့ရှိသော ရဟန်းမှာ သာကေတ (၁၀/မြောက်) ရပ်ကွက်ရှိ ကျောင်းတိုက်တစ်ခုတွင် သီတင်းသုံး နေထိုင်သူဖြစ်ကြောင်း၊ ၄င်းနှင့် အတူပါလာသော အမျိုးသားမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းမိသောကြောင့် ရဟန်းဦးခေမိန္ဒကို မြို့နယ် သံဃနာယက အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသောဘနက လူဝတ်လဲ စေခဲ့ပြီးနောက် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦးခေမိန္ဒနှင့် ဦးကိုကိုဝင်းကို မူးယစ် (ပ) ၁/၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

သားအမိ(၂)ဦး အဆိပ်သောက်သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၆

၆.၁.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန် ကော့မှူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာတွင် သားအမိ(၂)ဦး
အဆိပ်သောက်သေဆုံးနေကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ လက်ခိုက်ကျေးရွာနေ မ----နှင့် အသက်(၄)နှစ်ခန့်ရှိ၎င်း၏သမီးတို့(၂)ဦး
အား နေအိမ် ခြံဝင်းအတွင်းရှိ အိမ်သာရှေ့တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ
နှုတ်ခမ်းနှင့်လျှာများပြာနှမ်းကာ အဆိပ်သောက်ထားသည့်လက္ခဏာများဖြင့်
သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

၎င်းတို့သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ မ----သည် ၎င်း၏ ခင်ပွန်းဖြစ်သူမှာ အိမ်ထောင်ရေး ဖောက်ပြန်သည့်အတွက်စိတ်ညစ်ကာ သမီးဖြစ်သူနှင့်(၂)ဦးအတူ အဆိပ်သောက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ကော့မှူးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၄)ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ပြည့်တန်ဆာနှစ်ယောက်ကိုသတ်ပြီးသူတို့ ရဲ့ရုပ်အလောင်းတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် တရုတ်ကျောင်းသား တစ်ယောက်ကို သေဒဏ်ပေး


အသက် ၂၃ နှစ်အရွယ် လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ်သင်ယူနေတဲ့ တရုတ်ကျောင်းသား တစ်ယောက်ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင် ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက်အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ဒါဟာ ဒီတုန်လှုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်ရဲ့ ဇာတ်သိမ်းမဟုတ်သေးပါဘူး။ လီဟာ အဲဒီ့ပြည့်တန်ဆာ နှစ်ယောက်ရဲ့ အလောင်းတွေကို တစ်ပိုင်းစီပိုင်းပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါသေးတယ်။

ချန်ချူးပြည်နယ် တက္ကသိုလ်မှာ ဒီဇိုင်းပညာရပ်တက်ရောက်နေတဲ့ လီက ရဲတွေကို ထွက်ဆိုခဲ့ရာမှာ သူဟာ အတန်းချိန်တွေကို ပျက်ကွက်နေခဲ့ပြီး စာထဲစိတ်မ၀င်စားတဲ့အတွက် သူ့ စိတ်ကို ဖြေလျော့ မယ့် နည်းလမ်းကို လိုအပ်နေလို့ အခုလို လုပ်ခဲ့တာပါတဲ့။ သူဟာ ဒီအဖြစ်အပျက်မဖြစ်ခင်ကတည်းက ရုပ်အလောင်း တွေ နဲ့  ကာမဆက်ဆံရတာ နှစ်သက်တဲ့ ရောဂါတစ်မျိုးရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဟာ ပထမဦးဆုံး အင်တာနက်ကနေ အသက် ၂၀ အရွယ် ပြည့်တန်ဆာတစ်ယောက်ကို ဌားရမ်း ခဲ့ပါတယ်။ နောက် သူမကိုသတ်ပြီး အလောင်းကို ချန်ပင်းမြို့ က သူ့ အိမ်မှာ ဖွက်ထားခဲ့ပြီး သူမရဲ့ ရုပ်အလောင်းနဲ့ ကာမ ဆက်ဆံခဲ့ပါတယ်။

အဲဒီ့လအတွင်းမှာပဲ သူဟာ နောက်ထပ် ပြည့်တန်ဆာ တစ်ယောက်ကို ထပ်ဌားရမ်းခဲ့ပြီး ပုံစံ တူပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နောက် သူဟာ အလောင်းတွေ ကို တစ်စစီပိုင်းဖြတ်ပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံထားခဲ့တာပါ။

ရဲတွေရဲ့ ခြေရာခံလိုက်မှုကနေ လီ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဒီဆိုးရွား တဲ့အပြစ်တွေအတွက် သေဒဏ် ချမှတ်ခဲ့တဲ့ အပြင် သူ့ သားကောင်ဖြစ် ခဲ့ရရှာတဲ့ ပြည့်တန်ဆာမိန်းကလေးနှစ်ယောက်ရဲ့ မိသားစု တွေကို လည်း လျော်ကြေးငွေ ယွမ် ရှစ်သောင်း ( ပေါင် ၈၀၀၀ ) ပေးဆောင်ဖို့ 
အမိန့် ချမှတ်ခဲ့ပါတယ်။

Trend Myanmar

ဇနီးလောင်းကို ပွဲထုတ်ပြလာသည့် ဒေးဗစ်ကော်ပါဖီးလ်




ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာကျော် မျက်လှည့်ပညာရှင် ဒေးဗစ်ကော်ပါဖီးလ်က ၎င်းနှင့် လက်ထပ်မည့် မော်ဒယ်လ် ချလိုဂေါ့စလင်ကို လူအများရှေ့ ပွဲထုတ် ပြသလိုက်သည်။ သန်းပေါင်းအတော်များများ ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတစ်ဦးအဖြစ် ရပ်တည်နေသော ဒေးဗစ်သည် လွန်ခဲ့သော နှစ်ပေါင်းအတော်များများကလည်း စူပါမော်ဒယ်လ် တစ်ဦးဖြစ်သည့် ကလော်ဒီယာ ရှက်ဖားကို လက်ထပ်ခဲ့ဖူးသည်။ ဒေးဗစ်သည် အသက်(၂၈)နှစ်ရှိ ပြင်သစ် မော်ဒယ်လ်နှင့် ဒီဇိုင်းပညာရှင် ချလိုကို မကြာသေးမီကမှ စေ့စပ်လိုက်ခြင်း ဖြစ်သည်။ Hello! မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဒေးဗစ်က မိမိသည် ကလော်ဒီယာနှင့် အတိတ်ကို လုံးဝ မေ့ဖျောက် ချန်ထားနိုင်ခဲ့ပြီဟု ဒေးဗစ်က ပြောကြားခဲ့သည်။

"ဒါတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ခုတော့ကျွန်တော် ချစ်သူတစ်ယောက်ကို စေ့စပ်လိုက်ပြီ။ ချလိုနဲ့ ကျွန်တော်တို့ဟာ ဆက်ဆံရေးတစ်ခုကို စူးစိုက် တည်ဆောက်ခဲ့ကြပါတယ်။ ဒါကို ကျွန်တော့် စိတ်ထဲမှာရော၊ နှလုံးသားထဲမှာပါ အပြည့်အဝ နေရာပေးထားတယ်"ဟု အသက်(၅၇)နှစ် ရှိပြီဖြစ်သည့် အမေရိကန် ပဉ္စလက် ပညာရှင်က ဆိုသည်။ ချလိုကလည်း "ကျွန်မ အနေနဲ့ ဒေးဗစ်နဲ့ ဆုံဆည်းခွင့်ရတ သိပ်ကို ကံကောင်းပါတယ်။ ကမ္ဘာပေါ်မှာ သူ့လိုလူစား နည်းနည်းလေးပဲ ရှိမယ်လေ။ သူဟာ ကိုယ့်ပရော်ဖက်ရှင်နယ် အလုပ်မှာ ထိပ်ဆုံးနေရာကနေ နှစ်ပေါင်း(၃၀)ကျော် ရပ်တည်ပြခဲ့ပြီးပြီ။ သူလုပ်ပြခဲ့သမျှတွေမှာ အင်မတန် ထူးခြားဆန်းကျယ်တဲ့ အရာတွေ ပါဝင်ခဲ့ပါတယ်"ဟု ဂုဏ်ယူစွာ ပြောကြားသွားခဲ့သည်။
Planet Myanmar Network

ဂျကာတာမြို့ မြန်မာသံရုံး ဗုံးခွဲရန်ကြံသူ ထောင်ဒဏ်


 မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြိုးစားတဲ့ ဘာသာရေးအစွန်းရောက်သူတဦးကို အင်ဒိုနီးရှားတရားရုံးက တနင်္လာနေ့မှာ ထောင်ဒဏ် ၇ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

အခ်ျမက် တောင်ဖစ်ဂ် (Achmad Taufig) ဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံမဲ့ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံတယ်ဆိုပြီးတော့ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသထွက်ကာ မေလအတွင်း ဂျကာတာမှာ ရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ သူတွေထဲက တဦးဖြစ်ပြီး အဲဒီလူတွေကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြင်သစ်သတင်းဌာန AFP ကို ကိုးကားပြီး Channel News Asia သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒီလူဟာ ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ အိမ်လုပ်ဗုံးတွေ အပြည့်ပါတဲ့ ကျောပိုးအိပ်ကိုလွယ်ပြီး နောက်ထပ် တခြား စစ်သွေးကြွတယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးရဲ့နောက်မှာ ထိုင်ပြီးလိုက်လာချိန်မှာ အင်ဒိုနီးရှားရဲက ဖမ်းဆီးမိလိုက်တာ ဖြစ်ပါတယ်။

အခုလိုတိုက်ခိုက်ဖို့အတွက် အသက် ၂၂ နှစ် အရွယ်ရှိတဲ့ အခ်ျမက် တောင်ဖစ်ဂ်ကို တခြားအစွန်းရောက် စစ်သွေးကြွ သမားတွေက ကူညီပြီးတော့ ပိုက်နဲ့လုပ်ထားတဲ့ ဗုံးတွေ ပြုလုပ်ပေးခဲ့တယ်လို့ သူက ထွက်ဆိုတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့အခုလိုလုပ်ဆောင်မှုဟာ အစိုးရရဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနေမှု အပေါ် ထိပါးရာရောက်သလို လူမှုအသိုင်းဝိုင်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်နေတာကို နှောင့်ယှက်ရာရောက်တယ်လို့ ဂျကတာမြို့တောင်ပိုင်းမှာ ရုံးထိုင်တဲ့ တရားရုံးရဲ့ တရားသူကြီးက ပြောဆိုပါတယ်။

VOA Burmese News

ငါတို့စားဖို့အလှည့်


    အောက်ပါလုပ်ငန်းများထဲက အခက်ခဲဆုံးအလုပ်ကို မှန်ကန်အောင် ရွေးချယ်ပြပါ။
    (က) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး။
    (ခ) မြန်မာအမျိုးသားဘောလုံးအသင်း အာရှချန်ပီယံဖြစ်ရေး။
    (ဂ) မူးယစ်ဆေးဝါးတိုက်ဖျက်ရေး။
    (ဃ) လာဘ်စားမှုပပျောက်ရေး။

    မြန်မာအမျိုးသားဘောလုံးအသင်း အာရှချန်ပီယံဖြစ်ရေး??? အဖြေမှားပါသည်။ အဖြေမှန်က “လာဘ်စားမှုပပျောက်ရေး”ဖြစ်ပါသည်။

    ဆယ်စုနှစ်များစွာကြာအောင် သွေးထဲသားထဲမှာ အမြစ်တွယ်ရှင်သန်ကြီးထွားနေခဲ့သည့် ခြစားမှုနာတာရှည်က လူ့အဖွဲ့အစည်းတစ်ခု၏ နိုင်ငံရေးအပြောင်းအလဲကို ဘယ်လိုကျဆုံးစေတယ်ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

    အာဖရိကတိုက်ကို သွားကြပါစို့။

    တကယ်တော့ ကင်ညာသည် အာဖရိကတိုက်၏ အနာဂတ်အလားအလာ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ သူ့သမိုင်းမှာ အိမ်နီးချင်းယူဂန်ဒါနိုင်ငံက အီဒီအာမင်လို အရူးအာဏာရှင်လည်းမရှိခဲ့။ မြောက်ဘက်က ဆိုမာလီယာလိုလည်း ကစဥ့်ကလျားမဖြစ်။ ရ၀မ်ဒါလို မျိုးဖြုတ်သတ်ဖြတ်ရေးလည်း မလုပ်ခဲ့ကြပါ။ ကင်ညာလူ့အဖွဲ့အစည်းကို အလဲထိုးနေသည့် အကြောင်းအရာက တစ်ခုတည်းဖြစ်သည်။ “ခြစားမှု”။

    ၂၀၀၂ ခုနှစ်မှာ “လာဘ်စားမှုတိုက်ဖျက်ရေး”ကြွေးကြော်သံဖြင့် အမ်ဝေကီဘာကီ သမ္မတဖြစ်လာသည့်အခါ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာသည်။ ရွေးကောက်ပွဲကလည်း တရားမျှတသည်။ သမ္မတအသစ်ကလည်း ခြစားသည့် သမိုင်းမရှိခဲ့သူ။ သမ္မတကီဘာကီက လာဘ်စားမှုသတင်းများကို တောက်လျှောက်စုံစမ်းထောက်လှမ်းခဲ့သည့် ထင်ရှားသည့် သတင်းစာဆရာ ဂျွန်ဂစ်သွန်ဂိုကို လာဘ်စားမှုတိုက်ဖျက်ရေးခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။

    ဂျွန်ရင်ဆိုင်ရမည့် စိန်ခေါ်မှုက တောင်တန်းကြီးတစ်ခုလို ကြီးမားလှသည်။ ကင်ညာဆိုသည်က ဂိတ်စောင့်နှင့် အငယ်တန်းစာရေးကစ၍ အစိုးရထိပ်သီးဝန်ကြီးများအထိ လာဘ်စားမှုကြီးမားနေသည့် လူ့အဖွဲ့အစည်း။

    ထိပ်တန်းအရာရှိကြီးများကြားက ခြစားမှုကို ဂျွန်က အမဲစလိုက်တော့သည်။ ၀မ်းနည်းစရာတွေ့ရှိချက်ကတော့ အစိုးရအဖွဲ့သစ်၏ အရာရှိကြီးများကလည်း အစိုးရဟောင်းများ ခေတ်ကလိုပင် ခြစားမှုကို အမွေဆက်ခံယူခြင်းဖြစ်သည်။ ဂျွန်ကို မကူညီသည့်အပြင် ရန်ပြုကြသည်။ ဟန့်တားကြသည်။ ခြစားသည့် ထိုအရာရှိကြီးများက ဂျွန်ကို ပြောသည့်စကားက ကမ္ဘာကျော်သွားခဲ့သည်။ “ငါတို့စားဖို့အလှည့်” It's Our Turn To Eat ဖြစ်သည်။ ယခင်က ခြစားမှုကို မူအရဆန့်ကျင်ခဲ့သူများပင် ရာထူးလက်ကိုင်ရလာသောအခါ “ငါတို့စားဖို့ အလှည့်”ဖြစ်လာကြတော့သည်။

    ဂျွန်အတွက် အကြီးမားဆုံးပစ်မှတ်က Anglo Leasing and Finance ကုမ္ပဏီဖြစ်သည်။ ကုမ္ပဏီက ဗြိတိန်မှာ မှတ်ပုံတင်ထားပြီး လိပ်စာတစ်ခုကလွဲ၍ ဘာမှမရှိ။ သို့သော် ကင်ညာအစိုးရ၏ သုံးငွေ ၁၆ ရာခိုင်နှုန်းက Anglo Leasing ကို သွားနေသည်။ ကင်ညာအစိုးရလိုအပ်သည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကအစ ရေတပ်ဖရီးဂိတ်သင်္ဘောများအထိ Anglo Leasing က သွင်းပေးနေသည်။ တင်ဒါခေါ်ယူမှုများကို ပြည်သူအများအကြားချမပြခဲ့။

    နောက်ကွယ်မှာ ကြီးကြီးမာစတာများပါနေသည့် ခြစားမှုကိုလိုက်ရင်း ဂျွန်ဂစ်သွန်ဂိုတစ်ယောက် အန္တရာယ်များနှင့် ရင်ဆိုင်လာရသည်။ ခြစားသူ ထိပ်တန်းအရာရှိကြီးများက “သူတို့စားဖို့အလှည့်”ကို ဟန့်တားသူအဖြစ် ဂျွန့်အသက်အန္တရာယ်ကို ခြိမ်းခြောက်လာကြသည်။ ပြည်သူများအကြားမှာ ဂျွန်ကသူရဲကောင်း၊ ခြတွေအကြားမှာ ဂျွန်က အကြီးမားဆုံးရန်သူ။

    နောက်ဆုံးတော့ အင်္ဂလန်ကို ပြည်ပြေးအဖြစ် ဂျွန်တိမ်းရှောင်သွားခဲ့ရသည်။ ၂၀၀၆ ခုနှစ်မှာ ဂျွန်က ကြေညာခဲ့သည်။ Anglo Leasing အရှုပ်တော်ပုံမှာ ဒုသမ္မတ၊ တရားရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးတို့ ပါဝင်နေခဲ့သည်။ ကင်ညာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက Anglo Leasing ၏ ခြစားမှုစုစုပေါင်းတန်ဖိုးက ကင်ညာနိုင်ငံမှာရှိသည့် အိပ်ခ်ျအိုင်ဗီရှိသူများအားလုံးကို (၁၀)နှစ်ကြာအောင် အေအာဗီဆေး လုံလောက်အောင် ပေးနိုင်သည်ဟု ဆိုပါသည်။ ၂၀၀၈ ခုနှစ်မှာ ဂျွန်တစ်ယောက် ကင်ညာကို ပြန်လာခဲ့သည်။ ထင်ရှားသည့် ဗြိတိသျှသတင်းစာဆရာမ မီချယ်လာရောင်းက It's Our Turn To Eat ဆိုသည့်စာအုပ်မှာ ဂျွန်နှင့် သူ၏တိုက်ပွဲများကို ရေးသားခဲ့သည်။ ၂၀၁၁ ခုနှစ်မှာ “ကင်ညာကို ငါတို့ပိုင်တယ်” (Kenya is ours) ဆိုသည့် လှုပ်ရှားမှုကို ဂျွန်စတင်ခဲ့သည်။ ပြည်သူများကို လာဘ်စားမှုနှင့်ပတ်သက်သည့် ခံစားချက်နှင့် အတွေ့အကြုံများကိုဖွင့်ချဖို့ စည်းရုံးအားပေးခြင်းဖြစ်သည်။ ယနေ့တိုင် ကင်ညာသည် ခြစားမှုနွံမှာနစ်နေဆဲ။

    ဒုတိယမေးခွန်းတစ်ခု ထပ်မေးပါမည်။ ဒီတစ်ခါ မှန်အောင်ဖြေပါ။

    ခြစားမှုပြဿနာမှာ ကင်ညာနှင့် မြန်မာ ဘယ်နိုင်ငံက ပိုဆိုးပါသလဲ? မြန်မာ! အဖြေမှန်ပါသည်။

    Transparency International အဖွဲ့ကြီး၏ ၂၀၁၃ ခုနှစ် ခြစားမှုအစီရင်ခံစာမှာ ကင်ညာက ၁၇၇ နိုင်ငံမှာ အဆင့် ၁၃၆ ချိတ်ပြီး မြန်မာကတော့ ၁၅၇ ချိတ်ပါသည်။ အဆိုးဆုံးနိုင်ငံများရေတွက်လျှင် မြန်မာက အဆင့် ၂၀ တွင်ရှိသည်။

    ခြစားမှုကင်းသည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်က လာဘ်စားမှုပပျောက်ရေးကို ကြွေးကြော်သည့်တိုင် အခက်အခဲအများအပြားကို သူရင်ဆိုင်ရမည်ဖြစ်သည်။ ခေတ်အဆက်ဆက် မိသားစုလိုက်စားခဲ့ကြသူများ။ လုပ်ပိုင်ခွင့်များကို သားသမီး၊ ဆွေမျိုးများနှင့် စားတော်ခေါ်ခဲ့သူများက လက်ခံကြမည်မဟုတ်သလို “ငါတို့စားဖို့အလှည့်”ဆိုသည့် လူသစ်များလည်း ရှိနေနိုင်ပါသည်။

    ပြီးခဲ့သည့်ရက်ပိုင်းများအတွင်းက နယ်မြို့တစ်မြို့မှာ အင်ဂျင်နီယာတပ်က တပ်ကြပ်ကြီးတစ်ဦးပိုင်သည့် ဧရာမဟိုတယ်ကြီးကို မြင်တွေ့ခဲ့ရသည်။ အရာရှိတစ်ဦး၏ဇနီးသည် ၀န်ကြီးတစ်ဦးကို ပေးဖို့ပြင်နေသည့် ရတနာထုပ်ကိုလည်း တွေ့ခဲ့ရသည်။

    “ငါတို့စားဖို့အလှည့်”သည် မြန်မာ့လူ့အဖွဲ့အစည်းမှာ ကောင်းကောင်းရှင်သန်နေသည်ဆိုသည့် လက္ခဏာများဖြစ်ပါသည်။

    ခြစားမှုတိုက်ဖျက်ရေးသည် ဦးသိန်းစိန်အစိုးရအတွက် အကြီးမားဆုံးတိုက်ပွဲဖြစ်ပါသည်။ ၀န်ထမ်းများအတွင်းက ကြီးမားသည့် အင်အားစုတစ်စုနှင့် စီးပွားရေးသမားများအတွင်းက ကြီးမားသည့်အင်အားစုတစ်စုက ဆန့်ကျင်ကြမည်ဖြစ်သည်။ ရေရှည်ဆင်နွှဲရမည့် တိုက်ပွဲဖြစ်သည့်တိုင် ကောင်းမွန်သောထိန်းချုပ်မှုကို စတင်နိုင်ခဲ့လျှင် ဦးသိန်းစိန်အစိုးရအတွက် သမိုင်းဝင်ဂုဏ်သိက္ခာကို ရရှိမည်ဖြစ်သည်။ ခေတ်အဆက်ဆက် အနိုင်ကျင့်ခံခဲ့ရသည့် ပြည်သူများက ထိုကျေးဇူးကို ဘယ်တော့မှမေ့မည်မဟုတ်ပါ။ နောင်လာမည့် အစိုးရအဆက်ဆက်ကလည်း ထိုအမွေကိုဆက်ခံယူပြီး ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ လိုအပ်ပါသည်။ သို့မဟုတ်လျှင်တော့ စီးပွားရေးပွင့်လင်းလာမှု၏ အကျိုးကျေးဇူးက သာမန်ပြည်သူများနှင့် ဝေးနေဦးမည်သာဖြစ်သည်။

    ခြစားမှုက နိုင်ငံရေးကို ဘယ်လောက်ယိုယွင်းစေသည်ဆိုသည့် နမူနာကို လက်ရှိထိုင်းနိုင်ငံရေးမှာ လေ့လာနိုင်သည်။ ခေတ်အဆက်ဆက် “ငါတို့စားဖို့အလှည့်”ဆိုသည့် အတွေးအခေါ်က အစိုးရအဆက်ဆက်ကို ဘယ်လောက်ပျက်စီးစေသည်ဆိုသည့်နမူနာကို ဖိလစ်ပိုင်နိုင်ငံရေးမှာ လေ့လာနိုင်သည်။

    သြစတြီးယားသတင်းစာဆရာ ကားလ်ခရော့စ်ကပြောခဲ့သည်။

    “လာဘ်စားမှုဟာ ပြည့်တန်ဆာအလုပ်ထက် ပိုဆိုးတယ်။ ပြည့်တန်ဆာအလုပ်က လူတစ်ယောက်စာရိတ္တကိုပဲ ပျက်စီးစေတယ်။ လာဘ်စားမှုကတော့ တစ်မျိုးသားလုံးရဲ့စာရိတ္တကို ပျက်စီးစေနိုင်တယ်”

ရေးသားသူ- ရဲမိုး
7 Day News Journal

အစ်မဖြစ်သူ ရည်စားနဲ့ချိန်းတွေ့ရာကို အဖော်လိုက်သွားတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ


ပုလဲ၊ ဇန္န၀ါရီ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဝင်းဒူးကျေးရွာတွင် အစ်မဖြစ်သူ သမီးရည်းစား ချိန်တွေ့ရာ အရပ်သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည့်အတွက် ပုလဲမြို့မရဲစခန်းက ယခုလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က အမှုရေးဖွင့် ဆောင်ရွက်ခဲ့ရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကြောင်ဝင်းဒူးကျေးရွာနေ မ....ဆိုသူသည် သူမ၏ ရည်စားဖြစ်သူ မောင်... ဆိုသူနှင့် ချိန်ဆိုတွေ့ရန် ယခုလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရွာ၏အရှေ့ဘက် တစ်ဖာလုံခန့်ရှိ ရွာဦးညောင်ပင်ကြီးရှိရာသို့ သွားရောက်ခဲ့ရာတွင် ညီ မဖြစ်သူ မ....အသက်( ၁၈)နှစ် အား အဖော်လိုက်ပါခဲ့ရန် ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။

ထို့နောက် အစ်မဖြစ်သူ မ....မှာ သူ၏ ရည်စားဖြစ်သူနှင့် ညောင်ပင်ကြီးအောက်တွင် ချိန်းဆိုတွေ့နေသည့်အတွက် ရွာသို့ တစ်ယောက်တည်းပြန်လာခဲ့ရာ ဦးရဲကြီး ယာခင်းတော ကုက္ကိုပင်အောက် နေရာအရောက်တွင် တစ်ရွာတည်းနေ မောင် ... အသက်( ၂၇)နှစ်ဆိုသူမှ သူမအား အဝေရာတောအတွင်းသို့ ခေါ်ဆောင်ကာ အလိုမတူဘဲ နာရီဝက်ခန့်ကြာမျှ သားမယားအဖြစ် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည့်အတွက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ တိုင်တန်းချက်အား ပုလဲမြို့မရဲစခန်းက(ပ) ၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)

နယူးယောက်တိုင်းမ်ကို ဝယ်ယူမည်မှာ ဟာသမဟုတ်ဟု တရုတ် ဘီလီလျံနာဆို


ပေကျင်း ၊ ဇန်နဝါရီ ၆ ။ ။ လျှပ်စစ် စက်ဘီးလုပ်ငန်းပိုင်ရှင် တရုတ် ဘီလျံနာ ချန်ဂေါင်ဘီယာနိုက နယူးယောက်တိုင်းမ် သတင်းစာ ကို ဝယ်ယူရန် ဆန္ဒရှိနေမှုကို ဟာသမပြုလုပ်ရန် တုံ့ပြန်ပြော ကြားခဲ့သည်ဟု သိရသည်။

မစ္စတာချန် ဂေါင်ဘီယာနို သည် နယူးယောက်တိုင်းမ် သတင်းစာကို ဝယ်ယူရန်ပြင် ဆင်လျက်ရှိကြောင်း ပြီးခဲ့သော အင်္ဂါနေ့တွင် တရားဝင် ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် AFP မှ နယူးယောက် တိုင်းမ် သတင်းစာသို့ မေးမြန်း ရာတွင် နယူးယောက် တိုင်းမ်သတင်း စာ၏ ပြောရေး ဆိုခွင့်ရှိသူတစ် ဦးက ကောလာဟလသတင်း များ အတွက် ပြန်လည်ဖြေကြား မည်မဟုတ်ဟု ပြောကြားခဲ့ သည်ဟု သိရသည်။

ယင်းပေါ်တွင် မစ္စတာချန် မှာ အမျက်ဒေါသထွက်လျက် ရှိပြီး တရုတ် လုပ်ငန်းရှင်တစ်ဦး က အမေရိကန်သတင်းစာတစ် စောင်ကို ဝယ်ယူခြင်း အပေါ် အဘယ်ကြောင့် ကောလာဟလ ဟု ဆိုကြသနည်း ဟု ပြန် လည် မေးခွန်းထုတ်ခဲ့ပြီး လွန်စွာစိတ် ဆိုးဒေါသ ထွက်မိ သည်ဟု ဆို ခဲ့ကြောင်း သိရှိရသည်။ မစ္စ တာချန်သည် နယူးယောက် တိုင်းမ်ကို ဝယ်ယူရန်အတွက် ဒေါ်လာတစ်ဘီလီယံ ကုန်ကျ မည်ဟုမျှော်မှန်း ထားပြီး ဟောင် ကောင်လုပ်ငန်းရှင်တစ်ဦးကို ဒေါ်လာ သန်း၆၀၀ ရှယ်ယာ ထည့်ဝင် ရန် ကမ်းလှမ်းထားသည် ဟု သိရသည်။

မစ္စတာချန်က သင့်လျော် သောဈေးနှုန်းအတွက် မိမိအနေဖြင့် မဝယ်ယူနိုင် စရာအ ကြောင်းမရှိကြောင်းနှင့် ဇန်နဝါ ရီ၅ရက်တွင် နယူးယောက် တိုင်းမ် ရှယ် ယာ ပိုင်ရှင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ဖြေ ကြားခဲ့ သည်ဟု သိရသည်။

Ref: News man
Yangon Media Group

ကျမ္မာတဲ့ ဆံပင်ဖြစ်စေဖို့ 


(၁) ဆံပင်အနံ့ ဆိုးသူများက၊ ဆံပင်အရင်းပိုင်း ဦးရေပြားကစ၍ ဆံပင်ထိပ်ဖျား အထိ တခေါင်းလုံးအနှံ့ ကို ခရမ်းချဉ်သီးမှည့်မှည့် နဲ့  နာနာ ပွတ်ပြီးနောက် ခေါင်းလျှော် ချလိုက်ပါ။

(၂) ဗောက်ထ၍ ယားယံခြင်းများအတွက်၊ သံလွင်ဆီ ၁-ဆ(သို့ မဟုတ်)အုန်းဆီ ၁-ဆထဲကို သံပုရာရည် ၃-ဆ ရော၍ ဦးရေ ပြားအနှံ့ လိမ်းကျံပြီးနောက် ၁၅ -မိနစ် ခန့် ကြာအောင် မျက်နှာသုပ်ပုဝါသေးသေးနဲ့ ဦးခေါင်းကိုပေါင်းထုပ် ထားပါ။ ပြီးရင် (Anti Dandruff, Itchy Scalp) စာသားပါတဲ့ ရှမ်ပူအမျိုးအစားနဲ့  ခေါင်းလျှော် ၍ ရေစင်စင်လောင်းးပါ။ (ဒီနည်းက ဗောက်ပျောက်စေတဲ့ အပြင် ဆံပင်ကျွတ်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်)

(၃)ဆံပင်အရောင်မွဲခြောက်၍ဖွာလန်ကျဲနေခြင်းအတွက်၊ပုံမှန်အတိုင်းခေါင်းလျှော်ပြီး တဲ့အခါ ရှာလကာရည်ကို ရေခပ်နွေးနွေး နဲ့ ဆတူရော၍၊ ဆံပင်ပေါ်သို့ ဆေးကြောေ လာင်းချပေးရုံပါဘဲ။ (ဆံသားတောက်ပြောင်လာစေရုံသာမက၊ ဆံပင် ကျွတ်ထွက်ခြင်း တို့ ကိုပါ သက်သာစေပါတယ်)

(၄)ဆံသားကြမ်းတမ်းသူများက၊ဌက်ပျောသီးနဲ့ သင်္ဘောသီးမှည့်မှည့်တို့ ကို ဆတူရော ကျိတ်ချေ၍ ပျားရည် သင့်ရုံရောထဲ့ကာ ဆံသားများအပေါ်လိမ်းကြံပေးပါ။အဲဒီအရော အနှောတွေ ဆံပင်ပေါ်ခြောက်သွားတဲ့အချိန် ထိစောင့်ပြီးနောက် ရေအေးအေြး ဖင့် ခေါင်းလျှော်ချပါ။

(၅) ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ရေစိုနေတဲ့ဆံပင်ကိုခြောက်သွားစေဖို့ မျက်နှာ သုပ်ပုဝါဖြင့် တစ်ခေါင်းလုံးကို လုံအောင်ပေါင်း ထားပေးပါ။ မျက်နှာသုပ်ပုဝါ နဲ့ ဖိတိုက်ပွတ်ဆွဲခြင်းမျိုး (လုံးဝ) မလုပ်ပါနဲ့ ။ ဆံသားတွေ ပျက်စီးကျိုးကျေသွားစေ တတ်လို့ ပါ။

(၆) ဆံပင်ကောင်းဆံပင်သန်လိုသူများက၊ အနည်းဆုံး ရက်သတ္တ ၁-ပတ်လျှင်တစ်ကြိမ် သံလွင်ဆီ(သို့ မဟုတ်)အုန်းဆီ(သို့ မ ဟုတ်)ဗီတာမင်အီး ဆေးလုံးလေးကိုဖေါက်၍ဦးရေပြားထဲစိမ့်ဝင်အောင် နှိပ်နယ်၍လိမ်းပေးပါ။ (ဆံပင် ထိပ်ဖျားလေးတွေကို ၄-လ တစ်ကြိမ် ကတ်ကြေးနဲ့ ညှိပေးလိုက်ပါဦး)

6-01-2014 နေ့ ထုတ် ပြည်ထောင်စုသတင်းစာ (စာမျက်နှာ ၁၅) မှာ ပါတဲ့ဆောင်းပါးဖြစ်ပါတယ်။FBမိတ်ဆွေများကျမ္မာတဲ့ဆံပင်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ။ (စေတနာများစွာဖြင့်....ပေါက်ပေါက်)
(ပေါက်ပေါက်…မျှဝေသည်)

အစာအိမ် အချဉ်ပေါက်တယ် ဆိုတာ


အစာအိမ် အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင် သိထားဖို့ လိုပါတယ်။

ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော် ပျင်းပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေ နိုင်ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက် အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ်က လူကို ဒုက္ခ မပေးစေပါဘူး။

အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာ ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာ ကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ်သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။

အစာအိမ်နဲ့ ဆက်စပ် ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက် ဆက်စပ်နေကြောင်း သိရပါတယ်။

Ref: medic-fact
Myawady Health

တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေ၊ စက်ရုံသုံး ဓာတုကုန်ကြမ်း ၀ယ်ယူရာတွင် ကွန်တိန်နာအတွင်း သဲများသာ ထည့်ပို့


ကွန်တိန်နာဘောက်အတွင်း သဲများထည့်သွင်း ထားသော ပီပါပုံးများကို တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန် ဦးစီးဌာန)

တရုတ်ထံမှ ကုန်ပစ္စည်းဝယ်ယူရာတွင် ပစ္စည်းများအစား ကျောက်ခဲနှင့် သဲများကိုသာထည့်၍ လိမ်ရောင်းမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း အကောက်အခွန် ဦးစီးဌာနမှ သိရသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးစခန်း၌ Red Chanel အဖြစ် ရွေးချယ်ခံထားရသော Htin Thiha Trading Co Ltd က Raw For Industry Sulphur Black အဖြစ် ကြေညာထားသည့် ကုန်သေတ္တာအမှတ် (DRYU 2285712-20) အား ဖွင့်ဖောက်စစ်ဆေးရာတွင် Raw For Industry Sulphur Black များအစား သဲများသာ တွေ့ရှိခဲ့သည်။

ကွန်တိန်နာအတွင်း ပီပါပုံးများ ပါရှိပြီး ပီပါပုံးများ ဖွင့်ဖောက်စစ်ဆေးရာ သဲများသာ ထည့်ထားသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီဖြစ်သော WUHAN WANGLIYUAN CHEMICAL CO,Ltd ထံမှ မြန်မာဘက်က မှာယူတင်သွင်းခဲ့ခြင်းဖြစ်ပြီး စင်ကာပူဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့ရှိ ထီးတန်းဆိပ်ကမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း အကောင်ခွန်ဦးစီးဌာနမှ သိရသည်။

ယခင်က မူဆယ်ကုန်လမ်းမှတစ်ဆင့် ယင်းပစ္စည်းများကို Htin Thiha Trading Co Ltd က တင်သွင်းခဲ့မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ မဖြစ်ပွားခဲ့ဖူးကြောင်း၊ ယခုအကြိမ်မှာ ၎င်းကုမ္ပဏီအတွက် ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

သို့သော် မကြာမီ ရက်ပိုင်းအတွင်းကပင် တရုတ်နိုင်ငံရှိ Qingdao Jinding Metal Import and Export Co.,Ltd ထံမှ ကော်စေ့ တန် ၂၀ ကို မြန်မာကုမ္ပဏီဖြစ်သည့် Millionaire Engineering and Industrial ကုမ္ပဏီမှ ၀ယ်ယူခဲ့ရာ တရုတ်ကုမ္ပဏီက ကော်စေ့တန် ၂၀ အစား ကွန်တိန်နာထဲတွင် ကျောက်ခဲအိတ်များ ထည့်ကာ ပေးပို့လိုက်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်အတွက် တရုတ်သံရုံးသို့ အကြောင်းကြားမှုများ ပြုလုပ်ထားပြီး ဖြေရှင်းမှုများ ဆက်လက်ပြုလုပ် နေရကြောင်း Millionaire Engineering and Industrial ကုမ္ပဏီထံမှ သိရသည်။

eleven media group

Two-word Catchphrases


အသုံးများတဲ့ စကားနှစ်လုံး ပါ Catchphrase လေးတွေကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

(1) Lovely day!
သာယာတဲ့နေ့လေးပါပဲ။

(2) Really splendid!
တစ်ကယ်..သားနားတယ်။

(3) Hold it!
ခဏနေဦး။

(4) Let go!
လွှတ်လိုက်ပါ။

(5) So soon!
မကြာတော့ပါဘူး။

(6) Just relax!
စိတ်အေးအေးထားပါကွာ။

(7) You wish!
မင်းပြောသလို ဖြစ်ပါစေ။

(8) Pardon me!
ခွင့်လွှတ်ပါဗျာ/ရှင်။

(9) No lie?
လိမ်တာ မဟုတ်ဘူးနော်။

(10) Mind that!
အဲဒါကို သတိရပါ။

(11) Enoying yourself?
မင်းပျော်နေလား..ဟင်။

(12) All time!
အချိန်တိုင်းပါပဲ။

(13) Better talk!
ပြောသင့်တာပေါ့ကွာ။

(14) Who cares?
ဘာဂရုစိုက်စရာရှိလဲ။

(15) Who supervise?
ဘယ်သူ ကမကထ လုပ်တာလဲ။

(16) I quit!
ငါ..မလုပ်နိုင်ဘူး။

(17) Doing okay?
အိုကေလား။

(18) Been okay!
အိုကေပါတယ်။

(19) And you?
ခင်ဗျားရော ဘယ်လိုလဲ။

(20) Have courage!
တရားနဲ့ ဖြေပါဗျာ။

(21) Which country?
ဘယ်နိုင်ငံကလဲ။

(22) Just friendly!
မိတ်ဖြစ်ဆွေဖြစ်ပေါ့.။

(23) Have it!
စားပါဦး။

(24) What things?
ဘာတွေလဲ။

(25) Dutch treat!
ကိုယ်စားတာ ကိုယ်ရှင်း။

(26) Where to?
ဘယ်လဲ။

(27) Just here!
ဒီနားလေးတင်။

(28) Earliest memories!
ငယ်ငယ်တုန်းက သတိရစရာတွေပေါ့။

(29) Phone calling!
ဖုန်းလာနေတယ်။

(30) Keep trying!
ဆက်ကြိုးစားပါ။

(31) What about?
ဘာတွေ ပြောနေတာလဲ။

(32) Just gossip!
အတင်းပြောနေကြတာပါ။

(33) No doubt!
အဲဒါတော့ သံသယမရှိနဲ့။

(34) Lovely voice!
ကောင်းလိုက်တဲ့အသံ။

(35) Familiar voice!
ဒီအသံ ကြားဖူးပါတယ်။

(36) Can't wait!
မစောင့်နိုင်တော့ဘူး။

(37) Dear me!
အလို ဒုက္ခပါပဲ။

(38) Hurry on!
သွက်သွက်လုပ်ပါ။

(39) Hold,please!
ခဏလေးနေပါဦး။

(40) This taken?
ဒီခုံ..လူရှိလား။

(41) Show time!
လှုပ်ရှားလိုက်ကြစို့။

(42) Near miss!
ကပ်လွဲသွားတယ်ကွာ။

(43) You decide!
မင်းပဲ ဆုံးဖြတ်လိုက်။

(44) Not likely!
ဝေးပါသေးရဲ့။

(45) Stop worrying!
မစိုးရိမ်နဲ့တော့။

(46) Nature calls!
အိမ်သာ သွားလိုက်ဦးမယ်။

(47) Any difference?
ဘာကွာလို့လဲ။

(48) Fairly act!
သရုပ်ဆောင်ကောင်းတယ်။

(49) Most pleased!
ကျေနပ်သွားပြီ။

(50) Enjoyable! Delighted!
ကြိုက်တယ်။ ။

အင်္ဂလိပ်ဘာသာ လေ့လာစရာ

သင့် အသဲကို ချစ်ပါသလား။ အသဲကိုချစ်ရင် အသဲပျက်စီးစေနိုင်တဲ့ အဓိကအကြောင်းရင်းတွေ သိထားသင့်တယ်နော်


1 နောက်ကျမှ အိပ်ခြင်းနဲ့  နေမြင့်မှထခြင်းတို့ က အဓိကအကြောင်းရင်းဖြစ်ပါသတဲ့

2 မနက်တွင်ဆီးသွားသောအမှု မပြုခြင်း

3 အစားအသောက်များ လွန်ကဲစွာစားသောက်ခြင်း

4 မနက်စာ စားသုံးရန် မေ့လျော့ခြင်း

5 ဆေးများ လွန်ကဲစွာသုံးစွဲခြင်း

6 အစားအသောက်များ တာရှည်ခံစေရန်ပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများ (preservatives) ၊ ဖြည့်စွက်ပစ္စည်းများ (food additives) ၊ ဆိုးဆေးများ ( food colorings)၊ အချိုတု သကြားတု (artificial sweeteners) များလွန်ကဲစွာအသုံးပြုခြင်း

7 ကျန်းမာရေးနှင့် မညီညွတ်သော စားသုံးဆီများ သုံးစွဲခြင်း
အကြော် ကြော်ရာတွင် အကောင်းဆုံးချက်ပြုတ်ဆီဖြစ်သော သံလွင်ဆီကို အသုံးပြုရင်တောင်မှ တတ်နိုင်သမျှဆီနည်းနည်း ဘဲသုံးသင့်ပါသတဲ့
ကျန်းမာရေးအားနည်းသူများ မောပန်းနေချိန်တွင် ကြော်ထားသောအစားအစာများ စားသုံးခြင်း မပြုသင့်တဲ့

8 ဥအစိမ်းနဲ့ သားစိမ်းငါးစိမ်းများ စားသုံးခြင်းကလည်း အသဲကိုပျက်စီးစေသတဲ့
အရွက်ကြော်များကိုလည်းတကြိမ်ထဲကုန်အောင်စားပါတဲ့။ နေ့ ဖို့ ညစာချန်ထားခြင်းမပြုပါနဲ့ တဲ့။

Ref: Doctor of Pharmacy

လန်ပိကျွန်း အနောက်ဘက်တွင် သေဆုံးလျက်တွေ့ရသော ၄၆ ပေအရှည်ရှိ ဝေလငါးကြီးအားအရိုးချရန် တစ်နှစ်ခန့် ကြာမည်ဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သွားရောက်လေ့လာနေ


(လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ကမ်းတင်သေဆုံးနေသော ဝေလငါးအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်)၊ ရဲမြင့်ဝင်း (ကော့သောင်း)))

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က အရှည် ၁၆ ပေ လုံးပတ် ပေ ၂၀ ကျော်ရှိသော ဝေလငါးကြီးတစ်ကောင် ကမ်းတင်သေဆုံးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီက ဝေလငါးကြီး နှစ်ကောင်ညှပ်လျက် လန်ပိကျွန်းတန်းဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဝေလငါးကြီးကို တခြားဝေလငါးကြီး နှစ်ကောင်ကတွဲပြီး ကူးခပ်သွားတာ တွေ့ရ တယ်လို့ တံငါသည်တွေက ပြောတယ်။ အဲဒီနောက်မှာ ငါးကြီးကို ကမ်းစပ်မှာလာထားခဲ့ဟန် ရှိပါတယ်။ ဝေလငါးကြီးကို ၀ါးကျွန်းမှာ သဲမြှုပ်ပြီး အရိုးချရဦးမှာပါ။ အချိန်တစ်နှစ်လောက် ယူရပါမယ်။ အရင်ကလည်း နှစ်ကောင်ကို ဒီလိုပဲ တွေ့ရပြီးပါပြီ။ လောင်းလုံးဘက်မှာ တစ်ကောင်တွေ့ရပြီး အရိုးကို အဏ္ဏ၀ါသိပံ္ပ ပြတိုက်မှာ ပြသထားပါတယ်။ နောက်တစ်ကောင်ကတော့ ပုလောမြို့နယ်ဘက်မှာ တွေ့ရတာပါ။ အဲဒီအရိုးကိုတော့ ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်။ အခုတွေ့ရတဲ့ ဝေလငါးကြီးကို အရိုးချပြီး အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်မှာပါ” ဟု ငါးဦးစီးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဝေလငါးကြီးအား မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ဒေါက်တာနန်းမြဟန် ဦးဆောင်သော အဖွဲ့မှာ သွားရောက်လေ့လာနေကြောင်း သိရသည်။ ဝေလငါး တွေ့ရှိသော လခြမ်းအော်ကျွန်းသည် ဘုတ်ပြင်းမြို့မှ စက်လှေဖြင့် ရှစ်နာရီခန့် မောင်းနှင်ရပြီး လှိုင်းလေကြီးသဖြင့် ထိုကျွန်းမှ စက်လှေဖြင့် နှစ်နာရီခန့် မောင်းနှင်ရသော အနီးဆုံးကျွန်း ဖြစ်သည့် ၀ါးကျွန်းသို့ သယ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အဲဒီငါးကြီးကို လန်ပိကျွန်းသစ်တော ထိန်းသိမ်းရေးဌာနမှ ကိုတင်မောင်ဝင်းက ကျွန်းတွေ လိုက်ကြည့်ရင်းနဲ့တွေ့လို့ ကျွန်တော်တို့ဆီကို အကြောင်းကြားခဲ့တာပါ။ ငါးကြီးက ကြီးလွန်းတော့ သူ့ကိုသယ်ဖို့အတွက် ငါးဖမ်းပိုက်တွေ ပို့ပေးထားတယ်။ ငါးကိုယ်လုံးကို ပိုက်တွေနဲ့ပတ်ပြီး လှေနဲ့ ဆွဲလာပြီးတော့ အဲဒီကျွန်းနဲ့ အနီးဆုံး ၀ါးကျွန်းမှာ အရိုးချမယ်လို့တော့ ပြောတာပဲ” လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Eleven Media Group