ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်လအတွင်း မုဒိမ်းမှုနှင့် လူသတ်မှုအများဆုံးဖြစ်ပွား

ပို့စ်တင်ချိန် - 7/05/2014 01:27:00 PM



မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ်ဝက်ခြောက်လအတွင်း ဖြစ်ခဲ့သည့် မှုခင်းအရေအတွက်အ
ရ ရန်ကုန်တိုင်းဒေသကြီးသည်ယ ခင်နှစ်ကာလများနည်းတူ မုဒိမ်းမှု နှင့် လူသတ်မှုအများ
ဆုံးဖြစ်ပွား လျက်ရှိသည်။

ဇန်န၀ါရီမှ ဇွန်လအတွင်း လူသတ်မှုပေါင်း ၆၅၀ကျော်နှင့်မု ဒိမ်းမှုပေါင်း ၃၈၀ကျော်ဖြစ်ပွားပြီး ရန်ကုန်တွင် အများဆုံးဖြစ်ပွားခဲ့ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။


အဓိက မှုခင်းငါးမျိုးဖြစ် သည့် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ရိုးရိုးနာကျင်စေမှုနှင့် ယာဉ်တိုက် မှုပေါင်း ၂၅၀၀ကျော်လစဉ်ဖြစ် ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီး တွင် လူသတ်မှုပေါင်း ၉၇မှုနှင့် မု ဒိမ်းမှုပေါင်း ၇၀ဖြစ်ပွားခဲ့ကာကျန် ဒေသများထက် အများဆုံးကျူး လွန်ခဲ့ခြင်းဖြစ်သည်။


ရန်ကုန်တိုင်းဒေသကြီးတွင် လူသတ်မှုကျူးလွန်ခဲ့ကြရာ၌ အ မျိုးသားချင်းလမ်းသွားရင်း ပခုံး ချင်းမတော်တဆတိုက်မိခဲ့ရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း၊ အုပ်စုဖွဲ့ ရန်ဖြစ်ရာမှ လူသတ်မိခြင်း၊ လင် မယားချင်းစကားများရာမှ သတ် မိခြင်းစသည့်ဒေါသအလျောက် သတ်မိခဲ့သည့်မှုခင်းများဖြစ်ပေါ်ခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများအရ သိရှိရသည်။

ယခုနှစ် ဧပြီနှင့် မေလအ တွင်း ရန်ကုန်-မန္တလေးအမြန် လမ်းတစ်လျှောက် ယာဉ်တိမ်း မှောက်မှုနှင့်ယာဉ်မီးလောင်မှုများ ဖြစ်ခဲ့၍ လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုများကြောင့် ခြောက် လအတွင်း သေဆုံးနှုန်းမြင့်တက်ခဲ့သည်။

7 Day News Daily