မေသန်းနုနှင့် သူ၏သား မင်းသန့်မောင်မောင်တို့နှင့်အတူ အနုပညာတစ်ခု ဖန်တီးလိုဟုစင်ရော်မောင်မောင်ပြော


ရုပ်ရှင်ဒါရိုက်တာ စင်ရော်မောင်မောင်မှ သားဖြစ်သူမင်း သန့်မောင်မောင်၊ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု တို့ နှင့်အတူ မိသားစုသုံး ယောက်အတူ အနုပညာတစ်ခုကိုဖန် တီးလိုကြောင်း မင်းသန့်မောင်မောင် ၏ (၁၇)နှစ်ပြည့် မွေးနေ့ပွဲ တွင်ပြော ကြားခဲ့သည်။

''ရုပ်ရှင်သရုပ်ဆောင်အကယ် ဒမီမေသန်းနုကသာ ကျွန်တော့်ကို ကြော်ငြာ ရိုက်ဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုရိုက် ဖို့ပဲဖြစ်ဖြစ် ကမ်းလှမ်းခဲ့မယ်ဆိုရင် ကျွန်တော့်ဘက် ကလဲ ရိုက်ကူးမှာပါ။ သားဖြစ်သူ မြန်မာစကားကို ကောင်း မွန်စွာပြောနိုင်ရန် သင်ပေးသွားမှာ ပါ''ဟု ရုပ်ရှင်ဒါရိုက်တာစင်ရော် မောင်မောင်က ပြောသည်။

ရုပ်ရှင်ဒါရိုက်တာစင်ရော်မောင်မောင်နှင့် ရုပ်ရှင်သရုပ်ဆောင် မေ သန်းနုတို့၏ သားဖြစ်သူ မင်းသန့် မောင်မောင်မှာ ယခုလက်ရှိ တွင် ကြော်ငြာများ စတင်
ရိုက်ကူးနေပြီး မကြာခင် နိုင်ငံခြားတွင် မီဒီယာနှင့် ပတ်သက်သော သင်ခန်းစာ
များကို သွားရောက်သင်ကြား ပြီးအနုပညာ လုပ်ငန်းများ ကိုလုပ်ကိုင်သွား
မည်ဖြစ် ကြောင်းသိရသည်။

Credit : Yangon Media Group

တိတ်တဆိတ်သင့်ကို စိတ်ဖိစီးမှုတွေပေးနေတဲ့ အနီးကပ်ရန်သူများ


ဒီတလော ရက်တော်တော်များများမှာ သင်စိတ်ညစ်ပြီး ဖိအားတွေများနေတယ်လို့ ခံစားရပါသလား။ သင့်အလုပ် ဒါမှမဟုတ် သင့်အိမ်က တူလေးတွေကို အပြစ်ပုံချဖို့ လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် အောက်မှဖော်ပြထားတဲ့ အချက်လေးတွေကို သတိထားပြီး ပြန်စဉ်းစားမယ်ဆိုရင် သင့်ရဲ့ ရန်သူကို သင်ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သင့်ရဲ့လက်ကိုင်ဖုန်း : ဒို့တွေအားလုံးက လက်ကိုင်ဖုန်းနဲ့ ဝေးကွာနေရင် ဂဏာမငြိမ်ဖြစ်နေကြတယ်လို့ ကို့ကိုယ်ကိုထင်ထားကြပုံပါပဲ။ ဒါပေမယ့် လက်ကိုင်ဖုန်းနဲ့ အမြဲတွယ်ကပ်နေလို့လည်း ပိုပြီးဖိအားတွေ များလာနိုင်ပါတယ်။ ဆေးသုတေသနပြုချက်အရ လက်ကိုင်ဖုန်းမှာ အချိန်အများကြီး အသုံးပြုတတ်တဲ့ သူတွေမှာ ပိုပြီးတော့ စိုးရိမ်ကြောင့်ကြစိတ် ပိုများနေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် သင့်အနေနဲ့ တိတ်တဆိတ် အနားယူချင်တယ်ဆိုရင်တော့ သင့်ဖုန်းသံကို ပိတ်ထားဖို့ ကြိုးစားကြည့်ပါ။ အထူးသဖြင့် သင် Gym ကစားနေတဲ့အချိန်၊ ညစာစားသောက်နေချိန်၊ အိပ်ချိန်တွေမှာ ဖုန်းသံတွေကို ပိတ်ထားသင့်ပါတယ်။

လူမူကွန်ယက်များ သို့မဟုတ် မီဒီယာ: လေ့လာတွေ့ရှိချက်အရ Facebook မှာ သူငယ်ချင်းအများကြီး ရထားတဲ့သူတွေဟာ အခြားလူတွေထက် ပိုပြီး ဖိအားများတာကို တွေ့ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဆီက သူငယ်ချင်းတွေအများစုကို သင့်အနေနဲ့ သူငယ်ချင်းအဖြစ် လက်ခံထားပြီးမှတော့ စကားစမြည်ပြောဖို့ လိုအပ်လာတယ်လေ။ ဒီကိစ္စဟာလည်း ကိုယ့်ကို မသိမသာတိုက်ခိုက်နေတဲ့ ဖိအားတစ်မျိုးဆိုတာ သင့်အနေနဲ့ မေ့မထားသင့်ပါဘူး။

ရှုပ်ပွနေတဲ့အိပ်ခန်း : ရှုပ်ပွနေတာမြင်ရင် အလိုလို စိတ်ရှုပ်လာတတ်တယ်ဆိုတာ လူအများစုက သဘောတူကြမယ်လို့ ယုံကြည်ပါတယ်။ အိပ်ခန်းဟာတစ်နေ့တာ လှုပ်ရှားမှုတွေကို ပြန်ပြီးဖြေလျော့ဖို့ အပန်းဖြေတဲ့နေရာလည်း ဖြစ်သလို သန့်ရှင်းသပ်ရပ်နေမှ ကျန်းမာရေးအတွက်လည်း ကောင်းမှာပေါ့။

အင်တာနက်အသုံးပြုခြင်း : ဒီနေ့ခေတ် လူငယ်အများစုအတွက် ညအိပ်ယာထဲရောက်တာနဲ့ အင်တာနက်ဖွင့်ရတာက မဖြစ်မနေလုပ်ရတဲ့အရာ တစ်ခုလို စွဲလမ်းနေကြပါတယ်။ ဒါမလုပ်သင့်တဲ့ အရာတစ်ခုပါ။ သင့်ကို စိတ်ဖိစီးမှုပေးတဲ့ ရန်သူတစ်ပါးလို သဘောထားပြီး ဒီနှစ်သက်စရာမကောင်းတဲ့ အကျင့်ဆိုးကို ဖျောက်နိုင်အောင် ကြိုးစားလိုက်ဖို့ အကြံပေးချင်ပါတယ်။

သင်စားသောက်တဲ့အစားအစာ : သင့်ကျန်းမာရေးအတွက် ဂရုစိုက်စားသောက်နေရခြင်းဟာလည်း သင့်ကို ဖိအားပေးတဲ့အချက်တစ်ခုပါပဲ။ ကြိုတင်စာရင်းပြုစုပြီး အချိန်နဲ့အမျှ စားသုံးခြင်းက သင့်ကျန်းမာရေးအတွက် ပိုသက်ရောက်မှုရှိနိုင်ပါတယ်။

အိပ်ချိန်နည်းနေခြင်း : အိပ်ရေးမဝတဲ့ တစ်နေ့တာ ဖြတ်သန်းရတာဟာ ကမ္ဘာလုံးကြီးကို ခေါင်းပေါ်ရွက်ထား သလိုပါပဲ။ ဒီကိစ္စဟာလည်း အလုပ်မလုပ်နိုင်အောင် အာရုံစိုက်ခြင်း အားနည်းလာအောင် လုပ်ပေးတဲ့ ရန်သူပါပဲ။ ကြိုးစားရုန်းကန်နေတဲ့အချိန်မှာ အိပ်စက်အနားယူခြင်းက အောင်မြင်မှုပန်းတိုင်အရောက် ပို့ပေးနေတဲ့ လုပ်ဆောင်မှုများထဲက တစ်ခုဖြစ်သလို အသုံးမချတတ်ရင် မဟာရန်သူ ဖြစ်နိုင်တယ်ဆိုတာကိုလည်း စာဖတ်သူတို့ သဘောပေါက်နားလည်စေချင်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar

အဓမ္မကျင့်ခံရသူကို ကယ်တင်ခဲ့သော ဆိုင်ကယ်ကယ်ရီသမားများအား ဇူလိုင် ၈ ရက် အပြီးသတ်အမှုစစ်မည်



ရွှေပြည်သာတံတား ရဲကင်းတွင်  အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးကို ၀င်ရောက် ကင်တင်ခဲ့သော  ဆိုင်ကယ်ကယ် ရီသမားများကို ဇူလိုင် ၈ ရက် တွင် အပြီးသတ်အမှုစစ်ဆေးမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တရားသူကြီးက ပြောကြားသည်။


၂၀၁၃ သြဂုတ်လတွင် ရွှေ ပြည်သာတံတားပေါ်၌ ရဲဒုတပ် ကြပ်က အသက် (၁၆)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မ ပြုကျင့်ခဲ့၍ ဆိုင်ကယ်ကယ်ရီ မောင်းသူ ငါးဦးက ၀င်ရောက် ကယ်တင်ခဲ့ရာ ရဲတပ်သားများနှင့် ခိုက်ရန်ဖြစ်ပွားပြီး ရဲကင်းလည်း အနည်းငယ်ပျက်စီးခဲ့သည်။

ထို့ကြောင့် ဆိုင်ကယ် ကယ် ရီမောင်းသူ ငါးဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု၊ ၀တ္တရား နှောင့်ယှက်မှုတို့ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ရာ တစ်နှစ်ခန့်ကြာပြီး ဇူလိုင် ၈ ရက်တွင် အပြီးသတ်အမှု စစ်ဆေးသွားမည်ဖြစ်သည်။

‘‘ရုံးချိန်းတွေလည်း မနည်း တော့ပါဘူး။ ကိုယ့်ယောက်ျားက သားသမီးချင်း ကိုယ်ချင်းစာလို့ သွားကူညီတာ အခုတော့ မတရား ခံနေရတယ်’’ ဟု စွပ်စွဲခံရသူ ဆိုင်ကယ်ကယ်ရီမောင်းသူ ကို သောင်းထွန်း၏ ဇနီးက ပြောသည်။

ယင်းအမှုဖြစ်စဉ်တွင် အဓမ္မ ကျူးလွန်ခဲ့သည်ဆိုသော ရွှေပြည် သာတံတား ရဲကင်းမှဒုတပ်ကြပ်ကို  တရားရုံးက ယခုနှစ် ဇွန်လဆန်း က ထောင်ဒဏ်လေးနှစ် ချမှတ် လိုက်သည်။

အဓမ္မကျူးလွန်ရာတွင် ဒု တပ်ကြပ်အပြင် ကင်းတဲအတွင်း ရှိနေသော ရဲတပ်သားနှစ်ဦးကိုမူ တရားရုံးက တရားသေလွှတ်လိုက် ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေအ ရ ထောင်ခြောက်လ ချမှတ်ခဲ့ သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားရုံးတွင် ရုံးချိန်းပေါင်း ၃၀ ကျော် စစ်ဆေးလျက်ရှိပြီး ဆိုင် ကယ်ကယ်ရီမောင်းသူ ငါးဦးမှာ အာမခံမရရှိဘဲ အင်းစိန်အကျဉ်း ထောင်တွင် ၁၀ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

7day daily

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရ ကိုင်တွယ်မှု ညံ့ဖျင်းဟုဆို



မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ ဖြစ်စဉ် များနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုများ ညံ့ဖျင်းခဲ့ကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ၏ နာယက မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မီဒီယာ များသို့ မိန့်ကြားသည်။ မန္တလေးမြို့တွင် ယခု ကဲ့သို့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားရခြင်းမှာ အစိုးရမှ ထိထိရောက်ရောက် အရေးမယူ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယခု ကိစ္စအား တရားခံများကို အမြန်ဆုံး ထိထိ ရောက် ရောက် ဖော်ထုတ် အရေးယူ ရမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။ အခု ကိစ္စက ကိုင်တွယ်တဲ့နေရာမှာ ညံ့ဖျင်းတယ်လို့ ပြောမ လား၊ အားနည်းတယ်လို့ ပြောမလား၊ မသိချင် ယောင်ဆောင်တယ်လို့ ပြောမလား၊ အစိုးရ အနေနဲ့ ကိုင်တွယ်တဲ့ နေရာမှာ အများကြီး အားနည်းမှု တွေရှိ နေတယ် ဟု ဆရာတော်က မိန့်ကြားသည်။

ပျဉ်းမနားမြို့တွင် ဖြစ်ပွားခဲ့သော အဓမ္မ ပြုကျင့်မှုကို ကျူးလွန်သည်ဟု တိုင်ကြားခံရသူ တစ်ဦး မန္တလေးမြို့တွင် ရောက်ရှိနေသည် ဟူသော သတင်းကြောင့် အဆိုပါ ပုဂိ္ဂုလ်အား ထုတ်ပေးရန် တောင်းဆိုရာမှ ဇူလိုင်လ (၁) ရက် နေ့တွင် မန္တလေးမြို့ ၌ ရုန်းရင်း ဆန်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင် အင်အား (၄၀၀) နှင့် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား (၃၀၀) နီးပါးဖြင့် ထိန်းသိမ်းခဲ့ရသည်။

၎င်း ပဋိပက္ခ အခြေအနေ များကြောင့် သေဆုံးသူ နှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ (၁၄) ဦး အထိ ရှိခဲ့ပြီး မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ကိုလည်း ထုတ်ပြန်ထားခဲ့ ရကာ မန္တလေးမြို့ ၏ အဓိကကျသည့် လမ်းမများတွင် လုံခြုံရေး တိုးမြှင့် ထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇူလိုင်လ (၄) ရက်နေ့၊ ညနေ (၃) နာရီခွဲ အချိန်တွင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ ဦးဆောင်ကာ သံဃာအပါး(၂၀) ကျော်ဖြင့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။



ပြဿနာရှိသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူကို ခြေရာခံနိုင်ရန်စမ်းသပ်လေ့ကျင့်ထားဟုဆို



ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်များပေါ်တွင် သတင်းအမှားများ၊ တစ်ပါးသူထိခိုက်နစ်နာစေမည့်အကြောင်းအရာများ ရေးသားသူကို ၎င်းတို့အသုံးပြုသည့် ဖုန်း၊ ကွန်ပျူတာ၊ အင်တာနက်ကဖေးတို့မှတစ်ဆင့် ခြေရာခံဖမ်းဆီးနိုင်ရန် လက်တွေ့စမ်းသပ်မှုများပြုလုပ်နေပြီး တတ်သိနားလည်သော ဟက်ကာတပ်ဖွဲ့ဝင်များကို လေ့ကျင့်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


‘‘ဆိုက်ဘာရာဇဝတ်မှုတစ်ခု ဖြစ်လာရင် ဖေ့စ်ဘွတ်ခ်ကနေ စော်ကား ပြောဆိုမှုတွေကြုံလာရင် ရဲစခန်းကိုတိုင်ပါ။ အမှုဖွင့်ပေး မယ်။ အရေးယူပါမယ်။ တရားခံဖော်ထုတ်မယ့်ကိစ္စက အချိန် ကာလအတိအကျပြောဖို့ခက်တဲ့အတွက် အချိန်ယူရတာတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီအမှုအခင်းတွေအတွက် တပ်ဖွဲ့ ဝင်တွေထဲမှာ Hacker (ဖောက်ထွင်းဝင်ရောက်၍ အချက်အလက်များရယူသူ)ကို တန်ပြန်နိုင်တဲ့ပညာရှင်တွေ မွေးထုတ်ထားပါပြီ’’ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးချုပ် ဦးစိုးမြိုင်က ပြောကြားသည်။

‘‘ဆိုက်ဘာဥပဒေကို အခု သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက လည်း ရေးနေတယ်။ တချို့အပိုင်း တွေ ဆက်သွယ်ရေးဝန်ကြီးဌာန က ရေးမယ်။ ဒီဥပဒေက ရေးနေတုန်းပဲ။ အခုလက်ရှိမှာ အီလက် ထရွန်နစ်ဥပဒေတော့ရှိတယ်။ ဒါပေမဲ့ အခုလူမှုကွန်ရက်လိုကိစ္စ တွေကိုတော့ အားလုံးမခြုံငုံမိဘူး။ ဒါကြောင့် ဥပဒေလည်း လိုအပ်တယ်’’ဟု ၎င်းက ပြောသည်။

ဆိုက်ဘာမှုခင်းဥပဒေတွင် ကွန်ပျူတာကို အင်တာနက်သုံး တတ်ရုံ၊ ဖေ့စ်ဘွတ်ခ်သုံးတတ်ရုံ၊ ဥပဒေသိရုံဖြင့်ရေး၍မရဘဲ နည်း ပညာရှင်မပါဘဲ ရေး၍မရကြောင်း ယင်းဥပဒေအကြမ်းရေးဆွဲရာ တွင်ပါဝင်သည့် ဥပဒေပညာရှင် ဦးမင်းတေဇက ပြောကြားသည်။

‘‘ဥပဒေက လောလောဆယ် Electronic Transition Law နဲ့ပဲ ဖမ်းကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ခ်မှာမဟုတ်တာတင်ထားတဲ့အကောင့်တစ်ခုကို ဒီမှာဘယ်လိုဖော်ထုတ်မှာလဲ။ ဒါတွေက လုပ်လို့ရနေတာပဲလေ။ အကောင်းဆုံးက ဖေ့စ်ဘွတ်ခ်လို ပြင်ပအဖွဲ့အစည်းတွေနဲ့ မလုပ်လို့ကိုမရဘူး။ Cyber Forensics ဆိုတဲ့ လူတစ်ယောက်ဟာ ကွန်ပျူတာမှာ ဘယ်လိုသုံးခဲ့လဲဆိုတာ နောက်ယောင်ခံတဲ့ ပညာရှင်တွေ ဒီမှာမရှိဘူး။ ဒါ ကြောင့် ဆိုက်ဘာမှုခင်းဥပဒေကို ရေးရမယ်။ ပြင်ပအကူအညီလည်း ယူရမယ်’’ဟု ၎င်းက ပြောသည်။

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီတွင် မြန်မာဝန်ထမ်းတစ်ဦးကို ခန့်ထား သည်ဟု ကြေညာထားခဲ့သော်လည်း ယနေ့အထိ လူမျိုးရေး၊ ဘာသာရေးအပါအဝင် ပဋိပက္ခလှုံ့ဆော်ရေးသားမှုများတွေ့နေရဆဲဖြစ်သည်။

7day daily

ရုံတင်တော့မယ့် လူရွှင်တော်အိပ်မက်ကို မင်းအုပ်စိုး စိတ်နာနေတယ်


ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် မင်းအုပ်စိုး ရိုက်ကူးထားတဲ့ လူရွှင်တော်အိပ်မက် ရုပ်ရှင်ကားကို သြဂုတ်လထဲမှာ ရုံတင်တော့မှာပါ။ သရဝဏ်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ကြတဲ့ အနုပညာသမား အများစုနဲ့ပတ်သက်ပြီး မင်းအုပ်စိုး စိတ်နာနေပါတယ်။

“မော့စ်နဲ့ ကုသိုလ်တို့က ဒီကားကိုရိုက်တဲ့အချိန်မှာ သူတို့နှစ်ယောက်က ကားရိုက်ဖို့ မြှောက်ပေးတယ်ခင်ဗျ။ ဒီကားကို ပြန်မကြည့်ဖြစ်ပါဘူး။ ဒီကားမှာ ကိုမော့စ် မရှိတော့ဘူး။ ကိုမြင့်သိန်း (ကုသိုလ်) မရှိတော့ဘူး။ ဒေါ်နှင်းဆီ မရှိတော့ဘူး။ ကင်မရာ ကိုကိုဌေး မရှိတော့ဘူးဗျ။”လို့ ဒါရိုက်တာ မင်းအုပ်စိုးက ရင်ဖွင့်ပါတယ်။

“ကိုကိုဌေးက Especially ကိုလုပ်ချင်တဲ့ ကတ်တွေ ကိုယ်လုပ်ချင်တဲ့ အိုက်တင်တွင် အကုန်လုံးကို သူ ကင်မရာဘောင်နဲ့တင်ရအောင် လုပ်ပေးခဲ့ပါတယ်။ အခုအချိန်မှာ သူမရှိတော့ဘူး။ သူမရှိတော့တဲ့ အဲဒီကားကို ကျနော် ပြန်မကြည့်ချင်တော့ဘူးဗျ။ စိတ်နာတယ်ဗျ”

လူရွှင်တော်အိပ်မက်ဇာတ်ကား အကယ်ဒမီရခဲ့တယ်ဆိုရင် ဘယ်သူပဲရရ သူကျေနပ်တဲ့အကြောင်း၊ သူကိုယ်တိုင်တော့ ဘယ်တော့မှ အကယ်ဒမီမရဘူးဆိုတာ သိနေတဲ့အကြောင်း ပြောပါတယ်။ ဒီဇာတ်ကားမှာ လူရွှင်တော် ပေါ်လေး၊ မော့စ်၊ ပြည့်ကျော်၊ တိမ်ညွန့်၊ မန်းဝင်း၊ ငွေတောင်၊ ဝက်မ၊ ပါကျဲ၊ ဒေါ်နှင်းဆီ၊ ကျော်ဝင်းထွဋ်၊ မင်းအုပ်စိုး၊ မဗေဒါ၊ ခင်ဇာခြည်ကျော်၊ ပန်ဆု၊ နန်းခမ်းဝါနဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။

တွဲဖက်ဒါရိုက်တာ နန္ဒကျော်နဲ့ စိုးမိုးမင်းတို့ ပါဝင်တဲ့ ဒီဇာတ်ကားကို ဖန်တီးတဲ့ ဖန်တီးရှင် မင်းအုပ်စိုးက “ကျုပ်က ပေါတာမဟုတ်ဘူး။ ရူးလို့လုပ်တာ။ ဒီအလုပ်ဆိုတာ ရူးမှ လုပ်လို့ရတာ”လို့ သမ္မတရုံရှေ့ ဆိုင်းဝိုင်းတွေနဲ့ ပါဖောင်းမန့်လုပ်ခဲ့တဲ့အကြောင်း ဆိုပါတယ်။
PZ

Kamayut Media

ဆောရီးကွယ်


အင်္ဂလန်အသင်းလက်ရွေးစင် ဂျွန်တယ်ရီသည် ဝေးလ်အသင်းကိုအနိုင်ရရှိပြီးနောက်
ဝမ်းသာအားရဖြင့် သောက်စားပြီး သူတည်းခိုရာသို့ ပြန်ရောက်လာသည်။
အခန်းတံခါးဖွင့်လိုက်သောအခါ သူ့ဇနီးကို အခြားလူတစ်ယောက်နှင့်
ပက်ပင်းတွေ့လိုက်ရ၍ စိတ်မထိန်းနိုင်ဘဲ ထိုသူကို ပြတင်းပေါက်မှ
ပစ်ချလိုက်သည်။
‘အင်း ဒီငနဲတော့ မသေတောင် ကျိုးပဲ့သွားမှာ အသေအချာပဲ’
‘မသေဘဲနေပါ့မလားရှင်၊ ဒီအထပ်က ၂၅ ထပ်တောင်မြင့်တာလေ’
‘ဘာ၊ ၂၅ ထပ်ဟုတ်လား၊ ဘုရား ဘုရား၊ ဒါဆို ကျွန်တော်မူးမူးနဲ့
အထပ်မှားပြီးဝင်လာမိပြီထင်တယ်။ ကျွန်တော်နေတာ ၈ လွှာမှာ။ ခင်ဗျားလည်း
ကျွန်တော့်မိန်းမ မဟုတ်ဘူး၊ ဆောရီးနော်’

ရဲစတိုင်း
The Myanma Age

ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ် အသက်ဘယ်လောက်ကြီးကြီး နုပျိုစေမဲ့ နည်းလမ်း ၃ သွယ်


အသားအရေ နုပျိုတင်း ရင်းစေဖို့အ တွက် မျိုးဗီဇကလည်း အရေးပါတဲ့ အချက်ဖြစ် ပါတယ်။ အရေးပါတဲ့ နောက် တစ်ချက်ကတော့ ဘဝနေထိုင် စားသောက် မှုပုံစံပဲ ဖြစ်ပါတယ်။

လျို့ဝှက်ချက် (၁)

အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက် ချက်တစ်ခုက နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားဖို့ ပဲ ဖြစ်ပါတယ်။ အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့နေ့ရက်တွေမှာ တောင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင် ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင် ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေ နိုင်တာကြောင့် အရေးကြောင်းပါးပါးထင် တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင် ပါတယ်။ နေရောင်ကာခရင်မ်ကို လိမ်းတဲ့ အခါမှာ မျက်နှာကိုသာမက လည်ပင်းကို ပါ လိမ်းပေးဖို့ လိုပါတယ်။

လျို့ဝှက်ချက်(၂)

အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အ ရက်ကို ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင် ခြည်ဒဏ်ခံရတာက အသားအရေအ တွက် အဓိက ရန်သူဖြစ်ပြီး ဆေးလိပ် သောက်တာက အရေးကြောင်းဖြစ်စေ တဲ့ ဒုတိယအကြောင်းရင်းပါ။ ဆေးလိပ် သောက်တာ နှစ်ပေါင်းများစွာ ကြာလာ ရင် နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ များပါတယ်။ အကြောင်းက တော့ စီးကရက်မီးခိုးဟာ ခန္ဓာကိုယ်ရဲ့ အရေပြားအသစ်ပြန်ဖြစ်တဲ့ သဘာဝဖြစ် စဉ်ကို အနှောင့်အယှက်ဖြစ်စေလို့ပါ။ ဆဲလ်ဟောင်းတွေ ပျက်ပြီး ဆဲလ်သစ် တွေအစားထိုးတဲ့ ဖြစ်စဉ်လျော့နည်းတာ ကြောင့် အရေပြားထိခိုက်ပျက်စီးရတာ ဖြစ်ပါတယ်။ အယ်လ်ကိုဟောကလည်း အရေ ပြားရဲ့ အစိုဓာတ်တွေကို ယုတ်လျော့သွား စေပြီး ရေဓာတ်ခန်းခြောက်ကာ နုပျိုတဲ့ တောက်ပမှုကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အစိုဓာတ်ဟာ အရေပြားဆဲလ်တွေကို တင်းရင်းစေပြီး ကျန်းမာလှပစေပါတယ်။ တစ်နေ့မှာ ဝိုင်တစ်ဖန်ခွက် သောက်တာ က အသားအရေကို မထိခိုက်စေပေမယ့် ပုံမှန်အလွန်အမင်း သောက်နေရင် ထိ ခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်မှ၊ အရက်သောက် မှ အပန်းပြေတယ်လို့ ခံစားရရင် လေ့ ကျင့်ခန်းလုပ်တာကို အစားထိုး ဆောင် ရွက်ကြည့်လိုက်ပါ။ သင့်အသားအရေ က ပိုမိုကြည့်ကောင်းလာတာကို တွေ့ရ ပါလိမ့်မယ်။ အကြောင်းကတော့ လေ့ ကျင့်ခန်းလုပ်တာကြောင့် သွေးလှည့်ပတ် မှုကို ကောင်းစေပြီး အသားအရေကို ကြည့်ကောင်းစေပါတယ်။

လျို့ဝှက်ချက် (၃)

အသားအရေ နုပျိုတင်းရင်းစေဖို့ တတိယလျှို့ဝှက်ချက်က သင့်ပန်းကန် ပြားပါ။ သင်စားတဲ့အစာထဲမှာ အင်တီ အောက်ဆီးဒင့် များများပါတဲ့ အစာတွေ ပါဝင်နေရင် အသားအရေက ပိုမိုလှပ ကြည့်ကောင်းနေပါလိမ့်မယ်။ အဖြူ ရောင်သကြားတွေကို လျှော့စားပြီး လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင် နဲ့ အနီရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ လက်ဖက်စိမ်းလက် ဖက်ရည် ဒါမှမဟုတ် ရေကို များများ သောက်ပါ။ ဒီလို စားသောက်တာက အ ရေပြားကို အိုမင်းစေတဲ့ ဖရီးရယ်ဒီကယ် တွေကို တွန်းလှန်ပေးနိုင်တာကြောင့် အ သားအရေမှာ အရေးကြောင်းကင်းပြီး နု ပျိုတင်းရင်းလှပစေပါတယ်။

Good Health

မန္တလေးမြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် စစ်ကိုင်းဘက်မှ ဖြတ်သန်းမည့် ခရီးသည်များ အခက်တွေ့



မန္တလေးမြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထား မှုကြောင့် စစ်ကိုင်းဘက်မှ နေပြည်တော်နှင့် ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည်များ အခက်တွေ့နေရကြောင်း မုံရွာ- နေပြည်တော်အမြန် Express ကားအသင်းများမှ သိရသည်။မန္တလေးမြို့တွင် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် လူစည်ကားသည့် မြို့နယ်ခုနစ် မြို့နယ်အား နံနက် (၅) နာရီမှ ည (၉) နာရီ အထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားသည်။

မနေ့ညတုန်းက ရန်ကုန်ကိုအလုပ် ကိစ္စနဲ့သွားတော့ စစ်ကိုင်းတံတားဘက်မှာ ယာဉ်တွေကို စစ်ဆေးပြီး လုံးဝထွက်ခွင့်မပေးဘူး။ အမြန် လမ်းမကြီးကိုသွားမယ့် Express ကားတွေ အားလုံး ရပ်ထားရတယ်။ သက်ဆိုင်ရာအနေနဲ့ ခရီးသွားပြည်သူတွေကို ငဲ့ကွက်ပြီး လုံခြုံရေး အနေအထားအရ စစ်ဆေးပြီးရင် ထွက်ခွင့်ပေးသင့်တယ်။ လုံခြုံရေးစနစ်ကို သဘောကျပေမဲ့ အခုလို ခရီးသွား ပြည်သူတွေကို တားမြစ်တာကိုတော့ သဘောမကျဘူး။ မုံရွာ ကားအများစုကတော့ ည (၇) နာရီမှ ထွက်ကြတာဆိုတော့ ဘယ်လိုလုပ်ပြီး (၉) နာရီ မှာ အမြန် လမ်းမပေါ်ကို ရောက်နိုင်မလဲ။ ခရီးသွား ပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်အောင် သက်ဆိုင်ရာက စီစဉ်ပေးသင့်ပါတယ် ဟု ရန်ကုန်မှ မုံရွာမြို့သို့ အသွားအလာပြု နေသည့် မုံရွာမြို့ခံကုန်သည် ဦးအောင်သစ်လွင်က The Messenger Media သို့ ပြောသည်။မန္တလေးမြို့မှ ဖြတ်သန်းခွင့် မပြုဘဲ စစ်ကိုင်း တံတားဂိတ်တွင် ရပ်တန့်ထားသဖြင့် တချို့ Express ကားများသည် ပခုက်္ကူ မြို့မှ တဆင့် ဖြတ်သန်းသွားလာနေရကာ ခရီ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကတော့ ခရီးသွားပြည်သူတွေ အတွက် အဆင်ပြေအောင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းမှုတွေ လုပ်ထားပါတယ်။ အမြန်ကားလိုင်းတွေ ကလည်း အချိန်ကို ချက်ချင်းကြီးရွှေ့လို့ အဆင်မပြေဘူး။ တိုင်းဒေသကြီး အစိုးရနှစ်ခု ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ဆောင်သွားမယ်။ စစ်ကိုင်းဘက်က ထွက်တဲ့ကားတွေကို စစ်ကိုင်းဘက်က အစီးေ အလိုက် လုံခြုံရေးအတွက် လုပ်ဆောင်ပေးပြီး ထက်ကြပ်မကွာ အမြန်လမ်းမကြီးပေါ်ရောက်အောင် လိုက်ပါပြီး ပို့ဆောင်ပေးဖို့ကိုတော့ ပြောထားတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ကလည်း အစည်းအဝေး ထိုင်ပြီး ခရီးသွားပြည်သူတွေ အတွက် လုံခြုံအောင် စီစဉ်နေပါတယ် ဟု စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဦးကြည်နိုင်က ပြောသည်။

Messenger News Journal 

လူအများ ရင်ဆိုင်နေရတဲ့ နာမည် မေ့တတ်တဲ့ရောဂါ ဖြေရှင်းနည်း


ဒီပြသနာဟာ လူတော်တော်များများရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ လူတစ်ယောက်နဲ့ ခဏခဏ ဆုံနေပေမယ့် သူ့နာမည်ကို ဘယ်လိုမှ မမှတ်မိနိုင်ဘူး ဆိုပြီး ငြီးနေတဲ့သူတွေ အများကြီးပါ။ ဒီအကြံပေးချက်လေးတွေကို သင်လိုက်နာမယ်ဆိုရင်တော့ ဒီပြဿနာထဲကနေ အလွယ်တကူ သင်ရုန်းထွက်နိုင်ပါလိမ့်မယ်။

ပြုလုပ်ရမယ့် အချက်တွေကတော့……

ပြန်ရွတ်ပါ : သင် လူအသစ်တစ်ယောက်နဲ့ ပထမဆုံးတွေ့ဆုံတဲ့အချိန်မှာ သူ့နာမည်ကို ထည့်ပြီးတော့ နှုတ်ဆက်ပါ။ “တွေ့ရတာဝမ်းသာပါတယ်၊ မချယ်ရီ” ဆိုပြီးတော့ပေါ့။

စကားလုံးအကူအသုံးပြုပါ : နာမည်နဲ့ လူလိုက်ဖက်မှုရှိအောင် စကားလုံးအကူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ “ဝတုတ်ချယ်ရီ” စတဲ့ သူခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့်စကားလုံးနဲ့ နာမည်ကို တွဲမှတ်ထားပါ။ ဒီကိစ္စဟာ ပါးစပ်နဲ့ သူ့နာမည်ခေါ်တဲ့အချိန်မှာ ထုတ်မပြောမိဖို့တော့ သတိထားရလိမ့်မယ်။

မှတ်တမ်းပြုလုပ်ပါ : နာမည်အသစ်ကို ကိုယ်သုံးနေကျ ဖုန်း၊ မှတ်စုစာအုပ်၊ ကွန်ပျူတာ စတဲ့ကိုယ်နဲ့ အမြဲအထိအတွေ့ရှိတဲ့ ပစ္စည်းလေးတွေမှာ မှတ်ထားမယ်ဆိုရင် သူ့နာမည်နဲ့ပိုပြီး ရင်းနှီးလာပါလိမ့်မယ်။

အပေါ်ကအချက်တွေလိုက်နာရင်တောင် ပြဿနာက ထပ်ပြီးရင်ဆိုင်နေတုန်းပဲဆိုရင်တော့…….

တစ်စုံတစ်ယောက်ရဲ့ နာမည် မမှတ်မိနိုင်ဘူးဆိုရင်တောင် သူနဲ့ ပထမဆုံးတွေ့ဆုံ ပတ်သတ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်ပြီး မှတ်မိနိုင်ပါတယ်။  အဲဒါကြောင့် “ကျွန်တော်က နာမည်မှတ်မိတဲ့နေရာမှာ အရမ်းညံ့တာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျွန်တော် ကိုသန့်စင်မွေးနေ့မှာ ဆုံခဲ့ကြတာတော့ မှတ်မိပါတယ်” ဆိုပြီး ကိုယ့်အဖြစ်ကို ကိုယ်ပြန်ဖာထေးလို့ရပါတယ်။

Trend Myanmar

Dark Horse သီချင်းကြောင့် ခရစ်ယာန် rapper တွေရဲ့တရားစွဲဆိုခြင်းခံရတဲ့ Katy Perry




ခရစ်ယာန် ဂီတသမားတွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ Katy Perry ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုနေပါပြီ။ သူမရဲ့အောင်မြင်ခဲ့တဲ့သီချင်း Dark Horse က သူတို့ရဲ့ ၂၀၀၈ သီချင်း Joyful Noise ကို အတိအကျ ခိုးချထားတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့သီချင်းကို မှော်အတတ်တွ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ၊ ပရောဂအတတ်တွေ၊ illuminati ပုံရိပ်တွေနဲ့အကျည်းတန်အောင်လုပ်ပြီး ဖျက်ဆီးခဲ့တယ်လို့ဆိုခဲ့ကြောင်း dockets.justia.com website ရဲ့အဆိုအရသိရပါတယ်။ Rapper များဖြစ်ကြတဲ့ Marcus Gray, Emanuel Lambert, Lecrae Moore နဲ့ ထုတ်လုပ်သူ Chike Ojukwu တို့က Katy Perry, Juicy J. Lukasz Gorrwald, Sarah Theresa Hudson, Max Martin, Henry Russel Walter နဲ့ Capitol Records တို့ကို လျော်ကြေးတောင်းဆိုမှာဖြစ်ပါတယ်။

ဒါဟာ Katy Perry တစ်ယောက် သီချင်းကူးချတယ်လို့ စွပ်စွဲခံရတာပထမဆုံးမဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က

သူမရဲ့သီချင်း Roar နဲ့ Sara Bareilles ရဲ့Brave သီချင်း နှစ်ပုဒ်ရဲ့တူညီမှုတွေကို ဝေဖန်ရေးသမားတွေကထောက်ပြခဲ့ပါတယ်။

အောက်မှာ အဲဒီ့သီချင်းနှစ်ပုဒ်ဖြစ်တဲ့ Dark Horse နဲ့ Joyful Noise တို့ကို နှိုင်းယှဉ်နားထောင်ဖို့ link တွေရှိပါတယ်။

Ref:time.com



Trend Myanmar

တစ်နေ့တာလုံး အဆင်ပြေ ပျော်ရွှင်နိုင်စေဖို့ ကူညီပေးနိုင်တဲ့ အချက် (၅) ချက်




မနက်မိုးလင်းတဲ့အချိန် အိပ်ယာပေါ်ကဆင်းလိုက်တာနဲ့ တစ်နေ့တာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ အားအင်တွေကို ခုလို ရယူကြည့်လိုက်ပါ။

၁။ပျော်ရွှင်မှုအပြည့်နဲ့ လှုပ်ရှားပါ။

မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာဟာ တစ်နေ့တာလုံး လန်းဆန်းပြီး တက်ကြွနေစေဖို့အတွက် အကူအညီပေးနိုင်မှာပါ။ ဒါပေမယ့် မလုပ်လို့မဖြစ်တဲ့အတွက် လုပ်နေရတာမျိုးမဟုတ်ပဲ စိတ်ပါလို့ လုပ်တဲ့ လေ့ကျင့်ခန်းဆို ပိုမကောင်းဘူးလား။ ဒီတော့ ကိုယ်ကြိုက်တဲ့ အမိုက်စား သီချင်းတွေချည်းပဲ Playlist လုပ်ပြီး ဖွင့်လိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ရင်တောင် သီချင်းဖွင့်ပြီး ပေါ့ပေါ့ပါးပါး ကလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

၂။ရေများများသောက်ပါ။

ညအိပ်ချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို မနက်မှာ ပြန်လည်ဖြည့်ပေးဖို့ဟာလည်း ခန္ဒာကိုယ်အတွက် အရေးအကြီးဆုံးအချက်မို့လို့ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။

၃။တစ်နေ့တာကို အင်အားနဲ့ ဖြတ်သန်းနိုင်ဖို့ မနက်စာကောင်းကောင်းစားပါ။

လူတစ်ယောက်အတွက် မနက်စာဟာ အရမ်းကို အရေးကြီးပါတယ်။ မနက်စာကို ကောင်းကောင်းစားထားတဲ့သူဟာ တစ်နေ့တာကို အဆင်ပြေပြေ အင်အားအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ သေချာသလောက်ကို ရှိတာကြောင့် အာဟာရပြည့်ဝတဲ့ မနက်စာကို သေသေချာချာ စားပါ။

၎။လှပအောင် နေထိုင်ပါ။

မနက်ပိုင်းမှာ ၀ရံတာခဏထွက်လိုက်ပြီး မနက်ခင်းအလှအပကို ခံစားပါ။ စိတ်အေးချမ်းအောင်ပေါ့။ အဲ့ဒီနောက် ရေချိုး၊ အလှအပ ပြင်ဆင်ပြီး ဖက်ရှင်အတွက်ကိုလည်း ကိုယ့်စိတ်ကြိုက် ၀တ်ဆင်ပါ။ ဖြစ်သလို ၀တ်စားတာမျိုးတွေ မလုပ်ပဲ လူတကာငေးသွားရအောင် ပြင်ဆင်ပြီးမှ ထွက်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း တစ်မျိုးပဲမို့ တကယ့်ကို အကျိုးထူးစေပါလိမ့်မယ်။

၅။ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းအောင် ပြင်ဆင်ပါ။

ခန္ဓာကိုယ်အတွက် အချိန်ပေးပြီးတဲ့နောက် စိတ်အတွက်လည်း အချိန်နည်းနည်းပေးလိုက်ပါ။ ၀င်လေ ထွက်လေ ရှုတာမျိုး၊ စိတ်ငြိမ်အောင် တရားမှတ်တာမျိုးကို အချိန်ခဏပေးလိုက်ပါ။ အဲ့ဒီနောက်မှာတော့ ဘယ်လိုအရာမျိုးတွေက သင့်ဘ၀အတွက် အကျိုးပြုတယ်၊ အရေးပါတယ်ဆိုတာမျိုးတွေကို စာအုပ်မှာ ချရေးလိုက်ပါ။ စိတ်ကြည်နူးအောင် ခုလို ပြင်ဆင်ပြီးပြီဆိုရင်တော့ အပြင်လောကကြီးကို လှမ်းထွက်ဖို့ ပြင်ဆင်လိုက်ပါတော့။



Ref:womenshealthmag.com
Trend Myanmar

သင်မသိသေးတဲ့ ကဖင်းဓာတ်အကြောင်း




မေသော် on 2014-06-30 14:31    
ကော်ဖီမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့သူတွေလည်း ရှိတာပေါ့လေ။ ကျန်းမာရေးသုတေသီတွေ ရဲ့ စစ်တမ်းကောက်ချက်အရ နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူ အထူးသဖြင့် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကော်ဖီကို ပုံမှန်သောက်သုံးလာကြသလို တစ်ချို့ဆို တစ်နေ့ကို သုံး၊ လေးခွက် ထက်ပိုသောက်လာကြတာမို့ သုံးခွက်ထက် ပိုမသောက်ဖို့တောင် တားမြစ်ကြရပါတဲ့။ ကော်ဖီဟာ စိတ်ကိုတက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့မှတ်ဥာဏ်၊ မှတ်နိုင်စွမ်းအားတစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။

ဒါ့ကြောင့် အန်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူတွေဟာ ကဖင်းဓာတ်ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ကဖင်းဓာတ်နဲ့ တည့်မတည့်ဆိုတဲ့အပေါ်မှာတော့ မူတည်နေပါသေးတယ်။

၂။အားကစားလုပ်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်၊ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင်၊ အားကစားတစ်ခုခု မပြိုင်ခင် တစ်နာရီလောက်အလို ကော်ဖီသောက်ထားလိုက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခုမှာ ပြိုင်တဲ့အခါ နိုးကြားမှုတွေ မြင့်မားနေတာတွေ့ရမှာပါ။ ဒါပေမယ့် တုံ့ပြန်ချက်မှာတော့ လျော့ကျသွားပါတယ်။ ဒီတော့ သင်သာ နိုးကြားမှုရှိသလို သင့်ရဲ့အားစိုက်မှုကိုလည်း တန်းတူထားနိုင်မယ်ဆိုရင် ကဖီးဓာတ်ဟာ သင့်အတွက် အကျိုးပြုတဲ့အပိုင်းရောက်သွားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အားစိုက်မှု အပိုင်းမှာ ပြသနာဖြစ်နိုင်ပါတယ်။

၃။ကဖင်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုဟာ မြန်ဆန်လွန်းပါတယ်။

ကဖင်းဓာတ်ဟာ ဦးနှောက်သွေးကြောထဲကို လွယ်ကူစွာဖြတ်သန်းတတ်တဲ့အတွက် ပင်မအာရုံကြောတွေဟာ မြန်မြန်ဆန်ဆန်ကို နိုးကြားလိုက်ရတဲ့အတွက် ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို သပ်ရပ်လား၊ သေသပ်လား၊ ကြောက်စရာကောင်းသလားဆိုတာမျိုးတောင် သေချာ မဆုံးဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့်လည်း သင်ဟာ ကော်ဖီသောက်ထားပြီးတဲ့နောက် ပေါ့ပေါ့ပါးပါးကြီး ဖြစ်နေသလိုလို၊ တစ်ခုခုဆို တက်တက်ကြွကြွ ဖြစ်နေသလိုမျိုးတွေ ခံစားနေရတာပါ။

၎။ကော်ဖီတစ်ခုချင်းစီးမှာ ကဖင်းဓာတ်ပါဝင်နှုန်းချင်း မတူပါဘူး။

ကော်ဖီအမျိုးအစားကွဲတဲ့အခါ အရသာကွဲတယ်လို့ ဆိုကြပါတယ်။ ဘယ်ကော်ဖီလေးမှ ကြိုက်တယ်။ ဘယ်တံဆိပ်မှ ကောင်းတယ်ဆိုတာမျိုးဟာ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်မတူညီတာကြောင့်လည်း အများကြီးဆိုင်ပါတယ်။

၅။ကဖင်းဓာတ်ဟာ အသားအရေကို ခြောက်ခန်းစေပါတယ်။

ကော်ဖီတော်တော်များများမှာ ပါတဲ့ ကဖင်းဓာတ် ၉၈ရာခိုင်နှုန်းကြောင့် သင်ကော်ဖီသောက်လိုက်တဲ့အခါ အသားအရေခြောက်ခန်းတာမျိုးတွေ ဖြစ်လာပါတယ်။ ကဖင်းဓာတ်ဟာ ဆီးရွှင်စေတာမှန်ပေမယ့် အသားအရေခြောက်စေတယ် ဆိုတာကလည်း အမှန်မို့ ကော်ဖီသောက်တဲ့သူတွေဟာ ရေများများ သောက်သင့်ပါတယ်။

Ref:womenshealthmag.com
Trend Myanmar

ရုပ်လှစရာမလို အနေလှဖို့သာလို


မိန်းကလေးတစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။

ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပရှင်သန်နိုင်သူဟာ လှပတဲ့စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွှတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။
တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။

မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။

မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။

မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။

မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။

မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ်ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ်တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘဝခရီးတစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန်မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုးသားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး... လောကမှာချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင်တယ်။ လင်းလက်တဲ့အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာအလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာမဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျားသားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ်ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုးတယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်းပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိတယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်းတယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည်တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

မူရင်းလင့် ---- http://bbs.tianya.cn/post-210-116936-1.shtml

နိုင်းနိုင်းစနေ (Friday, September 17, 2010)

အာရဗီစာသင်ကျောင်း ဖျက်ခံရသည်မှာ မဟုတ်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့ပြော


ယုဝေ၊ ခင်မြတ်မြတ်ဝေ

ရန်ကုန်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ် သုဿန်အနီးရှိ အာရဗီစာသင်ကျောင်းတစ်ခုကို ဇူလိုင် ၄ ရက် ညနေပိုင်းက ဖျက်ဆီးခံရသည်မှာ မဟုတ်ဘဲ လုံခြုံရေး အခြေအနေလည်း ပုံမှန်ပင်ဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“လောလောဆယ် အခြေအနေက အေးဆေးပဲ။ စာသင်ကျောင်း အဖြိုခံရတယ်ဆိုတာလည်း မဟုတ်ဘူး။ လုံခြုံရေး အခြေအနေလည်း ပုံမှန်အတိုင်းပါပဲ" ဟု အမည်မဖေါ်ပြသည့် အထက်ပါ ရဲအရာရှိက မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ခံ တစ်ဦးဖြစ်သည့် ဦးကိုကိုလေးကမှု မဇ္ဈိမအား အစောပိုင်းက ပြောရာတွင် “နာရေးပို့ပြီး အပြန်မှာ သုဿာန်ထဲက အာရဗီ စာသင်ကျောင်းတစ်ခု အဖြိုခံရတယ်။ အဲ့နေရာမှာ လုံထိန်းနဲ့ စစ်တပ်တွေကို လုံခြုံရေးတိုးမြှင့် လာတာတွေ့တယ်”ဟု ပြောသည်။

မန္တလေးမြို့ ပဋိပက္ခတွင် ဇူလိုင် ၃ ရက် နံနက်က သေဆုံးခဲ့သည့် ကိုထွန်းထွန်း၏ ဈာပနကို ဇူလိုင်လ ၄ ရက် နေ့လည် ၁ နာရီက ပုသိမ်ကြီးမြို့နယ် အေးရိပ်ငြိမ်သုသာန်သို့ ဒေသခံ အမြောက်အမြား လိုက်ပါပို့ဆောင်ခဲ့သည်။

မန္တလေးမြို့၌ ည ၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့်ကို ဇူလိုင် ၃ရက် ညနေမှ စကာ ထုတ်ပြန်ထားပြီး ဇူလိုင် ၄ရက် ညနေတွင် မန္တလေးမြို့အတွင်းရှိ ပုသိမ်ကြီးမြို့နယ်ကိုပါ ညမထွက်ရအမိန့် ထပ်တိုးသတ်မှတ်လိုက်သည်။



ဒိုက်ထိုးပြိုင်ပွဲတွင် အသက် ၇၇ နှစ်အရွယ် စစ်သားဟောင်းကြီးကို လူငယ်များ အနိုင်မယူနိုင်ဘဲ ရှုံးနိမ့်


အေသင်အောင်

ယူကရိန်းနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကာယဗလပြိုင်ပွဲ တစ်ခုမှာ အသက်(၇၇)နှစ်အရွယ် စစ်ပြန်ကြီးဟာ လူငယ်တွေကို အံ့အား သင့်ဖွယ် ကောင်းလောက်အောင် အနိုင်ယူပြခဲ့ပါတယ်။ ဒိုက်ထိုးပြိုင်ပွဲမှာ စစ်သားယူနီဖောင်းဝတ်ဆင်ထားတဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့အတူ ၀င်ရောက်ဆင်နွှဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ပြန်ကြီးဟာ အသက်ကြီးနေပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်က အထူးကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်တွေကို အနိုင်ယူခဲ့ ပါတယ်။ စစ်ပြန်ကြီး ဘေးနားက လူငယ်အချို့ဟာ သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြုလုပ်နိုင်ခြင်း မရှိဘဲ နုတ်ထွက်သွားကြပါတယ်။ ဒါပေမဲ့ စစ်ပြန်ကြီး ကတော့ ပရိသတ်လက်ခုပ်သံကို ရယူပြီး ပြိုင်ပွဲပြီးဆုံးတဲ့ အထိ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျန်းမာရေးကို လိုက်စားခဲ့တဲ့ အသက် (၇၇) နှစ်အရွယ် စစ်ပြန်ကြီးကို ယနေ့ခေတ် လူငယ်တွေ ကာယလေ့ကျင့်မှုအပိုင်းမှာ မယှဉ်ပြိုင်နိုင်ခဲ့တာက ထူးခြားချက် ဖြစ်ခဲ့ပြီး အမျိုးသမီးငယ် နှစ်ဦး ကလည်း စစ်ပြန်ကြီးကို ပန်းစည်းတွေပေးကာ ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲတော်ဟာ ဒုတိယကမ္ဘာစစ်အပြီး အထိမ်းအမှတ်အနေနဲ့ ကျင်းပတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ပါတယ်။ ဂျာမနီတွေဟာ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုမှာ လက်နက်ချခဲ့ရပါတယ်။ ဒါကြောင့် ရုရှားနဲ့ ယူကရိန်းတို့မှာ ဒီလိုအချိန် ကာလကို ရောက်တဲ့ အခါတိုင်း ဂျာမနီတွေကို အောင်မြင်တဲ့ အထိမ်းအမှတ် အနေနဲ့ အမှတ်တရပွဲတော်တွေ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အခု ကျင်းပတဲ့ ဒိုက်ထိုးပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲခဲ့တဲ့ စစ်ပြန်ကြီးဟာ လူငယ်တွေနဲ့ အပြိုင် စိန်ခေါ်နိုင်ခဲ့တာမို့ ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။

The Messenger

ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ် ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်



သစ်ထူးလွင် ၀က်ဘ်ဆိုက်တွင် စတင်ဖော်ပြခဲ့သော သတင်းနှင့် မန္တလေးပဋိပက္ခဖြစ်စဉ်တွင် အသတ်ခံခဲ့ရသူများ၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဓာတ်ပုံအချို့

မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ် အပါအ၀င် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ်ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဘ်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းကြောင့် ပဋိပက္ခဖြစ်စဉ်များကို ပိုမိုကြီးထွားစေခဲ့သည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိဖြစ်ပေါ်နေသည့် မန္တလေးပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာ အင်တာနက် စာမျက်နှာများပေါ်ရှိ သစ်ထူးလွင်ဝက်ဘ်ဆိုက်၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။

“တချို့မှုခင်းသတင်းဓာတ်ပုံတွေဟာ မီဒီယာသမားတွေတောင် အလွယ်တကူမရှိနိုင်ဘူး။ အဲဒါကို တချို့အွန်လိုင်းမီဒီယာတွေက အလွယ်တကူရနေတယ် ဆိုတဲ့အပေါ် ဒါကတော့ ရှင်းပါတယ်။ အလွယ်တကူ မရနိုင်ဘူး ရနိုင်တဲ့လူဟာ ဘယ်သူတွေလဲဆိုတာ။ အဲလိုရနိုင်တဲ့လူတွေက တင်နေတာပေါ့ဗျာ။ ရနိုင်တဲ့သူတွေကတော့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့သူတွေ ဖြစ်မှာပေါ့။ ကျွန်တော်  မီဒီယာတွေ စိုးရိမ်စရာတစ်ခုရှိတာက မှုခင်းသတင်းဓာတ်ပုံတို့ ဘာတို့ဆိုတာက ကျင့်ဝတ်နဲ့တည်းဖြတ်ပြီးတော့မှ ဖော်ပြသင့်မှ ဖော်ပြရတာကိုး။ အဲတော့ ကျင့်ဝတ်နားမလည်တဲ့သူတွေ ဒီလိုလုပ်လာရင် မီဒီယာတွေအပေါ်မှာ လူတွေအထင်လွဲသွားနိုင်တယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ဆိုသည်။

“နောက်တစ်ချက်က အွန်လိုင်းပေါ်မှာရော ပရင့်မှာရော သက်ဆိုင်ရာအစိုးရနဲ့ပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့နဲ့ပဲဖြစ်ဖြစ် အဲလိုနီးစပ်တဲ့သူတွေ မီဒီယာလောကထဲ အရေခြုံဝင်လာနိုင်တာတွေ ရှိတယ်။ အဲဒီလိုဝင်လာတဲ့သူတွေက ပရော်ဖက်ရှင်နယ် မီဒီယာသမားတွေ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာသမားတွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်လာနိုင်တယ်။ အဲဒါလည်း သတိထားဖို့ လိုပါလိမ့်မယ်” ဟု The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက သုံးသပ်ခဲ့သည်။

ထိုကဲ့သို့ ရဲအရေးပိုင်သည့် မှုခင်းများနှင့် ဆက်စပ်လျက်ရှိသည့် သတင်းမီဒီယာများ အပါအ၀င် အများပြည်သူမရရှိနိုင်သည့် ဓာတ်ပုံများ၊ မှုခင်းများကို ရရှိလျက်ရှိနေ ခြင်းမှာ ရဲ၊ ထောက်လှမ်းရေး အစရှိသည့် အဖွဲ့အစည်းများမှ ပေါက်ကြားခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

“ရေခဲတိုက်မှာဆိုရင် ရဲအရေးပိုင်တဲ့ မှုခင်းတွေကို ဓာတ်ပုံရိုက်ယူနိုင်ခွင့်ရှိတာ ရဲတို့ ထောက်လှမ်းရေးတို့ပဲ ရှိတယ်။ သူတို့ကိုယ်တိုင် ဓာတ်ပုံမရိုက်နိုင်ဘူးဆိုရင် စိတ်ချရတဲ့ဓာတ်ပုံဆရာနဲ့ လျှောက်လွှာတင်ပြီး ဓာတ်ပုံရိုက်နိုင်တယ်။ အဲလိုအမှုအခင်းတွေမှာဆိုရင် မှုခင်းဆရာဝန်တွေ ကိုယ်တိုင်တောင်မှ စာသင်ကြားဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ရိုက်ယူခွင့်ရှိတယ်။ ဆေးကျောင်းသားတွေတောင် ရိုက်ခွင့်မရှိတာ အပြင်လူတွေဆိုပိုဝေးပါတယ်။ အဲဒီတော့ ဒီဓာတ်ပုံတွေ ပေါက်ကြားတာက သူတို့ဆီကပဲ ဖြစ်နိုင်ပါတယ်” ဟု လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည့် မှုခင်းဆရာဝန်ကြီး တစ်ဦးက အများသူငါ မရနိုင်သည့် မှုခင်းဓာတ်ပုံများပျံ့နှံ့ ပေါက်ကြားနေခြင်းနှင့်ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ပဋိပက္ခဖြစ်စဉ်များမှ သေဆုံးသူများ၏ ဓာတ်ပုံများကို ဖြစ်စဉ်များဖြစ်ပွားပြီး အချိန်တိုအတွင်း အင်တာနက်ဝက်ဆိုက် စာမျက်နှာများပေါ်၌ ဖေါ်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်ဝေဖန်သူများထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိနှင့် မီဒီယာသမား အများစုလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ဒုတိယရဲမှူးကြီးတစ်ဦးက “နိုင်ငံရေး အပိုင်းနဲ့ မတည်ငြိမ်အောင် လုပ်ရင်လည်း မထိရောက်ဘူး။ စီးပွားရေးအခြေအနေနဲ့ မတည်ငြိမ်အောင်လုပ်ရင်လည်း မထိရောက်နိုင်ဘူး။ ဒါပေမဲ့ လူမှုရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခ နည်းလမ်းတွေ မတည်မငြိမ်ဖြစ်အောင် လုပ်နေတာက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားရေးကို ပျက်စီးအောင်၊ ဆုံးရှုံးအောင်၊ တစ်တိုင်းပြည်လုံးဆူပူအောင်၊ လူထုအုံကြွမှုဖြစ်အောင်လုပ်တဲ့ ထိရောက်တဲ့ နည်းလမ်းပါပဲ။ အဲဒီတော့ အခုမန္တလေး ဖြစ်စဉ်မှာ သစ်ထူးလွင် လူမှုကွန်ရက် စာမျက်နှာကို အခြေပြုပြီးတော့ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တာပါ” ဟု ဇူလိုင် ၄ ရက်က သုံးသပ်ပြောကြားသည်။

တခြားသာမန်လူတွေမရနိုင်တဲ့ သတင်းထောက်တွေတောင် မရနိုင်တဲ့ပုံတွေ အချက်အလက်တွေကို ရနေတယ်ဆိုတာတော့ အဲ့ဒီအချက်အလက်တွေရနေတဲ့ အဖွဲ့အစည်းတွေနဲ့ လှုံ့ဆော်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်မှုရှိနေတာ သေချာတယ်။ တာဝန်ရှိတဲ့ လူကြီးတွေနဲ့ ဒီလိုမျိုးဖြစ်နေတာကို အရေးမယူဘူး ဆိုရင်တော့ ဒီလိုမျိုးဖြစ်နေတာကို အားပေးအားမြောက် သဘောမျိုးတော့ သက်ရောက်တာပေါ့လေ။ ဒါတွေဖြစ်နေတာတော့ အခုမှ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်တုန်းကလည်း Facebook က ဖြစ်တာပဲ။ မိတ္ထီလာတုန်းကလည်း Facebook ပေါ်က စတာပဲ။ တခြား ပဋိပက္ခအကုန်လုံးကလည်း Facebook က စတယ်ဆိုတာ လူကြီးတွေ အကုန်လုံးသိတာပဲ” ဟု 7 Day Daily သတင်းထောက်ချုပ် ဦးအောင်သူရက ပြောကြားသည်။

တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်...
နေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာများနှင့် အပတ်စဉ်ဂျာနယ်များကို သတင်းမပေးတော့ခြင်းများ၊ ပေးပါကလည်း ဖော်ထုတ်နိုင်သည့် သတင်းကိုသာ ပေးနေခြင်းများသာ ပြုလုပ်နေသော်လည်း သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာ၌မူ ရဲသတင်းများကိုသတင်းဦး ရနေခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများလည်းရှိခဲ့သည်။

“ရဲတပ်ဖွဲ့က နေ့စဉ်ထုတ်နေတဲ့ ပုဂ္ဂလိက သတင်းစာတွေနဲ့ အပတ်စဉ်ဂျာနယ်တွေကို သတင်းတွေမပေးတော့တာတွေ၊ ပေးရင်လည်း ဖော်ထုတ်နိုင်တဲ့ သတင်းတွေကိုပဲ ပေးနေတဲ့အတွက် သတင်းတွေမပေးဘူးဆိုတာကို တချို့သတင်းစာတွေမှာ ရေးသားနေတာတွေ၊ ဝေဖန်နေတဲ့သတင်းတွေကို ဖတ်ရပါတယ်။ ဒါပေမဲ့ သစ်ထူးလွင်လူမှုကွန်ရက် စာမျက်နှာမှာတော့ ရဲသတင်းတွေကိုအရင်ဆုံး သတင်းဦးရနေတယ်။ ဖော်ပြနေတဲ့ သတင်းအများစုလည်း ရဲနဲ့ဆက်စပ်တဲ့ သတင်းတွေဖြစ်တယ်။ တခြားမီဒီယာကနေတစ်ဆင့် ကူးယူဖော်ပြနေတဲ့ သတင်းတွေကိုလည်း တွေ့ရတယ်။ အခု မန္တလေးမှာ လူထုအုံကြွခဲ့တဲ့ ဖြစ်စဉ်ကလည်း သစ်ထူးလွင်က ဖော်ပြခဲ့တဲ့သတင်းက စခဲ့တာပါ” ဟု ပုဂ္ဂလိက သတင်းစာများ၊ ဂျာနယ်များနှင့် လူမှုကွန်ရက် စာမျက်နှာများကို ခြောက်နှစ်ကျော်ကြာ နေ့စဉ်လေ့လာနေသူ ကိုမြင့်ကျော်က သုံးသပ်ခဲ့သည်။

ယခုကဲ့သို့ ဘာသာရေးပဋိပက္ခ အသွင်ဆောင်စေရန် သွေးထိုးလှုံ့ဆော်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ဝေဖန်နေမည့်အစား ဘာသာရေးပဋိပက္ခနောက်ကွယ်မှ စေခိုင်း ကြိုးကိုင်နေသူများကို ပြည်တွင်းအဖွဲ့အစည်းများ ပြည်တွင်းတရားရုံးများဖြင့် အရေးယူဆောင်ရွက်ရန် မလုံလောက်ပါက လိုအပ်သလို အင်တာပိုမှတစ်ဆင့် နိုင်ငံတကာမှုခင်းဆိုင်ရာအဖွဲ့များ တရားရုံးများဖြင့်ပါ ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုများရှိနေသည်။

“တကယ်က အနောက်နိုင်ငံက မီဒီယာတွေက လမ်းကြောင်းလွဲနေတာ။ သူတို့ကသာ ဗုဒ္ဓဘာသာ အကြမ်းဖက်သမားလို ဖန်တီးနေတာ အမှန်က အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်ဝါဒ ဖြန့်နေတာတွေက အဓိကဖြစ်နေတာ။ အဲဒါက နှစ်ဘက်စလုံးမှာရှိတယ်။ ၀က်ဘ်ဆိုဒ်တွေရော၊ ဖေ့ဘွတ်မှာတွေရောပဲ။ ဗုဒ္ဓဘာသာဘက်ကဆိုပြီး ဦးဝီရသူအကောင့်၊ နေမျိုးဝေအကောင့်၊ ပြည်သူ့အာဏာ အဲလိုမျိုးတွေရှိတယ်။ မွတ်စလင်ဘက်မှာဆိုရင် Myanmar Muslim Media တို့ အစ္စလာမ် သာသနာရေးဝန်ကြီးဌာနတို့ အစုံပဲ။ နှစ်ဘက်စလုံးက အစွန်းရောက်ဝါဒဖြန့်တာတွေ လုပ်နေတာ။ သူတို့တွေက တရားဝင် သတင်းမီဒီယာတွေတောင် မရနိုင်တဲ့ ဓာတ်ပုံတွေ သတင်းတွေကိုသုံးပြီး လုပ်နေတာ။ အမေရိကန်လို အနောက်မီဒီယာတွေ၊ အစိုးရတွေ ဖော်ထုတ်သင့်တာက အဲလိုဝါဒဖြန့်ချိမှု လုပ်နေတဲ့သူတွေကို ဖော်ထုတ်ရမှာ၊ အဲဒီလူတွေကို ဘယ်နိုင်ငံက ဖြစ်နေဖြစ်နေ ရာဇ၀တ်မှုနဲ့ နိုင်ငံတကာ တရားရုံးဆီကို Crime Against Humanity နဲ့ အရောက်ပို့ဖို့ ဖော်ထုတ်ပေးရမှာ။ အဲဒါမှ ခုလိုအင်တာနက် အသုံးပြုပြီး လှုံ့ဆော်မှုတွေ လုပ်နေတာတွေကို တားမြစ်နိုင်မယ်၊ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေကို တားမြစ်နိုင်မယ်” ဟု အွန်လိုင်းသတင်းများကို ပုံမှန်လေ့လာဖတ်ရှုမှုများ ပြုလုပ်လေ့ရှိသည့် ဒေါက်တာနေလှိုင်က သုံးသပ်ပြောကြားပါသည်။

“အကြမ်းဖက်မှုတွေကို အွန်လိုင်းမှာ လှုံ့ဆော်တာနဲ့ ပတ်သက်ပြီး ကျွန်တော့် အထင်ကတော့ နှစ်အုပ်စုက ရနိုင်ပါတယ်။ တစ်အုပ်စုကတော့ အဲ့လိုအဖြစ်အပျက်တွေမှာ ပါဝင်ပတ်သက်နေတဲ့ လှုံ့ဆော်တဲ့အဖွဲ့တွေ၊ အဲ့ဒါတွေက အကြမ်းဖက်တဲ့ အဖွဲ့တွေ။ အဲ့လိုလူတွေက သူတို့ကိုယ်တိုင်ပါဝင် ပတ်သက်နေတော့ သူတို့ကိုယ်တိုင်ရိုက်ပြီး သူတို့ကိုယ်တိုင် တင်တာတွေ သူတို့က ရည်ရွယ်ချက်နဲ့တင်တာ ဖြစ်နိုင်တယ်။ နောက်တစ်ခုက အဲ့ဒီအခြေအနေပြီးရင်တော့ စစ်ဆေးတဲ့ ရဲတို့ဘာတို့ အဲ့လိုလုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေသူတို့ဆီမှာလည်း မှတ်တမ်းတွေရှိမယ်။ သူတို့ဆီက တမင်ပေါက်ကြားတဲ့ဟာလား။ သူတို့ဆီက ပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။ ရနိုင်တဲ့ နည်းလမ်းကတော့ အဲ့ဒီနှစ်ခုရှိမှာပေါ့။ အကြမ်းဖက်မှုတွေမှာ တမင်ဖြစ်အောင် Facebook ပေါ်မှာ တမင်လှုံ့ဆော်မှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံထားပြီးသား” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

“အဲ့ဒီလို လှုံ့ဆော်နေသူမျိုးကို ရှာဖွေဖော်ထုတ်ရမယ့် တာဝန်က အစိုးရမှာရှိတယ်။ အစိုးရက သူမတတ်နိုင်လို့ သော်လည်းကောင်း၊ သူမလုပ်ချင်လို့ သော်လည်းကောင်း အကြောင်းတစ်ခုခုကြောင့် မလုပ်နိုင်တာဖြစ်မှာပေါ့။ တကယ်တော့ အဲ့လိုလုပ်တာကို တားနိုင်လုပ်နိုင်မှပဲ ပဋိပက္ခတွေမှာ Hate Speech တွေ အမုန်းပွားစေမယ့် ပဋိပက္ခနဲ့ ဒီဘက်က လူမှုကွန်ရက် မီဒီယာတွေမှာ တွဲဖက်ပြီး လှုံ့ဆော်နေတဲ့ဟာတွေ၊ အရှိန်မြင့်အောင် လုပ်နေတာတွေ ရပ်သွားမှာ” ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ဆိုသည်။

မိတ္ထီလာပဋိပက္ခဖြစ်စဉ်အား စတင်ကြီးထွားစေခဲ့သည့် သတင်းနှင့်ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာများပေါ်ရှိ  ၀က်ဘ်ဆိုက်များ၌ ဖော်ပြခဲ့ခြင်းမှ အစပြုခဲ့ခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှုများရှိခဲ့သည်။

“ကျွန်တော်တို့ မိတ္ထီလာပဋိပက္ခ သတင်းယူခဲ့ရတဲ့ အခြေအနေက တော်တော်လေးခက်ခဲတဲ့ အနေအထားပါ။ ကင်မရာတောင် ထုတ်ကိုင်လို့မရ။ တစ်နေရာနဲ့ တစ်နေရာကိုသွားဖို့ မလွယ်ကူတဲ့အခြေအနေ ကျွန်တော်တို့မြင်ပြီး ရိုက်လို့မရခဲ့တဲ့ပုံတွေ အများကြီးပဲ။ ကင်မရာတွေ့ရင်သတ်မယ်။ ဖြတ်မယ်။ အော်ပြောနေတဲ့ လူတွေကလည်း အများကြီး။ ဒီကြားထဲမှာ ဖုန်းလိုင်းကဖြတ်တာလား။ ပြတ်တာလားမသိဘူး။ လုံးဝဆက်မရ ပြုမရနဲ့ အခက်အခဲများစွာပါပဲ။ အဲဒီလိုအခြေအနေမှာ ပဋိပက္ခပြီးတော့ ဗီဒီယိုဖိုင်အချို့ ထွက်လာတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ အကြမ်းဖက်တဲ့သူတွေက မသေမရှင် ဖြစ်နေတဲ့သူတွေကို ရိုက်ပုတ်နေတာတွေကို အနီးကပ်ရိုက်ထားတာတွေ ပါလာတယ်။ တော်တော်လေး အံ့သြမိပါတယ်” ဟု မိတ္ထီလာပဋိပက္ခဖြစ်စဉ်အတွင်း သွားရောက်သတင်းရယူခဲ့သူ သတင်းထောက် ကိုကျော်ဇင်ဝင်းက ရှင်းပြသည်။

“ဟာ မျက်နှာစိမ်းတွေနဲ့ စနစ်တကျ ဖြစ်လာတာ။ ဖျက်ဆီးမီးရှို့နေချိန်မှာ ဓာတ်ပုံ၊ ဗီဒီယို လုံးဝရိုက်ကူးမခံတော့တာ တွေ့ရပါတယ်။ အဲဒီအချိန်တွင်းမှာ ကင်မရာပါလာရင် သတ်ဆိုတဲ့အသံတွေဟာ  ဆူညံနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမုန်းတရားကို ပိုမိုဆိုးရွားစေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေ ကြည်လင်ရှင်းလင်းစွာ  ထွက်ပေါ်လာပါတယ်။ တချို့ဗီဒီယိုဖိုင်တွေဆိုရင် သတင်းထောက်တွေ၊ အရပ်သားတွေ ဘယ်လိုမှမရနိုင်တဲ့ အတွင်းစည်းပုံတွေပါ။ ဥပမာပြောရရင်တော့ မိတ္တီလာမှာ သံဃာတော်တစ်ပါးကိုသတ်တဲ့ တရားခံတဦးကို  စစ်ဆေးမေးမြန်းနေတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်မှာ ပြန့်လာပါတယ်။ အဲဒီအခွေထဲက အခန်းတခုမှာ ရဲစစ်ချက်တွေ၊ ဗိုလ်လေးလို့ခေါ်သံတွေ တရားခံမျက်နှာ အနီးကပ်ရိုက်ချက်တွေနဲ့ စကားသံတွေ ရှင်းရှင်းလင်းလင်း ပါရှိပါတယ်။ အဲဒီလိုအခွေကို ဘယ်သတင်းထောက်မှ ရိုက်ကူးဖြန့်ချိရေး လုပ်ဖို့မဖြစ်နိုင်ပါဘူး” ဟု ပြီးခဲ့သည့်မိတ္ထီလာ ဖြစ်စဉ်တွင် ကိုယ်တိုင်သတင်းရယူခဲ့သူ မြို့ခံသတင်းထောက် ကိုဝဏ္ဏက ဆိုသည်။

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများတွင် သတင်းရယူရန် ကြိုးပမ်းနေသော မီဒီယာများအား ရန်ပြုတိုက်ခိုက်မှုများရှိခဲ့ပြီး သတင်းအချက်အလက်နှင့် သတင်းဓာတ်ပုံရယူရန် အခက်အခဲရှိခဲ့သော်လည်း အခင်းဖြစ်ပျက်နေမှုကို အနီးကပ်ရိုက်ကူးထားသည့် ဓာတ်ပုံများ facebook အပါအ၀င် လူမှုကွန်ရက်များပေါ်သို့  အချိန်တိုအတွင်း ရောက်ရှိလာခဲ့ခြင်းနှင့်ပတ်သက်၍ နောက်ကွယ်ရှိ အဖွဲ့အစည်းများ ပါဝင်ပတ်သက်မှုအပေါ် မြို့ခံသတင်းထောက်များက မေးခွန်းထုတ်လျက်ရှိသည်။

“သာမန်လူတွေ မရနိုင်တဲ့ ဓာတ်ပုံတွေ တက်တဲ့ဝက်ဘ်ဆိုက်တွေက အခုလိုဖြစ်စဉ်တွေကို ဇောင်းပေးဖော်ပြနေတဲ့ ၀က်ဘ်ဆိုက်တွေ။ ဆေးရုံထဲကပုံတွေဆိုရင်လည်း သတင်းသမားတွေ တစ်ယောက်မှမရလိုက်ဘူး။  ဆေးရုံဝန်ထမ်းတွေ ဆိုရင်လည်း အစစ်ဆေးခံရနိုင်တဲ့အတွက် ရှိရင်တောင် ပြရဲမှာမဟုတ်ဘူး။ သာမန်လူတွေရခဲ့ရင်လည်း ဘယ်သူမှပြရဲမှာ မဟုတ်ဘူး။ နောက်ပြီး အခုဖြစ်စဉ်မှာ သေဆုံးသွားတဲ့ ဗုဒ္ဓဘာသာဝင်ရဲ့ ဓာတ်ပုံတွေပဲတက်လာတယ်။ အစ္စလာမ်ဘာသာဝင်ရဲ့ ဓာတ်ပုံကို မမြင်ရဘူး။ ဒါဟာ ဆူပူမှုဖြစ်အောင် သက်သက်လှုံ့ဆော်တဲ့လုပ်ရပ်ပါပဲ။ အခုလိုနာရေးကားရဲ့ဘေးမှာ ဗီနိုင်းနဲ့ချိတ်ပြီး အများမြင်အောင်ပြတာကတော့ ဆူပူမှုကိုပိုမိုကြီးထွား စေနိုင်ပါတယ်။  ဒါနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ထိထိရောက်ရောက် တိတိကျကျ အရေးယူဆောင်ရွက်သင့်ပါတယ်” ဟု ဧရာဝတီသတင်းဌာနမှ ကိုတေဇလှိုင်က ဆိုသည်။

ယခုတစ်ကြိမ်မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအကြောင်းပြ အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံတကာ သတင်းမီဒီယာများက ရေးသားခဲ့ရာတွင် ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအဖြစ် ရေးသားခဲ့ကြပြီး မြန်မာနိုင်ငံရှိပြည်သူများနှင့် ဗုဒ္ဓဘာသာဝင်များကို အဓိကတာဝန်ရှိသည့် အကြမ်းဖက်သမားများသဖွယ် ပုံဖော်ရေးသားခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေး အသွင်ဆောင် ပဋိပက္ခများအပေါ်ကို သုံးသပ်ရာတွင် အမေရိကန် ပြည်ထောင်စုအပါအ၀င် အနောက်နိုင်ငံ မီဒီယာများအနေဖြင့် လမ်းကြောင်းလွဲနေခြင်း ဖြစ်သည်ဟု ဝေဖန်ပြောဆိုမှုများ ရှိနေပါသည်။ အမှန်အားဖြင့် ယခုဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများအပြင် ယခင်ကလည်း မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံမြို့များ၌ ဖြစ်ပေါ်ခဲ့ဖူးသော ဘာသာရေးအသွင်ဆောင် ဆူပူအကြမ်းဖက်မှုများမှာ မည်သူမည်ဝါ မှန်းမသိရသော သူများက အွန်လိုင်းသတင်းစာမျက်နှာများမှ အမုန်းစကားများ၊ ကောလာဟလများဖြင့် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကို အရင်းတည်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အမုန်းစကားများနှင့် ကောလာဟလများ ဖြန့်ချိနေသည်မှာ facebook လူမှုကွန်ရက်ပေါ်ရှိ အကောင့်များ၊ စာမျက်နှာများအပြင် သတင်းဝက်ဘ်ဆိုက် သဖွယ်အသွင်ယူထားသည့် ၀က်ဘ်ဆိုက်များလည်းပါဝင်ခဲ့သည်။ ထိုကဲ့သို့ အမုန်းစကားများ၊ ကောလာဟလ၀ါဒဖြန့်ချိနေမှုများ ပြုလုပ်နေသည်မှာ ဗုဒ္ဓဘာသာရော အစ္စလာမ်ပါ နှစ်ဖက်စလုံးတွင် ရှိနေခြင်းဖြစ်သည်။

news-eleven

ထိုင်းစစ်တပ်အာဏာသိမ်းမှု မြန်မာ့တပ်မတော်အကြီးအကဲ ထောက်ခံ


 ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာသိမ်း လိုက်တာကို ထောက်ခံ ကြိုဆိုကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ ပြောကြား လိုက်ပါ တယ်။

ထိုင်းစစ်တပ်ဟာ နိုင်ငံလုံခြုံရေးနဲ့ ပြည်သူလူထုကို အကာကွယ် ပေးရေး အတွက် အာဏာသိမ်း ခဲ့တာဖြစ်တဲ့ အတွက် ချီးကျူးအားပေးရတာဖြစ်ကြောင်း မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံကို ချစ်ကြည်ရေး အလည်အပတ်ခရီး ရောက်ရှိလာတဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော် အကြီးအကဲနဲ့ ထိုင်းအာဏာသိမ်း စစ်အစိုးရ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး တာနာဆတ်ခ် Tanasak နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားလိုက်ဖြစ်ပါတယ်။

ထိုင်းတပ်မတော်ဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်ကို ကာကွယ်ပေးဖို့ တာဝန်သိတပ်မတော်ဖြစ်တယ်ဆိုတာကို ယုံကြည်စိတ်ချကြောင်း၊ ထိုင်းတပ်မတော်အစိုးရ NCPO ရဲ့ နိုင်ငံရေးလမ်းပြမြေပုံဟာလည်း အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ ဒီကနေ့ ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ထိုင်းဗိုလ်ချုပ်ကြီး တာနာဆတ်က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အားလုံးရဲ့အရေးကို ထိုင်းအစိုးရအနေနဲ့ ဂရုတစိုက် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဖို့၊ နယ်စပ်ဆက်ဆံရေးတိုးမြင့်ဖို့ ကိစ္စတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ် တာနာဆတ်နဲ့ တွေ့ဆုံအပြီးမှာ ထိုင်းဘုရင့် အတိုင်ပင်ခံ ကောင်စီဝင်အကြီးအကဲ ပရင် တီဆူလာနောင်ဒါ Prem Tisulanonda နဲ့တွေ့ဆုံခဲ့သလို နေ့ခင်းမှာ ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ထိုင်းတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်အိုချားနဲ့ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

RFA Burmese (Facebook)

ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ



ကြည်မြင့်လွင် (မုဒြာ)


တက္ကသိုလ် တစ်ခုမှ ကထိက ဆရာ တစ်ဦးသည် စာရေး စာဖတ်များ ၊ အထိုင်များ ၊ လမ်းလျှောက် နည်းသူ ဖြစ်သည်။ တစ်နေ့တွင် ဘယ်ဖက် မျက်လုံးအိမ်မှ စာကြည့်တိုင်း အောင့်လာသဖြင့် မျက်စိ အထူးကု ဆရာဝန် နှင့် ပြသသော အခါ တိမ်ရှိနေပြီး ခွဲရမည့် အဆင့် ဖြစ်နေသည်။ ထိုတိမ်ကို ခွဲစိတ် ကုသရန် သွေးစစ်သော အခါမှ သူ့တွင် ဆီးချို သွေးချို ရောဂါ ၀င်နေပြီ ဖြစ်ကြောင်း သိရသဖြင့် အထွေထွေ ရောဂါ အထူးကု သမားတော် နှင့် ပြသရပြန်သည်။ အမှန်တော့ မိမိမှာ မျိုးရိုးလည်း မရှိသဖြင့် အမှတ်မထင် နေရာမှ မျက်စိ ကုသရန် စစ်သော အခါမှ ဆီးချို သွေးချိုကို အရင် ကုသခဲ့ရခြင်း ဖြစ်သည်။

ဆီးချိုဟု အများခေါ် နေကြသော ရောဂါမှာ အမှန်စင်စစ် ဆီးတွင် မသိသာ ၊ သွေးစစ်ကြည့် သောအခါမှ သွေးတွင်းရှိ သကြားဓာတ်မှာ လိုသည်ထက် ပိုနေသည်ကို တွေ့ရခြင်း ဖြစ်သည်။ ဆီးချိုရောဂါ ၏ အဆင့်ကို သွေးစစ်ကြည့် ခြင်းဖြင့်သာ ဆုံးဖြတ်နိုင်သည်။ အချို့မှာ ဘိုးဘွား အမွေအနှစ် အဖြစ် မျိုးရိုးမှ ရခဲ့ခြင်း ဖြစ်သည်။ အချို့မှာ မိမိကိုယ်တိုင်၏ အနေအထိုင် အစားအသောက် ဓလေ့စရိုက်ကြောင့် ဖြစ်ရသည်။

အချို အစားများ၍ ဆီးချို ဖြစ်သည်ဟု ထင်ကြမည် ဖြစ်သော်လည်း ဆရာဝန်ကြီး များ၏ အတွေ့အကြုံ များအရ လမ်းလျှောက် နည်းသူ ၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း မလုပ်သူ ၊ အဆီအစိမ့် ကြိုက်သူ ၊ အအေး ကြိုက်သူ ၊ ဇိမ်ခံသူ များတွင် ပို၍ ဆီးချိုရောဂါ ဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

အာယုဗေဒ ဆေးပညာနှင့် မြန်မာ့ ဆေးပညာ အလိုအရ ပထ၀ီဓာတ် နှင့် အာပေါဓာတ် နှစ်မျိုးကွဲ၍ လွန်ကဲ သူများတွင် မဓုပမေဟ ခေါ် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိသည်။ မိမိ ခန္ဓာကိုယ်တွင် အလေးချိန် တိုးလာလျှင် ပထ၀ီဓာတ် လွန်ကဲလာ သည်ဟု သတိပြုမိ နိုင်ပြီး ၊ ဗိုက်ရွှဲခြင်း ၊ ဂုတ်ပိုးတက်ခြင်း ၊ မေးအောက် အသားတွဲပြီး ဖောင်းအိ လာခြင်း ၊ ဆီး မကြာခဏ သွားလိုခြင်း တို့ ဖြစ်လာပါက ပထ၀ီနှင့် တွဲပြီး အာပေါဓာတ်ပါ လွန်ကဲ လာပြီဟု သိနိုင်လေသည်။ နောက်ဆက်တွဲ အဖြစ် သွေးတိုး ၊ ဆီးချို နှင့် နှလုံး သွေးကြော ရောဂါများ ဖြစ်လာနိုင် သဖြင့် သတိပြု သင့်သည်။

ခန္ဓာကိုယ် ၀ဖြိုး လာသူများ သွေးတိုး နှင့် ဆီးချို သွေးချိုရောဂါ ကာကွယ်ရန် ပထမအဆင့်မှာ ဆေးစားရန် မလိုသေးပါ။ နေ့စဉ် လမ်းမှန်မှန် လျှောက်ရန် ဖြစ်သ်ည။ နံနက် စောစော အိပ်ရာထပြီး နှစ်မိုင်ခန့် လမ်းလျှောက်ပါ။ နံနက်စောစော ထရန် အဆင်မပြေ ပါက ညနေ အလုပ်နား ချိန်တွင် တစ်နာရီ လမ်းလျှောက်ခြင်း ကို နေ့စဉ် ပြုလုပ်သင့်သည်။ စက်ဘီးစီးခြင်း နှင့် မြန်မာ့ရိုးရာ ခြင်းခတ် ကစားခြင်း များသည်လည်း ရောဂါ ကာကွယ်ရေး အတွက် ထိရောက်စွာ အထောက်အကူ ပြုနိုင်သည်။

Yadanarpondaily

မဟာသန္တိသုခအမှု သံဃာတွေ ရုံးထုတ်



 မဟာ သန္တိသုခ ကျောင်းအမှု နဲ့ ပတ်သက်လို့ တရားစွဲဆို ခံထားရတဲ့ သံဃာတော် ၅ ပါးကို ဇူလိုင်လ ၄ ရက်နေ့က တတိယအကြိမ် ရုံးထုတ် စစ်ဆေးပြီး ဇူလိုင်လ ၁၈ ရက်နေ့ကို နောက်ထပ် ရုံးချိန်း ပေးလိုက်ပါတယ်။

သာသနာရေး ဦးစီးဌာန ဘက်က တာဝန်ရှိသူတွေ နဲ့ သံဃာတော် တချို့ လာရောက် နားထောင် ခဲ့တဲ့ တာမွေမြို့တရားရုံး ကြားနာမှုမှာ တရားလို ဘက်ကို အဓိကထား စစ်ဆေးခဲ့ ပါတယ်။

ကြားနာစစ်ဆေးမှုမှာ သံဃာတွေရဲ့ ရှေ့နေတွေ ဘက်က မေးခွန်းတွေကို လွတ်လွတ်လပ်လပ် မေးခွင့် မရခဲ့ဘူးလို့ လန်ဒန် ဆရာတော် ဦးဥတ္တရက ကြားနာ စစ်ဆေးမှု အပြီးမှာ သတင်းထောက်တွေကို မိန့်ကြား ပါတယ်။

အရင်တစ်ခေါက် ကထက်စာရင် ဒီတခါ ကြားနာမှုမှာ သံဃာ့ အကျိုးဆောင် ရှေ့နေတွေ အပေါ် ဖိအားပေးသလို ခံစားရတယ်လို့လည်း ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

ဒါကြောင့် တရား စီရင်မှု ဘယ်လောက် လွတ်လပ်မယ်ဆိုတာ မပြောနိုင်သေးဘူးလို့လည်း ဆရာတော်က ဆိုပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ မဟာသန္တိသုခ ကျောင်းကို ဇွန်လ ၁၀ ရက်နေ့ ညက သာသနာရေး ဦးစီးဌာန က ဝင်ရောက် ချိတ်ပိတ်ခဲ့ပြီး ကျောင်း မှာ ယာယီ သီတင်းသုံးနေတဲ့ သံဃတော် ၅ ပါးကို သာသနာ အကြည်ညို ပျက်စေမှုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

အများပြည်သူအတွက် စိမ်းလန်းကျယ်ပြန့်တဲ့ နေရာတွေ လိုအပ်နေတဲ့ ရန်ကုန်



ကမ္ဘာအေးဘုရားလမ်းပေါ်က မြကျွန်းသာပန်းခြံ ရှေ့မျက်နှာစာ ကားပါကင်နေရာတွင် မနက်ပိုင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေကြသူများ။ ယုယု/မြန်မာတိုင်း(မ်)

ဗိုလ်တထောင်မြို့နယ်တွင်းက သူ့အိမ်အနီးအနားမှာ တည်ရှိခဲ့ဖူးတဲ့ ဗိုလ်မြတ်ထွန်းပန်းခြံကြီးဟာ
ကွန်ဒိုတိုက်ကြီးအဖြစ် ပြောင်းလဲခံရပြီးတဲ့နောက်မှာ ဦးကိုကိုဟာ ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ
တည်ရှိတဲ့ အတွင်းဝန်များရုံးကြီးကို လှည့်ပတ်ပြီး မနက်တိုင်း လမ်းလျှောက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ပလက်ဖောင်း တွေပေါ်မှာ လမ်းလျှောက်ရတာဟာ ဖြတ်သန်းသွားလာတဲ့ ကားတွေ
ဆီကနေ ထွက်လာတဲ့ ဓာတ်ဆီနံ့နဲ့ အိတ်ဇောအငွေ့ တွေကို အလိုအလျောက် ရှူသွင်းမိတာ
ကြောင့် သူ့လို လမ်းလျှောက်သူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုပြီး
ခံစားခဲ့ရပါတယ်။

"လမ်းပေါ်မှာ လမ်းလျှောက်တော့ မနက် ၇ နာရီလောက်ဆို ကားအသွားအလာရှိလာတော့
ကားတွေကထွက်တဲ့ ဓာတ်ဆီနံ့ကို မခံနိုင်တာနဲ့ ပုံမှန်လမ်းမလျှောက်ဖြစ်တော့ဘူး။
မနက်စောစောထပြီး လမ်းလျှောက်တာကို လက်လျှော့လိုက်ပြီး အိမ်မှာပဲ အိပ်နေလိုက်တော့
တယ်"လို့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရန်ကုန်မြစ်ကို မျက်နှာပြုပြီး တည်ဆောက်ထားတဲ့
အုတ်ခုံလေးတစ်ခုမှာ ထိုင်ရင်း အပန်းဖြေနေတဲ့ ဦးကိုကိုက ပြောပါတယ်။

"လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူငယ်ချင်း တစ်ယောက်ခေါ်တာနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းမှာ
စပြီးလေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ မနက် ၅ နာရီထိုးတာနဲ့ အိမ်ကနေ ဒီကိုလမ်းလျှောက်လာပြီး
လေကောင်းလေသန့်ရှူတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်တယ်။ မြစ်ကို
ဖြတ်တိုက်လာတဲ့ လေကိုရှူရတာ ကျန်းမာရေးအတွက် တော်တော်ကောင်းတယ်"လို့
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ ဦးကိုကိုက ဆက်ပြောပါတယ်။

စိမ်းညို့နေတဲ့ သစ်ပင်တွေ အစီအရီရှိပြီး မြစ်ကနေ သဘာဝလေကောင်းလေသန့်တွေ
တစ်ဟူးဟူးရနေတဲ့ ဗိုလ်တထောင်ဆိပ်ကမ်းဟာ ကိုယ်နေထိုင်ရာ အနီးအနားမှာ လေ့ကျင့်ခန်း
လုပ်စရာ စိမ်းစိုကျယ်ဝန်းတဲ့ နေရာမရှိတဲ့ ဦးကိုကိုအပါအ၀င် မြို့လူထုအတွက် လိုအပ်နေတဲ့
ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးထားသလိုပါပဲ။

ဗိုလ်တထောင်မြို့နယ်နဲ့ အနီးတစ်ဝိုက်မြို့နယ်တွေက ရာချီတဲ့ ကျန်းမာရေးလိုက်စားသူတွေဟာ
မနက် ၅ နာရီ လောက်ကတည်းက ဆိပ်ကမ်းကို ရောက်ရှိလာတာမို့ လမ်းလျှောက်သူ၊ ပြေးသူ၊
ထိုက်ချိ ကစားသူ၊ ကက်ဆက်ဖွင့်ပြီး အေရိုးဗစ်ကသူများနဲ့ စည်ကားလှပါတယ်။

ညနေခင်း ပိုင်းတွေမှာတော့ ခြင်းလုံးခတ်သူ၊ ဘောလုံးကန်သူတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဦးကိုကိုက ဗိုလ်တထောင်မြို့နယ်၊ ၄၇ လမ်းထဲမှာ နေထိုင်တာဖြစ်ပါတယ်။

တိုက်ခန်းများနဲ့ ပြည့်ကျပ်နေတဲ့ ရန်ကုန်မြို့လယ်က လမ်းတစ်လမ်းဖြစ်တာမို့ ကျန်းမာရေးအတွက်
အေးအေးလူလူ လမ်းလျှောက်ဖို့ကောင်းတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး။

ရန်ကုန်ထုံးစံအတိုင်း တိုက်ရှေ့လမ်းမရဲ့ အကျယ်တစ်ဝက်လောက်ကိုလည်း ရပ်ထားတဲ့
ကားတွေက အပိုင်သိမ်းပိုက်ထားကြပါတယ်။

"လမ်းလျှောက်ရတာကို ကြိုက်တယ်။ မနက်ခင်း ဒီမှာ လမ်းလျှောက်ပြီးရင် တစ်နေကုန်
စိတ်လန်းဆန်းနေတယ်"လို့ ဦးကိုကိုက ဆိုလိုက်ပါတယ်။

၂၀၁၀ ပြည့်နှစ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာဂျာနယ်ရဲ့ လေ့လာဖော်ထုတ်မှု
အရ လူတစ်ဦးဟာ တစ်နေ့မှာ အနည်းဆုံး ငါးမိနစ်လောက် စိမ်းလန်းတဲ့ ပြင်ပ၀န်းကျင်မှာ
လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုရင် စိတ်အင်အားနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေးစားမှု
တိုးမြင့်စေတယ်လို့ ရေးသားဖော်ပြထားပါတယ်။

တခြားလေ့လာချက် တွေများစွာကလည်း ကမ္ဘာတစ်ဝန်းက မြို့ တွေမှာ တည်ရှိတဲ့ပန်းခြံတွေကို
ပြည်သူလူထုတွေ အသုံးချနိုင်ပြီး ကျန်းမာရေးအရ တိုးတက်လာဖို့ အားထုတ်လာအောင်
တွန်းအားပေးခဲ့ကြပါတယ်။

သစ်ပင်တွေ အများကြီး ရှိနေသေးတဲ့ ရန်ကုန်မြို့အနေနဲ့လည်း ပြည်သူတွေအတွက် စိမ်းစိုတဲ့
နေရာတွေ ဖန်တီးပေးနိုင်မယ့် ဖြစ်နိုင် ခြေများစွာရှိပါတယ်။

ဒါပေမဲ့ လက်တွေ့ဖြစ်လာဖို့အတွက်တော့ အချိန်များစွာ ယူရဦးမှာဖြစ်ပါတယ်။

တစ်ချိန်တုန်းက ပန်းခြံရှိခဲ့ဖူးတဲ့ နေရာတွေဟာ အိမ်ရာဝင်းတွေအဖြစ် ပြောင်းလဲသွားရသလို
ပြည်သူလူထုအနေနဲ့ ကျယ်ပြန့်တဲ့ အပန်းဖြေရာနေရာရရှိဖို့ ကြိုးစားတဲ့အခါ တစ်ခါတလေမှာတော့
စွန့်စားမှုတွေ ပြုလုပ်ရတတ်ပါတယ်။

အဲဒါတွေကတော့ ပလက်ဖောင်းပေါ်မှာ အပြေးလေ့ကျင့်ရတာမျိုး၊ မီးရထားလမ်းတစ်လျှောက်မှာ
ထိုင်ပြီး လေညင်းခံတာမျိုးနဲ့ လမ်းထဲမှာ ခြင်းလုံး၊ ဘောလုံးကစားရတာမျိုးတွေပဲ ဖြစ်ပါတယ်။

အလားတူပဲ လူအများသွားရောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ကြတဲ့ ဗိုလ်တထောင်
ကမ်းနားဟာလည်း စနစ်တကျ တည်ဆောက်ထားတဲ့ ပန်းဥယျာဉ်လိုတော့ လာရောက်သူတွေကို
ဘေးကင်းလုံခြုံမှု အပြည့် မပေးနိုင်ပါဘူး။

ရန်ကုန်ကနေ တစ်ဖက်ကမ်းကိုကူးတဲ့ ကူးတို့ဆိပ်လည်းဖြစ်တာမို့ တစ်နေ့ခင်းလုံး လူဝင်လူထွက်
ရှုပ်ထွေးသလို အမှိုက်သရိုက်တွေ၊ ကွမ်းတံတွေးကွက် တွေအပြင် ကျင်ငယ်အနံ့အသက်တွေ
ကလည်း လေထဲမှာ ရောနှောပါနေတတ်ပါတယ်။

"ဒီမှာလမ်းလျှောက်တဲ့ သူတွေက ထောင်ချီလောက် ရှိတယ်။ ကွန်တိန်နာကားတွေ
အ၀င်အထွက်လုပ်နေတော့ အန္တရာယ်တော့ ရှိတယ်။ ဖြစ်နိုင်ရင် ၇ နာရီနောက်ပိုင်းမှ
အ၀င်အထွက်လုပ်ရင် ကောင်းမှာပေါ့"လို့ အသက် ၂၀ အရွယ်ကတည်းက ဗိုလ်တထောင်
ဆိပ်ကမ်းမှာ လမ်းလျှောက်လေ့ရှိတဲ့ အသက် ၆၉ နှစ်အရွယ်၊ ဦးသန်းဇော်က ပြောပါတယ်။

လူအများ လာရောက်အပန်းဖြေတဲ့နေရာမှာ အိမ်သာ မရှိတာကလည်း အခက်အခဲဖြစ်စေတယ်လို့
သူက ထောက်ပြပါသေးတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မြို့တော်စည်ပင်က ထိန်းသိမ်းထားတဲ့ ပန်းခြံနဲ့ ကစားကွင်းပါတဲ့
ပန်းဥယျာဉ်ပေါင်း ၅၈ ခုရှိပြီး လက်ရှိ မှာ တချို့ပန်းခြံတွေကတော့ ပန်းခြံအင်္ဂါရပ်နဲ့ မညီညွတ်တာ
ကြောင့် ပြည်သူတွေ အသုံးမပြုနိုင်ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
ပန်းဥယျာဉ်များဌာန၊ မဟာဗန္ဓုလပန်းခြံတာဝန်မှူးဖြစ်တဲ့ ဦးကျော်သိန်းက ပြောပါတယ်။

အဲဒီအသုံးမပြုနိုင်တဲ့ ပန်းခြံတွေထဲမှာ ပန်းဘဲတန်းမြို့နယ်ထဲက ကြက်လျှာစွန်းပန်းခြံလည်း
ပါဝင်ပြီး ကျန်တဲ့ ပန်းခြံတွေကိုတော့ ပြန်လည်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဟာ ၂၀၁၃ - ၁၄ ဘဏ္ဍာရေးနှစ် အတွင်းမှာ
ပန်းခြံတွေနဲ့ ကလေးကစားကွင်း တွေကို အဆင့်တိုးမြှင့်ဖို့အတွက် နှစ်ဘီလျံကျော်အထိ
သုံးစွဲသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာ ရန်ကုန်မြို့မှာရှိတဲ့ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ဥယျာဉ်၊ ပြည်သူ့ရင်ပြင်နဲ့
ကန်တော်မင်ပန်းခြံတို့ကို အဆင့် တိုးမြှင့်ပြုပြင်ခဲ့ပါတယ်။

လက်ရှိမှာ မဟာဗန္ဓုလပန်းခြံကို ၀င်ကြေးအခမဲ့နဲ့ ဖွင့်လှစ်ပေးထား ပြီး ပြည်သူ့ဥယျာဉ်မှာတော့
တစ်ဦးအတွက် ၀င်ကြေးကျပ် ၃၀၀ သတ်မှတ်ထားပါတယ်။

အရင်ကထက် တိုးတက်လှပလာတဲ့ ပန်းခြံ တွေရှိပေမယ့် လျစ်လျူရှုခံထားရတဲ့ ပန်းခြံကြီးတွေ
လည်း ရှိနေပါသေးတယ်။

အချက်အချာကျတဲ့ နေရာမှာတည်ရှိတဲ့ ဆီဒိုးနားဟိုတယ်ရှေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ်က
မြကျွန်းသာပန်းခြံနဲ့ သာကေတမြို့နယ်ထဲမှာ တည်ရှိတဲ့ ရှုခင်းသာကစားကွင်းတွေကတော့
ပန်းခြံအဆင့်ကနေ စားသောက်ဆိုင်တွေနဲ့ ပြည့်နေတဲ့အခြေအနေကို ရောက်ရှိနေတာ
ကာလအတန်ကြာခဲ့ပါပြီ။

သက်တမ်း ၆၀ ကျော်ပြီဖြစ်တဲ့ လွတ်လပ်ရေးကျောက်တိုင်စိုက်ထူထားရာ မဟာဗန္ဓုလပန်းခြံဟာ
အရင်က စည်းရိုးတန်း၊ ပုဏ္ဍရိက်ပင်တွေနဲ့ တောသဖွယ်ဖြစ်နေသလို ပန်းခြံပတ်ပတ်လည်မှာလည်း
ဆိုင်ခန်းတွေ၊ ဈေး ဆိုင်တွေနဲ့ ပြည့်ကျပ်နေရာက အဆင့်မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

ရှားပါးလာတဲ့ စိုပြည် စိမ်းလန်းတဲ့ဝန်းကျင်ကို ပြည်သူတွေ ငတ်မွတ်နေတယ်ဆိုတာကို နေ့စဉ်
ပန်းခြံဆီ လာရောက်အပန်းဖြေကြတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေက သက်သေပြသခဲ့
ပါပြီ။

လက်ရှိမှာ မဟာဗန္ဓုလပန်းခြံတွင်းကို ၀င်ရောက်အပန်းဖြေ၊ လေ့ကျင့်ခန်းလုပ်သူ အရေအတွက်
ဟာ နေ့စဉ် ၃,၀၀၀ မှ ၅,၀၀၀ အတွင်း ရှိတယ်လို့ ဦးကျော်သိန်းက ပြောပြပါတယ်။

"အရင်ကတော့ ပန်းခြံက စည်းရိုးတန်းတွေနဲ့ဆိုတော့ စုံတွဲတွေ မဖွယ်မရာလုပ်စရာ နေရာလို
ဖြစ်နေတယ်။ အခုတော့ ဒါတွေကို ရှင်းလင်းလိုက်ပြီး မြက်ခင်းတွေ ထိန်းသိမ်းတယ်၊ လူကြီးနဲ့
ကလေးတွေအတွက် အားကစားပစ္စည်းတွေ ထည့်ပြီး အဆင့်မြှင့်တင်တယ်။ ၀င်ကြေးကိုလည်း
မကောက်တော့ လူတန်းစားမရွေး လွတ်လွတ်လပ်လပ် အပန်းဖြေလို့ ရလာတယ်"လို့ သူက
ပြောပါတယ်။

Myanmar Times

အခန်းတံခါးမှားခေါက်မိရာမှ စကားများကာ သေနတ်ဖြင့်ပစ်



ဟိုတယ်အခန်းတံခါးကို မှားခေါက် မိရာမှ စကားများရန်ဖြစ်ပြီး အသင့်ပါလာသည့် သေနတ်ဖြင့် ပစ်ခတ်မှု မန္တလေးမြို့ ရွှေဖြူဟို တယ်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၄ ရက် နံနက် ၁ နာရီခန့်က အသက်(၂၅)နှစ်အရွယ် အမျိုးသားသည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက် အတွင်းရှိ ရွှေဖြူဟိုတယ်သို့ တည်းခိုရန်ရောက်ရှိစဉ် အခန်းတံခါး မှား ခေါက်မိရာမှ စကားများရန်ဖြစ်ကာ အခန်းတွင် တည်းခိုသူအမျိုးသားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ထိုသို့ ပစ်ခတ်ပြီးလျှင်ပြီး ချင်းတရားခံအမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်သွားသော်လည်း  နံနက် ၅ နာရီတွင်ပင် ရွှေဖြူဟိုတယ်အနောက်ဘက်ရှိ ဒူးကြားလမ်းတွင် ဖမ်းဆီးရမိကာ ထိန်းသိမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

‘‘ကျူးလွန်သူတွေက လားရှိုး တို့၊ မူဆယ်တို့ဘက်ကဆိုတော့ လက်နက်ကိုင်တာနဲ့ပတ်သက်ပြီး လိုင်စင်ရှိ၊ မရှိစုံစမ်းစစ်ဆေးနေ တယ်။ လိုင်စင်မရှိရင်တော့ လက်နက်ပုဒ်မနဲ့ အရေးယူမှာပေါ့။ အခုလောလောဆယ်တော့ တရားခံကို ဖမ်းဆီးထားတယ်’’ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

သေနတ်ကိုင်ဆောင်သူကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ခုမှဟုတ်၊ မဟုတ် စစ်ဆေးမှုများ ပြုလုပ်နေပြီး လက်နက်ကိုင်အဖွဲ့ များကို သက်ဆိုင်ရာနယ်မြေများ တွင်သာ ကိုင်ဆောင်ခွင့်ပေးထား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကြောင့် အသက် (၂၅)နှစ်အရွယ် အမျိုး သားမှာ ဝဲဘက်နားထင်ကို ရှပ်ထိ ခဲ့ပြီး သတိရလာခြင်းမရှိသေး သည့်အတွက် မန္တလေးအထွေ ထွေ ရောဂါကုဆေးရုံကြီး အရေး ပေါ်ထိခိုက်ကုသဆောင်သို့ တင် ပို့ကုသထားကြောင်း တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိ သည်။

7day daily

အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ပစ်ခတ်နှိမ်နင်းတော့မည်

မန္တလေးမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကွယ်လွန်ခဲ့သူနှစ်ဦးအနက် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်ပေးသော ဒေသခံများကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)



မန္တလေးမြို့၏ တည် ငြိမ်အေးချမ်းမှုနှင့် အများပြည်သူ လုံခြုံရေးကို ထိခိုက်စေသော အုပ်စုဖွဲ့အကြမ်းဖက်မှုများရှိလာ ပါက ပစ်ခတ်နှိမ်နင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့၌ ဇူလိုင် ၄ ရက် ညအချိန်များတွင် အုပ်စုဖွဲ့အကြမ်း ဖက်တိုက်ခိုက်မည်ဟူသော ကော လာဟလများ ကျယ်ပြန့်စွာ ထွက် ပေါ်နေပြီး မြို့တည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော် တပ်ရင်း များ လုံခြုံရေးရယူနေသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များဖြင့်သာ လုံခြုံရေးဆောင်ရွက်နေ ဆဲဖြစ်ပြီး စစ်တပ်အကူအညီရယူ ထားခြင်းမရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

‘‘အခုလက်ရှိအခြေအနေအရ ရဲတပ်ဖွဲ့အင်အားနဲ့ နှိမ်နင်းနေ တယ်။ ဒီတစ်ခါတော့ ပြောမရ ရင်ပစ်မှာပဲ။ ကျွန်တော်တို့ဘက် က ဖြေလျှော့တဲ့စနစ်က ကုန် သွားပြီ။ အဓိကရုဏ်းအတွက် သတ်မှတ်ထားတဲ့ လက်နက်တွေကို သုံးမှာဖြစ်ပါတယ်’’ဟု ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ဇူလိုင် ၄ ရက် နေ့လယ်၌ 7 Day အား ပြောကြားသည်။

မန္တလေးမြို့၏ အဓိကကျ သည့် နေရာသုံးဆယ်တွင် ရဲတပ် ဖွဲ့ဝင်များ လုံခြုံရေးချထားပြီး   လှည့်ကင်းများလှည့်လည်နေကာအခြားတိုင်းဒေသကြီးနှင့် ပြည် နယ်များမှ ရဲတပ်ဖွဲ့အင်အား ထပ်မံခေါ်ယူထားရခြင်းမျိုးမရှိသေးဟု ၎င်းကဆိုသည်။

‘‘အင်အားတွေ ခေါ်ဖို့က တော့ မရှိသေးဘူး။ စစ်တပ်ကို လည်း အကူအညီခေါ်စရာမလို သေးဘူး။ လက်ရှိအင်အားက မန္တ လေးခရိုင်တစ်ခုလုံးမှာ အင် အား ၁၅၀၀ လောက်တော့ရှိတယ်။ လမ်းပေါ်မှာ အင်အားငါးရာ လောက်ရှိတယ်။ တခြားရဲတပ်ဖွဲ့ အင်အားကလည်း ငါးရာလောက် ရှိတယ်’’ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

အမှန်တကယ်လိုအပ်၍ စစ် တပ်အကူအညီတောင်းခံမည်ဆို လျှင် တိုင်းဒေသကြီးဝန်ကြီးချုပ် အား တင်ပြရမည်ဖြစ်ပြီး ၀န်ကြီး ချုပ်က လိုအပ်သလို စီမံမည်ဟု ဆိုသည်။ ဇူလိုင် ၃ ရက် တွင် ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် မြို့အခြေအနေမှာ အနည်းငယ်တည်ငြိမ်မှုရှိလာသည်ဟုယူဆခဲ့ကြသော်လည်း ဇူလိုင်၎ ရက် ညနေတွင်မူ အကြမ်းဖက်မည့် ကောလာဟလများ ဆက်တိုက်ပျံ့နှံ့လာသည်။

အကြမ်းဖက်သူများ၏ အုပ်စုဖွဲ့ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သောကိုထွန်းထွန်း၏ နာရေးအား ကျူံးတစ်ပတ်ပတ်ကာ လူအင်အား ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပြီးနောက် မြို့ခံအများစုက ၎င်းတို့၏ လုံခြုံရေးကို အထူးစိုးရိမ်ပူပန်လျက်ရှိသည်။

နာရေး ပို့ဆောင်ရာတွင် လိုက်ပါလာသူအချို့သည် လူမျိုး ရေးဘာသာရေးပဋိပက္ခကို ပိုမို ဆိုးရွားစေနိုင်သည့် သာမန်ထက် ပိုသည့်လှုံ့ဆော်မှုများရှိခဲ့သည် ဟု မြို့ခံအချို့ကပြောသည်။ ယခင်က ပဋိပက္ခနှင့်ပတ်သက်၍ သာမန်ကိစ္စတစ်ခုသဖွယ် ကြောက်ရွံ့ခြင်းမရှိသော်လည်း နာရေးပို့ဆောင်မှုကို ကြည့်ရှုပြီးနောက် ကြောက်စိတ်ဝင်လာမိကြောင်း မန္တလေးမြို့ခံအမျိုးသမီးငယ်တစ်ဦးကပြောသည်။

ရာချီသော ကား၊ဆိုက်ကယ် များနှင့်ထောင်ချီသော လူအုပ် ကြီးများထဲမှ အရက်သေစာ သောက်စားထားသော လူငယ်များလည်းပါသည်။

နာရေးယာဉ်တန်းနှင့်အတူ လိုက်ပါလာသည့် လူငယ်အချို့ က ကျုံးအနောက်ဘက်ခြမ်းလမ်း ၈၀နှင့် ၂၁လမ်းထောင့်အရောက် တွင် နာရေးယာဉ်တန်းကိုလာရောက် ကြည့်ရှုနေသည့် အစ္စလာမ်ဘာသာဝင်ဟု ယူဆသည့်လူငယ်နှစ်ဦးကို ရန်ပြုခဲ့သည်။

လူငယ်နှစ်ဦးမှာ လွတ် မြောက်သွားသော်လည်း ၎င်းတို့ကို ခဲဖြင့်ပစ်ပေါက်မှုကြောင့် အနီးအနားရှိ ရပ်ထားသောမော်တော်ကားနှစ်စီးပျက်စီးသွားခဲ့သည်။

နာရေးပို့ဆောင်သည် လူ အုပ်စုတွင် လူငယ်အချို့မှာ တုတ်များကိုင်ဆောင်ထားပြီး  အင်္ကျီချွတ်၍ မျက်နှာကိုအင်္ကျီဖြင့် ပတ်စီးထားကြသည်။

အခြားလူငယ်များမှာလည်း တုတ်များ ခိုးဝှက်သယ်ဆောင်လာသည်ကိုတွေ့ရသည်။ လူငယ်အများစုက ကမ္ဘာမကျေ သီချင်းသီဆိုပြီး မြန်မာမှန်လျှင် လက်ခုပ်တီးရန်ပြောသည်။

နာရေးယာဉ်တန်းအေးရိပ် ငြိမ်သုသာန်သို့ ရောက်ရှိပြီး နောက်တွင် ကြာနီကန်ရှိ အစ္စ လာမ်သုသာန်မီးရှို့မှုတစ်ခုဖြစ်ခဲ့ သည်။ အသေးစိတ်အချက်များ ကို ထုတ်ပြန်ပေးခြင်းမရှိသော်လည်း မီးလောင်မှုဖြစ်စဉ်မှန်ကန်သည် ဟု မီးသတ်တပ်ဖွဲ့မှ အတည်ပြု သည်။

နာရေးပို့ဆောင်ပြီး ပြန်လာ သော မော်တော်ယာဉ်နှင့် လူများ သည့် ရန်ကင်းတောင်ခြေ ရွှေ ကြေးစည်လူမှုကူညီရေးအသင်း သို့ ပြန်လည်ရောက်ရှိပြီးနောက် ၎င်းနေရာနှင့် အနီးအနားတွင်ရှိ သည့် ရွာသစ်ဗလီကိုဖျက်ဆီးခဲ့ သည်ဟု အစ္စလာမ်ဘာသာဝင်အ ချို့က စွပ်စွဲပြောကြားသည်။

သို့သော်အတည်တကျပြော ဆိုနိုင်သူမရှိခဲ့ပေ။ ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုချက်မရခဲ့ချေ။

ထို့အပြင်ချမ်းအေးသာစံမြို့ နယ်၊ ၈၁×၈၂ ကြား၊ ၂၇×၂၈ လမ်းကြားရှိ ဂျွန်းဗလ်ဗလီအတွင်း လက်နက်များ ထားရှိသည့်အ တွက် ဗလီဆရာအပါအ၀င် လူ ငါးဦးကို ဇူလိုင် ၄ ရက်က ထပ်မံ အရေးယူခဲ့ပြီး အဓိကရုဏ်းများ တွင် ပါဝင်သည်ဟု သံသယရှိသူ လူကိုးဦးကို ဖမ်းဆီးအရေးယူထား ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

ဗလီအတွင်းမှ ဓားရှည် ကိုး ချောင်း၊ ဓားမြှောင် လေးချောင်း၊ လှံ ဆယ်ချောင်း၊ လေးခွ ၂၀၊ တုတ် ၁၀ ချောင်းတွေ့ရှိရသည် ဟုဆိုသည်။ ၎င်းတုတ်၊ ဓားလက် နက်များအပြင် ဗလီဆရာအပါအ ၀င် အသက် (၃၀)ကျော် အ ရွယ် အမျိုးသားလေးဦးနှင့် အ သက် (၁၇) နှစ်အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း ငါးဦးတို့ကို တွေ့ရှိရပြီး ၎င်းတို့အား လက်နက် မှု၊ ရဲအက်ဥပဒေမှုတို့ဖြင့် အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်နေ သည်ဟု တိုင်းရဲတပ်ဖွဲ့တာဝန်ရှိ သူကပြောသည်။

ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုအချို့နှင့် ကောလာဟလများ ကြောင့်ဇူလိုင် ၄ရက်ညနေတွင် ပုသိမ်ကြီးမြို့နယ်၌ပါ ပုဒ်မ ၁၄၄ထုတ်ပြန်လိုက်သည်။

မန္တလေးမြို့ဧရိယာအဖြစ် သတ်မှတ်သော ခြောက်မြို့နယ် တွင် ဇူလိုင်၃ရက်ကတည်းက ည၉နာရီမှ နံနက် ၅နာရီအတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ထုတ် ပြန်ခဲ့ပြီး တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် ယနေ့တွင် ပုသိမ်ကြီးမြို့နယ်ကို ပါ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးဦး ၀င်းဇော်နိုင်ကပြောသည်။

ပဋိပက္ခများကြောင့် မန္တလေး မြို့သို့ သွားရောက်မည့် စင်ကာပူ နိုင်ငံသားများအတွက်လည်း  စင် ကာပူအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၄ရက် ညနေတွင်  မန္တလေးမြို့၌ ကောလာဟလပျံ့ နှံ့နေခဲ့သည်။ အခြေခံပညာ ကျောင်းများရှေ့တွင် ကလေးငယ် များ၏ လုံခြုံရေးစိုးရိမ်သဖြင့် ကျောင်းမဆင်းမီကတည်းက မိဘ များမှာ ကြိုတင်ရောက်ရှိနေကြ သည်။ ဈေးများ၊ ဈေးဆိုင်များ သာမန်ထက် အချိန်စောပိတ်သိမ်း သွားကြသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လုံခြုံရေးအတွက်အ ထူးစိုးရိမ်မိသည်ဟု အစ္စလာမ် ဘာသာဝင်များကပြောသည်။ ဥ ပုသ်နေ့ဖြစ်၍ ဈေးချိုတော်ပိတ် ထားရာ ဈေးချိုအနီးတစ်ဝိုက်ဒေ သများသည် တိတ်ဆိတ်ခြောက် ကပ်နေသည်။ ညနေ ၅နာရီ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က လုံခြုံရေးထပ်မံတိုးမြှင့်ခဲ့သည်။ မြို့ခံအ များစုကညအချိန်အကြမ်းဖက် ဖျက်ဆီးမှုများ၊ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်။  ည၈နာရီခန့်တွင် မြို့တွင်း၌ လူသွားလူလာ ကင်းမဲ့နေသည်။

7day daily

မန္တလေးတွင် အဓိကရုဏ်းများရပ်တန့်ရေး ဂရပ်ဖစ်တီရေးဆွဲ


အဓိကရုဏ်းများ ရပ်တန့်ရန် ဂရပ်ဖစ်တီ ရေးဆွဲနေကြစဉ် (ဓာတ်ပုံ - အေးမွန်ရာပြည့် )


မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေသည့် ဖြစ်ရပ်များ အမြန်ဆုံးရပ်တန့်စေရေး ရည်ရွယ်၍ မြို့တွင်းရှိနံရံအလွတ်အချို့တွင် ‘အဓိကရုဏ်းများရပ်’ စာသားနှင့် ဘာသာမတူသည့် လက်နှစ်စုံလက်ဆွဲနေသည့် ဂရပ်ဖစ်တီပန်းချီများကို လူငယ်တစ်ဦးက လိုက်လံရေးဆွဲနေသည်။


အောင်မြေသာစံမြို့နယ်၊ ၇၈ လမ်းနှင့် ၇၉ လမ်းအကြား၊ ၂၆ လမ်းနှင့် ၂၇ လမ်းအကြား မီးရထားသံလမ်းဘေးရှိ အုတ်နံရံ တွင် မြန်မာနိုင်ငံအလံရေးဆွဲထား သည့်လက်တစ်စုံနှင့် အစ္စလာမ် ဘာသာအထိမ်းအမှတ်သဏ္ဌာန် ရေးဆွဲထားသည့်လက်တစ်စုံ အချင်းချင်းချိတ်ပြီး ငြိမ်းချမ်းရေး ရယူနေဟန်ရေးဆွဲထားပြီး ပုံနံဘေးတွင် 'stop riot' အဓိကရုဏ်းကိုရပ်ပါဟုအဓိပ္ပာယ်ရှိသောစာ သား ရေးထိုးထားသည်။

‘‘အခုဖြစ်နေတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ဒီထက်ကောင်းတဲ့ အိုင်ဒီယာတွေနဲ့ နေရာအခွင့် အရေးရရင်ရသလို ထပ်ဆွဲသွားဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ဒီလို ဆွဲဖို့ တရားဝင်ခွင့်ပြုထားတာမရှိ ဘူး။ ညမထွက်ရအမိန့်ကလည်း ထုတ်ထားတော့ လစ်ရင်လစ် သလိုဆွဲနေရတယ်’’ဟု ယင်း သရုပ်ဖော်ပုံရေးဆွဲသူ ကိုလင်းပင်ဇော်ကပြောသည်။

ယခုဖြစ်နေသည့် အဓိက ရုဏ်းများအမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းမှုကို ဦးတည်စေသည့် ယင်းကဲ့သို့ပုံဖော်မှုများအား မန္တ လေးမြို့တွင်းလူစည်ကားရာ နေရာများတွင် အခွင့်အရေးရလျှင်ရ သလို ဆက်လက်ရေးဆွဲသွားမည်ဖြစ်ကြောင်း ယခုသရုပ်ဖော်ပုံကို  မိနစ်နှစ်ဆယ်ကျော်အတွင်း အပြီးရေးဆွဲခဲ့ရကြောင်း ၎င်းကထည့် သွင်းပြောသည်။

7day daily

ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်လအတွင်း မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွား



မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ်ဝက်ခြောက်လအတွင်း ဖြစ်ခဲ့သည့် မှုခင်းအရေအတွက်အ
ရ ရန်ကုန်တိုင်းဒေသကြီးသည်ယ ခင်နှစ်ကာလများနည်းတူ မုဒိမ်းမှု နှင့် လူသတ်မှုအများ
ဆုံးဖြစ်ပွား လျက်ရှိသည်။

ဇန်န၀ါရီမှ ဇွန်လအတွင်း လူသတ်မှုပေါင်း ၆၅၀ကျော်နှင့်မု ဒိမ်းမှုပေါင်း ၃၈၀ကျော်ဖြစ်ပွားပြီး ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


အဓိက မှုခင်းငါးမျိုးဖြစ် သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ရိုးရိုးနာကျင်စေမှုနှင့် ယာဉ်တိုက် မှုပေါင်း ၂၅၀၀ကျော်လစဉ်ဖြစ် ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီး တွင် လူသတ်မှုပေါင်း ၉၇မှုနှင့် မု ဒိမ်းမှုပေါင်း ၇၀ဖြစ်ပွားခဲ့ကာကျန် ဒေသများထက် အများဆုံးကျူး လွန်ခဲ့ခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှုကျူးလွန်ခဲ့ကြရာ၌ အ မျိုးသားချင်းလမ်းသွားရင်း ပခုံး ချင်းမတော်တဆတိုက်မိခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ရာမှ လူသတ်မိခြင်း၊ လင် မယားချင်းစကားများရာမှ သတ် မိခြင်းစသည့်ဒေါသအလျောက် သတ်မိခဲ့သည့်မှုခင်းများဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

ယခုနှစ် ဧပြီနှင့် မေလအ တွင်း ရန်ကုန်-မန္တလေးအမြန် လမ်းတစ်လျှောက် ယာဉ်တိမ်း မှောက်မှုနှင့်ယာဉ်မီးလောင်မှုများ ဖြစ်ခဲ့၍ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုများကြောင့် ခြောက် လအတွင်း သေဆုံးနှုန်းမြင့်တက်ခဲ့သည်။

7 Day News Daily

အမျိုးသမီးလေးဦး ခန္ဓာကိုယ်တွင်စာများရေး၍ တရုတ်အစိုးရအား ကိုယ်တုံးလုံးချွတ်ဆန္ဒပြ


တရုတ်နိုင်ငံ ဘေဂျင်းမြို့ကအမေရိကန်သံရုံးရှေ့မှာ တရုတ်အမျိုးသမီးလေးဦးဟာ အုပ်စုလိုက် ကိုယ်တုံးချွတ် ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ ဒီလိုဆန္ဒပြရတဲ့အဓိက အကြောင်းရင်းက အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို မခံနိုင်တော့လို့ဖြစ်ပြီး တစ်ဦးခြင်းဆီမှာလည်း ဒီ့ထက်ပိုတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်။

ဒီအကြောင်းရင်းကို သိချင်တယ်ဆိုရင်တော့ ကိုယ်တုံးချွတ်ထားတဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေကို အားစိုက်ကြည့်ဖို့ လိုအပ်တယ်။
ခန္ဓာကိုယ်တွေပေါ်မှာ စာတွေရေးပြီး သူတို့ကဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

“အကျင့်ပျက်ချစားတဲ့ အရာရှိတွေကို ထုတ်ပစ်“၊ ”အကျင့်ပျက်ခြစားမှု ကျဆုံးပါစေ” အစရှိတဲ့ စာသားတွေ အပါအဝင်  “ကျွန်မသမီး Guo Hailing ဟာ အစိုးရကိုခြိမ်းခြောက်စာပို့တယ် ဆိုတဲ့အမှုနဲ့ အကွက်ဆင်ပြီး အကျင့်ပျက်အရာရှိတွေက ဖမ်းဆီထားပါတယ်” ဆိုတဲ့စာတွေကိုလည်း ရေးသား ဆန္ဒပြခဲ့ကြပါတယ်။

ဒီ့အပြင် “ကျွန်မသား မဟုတ်တာလုပ်ခံရပါတယ်။ မမျှတဘူးထင်လို့ အသနားခံစာတင်ခဲ့တာနဲ့ သူ့ကိုထောင်ဒဏ် ၁၈ နှစ်ချလိုက်တယ်။ ဝန်ခံချက်ပြောဖို့ နှိပ်စက်ကြတာ သူ မသန်စွမ်း ဖြစ်ခဲ့ရတယ်” ဆိုတဲ့ စာသားတွေလည်း ပါဝင်ပါတယ်။

ဒီဆန္ဒပြသူ မိန်းမတွေရဲ့အသက်ဟာ ၆၅၊၆၆၊၆၈၊၇၃ ဆိုတဲ့ အသက်ကြီးပိုင်းအရွယ်တွေဖြစ်ပြီး Henan ပြည်နယ်ကလာတဲ့ ဒီထဲက နှစ်ယောက်ကို ရဲများက အတင်းဓမ္မခေါ်သွားခဲ့တယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီအဘွားအိုအဖွဲ့ဟာ မေလ ၂၅ ရက်နေ့တုန်းကလည်း တီယန်မင်ရင်ပြင်မှာ ကိုယ်တုံးချွတ်ဆန္ဒပြနေတာကြောင့် ရဲများက ဖမ်းဆီးခဲ့ပါသေးတယ်။


credit: phothutaw

မန္တလေး ဆူပူမှုမှာ အမည်မသိ အင်အားစုတွေ ပါဝင်နေ


ဇူလိုင်လ ၂ရက်နေ့ည မန္တလေးလုံခြုံရေးအခြေအနေ။

မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူပူအကြမ်းဖက် မှုတွေကြောင့် သေဆုံး ခဲ့ရသူရဲ့ နာရေးကို သောကြာနေ့ ကပြုလုပ်ခဲ့ရာမှာ တုတ်တွေ ကိုင်ထားတဲ့ လူအုပ်တချို့ဟာ အသုဘချရာ လမ်းတလျောက် အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒီလူအုပ်တွေဟာ ဘယ်သူ၊ ဘယ်ဝါတွေမှန်းမသိ အုပ်စုဖွဲ့ တုတ်၊ ဓါးတွေကိုင် အော်ဟစ် အကြမ်းဖက် ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဇူလိုင် ၁ ရက် ညက သေဆုံးခဲ့တဲ့ ကိုထွန်းထွန်းရဲ့နာရေးကို ပို့ဆောင်တဲ့ ယာဉ်တန်းဟာ မန္တလေးကျုံးကို ပတ်တဲ့အချိန်မှာ အကြမ်းဖက်မှု စတင်ခဲ့ တာဖြစ်တယ်လို့ မြို့ခံသတင်းသမားတဦးဖြစ်တဲ့ ကိုစန်းယုကျော် က ဗွီအိုအေကို ပြောပါတယ်။

"လူက လိုက်ပို့တဲ့သူက ထောင်ချီရှိတယ်။ ၂၀၊ ၂၁ ကြား ကျုံးပတ်ပြီးတော့ တစ်ပတ်ပတ်တဲ့အခါကျတော့ ၂၀၊ ၂၁ ကြား လမ်း ၈၀မှာ အဲ့ဒီ့နားမှာ ပဋိပက္ခ နည်းနည်းဖြစ်တယ်။ ကျနော်တို့ကြားတာကတော့ အဲ့ဒီ့မှာ သွားနေတဲ့ နာရေးလိုက်ပို့တဲ့သူတွေထဲက ခဲနဲ့ထုတယ်ဆိုပြီး အဲ့ဒီ့မှာ ပြဿနာတက်တယ်။ ဆိုင်ကယ်တစ်စီး၊ ရိုက်ဖျက်ခံရတယ်။

အဲ့ကနေ ဆက်သွားတယ်။ ဆက်သွားတဲ့အခါမှ ကြာနီကန်မှာ အစ္စလာမ်ရယ် မြန်မာရယ် သုံးခုရှိတဲ့အထဲမှာ အစ္စလာမ်သုဿန်ကို မီးရှို့ဖို့ ကြိုးစားတယ်လို့ပြောတယ်ဗျ။"

အကြမ်းဖက်ဖို့ကြိုးစားတဲ့ လူအုပ်တွေဟာ ကြာနီကန်သုသာန်က ဘာသာပေါင်းစုံ အတွက် သတ်မှတ်ထားတဲ့ နေရာတွေထဲက အစ္စလာမ်ဘာသာဝင်တွေအတွက် သတ်မှတ်ထားတဲ့ ဝင်းအတွင်း ဇရပ်ကို မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေ ကပြောပါတယ်။

ရာဂဏန်းရှိတဲ့ အကြမ်းဖက်လူအုပ်တွေဟာ ဆိုင်ကယ်တွေစီးနင်းပြီး တုတ်တွေ ကိုင်ဆောင်ထားကြတယ်လို့လည်း ဆိုပါတယ်။ ဒီလူအုပ်တွေရဲ့ လှုပ်ရှားပုံ ကိုမြင်တွေ့ရတဲ့သူတဦး ကလည်း ဗွီအိုအေကိုအခုလိုပြောပြပါတယ်။


"ကြားထဲမှာ ပြဿနာဖြစ်နေတာက ဘာလဲဆိုတော့ ဗမာက ကုလားကို ရိုက်တာလည်းမဟုတ်ဘူး။ ကုလားက ဗမာကို ရိုက်တာလည်း မဟုတ်ဘူး။ ဘယ်ကမှန်းမသိတဲ့ လူအုပ်က ဗမာရော ကုလားရော ခရစ်ယာန်ရော တရုတ်ရော ဘယ်သူမှမချန်ဘူး။ ကြုံတဲ့သူကို ရိုက်သွားတာ၊ ကြုံတဲ့နေရာကို ဖျက်ဆီးသွားတာဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ တစုတစီးတည်း တပုံစံတည်းပဲ။ ပုံစံတူတွေချည်းပဲ။ နောက်ပြီးတော့ ဘုန်းကြီးလို့ အလွယ်တကူ ပြောလို့ရအောင် အားလုံး ကတုံးဆံတောက်ကေတွေ အကုန် ပုံစံကေတွေ တပုံစံတည်း ညှပ်ထားတယ်။ မသေချာတဲ့ သတင်းရင်းမြစ်တွေက လာတဲ့ပုံစံဆို အဲ့ဒီ့လူတွေ အကုန်လုံးက စနစ်တကျ လေ့ကျင့်ပေးထားတဲ့ အဖွဲ့အစည်းတွေကနေ တိုက်ရိုက်လွှတ်လိုက်တဲ့ အင်အားစုကြီးလို့ပြောလို့ရတယ်။"

မန္တလေးမြို့က အကြမ်းဖက်မှုတွေကို စောင့်ကြည့်သတင်းယူနေတဲ့ ကိုစန်းယုကျော် ကလည်း အမည်မသိ လူအုပ်တွေကနေ အကြမ်းဖက်မှုတွေ တမင် တကာဆောင်ရွက်နေ တဲ့ သဘောမျိုးဖြစ်နေတယ်လို့ပြောပါတယ်။

"အဲ့လိုမျိုးဖြစ်လိမ့်မယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကရော၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကရော ယူဆထားတယ်။ ကျနော်တို့သတင်းသမားတွေက ဖြစ်စဉ်မှာ တညလုံး အစအဆုံးရှိတဲ့အခါမှာ သာမာန် ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပဲနဲ့ တစုံတယောက် ဒါမှမဟုတ်ရင် အဖွဲ့အစည်းတခုရဲ့ လှုံ့ရှားမှုတွေ၊ လှုံ့ဆော်မှုတွေလို့ ကျနော်တို့လည်း ခံစားရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်စဉ်တွေမှာ ဟိုနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး၊ ဒီနားမှာ ဘာဖြစ်နေပြီ။ လာခဲ့ပါဦး။ ပြောနေတဲ့သူတွေက ဒီလိုလူတွေချည်းပဲ။ ဒီလို လူတွေချည်းပဲ ဖြစ်နေတယ်။ တကယ်တမ်း ကျတော့ အဲ့လိုနေရာတွေမှာ တကယ်တမ်း ကျတော့ မရှိဘူး။ သာမာန် မြို့မှာ ဗမာနဲ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်နဲ့ မုန်းတီးလို့ဖြစ်တဲ့ကိစ္စ မဟုတ်ဘဲနဲ့ တခြားတနေရာကနေ မန္တလေးမှာ လာပြီးတော့ တခုခုဖြစ်အောင် လှုံ့ဆော်တယ်လို့ ကျနော်တို့လည်း ယူဆတယ်။"
့ 
မန္တလေးမြို့က အကြမ်းဖက် ကျူးလွန်သူတချို့ကိုတော့ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဗွီအိုအေကို  ရဲဘက်က အတည်ပြုပြောပါတယ်။  ကြာသာပတေးနေ့က မန္တလေးကျုံးဘေးမှာ သင်္ဃန်းကို လက်နဲ့ပိုက် ကတုံး ဆံပင်နဲ့ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ သူတစ်ယောက် လမ်းလျှောက်နေတာကို တွေ့လိုက်ရတဲ့ သတင်းထောက်တဦးရဲ့ သတင်းပို့ချက်ကြောင့် အမှတ် (၂)ရဲစခန်းကနေ အဲဒီသူကို ဖမ်းဆီးခဲ့တယ်လို့ အမှတ် (၄) ရဲစခန်းက တာဝန်ရှိရဲတဦးက ဗွီအိုအေကိုပြောပါတယ်။


"အမှတ်(၂)က အမှတ်(၂)က ဖမ်းတာ၊ ကျနော်တို့အမှတ်(၄)က မဟုတ်ဘူး။"

မေး။   ။ လူအုပ်တွေနဲ့ တုတ်တွေကိုင်သွားလာနေတဲ့သူတွေကိုရော ဖမ်းတာဆီးတာမျိုးတွေ ရှိပြီးလားရှင့်။

"ရှိပါတယ်။ အဲ့တာမျိုးတွေရှိပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ အကုန်ဖမ်းတယ်။"

မေး။   ။ ဟုတ်ကဲ့။ ဘယ်ရဲစခန်းတွေက အဲ့လို ဖမ်းတာဆီးတာတွေ လုပ်ခဲ့လဲရှင့်။

"အဲ့တာတော့ မြို့ထဲပိုင်းရောက်သွားပြီ။ မန္တလေးမြို့မှာက ခရိုင်နဲ့မြို့နယ်ရှိတယ်လေ။ မြို့နယ်မှာ သူတို့ရဲ့ လှုပ်ရှားမှုက တနေရာမှာဖြစ်နေမှာပဲ။ ပုသိမ်ကြီးထဲမှာဖြစ်မယ်။ ချမ်းမြသာစည်မှာ သွားဖြစ်ရင် ဖြစ်မယ်။ ဒါမျိုးတွေပေါ့။ ကျနော်တို့မြို့နယ်မှာတော့ အဲ့တာမျိုးမတွေ့ဘူး။ ဒီ့ပြင်မြို့နယ်က ဖြစ်မယ်။"

မန္တလေးမှာ အင်္ဂါနေ့ညက စတင်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ လောလောဆယ်မှာ မြို့နယ် ခြောက်မြို့နယ် အပါအ၀င် ပုသိမ်ကြီးမြို့နယ်မှာပါ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ နဲ့ လူ (၅)ဦးထက် ပိုမစုရဆိုတဲ့ အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

VOA

မိုးရေစိုနေသည့် တီဗွီအင်တာနာတိုင်အား လှည့်၍ချိန်သူ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဇူလိုင် ၎

၃.၇.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် တွံတေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တွံတေးပြည်သူ့ဆေးရုံသို့ အမျိုးသားတစ်ဦးဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက်ရှိ
နေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ တွံတေးမြို့နယ်
နေ ဖိုးထွား(ခ)ထွန်းအောင် (၂၄)နှစ်ဖြစ်ပြီး ၎င်း၌ ရင်ဘတ် မီးလောင်ဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၃၃၀ အချိန်ခန့်က ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌
တီဗွီကြည်နေစဉ် နေအိမ်ခေါင်းရင်းရှိ မိုးရေများစိုနေသည့်တီဗီအင်တာနာတိုင်အား
လက်ဖြင့်ကိုင်ကာလှည့်ချိန်ရာမှ ဓါတ်လိုက်ခံရကာ လဲကျခဲ့သဖြင့် ဆေးရုံသို့
ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တွံတေးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၁၆/၂၀၁၄)ဖြင့် ရေဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လှချင်လွန်းလို့ ရင်သားနဲ့ တင်ပါးတို့ကို ကြီးသထက်ကြီးအောင် ပြုလုပ်သွားမယ်ဆိုတဲ့ ၄၆ နှစ်အရွယ် ကလေး ၆ ယောက်အမေ



အေသင်အောင်
အမေရိကန်ပြည်ထောင်စု မီယာမီမှာ နေထိုင်တဲ့ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အလှအပ အတွက် ခွဲစိပ် ကုသမှု ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ လာစီအမည်ရ ဒီအမျိုးသမီးဟာ ကလေးခြောက်ဦး မိခင်ဖြစ်ပြီး ဘ၀တစ်လျှောက်လုံး ခွဲစိပ်ကုသမှု (၃၆) ကြိမ် ပြု လုပ်ခဲ့ပါတယ်။ လာစီဟာ အရုပ်လေးလို အမြဲတမ်း လှပလိုတာမို့ ခွဲစိပ်မှုတွေ အမြဲတမ်း ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ ကြီးမားတဲ့ ရင်သား၊ သေးသွယ်တဲ့ခါး ဖြစ်စေဖို့ မကြာခဏ ခွဲစိပ်ခဲ့သလို နှာခေါင်းနဲ့ မျက်လုံးကိုလည်း ထပ်မံ ခွဲစိပ်သွားဖို့ စီစဉ်ထားပါတယ်။ လာစီဟာ ခွဲစိပ်မှု အများဆုံးပြုလုပ်တဲ့ အမျိုးသမီး တွေထဲမှာတစ်ဦး အပါအ၀င်ဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းကြောင့် ပြီး ပြည့်စုံတဲ့ အလှကို ရရှိစေတယ်လို့ ယူဆထားပါတယ်။ လာစီက ကျွန်မအရုပ်လေးလို ဖြစ် ချင်ပါတယ်။ ကျွန်မဟာ ခွဲစိပ်မှုအများဆုံး ပြုလုပ်တဲ့အထဲမှာ ပါဝင်တယ်ဆိုတာ သိထားပါတယ်။ ကျွန်မရဲ့ရင်သားနဲ့ တင်ပါးတို့ကို ကြီးသထက်ကြီးအောင် ပြုလုပ်သွားဦးမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ လုပ်ဆောင်မှုတွေက မပြီးပြတ်သေးပါဘူး လို့ ပြောသွားခဲ့ပါတယ်။ လာစီရဲ့ ရင်သားအလေးချိန်တစ်ခုတည်းက (၂၁)ပေါင် အထိရှိတာမို့ အိပ်တဲ့ အခါမှာ ဖက်ခေါင်းအုံးကို ရင်သားထဲမှာ ထည့်နိုင်တဲ့အပြင် ဟင်းချက်ခြင်း၊ ကားမောင်းခြင်းတို့ ပြုလုပ်ရာမှာလည်း ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို ခွဲစိပ်မှုကြောင့် ပေါင်သိန်းနဲ့ချီ ကုန်ကျခဲ့ပေမယ့် လာစီကတော့ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်ဖြစ်ဖို့ ခွဲစိပ်မှုတွေ ဆက်လက်ပြုလုပ်သွားဦးမယ်လို့ ဆိုခဲ့ပါတယ်။

The Messenger

အစိုးရတာဝန်ရှိသူများ အနေဖြင့် Facebook.com ၀က်ဆိုက်ကို ပိတ်ထား


မန္တလေးမြို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သောအချိန်တွင် လူမှုကွန်ယက်နှင့် အွန်ုလိုင်းမီဒီယာများမှစတင် ဖြစ်ပွားသည်ဟု ယူဆရသောကြောင့် အစိုးရတာဝန်ရှိသူများက facebook.com လူမှုကွန်ယက်ကို အသုံးပြုခွင့်မရဖို့အတွက် ပိတ်ပင်လိုက်ပြီဖြစ်သည်။

ယနေ့ပိတ်ခြင်းမှာ ဒုတိယမြောက်နေ့အဖြစ် ပိတ်ခြင်းဖြစ်ပြီး ယမန်နေ့ညကလည်း ၈ နာရီကျော် ၉ နာရီလောက်မှ စတင်ကာ အသုံးပြုမှုမရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ပိတ်လိုက်ချိန်မှာ ၇ နာရီခန့်အချိန်မှစတင်ပိတ်လိုက်ခြင်းဖြစ်ပြိး နည်းပညာတက်ကျွမ်းသူများနှင့် တစ်ချို့သူများကတော့ နည်းပညာအရ ကျော်လွှာကာ အသုံးပြုနိုင်ကြကြောင်း သိရသည်။

ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းသည် ကွန်ပျူတာများနှင့် အသုံးပြုသည့် စက်များတွင်သာမက မိုဘိုင်းဖုန်းများနှင့် အသုံးပြုသည့်ဖုန်းများ ၊ တက်ဘလက်များနှင့် အခြားသော အင်တာနက်အသုံးပြုနိုင်သည့် ပစ္စည်းများအားလုံးတွင် အသုံးပြုခွင့်မရတော့ခြင်းဖြစ်ကြောင်း အသုံးပြုသူများ၏ ပြောကြားချက်များအရ သိရသည်။

တစ်ချို့ Facebook လူမှုကွန်ယက်ကို နည်းပညာအရ ကျော်လွှားကာ အသုံးပြုသူများကတော့ မန္တလေးမှာ ထုတ်တဲ့ ပုဒ်မ ၁၄၄ က မန္တလေးတင် မဟုတ် ၊ အင်တာနက်လူမှုကွန်ယက်ဖြစ်သည့် facebook.com ကိုပင် ပုဒ်မ ၁၄၄ အရ ပိတ်ပင်ထားကြောင်း လှောင်ပြောင်ပြောကြားသည်။

ထိုကဲသို့ ပိတ်ပင်ခြင်းကို ယခုအစိုးရသစ်တက်လာပြီးနောက်ပိုင်းတစ်ကြိမ်မှ အသုံးပြုခဲ့ခြင်း မရှိပဲ ယခုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ ထိုအပြင် ယခုကဲသို့ ပိတ်ပင်ခြင်းမျိုးကို မကြာသေးမီကလည်း ထိုင်းနိုင်ငံတွင် မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ပြိး နောက်ပိုင်း ထိုင်းစစ်တပ်က အာဏာသိမ်းကာ facebook.com လူမှုကွန်ယက်ကို ပိတ်ပင်ခဲ့ဖူးကြောင်း သိရသည်။

Yangon Media Group

လက်မရှိလို့ ခြေထောက်နဲ့ကားမောင်းနေတဲ့ မသန်စွမ်းကို တရုတ်ရဲများ ဖမ်းဆီး


လက်မရှိလို့ ခြေထောက်နဲ့မောင်းနေတဲ့ ကားမောင်းသမား တစ်ဦးကို တရုတ်ရဲများက ဖမ်းဆီးခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ Wo Guo ဆိုတဲ့ ဒီလူဟာ သူ့ကိုယ်သူနဲ့ အခြားလမ်းအသုံးပြုသူများကို အန္တရယ် ဖြစ်စေနိုင်တယ်လို့ပြောကြားပြီး ရဲများက ကားကိုသိမ်းယူ သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ Wo Guo ရဲ့ ကားမောင်းသက်တမ်းဟာ မိုင်ပေါင်း တစ်သိန်းလောက်ရှိပါပြီ။
သူက ကားမောင်းဖို့ ခြေထောက်သက်သက်ကိုသာ အသုံးပြုတာဖြစ်ပြီး ဘယ်ခြေနဲ့ စတီယာရင်ကိုထိန်းကာ ညာခြေနဲ့ ဘရိတ်ကို ထိန်းပါတယ်။

သူရဲ့အဆိုအရတော့ သူမောင်းခဲ့တဲ့ မိုင်ပေါင်းတစ်သိန်းမှာ ဘာအမှားအယွင်းမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Guo ဟာ အသက် ၇ နှစ်အရွယ်မှာ မြင်းစာကျွေးဖို့ မြက်ရိတ်ရင်း မြက်ရိတ်ဓားနဲ့ ဗို့အားမြင့်ဝါယာကြိုးကို မတော်မဆထိမိတာကြောင့် လက်တွေကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

လက်တွေကို ဖြတ်တောက်ခဲ့ရပြီးနောက်ပိုင်းမှာ  မျက်နှာသစ်၊ သွားတိုက်၊စာရေး အစရှိတဲ့ကိစ္စတွေကို ခြေထောက်သုံးပြီး ဆက်လုပ်ပါတယ်။
နောက်ပိုင်းမှာ အိမ်ထောင်ကျခဲ့ပြီး ကောလိပ်တက်နေတဲ့ သားတစ်ယောက်ရှိပါတယ်။ သစ်သီးရောင်း အသက်မွေးပြီး ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သစ်သီးများလိုက်ပို့ရာမှာ ကားကိုအသုံးပြုရမှာဖြစ်တာ ကြောင့် သူက
“အော်တိုကားတွေကိုမောင်းရတာ အခက်အခဲမတွေ့ပါဘူး။ တစ်ပတ်အတွင်း ကားမောင်းတတ်အောင် ကျွန်တော့်သူငယ်ချင်းက သင်ပေးခဲ့တယ်။ ကျွန်တော်က မသန်စွမ်းဆိုတော့ လိုင်စင်မရဘူး။ ဒါကြောင့် တိတ်တိတ်လေးလုပ်ရတယ်” လို့ ပြောကြားခဲ့ပါတယ်။

ရဲများကတော့ ဒရိုင်ဘာဌားပြီး အလုပ်လုပ်မယ်ဆိုရင် သိမ်းထားတဲ့ကားကို ပြန်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။


Credit: phothutaw

၁၀ တန်းမအောင် မပူပေါင် ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေး


‘သမီးက အောင်သလား’

‘အောင်တယ် ပြောတာပဲ’

‘ဟောဗျာ၊ အောင်စာရင်းကြည့်လာပြီး မကြည့်ဘူးလား’

‘ဟင့် ဟင်၊ မကြည့်ဘူး’

‘ဒါဆို သမီးအောင်တယ်လို့ ဘယ်သူကပြောတာလဲ’

‘သူငယ်ချင်တွေ၊ သူတို့ပြောကြတာ’

‘ဟောဗျာခက်ပြီ၊ ကိုယ့်အောင်စာရင်းကို ကိုယ်တိုင်မကြည့်ရဘူးဆိုတော့ တယ်ခက်ပါလား’

‘ဂုဏ်ထူးပါသေးလား’

‘တစ်ဘာသာပါတယ် ပြောတာပဲ’

‘ဒါကိုဒေါသဖြစ်နေတယ်ထင်တယ်၊ သမီးက ဘယ်နှဘာသာဂုဏ်ထူးမှန်းထားတာလဲ’

‘သမီး အဖြေတိုက်တုန်းက လေးဘာသာ၊ ငါးဘာသာဂုဏ်ထူးရမယ်လို့ ဆရာမကလည်း ပြောထား တာ၊ အခုတစ်ဘာသာဆိုတော့ ဘာမှလုပ်မရဘူး၊ ကျတာကမှ နောက်နှစ်ပြန်ဖြေရင်ရဦးမယ်၊ ကျတာ ထက်ဆိုးတယ်’

‘သမီးကဆရာဝန်လုပ်ချင်တာလား။’

‘သမီးက ဆရာဝန်တော့ မမှန်းပါဘူး၊ သူနာပြုလုပ်ဖို့မှန်းထားတာ၊ ဘာလွဲသွားသလဲ မပြောတတ်ပါဘူး’၊ ‘စိတ်အားမငယ်ပါနဲ့သမီးရယ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ထူးချွန်အောင်သာကြိုးစားပါ’ ဟုပြောလိုက်ရ သည်။

‘အောင်တယ်ကွ၊ အောင်တယ်၊ ဟေ့ကောင်မင်းလည်းအောင်တယ်၊ လာကြသွားစားကြမယ်၊ သောက် ကြမယ်’

‘ဂျပုမလေးလည်း အောင်တယ်ကွ’

‘မအောင်ပါဘူးကွ၊ ငါနဲ့မနက်ကတွေ့တော့ မေးကြည့်တာကျတယ်တဲ့၊ ကျအောင်ဖြေခဲ့တာတဲ့၊ သင်္ချာမ ရဘူးပြောတယ်’

‘မင်းကိုလိမ်ပြောတာ၊ သူ့ခုံနံပါတ်ငါသိတယ်၊ ငါနဲ့သုံးယောက်ခြားတာ၊ ဂျပုမလေးအောင်တယ်၊ လာ လာဂေဇက်ကို ငါပြမယ်’

‘အလကားပါကွာ၊ သူကလည်းလေးဘာသာဂုဏ်ထူးမှန်းထားတာ အခုတစ်ဘာသာမှ ဂုဏ်ထူးမပါလို့ ဒေါသဖြစ်နေတာ’

၇-၆-၂၀၁၄ ရက် နံနက်ကဖြစ်ပါ၏။ စာရေးသူ၏မြေးလည်း ၁၀ တန်းဖြေထားသဖြင့် အောင်စာရင်းကို စာရေးသူကိုယ်တိုင်သွားပြီး ကြည့်နေခြင်းဖြစ်သည်။ စာရေးသူ၏ မြေးလည်းဘာဂုဏ်ထူးမှ မပါဝင်ပါ။ သူကအစကတည်းက ဂုဏ်ထူးမမှန်း၊ ရိုးရိုးအောင်မည်ဟု ပြောသည်။ ၁၀ တန်းအောင်သည်အထိ တစ်နှစ်မှမကျဘူး။ ဒါကိုပင် သူ၏မိဘတွေက ဝမ်းသာမဆုံးဖြစ်နေသည်။

စာရေးသူသည် မြန်မာနိုင်ငံမှာ ကလေးတွေ၏ ပညာရေးကိုစဉ်းစားနေမိတော့သည်။ ဒါနဲ့ပဲစာအုပ်စင် ပေါ်မှ စာအုပ်အနီကြီး Staistical Year Book 2010 ကိုဆွဲချပြီး ပညာရေးကဏ္ဍကို ဖွင့်ကြည့်မိပါတော့ ၏။

မြန်မာနိုင်ငံတွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းသားဦးရေ

(က)    မူလတန်းကျောင်းသားပေါင်း ၅၀၁၃၅၈၁-၆၆ ရာခိုင်နှုန်း

(ခ)     အလယ်တန်းကျောင်းသားပေါင်း ၂၀၄၇၇၉၆-၂၆ ရာခိုင်နှုန်း

(ဂ)     အထက်တန်းကျောင်းသားပေါင်း ၆၃၈၄၀၂-၈ ရာခိုင်နှုန်း

စုစုပေါင်း ၇၆၉၉၇၇၉-၁၀၀ ရာခိုင်နှုန်း

ဤစာရင်းသည် ဘုန်းကြီးကျောင်းတွေမှာ ပညာသင်နေသော ကလေးများမပါဝင်ပေ။ ပညာသင်နေ သော ကလေးများမပါဝင်ပေ။ ဘာသာရေးကျောင်း၊ လူမှုရေးကျောင်း၊ အလွတ်သင်ကျောင်းများတွင် စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများစာရင်းလည်း မပါဝင်ပေ။

အကြမ်းဖျင်းခြုံငုံကြည့်လျှင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် စာသင်ခန်းများအတွင်းရှိနေ သည်။ မူလတန်းတွင် ငါးသန်းရှိသော်လည်း အထက်တန်းကျောင်းများတွင် ခြောက်သိန်းကျန်တော့ သဖြင့် လေးသန်းကျော်မှာ မူလတန်း၊ အလယ်တန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။ သုံးသန်း မှာ မူလတန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။

အထက်တန်းအဆင့်တွင်လည်း ၁၀ တန်းစာမေးပွဲတွင် ဖြေဆိုသူငါးသိန်းကျော်ရှိသော်လည်း နှစ်စဉ် တစ်သိန်းအောင်သဖြင့် ကျောင်းသားလေးသိန်းမှာ ကျောင်းထွက်ကြရပြန်သည်။ တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ်ဖို့မှာ ကံကောင်းမှဖလောင်းဖားဖြစ်သလို ခက်ခဲလှပါ၏။ တက္ကသိုလ်ရောက်သွားလျှင် တော့တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အအောင်ပေးလိုက်ကြသည်။ ငွေပေးလျှင်အောင်တာပဲ ဟုဆိုသည်။

သာမန်ဘွဲ့တွေကို မဆိုနှင့်၊ ပါရဂူဒေါက်တာဘွဲ့ရသူများ စာရင်းမှာပင် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ၁၄၃၆ ဦး၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၇၇၃ ဦး၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၅၂၇ ဦး၊ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ၆၉၀ ပေါ်ထွက်ခဲ့သည်ဟုဆိုသဖြင့် လေးနှစ်အတွင်း ဒေါက်တာဘွဲ့ရသူ ၃၄၂၈ ဦးပေါ်ထွက်ခဲ့သည်။ ထို့ကြောင့်ပင် ဒီဒီဟိုဟိုတက္ကသိုလ်မြင်မြင်သမျှ ပါမောက္ခ၊ ဆရာဖြစ်မူ ပါရဂူဟု တက္ကသိုလ်ပညာရေး လောကမှစာဆိုထွက်လာပါသည်။

ဤမျှပညာရှင်တွေ မွေးထုတ်ပေးနေပါသော်လည်း နိုင်ငံတော်၏ စီးပွားရေးမှာတစ်နေ့တခြားနိမ့်ကျလာ နေပါသည်။ ပညာရေးသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုရပါမည်။ မြနမာနိုင်ငံ၏ ပညာရေး ကတော့ စီးပွားရေးနှင့်ဆက်စပ်မှုလုံးဝမရှိ။ ယခုတော့ ပညာရေးနှင့်စီးပွားရေးက ပြဒါးတစ်လမ်း၊ သံ တစ်လမ်းဖြစ်နေသည်။

အထက်တန်းနှင့် အခြေခံပညာရေးအဆင့်မှ ကျောင်းထွက်ခဲ့ရသူများသည် ဂုဏ်သိက္ခာရှိရှိနှင့် လူ့ဘဝ ထဲမှာနေနိုင်အောင် စုပေါင်းအဖြေရှာသင့်ကြပြီ။ ထိုကိစ္စကို ပညာရေးလောကမှ အငြိမ်းစားယူထားကြ သော ပါမောက္ခ၊ ညွှန်/မှူး ဆရာအတတ်သင်ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်းပြ ဆရာကြီးများနှင့် ဆွေးနွေးမေးမြန်းကြည့်ခဲ့သည်။

ပညာရေးလောကမှာ အဆုံးအဖြတ်ညွှန်ကြားပေးနိုင်သည့် ရာထူးများတွင်စစ်ဗိုလ်များရှိသေးသရွေ့ ပညာရေးပြုပြင်ရန် မဖြစ်နိုင်ဟုဆရာကြီးတစ်ဦးက ဥပမာများဖြင့်ပြောပြသည်။ ပညာရေးပြုပြင်ပြောင်း လဲလျှင် စာမေးပွဲစနစ်နှင့် မေးခွန်းစနစ်ပြောင်းလဲရမည်။ သင်ထောက်ကူပစ္စည်း ဥပမာ-မှန်ဘီလူးလုံလုံ လောက်လောက်ရှိရမည်။ ကျောင်းသား၊ ကျောင်းသူ ၁၀၀ အတွက် မှန်ဘီလူးတစ်လက်နှုန်းလောက် နှင့်သင်ရတာ ဘာမျှတတ်အောင် မသင်ကြားနိုင်ကြောင်း ပါမောက္ခကြီးကပြောပြသည်။

ပညာရေးတက္ကသိုလ်များအတွက် တိုးရသည့်ဘတ်ဂျက်များကို ကျောင်းတွေဆောက်ပစ်တာ သဲထဲရေ သွန်ပစ်တာပဲ။ သင်ထောက်ကူပစ္စည်းတွေဝယ်ရမည်။ ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်သည်။ နိုင်ငံခြားကို ပညာသင်တွေများများလွှတ်ရမည်။ ကျောင်းများကောင်းလာရုံနှင့် ပညာ ရေးမတိုးတက်နိုင်၊ သင်ကြားရေးကောင်းမှ ပညာရေးတိုးတက်မည်ဖြစ်သည်။

ဒါဟာလည်း လွဲမှားသည့်စီမံချက်တွေပဲဟု တစ်ဦးကပြောသည်။ ဒါကလည်းစစ်ဗိုလ်တွေဝင်ရှုပ်တာပဲ ဟု တစ်ဦးကဆွေးနွေးလာပြန်သည်။ ‘ဒါကတော့ ဆရာရယ်၊ ပညာရေးမှာမှ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းတွေမှာလည်း စစ်ဗိုလ်ဟောင်းတွေဝင်ရှုပ်နေတာပဲ’ ဟုတစ်ဦးက ဆိုလာပြန်သည်။ အခုရွေး ကောက်ပွဲကော်မရှင်တွေဆိုပြီး စစ်ဗိုလ်တွေခန့်လိုက်ပြန်ပြီ။ ရှုပ်ကြဦးမည်။ စစ်တပ်မှာဗိုလ်သင်တန်းလို့ သာခေါ်တာ။ တပည့်လုပ်နည်း သင်တန်းပဲဗျ။ အမိန့်နာခံဖို့ပဲ ရိုက်သွင်းထားတာ။ ရေဘူးပေါက်တာကို မပြောနဲ့၊ ရေပါတာပဲ လိုချင်တယ်ဆိုသည် စစ်ဗိုလ်တွေပြောနေကျ စကားပဲဗျ။ ရေဘူးကိုမဖာဘဲနှင့် ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာမဖာဘဲနှင့်ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာ ကိုယ့်ဦးနှောက် ကခန်းခြောက်နေပြီ။ စစ်ဗိုလ်သင်တန်းဆင်းရင် စစ်တိုက်ရာမှာပဲ သုံးပါ။ တခြားဌာနတွေမှာ မသုံးပါနဲ့။ စစ်ဗိုလ်တွေကို မလိုတော့ရင် လျော်ကြေးပေးပြီး အငြိမ်းစားပေးလိုက်ပါ။ ဟိုဌာန ပို့၊ ဒီဌာနပို့မလုပ်သင့် တော့ပါဘူး’ ဟုလည်းဆွေးနွေးခဲ့ကြသည်။

ပညာရေးဌာန၊ ပညာရေးစနစ်ကိုတကယ်ပြုပြင်ချင်ရင်ဗျာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပုံစံကို ယူမလဲ။ လွှတ်တော်မှာဆုံးဖြတ်ပါ။ အဲဒီတက္ကသိုလ်ပုံစံကိုသာယူလိုက်၊ မြန်မာ့နည်းမြန်မာ့ဟန်တွေမလုပ်နဲ့ လုပ်ရင်မှားမယ်။ မအောင်မြင်ဘူး။ စနစ်သစ်ဆိုပြီး ကျွန်တော်တို့ပြင်ခဲ့ကြတာ ခုနှစ်ကြိမ်ရှိပြီ။ ဘယ် စနစ်မှမကောင်းဘူး။ ဥပမာ-အောက်စ်ဖို့တက္ကသိုလ်ပုံစံယူမလား၊ ဟားဗတ်တက္ကသိုလ်ပုံစံ ယူမလား၊ ကိန်းဘရစ်တက္ကသိုလ်ပုံစံယူမလား စသည်ပေါ့ဗျာ။

အဲဒီတက္ကသိုလ်ကို သွားကြည့်၊ အဲဒီတက္ကသိုလ်က ဆရာကြီးတွေထံ အကူအညီတောင်းရင်ရပါတယ်။ လွယ်ပါတယ်။ အဲဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်လုပ်မှဖြစ်မှာ။ နောက်ဆုံးတော့ အဲဒီဗိုလ်ချုပ်တွေ ကျောင်းပဲပြန်ရောက်သွားတာပါပဲဗျာ။ စစ်ဗိုလ်တွေအုပ်ချုပ်နေသမျှ တိုင်းပြည်ဘယ်တော့မှ မတိုးတက် နိုင်ဘူးဟု သဘောတူကြရပါတော့၏။ ဘုရားကားအောက် မျောက်ကားအထက်စနစ်ကို ပြောင်း အောင်၊ တော်လှန်ပစ်မှသာ တိုင်းပြည်တိုးတက်မှာပဲဟု မှတ်ချက်ချကြပါတော့၏။

‘ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပညာရေးစနစ်ကို လိုချင်ပါသလဲ’ ဟု ဥရောပခရီးစဉ်တွင်မေးကြ သည်။ ‘ကျွန်မလိုချင်တဲ့ ပညာရေးစနစ်က ဘဝစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ ပညာရေးစနစ်ပါ’ ဟု တိုတိုရှင်းရှင်းဖြေခဲ့သည်။ ဘယ်အဆင့်၊ ဘယ်အတန်းနဲ့ပဲကျောင်းထွက်ရ၊ ထွက်ရကျောင်းကသင်ပေး လိုက်တဲ့ပညာနဲ့ ဘဝစိန်ခေါ်မှု၊ စီးပွားရေးစိန်ခေါ်မှု၊ လူမှုရေးစိန်ခေါ်မှု၊ ဘာသာရေးစိန်ခေါ်မှု၊ နိုင်ငံရေး စိန်ခေါ်မှုစတာတွေကို ဖြေရှင်းပေးနိုင်မည့် ပညာရေးစနစ်ကိုဆိုလိုသည်။ ခိုး၊ ဝှက်၊ လိမ်၊ လု မတရား သိမ်းယူလို့ ကြီးပွားသွားကြသည့် ပညာရေးစနစ်ကို မလိုချင်ဟုလည်း ဆိုလိုသည်။

မနေ့ကပဲ စာရေးသူ၏ အလုပ်သမားမိသားစုတစ်စုရောက်လာပြီး ငွေကျပ်နှစ်သိန်းချေးပေးရန် ပူဆာ လာသည်။ ဘာလုပ်ဖို့လဲမေးတော့ သားက ၁၀ တန်းစာမေးပွဲကျတာ မော်တော်ဆိုင်ကယ်မရှိလို့ဟု ပြောပြီး ကြိမ်းမောင်းသွားသဖြင့် ရွာပြန်ပြီးမြေပဲခင်းပေါင်ထားတာကို ငွေထပ်တောင်းတော့ ကျပ်တစ် သိန်းရခဲ့သည်။ ယခုကျပ်နှစ်သိန်းလိုနေသဖြင့် ဆရာကြီးထံအကူအညီတောင်းရတာပါဟု ဆို၏။

အေးဗျာ၊ ခင်ဗျားသားကို ဆိုင်ကယ်ဝယ်ပေးရင် ဓာတ်ဆီဖိုးက တစ်နေ့ကျပ်တစ်ထောင်ကုန်ဦးမယ်။ ကျူရှင်လခက တစ်လကျပ်တစ်သောင်း၊ နှစ်သောင်းကုန်ဦးမယ်။ စဉ်းစားကြပါကွာ။ ကျောင်းမတက် ချင်ရင်ကျောင်းထုတ်လိုက်၊ ၁၀ တန်း မအောင်တဲ့လူတွေတောင် ငွေရှိရင်ဒေါက်တာဘွဲ့ရပြီး လွှတ် တော်အမတ်ကြီးတွေဖြစ်နေတဲ့ ခေတ်ပဲဗျဟု ဘုကျကျပြောလိုက်ရပါတော့၏။

၁၀ တန်းမအောင် မပူပေါင်၊ ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေးဆိုတဲ့ စာလေးမှတ်ပြီး ပြန်ကြဗျာ။ ဆိုင်ကယ်ဝယ်မယ့်ပိုက်ဆံသုံးသိန်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကြ။ ငါးပေါင်းကြော်ဆိုင်လုပ်မလား။ ကွမ်းယာဆိုင်လုပ်မလား၊ ဂျာနယ်၊ သတင်းစာအရောင်းဆိုင်ဖွင့်မလား၊ ကွန်ပျူတာသင်မလား၊ အလုပ် လုပ်ကြ။ ငွေချေးပေးမယ်ဟု ပြောလိုက်ရပါတော့၏။

စံတော်ချိန်သတင်းစာ

ဇွန် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်