နိုင်ရိုဘီက ကုန်တိုက်ကို စစ်သွေးကြွတွေ ဆက်လက် ထိန်းထားဆဲ

ပို့စ်တင်ချိန် - 9/23/2013 07:35:00 PM






အကြမ်းဖက်သမားတွေ ဝင်စီးထားတဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီမြိုက Westgate ကုန်တိုက် ကနေ မီးခိုးလုံး အမဲကြီးတွေ ထွက်လာ နေတာ ကို တွေ့နေရပါတယ်။

စစ်သွေးကြွတွေဟာ ကုန်တိုက် ထဲကို စနေနေ့က ဝင်စီးခဲ့တာ ဖြစ်ပြီး၊ လူ အတော်များများကိုလည်း ဓားစာခံတွေ အဖြစ် ဖမ်းဆီး ထိန်းသိမ် ထားဆဲ ဖြစ်ပါတယ်။

သေနတ်သံတွေကိုလည်း အဆက်မပြတ် ကြားနေရပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ကုန်တိုက်ဆီ ကို ပြေးလွှားသွားနေကြပါတယ်။

ကင်ညာ ပြည်ထဲရေး ဝန်ကြီး ဂျိုးဇက် အော်လေ လန်ကူ က အဆောက် အဦးထဲက ဓားစာခံ အကုန်နီးပါးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဓားစာခံ အနည်းငယ်သာ အထဲမှာ ကျန်နေတယ်လို့ ပြောပါတယ်။

စစ်သွေးကြွ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီလို့ သူက ပြောပါတယ်။

ကင်ညာ ကြက်ခြေနီ အဖွဲ့က အနည်းဆုံး လူ ၆၉ ဦး သေဆုံးသွားခဲ့ပြီ လို့ အစောပိုင်းတုန်း က ပြောပေမယ့် ပြည်ထဲရေး ဝန်ကြီး ကတော့ စုစုပေါင်း ၆၂ ဦးသာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
BBC Burmese