မင်းလှမြို့နယ်တွင် လူသတ်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 1/07/2014 05:08:00 PM


သာယာဝတီ ဇန်နဝါရီ ၇

၂၀၁၄ခုနှစ်၊ ဇန်နဝါရီ(၆)ရက်နေ့ (၂၂:၃၀) အချိန်တွင် မင်းလှမြို့နယ်၊ လက်ဆက် အုပ်စု၊ ရွှေကြီးမြင့်ရပ်ကွက်၊ သစ်ထုတ်ရေးဝန်း အတွင်းရှိ ရေကန်ဘေး တွင် ဦးဆွေမြင့် (၅၄)နှစ် (ဘ) ဦးတင်ရှိန်၊ ကျဘမ်းလုပ်၊ တပ်မတော် တပ်ကြပ်ကြီး (ငြိမ်း)၊ ရွှေကြီးမြင့်ရပ်ကွက်၊ လက်ဆက် အုပ်စုနေသူသည် ဝဲဘက်ပါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဝဲဘက် လက်ဖဝါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဓါးခုတ် ဒဏ်ရာများ ရရှိပြီး၊ သေဆုံးနေကြောင်း၊ ကျေးရွာ အထောက် အကူပြု အဖွဲ့များဖြစ်သော ဦးခင်မောင်ထွေး၊ ဦးမျိုးမင်းသူတို့မှ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျထံ သွားရောက် သတင်းပို့ခဲ့ရာ ဦးကျော်ဇေယျမှ မင်းလှမြို့မရဲစခန်းသို့ ဖုန်းဆက် သတင်းပေးခဲ့ပြီး၊ စခန်းမှူး ဒုရဲမှူး ကိုကိုဇော်၊ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကိုလေးတို့နှင့် အတူ အခင်းဖြစ်ရပ်သို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး၊ မင်းလှပြည်သူ့ဆေးရုံသို့ သေဆုံးသူ၏ အလောင်း အား ရဲစခန်းဆေးစာ ဖြင့် တင်ပို့ ထားရှိကြောင်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ (၇-၁-၂၀၁၄)ရက်နေ့ (၀၇:၃၀)အချိန်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျမှ တရားလိုပြု လုပ်တိုင်းတန်းသဖြင့် မင်းလှ ရဲစခန်း (ပ) ၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ (၃၀၂)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပြီး စခန်းမှူး ဒုရဲမှူး ကိုကိုဇော်မှ တရားခံဖော်ထုတ် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိ ရပါသည်။
MOI Webportal Myanmar