မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့် အမှိုက်ပုန်းပေါ်တွင် မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်

ပို့စ်တင်ချိန် - 10/15/2013 12:33:00 PM






ရန်ကုန်-အောက်တိုဘာ၁၅
ယနေ့နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ
ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ်ပြီး အိတ်ထဲတွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှရဲမှူးဦးဝင်းကြည်က ပြောသည်။
စည်ပင်ကတွေ့ပြီးရဲကို အကြောင်းကြားလိုက်တာပါဟု ရဲတပ်ဖွဲ့တစ်ဦးကပြောသည်။
အနီးနားရှိကွမ်းယာဆိုင်မှ ဈေးသည်က ကျွန်တော်သိတောင်မသိပါဘူး .လူတွေအုံလာမှသိတာဟု ပြောသည်။ ၇န်နိင်
ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ) — အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ် (4 photos)

Popular Myanmar News Journal