ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/23/2013 07:27:00 PM



၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police