ဗိုလ်ချုပ်မှူးကြီးစောမောင်အနားပေးခံရချိန်အထိ အတူရှိနေခဲ့သော ရဲဘော်ဟောင်းတစ်ဦး၏ ပြန်လည်ပြောပြချက်


Q - ဗိုလ်ချုပ်မှူးကြီးစောမောင်အနားယူတဲ့အချိန်အထိ ရုံးမှာရှိခဲ့တာဆိုတော့ နိုင်ငံ့အကြီးအကဲတစ်ယောက်ကို အနီးကပ် မြင်ခဲ့ရတဲ့အစ်ကို့ အမြင်လေးပြောပြပေးပါ။
A - ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တဲ့အချိန်အထိ ၃ နှစ်လောက်အနီးကပ်နေခဲ့ရတာပါ။ ဆရာတပည့်လို ဆိုတာထက် သားသမီးလိုနေခဲ့ရတာများပါတယ်။ ဗိုလ်ချုပ်မှူးကြီးက အရမ်းရိုးဖြောင့်တယ်။ စစ်သားစိတ်အပြည့်ရှိတဲ့သူ။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပြောတယ်။ သံယောဇဉ်သိပ်ကြီးတယ်။

Q - ဗိုလ်ချုပ်မှူးကြီးက စာသိပ်ဖတ်တယ်လို့သိရပါတယ်။ တစ်နေ့ကို သုံး လေးနာရီလောက်ပဲအိပ်တယ်လို့လည်း ကြားဖူးတယ်။
A - ဟုတ်ပါတယ်။ မနက် ၈း၃၀ ဆိုရင် ၇ုံးရောက်ပြီ။ ရောက်တာနဲ့စာဖတ်တယ်။ တစ်ခုပြောစရာရှိတာက စာဖတ်ရင်း အဘကဆေးလိပ်သောက်တတ်တယ်။ စီးကရက်မသောက်ဘူး။ မန္တလေးသားဆိုတော့ နဂါးဒေါ်ဥဆေးပေါ့လိပ်ပဲ သောက်တယ်။ စာထဲစိတ်ရောက်သွားရင် ဆေးလိပ်မီးပေါက်တာတောင်မသိဘူး။ တစ်ပတ်ကို အဘရဲ့အကျီဆေးလိပ် မီးပေါက်ဖာရတာ ၄၊ ၅ ပေါက်ပဲ။ ယောက်လမ်းထဲကဆိုင်မှာ။ ထမင်းစားချိန်ဆို ဒုချုပ်(ဗိုလ်ချုပ်ကြီးသန်းရွှေပေါ့) ဆီသွားပြီး ထမင်းစားတယ်။ ၁၂း၃၀ လောက်ပြန်လာပြီး ဝင်စာတွေဖတ်မယ်။ ရုံးခန်းထဲမှာ စာအုပ်ဗီရို ၁၁ လုံးရှိတယ်။ ဘယ်ဗီ၇ိုမှာ ဘာစာအုပ်ရှိတယ်ဆိုတာသူသိတယ်။

Q - လုပ်ဖော်ကိုင်ဖက်တွေကလည်းသူ့အပေါ်လေးစားချစ်ခင်ကြတယ်လို့ကြားမိပါတယ်။
A - ဘယ်တော့မှအာဏာနဲ့ခိုင်းတာပြောတာမရှိဘူး။ အားလုံးက လေးစားကြည်ညိုကြပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ဆို တစ်နေ့ ၂ ခါ ၃ ခါ လာတွေ့တယ်။ ဗိုလ်ချုပ်ကြီးချစ်ဆွေဆိုရင် ရုံးခန်းကနီးနီးလေးဗျ။ ရုံးခန်းထဲကထွက်လာရင် ကျွန်တော်တို့ကိုလှမ်းမေးတယ်။ ဗိုလ်ချုပ်မှူးကြီးရှိတယ်ရင် ဘယ်တော့မှ ၇ုံးခန်းရှေ့ကဖြတ်မလျှောက်ဘူး။ ဒါ ကျွန်တော်တို့ ကြုံခဲ့ရသလောက်ပေါ့။
Q - အနားပေးလိုက်တဲ့အချိန်မှာ ဘယ်မှာရှိနေတာလဲ။ အကျယ်ချုပ်လိုလို ထိန်းသိမ်းလိုက်တယ်လိုလိုပဲ ကြားရခဲ့ရတာ ဆိုတော့။
A - အနားပေးလိုက်တဲ့အချိန်မှာ ဒဂုံရိပ်သာ ကာကွယ်ရေးဝန်ကြီးဌာနကတပ်မတော်ဂေဟာမှာပါပဲ။ စစ်ရုံးနဲ့လည်းနီးတယ်လေ။ အဲဒီအချိန်တုန်းက ပိုင်ဆိုင်မှုကအရမ်းနည်းပါတယ်။ နိုင်ငံတော်ကပေးထားတဲ့ ငွေကြာရံကအိမ်တစ်လုံးရယ် ဆာကူရာတာဝါ မှာအခန်းတစ်ခန်းရယ် ဒါပဲ၇ှိတယ်။ သားသမီးတွေဆိုရင်လည်း သိမ်သိမ်မွေ့မွေ့နေကြတာပဲ။ အကြီးဆုံးကိုသီဟစောက MOFA မှာ။ သမီးလတ် မချို (မကေသီစော) က ဆရာဝန်ဗိုလ်ကြီး။ ကိုသူရစောက ကွန်ပျူတာလုပ်ငန်းလုပ်တယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ဇနီး ဒေါ်စောရီဆို ဘယ်လောက်ချစ်ဖို့ကောင်းသလဲဆိုရင် ကျွန်တော်တို့ရဲဘော်သားသမီးတွေကို ကိုယ်တိုင် ထမင်းချက်ကျွေးတာ။ ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုလိုနေခဲ့ရတာ။ ရဲဘော်တွေနဲ့တောင် လက်ပွန်းတတီးနေကြတာလေ။

Q - ဗိုလ်ချုပ်မှူးကြီးဖတ်တဲ့စာတွေထဲမှာ ဘယ်လိုစာမျိုးတွေအများဆုံးပါလဲအစ်ကို။
A - ၉၀ ပတ်ဝန်းကျင်ဆိုတော့ဗျာ ရွေးကောက်ပွဲနဲ့ပတ်သက်တာ နိုင်ငံရေးနဲ့ပတ်သက်တာတွေအများဆုံးဖတ်တယ်။ အဲဒီတုန်းကစာပေစိစစ်က ဒုဝန်ကြီးဦးစိုးညွှန့်က ထွက်သမျှစာအုပ်တွေပို့ပေးတယ်။ အားလုံးဖတ်တယ်။

Q - တစ်ဘက်က နိုင်ငံတော်တာဝန်တွေ ရှိတယ်။ တစ်ဘက်မှာ မိသားစု၇ှိတယ်။ အဲဒီကြားမှာ ဘယ်လိုဖြတ်သန်းခဲ့တာမြင်လဲ။
A - ၈၈ ခုနှစ်နောက်ပိုင်းမှာ မိသားစုနဲ့အချိန်ပေးတာအရမ်းနည်းပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲကာလမှာ ၇ုံးမှာပဲ အိပ်ဖြစ်တာများတယ်။ ၉၀ ခုနှစ်နောက်ပိုင်းကျမှ အိမ်ပြန်အိပ်တာ။ ကျန်းမာရေးလည်း နည်းနည်းဖြစ်နေပြီ။ သွေးတိုး၊ နှလုံးနဲ့ ကျောက်ကပ်ပေါ့။ ဗိုလ်မှူးရဲသွေးတို့ အနီးကပ်ကြည့်နေရပြီပေါ့။

Q - ဗိုလ်ချုပ်မှူးကြီးပြောခဲ့သမျှထဲမှာ သမိုင်းတွင်ခဲ့တဲ့စကားပေါ့။ စစ်တန်းလျားပြန်မယ်ဆိုတာ။ အဲဒါနဲ့ပတ်သက်ပြီးတော့
A - သူကအောက်ခြေစစ်သားဘဝကလာတာဆိုတော့ တကယ့်ကိုစစ်သားစစ်စစ်ကြီးပေါ့။ နိုင်ငံေ၇းသမားမဟုတ်ဘူး။ သူ အမြဲပြောလေ့ရှိတယ်။ ငါ့ကွာ ရန်သူ့နယ်မြေမှာ ဘယ်လိုသေမလဲဆိုပြီး နေခဲ့ တိုက်ခဲ့ရတာ။ ဒီလိုအခြေအနေဖြစ်လာ လိမ့်မယ်လို့မတွေးမိပါဘူး။ သမတလည်းမလုပ်ချင်ဘူး။ ဝန်ကြီးချုပ်လည်းမလုပ်ချင်ဘူး။ စစ်သားပဲလုပ်ချင်တယ်။ေ၇ွးကောက်ပွဲပြီးရင်တော့ လုပ်စရာရှိတာလုပ်ပြီး စစ်တန်းလျားပဲပြန်မယ်ကွာတဲ့။ မိန့်ခွန်းတွေထဲမှာလည်းပါ ပါတယ်။ ရုံးမှာလည်းပြောလေ့ရှိတယ်။

Q - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ဘယ်လိုသဘောထားမျိုးရှိခဲ့တယ်လို့အစ်ကိုထင်လဲ။
A - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့သိရသလောက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုပြီး တပ်မတော်ရဲ့မိသားစုဝင်တစ်ယောက်လိုပဲ သဘောထားခဲ့တယ်လို့ကျွန်တော်ထင်တယ်။ ခေါ်တာတောင်မ ကလေးမလေး၊ သူငယ်မလေး ဆိုပြီးပဲခေါ်တာ။ အဲဒီအချိန်တုန်းကဆိုရင် အားလုံးအသိပဲ။ ရွေးကောက်ပွဲကာလ နိုင်ငံတကာဖိအားတွေ ရှိတယ်။ ပြည်တွင်းဖိအားတွေရှိတယ်။ ပါတီတွေနဲ့နိုင်ငံေ၇းအင်အားစုတွေရဲ့ စိန်ခေါ်မှုတွေရှိတယ်။ ပြည်တွင်းထိုးစစ်တွေ ရှိတယ်။ ၉၁ - ၉၂ မှာဆိုရင် ၇ိုဟင်ဂျာပြသနာပေါ်ခဲ့သေးတယ်။ အခုမှပေါ်တာမဟုတ်ဘူး။ အဲဒီတုန်းက ဗိုလ်ချုပ်ဝင်းမြင့်က နမခတိုင်းမှူးပေါ့။ အဲဒီလိုအချိန်မှာဒေါ်စုတို့က တစ်ခုခုလုပ်ပြီဆိုရင် `ဒီသူငယ်မလေးကတော့လုပ်ပြန်ပြီ အလုပ်တော့ရှုတ် ဦးတော့မယ်´ ဆိုပြီးပြောတတ်တယ်။ သူ့မိန့်ခွန်းတစ်ခုထဲမှာလည်းပါတယ်။ `အမိန့်အာဏာဟူသမျှဖီဆန်ကြတဲ့။ သိပ်မှား တယ်။ ကျွန်တော်ကို ပြောခွင့်ပြုပါ။ ကျွန်တော်အာဃာတနဲ့ပြောတာမဟုတ်ဘူးဆိုတာ အစောကြီးကတည်းကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကျွန်တော်ပြောတယ်။ မှန်ပါတယ်။ ဒေါ်ခင်ကြည်ဆုံးတုန်းက အန်ကယ်ရယ်မကြိုက်ရင် မကြိုက်ဘူးပြောပါ။ အဲဒါဆိုရင် ကျွန်တော်အခုပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒါမလုပ်ပါနဲ့။ ၂/၈၈ ကိုလည်း မထိပါနဲ့ဦး။ ၈/၈၈ ကိုလည်းမထိပါနဲ့ဦး။ ပုံနှိပ်ထုတ်ဝေရေးနဲ့ပတ်သက်လို့လည်း ခဏလိုက်နာပါဦး´တဲ့။ ဒါ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောခဲ့တာပါ။ သူ့မှာ ဖိအားတွေအရမ်းများခဲ့ပါတယ်။ အဲဒီဖိအားတွေကြောင့်ပဲ ကျန်းမာရေးထိခိုက်ခဲ့တာပါ။

Q - ဗိုလ်ချုပ်မှူးကြီးကိုအနားပေးလိုက်တာနဲ့ပတ်သက်ပြီး အဲဒီတုန်းက ကောလာဟလတွေအများကြီးထွက်ခဲ့တယ်။ အဲဒီအပေါ်မှာအစ်ကိုသိသလောက်ပြောပြပေးပါဦး။
A - ပြောရမယ်ဆိုရင်တော့ ကျွန်တော့်အမြင်ပေါ့ မှားချင်လည်းမှားနိုင်ပါတယ်။ အဲဒီတုန်းက တပ်ခေါင်းဆောင်တွေကြားမှာ စီးပွားရေးကိစတွေဘာတွေမရှိသေးဘူး။ ငွေရေးကြေးရေးကိစတွေမရှိဘူး။ အပြိုင်အဆိုင်ဆိုတာမရှိဘူး။ သူ့ကိုအားလုံးက လေးလေးစားစားဆက်ဆံကြတယ်။ အကွဲအပြဲဆိုတာ နေရာလုတာ အာဏာလုတာမရှိဘူးလို့ထင်တယ်။ အဓိကအချက်က ဖိအားတွေများပြီး ကျန်းမာရေးထိခိုက်လာခဲ့တယ်။ နောက်ပိုင်းပိုပြီးဆိုးလာတယ်။ Golf တောင်မရိုက်နိုင်တော့ဘူး။ PSO တွေတောင်အိမ်မလာခိုင်းတာ။ ပြီးတော့အမြဲစိတ်တိုနေတတ်တယ်။ ဒါကြောင့်ကျန်းမာရေးအရအနားပေးလိုက်တာပါ။ ဒါအမှန်ပါပဲ။ အနားပေးလိုက်တော့ ကျွန်တော်တို့မျက်ရည်တောင်ကျခဲ့ရတယ်။

Q - အနားပေးလိုက်တဲ့နေ့ကအခြေအနေနဲ့ပတ်သက်ပြီး မှတ်မိသလောက်ပြောလို့ရမလားအစ်ကို။
A - ၁၉၉၂ ခုနှစ်၊ ဧပြီလပေါ့။ သင်္ကြန်၇ုံးပိတ်ရက်တွေမှာ ကျွန်တော်တို့ဗိုလ်ချုပ်မှူးကြီးရဲ့၇ုံးခန်းကိုပြင်ကြ ဆင်ကြပေါ့။ သင်္ကြန်အပြီးမှာ ဗိုလ်ချုပ်မှူးကြီးက၇ုံးမတက်နိုင်တော့ဘူး အဲဒီအချိန်အိမ်မှာ ဆရာဝန်ကအနားယူဖို့ပြောထားလို့။ အနားပေး လိုက်ပြီဆိုတဲ့အမိန့်စာကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ကအိမ်ကိုသွားပေးခဲ့တာလို့သိရတယ်။ ကျွန်တော်တို့၇ုံးအဖွဲ့တွေကိုတော့ စစ်ဆင်ရေးက G1 ကြီး၊ အခုသမတကြီးဦးသိန်းစိန်ပေါ့။ လာပြီးတော့ပြောတယ်။ ရဲဘော်တို့ကိုယ်လုပ်စရာရှိတာဆက်လုပ်ပေါ့။ စစ်သားစစ်သားအလုပ်လုပ်ရမယ်ပေါ့။ နောက်ကျွန်တော်တို့လည်း စစ်ဆင်ရေးဘက်ရောက်၊ အဲဒီကနေ ထလရ နောက် ပင်စင်ယူပြီး အခုတော့ လူမူရေးလုပ်ငန်း၊ ဘာသာရေးလုပ်ငန်းတွေပဲလုပ်တော့တယ်။ အနားပေးပြီးနောက်ပိုင်း ကိုသူရစော နဲ့တွေ့ဖြစ်တာကလွဲလို့ ဗိုလ်ချုပ်မှူးကြီးမိသားစုနဲ့ထပ်မဆုံဖြစ်တော့ဘူး။


နဒီလှိုင်(IR)တွေ့ဆုံမေးမြန်းသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ဟုန်ရှင်းအအေးခန်း စက်ရုံအလုပ်သမားများ သပိတ်စခန်းဖွင့် ဆန္ဒထုတ်ေ
















ရန်ကုန်တိုင်း ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်ရှင်းအအေးခန်း စက်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်သမား ၂၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်နေကြ၍ စက်ရုံတွင်ပြန်ပြီး အလုပ်ဆင်းရန်အတွက် အလုပ်သမား ၁၀၀ ခန့်မှ စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့တွင် ရက်အကန့်အသတ်မရှိ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်ကြသည်။ (ဓါတ်ပုံ - ဟောင်ဆာ)

ဟုန်ရှင်းအလုပ်သမားများသပိတ်စခန်းရုတ်သိမ်းတော့မည်








ရန်ကုန်၊ စက်တင်ဘာ ၂၃

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည် ရုတ်သိမ်းမည်ဖြစ်ကြောင်းသိရသည်။

"အခုအလုပ်သမားတွေကို အလုပ်မရသေးတဲ့ ၃လ ၊ ၅လ ကို နစ်နာကြေးအနေနဲ့ပေးဖို့ရှိတယ်။ သူတို့အလုပ်ရဖို့ကို စက်မှုဇုန်က လုပ်ငန်းရှင်တွေကို လည်း ဒီအလုပ်သမားတွေကို ဦးစားပေးပြီး အလုပ်သမားလိုရင်ခန့်ပေးပါလို့ ပြောဆိုထားတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။

လက်ရှိအချိန်တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် အလုပ်ရှင်ကိုယ် စားလှယ်များ ယင်းလက်မှတ်ရေးထိုးပြီးပါက သပိတ်စခန်းကို ပိတ်သိမ်းရမည်ဖြစ်ကြောင်းသိရသည်။

ယင်းသပိတ်စခန်းကို စက်တင်ဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ဆန္ဒထုတ်ဖော်ခဲ့ပြီး ယနေ့နေ့လည် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုးမင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့က ညှိနှိုင်းပေးခဲ့ကြကြောင်းသိရသည်။

ရန်နိုင်၊ အောင်နိုင်စိုး(ကစ္ဆပ)

ဆလုံလူမျိုးများက ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခြင်းကို မကြိုက်ဟုဆို


ထားဝယ်၊ စက်တင်ဘာ ၂၂

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆလုံ ကျေးရွာများကို သွားရောက် လေ့လာခဲ့ပြီး ဆလုံလူမျိုးများနှင့် တွေ့ဆုံစကား ပြောခဲ့သည့် တွေ့ရှိချက်များအရ ဆလုံ လူမျိုးများသည် ၎င်းတို့ကို ပြတိုက်ထဲ ထည့်သကဲ့သို့ ပြုလုပ်ခံရခြင်းကို မကြိုက်ကြကြောင်း ၎င်းတို့ကို ဘာသာပြန်မှ တစ်ဆင့် တွေ့ဆုံမေးမြန်းခဲ့သူ ဂေဟအခြေခံ သဘာဝ သယံဇာတများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လတ်က ပြောကြားသည်။

ဆလုံလူမျိုးများသည် ၎င်းတို့၏ ထုံးစံအရ သီးသန့် ရှင်သန် ရပ်တည်လိုကြပြီး ၎င်းတို့၏ အကြီးအကဲက အုပ်ချုပ်သည်ကိုသာ လိုလားကြသည်ဟု ပြောကြောင်း ဦးခင်မောင်လတ်က ပြောကြားသည်။
“ရှုပ်ထွေးတဲ့ စီမံခန့်ခွဲမှုတွေကို သူတို့ မကြိုက်ဘူး။ အစိုးရတို့ ဘာတို့နဲ့ သူတို့ တိုက်ရိုက် မဆက်ဆံချင်ဘူး။ အဲလို ဆက်သွယ်ပေးဖို့ ကြားခံ အဖွဲ့အစည်းထားဖို့ကို သူတို့က လိုလားတယ်” ဟု ၎င်းကဆိုသည်။


ဆလုံ လူမျိုးများနှင့် ပတ်သက်၍ အခြားလေ့လာမှုများကိုလည်း ပြုလုပ်နေရာ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအေးက ဆလုံလူမျိုးများ မပျောက်ကွယ်ရေးအတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ဆလုံလူမျိုးများ အနာဂတ်ဘဝ မြှင့်တင်ရေး ကော်မတီ ဖွဲ့စည်းကာ လေ့လာမှုများ ပြုလုပ်နေကြောင်း၊ လုပ်ငန်း စီမံချက်များကိုလည်း တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ထားပြီး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောနှင့် သတ္တုဝန်ကြီး ဦးတင်စိုးက ပြန်လည် ဖြေကြားသည်။

ယင်းကော်မတီသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ နှောင်းပိုင်းက ဆလုံလူမျိုးများ၏ နေထိုင်မှုဘဝနှင့် ကျန်းမာသန်စွမ်းမှု အခြေအနေများကို ကျွန်းစုမျိုးနွယ် အတွင်းရှိ ဆလုံရွာ သုံးရွာတွင် တစ်ပတ်တာ လေ့လာမှု ပြုလုပ်ခဲ့ပြီး လာမည့် ဒီဇင်ဘာလတွင် ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ် အတွင်းရှိ ဆလုံရွာများကို ဂျပန်နိုင်ငံမှ ပညာရှင်များ ပါဝင်သော အဖွဲ့များနှင့်အတူ သွားရောက် လေ့လာမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။
“အဓိက လူနေမှုဘဝ တိုးတက်ဖို့က ကျောင်းနေအရွယ် ဆလုံလူမျိုး ကလေးတွေအားလုံး ကျောင်းကို ရောက်ဖို့ လိုပါတယ်” ဟု ဝန်ကြီး ဦးတင်စိုးက ဆိုသည်။

ဆလုံလူမျိုးများသည် ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး စိတ်ပိုင်းဆိုင်ရာ ကောင်းစွာ ဖွံ့ဖြိုးမှု ရှိခြင်း၊ လူစိမ်းမြင်လျှင် ကြောက်တတ်ခြင်းနှင့် ဆလုံကလေးများသည် သာမန် လူမျိုးများထက် ကျန်းမာသည်ကို တွေ့ရကြောင်း ဝန်ကြီးက ပြောကြားသည်။

ဆလုံလူမျိုးများသည် အမိန့်ပေး စေခိုင်းခြင်း၊ တင်းကျပ်သည့် စည်းကမ်းများ ချမှတ်ခြင်းကို မနှစ်သက်ကြကြောင်းနှင့် အတင်းအကျပ် စေခိုင်းဆောင်ရွက်လျှင် လျင်မြန်စွာ ပြောင်းရွှေ့ တတ်ကြကြောင်း ဝန်ကြီး ဦးတင်စိုးက ပြောကြားသည်။

(Dawei Watch)
The Voice Weekly

ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ


မြတ်သူအောင်| September 23, 2013 | Hits:637

 ခင်လပြည့်ဇော်, မယ်, ဂျွန်လွင်, တရုတ်နိုင်ငံ
စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံ အရိုက်ခံနေတဲ့ ခင်လပြည့်ဇော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။

ရေကူးဝတ်စုံနဲ့ လမ်းလျှောက်ပြခြင်း၊ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်းဟာ သူ့အနေနဲ့ ပွဲမဝင်ခင် အပြင်က ကျင်းပတာဖြစ်ပြီး သူ့ကို ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ စေလွှတ်တဲ့ Star & Model Agency က ဂျွန်လွင်ရဲ့ အစီအစဉ်ဖြစ်တယ်လို့ ခင်လပြည့်ဇော်က ပြောပါတယ်။

“အခု စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံကို ၀တ်ပြတာက နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ရင်တော့ ဒီလိုဝတ်ရမှာပဲလေ။ ညီမက မြန်မာလူမျိုး၊ မြန်မာ မိန်းကလေး တယောက်ပါ။ ကိုယ်ကျင့်တရား၊အရှက်တရားနဲ့ မိန်းကလေးတွေရဲ့ အိနြေ္ဒသိက္ခာ ညီမမှာရှိပါတယ်၊ မြန်မာမိန်းကလေး တယောက်ဆိုတော့ ရှက်တတ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ သွားရောက် ယှဉ်ပြိုင်ဖူးတဲ့ သူတွေအတွက် ဒီလို ၀တ်ဆင်ရတာ မဆန်းပါဘူး။ ညီမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဂျွန်လွင်ရဲ့ Star & Model Agency သင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသူ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ ဂျွန်လွင်ရဲ့ စီစဉ်ပေးမှုကြောင့် တရုတ်နိုင်ငံ Xianning မြို့မှာ ကျင်းပပြုလုပ်မယ့် Miss Tourism Queen International 2013 ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က သွားရောက် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ခင်လပြည့်ဇော် သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ စီစဉ်ခဲ့သူ ဂျွန်လွင်က “ကျနော် ဒီပွဲကိုစီစဉ်ဖြစ်တာက သူတို့က လာကမ်းလှမ်းလို့ပါ။ ကျနော့်ကို လာကမ်းလှမ်းတဲ့ နိုင်ငံတကာပွဲတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မလွှတ်ဖြစ်တာက လူကုန်ကူးမှုတွေ ကလည်း ဖြစ်နေတော့ မယုံကြည်လို့ပါ။ ဒီပွဲကျတော့ ကိုယ်နဲ့လည်းသိကျွမ်းတဲ့သူတွေ၊ လက်တွဲ လုပ်ဖူးတဲ့ သူတွေဆိုတော့ ယုံကြည်ရတယ်လေ။ ဒါကြောင့် လက်ခံပြီး လုပ်ဖြစ်တာပါ” လို့ ဆိုပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် အယောက် ၃၀ ရဲ့ ဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပို့ပေးလိုက်တဲ့ အထဲကမှ သူတို့က ခင်လပြည့်ဇော်ကို ရွေးချယ်ခဲ့တာဖြစ်တယ်၊ ဒီသင်တန်းက မော်ဒယ်လ်တွေကို စာချုပ် ချုပ်ထားပေမယ့် သင်တန်း တာဝန်ရှိသူကို အသိပေးပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရင် ခွင့်ပြုတယ်လို့ သိရပါတယ်။

Star & Model Agency သင်တန်းက မော်ဒယ်လ် တချို့ဟာ စာချုပ်ချုပ်ထားပြီး ဖြစ်ပေမယ့် တာဝန်ရှိသူကို အသိမပေးဘဲ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်တာမျိုးတွေ ရှိတယ်လို့လည်း ဂျွန်လွင်က ပြောပါတယ်။

“ကျနော်က ကိုယ့်သင်တန်းက လူတွေကို စာချုပ်နဲ့ လုပ်ရတာက သူတို့ကို ထိန်းချုပ်ချင်လို့ မဟုတ်ပါဘူး။ စည်းစနစ် ရှိစေချင်တာကြောင့်၊ စည်းလေးတခု ထားတဲ့သဘောပါ။ ဒီလို ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး သွားရတဲ့အတွက် ကျနော်တို့ဘက်က ကျေနပ်ပါတယ်၊ ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး လုပ်တာလည်း ကျနော့်အတွက် ဘာအမြတ်အစွန်းမှ မရပါဘူး၊ နိုင်ငံ့ ဂုဏ်ဆောင် အနေနဲ့ သွားရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်” လို့ ဂျွန်လွင်က ဆိုပါတယ်။

သွားရောက်ယှဉ်ပြိုင်မယ့် ခင်လပြည့်ဇော်က အခုလို ဒီပြိုင်ပွဲကို စေလွှတ်တဲ့ ဂျွန်လွင်ကို ကျေးဇူးတင်ကြောင်း၊ အရွေးချယ် ခံရတဲ့အတွက်လည်း ၀မ်းသာ ဂုဏ်ယူကြောင်း ပြောပါတယ်။

“ဟိုမှာက အောက်တိုဘာ ၃ ရက်နေ့မှာ Final ပွဲကျင်းပမှာပါ။ သွားရောက် ယှဉ်ပြိုင်တဲ့အခါ ညီမကို မြန်မာပရိသတ်တွေက အားပေးပါဦးနော်။ ညီမ နိုင်ငံ ဂုဏ်ကိုဆောင်တဲ့ အမျိုးသမီးတဦး ဖြစ်ချင်ပါတယ်၊ အစွမ်းကုန် ကြိုးစားမှာပါ၊ စိတ်ရော၊လူရော နှစ်ပြီး ကြိုးစားသွားမှာပါ။ ညီမ မြန်မာနိုင်ငံ ပြန်ရောက်ရင်လည်း မီဒီယာက ဆရာ၊ ဆရာမတွေအတွက် အချိန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေ လုပ်ပေးမှာပါ။ ညီမဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အချိန်ပေးပြီး မီဒီယာအတွက် လုပ်ပေးမှာပါ။ ဆရာ ဂျွန်ကလည်း ညီမကို ဘာမှမချုပ်ချယ် ထားပါဘူး၊ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်တဲ့ သူတဦး ဖြစ်ချင်ပါတယ်” သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ပရိသတ်တွေ အနေနဲ့ Miss Tourism Queen International 2013 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် Miss Khin La Pyae Zaw ကို facebook စာမျက်နှာမှာ ၀င်ရောက်ကြည့်ရှုပြီး Like လုပ်နိုင်ကြောင်း သိရပါတယ်။
ဧရာဝတီ

မြို့တော်စည်ပင်ကား တံတားကျိုးပြီးပြုတ်ကျ၊ချိန်းတွေ့ သည့်စုံတွဲများအိမ်ပြန်ရန် အခက်ကြုံ


ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္မာနဂိုကနွားကြီးပေါင်ကြိုးတာဘာဆိုင်သလဲ ဆိုတာလိုပါပဲ။
စည်ပင်ကားမောင်းလို့ တံတားကြိုးတာနဲ့ ပန်းခြံထဲကစုံတွဲတွေ အိမ်ပြန်ခက်တာကတော့ ဖြင့် တောင်ငူမှာ ဒီနေ့ မနက်ဖြစ်ခဲ့ပါတယ်။သတင်းလေးဖတ်ကြည့်ကြပါဦး။

မြို့တော်စည်ပင်ကား တံတားကျိုးပြီးပြုတ်ကျ
စက်တင်ဘာ(၂၂)

တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကန်တော်ကြီးပန်းခြံအတွင်းသို့ဝင်သည့် တံတားပေါ်တွင် စက်တင်ဘာ ၂၂ ရက် နံနက် ၁၁း၁၅ နာရီခန့်က ပန်းခြံအတွင်းပန်းအိုးများ သယ်ဆောင်စဉ်ပြန်အထွက်တွင် ယခင်စည်သာ ယာရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သော တံတားကျိုးကာပြုတ်ကျခဲ့သည်။

မော်တော်ယာဉ်မောင်းသူ ကတော့ ကိုအောင်ကျော်စိုး (၃၁)နှစ်၊ (ဘ)ဦးတင်မွှေး၊ ယာဉ်မောင်း(၅) တောင်ငူမြို့နယ် စည်ပင်သာ ယာရေးဦးစီးဌာကလို့သိရပါတယ်။

သည်ကြားထဲမှာ အခက်ကြုံနေရသည်က ပန်းခြံအတွင်းရောက်ရှိနေတဲ့ စုံတွဲလေးများမှာတော့ လူကတော့ သစ်သားတုံးပေါ်မှ ကျော်ခွပြီး အပြင်ပြန်ထွက်နိုင်ပေမယ့် ပန်းခြံတွင်းရောက်နေတဲ့ ဆိုင်ကယ်အပြင် ထုတ်မရသည့် ပြဿနာကြုံနေရတယ်။

Posted From တောင်ငူသတင်းပုံရိပ်များ

မိချောင်းကန်အပိုင်း၁၊၂၊၃ မှ ပြည်သူများ ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်





ရန်ကုန် စက်တင်ဘာ ၂၃

တပ်မြေအဖြစ် မတရားသိမ်းဆည်းထားသည်ဟု ဆိုကာ မိချောင်းကန် အပိုင်း ၁၊၂၊၃ မှ ပြည်သူများ ယနေ့နေ့လည် ၂နာရီတွင် လူဦးရေ ၂၀၀ ခန့် ကမဟာဗန္ဓုပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ယနေ့ နံနက်တွင်လည်း သင်္ကန်းကျွန်းမြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။


ယခု ဆန္ဒဖော်ထုတ်ပွဲမှာ ယနေ့တွင် နှစ်ကြိမ်မြောက်ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်နိုင် ၊ အောင်နိုင်စိုး ( ကစ္ဆပ )

၂၀၀၈ အခြေခံဥပဒေ တဖက်သတ်ဖြစ်နေ၍ ပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


လင်းသန့်| September 23, 201

 ၂၀၀၈ အခြေခံဥပဒေ တဖက်သတ်ဖြစ်နေ၍ ပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ဒေါ်အောင်ဆန်းစုကြည် နှင့် စင်ကာပူ သမ္မတ မစ္စတာ Tony Tan Keng Yam (ဓာတ်ပုံ – စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ယိုး တွစ်တာမှ)
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တဖက်သတ် ရေးဆွဲ၍ ပြုပြင် ပြောင်းလဲခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

“ပိုလန်၊ ဟန်ဂေရီ၊ ချက်ပေါ့နော်။ သူတို့နိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲရေးကို ၂ ဦး ၂ ဖက်၊ ၂ ဦး ၂ ဖက်ဆိုတာက အတိုက် အခံနဲ့ အရင်တုန်းက အာဏာရှင် အစိုးရဘက်နဲ့က သဘောတူညီမှု ယူပြီးတော့ ဆွေးနွေးပြီးတော့မှ လုပ်တဲ့ပြုပြင် ပြောင်း လဲ ရေး ဖြစ်တယ်။ အခု ကျမတို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဆိုတာဟာ တဖက်သတ် ဆုံးဖြတ်ပြီး လုပ်တဲ့ ပြုပြင် ပြောင်းလဲ ရေး ဖြစ်တယ်။ အဲဒါဟာ မတူဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စင်ကာပူ ခရီးစဉ်အတွင်း Resort World Sentosa ၌ ယမန်နေ့က မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီ နိုင်ငံတွေမှာ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အတိုက်အခံနဲ့ အရင်တုန်း က အာဏာရှင် အစိုးရများကြားထဲမှာ သဘောတူညီမှု ယူပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုး၊ အခု ကျမတို့ နိုင်ငံမှာ ရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကျမတို့ ပြည်သူက ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေ မဖြစ်စလောက် ကလေးနဲ့ ဟို အာ ဏာ ရှင် အစိုးရကနေပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ”ဟု ပြောသည်။

သို့အတွက် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်မှသာဖြစ်မည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်း ပြောဆိုသည်။

“ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းမှ ကျမတို့ နိုင်ငံဟာ တ ကယ့် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်မယ်။ ဒီမိုကရေစီနိုင်ငံဖြစ်မှ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အကာအကွယ် ပေးနိုင်မှာပါ” ဟု သူက ဆိုသည်။

အကယ်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်မှု မရှိပါက မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကျမ တို့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ရဖို့လည်း အင်မတန်မှ ခက်ပါလိမ့်မယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တကယ့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်မြောက်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါလို့ သေသေချာချာ ပြောပါရစေ”ဟု ၎င်းက ဆို သည်။

သို့သော် ယခု ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အဘက်ဘက်နှင့် ညှိနှိုင်း၍ လုပ်ဆောင်ရာတွင် အဆင်ပြေမည်ဟု မျှော်လင့် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။
မကြာသေးခင်က ရခိုင်ပြည်နယ် အပါအ၀င် မြန်မာနိုင်ငံမြို့ကြီးတချို့တွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများနှင့် ပတ်သက်၍ အာဆီယံ အဖွဲ့အနေဖြင့်လည်း ပြဿနာ၏ ဇစ်မြစ်ကို သေချာသိရန် လိုအပ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီးညီလာခံတွင် တိုက်တွန်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူ သမ္မတ မစ္စတာ Tony Tan Keng Yam နှင့် ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းတို့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာများကို အားပေး ထောက်ခံ ကူညီရေးအတွက် ယနေ့ နံနက်ပိုင်းက ဆွေးနွေးခဲ့ကြောင်း စင်ကာပူ အခြေစိုက် Channel News Asia သတင်းများတွင် ဖော်ပြသည်။

စနေနေ့က ကျင်းပခဲ့သည့် စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပြုပြင်ပြောင်းလဲမှု အတွက် နိုင်ငံတကာမှ ၀ိုင်းဝန်း ပံ့ပိုး ကူညီကြစေလိုကြောင်းလည်း တိုက်တွန်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် လက်ရှိ အနေအထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရန် ထိုင်စောင့်နေသည်ဟု ထင်မြင်ကြောင်း၊ ပွင့်လင်းမြင်သာသည့် နိုင်ငံတော် စီမံကိန်းများ ရှိရန်လိုကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါ်ထွက်ခဲ့သော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်ထားသကဲ့သို့ စုပြုံ ၀င်ရောက်လာမှု မရှိသေးကြောင်း၊ စိုးရိမ်မှုတချို့ ရှိ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြသည်။

“တရား ဥပဒေ စိုးမိုးရေး အပေါ်မှာ ယုံကြည်မှု မရှိလို့”ဟု သူက ဆိုသည်။

ထို့အပြင် အခြေခံ အဆောက်အအုံဆိုင်ရာ အားနည်းချက်များကြောင့်လည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ် ၀င်စားမှု နည်းကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် လက်ရှိ ရင်းနှီး မြှုပ်နှံမှုများလည်း ဆက်လက်ရှိနေသင့်ပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။

တာဝန်သိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ရေးကိစ္စသည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် အဓိက တည်မီကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ ထိပ်သီးဆွေးနွေးပွဲတွင် ပြောဆိုသည်။

Singapore Management University (SMU) တက္ကသိုလ်၌ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်မှု စိတ်နေ စိတ်ထား ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ခေါင်းဆောင်မှုကောင်းသည် အမြဲတမ်း လူကြိုက်များမှု မရှိကြောင်း၊ အမျိုးသား ပြန် လည် သင့်မြတ်ရေးသည် နိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် အရေးကြီးကြောင်း ပြောသည်။

ထို့အပြင် မြန်မာတပ်မတော်နှင့် ဒီမိုကရေစီ အင်အားစုများအကြား၊ မတူညီသည့် လူ့ အဖွဲ့အစည်းများ အချင်းချင်း၊ ခေါင်း ဆောင်များ အချင်းချင်းကြား သင့်မြတ်ရေး လိုအပ်ကြောင်းလည်း ဟောပြောသည်။

“အစိုးရဟာ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက်၊ နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရအတွက် မဟုတ်ဘူးဆိုတာဟာ ကျမ တို့ လိုအပ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တခုပါ”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ပြောသည်။

စင်ကာပူနိုင်ငံခရီးစဉ် စတုတ္တနေ့ဖြစ်သော ယနေ့ ညနေပိုင်းတွင် ဒေါ်အောင်းဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ ခရီးစဉ်အား မနက်ဖြန် မနက်ပိုင်းတွင် အဆုံးသတ်ကာ စင်ကာပူမှ မြန်မာ နိုင်ငံ သို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

ဧရာဝတီ

ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

ယောက်ျားဖြစ်သူ ဘောလုံးပွဲကြည့်သည် ကိစ္စဖြင့် စကားများကြပြီး ဇနီးဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့မှု တစ်ခု စက်တင်ဘာ ၂၀ ရက်က လှည်းကူးမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ လှည်းကူးမြို့နယ် စစ်ပင်ရွာရှိ လယ်တဲတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ အသက်(၂၁) နှစ်အရွယ် မ ----- ဆိုသူ လယ်စားရင်းငှား တစ်ဦး ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

၎င်းသည် နေအိမ်တဲအတွင်း အမြင့်(၉) ပေခန့်ရှိ ခေါင်မိုးဝါးတန်းတွင် အရှည်(၁၈) ပေ၊ လက်သန်းလုံးခန့် အစိမ်းရောင် နွားချည်သည့် ပလစ်စတစ် ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးနေသည်ကို ရဲတပ်ဖွဲ့တွေ့ရှိခဲ့သည်ဟု ဆိုထားသည်။

ယင်းသေဆုံးမှုနှင့် ပတ်သက်ပြီး ပက်ဝန်းကျင်ကို စစ်ဆေးရာတွင်လည်း ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် ဘောလုံးပွဲကြည့်သည့် ကိစ္စဖြင့် ရန်ဖြစ် စကားများခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် ခင်းပွန်းဖြစ်သူမှာ ညနေ ၃ နာရီ အချိန်တွင် ဘောလုံးပွဲကြည့်ရန်
ရွာထဲသို့ ထွက်သွားပြီး ည ၈ နာရီခွဲ အချိန် နေအိမ်သို့ ပြန်ရောက်စဉ်တွင် ဇနီးဖြစ်သူအား ဆွဲကြိုးချ သေဆုံးနေလျက် တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆို ထားသည်။

သေဆုံးသူ၏ တဲအတွင်းတွင်လည်း “အစ်ကိုကြီး သက်ကို မချစ်တော့ဘူး” ဟု ရေးသားထားသော စာရွက်ပိုင်းတစ်ခုကို တွေ့ရှိခဲ့ရသည်ဟု ရဲဌာနက ဖော်ပြထားသည်။

ထို့ကြောင့် အလောင်းအား လှည်းကူးဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၆၈ ဖြင့် လက်ခံထားရှိပြီး ဓမ္မတာတိုင်း သေဆုံးခြင်း ဟုတ်မ ဟုတ် စစ်ဆေးနိုင်ရန် လှည်းကူးမြို့နယ်၊ ဒါးပိန်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်မင်းဦးက သေမှုသေခင်းရေးဖွင့်ထားသည်။

အဆိုပါအမှုကို ရဲစခန်းသေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၃ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သိရသည်။

ယင်းနေ့တွင်ပင် နေရပ်လိပ်စာ အတည်တကျမရှိသူ တစ်ဦး သေဆုံးခဲ့မှုတစ်ခု သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင်လည်း သေမှုသေခင်းပေါင်း လေးမှုအထိ ဖြစ်ပွားထားသည်ကို တိုင်းရဲဌာန၏ မှုခင်းမှတ်တမ်း များအရ သိရသည်။

ယင်းသေမှုသေခင်း လေးမှုမှာ အရက်သေစာ သောက်စားထားပြီး အားအင်ချိနဲ့ သေဆုံးမှုသုံးမှုနှင့် ဓါတ်လိုက်သေဆုံးမှု တစ်ခုတို့ ဖြစ်သည်။
Mizzima - News in Burmese

Star Model Int’L နှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ခင်ဝင့်ဝါက ငွေကျပ်သိန်း ၃၀ ပေးဆောင်၍ ရုပ်သိမ်း


Miss Supranational ပြိုင်ပွဲတွင် ဆု လေးဆုဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါသည် Star model Int’l နှင့် ချုပ်ဆိုထားသည့် စာချုပ်ပါ စည်းကမ်းချက်အချို့ကို
ဖောက်ဖျက်ခဲ့သဖြင့် ငွေကျပ် သိန်း ၃၀ လျော်ကြေး ပေးအပ်၍ ရုပ်သိမ်းလိုက်ကြောင်း ခင်ဝင့်ဝါက မဇ္ဈိမသို့ပြောကြားလိုက်သည်။

ထို့အတွက်ကြောင့် ခင်ဝင့်ဝါအနေဖြင့် Miss Supranational Myanmar Organization ဖြင့် ချုပ်ဆိုထားသည့်အတိုင်း တစ်နှစ်တာ လုပ်ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုလိုက်သည်။

“သမီး Star မော်ဒယ်လ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အတွက် လျော်ကြေးငွေကို ဒီလလယ်မှာ Miss Supranational Myanmar Organization က ပြုလုပ်တဲ့ အနုပညာလုပ်ငန်းတွေမှာပဲဆက်ပြီး အလုပ်တွေ လုပ်သွားမှာပါ၊ ဆရာဂျွန်လွင်နဲ့ ဘာမှတော့ ပြဿနာမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ”ဟု ခင်ဝင့်ဝါက ပြောသည်။

ခင်ဝင့်ဝါသည် Star Model int’l တွင် ၂၀၁၂ ဇွန်၊ ဇူလိုင်လတွင် စတင်ပြီး သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးချိန်တွင် ခင်ဝင့်ဝါက ၎င်းအေဂျင်စီနှင့် ငါးနှစ်တာ အနုပညာအလုပ်များကို အတူတကွ လုပ်ကိုင်မည့် စာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စာချုပ်အား ပယ်ဖျက်ခြင်းအပေါ် Star Model int’l မှ ဂျွန်လွင်က ““အခု အချိန်မှာ မပြေလည်စရာ အကြောင်း မရှိပါဘူး။ သူလည်း သူ့အလုပ် သူလုပ်နေတာပါ။ ကျွန်တော်တို့ အေဂျင်စီအနေနဲ့ ကလေးတွေကို လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးထားတယ်၊ စာချုပ်ချုပ်ထားပေမယ့်လည်း သူတို့တွေ အလုပ်လုပ်ခွင့် ရနေမှာပါ။ ပြည်ပကို သွားပြိုင်ကြတဲ့ သူတွေအနေနဲ့ ပို့ပေးတဲ့ organizer တွေက အကျိုးမြတ်လိုလို့ လွှတ်ပေးတာလား။ စေတနာနဲ့ လွှတ်ပေးတာလား ဆိုတာကို သိရမှာပါ။ စာချုပ်ဆိုတာက စည်းနဲ့ဘောင်နဲ့ အလုပ်လုပ်ဖို့အတွက် လုပ်ထားတာပါ။ အကျိုးအမြတ်အတွက် မဟုတ်ပါဘူး။ စာချုပ်အတိုင်း တကယ်ပေးလျော်ရမယ်ဆိုရင် ဟိုဘက်ကို သိန်းတစ်ထောင်လျော်ရမှာ ကိုယ့်ဘက်က သိန်း ၃၀ ပဲ လျော်ရမှာဆိုတော့ ဘယ်ဘက်ကို
လျော်မလဲဆိုတာကို စဉ်းစားကြည့်ပါ။ သူ့အနေနဲ့ ဟိုဘက်ကို စာချုပ်ချုပ်ထားတော့ အခက်အခဲဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ငါးနှစ် စာချုပ် ချုပ်ထားပေမယ့် သိန်းကျပ် ၃၀ သတ်မှတ်ပြီး စာချုပ်ကို ဖျက်ပေးခဲ့တာပါ”ဟု ပြောသည်။

Mizzima - News in Burmese

iPhone 5S လက်ဗွေစနစ် ဟက်ကာတို့ ဖောက်နိုင်ပြီ


ဂျာမနီနိုင်ငံ ဘာလင်မြို့ အခြေဆိုက် Chaos Computer Club (CCC) လို့အမည်ရတဲ့ ဟက်ကာအဖွဲ့ဟာ iPhone 5S နဲ့ Touch ID fingerprint Scanner ကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 


ဖောက်တယ်ဆိုလို့ ဝက်အူရစ်၊မူလီတို့နဲ့ ဖောက်တာ ကို ပြောတာမဟုတ် ပါဘူး။ လက်ဗွေ အတုနဲ့ ဖုန်း လုံခြုံရေး စနစ်ကို ကျော်ဖြတ်တာ ဖြစ်ပါတယ်။ သူတို့ ရှင်းပြထားချက်က ဒီလိုပါ။ iPhone 5S မှာ ထူးခြားသွားတဲ့ လုံခြုံရေး စနစ်က အရည်အသွေးပိုကောင်းတဲ့ High resoulution ဓာတ်ပုံ ကိုရိုက်ကူး သိမ်းဆည်းထားခြင်းသာ ဖြစ်ပြီး ယင်းကဲ့သို့ အလားတူ ဓာတ်ပုံကို ဖန်တီးနိုင်ရင် အလွယ်တကူ ဖောက်ဝင်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့  လက်ဗွေ မူရင်းကို ၂၄၀၀ dpi အရည်အသွေး ရရှိဖို့လိုအပ်တယ်။ ပြီးရင် ယင်းလက်ဗွေကို Laser printer နဲ့ 1200 dpi အထိ အနိမ့်ဆုံးအရည် အသွေးနဲ့ ပြန်လည်ထုတ်လိုက်နိုင်ရင် iPhone 5S ပေါ်မှာ အသုံးပြုလို့ ရသွားပါပြီ။

လေဆာနဲ့ Print လုပ်ထား တဲ့ ယင်း လက်ဗွေ အခွံကို လက်ထိပ်မှာကပ်ပြီး ဖိဖွင့်လိုက်ရုံပဲ ဖြစ်ပါတယယ်။ ပိုပြီး ရှင်းလင်း သွားအောင် အောက်ပါ ဗီဒီယိုကို လေ့လာကြည့်ရှု နိုင်ပါတယ်။




ဒီအတွက် ဆုချဖို့ ကြေညာထားတဲ့ ဟက်ကာအဖွဲ့အစည်းများ ကို ပြန်လည် စစ်ဆေးမှု ပြုလုပ်နေပါပြီ။ တကယ်မှန်တယ်ဆိုရင် ဆုကြေးငွေ အတော်လေးရမယ့် ဖောက်ထွင်းမှုကြီးပါ။ Apple ရဲ့  iPhone 5S ကို ဖြန့်ဖြူး ရောင်းချတဲ့ ရက်ပိုင်းအတွင်းမှာပဲ Hack လုပ်နိုင်ကြောင်း Claim လုပ်ကြတဲ့ အဖွဲ့အစည်းနဲ့ Individual တွေ များနေပါပြီ။ Apple က ဘယ်လိုတုန့်ပြန်ပြောဆိုမယ် ဆိုတာကိုလည်း စောင့်ဆိုင်းနားစွင့်လျက် ရှိကြကြောင်း သိရပါတယ်။
.
Ref:mashable

အောင်ခမ်း (TSJ Team)

အခြား Iphone သတင်းများ >> iphone သတင်း

ဆယ်ကျော်သက် ၀က်ခြံ ပြဿနာ


အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ့ အလှဖျတ် တဲ့
ဝက်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ
ပေါက်တယ်ပါတယ်။

ဝက်ခြံဖြစ်စေသော အကြောင်းအရာများမှာ

၁။ အဆီအစိမ့်အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက်အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန့် များ စားခြင်း

ဝက်ခြံ ပေါက်သော သူများအနေဲ့ အသား စားတာထက် အသီးအရွက် များ ကို
အလေးပေးစားသင့်ပါတယ်။ တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး အရည်ရွမ်းသော အသီးများများ စားပေးရပါမယ်။
အသင့်စား သစ်သီးဖျော်ရည် ဗူး များ ကို ရှောင်ပါ။
တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော့ပါးလာမှာပါ။
ဝက်ခြံထွက်လာရင် လဲ မမှည့်ခင်လက်နဲ့လျှောက်ဆိတ်တာ တို့ ညှစ်တာတို့ မလုပ်ရပါဘူး။
ဝက်ခြံ တခု ဆိုတာ အသားထဲမှာ အမြစ်တယ်နေတဲ့ အဖြူရောင် အမြစ် (gland) ကလေး
ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ့ညှစ်ထုတ်ဖို့ အင်မတန်မှ ခက်ခဲပြီး
နာကျင်လှပါတယ်။

အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ်က အထဲ မှာ ပုပ် ပြီး ၀က်ခြံ
အထက်မှ အေ၇ပြား တွေရောင် ပြီး တော်ရုံနဲ့ မမှည့်တော့ပါဘူး။ နောက်ဆုံးပြည်တည်ပြီး
မှည့်လာလို့ ညှစ်ပြီးသွားရင် အချိုင့်အခွက်အနာရွက် ကျန်ခဲ့ပြီး အင်မတန်မှ
အကျည်းတန်စေပါတယ်။ အမာရွက်ပျောက်ဆေးတွေရှိပေမယ့် မထိရောက် နိုင်ပါဘူး။
ဒါကြောင့် ၀က်ခြံပေါက်တဲ့ အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ့ ကုသနိုင်တဲ့
နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လိမ္မော်သီး အခွံ

လိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင့် ၀က်ခြံ
ပေါ်လိမ်းပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ့အပြင် ကြက်သွန်ဖြူ ကို
တရက် ၃ဥလောက် ၁လလောက် မှန်မှန်စားကြည့်ပါ။

၃။ နံနံပင် ၊ နနွင်း

နံနံပင် ထောင်းလို့ရတဲ့ အရည် လက်ဖက်ရည် တဇွန်းနဲ့ နနွင်း အနည်းငယ်ရောပြီးတော့လဲ
ဝက်ခြံ ပေါ် လူးနိုင်ပါတယ်။

၎။ သခွားသီး

ဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက်
ကြာအောာင်နေ့စဉ် ပွတ်ပေးပါ။

credit to >> မွေးနေ့ ဆုမွန်
သဘာဝရဲ့အားအင်


လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်


လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ

နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

တရားထိုင်ပါ

နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ

လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။

ရေအေးအေးနှင့် ချိုးပါ

ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။

အရက်ကို ထိန်းချုပ်သောက်ပါ

စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။

အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ

အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။

ရေအေးအေးသောက်ပါ

ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။

အပူအစပ် စားပါ

အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။

မတ်တတ်ရပ်ပါ

အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။

ကော်ဖီသောက်ပါ

ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။

အသက်ရှူလေ့ကျင့်ပါ

အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
By Good Health
  REF: ရိုးရာလေး


နိုင်ရိုဘီက ကုန်တိုက်ကို စစ်သွေးကြွတွေ ဆက်လက် ထိန်းထားဆဲ






အကြမ်းဖက်သမားတွေ ဝင်စီးထားတဲ့ ကင်ညာနိုင်ငံ နိုင်ရိုဘီမြိုက Westgate ကုန်တိုက် ကနေ မီးခိုးလုံး အမဲကြီးတွေ ထွက်လာ နေတာ ကို တွေ့နေရပါတယ်။

စစ်သွေးကြွတွေဟာ ကုန်တိုက် ထဲကို စနေနေ့က ဝင်စီးခဲ့တာ ဖြစ်ပြီး၊ လူ အတော်များများကိုလည်း ဓားစာခံတွေ အဖြစ် ဖမ်းဆီး ထိန်းသိမ် ထားဆဲ ဖြစ်ပါတယ်။

သေနတ်သံတွေကိုလည်း အဆက်မပြတ် ကြားနေရပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ကုန်တိုက်ဆီ ကို ပြေးလွှားသွားနေကြပါတယ်။

ကင်ညာ ပြည်ထဲရေး ဝန်ကြီး ဂျိုးဇက် အော်လေ လန်ကူ က အဆောက် အဦးထဲက ဓားစာခံ အကုန်နီးပါးကို ကယ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး ဓားစာခံ အနည်းငယ်သာ အထဲမှာ ကျန်နေတယ်လို့ ပြောပါတယ်။

စစ်သွေးကြွ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီလို့ သူက ပြောပါတယ်။

ကင်ညာ ကြက်ခြေနီ အဖွဲ့က အနည်းဆုံး လူ ၆၉ ဦး သေဆုံးသွားခဲ့ပြီ လို့ အစောပိုင်းတုန်း က ပြောပေမယ့် ပြည်ထဲရေး ဝန်ကြီး ကတော့ စုစုပေါင်း ၆၂ ဦးသာ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
BBC Burmese

ရန်ကုန်မြို့ကဆိုင်တချို့မှာ iphone 5c နဲ့ 5s ကို လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဝယ်ယူနိုင်တော့ည်

 ရန်ကုန်မြို့ကဆိုင်တချို့မှာ iphone 5c နဲ့ 5s ကို လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဒေါ်နေရီရီက ပေးပို့ထားပါတယ်။ ရိုက်ကူး-ကိုခန့်၊ ဖိုးကျော်

DVB

ကာမစိတ်ကြွ ဆေးဝါးများဖမ်းဆီးရမိ



၂၃.၉.၂၀၁၃ ရက်နေ့ ၀၃၃၀ အချိန်တာမွေမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကာမစိတ်ကြွဆေးများရောင်းချနေကြောင်း
သတင်းအရ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ သမိန်ပရမ်းလမ်း ပလက်ဖေါင်းပေါ်ရှိ မြင့်လှိုင်၊ တာမွေကြီး(က/ဂ)ရပ်ကွက်နေသူ၏
ဆေးဆိုင်အား ရှာဖွေရာ သစ်သားခေါက်ဗန်းအတွင်း ကာမစိတ်ကြွ
ဟော်မုန်း ဆေးများဖြစ်သည့် GOOD MAN ၊ ANPHAMALEPLUS ၊
MAX MAN ၊ VIAGRA ၊ MIRBEAN ၊ PIOTIN ၊ GREEN MAGRA ၊
MASTIGRA ၊PLANT VIGRA ၊ KING BOSS တံဆိပ်များပါဆေဗူးများ၊
DR-X-100 ၊ MCC ၊ CAVERTA တံဆိပ်များပါဆေးကဒ်များ၊
STRONG POWER ၊ BGNTLEY ၊ BLACK DIAMOND တံဆိပ်များပါ
ဆေးထုပ်များ၊ BLACKANT တံဆိပ်ပါဆေးတောင့်များနှင့်ဆေးပစ္စည်းများ
ရောင်းချရရှိသည့်ငွေကျပ် (၉၀၀၀)တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တာမွေမြို့မရဲစခန်း(ပ)၄၁၄/၂၀၁၃၊အမျိုးသားဆေးဝါးပုဒ်မ ၁၈ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရုပ်မြင်သံကြား အစီအစဉ်များတွင် ပါဝင်ချင်သောကြောင့် မိမိကိုယ်ကိုယ် သတ်သေ


ချန်လန် ဆိုသူသည် ငယ်ရွယ်စဉ် ကတည်းက အလွန်ဝါသနာ ပါသော အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ရုပ်မြင်သံကြား များတွင် မင်းသားများကို ထုတ်လွှင့်ပြသ ပေးသကဲ့သို့ မိမိ၏ ရုပ်ကိုလည်း မြင်တွေ့ရရန် ဖြစ်ပါတယ်။ တကယ်တော့ မင်းသားဖြစ်ချင် တယ်ဆိုပါတော့။

 ၎င်းဟာ သူ၏ ဝါသနာကို ဘယ်လိုမှ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ခြင်း မရှိပါဘူး။ နှစ်တွေ အတော်ကြာ စဉ်းစား ခဲ့ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ မိမိကိုယ်ကိုယ် သတ်သေတဲ့ ပုံကို ဗီဒီယို ရိုက်ခဲ့တယ် ဆိုပါတော့။

 ဒါကြောင့် သူ၏ ဗီဒီယိုဟာ ရုပ်မြင်သံကြားတွင် သာမက အွန်လိုင်း မဂ္ဂဇင်း စေသာ နေရာများကိုပါ ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ ကံဆိုးတာက သူဖြစ်ချင်တာကို ဖြစ်သွားခဲ့ပေမယ့် သူကိုယ်တိုင် မကြည့်ရှုနိုင်ခဲ့တာပါ။

 သူ၏ သေတမ်းစာမှာ အခုလို ရေးသာထားတာကို တွေ့ရပါတယ်။ " ကျွန်တော် ငယ်စဉ်ကတည်းက နာမည် ကျော်ကြားတဲ့ မင်းသားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် မဖြစ်နိုင်တော့ပါဘူး။ အခု ကျွန်တော် ဗီဒီယိုမှာ သေချာစွာ သရုပ်ဆောင် မပြသ နိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါ " လို့ ဆိုပါတယ်။

TDM
REF:Kachin Daily News

ဆံပင်ဆေးဆိုး လိုသူတို့ အတွက် ဆံကေသာ ပညာရှင်တို့ ၏ အကြံပြုချက်များ

Swesone

သန္ဓေတားဆေး မှီဝဲခြင်း ကြောင့် အမြင်အာရုံ ထိခိုက်သွားသည့် အလှမယ်

Swe sone

ဘောင်းဘီတို ၀တ်ဆင်ခြင်း မှာ သရုပ်ပျက်လွန်းကြောင်း သမီးကို ဆုံးမလိုသဖြင့် ဖခင်က ညစာစားပွဲသို့ အမျိုးသမီး ၀တ်ဘောင်ဘီတိုဖြင့် တက်ရောက်ခဲ့

Swesone

တန်းဖိုးသင့်အိမ်ရာများ ရောင်းချရာတွင် လက်ထပ်ပြီးစ လူငယ်များအတွက် ဦးစားပေးမည့် ဥပဒေရေးဆွဲတင်ပြမည်




တန်းဖိုးသင့်အိမ်ရာများ ရောင်းချရာတွင် လက်ထပ်ပြီးစ လူငယ်များအတွက် ဦးစားပေးမည့် ဥပဒေရေးဆွဲတင်ပြမည်

အစိုးရ လက်ရှိဆောက်လုပ်နေသည့် တန်ဖိုးသင့်တင့်အိမ်ရာများ ရောင်းချရာတွင် အဂတိလိုက်စားမှုမှ ကာကွယ်ကာ လက်ထပ် ပြီးစ လူငယ်များနှင့် အမှန်တကယ် လိုအပ် သူများကိုသာ ရောင်းချပေးမည့် ဥပဒေတစ် ရပ်ရေးဆွဲတင်ပြမည်ဟု ရန်ကုန်တိုင်း၊ ဗဟန်း မြို့နယ်မှ တိုင်းအမတ်ဒေါက်တာ ညိုညိုသင်း က ပြောဆိုလိုက်သည်။


''အစိုးရကို အားကိုးလို့ မရဘူး။ မြန်မာ တွေရဲ့ ထုံးစံအရ ပိုက်ဆံရှိတဲ့သူတွေက ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲ တကယ်လိုအပ်တဲ့ သူတွေကိုသာ ရောင်းဖို့ ဒီဥပဒေထဲ ထည့်ဆွဲမှာပါ'' မဇ္ဈိမကို ပြောသည်။


အိမ်ယာများအတွက် ဥပဒေတစ်ရပ်ရေး ဆွဲရန် အစိုးရကိုတိုက်တွန်းသည့် အဆိုကို စက်တင်ဘာ၁၈ရက်ကပြုလုပ်သည့် ရန်ကုန် တိုင်းလွှတ်တော်တွင် ဒေါက်တာညိုညိုသင်း ကတင်ပြထားသော်လည်း ''ကိုယ်တိုင်ရေး ဆွဲပြဋ္ဌာန်းပြီးတော့ လွှတ်တော်ကို တင်သွင်း လို့ရှိရင်တော့ အစိုးရကို ရေးဆွဲခိုင်းပြီး လွှတ် တော်ကို တင်သွင်းခိုင်းတာထက် ပိုပြီးတော့ မြန်ဆန်မယ်''ဟုဆိုကာ အဆိုကို ပြန်ရုပ်သိမ်းခဲ့သည်။



''ကျွန်မတို့ တိုင်းပြည်မှာက ပြဿနာတစ်ခုရှိပါတယ်။ မူကတော့ အမြဲတမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီမူတွေကို အကောင်အထည် ဖေယ်တဲ့လူတွေကတော့ ခေတ်အဆက်ဆက်ဆက် မကောင်းကြတာများပါတယ်ရှင့်။ မ ကောင်းတဲ့သူတွေကို ထိန်းကျောင်းဖို့ ဆိုတာ ကျွန်မတို့က ဥပဒေဆိုတာလိုပါတယ်''ဟု ဒေါ် ညိုညိုသင်းက လွှတ်တော်တွင် ပြောဆိုသည်။


ကိုယ်တိုင်ရေးဆွဲမည့် ဥပဒေတွင် အိမ်မရှိသေးသည့် လက်ထပ်ပြီးစ လူငယ်စုံတွဲ များနှင့် သား၊သမီးများပြီး အိမ် မရှိသေးသည့်အိမ်ထောင်သည်များကို ဦးစားပေးရောင်း ချနိုင်ရန် ဥပဒေတွင် ထည့်သွင်းရေးဆွဲမည် ဟုလည်း သူက ဆိုသည်။



ထိုဥပဒေကို နောက်တစ်ကြိမ်ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြမည်ဖြစ်ပြီး ''အစိုးရက သဘောတူ မတူတော့ မသိဘူးပေါ့။ ဒါပေမဲ့ မတူလောက်ဘူးဆိုပြီး ဒီအတိုင်းနေလို့လည်းမဖြစ်ဘူးလေ'' ဟု ဒေါ် ညိုညိုသင်းက ပြောသည်။


ဥပဒေတွင် ပြည်သူများဘက်မှ စိတ်ချယုံကြည်သည့် အိမ်ရာရောင်းချရေးကော်မ တီတစ်ရပ်ကို ဖွဲ့စည်းထားမည်ဖြစ်ပြီး ထို ကော်တီက ရောင်းချမည့် ထိုအိမ်ရာများကို ပိုင်ဆိုင်ခွင့်မရှိစေရန် ပြဋ္ဌာန်းသွားမည်ဟု လည်း အမတ်များကို သူက ရှင်းပြသည်။


အစိုးရက ယခင်က ''တန်ဖိုးနည်းအိမ်ရာ'' ဟုဆိုရာ အိမ်ရာများ ဆောက်လုပ်ရန် စီမံသော်လည်း သတ်မှတ်ထားသည့် အိမ် ဈေးနှုန်းမှာ ကျပ်သိန်း ၁၅ဝ မှ ၂ဝဝအထိ ဖြစ်နေသဖြင့် အခြေခံလူတန်းစား လက်လှမ်း မီသည့် ဈေးမဟုတ်ဟုဆိုကာ မီဒီယာများ နှင့် လူမှုအဖွဲ့အစည်းများက ဝေဖန်မှုများ ရှိ နေသည်။


နောက်ပိုင်းတွင် အစိုးရက အိမ်ရာစီမံ ကိန်းများကို ''တန်းဖိုးသင့်တင့် အိမ်ရာများ'' ဟု ပြောင်းလဲသုံးနှုန်းခဲ့သော်လည်း ဈေးနှုန်း မှာမူ မပြောင်းလဲခဲ့ပေ။


တန်ဖိုးသင့် အိမ်ရာများ ဆောက်လုပ်ပြီးပါက  ပြီးပါက လစာနည်းသည့် ဆရာ/ ဆရာမများ ဝယ်ယူနိုင်အောင် စီမံပေးမည်ဟုလည်း ပြည် ထောင်စုဆောက်လုပ်ရေး ဒု-ဝန်ကြီးဦးစိုး တင့်က ဇူလိုင် ၂၉ ရက်က အောက်လွှတ်တော် တွင် အစည်းအဝေးတွင် ပြောဆိုထားသည်။

ဒုတိယပတ်က ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုံတိုးလာပြီးနောက် မြေ ဈေးများ အဆမတန်တက်လာသဖြင့် နွမ်း ပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာကြကြောင်း စက် တင်ဘာဒုတိယပတ်က အေအက်ဖ်ပီ သတင်း ဌာနတွင် ဖေါ်ပြခဲ့သည်။


Ref : Mizzima


အိမ်ခြံမြေ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်


ရန်ကုန်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာမှာ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒီလို သတ်မှတ်တာဟာ ဈေးနှုန်းကို ထိန်းချုပ်ဖို့ မဟုတ်ပဲ အစိုးရ အနေနဲ့ အခွန် ဆုံးရှုံးမှုကို ကာကွယ်ဖို့ အပြင် အိမ်ခြံမြေ ဈေးကွတ်ကို ဈေးမကစား နိုင်အောင်လို့ လုပ်တာ ဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦး မောင်မောင်သိမ်း ပြောပါတယ်။

အစိုးရ ဌာနဆိုင်ရာ အဖွဲ့ ၆ဖွဲ့ ပါတဲ့ ကာလတန်ဖိုး စီစစ် သတ်မှတ်ရေး အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ မြို့ ၃၃မြို့နယ်မှာ လာမဲ့ အောက်တိုဘာလ တစ်ရက်နေ့က စပြီး ဒီစနစ်နဲ့ စမ်းသပ် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။

ဒီလို သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ လက်ရှိ ရန်ကုန် အိမ်ခြံမြေ အရောင်းဝယ် ဈေးကွတ် ပေါက်ဈေးကို အခြေခံပြီး သတ်မှတ်ထားတာ ဆိုပေမဲ့ လက်ရှိ ဈေးကွက် အတွင်းမှာ အရောင်းဝယ် ဖြစ်နေတဲ့ ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင်တော့ ၄ ပုံ ပုံ ရင် တစ်ပုံလောက်ပဲ ရှိပါတယ်။

ရန်ကုန်မှာ ဒီလိုစနစ်နဲ့ ကောက်ခံဖို့ သတ်မှတ်ရတာနဲ့ ပတ်သတ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်း က ဘီဘီစီ ကို ပြောပြရာမှာ ရန်ကုန်တိုင်း အတွင်းမှာ စလုပ်တာ ဖြစ်ပြီး စမ်းသပ် လုပ်ဆောင်တာလို့ ဆိုပါတယ်။

ဒါဟာ အခွန်အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး ဈေးသတ်မှတ်တာ မဟုတ်ကြောင်း ၊ အခွန် မဆုံးရှုံးရအောင် ဦးတည်လုပ်ဆောင်တာ ဖြစ်ကြောင်း ၊ အခွန်က ဒီအတိုင်းသွားရင် ဈေးကစားလို့ မရအောင် လုပ်တာလို့ ဒု ဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။

အခုလို အစိုးရ သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် ဈေးနှုန်းတွေ ထဲမှာ ဈေးအကြီးဆုံး ကတော့ မရမ်းကုန်း မြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့ ဖြစ်ပြီးတော့ တစ်ပေပတ်လည်ကို ကျပ် ၃သိန်းကျော် လောက်အထိကို သတ်မှတ်ထားတယ်လို့ ရန်ကုန် က အိမ်ခြံမြေ အရောင်းဝယ် လုပ်တဲ့ သူတွေက ပြောပါတယ်။

ဒီလို သတ်မှတ်ပြီး ကောက်မယ်လို့ အစိုးရက ပြောပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန် အိမ်ခြံမြေ အရောင်းဝယ် အခြေနေကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲလို့ စိုင်းခွန်နောင် အိမ်ခြံမြေ အရောင်းဝယ် လုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးရန်အောင် ကို မေးကြည့်တဲ့ အခါ ဈေးပြောင်း မသွားနိုင်ပါဘူးလို့ သူက ဆိုပါတယ်။

တကယ် မဝယ်မဖြစ်တဲ့ သူတွေကတော့ ဝယ်ယူ နေထိုင်ကြမှာ ဖြစ်တယ်လို့ ဦးရန်အောင်က ပြောပါတယ်။

ဒါ့အပြင် အချက်အချာ ကျတဲ့ နေရာတွေကတော့ အရောင်းအဝယ် ဈေးကျမသွားနိုင်ဘဲ အရောင်းအဝယ်က အရင်အတိုင်း ဆက်ဖြစ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် မြို့သစ်တွေမှာ အကွက်သစ်တွေကို ဝယ်ရောင်းလုပ်သူတွေတော့ ဈေးကစားနိုင်မှာ မဟုတ်တော့တဲ့ အကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒီလို မြေတွေ ၊ ခြံတွေ ၊ အိမ်တွေကို ဝယ်ပြီး ပြန်ရောင်း ဈေးကစားတာဟာ ၂၀၀၇ တုန်းက အစိုးရက အခွန်နှုန်းထား တွေကို လျှော့ပေးလိုက်တဲ့ အချိန်ကစပြီး သိသာ လာတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ အိမ်ခြံမြေ မြေဈေးတွေ မြင့်လာတာ ဖြစ်ပြီး အခု စနစ်ဟာ အရင် စနစ်နဲ့ ကွာတာက ပြည်ထဲရေး ၊ ပြည်တွင်းအခွန် ၊ အထွေထွေ အုပ်ချုပ်ရေး ရဲတပ်ဖွဲ့ အမျိုးသားစီမံကိန်းနဲက အိုးအိမ် စတဲ့ ဌာနတွေ ပါဝင်ပြီးတော့ လိုအပ်သလို ဈေးနှုန်းတွေကို ပြင်ဆင် သတ်မှတ်ဖို့ရှိတယ် ဆိုတဲ့ အတွက် အများကြီး လက်တွေ့ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခွန်ကို ဝယ်သူက ၃၇ ရာခိုင်နှုန်း ရောင်းသူ ဖက်က ၇ ရာခိုင်နှုန်း ဆောင်ဖို့ သတ်မှတ်ချက်ဟာ အိမ် ခြံ မြေ အမည်ပေါက် ပြောင်းမှဘဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်စားလှယ် လွှဲစာ စပယ်ရှယ် ပါဝါတွေ နဲ့ အမည်မပြောင်းဘဲ တွေ့ရောင်း ၊ တွေ့ဝယ် နေတဲ့ တကယ့် ဈေးကွတ်မှာ အချိန်တို အတွင်း ဈေးတွေ ကျလာနိုင်တဲ့ အထိ အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဘ၀ မမေ့တဲ့ အလှမယ် ( Miss Supranational 2013)


Miss Supranational 2013 ဆုရှင် ဖိလစ်ပိုင်အလှမယ် Mutya Datul ရဲ့ အိမ်အပြန်ခရီး၊ ဓာတ်ပုံ- missosology

Mutya ဟာ ငယ်စဉ်က ကျေးလက်တောရွာကမှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ဆင်းရဲတဲ့ မိသားစု က ပေါက်ဖွားလာတာ ဖြစ်သလို သူ့ဘ၀မှာ ဆင်းရဲမှုကြောင့် ဆာလောင်မှုတွေနဲ့ မကြာခဏ ကြုံဆုံခဲ့ရ တာလေးကိုလည်း မေးမြန်းခန်းတခုမှာ ပြောသွားပါတယ်။

ပြကွက်တခုမှာတော့ သူဟာ မိသားစုနဲ့ အတူ ထမင်းစားဝိုင်းမှာ ထမင်းကို ဆီဆမ်း၊ ဆားဖြူးပြီး စားနေခိုက် ကြက်ပေါင် ကိုက်စားသလို စိတ်က မျှော်မှန်း စားသောက်ခဲ့ရတာကိုလည်း ပြောပြသွားပါတယ်။

ငယ်စဉ်ကျောင်းသူဘ၀ တုန်းက အတန်းထဲမှာ ဈေးရောင်းပြီး ဘ၀ကို ဖြတ်သန်းခဲ့ရတာလည်း သူက မချွင်း မချန် ပြောသွားပါသေးတယ်။

သူဟာ ဖိလစ်ပိုင်းနိုင်ငံမှာလည်း အခြား အလှမယ်ပြိုင်ပွဲတွေမှာလည်း ဆုတွေ ရခဲ့တဲ့အကြောင်းအပါအ၀င် အခုနောက်ဆုံး အမေရိကန် ဒေါ်လာ ၂ သောင်းခွဲနဲ့အတူ Miss Supranational 2013 သရဖူ ဆုရနဲ့အတူ မိခင် နိုင်ငံကို ပြန်လာခဲ့ပါတယ်။

သူ့ဇာတိမြေကို ပြန်လာရာလမ်းတလျှောက် သူ့ကို အားပေးချီးမြှောက်ကြိုဆိုနေကြတဲ့ ဒေသခံတွေကိုလည်း သူက အားပေး စကား တွေ ပြောခဲ့ပါသေးတယ်။


အိမ့်သံစဉ် ~

irrawaddy

ကားပြပွဲ တွေ မှာ အကုန်ချွတ်တဲ့ မော်ဒယ် တွေ ကို တရုတ် နှိပ် ကွပ်


တရုတ် ပြည်မှာ မော်တော် ကား ပြပွဲ တွေ ကျင်းပ တဲ့ အခါ မလုံ မခြံ ၀တ်ထား တဲ့ မော်ဒယ်(လ) တွေ ကို ဖမ်းဆီး အရေး ယူတာ တို့  မော်တော်ပြ ပွဲ ကျင်း ပတဲ့ ကုမ္ပဏီ ကို လည်း အရေးယူတာ တွေ လုပ် လာ ပြီ ဖြစ်တဲ့ အကြောင်း ဒီနေ့ ထုတ် ဝေတဲ့ South China Morning Post သတင်း စာ မှာ ဖော်ပြထား ပါတယ်။

စက်တင်ဘာ လဆန်း က ချန်ဒူး မော်တော် ကား ပြ ပွဲ မှာ မစ်ယန်ယူ ဆိုတဲ့ မော်ဒယ်(လ) အပါအ၀င် အခြား မော်ဒယ် လေးဦး ဟာ ၀တ်လစ် စလစ် နီး ပါး ဖက်ရှင် နဲ့  ပုရိသ တွေ အကြိုက် ဓာတ် ပုံ အရိုက်ခံ ခဲ့ တယ် လို့  ဆို ပါတယ်။ ဒီကား ပြပွဲ မှာ ဂျပန် လုပ် မော်တော် ကား တွေ နဲ့  တရုတ် ပြည် လုပ် မော်တော် ကား တွေ ပြသထား ပါတယ်။ အစိုးရ က နှိပ် ကွပ် ပေမယ့် လည်း မော်ဒယ်(လ) တွေ ရဲ့  အစွမ်း ကြောင့် ကား တွေ အရောင်း စွံ သဗျို့ လို့  ချန်ဒူး အော်တို ပြပွဲ ကို စီစဉ် သူ တစ်ဦးက ဆိုပါတယ်။ Car News China အင်တာနက် စာမျက် နှာ မှာ တော့ ကား ပြ ပွဲ တွေ မှာ မော်ဒယ်(လ) တွေ ၀တ်လစ်စလစ် နီး ပါး အလှ ပြ ခိုင်း တာ မျိုး တွေ့  ရင် အရေး ယူအပြစ် ပေးမယ် လို့  ဖော်ပြ ထား ပါတယ်။ မြန်မာ နိုင်ငံ ရဲ့  အိမ် နီး ချင်း နိုင်ငံ ဖြစ်တဲ့ တရုတ် နိုင်ငံ မှာ ကား ပြ ပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာမမြင် အပ် တဲ့ နေ ရာ တွေ ကို ဖော်ပြ ပြီး လူကြိုက်များ အောင် လုပ်တာ ခွင့် မပြု တော့ ဘူး လို့  ဆို ပါတယ်။ မြန်မာ နိုင်ငံ မှာ တော့ မော်တော် ကား ပြ ပွဲ တွေ မော်ဒယ် ရှိုး တွေ မှာ ၀တ်လစ်စလစ် နီး ပါး မဖြစ် သေးတာ ကြောင့် သိသာ တဲ့ နှိပ် ကွပ် မှု တွေ မလုပ် သေးဘူး လို့  မော်ဒယ်(လ) ပြပွဲ စီစဉ် သူ တစ်ဦး က ပြောပါတယ်။ လတ်တလော ကျင်း ပနေ တဲ့ မော်တော်ကား ပြပွဲ တွေ ၊ မော်ဒယ်(လ) ရှိုး တွေ မှာ စကတ် တို ယဉ်ကျေးမှုခောတ်စား နေပေမယ့် အဖော် အချွတ် လုပ် ပြီး ပြတာ မျိုးတော့ မတွေ့ ရ သေးဘူး လို့  ရန်ကုန် မြို့  က ဟိုတယ် မန်နေဂျာ တစ်ဦး က ပြောပါတယ်။

myawady

စည်ပင်ကဆောက်ထားတဲ့တံတားပေါ်မှာ စည်ပင်ကားဖြတ်နေတုံး စည်ပင်တံတားကျိုးပြီး စည်ပင်ကားကြီးပြုတ်ကျ


တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကန်တော်ကြီးပန်းခြံအတွင်းသို့ဝင်သည့် တံတားပေါ်တွင် စက်တင်ဘာ ၂၂ ရက် နံနက် ၁၁း၁၅ နာရီခန့်က ပန်းခြံအတွင်းမှပန်းအိုးများ သယ်ဆောင်စဉ် ပြန်အထွက်တွင် ယခင်စည်သာယာရေးဦးစီးဌာနမှ တည်ဆောက်ခဲ့သော တံတားပေါ်ဖြတ်သန်းနေစဉ် တံတားကျိုးကာ စည်ပင်မှမော်တော်ယာဉ် အောက်သို့ကျွံကျသွားသည်။

 အခင်းဖြစ်ရာနေရာသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ လာရောက်ကြည့်ရှု့အာပေးနေသည်ကိုတွေ့ရသည်။

 မော်တော်ယာဉ်မောင်းသူ ကတော့ ကိုအောင်ကျော်စိုး (၃၁)နှစ်၊ (ဘ)ဦးတင်မွှေး၊ ယာဉ်မောင်း(၅) တောင်ငူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာကလို့သိရပါတယ်။

 တောင်ငူသတင်းပုံရိပ်များ
Shan News


မွေးဖွားနုန်းကို ထိန်းချုပ်ရန် ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် ရိက္ခာ ဖြတ်တောက်မည်


မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ဘင်္ဂလာဒေခ်ျ့ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် ကလေး မွေးဖွားနုန်းကို ထိန်းချုပ်ရန် ရိက္ခာ ထောက်ပံ့မူကို ဖြတ်တောက်သွားတော့မည်ဟု သတင်း ရရှိသည်။

 ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွှတ်တော် ကော်မီတီ အဖွဲ့ (Parliamentary panel)  တစ်ခုမှ ကော့စ်ဘဇား ခရိုင် နယ်စပ်အနီးရှိ ကောတော့ ပလောင် ဒုက္ခသည်စခန်ကို စက်တင်္ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့က သွားရောက် ကြည့်ရှု့ စစ်ဆေးပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
 သွားရောက် လည်ပတ် စစ်ဆေးခဲ့သော  (၃) ဦးပါ  လွှတ်တော် ကော်မီတီတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီလည်း ပါဝင်ပြီး သူမတို့ အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော ဒုက္ခသည်များ၏ ပကတိ အခြေအနေများကို သိရှိနိုင်ရန် အတွက် ကော့တော့ ပလောင် ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 ထိုသို့ သွားရောက် စစ်ဆေးရာတွင် မိသားစု တစ်ခုစီတွင် အဖွဲ့ဝင် လူဦးရေ (၁၈) ဦးထက်များသော မိသားစု အများအပြားကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပမာဏသည် စခန်းပြင်ပ အနီးအနားရှိ ဒေသခံ ဘင်္ဂလာဒေခ်ျ့ မိသားစုများ အရေအတွက်ထက် အလွန်များပြားနေသည်ဟု ဆိုသည်။

 ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူ မြန်မာမှ ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည်များသည် စခန်းတွင်းမှ ထောက်ပံ့နေသော ရိက္ခာများကို လိုချင်သဖြင့် သူတို့မိသား အရေအတွက်ကို ဤကဲ့သို့ ကြီးနိုင်သမျှ ကြီးအောင်ပြုလုပ်နေရာမှ မွေးဖွားနုန်းကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

 မွေးဖွားပြီးသည်နှင့် ချက်ချင်း လူတစ်ဦး၏ ရာချန်အတိုင်း ရိက္ခာများ အပြည့်အ၀ ရရှိနေသဖြင့် ကလေးမွေးဖွားနုန်းကို ထိန်းချုပ်မည့် အစီစဉ်ကို ဒုက္ခသည်များ အနေဖြင့် စိတ်မ၀င်စားကြဟု ဆိုသည်။
 စက်တင်္ဘာလ ၂၂ ရက်နေ့ထုတ် New Age သတင်းစာမှ ဖေါ်ပြသော  Rations cap for birth control for Rohingyas  ခေါင်းစည်းပါ သတင်းတွင် ကလေး မွေးဖွားနုန်းကို ထိန်းချုပ်မည့် အစီအစဉ်သစ် တွင် ထိုသို့ ရိက္ခာ ဖြတ်တောက်မူကို ပြုလုပ်ရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွှတ်တော် ကော်မီတီ အဖွဲ့မှ ပြောဆိုသည်ဟု သိရသည်။

 အဆိုပါ လွှတ်တော် ကော်မီတီ၏ စက်တင်္ဘာလ ၁၈ ရက်နေ့က တင်ပြသော အစီရင်ခံစာတွင် မွေးဖွားနုန်းကို ထိန်းချုပ်ရာတွင် ရိက္ခာများကို ဖြတ်တောက်မူကို ပြုလုပ်သွာမည်ဟု ဖေါ်ပြထားသည်ဟု သတင်းက ဆိုသည်။
 ၎င်းအစီအစဉ်အရ ပထမ မွေးဖွားလာသူ သားသမီး (၂) ဦးကိုသာ ရိက္ခာထောက်ပံ့မူကို ပြုလုပ်သွားမည် ဖြစ်ပြီး နောက်ထပ် မွေးလာသော တတိယ သားသမီးမှ စပြီး ရိက္ခာ မထောက်ပံ့တော့ဟု ဆိုသည်။

 မြန်မာနိုင်ငံမှ ရောက်ရှိလာသူ မွတ်ဆလင် ဒုက္ခသည်များသည် မိသားစု အရေအတွက်ကို ကြီးသထက် ကြီးအောင် လိုချင်နေကြကြောင်း၊ ထိုသို့ လိုချင်နေကြခြင်းမှာ စခန်းတွင်းတွင် ထောက်ပံ့နေသော ရိက္ခာများကို ပိုလိုချင်နေကြ၍ ဖြစ်ကြောင်း၊ လူတစ်ဦးအတွက် လစဉ် ဆန် (၁၂) ကေစီ (kilogram) ထောက်ပံ့ကြောင်း သတင်းက ဆိုသည်။

 ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တည်ရှိသော ကော့တော့ ပလောင်နှင့် နာယာပါရာ ဒုက္ခသည် စခန်းနှစ်ခုတွင် ဒုက္ခသည် ဦးရေ သုံးသောင်းခန့် ရှိပြီး ထိုအထဲတွင် လူဦးရေ၏ ၅၈ ရာခိုင်နုန်းသည် ဘင်္ဂလာဒေခ်ျ့ကို ရောက်ပြီးမှ မွေးဖွားသူများ ဖြစ်ကြသည်ဟု ဆိုသည်။
 ၎င်းပြင် မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် စာသင်ကျောင်း ၂၃ ကျောင်းရှိပြီး ပြင်ပတွင် နေထိုင်သော ဘင်္ဂလာဒေခ်ျ့ ကလေးငယ်များထက် ပိုအခွင့်အရေး ရကြသည်ဟု ၎င်းကော်မီတီက ဆိုသည်။

 ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင်လည်း မွတ်ဆလင်တို့၏ ကလေး မွေးဖွားနုန်း အထူးမြင့်မားနေသဖြင့် လူဦးရေ ပေါက်ကွဲမူ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မိသားစု တစ်ခု ကလေးနှစ်ယောက်သာ ယူရန် သက်ဆိုင်ရာမှ ဒေသန္တာရ အမိန့်ထုတ်ပြန်ခဲ့ရာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ့အခွင့်အရေး လူပ်ရှားသူများက ထိုသို့  ဒေသန္တာရ အမိန့်သာ ထုတ်ပြန်ပါက အဆိုပါ အမိန့်မှာ လူ့အခွင့်အရေး စံနုန်းများနှင့် မကိုက်ညီဟု ပြောဆိုကာ အဆိုပါ အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။


(နိရဉ္စရာ- ၂၂ စက်တင်္ဘာ ၂၀၁၃)

မန်ယူကို ၄-၁ ဖြင့် ဂိုးပြတ်သွင်းသွားတဲ့ မန်စီတီး တို့ရဲ့ ဒါဘီပွဲ


ပရီးမီးယားလိဂ် ပွဲစဉ် ၅ ရဲ့ စူပါဆန်းဒေး ပွဲစဉ်အဖြစ် မန်ချက်စတာစီးတီး အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အီတီဟတ် အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အစဉ်အလာကြီးမားတဲ့ ဒါဘီပွဲ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဆုအတွက် စိန်ခေါ်နေသည့် အသင်း နှစ်သင်းတို့ရဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် အားလုံးက စိတ်ဝင်စားနေကြတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။
အိမ်ရှင် မန်စီးတီး အသင်းမှာ ဂိုးသမား ဂျိုးဟတ်၊ နောက်တန်းမှာ ဇာဘလက်တာ၊ ကွန်ပနီ၊ နာစတာဆစ်နှင့် ကိုလာရော့ဗ်တို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ နာဗက်၊ တိုရေး၊ ဖာနန်ဒင်ဟိုနှင့် နာစရီတို့ နေရာယူပြီး တိုက်စစ်အတွဲအဖြစ် အဂူရိုနှင့် နီဂရီဒိုတို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ စမောလင်း၊ ဖာဒီနန်၊ ဗီဒစ်နှင့် အီဗရာတို့ ပါဝင်လာပါတယ်။ ကွင်းလယ်မှာ ဗလင်စီယာ၊ မိုက်ကယ်ကားရစ်၊ ဖလေနီနှင့် အက်ရှ်လေယန်းတို့ ပွဲထွက်လာပြီး ဝိန်းရူနီနှင့် ဒန်နီဝဲလ်ဘတ်တို့ ပွဲထွက် လာပါတယ်။ အားထားရသည့် တိုက်စစ်မှူး ဗန်ပါစီ လေ့ကျင့်ရေးကွင်းမှာ ဒါဏ်ရာ အနည်းငယ် ရရှိသွားတဲ့အတွက် ဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၅ ရက်နေ့ နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၉၀ ဆက်တိုက် ပါဝင်ကစားခဲ့သည့် ဗန်ပါစီအနေနှင့် ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲ လွဲချော်ခြင်းဖြစ်ပါတယ်။


ပွဲစကတည်းက နှစ်ဖက်အသင်း မြန်မြန်ဆန်ဆန် စတင် ကစားလာပြီး ပွဲချိန် ၄ မိနစ်မှာ မန်ယူနိုက်တက် အသင်းခေါင်းဆောင် ဗီဒစ် အပေးမှားတဲ့ ဘောလုံးကို နာဗက် ရသွားပြီး ဧရိယာထိပ်ကနေ လှမ်းကန်ခဲ့ပေမယ့် အပေါ် နည်းနည်း မြင့်သွားခဲ့ပါတယ်။ ၅ မိနစ်မှာတော့ စမောလင်းနှင့် နာဆတာဆစ်တို့ ဘောလုံးယှဉ်ခေါင်းတိုက်ကြရာမှာ နာစတာဆစ်က အဝင်ကြမ်းတဲ့အတွက် အဝါကဒ်ပြ သတိပေးခံရပါတယ်။ ပွဲချိန် ၉ မိနစ်မှာတော့ မန်စီးတီး အသင်းက ဂိုးပေါက် ကန်သွင်းဖို့ အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး အဂူရိုအသာအယာ ထုတ်ပေးတာကို ကိုလာရော့ဗ် ကန်သွင်းရာမှာ ဗီဒစ် ခေါင်းတိုက် ဖျက်ထုတ်လိုက်ရပါတယ်။
ပွဲချိန် ၁၅ မိနစ်အထိ မန်စီးတီး အသင်းက ကွင်းလယ်ကစားကွက် အသာနဲ့ ကစားနေပြီး မန်ယူနိုက်တက်အသင်းကတော့ ခံစစ်ကို အားပြု ကစားနေခဲ့ပါတယ်။ ခြေစွမ်း အသာစီးရနေတဲ့ မန်စီးတီးဟာ ၁ မိနစ်မှာပဲ ဦးဆောင်ဂိုး ရယူလိုက်နိုင်ပါတယ်။ နာစရီကနေ နောက်ပေါက် ချပေးလိုက်တဲ့ဘောလုံးကို နောက်က တက်လာတဲ့ ကိုလာရော့ဗ်က ရယူသွားပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်ရာမှာ ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ အဂူရိုက ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂီအာ လှုပ်ရှားခွင့်တောင် မရလိုက်တဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ အဂူရိုဟာ မန်ယူနိုက်တက်နှင့် ၅ ပွဲ ရင်ဆိုင်ခဲ့ရာမှာ ၃ ဂိုးသွင်းယူလိုက်နိုင်တာ ဖြစ်ပါတယ်။

၁၈ မိနစ်မှာလည်း မန်စီးတီး အသင်းက ခြိမ်းခြောက်ခဲ့ပြီး နာစရီ ဧရိယာထိပ်ကနေ မြေမကျဘော အပြင်း ကန်သွင်းတာ သိပ်ကောင်းခဲ့ပေမယ့် ဂိုးပေါက် အထက်ကို အနည်းငယ် ကျော်လွန်သွားတဲ့အတွက် မန်စီးတီးတို့ ကံခေမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်အထိ မန်စီးတီးအသင်းက အသာစီး အနေအထားနဲ့ကစားနေခဲ့ပါတယ်။ မန်ယူနိုက်တက်ဟာ ကွင်းလယ်မှာ အပျက်များနေခဲ့ပြီး တိုက်စစ်မှာ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ မန်စီးတီး အသင်းက့ပဲ ခြိမ်းခြောက်နေခဲ့ပြီး ခြေစွမ်းအရ မန်စီးတီး အသင်းက ဒီထက် ဂိုးပိုရသင့်တဲ့ အနေအထား ဖြစ်ပါတယ်။




၂၉ မိနစ်မှာတော့ ဝိန်းရူနီ တစ်ယောက် အဝါကဒ်ပြသ သတိပေးခံခဲ့ရပါတယ်။ ဒီအဝါကဒ်ဟာ မန်စီးတီးအသင်းနှင့် ရင်ဆိုင်ခဲ့ဖူးတဲ့ ပွဲစဉ်များမှာ ရူနီတစ်ယောက် ၈ ကြိမ်မြောက် ပြသခံရတဲ့ အဝါကဒ် ဖြစ်ပါတယ်။ ကွင်းလယ်မှာ အားနည်းနေတဲ့ မန်ယူဟာ ဘောလုံးရှေ့သိပ်မရောက်တဲ့အတွက် ရူနီ ဆင်းချိတ်ဖို့ ကြိုးစားနေခဲ့ရတဲ့အတွက် ရူနီအတွက် အတော်ပင်ပန်းမယ့် ပွဲတစ်ပွဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနေ့ပွဲစဉ်မှာ အချိတ်အဆက် အလွန် ကောင်းမွန်နေပြီး ပွဲချိန် ၃၅ မိနစ်အထိ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာနှုန်းနဲ့ ဖိအားပေး ကစားနေနိုင်ခဲ့ပါတယ်။ ဒီရာသီမှာမန်စီးတီးအသင်းရဲ့ အကောင်းဆုံး ကစားပုံ တစ်ခုပါပဲ။
ဒီနောက်ပိုင်းမှာတော့ မန်ယူနိုက်တက်က ကစားပုံ တက်လာပြီး ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု ပြန်လည် ရယူလာနိုင်ခဲ့ပြီး ကွင်းလယ်ကစားကွက် ယှဉ်ပြိုင်လာနိုင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာတော့ ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဆက်လက်ခြိမ်းခြောက်နေခဲ့ပြီး ပထမပိုင်း ပွဲပြီးဖို့ နာကျင်အချိန်ပို ပေးထားတဲ့ တစ်မိနစ်မှာ ဒေါင့်ကန်ဘော ရခဲ့ပြီး ဒေါင့်ကန်ဘောမတင်လိုက်တာကို နီဂရီဒို ခေါင်းတိုက် သွင်းရာမှာ ကြားထဲကတက်လာတဲ့ ယာယာတိုရေးက ဒူးနဲ့ တိုက်ပြီး ပိတ်သွင်းလိုက်နိုင်တဲ့အတွက် ပထမပိုင်း အပြီးမှာ မန်စီးတီး အသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင် ကစားလိုက်နိုင်ပါတယ်။

 ပထမပိုင်း ကစားပုံအရမန်စီးတီး အသင်းဟာ အစစ အရာရာ သာလွန်နေခဲ့ပြီး ၂-၀ ဂိုး ရလာဒ်ဟာ ထိုက်တန်တဲ့ ရလာဒ်တစ်ခု ဖြစ်ပါတယ်။ မန်ယူ ကွင်းလယ်ကစားသမား များရဲ့ စွမ်းဆောင်ချက်ဟာ အင်မတန် ညံ့ဖျင်းနေခဲ့ပြီး အက်ရှ်လေယန်းဆိုရင် ပထမပိုင်း တစ်ပိုင်းလုံးမှာ ဘောလုံးပေးပို့မှု ၈ ကြိမ်သာ မှန်မှန်ကန်ကန် ပေးပို့နိုင်ခဲ့တဲ့ အထိပါပဲ။ ဖြတ်တင်ဘောတွေဟာလည်း အင်မတန် ညံ့ဖျင်းနေခဲ့ပါတယ်။ ခံစစ်ပိုင်းမှာလည်း အမှားအယွင်း အချို့ ရှိနေခဲ့ပြီး ကောင်းမွန်လွန်းတဲ့ မန်စီးတီး တိုက်စစ်ကို အသည်းအသန် ခုခံကာကွယ်နေခဲ့ရတာပါ။ ပထမပိုင်း ကစားပုံကို မပြင်ဆင်နိုင်ခဲ့ရင်တော့ ဒီပွဲက ဒီထက် ဂိုးပြတ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း လူစာရင်း အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစစချင်းမှာပဲ မထင်မှတ်ပဲ မန်စီးတီး အသင်းက တတိယမြောက် ဦးဆောင်ဂိုး သွင်းယူလိုက်နိုင်ပါတယ်။ မန်ယူနိုက်တက်အသင်းက တက်ဖိ ကစားနေရင်း ပြန်လည် ပေါက်ထွက်လာတဲ့ ဘောလုံးကနေ တစ်ဆင့် နီဂရီဒို ကနေ အတွင်းဖက်ကို ချိုးပေးလိုက်တာကို အဂူရိုက အနီးကပ် ပိတ်သွင်းပြီး ရယူလိုက်တာ ဖြစ်ပါတယ်။

ဆက်တိုက်ပါပဲ။ ၄၉ မိနစ်မှာ မန်စီးတီး အသင်းက နောက်ထပ် တစ်ဂိုး သွင်းယူလိုက်ပြန်ပါတယ်။ ညာခြမ်းကနေ နာဗက် မတင်ပေးလိုက်တာကို လူကပ်ထားခြင်း မခံရတဲ့ နာစရီက အပိုင် ကန်သွင်းသွားတာ ဖြစ်ပါတယ်။ ဒီဂိုး သွင်းယူလိုက်နိုင်တဲ့အတွက် မန်စီးတီးအသင်းဟာ မန်ယူနိုက်တက်အသင်းကို ၄ ဂိုးအထိ သွင်းယူနိုင်တဲ့ ပွဲပေါင်း ၃ ပွဲအထိ သွင်းယူနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်လာပါတယ်။

 ၄ ဂိုးပြတ် ရှုံးနိမ့်နေတဲ့ နောက်ပိုင်း မန်ယူနိုက်တက်အသင်းဟာ ဒန်နီ ဝဲလ်ဘတ်ကို ထုတ်ပြီး ကလဲဗားလေး လူစားဝင် ကစားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်ကို လိုက်ပါကစားဖို့ အားသန်နေကြပြီး ကောင်တာ ပေါက်ထွက်လာတဲ့ မန်စီးတီးရဲ့ ထိုးဖောက်ချက်တွေဟာ ဂိုးရလုနီးပါး အနေအထားတွေ ဖြစ်ခဲ့ပါသေးတယ်။ ၅၄ မိနစ်မှာ နာဗက် မတင်ပေးလိုက်တဲ့ ဘောလုံးဟာ နီဂရီဒို ပိတ်သွင်းနိုင်လု နီးပါး ဖြစ်ခဲ့ပေမယ့် ဗီဒစ် ဖျက်ထုတ်နိုင်ခဲ့တဲ့အတွက် နောက်တစ်ဂိုး မပေးရတာ ဖြစ်ပါတယ်။

၅၄ မိနစ်မှာတော့ မန်ယူနိုက်တက်အတွက် အကောင်းဆု့း အခါင့်အရေး တစ်ခု ရခဲ့ပြီး ကလဲဗားလေး တင်ပေးလိုက်တဲ့ ဘောလုံးကို ရူနီ ပိတ်သွင်းခဲ့ပေမယ့် ဂိုးဘားပေါ် အနည်းငယ် ကျော်လွန်သွားခဲ့ပါတယ်။

၅၉ မိနစ်မှာ ဝဲလ်ဘတ် ဖြတ်တင်လိုက်တဲ့ ဘောလုံးဟာ နောက်ခံလူတွေနဲ့ ထိပြီး ဂိုးပေါက်ဆီ သွားခဲ့ပေမယ့် ဂျိုးဟတ် ဖမ်းယူလိုက်နိုင်ပါတယ်။




၆၂ မိနစ်မှာ မန်စီးတီး ဧရိယာထိပ်နားမှာ ဝဲလ်ဘတ်ကို ဖာနန်ဒင်ဟို ဖျက်ထုတ်တာ နည်းနည်း ကြမ်းခဲ့တဲ့အတွက် ပြစ်ဒါဏ်ဘော ကန်သွင်းခဲ့ ရပါတယ်။ ရူနီ ကန်သွင်းခဲ့ပေမယ့် လူကာထားတဲ့ အတန်းကိုပဲ ထိ ထွက်လာခဲ့ပါတယ်။ ၄ ဂိုးရှုံးနိမ့်ပြီးတဲ့ နောက်မှာမှ မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်ကို ကောင်းကောင်းမွန်မွန် ကစားလာနိုင်ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု အချို့လည်း ပြုလုပ်လာနိုင်ပါတယ်။ ယန်းအစား ကလဲဗားလေး ဝင်ကစားခဲ့တာဟာ အတော်အလုပ်ဖြစ်ခဲ့တဲ့ အနေအထားပါ။ ၆၆ မိနစ်မှာ ရူနီ ပြန်ချိုးပေးလိုက်တာကို ဝဲလ်ဘတ် အဝေးကနေ ကန်သွင်းပေမယ့် ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

၆၇ မိနစ်မှာတော့ ဘယ်ခြမ်းကနော စမောလင်း ခင်းပေးလိုက်တာကို ဖလေနီက တစ်ချက်တားပြီး အပိုင် ကန်သွင်းခဲ့ပေမယ့် ဂျိုးဟတ် အကောင်းဆုံး ကာကွယ်လိုက်နိုင်ပါတယ်။ မန်စီးတီးအသင်းကတော့ နောက်ပိုင်းမှာ တိုက်စစ်ဆင်ဖို့ မကြိုးစားတော့ပဲ ခံစစ်ပိုင်းမှာသာ ဦးစားပေး ကစားနေတဲ့အတွက် ဘောလုံးပိုင်ဆိုင်မှု အများအပြား ဆုံးရှုံးခဲ့ပြီး မန်ယူနိုက်တက်အသင်းက ၅၂ ရာနှုန်းအထိ ပြန်လည် အသာစီး ရလာခဲ့ပါတယ်။
၇၀ မိနစ်မှာ ကစားအား ကျဆင်းလာတဲ့ နာဗက်အစား မီလ်နာ ဝင်ရောက်လာပါတယ်။ ၇၁ မိနစ်မှာ မန်စီးတီးအသင်းက အခွင့်အရေးကောင်း တစ်ခု ရခဲ့ပြီး နီဂရီဒို ဧရိယာထိပ်ကနေ တစ်ယောက်တည်း အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးပေါက် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ၇၅ မိနစ်မှာတော့ မန်စီးတီး အသင်းက တိုက်စစ်မှူး နီဂရီဒိုအစား ဇစ်ကို ဝင်ရောက် ကစားခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ခံစစ်ပိုင်း အင်မတန် လျော့ရဲလာခဲ့ပြီး တိုက်စစ်ကိုပဲ ဖွင့်ကစားဖို့ ကြိုးစားနေချိန်မှာ ကောင်တာ ပေါက်ထွက်လာတဲ့ ဘောလုံးကို ဇစ်ကိုက တစ်ယောက်တည်း အဝေးကနေ အပိုင်ကန်သွင်းခဲ့ပေမယ့် ဒီဂီအာ ကာကွယ်လိုက်နိုင်ပါတယ်။ အေးဆေးသက်သာ ကာကွယ်လိုက်နိုင်တာ မဟုတ်ပဲ နှစ်ဆင့်ဖမ်းကာကွယ်လိုက်ရတာ ဖြစ်ပါတယ်။ ၇၉ မိနစ်မှာတော့ မန်ယူနိုက်တက်အတွက် ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခု ရခဲ့ပါတယ်။ ဒေါင့်ကန်ဘောကို အီဗရာခေါင်းတိုက်သွင်းရာမှာ တိုင်မှန်ပြီး ထွက်လာခဲ့ပါတယ်။ အဲဒီ ထွက်လာတဲ့ ဘောလုံးကို မန်ယူနိုက်တက် ကစားသမားတွေ ၂ ကြိမ် ဆက်တိုက် ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် မန်စီးတီးနောက်ခံလူတွေနဲ့ ထိပြီး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

၈၅ မိနစ်မှာ အဂူရိုအစား ဂါစီယာ ဝင်ရောက် လာပါတယ်။ ၈၆ မိနစ်မှာပဲ ဧရိယာထိပ်မှာ ရတဲ့ ပြစ်ဒါဏ်ဘောကို ဝိန်းရူနီ ကန်သွင်းခဲ့ပါတယ်။ ကန်သွင်းချက်က အင်မတန် လှပခဲ့ပြီး ညာဖက်ဒေါင့်ကွေးအထိ ရောက်သွားခဲ့တဲ့အတွက် ဂျိုးဟတ် ပုတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မတတ်နိုင်ခဲ့ပဲ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီဂိုး သွင်းယူလိုက်နိုင်တဲ့အတွက် ဝိန်းရူနီဟာ မန်ချက်စတာဒါဘီပွဲများမှာ ၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒါဘီပွဲစဉ်များမှာ ဂိုးအများဆုံး သွင်းယူထားနိုင်သူ ဖြစ်လာပါတယ်။

၈၇ မိနစ်မှာလည်း ရူနီ ဧရိယာထောင့်နားကနေ လှမ်ကန်သွင်းဖို့ ကြိုးစားခဲ့သေးပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂိုးပေါက်တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ နာကျင်ချိန်ပို အတွင်းမှာ ဇစ်ကို တစ်လုံး ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့တဲ့အတွက် ၄-၁ ဂိုး ရလာဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီနေ့ ပွဲစဉ်ဟာ ဘောလုံး ပရိသတ် အများစု ထင်မှတ်မထားလောက်တဲ့ ဂိုးရလာဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အထနှေးနေတဲ့ မန်ယူနိုက်တက်ဟာ မြန်မြန်ဆန်ဆန် ပွဲစတင်နိုင်ခဲ့တဲ့ မန်စီးတီးကို ဂိုးပြတ် အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာ မန်ယူ ကွင်းလယ်ဟာ ဘယ်လိုမှ သုံးစားမရအောင် စုတ်ပြတ်နေခဲ့ပြီး အက်ရှ်လေယန်းကို ထုတ်ပြီး ကလဲဗားလေး ဝင်လာတဲ့ နောက်ပိုင်းမှသာ ကစားကွက် ပြန်လည် ဖော်ဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီး ရသွားတဲ့ ၂ ဂိုးကတော့ ထင်မှတ်မထားတဲ့ အချိန်တွေမှာ ရုတ်တရက် သွင်းယူနိုင်လိုက်တာ ဖြစ်တဲ့အတွက် ပွဲအဖြေက စောစောစီးစီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အနိုင်ရသွားတဲ့ မန်စီးတီး အသင်းဟာ ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ ဇယား ဒုတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကတော့ ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့ပြီ ဖြစ်ပါတယ်။

Written by အောင်စိုးမိုး(နတ်ရွာ)

FOOTBALL CAFE

ဆီစားသက်သာအောင်



☼ ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ

မြေပြင်အပူချိန် အေးမြနေဆဲဖြစ်တဲ့ မနက်အစောပိုင်းအချိန်အတွင်းမှာ သင့်ဆိုင်ကယ် ဒါမှမဟုတ် ကားကို ဆီဖြည့်တာ အကောင်းဆုံးဖြစ်ပါတယ်.... စက်သုံးဆီဆိုင်ကြီးတွေအားလုံးလိုလိုဟာ သူတို့ရဲ့ ဆီသိုလှောင်ကန်တွေကို မြေကြီးထဲမှာ မြှုပ်နှံတည်ဆောက်ထားကြတယ်ဆိုတာကို သင်သိပြီးဖြစ်ပါလိမ့်မယ်... မြေပြင်ကအေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါမှတော့ ဆီတွေကပွလာပါတယ်... ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ သင်ဆီဝယ်ဖြည့်မယ်ဆိုရင် သင်ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝမရနိုင်ပါဘူး... ဆီရောင်းဝယ်တဲ့လုပ်ငန်းမှာ သိပ်သည်းဆ (specific gravity) နဲ့ အပူချိန်တို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်... အပူချိန် ၁ ဒီဂရီလောက်မြင့်တက်လာတာဟာ ငွေပမာဏအများအပြားကို ကိုယ်စားပြုနိုင်ပါတယ်... ဒါပေမဲ့ စက်သုံးဆီဆိုင်တွေမှာတော့ မီးဘေးအန္တရာယ်ကျရောက်နိုင်တဲ့အတွက် အပူချိန်တိုးမြင့်စေဖို့ လုပ်ဆောင်တာမျိုး မလုပ်ကြပါဘူး...

☼ ဆီတစ်ဝက်ကုန်တာနဲ့ဖြည့်ပါ

စက်သုံးဆီဖြည့်တာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ သင့်ဆီသိုလှောင်ကန်မှာ တစ်ဝက်လျော့သွားတာနဲ့ ပြန်ဖြည့်ဖို့ပါပဲ... အကြောင်းရင်းကတော့ သင့်ဆီသိုလှောင်ကန်ထဲမှာ ဆီများများရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ်နည်းသွားစေမှာဖြစ်လို့ပါပဲ... လျော့နေတဲ့ဆီလှောင်ကန်ထဲကဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီးမြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်...

☼ ခလုတ်ကိုမြန်မြန်မညှစ်နဲ့

ဆီဖြည့်တဲ့အခါ ဆီပန့်တွေမှာ လက်ကိုင်ခလုတ်လေးတွေနဲ့ထားပေးတတ်ပါတယ်... ဆီပိုက်ကို ကိုယ်တိုင်ကိုင်ပြီး ဖြည့်ရတဲ့အခါမျိုးမှာ အဲ့ဒီခလုတ်ကို မြန်မြန်မညှစ်ဘဲ တဖြည်းဖြည်းညှစ်ခြင်းဟာ ရေငွေ့ပါဝင်မှုနှုန်းကိုလျော့ကျစေပြီး သင့်အတွက်ဆီဖြည့်ရတာ တွက်ခြေပိုကိုက်ပါတယ်... ဂရုတစိုက်ကြည့်မယ်ဆိုရင် ခလုတ်မှာ အဆင့်သုံးဆင့်ရှိတာကို သင်သတိထားမိပါလိမ့်မယ်... ဆီကို ခပ်မြန်မြန်ဖြည့်ခြင်းဟာ သင်ဖြည့်လိုက်တဲ့ဆီအရည်ထဲမှာ လေ၊ ရေငွေ့နဲ့ ဓာတ်ငွေ့တွေ ပိုပါနေတဲ့ သဘောလည်းဖြစ်ပါတယ်...

☼ သိုလှောင်ကန်ထဲကို ဆီဖြည့်နေချိန်မှာ ဆီမထည့်နဲ့

ဒီအချက်ကလည်း အထူးသတိပြုဆင်ခြင်သင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... စက်သုံးဆီဆိုင်က ဆီသိုလှောင်ကန်တွေထဲကို ဆီလာဖြည့်နေချိန်မှာ သင့်ကားထဲ ဒါမှမဟုတ် ဆိုင်ကယ်ထဲကို ဆီမထည့်သင့်ပါဘူး... အဲ့ဒီအချိန်မှာ ဆီလှောင်ကန်ထဲက အနည်တွေထနေမှာဖြစ်တဲ့အတွက် အဲ့ဒီဆီတွေ သင့်ယာဉ်ထဲရောက်လာရင် အင်ဂျင်ကိုဒုက္ခပေးပါလိမ့်မယ်...

☼ ဘီးထဲ လေရှိပါစေ

ဘီးထဲလေရှိမရှိကို နှစ်ပတ်တစ်ခါလောက် စစ်ရပါမယ်... လေမရှိတဲ့ တာယာတွေဟာ နောက်ပြန်ဆွဲအား (drag) တွေပိုဖြစ်စေတဲ့အတွက် သင့်ယာဉ်က ဆီပိုစားပါလိမ့်မယ်... ကားတွေ ဆိုင်ကယ်တွေမှာ လေပေါင်ချိန်ဘယ်လောက်ရှိရမယ်ဆိုတာကို သက်ဆိုင်ရာယာဉ်အမျိုးအစားအလိုက် သတ်မှတ်ချက်လေးတွေရှိပါတယ်... အဲ့ဒီအတိုင်း လေချိန်ထားဖို့လိုပါမယ်...

☼ မလိုတာတွေဖယ်ထား

သင့်ယာဉ်ထဲမှာ မလိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေရှိနေမယ်ဆိုရင် ဖယ်ထားဖို့လည်းလိုပါမယ်... သင်တစ်နေရာရာကို သွားတော့မယ်ဆိုရင် မလိုတာတွေကို စစ်ပြီး ဖြုတ်ချန်ထားခဲ့ပါ... ပစ္စည်းအလေးတွေပါလေလေ ဆီပိုစားလေလေဖြစ်တဲ့အတွက် ဒီနည်းလမ်းကလည်း ဆီကုန်သက်သာစေဖို့ အထောက်အကူပြုပါတယ်...
----------------------------------------------------------------


နှိုင်းရင့်နွေ

တက္ကသိုလ်စာမေးပွဲတွင် စာခိုးချဖြေဆိုသူများကိုဆရာ၊ ဆရာမများ ရဲရဲဝံ့ဝံ့ အရေးယူရန်လိုအပ်

တက္က သိုလ်စာမေးပွဲများတွင် စာခိုးချ ဖြေဆိုမှုများအား ဆရာ၊ ဆရာမ များအနေဖြင့် ရဲရဲဝံ့ဝံ့ အရေးယူ ရန်လိုအပ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာ ပြည်)မှညွှန်ကြားရေးမှူး ဦးဉာဏ် ဝင်းအောင်က ပြောကြားသည်။ယခင်က တက္ကသိုလ်ကျောင်း သားများသည် စာမေးပွဲဖြေဆို ရာတွင် စာခိုးချမှုများပြုလုပ်သည် ကို စာမေးပွဲအခန်းစောင့်ဆရာ များက သိရှိသိမ်းဆည်းအရေးယူ သည်ကိုမကျေနပ်၍ ယင်းဆရာ အားရိုက်နှက်မည်ဟု ခြိမ်းခြောက် မှုများရှိခဲ့ဖူးကြောင်း တက္ကသိုလ် ဆရာအသိုင်းအဝိုင်းမှ သိရသည်။

''အခုနောက်ပိုင်းတော့ ဒီ လို ခြိမ်းခြောက်တာမျိုးတွေ မကြား မိတော့ဘူး။ စာမေးပွဲဖြေချိန်တွေ မှာဆိုရင် ပါမောက္ခချုပ်တွေ၊ ပါ မောက္ခတွေကိုယ်တိုင် လှည့်လည် စစ်ဆေးတာမျိုးတွေ လုပ်နေတဲ့ အတွက် ဒါတွေကတော့ ဖြစ်စရာ မရှိတော့ပါဘူး'' ဟု ဦးဉာဏ်ဝင်း အောင်က ထပ်မံပြောသည်။
ယခင်က ယင်းကဲ့သို့သော ကျောင်းသားများ၏ခြိမ်းခြောက် မှုများရှိခဲ့ခြင်းကြောင့် စာခိုးချမှု များကို အရေးမယူကြခြင်းများရှိ ခဲ့ကြောင်း၊ ယင်းကဲ့သို့သော ခြိမ်း ခြောက်မှုများကိုဂရုမထားဘဲ ရဲဝံ့ စွာအရေးယူနိုင်ရန်လိုအပ်ကြောင်း ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးဇော်သူရက ပြော သည်။

''စာခိုးချတယ်ဆိုတာ မရှိ ဘူးမဟုတ်ဘူး ရှိတယ်။ အခုခေတ် က ငါဘယ်နှပုဒ် ခိုးနိုင်တယ်ဆို တာကို ဂုဏ်ယူပြီးပြောတဲ့ခေတ်။ ကျောင်းသားတွေခိုးတာကိုသိတဲ့ ဆရာကဖမ်းရင် ကျောင်းသားက တော့ မကျေနပ်ဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားက ခြိမ်းခြောက်လို့ မဖမ်းတာတော့မဖြစ်စေချင်ဘူး'' ဟု ယင်းက ထပ်မံပြောသည်။စာခိုးချသောကျောင်းသား ကို လက်ပူးလက်ကြပ်မိသည်ဆို ပါက ယင်းကျောင်းသားကိုဖြေ ဆိုနေသည့်စာမေးပွဲခန်းအတွင်း မှထွက်ခွာခိုင်းနိုင်ကြောင်း၊ ပညာ သင်နှစ် နှစ်နှစ်မှ သုံးနှစ်အထိ ကျောင်းတက်ခွင့် ပိတ်ထားနိုင် သည်အထိအရေးယူ၍ရကြောင်း သိရသည်။

''မော်လမြိုင်တို့၊ ပုသိမ်တို့ လိုမြို့ကြီးတွေမှာဆိုရင် ဒီခိုးချတာ ကို ဗီနိုင်းတွေထောင်ပြီး အကြီး အကျယ်သတိပေးတာတွေ လုပ် တယ်။ အရင်ကတော့ ထားဝယ် မှာ ကျောင်းသားတစ်ဦး စာခိုးချ တာကိုဖမ်းတဲ့ဆရာတစ်ဦးကို အဲဒီ ကျောင်းသားက ရိုက်မယ် နှက် မယ် ခြိမ်းခြောက်တာမျိုးလုပ်ဖူး တယ်။ ခြိမ်းခြောက်တိုင်း ကြောက် ပြီး မဖမ်းဘဲနေလို့မရဘူး။ ဒီလို တွေမဖြစ်အောင် အဓိကတာဝန် ရှိတာက သူတို့ကိုသင်တဲ့ဌာနတွေ ဆရာတွေက ဒါမျိုးတွေမလုပ်ဖို့ နားလည်အောင် ပြောပြထားရ မယ့်တာဝန်ရှိပါတယ်''ဟု ဦးဇော် သူရက ဆိုသည်။
Yangon Media Group

မြန်မာနိုင်ငံရှိ အဓိကလေဆိပ် ခြောက်ခုတွင် ယန်း ၁ ဒသမ ၂၃၃ ဘီလျံတန်ဖိုးရှိ လေဆိပ်ဘေးကင်း လုံခြုံရေး စက်ပစ္စည်းများအား ဂျပန်က ကူညီတပ်ဆင်ပေးမည်






မြန်မာနိုင်ငံရှိ အဓိက လေဆိပ် ၆ ခုတွင် ဂျပန်ယန်းငွေ ၁ ဒသမ ၂၃၃ ဘီလျံ တန်ဖိုးရှိ လေဆိပ် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် စက်ပစ္စည်းများအား ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါဝင် မြန်မာနိုင်ငံရှိ အဓိက လေဆိပ်များဖြစ်သော မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ သံတွဲနှင့် ထားဝယ်စသည့် လေဆိပ် ၆ ခုတွင် လေဆိပ်များ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် စက်ပစ္စည်းများ တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ တပ်ဆင်ပေးမည့် စက်ပစ္စည်းများတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်း အဖွဲ့ချုပ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လေကြောင်း လမ်းညွှန်စက်ပစ္စည်းများ၊ လေယာဉ်ပြေးလမ်း ထွန်းညှိမီးများ၊ မီးသတ် ကိရိယာများ၊ X-ray စက်များ၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများအား စစ်ဆေးသည့် ကိရိယာများနှင့် လေဆိပ်ဘေးကင်း လုံခြုံရေးနှင့် ပတ်သက်သည့် စက်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ စက်ပစ္စည်းများအား ဂျပန်နိုင်ငံမှ တပ်ဆင်ပေးရခြင်းမှာ မြန်မာအစိုးရနှင့် ဂျပန်နိုင်ငံ Japan International Cooperation Agency တို့ ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက လက်မှတ် ရေးထိုးခဲ့သည့် အိုဒီအေ ချေးငွေ ကူညီပေးရေး သဘောတူညီမှုအရ ယခုကဲ့သို့ ဂျပန်ယန်းငွေ ၁ ဒသမ ၂၃၃ ဘီလျံ တန်ဖိုးရှိ စက်ပစ္စည်းများအား မြန်မာနိုင်ငံရှိ လေဆိပ်များတွင် တပ်ဆင်ပေးခြင်း ဖြစ်သည်။
Eleven Media Group