ရွှေပြည်သာဒေသခံ ၃၀ဝကျော် ဆိုင်ကယ်စီးခွင့်ပြုရန် ဝန်ကြီးချုပ်ထံ တင်ပြ

ပို့စ်တင်ချိန် - 9/23/2013 09:09:00 AM

ရွှေ ပြည်သာမြို့နယ်တွင် ဆိုင်ကယ် စီးနင်းခွင့်ပြုရန် ဒေသခံ၃၀ဝကျော် က လက်မှတ်ရေးထိုးပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ တင်ပြတောင်း ဆိုထားကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး၏ စည်ပင်နယ်နိမိတ်တွင် ပါဝင်သော ရွှေပြည်သာမြို့နယ်တွင် ဆိုင်ကယ် မစီးနင်းရဟု သတ်မှတ်ထားခြင်းမှာ ဒေသခံများအတွက် အခက်အခဲ များရှိသည့်အပြင် ဒေသနှင့်ကိုက် ညီမှုမရှိသည့်အတွက် ယင်းဒေသ တွင် ဆိုင်ကယ်တရားဝင်စီးခွင့်ပြု ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ ဒေသခံ၃၂ရဦး က စက်တင်ဘာ၁၂ရက်တွင် လက် မှတ်ရေးထိုး တင်ပြတောင်းဆိုခဲ့ ကြောင်း ဒေသခံများ၏ပြောပြ ချက်များအရ သိရသည်။

သို့သော် ယင်းသို့တောင်းဆို ချက်မှာ စက်တင်ဘာ၁၉ရက်အထိ မည်သည့်ထူးခြားမှုမှ မရှိသေး ကြောင်း ဒေသခံများကဆိုသည်။
''ဒီနေ့ထိတော့ ဘာထူးခြား မှုမှ မရှိသေးဘူး။ ကျွန်မတို့လဲ သူ တို့ရဲ့စီမံမှုတွေကို စောင့်နေတယ်'' ဟု ရွှေပြည်သာမြို့နယ် (၇)ရပ် ကွက်မှ ဒေါ်မျိုးမျိုးအေးက ပြော သည်။လက်ရှိတွင် ရွှေပြည်သာ၌ ဆိုင်ကယ်စီးနင်းမှုအား အရေးယူ ရာတွင် သက်ဆိုင်ရာက တစ်ပတ် လျှင် ၁ဝစီးနှုန်းဖြင့် ဩဂုတ်လက စတင်ဖမ်းဆီးအရေးယူနေသော် လည်း ဒေသဆိုင်ရာအာဏာပိုင် တချို့ ဆိုင်ကယ်စီးနင်းပါက မည် သည့် အရေးယူမှုမျိုးကိုမျှ ပြုလုပ် ခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

''လိုင်စင်မဲ့ဆိုင်ကယ်ရောင်း နေတဲ့ဆိုင်တွေကိုတော့ ဖမ်းဆီး မှုမရှိဘဲ စီးနင်းသူတွေကိုဖမ်းပြီး ဆိုင်ကယ်ကိုသိမ်းတယ်။ ထွေ/အုပ် တို့လို အစိုးရဝန်ထမ်းတွေကျတော့ လိုင်စင်မဲ့ဆိုင်ကယ် စီးနင်းခွင့်ရှိ သလို စီးနေကြတယ်''ဟု ဒေါ်မျိုး မျိုးအေးက ပြောသည်။
ဆိုင်ကယ်စီးနင်းခွင့်မပြုရ ဟု သတ်မှတ်ခြင်းခံထားရသည့် ရွှေပြည်သာမြို့နယ်တွင် လတ်တ လောအခြေအနေ၌ လမ်းပေါ်ထွက် လာသည့်ဆိုင်ကယ်များကို ရှောင် တခင် ဝင်ရောက်ဖမ်းဆီးခြင်းသာ ဖြစ်ပြီး ဖမ်းဆီးအရေးယူမှုမှာ ယခု ထက်ပိုမိုဆိုးရွားလာပါက ဒေသခံ များအနေဖြင့် တရားဝင်ခွင့်ပြု ချက်ရယူ၍ ဆန္ဒထုတ်ဖော်တောင်း ဆိုသည်အထိ ပြုလုပ်သွားမည်ဖြစ် ကြောင်း ဒေသခံများက ဆိုသည်။

ဒေါ်မျိုးမျိုးအေးက ''အစ်မ တို့တောင်းဆိုတာက ဆိုင်ကယ် စီးနင်းရင် ဦးထုပ်မပါတာ။ လူပို တင်တာမျိုးတို့ကို ဥပဒေအတိုင်း အရေးယူသင့်တယ်။ အဲဒီအတွက် အရေးယူရင် နိုင်ငံတော်အခွန်လဲ ရတယ်။ ဒါပေမဲ့ ဆိုင်ကယ်ကို သိမ်း တာကျတော့ စီးတဲ့သူတွေနစ်နာ တယ်။ လိုင်စင်လုပ်ပေးပြီးလဲ စီး နင်းခွင့်ပေးသင့်တယ်''ဟု ယင်း၏ အမြင်ကို ပြောသည်။ရွှေပြည်သာမြို့နယ်တွင် ပြေးဆွဲနေသည့် လိုင်းကားများ မှာ လမ်းမကြီးတစ်ခုတည်းတွင်ရှိ ပြီး ကျေးရွာချိတ်ဆက်အတွင်းပိုင်း လမ်းများသို့ လိုင်းကားဝင်ရောက် နိုင်ခြင်းမရှိသည့်အတွက် ဒေသခံ များအနေဖြင့် ဆိုင်ကယ်ကယ်ရီ ကိုသာ အားထားနေရသဖြင့် ယခု ကဲ့သို့ တောင်းဆိုရခြင်းဖြစ်ကြောင်း လည်း ဒေသခံများက ဆိုသည်။

ရွှေပြည်သာမြို့နယ်ဒေသခံ တစ်ဦးက ''ကျွန်တော်တို့ ညဘက် အိမ်ပြန်ရင် ဆိုင်ကယ်ကယ်ရီကိုပဲ အားထားရတာ။ တက္ကစီဆိုရင် အ နည်းဆုံး၁၀၀ဝပေးရတယ်။ ကယ်ရီ က ၅၀ဝလောက်ပဲပေးရတာ။ ရွှေ ပြည်သာမှာ ဆိုင်ကယ်ကိုပဲ အား ထားစီးကြတယ်''ဟု ပြောသည်။
Yangon Media Group