မိုးရေစိုနေသည့် တီဗွီအင်တာနာတိုင်အား လှည့်၍ချိန်သူ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 7/05/2014 09:06:00 AM


ရန်ကုန်၊ ဇူလိုင် ၎

၃.၇.၂၀၁၄ ရက်နေ့ ၁၅၃၀ အချိန်တွင် တွံတေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် တွံတေးပြည်သူ့ဆေးရုံသို့ အမျိုးသားတစ်ဦးဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက်ရှိ
နေကြောင်းသတင်းအရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ တွံတေးမြို့နယ်
နေ ဖိုးထွား(ခ)ထွန်းအောင် (၂၄)နှစ်ဖြစ်ပြီး ၎င်း၌ ရင်ဘတ် မီးလောင်ဒဏ်ရာများ
ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၃၃၀ အချိန်ခန့်က ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌
တီဗွီကြည်နေစဉ် နေအိမ်ခေါင်းရင်းရှိ မိုးရေများစိုနေသည့်တီဗီအင်တာနာတိုင်အား
လက်ဖြင့်ကိုင်ကာလှည့်ချိန်ရာမှ ဓါတ်လိုက်ခံရကာ လဲကျခဲ့သဖြင့် ဆေးရုံသို့
ပို့ဆောင်စဉ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တွံတေးမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ်
(၁၆/၂၀၁၄)ဖြင့် ရေဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police