မိချောင်းကန်အပိုင်း၁၊၂၊၃ မှ ပြည်သူများ ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်

ပို့စ်တင်ချိန် - 9/23/2013 08:00:00 PM





ရန်ကုန် စက်တင်ဘာ ၂၃

တပ်မြေအဖြစ် မတရားသိမ်းဆည်းထားသည်ဟု ဆိုကာ မိချောင်းကန် အပိုင်း ၁၊၂၊၃ မှ ပြည်သူများ ယနေ့နေ့လည် ၂နာရီတွင် လူဦးရေ ၂၀၀ ခန့် ကမဟာဗန္ဓုပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ယနေ့ နံနက်တွင်လည်း သင်္ကန်းကျွန်းမြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။


ယခု ဆန္ဒဖော်ထုတ်ပွဲမှာ ယနေ့တွင် နှစ်ကြိမ်မြောက်ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်နိုင် ၊ အောင်နိုင်စိုး ( ကစ္ဆပ )