အစိုးရပေါ်လစီကြောင့် ဒေါ်လာဈေးအတက်ကြမ်း

ပို့စ်တင်ချိန် - 1/07/2014 05:59:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၇

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း အစိုးရ၏ ပေါ်လစီ အပြောင်းအလဲများကြောင့် ဒေါ်လာဈေးအတက်အကျ
ကြမ်းခဲ့ကြောင်း မဟာဗန္ဓုလ ပန်းခြံ လမ်း မြ၀တီဘဏ်
ရှေ့ရှိ ငွေကြေးဈေးကွက်အတွင်းရှိ ဒေါ်လာရောင်းဝယ်ရေး
သမားများထံမှ စုံစမ်းသိရှိရသည်။

အစိုးရပေါ်လစီများမှ Mobile Team ဖမ်းဆီးမှု များလာခြင်း၊
ဘဏ်များ၏ အခွန်တိုးမြင့်ကောက်ခံခြင်းကြောင့် Expost သမားများ ဒေါ်လာ အ၀ယ် ပိုများလာသဖြင့် ပုဂ္ဂလိကဘဏ်
များက +၁၀ ရာခိုင်နှုန်း (သို့မဟုတ်) +၁၅ ရာခိုင်နှုန်း
ပေါင်းလာသဖြင့် ဒေါ်လာဈေးတက် လာခြင်း ဖြစ်ကြောင်း ၀ါရင့်ဒေါ်လာရောင်းဝယ်ရေးသမား ဦးမိုးက People Power သတင်းစာသို့ ပြောကြားသည်။

“နောက်ပြီး ဒေါ်လာတက်တာက မနှစ်က စပါးပေါ်ချိန်မှာ
ဒေါ်လာကျတော့ ကုန်သည်တွေ အရှုံးပေါ်တယ်၊ ဒါကြောင့်
ဒီနှစ်အစိုးရက ထိန်း တာလည်း ပါတယ်၊ အခု ညနေနဲ့
မနက်တင် ဈေးက ၅ ကျပ်၊ ၆ ကျပ်လောက် ပြောင်းတယ်”ဟု ၎င်းက ပြောကြားသည်။

ဒေါ်လာဈေးကွက် သဘောအရ ဆောင်းတွင်း ဘိန်းပေါ်ချိန်
ဖြစ်သောကြောင့် ဈေးကျချိန်ဖြစ်သော်လည်း ယခုနောက်ပိုင်း
ပြောင်းလဲလာသည့် အစိုးရပေါ်လစီများကြောင့် ဈေးတက်နေ
ခြင်းဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“အရင်နဲ့ မတူတော့ဘူး၊ ခန့်မှန်းရခက်နေတယ်၊ ဒီနှစ်က
နိုင်ငံရေးပေါ်လစီကို ကြည့်ပြီး ဒေါ်လာ ဈေးအတက်အကျ
ဖြစ်မယ်”ဟု ပန်းဆိုးတန်း လမ်းရှိ ဒေါ်လာရောင်းဝယ်သည့် ဦးသိန်းမောင်က ပြောကြားသည်။

ယခင်နှစ် ယခုလို အချိန်တွင် ဒေါ်လာဈေး အမြင့်ဆုံး ၉၅၀ ကျော်ဝန်းကျင်ရှိခဲ့ပြီး ယခုနှစ်တွင် NA ဈေး ၉၈၆ ကျပ်
အစိမ်းဈေး ၉၈၃ ကျပ်နှင့် Away ဈေး ၉၅ ကျပ်တို့ဖြင့် ရောင်း
ဝယ်လျက် ရှိကြောင်း ဒေါ်လာဈေးရောင်းဝယ်သူများထံမှ စုံစမ်း
သိရှိရသည်။

မျိုးပပစန်း
People power