iPhone 5S ၌ Blue Screen of Death(BSOD) ပြဿနာများပေါ်

ပို့စ်တင်ချိန် - 10/15/2013 08:31:00 AM




Apple ရှဲု့ နောက်ဆုံးထုတ် iPhone 5S တွင် မျှော်လင့်မထားသော အပြာရောင် မျက်နှာပြင်တက်လာသည့် Blue Screen Of Death(BSOD) ပြဿနာအား သုံးစွဲသူများက အချို့သော Apps များတင်ပြီးနောက် reboot
လုပ်လိုက်သည့် အခါ ကြုံတွေ့ရကြောင်း သိရသည်။ အဆိုပါ BSOD ပြဿနာသည် Windows OS အဟောင်းများတွင် ကြုံတွေ့ရလေ့ရှိသည့် ပြဿနာ တစ်ရပ်လည်းဖြစ်သည်။ အထူးသဖြင့် အသစ် ထုတ်လိုက်တဲ့ iOS devices များအားလုံး အတွက် free ပေးထား သော iWorks များအားသုံးစွဲရာတွင် အဓိကဖြစ်ပေါ်လှေ့ရှိသည် ဟုဆိုသည်။ ယင်းကဲ့သို့ဖြစ်ရသည့် အကြောင်းမှာ Apps များစွာMultitasking အသုံးပြုနေ
ရာမှ BSOD ကိုဖြစ်ပေါ်စေပြီး iPhone 5S သုံးစွဲသူများက တစ်ယောက် နှင့်တစ်ယောက် ပုံစံမတူသော သုံးစွဲမှုများစွာမှ တွေ့ကြုံရကြောင်း report လုပ်ကြသည်။

အချို့က Apple ရဲ့ Numbers, Pages သို့မဟုတ် Keynote apps များသုံးစွဲရာမှ တွေ့ကြုံရကြောင်း ၊ အချို့က Face Time, Safari ,Camera နှင့် အခြား သော Apps များ (ဥပမာ ESPN Score Center) သုံးစွဲရာမှုာ ကြုံတွေ့ရကြောင်းဆိုကြပြီး Youtube တွင် လည်းယင်းကဲ့သို့ Blue Screen ပေါ်သည့် ဗီဒီယိုဖိုင်များ ပျံ့နှံ့နေသည်။ ဗီဒီယိုဖိုင်တစ်ခုတွင်မူ Screen က အနက်ရောင် ပြောင်းမသွားမီ တစက္ကန့် ၊နှစ်စက္ကန့်မျှ Blue Screen ဖြင့်မြင်တွေ့ ရသည်။ပြီးမှ Apple Logo ပေါ်လာကာ reboot ဖြစ်သွားသည်။

သုံးစွဲသူတစ်ဦးကမူ "ကျွန်တော် Numbers မှာ document တစ်ခုကိုဖွင့် ပြီး Power Button ကို နှိပ်လိုက်တဲ့အခါ Sleep ဖြစ်ရမယ့်အစား
Power off သွားတယ်" လို့ပြီးခဲ့တဲ့လက Apple Forum မှာဆိုခဲ့ပါတယ်။

ယခုကဲ့သို့သော ပြဿနာများမှာ iOS 7 တင်ထားသော အခြား iDevices များမှာ မတွေ့ရဘဲ iPhone 5S တွင်သာ တွေ့ရပြီး မကြာမီ အဆိုပါပြဿနာကို Apple မှ Fix လုပ်ပေးသွားမည်ဖြစ်သည် ။ အဆိုပါပြဿနာသည် 5S ရောင်းချပြီး မကြာမီမှာပင် forum များ၌ တက်လာပြီး ပထမဦးဆုံး ကတော့ September 21 ရက် နေ့ကတည်းက ဖြစ်ပြီး ယခုတိုင် တွေ့နေရသေးသည်။ iWorks သုံး၍ Blue Screen ပေါ်သူများအဖို့ iWork အတွက် iCloud Syncing ကို disable လုပ်ထားဖို့ အကြုံပြုထားသည်။

===================

Nyein Chan( TSJ Tech Team)
TechSpace Journal