HTC One Max ရဲ့  ရှက်စရာ ဆီးကရက် ဟုဆိုကြသော နောက်ကျော်က လက်ဗွေ လုံခြုံရေး

ပို့စ်တင်ချိန် - 10/15/2013 08:39:00 AM





HTC One Max က launching event အတွက် secret တစ်ခုချန်ထား ပါတယ်။ အဲဒါကတော့ finger print sensor ပါ။ သူက ချန်ပေမယ့် Leak ဖြစ်နေတဲ့ Information ကတော့ ပြန့်နှံ့ နေပါပြီ။ ဝေဖန်ချက်များက Negative ဘက်ကို ဦးတည်နေပါတယ်။

အကြောင်းကတော့ Fingerprint scanner တပ်တယ်ဆိုတဲ့ အမည်ကို iPhone 5S က ခံယူပြီးသွားပြီမို့ပါ။ သို့ပေမယ့် HTC က တူမတူအောင် တစ် မျိုးပြောင်းလိုက် ပါတယ်။ နောက်ကျောက ကင်မရာအောက်မှာ လက်ဗွေ နိပ်စရာ အကွက်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ Sense 5.5 နဲ့ပဲ အလုပ်လုပ်မလား၊ သီးခြား system တစ်ခုအနေနဲ့ အလုပ်လုပ်မှာလား ဆိုတာ မေးစရာ ရှိလာပါတယ်။ Officially Announce လုပ်သွားတဲ့အထိမှာ finger print အကြောင်းကို HTC တို့ ထည့်မပြောခဲ့ ပါဘူး။

One Max ရဲ့  specification အချို့ ကိုတော့ ဖော်ပြ ပြီးသွားပါပြီ။ RAM 2GB, Quad Core processor, အရွယ် ၅.၉ လက်မ မျက်နှာပြင်ကျယ် HD အရည်အသွေးမြင့် ဖုန်း ဖြစ်ပြီး ကင်မရာလည်း 4 MP Ultra ကို အသုံးပြု ထားပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့မှာ HTC One max ကို တရားဝင်ကြေညာသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)
TechSpace Journal