ကြံ့ခိုင်ရေး အစည်းအဝေးတွင် လက်ညှိုး ထောင် ခေါင်းညိမ့်စနစ် ပျက်ပြယ်

ပို့စ်တင်ချိန် - 1/07/2014 05:31:00 PM


ရန်ကုန် ဇန်န၀ါရီ ၆

ဗဟိုဦးစီးနစ်မှ တဖြေးဖြေး ပြောင်းလဲရန် ကြိုးစားနေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ အစည်းအဝေး၏ ထူးခြားချက်မှာ ပွင့်လင်းစွားဆွေးနွေး ခဲ့ကြပြီး လက်ညိုးထောင်ခေါင်းညိမ့် စနစ် ပျောက်ကွယ်နေပြီး ဖြစ်သည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက ပြောကြားသည်။

ကော်မတီဝင် ၃၀၀ ကျော်တက်ရောက်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပါတီတွင်း အစည်းအဝေးကို ကျင်းပပြီး တစ်ပတ်ခန့် အကြာ ဦးအောင်သိန်းလင်းက ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ပြင်ဆင်သင့်သည့်ပြဋ္ဌာန်းချက်များ အဖြစ် အစားထိုး ခြင်း ၁၂ချက် ဖြည့်စွက်ခြင်း ၁၃ချက် ပယ် ဖျက်ခြင်း၅ချက် ဇယား ၂ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဥပဒေပြုစာရင်းတွင် ဖြည့်စွက်သင့် သည့် ကိစ္စရပ်များ အဖြစ် ၁၁ချက် နှင့် ပြင်ဆင်သင့်သည့် ပြဋ္ဌာန်းချက် ၆ချက်တို့ကို သဘောတူ ညီခဲ့ကြောင်းပါတီက သတင်းထုတ်ပြန်ထားသည်။

ဗဟိုဦးစီးစနစ်မှ တစတစပြောင်းလဲရန်ကြိုးစားလျက်ရှိရာ ယခုကဲ့သို့ လက်ညှိုးထောင်ခေါင်းညိမ့် အပြုအမူများ လျော့နည်း လာသည်ကို တွေ့ရှိ ရသော်လည်း ၎င်းတို့ပါတီဝင်များ၏ စွမ်းဆောင်နိုင်စီမ်းကို အားရကျေနပ်မူ မရှိသေးကြောင်း ပါတီခေါင်း ဆောင်တစ်ဦး မှတ်ချက်ပြုပြောဆို သည်။

တပ်မတော်များ၏ အစဉ်အလာသည့် အထက်မှအောက်ချေသို့ အမိန်စီးဆင်းမှုနှင့် နာခံမှုအပေါ် အခြေခံထားကြောင်း ဒီမိုကရေစီ၏ အနစ်သာ ရမှာ အမျာစု၏ ဆန္ဒကို အနည်းစုကနာခံ အနည်းစု၏ ဆန္ဒကို လေးစားသည်ဆိုသည့် မူကို အခြေခံထားပြီး တပ်တွင်းဒီမိုကရေစီ ဖော်ဆောင်ရေးတွင် ကျင့်သုံးနိုင်ကြောင်း မြန်မာအရေး စောင့်ကြည့်သူများကပြောကြားသည်။

“လက်ညိုးထောင် ခေါင်ညိမ့် ဖြစ်တယ်ဆိုတာ အကြောက်တရားကြောင့် အကြောက်တရား ဖြစ်တာကလည်း ခိုင်းတာလုပ် ခံမပြော နဲ့ ခံပြောရင် ခံသွားရမယ်ဆိုတဲ့ တပ်တွင်းဝေါဟာရ ခ သုံးလုံးကြောင့်ပဲ”ဟု ၎င်းက ဆိုသည်။

People power