The Reporter News Journal (22-Dec-2013)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။ သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက "ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။ ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်"ဟု ထောက်ခံ ပြောဆိုခဲ့သည်။ ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။ နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။ ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။ သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က "ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်"ဟု ရှင်းလင်းပြောဆိုသွားသည်။

Planet Myanmar Network

မင်္ဂလာသတင်းကို ၂ဝ၁၄မှာ ပြောပြမယ့် ဂန္တဝင်


အနုပညာအလုပ်တွေအနေနဲ့ ဇာတ်ကား တွေမှာ သိပ်မတွေ့ရတဲ့ ဂန္တဝင်က ဇာတ်ကားရိုက်ကူး မှုတွေထက် သီချင်းဘက်ကို ပိုလုပ်ဖြစ်နေ တယ်လို့ ပြောပြပါတယ်။ နယ်ပွဲတွေနဲ့ နိုင်ငံခြားရှိုးတွေ ဆိုဖြစ်နေကြောင်း ပြောပြတဲ့ ဂန္တဝင်က “အနုပညာလောကထဲကို ရောက်တာ တော် တော်ကြာပြီ။ ဆယ်နှစ်ကျော်ပြီလေ။ အရင် ကတည်းက ပွဲတွေမှာ သီချင်းဆိုဖြစ်တယ်။ စီးရီး သာမထုတ်ဖြစ်ခဲ့တာလေ။ ကိုယ်က စိတ်ကူးရှိပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ပရိသတ်တွေက သိကြတော့ ပွဲတွေဆိုဖြစ်တယ်။ နိုင်ငံခြားဖျော်ဖြေ ပွဲ တွေလည်း သွားဖြစ်တယ်။ ဇာတ်ကား တွေကလည်း ကိုယ်နဲ့အဆင်ပြေတဲ့ အံ ဝင်ခွင်ကျတဲ့ဇာတ်လမ်းမျိုးကို ရိုက်ချင် တယ်။ အစ်မက အနေအေးတော့ သိပ်ပြီးမလုပ်ဖြစ်သလို ဖြစ်နေတာပါ” လို့ ပြောပါတယ်။

မင်္ဂလာသတင်းတွေ ဆက် တိုက်ကြားနေရသလို ၂ဝ၁၄ခုနှစ် မှာ တော့ ဂန္တဝင်ရဲ့ မင်္ဂလာသတင်း ကို ကြားရ နိုင်မလားလို့လည်း မေးဖြစ်ခဲ့တော့ “မင်္ဂလာသတင်း က တော့ ဖြစ်နိုင်ရင်လည်း ဖြစ်နိုင် ပါတယ်။ နီးရင်တော့ သေသေ ချာချာပြောပြမှာပါ။ အခုက ပြောဖို့ နည်းနည်းစောသေး တယ်လေ။ အချစ်ကိစ္စမှ မဟုတ်ဘူး ဘယ်အရာ ပဲ ဖြစ်ဖြစ်ကိစ္စတစ်ခုကို အစီ အစဉ်ချပြီး လုပ်တာက အမှားနည်းပြီး ကောင်း တာရှိသလို ချက်ချင်း ဆုံးဖြတ်လိုက် တာက တစ်ခါတလေကောင်းတာတွေ လည်းရှိပါ တယ်။ ရွေးချယ်ထားတဲ့ သူက အနုပညာ လောကထဲက မဟုတ်ပါဘူး။ အချစ်ကို ငယ်ငယ် တုန်းက ခံယူချက်နဲ့ အခုကနည်းနည်းတော့ ကွာ သွားတယ်။ အသက်ကြီးလာပြီး ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ အတွေ့အကြုံတွေ၊ ရင့် ကျက်မှုတွေ အများကြီးရလာတယ်။ အချစ်က တစ် ယောက်ကိုတစ်ယောက် မေတ္တာရှိပြီး ချစ်ကြမယ်ဆို ရင် ဒါနဲ့တည်ဆောက်ပြီး ညှိယူလို့ ရမယ်ထင်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

တူမဖြစ်သူ ရည်းစားနှင့်ချိန်းတွေ့၍ အဒေါ်ကတိုင်ကြား


မင်္ဂလာဒုံမြို့နယ်တွင် တစ်ရပ်ကွက်တည်းနေသူက မိဘအုပ်ထိန်းမှုအောက်ရှိသမီးငယ်ကို
သားမယားပြုကျင့်ခဲ့သည်ဆိုကာ အရေးယူပေးရန်တိုင်ကြားမှု ဒီဇင်ဘာလ ၂၁ ရက်နေ့က
ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ အသက် ၃၂ နှစ်
အရွယ်အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာ သို့တိုင်ကြားခဲ့ရာတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ ည
၇ နာရီအချိန်ခန့်၌ တူမတော်စပ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား ဓာတ်ခဲဝယ်ခိုင်း
ခဲ့ရာက ပြန်မလာသဖြင့် လိုက်လံရှာဖွေခဲ့သည်။

နောက်တစ်နေ့ နံနက် ပိုင်းတွင် အဖွားဖြစ်သူနေထိုင်ရာ သင်္ဃန်းကျွန်းကြီကျေးရွာသို့ရောက်နေ
ကြောင်းသိရသဖြင့် သွားရောက်ခေါ်ယူမေးမြန်းခဲ့သည်။ စုံစမ်းချက်အရ ဓာတ်ခဲသွားဝယ်စဉ်
၎င်းနှင့်ချစ်ကြိုက် နေသူ တစ်ရပ်ကွက်တည်းနေ သက်နိုင်(ခ)၀ဏ္ဏစိုးနှင့်ချိန်းတွေ့စဉ် နေအိမ်ဗူးစင်
အောက်သို့ ခေါ်ယူကာ သားမယား အဖြစ်ပြုမူနေထိုင်ခဲ့ပြီး ၎င်းနှင့်တစ်ညလုံးရှိနေခဲ့ကြောင်း
ပြောပြသိရ သဖြင့် အရေးယူ ပေးရန်တိုင်ကြားခဲ့သည်။

ထောက်ကြန့်နယ်မြေရဲခစန်းက(ပ)၄၅၄/၁၃ ပြစ်မှုပုဒ်မ ၃၇၆/၃၆၃ အရ အမှုဖွင့်အရေးယူထား
ကြောင်းသိရသည်။

တိုးဝေအောင် (မြန်မာတိုင်း(မ်))

ငပလီကမ်းခြေရှိသဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားနေဟုဆို


ရန်ကုန် ဒီဇင်ဘာ ၂၂

ငပလီကမ်းခြေတွင် သဲဖြူများ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားနေကြောင်း၊နောက်ပိုင်းတွင် ငပလီကမ်းခြေမှာ ပျက်စီးသွားနိုင် ကြောင်း ငပလီဟိုတယ်ဇုန်တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခုလို ရောင်းစားနေသည် ဆိုခြင်းနှင့်ပတ်သက်၍ ''ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ ခန့်ထားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေက သဲတွေကို တစ်စီးယူရင် ဘယ် လောက်ဆိုပြီး ရောင်းစားနေတယ်။ အဲဒါကို လမ်းဖောက်လုပ်ရေး လုပ် တာမှာ သုံးတယ်ပြောတယ်။ အဲဒါ အခုမှလုပ်တာပါ။ ဟိုတယ်ပဲဆောက် ဆောက်၊ အိမ်တွေ၊ အဆောက် အအုံတွေဆောက်ဆောက်၊ ဒီမှာ ပဲယူလုပ်တယ်။ အဲဒါကိုယူပြီး မရောင်းတော့ဖို့ ဇုန်အနေနဲ့တား တယ်၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးကလဲ တား တယ်။ တာဝန်ရှိသူတွေလဲတား တယ်''ဟု ငပလီဇုန်မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိ ငပလီကမ်းခြေမှ သဲဖြူများကို ယခုလို ရောင်း စားမှုကြောင့်ကမ်းခြေတွင်ကျောက် များသာရှိတော့ကြောင်း၊ သဲဖြူ များလုံးဝမရှိတော့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ဟိုတယ်ဇုန်အနေ
ဖြင့်နိုင်ငံတော်သမ္မတနှင့်ဝန်ကြီးများ ထံတင်ပြထားကြောင်းသိရသည်။

''အခုကမ်းခြေဆိုရေတွေလှိုင်း တွေ ဘယ်လောက်တိုက်တိုက် သဲ တွေမကျန်တော့ဘူး၊တင်စရာလဲ မရှိတော့ဘူး။တင်ဖို့အတွက် ကျောက် တွေပဲရှိတယ်။ နောက်ပိုင်းငပလီ ကမ်းခြေဆိုတာကြီး ကပျက်စီးသွား မယ်။ ပြီးတော့ သဲတွေမယူတော့ ဖို့ အထက်ကို တင်ပြထားတယ်။ ဒါပေမယ့်လစ်ရင်လစ်သလိုရောင်း ချကြတယ်။ အခုလမ်းဖောက်လုပ် ဖို့ဆိုပြီး ယူနေတုန်းပါပဲ''ဟု ငပလီ ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားသည်။

လားခူ
The Union Daily

ဆိုက်ဗေးရီးယားထောင်ကနေ Pussy Riot မာရီယာ လွတ်ပြီ


ဆိုက်ဗေးရီးယား ဒီဇင်ဘာ ၂၃

ဒီဇင်ဘာ ၂၀ ရက်နေ့က ရုရှားသမ္မတပူတင် ဟာ သူ့ရဲ့ အတိုက်ခံ စီးပွားရေးသမား ရေနံ သူဌေးဟောင်း ကိုဒိုကော့ဗ်စကီးကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းပေးခဲ့ပြီးနောက်ပိုင်း ထောင်ကျနေတဲ့ Pussy Riot ပူစီအဓိကရုဏ်း ပန့်တေးဂီတအဖွဲ့ဝင် Maria Alyokhina မာရီယာ အာလျှိုကီနာ ကို ယနေ့လွှတ်ငြိမ်းချမ်းသာခွင့် နဲ့ လွှတ်ပေးလိုက်ပါပြီ။

ရုရှား ရှေးရိုးစွဲ ခရစ်ယာန်ကျောင်းတော်ကြီး တစ်ခုမှာ ၂၀၁၂ ခုနှစ်က ကျင်းပတဲ့ Punk Prayer "ပန့်ဆုတောင်းသူ" ဖျော်ဖြေမှုမှာ ထိုအချိန်က ၀န်ကြီးချုပ်ဖြစ်သူ ပူတင်ကို ဝေဖန်လို့ ထောင်ကျခံရသူပါ။

ဆိုက်ဗေးရီးယား က တရာစနိုယာစ်က်ဒေသ အကျဉ်းထောင်ကနေ အာလျှိုကီနာ ကို လွှတ်ပေးလိုက်တာ ဖြစ်ကြောင်းကို အခြားပူစီအဓိကရုဏ်း အဖွဲ့ဝင် ပူထရာ ဗာဇီလော့ ရဲ့ ခင်ပွန်းသည်က အတည်ပြုပေးပါတယ်။

၂ နှစ်နီးပါး ထောင်ထဲမှာနေပြီး မှ ၂ လလောက်ကြိုတင် လွတ်ငြိမ်းချမ်းသာခွင့်ရတာဟာ မာရီယာနဲ့ နဒေဇဒါကို တို့အတွက် ဘာမှ မခံစားရပါဘူး လို့ ပူစီအဓိကရုဏ်း ပန့်ဂီတအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဗာဇီလော့ က CNN ကို ပြောပြခဲ့ပါတယ်။

နောက်ထပ် ထောင်ကျ ပူစီအဓိကရုဏ်းအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ နဒေဇဒါတိုလို ကောနီကောဗာလည်း လွတ်မယ်လို့ ပြောနေကြပါတယ်။

REF : CNN
LYT
Popular Journal

သုံးဘီးဆိုင်ကယ်အား ဆတ်တစ်ကောင် ဝင်တိုက် လူသေဆုံးမှု ဖြစ်ပွား


ထားဝယ် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့မှ မောင်းမကန် ပင်လယ်ကမ်းခြေသို့ မောင်းနှင်နေသော သုံးဘီးဆိုင်ကယ်နှင့် ဆတ်တစ်ကောင် ဒီဇင်ဘာ ၂ဝ ရက် မွန်းလွဲ ၂ နာရီက တိုက်မိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ လောင်းလုံမြို့နယ် တောရှည်ရွာအနီး တောအုပ်ထဲမှ ဆတ်တစ်ကောင်သည် ညွှတ်ကွင်းမှ လွတ်မြောက်ထွက်ပြေးပြီး ထားဝယ်မြို့မှ မောင်းမကန် ပင်လယ်ကမ်းခြေသို့ သန့်ဇော်ထွန်း မောင်းနှင်လာသော ၅ဟ/-----ကို အရှိန်ဖြင့် ဝင်တိုက်မိရာ သုံးဘီးဆိုင်ကယ် တိမ်းမှောက်သွားပြီး သုံးဘီးဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသော ထွန်းထွန်းနိုင် ၃၉ နှစ်မှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ထွန်းထွန်းနိုင်အား ထားဝယ် အထွေထွေ ရောဂါကုဆေးရုံကြီးသို့ တင်ပို့ရာ ယမန်နေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

မြ၀တီ

ရှပ်ပြေးရေယာဉ် နှစ်စင်း မီးလောင်


ကချင်ပြည်နယ် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ဧရာဝတီမြစ် ဆိပ်ကမ်း၌ ဆိုက်ကပ်ရပ်နား ထားသော မနောဇေယျာ မန္တလာ ခရီးသည် ပို့ဆောင်ရေး ရေ ယာဉ် အသင်းမှ ရွှေကံမြင့်သူနှင့် ငွေကြယ်စင် ရှပ်ပြေးရေယာဉ် နှစ်စင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ခရိုင်မီးသတ် ဦးစီးမှူးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ဝ ဦး၊ သန္ဓေမီးသတ် ယာဉ်လေးစီး၊ အရန်မီးသတ် တပ်ဖွဲ့ယာဉ် ကိုးစီး ရောက်ရှိလာပြီး ပြည်သူများ ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ သည်။ မီးလောင်မှုကြောင့် ငွေ ကျပ် ၃၅ သိန်းကျော် ဆုံးရှုံးကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ် ထွန်းထွန်းဝင်းက တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမှ (ပ) ၂၇၁/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

ချစ်သုဝေ ပြောပြတဲ့ ဘာသာတရားအနှစ်သာရနှင့် ခရစ္စမတ်အမှတ်တရအကြောင်း


အခုနှစ်ဒီဇင်ဘာ ၂၅ရက်နေ့မှာ ဆိုရင် ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ခရစ္စမတ် ရက်မြတ်ကို ရောက်ရှိတော့မှာဖြစ် ပါတယ်။ ပေါ်ပြူလာဂျာနယ်က ခရစ္စမတ်အကြိုဂုဏ်ပြုတင်ဆက်ဖို့ ခရစ္စမတ်မြင်ကွင်းဓာတ်ပုံ ရိုက်ကူး ရန်စီစဉ်တဲ့အခါမှာတော့ ခရစ်ယာန် ဘာသာဝင်တစ်ဦးလည်းဖြစ် မကြာမီ ကာလအတွင်းမှာလည်း မင်္ဂလာ လက်ထပ်ပွဲဆင်နွှဲတော့မယ့်သူလည်း ဖြစ်သူ၊သရုပ်ဆောင်အဆိုတော် ချစ်သုဝေနဲ့အတူ ချစ်စရာ သမီးငယ် လေးတွေ၊ သားငယ်လေးတွေ ပါဝင် ဝန်းရံကာ
ချစ်သုဝေရဲ့နေအိမ်မှာပဲ ပုံဖော်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲဒီလို ခရစ္စမတ်ကာလအပြင်အဆင်လေးတွေကိုတော့ ချစ်သုဝေနဲ့ ချစ်ဆုဝေ တို့ညီအစ်မနှစ်ဦးက နေအိမ် မှာ နှစ် တိုင်းလိုလိုပင် အလှဆင်လေ့ရှိပါတယ်။ ဒီလိုလှပတဲ့ ခရစ္စမတ်အပြင် အဆင်တွေနဲ့အတူ ချစ်သုဝေရဲ့ တူ မလေး မေစံပယ်(Vee Vee)၊ဒီဇိုင်နာ မပုံ့(My Favourite)ရဲ့ သမီးကြီး ပိုး မြတ်ဟေသာ၊ သမီး လတ်ဆိုဖီယာ၊ သားအော်စကာတို့နဲ့အတူ ခရစ္စမတ် အမှတ်တရပုံရိပ်၊ အပျော်ပုံရိပ်လေး တွေကို ကြည်နူးပီတိ ဖြစ်ဖွယ် ဓာတ်ပုံ ရိုက်ကူး ကာ ပုံဖော်ဖြစ်ခဲ့ပြီး သရုပ်ဆောင်၊အဆိုတော်ချစ်သုဝေနဲ့ ရင်တွင်းစကားသံများကိုလည်း မေး မြန်းဖြစ်ခဲ့ပါတယ်။

►ခရစ္စမတ်ဆိုတာ -

ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ပျော်စရာကောင်း တဲ့နေ့ရက်လည်း ဖြစ်ကြောင်းကို ချစ်သုဝေက “ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေ အတွက် လူသားတွေ ကို ကယ်တင်ဖို့အတွက် သခင်ယေရှုမွေးဖွားလာတဲ့ နေ့ထူး၊နေ့မြတ်နေ့ ရက်ကလေးတစ်ခုဖြစ်တယ်။ ခရစ္စယာန်တစ်ယောက်အနေနဲ့ ရိုးရိုးသာမန်လူ ဆိုရင် တောင် ခရစ္စမတ်ဆိုရင် ဘယ်သူဖြစ်ဖြစ် ပျော်တတ်ကြတာဆိုတော့ ဆောင်းတွင်းလေး လည်းဖြစ်တယ်။ ဒီခရစ္စမတ်ရဲ့ အနှစ်သာရလေးကလည်း ပြည့်စုံတယ် ဆိုတော့ ထရီဇာ အတွက် တအားပျော်တဲ့ကာလပေါ့”လို့ ပြောပါတယ်။

► ခရစ္စမတ်ကို ပျော်ရွှင်စွာ ဖြတ်သန်း -

ခရစ္စမတ်ကို ခရစ်ယာန် ဘာသာဝင်တို့ ဓလေ့ထုံးတမ်း ပြုမူကာ ဂုဏ်ယူစွာ ဖြတ်သန်းခဲ့ရကြောင်း ကို ချစ်သုဝေက “ခရ စ္စမတ်ဆိုရင် ဘယ်တော့မှ အလုပ်မလုပ်ဖြစ်ဘူး။ မိသားစုတွေ အမြဲတမ်း အတူတူနေတဲ့ နေ့ကလေးတွေပေါ့။ ဝေးတဲ့အမျိုးတွေကနေ နီးစပ်တဲ့ အမျိုးအထိ အတူတူဆုံဖြစ်ကြတယ်။ ထရီဇာ့ ဘဝမှာ မှတ်မှတ်ရရဆိုလို့ စင်ကာပူကိုဇာတ်ကားသွားရိုက်တုန်းကပဲ အလုပ် လုပ် ဖူးတယ်။ စင်ကာပူမှာ ထရီဇာနဲ့ ထရီဇာ့မေ မေ နှစ်ယောက်တည်းဆိုတော့ တအား အထီးကျန် ဆန်တာပဲ။ အိမ်ကို တအားသတိရသလို၊ ဘုရား ကျောင်းကိုလည်း သတိရ တယ်။ အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း သတိရတယ်။ ဆွေမျိုးတွေ gathering လုပ်တဲ့ အချိန်မှာ ကိုယ်မ ရှိတော့ ဝမ်းနည်း တယ်။ ၂၄ရက် နေ့ညဆိုရင် ဘုရားကျောင်း တက်တယ်။ greetလုပ်ကြတယ်။ နောက်နေ့ ၂၅ ရက်နေ့မှာလာကြတဲ့ ဆွေမျိုး တွေ၊ မိတ်ဆွေသူငယ် ချင်းတွေလာ နှုတ် ဆက်ကြတဲ့သူတွေ ကို ကျွေးမွေးဧည့်ခံဖို့အတွက် အသင့်ပြင်ထား ကြတယ်။ နေ့ ခင်းကျရင်ဘွားဘွား အိမ်မှာစုကြတယ်။ ဘွားဘွားအိမ် က မြောက်ဒဂုံ မှာ ဆိုတော့ မြောက်ဒဂုံနီးစပ်ရာ မှာရှိတဲ့ မရှိတဲ့ကလေးတွေ အိမ် ထောင်စုတွေအတွက် လက်ဆောင်တွေ မဲ ဖောက်ပေးကြတယ်” လို့ ဆိုပါတယ်။

►ခရစ္စမတ်အမှတ်တရ

ဒါ့အပြင် မိမိကိုယ်တိုင် ခရစ္စမတ်ရောက်တိုင်း အမှတ်တရ တွေ တစ်နှစ်နဲ့တစ်နှစ်မတူအောင် ကျန်ရှိခဲ့ပုံအကြောင်းတွေကိုလည်း “ခရစ္စမတ်တိုင်းကတော့ အမှတ်တရဖြစ် ပါ တယ်။ တစ်နှစ်နဲ့ တစ်နှစ်မတူတဲ့ အပျော်တွေချည်းပဲ။ Carol Singing သွားဆိုကြတယ်ဆို ရင် အိမ်တွေက မုန့်တွေကျွေးကြ တယ်။ တအားအိပ်ချင်လာရင် ဘီ အမ် ကားပေါ်မှာပဲ အိပ်တော့မယ်ဆို ပြီး နေခဲ့ပြီးမှအပြေးလိုက်ပြီး လိုက် ဆိုတာမျိုး။ အဲဒီလို အမှတ်တရတွေ များတယ်။ ဟိုးငယ်ငယ်တုန်းကဆို ရင် စင်တာကလော့ခ်တကယ် ရှိတယ် ပဲ ထင်တာ။ အဖေအမေက ကိုယ့် ကို ပြောထားတာက လိမ္မာလို့ရှိရင် စင်တာကလော့ခ်က ခရစ္စမတ်မှာ လက်ဆောင်ကောင်းကောင်းတကယ် ပေးမယ်။ မလိမ္မာရင် မပေးဘူးလို့ ပြောထားတယ်။ တစ်နှစ်မှာ ထရီဇာ တို့ အိပ်ယာကနိုးလာတော့ ခေါင်း ရင်းကို ကြည့်လိုက်တော့ ကော်ရုပ်စု ဗူးလေးတွေ့တယ်။ ထရီဇာတို့ ညီ အစ်မနှစ်ေ ယာက်က တအားစိတ်ညစ် သွားတယ်။ စင်တာကလော့ခ်က တအားရက်စက်လိုက်တာပေါ့။ ငါတို့ ကို ကော်ရုပ်စုဗူးပဲပေးတယ်ပေါ့။ ကိုယ်လည်းဆိုးလို့ နေမှာပေါ့လေ။ ထရီဇာသူငယ်ချင်းကကျတော့ စန္ဒ ရားကြီးရတယ်။ မေမေက ပြော တယ်။ တွေ့လား ဘယ်လောက်လိမ္မာ လဲမသိဘူး။ မိဘစကားကို ဘယ် လောက်ထိ နားထောင်လဲ မသိ ဘူး။ စင်တာကလော့ခ်က စန္ဒရားကြီး တောင်ပေးတယ်။ အဲဒါကြောင့်မို့ စကားနားထောင်ပါလို့ ပြောတာပေါ့ ဆိုပြီး ပြောတယ်”လို့ ချစ်သုဝေက ပြန်ြေ ပာင်း ပြောပြပါ တယ်။

►ပရိသတ်အတွက် စကားလက်ဆောင်

ဆက်လက်ပြီး မိမိတို့အားပေး ကြတဲ့ အမြို့မြို့အနယ်နယ်က ပရိသတ်ကြီးတွေအတွက် ခရစ္စမတ် လက်ဆောင်စကားကို ချစ်သုဝေက

”ခရစ္စမတ်ကာလက တအား လည်း ကျက်သရေရှိတယ်။ တကယ် လည်း မွန်မြတ်တယ်။ လူသားတွေ အပြစ်လွတ်ဖို့အတွက် ကယ်တင်ရှင် ကြွလာတဲ့အဓိပ္ပာယ်လေ။ လူတွေ ဆိုတာ အပြစ်နဲ့မကင်းဘူး။ အပြစ် တွေ လုပ်ကြတယ်။ ဒါပေမဲ့ နည်းနိုင်သမျှနည်းအောင် ကြိုးစားကြတယ်။ ထရီဇာဆိုလည်း ဒီနှစ်ခရစ္စမတ်မှာ မကောင်းတဲ့အမူအ ကျင့်တစ်ခု ပျောက်ဖို့ ကြိုးစားတယ်။ ဘုရားမှာ ဆုတောင်းတယ်။ လူတွေက အသား အရောင်တွေ မတူဘူး။ ဘာသာတ ရားတွေ ကွဲပြားမယ်။ လူမျိုးတွေ ကွဲ ပြားမယ်။
မတူညီတာအားလုံးကို နဆကခအေငသည ချပေးနိုင်တာက ချစ် ခြင်းမေတ္တာတစ်ခုထဲဖြစ်တဲ့အတွက် မေတ္တာတရားနဲ့ မြင်တဲ့အမြင်တွေ၊ အတွေးတွေ၊ အပြောတွေ လုပ် ဆောင်ချက်တွေနဲ့ လုပ်ဆောင်ပြီး ခရစ္စမတ်ကာလမှစပြီး နောင်နေ့ ပေါင်းများစွာကို အဓိပ္ပာယ်ရှိတဲ့ အကျိုးရှိရှိနဲ့ ဖြတ်သန်းနိုင်ကြပါစေ။Merry Christmas …..!!!! ” လို့ မေတ္တာတရားထုံးမွှမ်းထားတဲ့ ကြည် နူးပီတိဖြစ်သွယ်ဆုခြွေစကားတွေ ပြောကြားခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Journal

လင်မယားချင်းရန်ဖြစ်ရာမှ မိန်းမဖြစ်သူသေဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၂၃

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျောက္ကာကျေးရွာနေ ဦးကျော်ဌေး(၄၁)နှစ်သည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ရာအိမ်မှူးဦးဇော်နိုင်၏ဇနီးဒေါ်ခင်မာဝင်းမှ ပေါက်မြို့နယ်၊ မြေနီမရွာနေ ဒေါ်မိကောင်း(၅၀)နှစ်
 သေဆုံးကြောင်း တယ်လီဖုန်းဖြင့်အကြောင်းကြားခဲ့သောကြောင့် ဦးကျော်ဌေးမှဆက်လက်၍ ပေါက်မြို့မ ရဲစခန်းအား အကြောင်းကြားခဲ့ရာ ပေါက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ဒေါ်မိကောင်း၏ ဦးခေါင်းငယ်ထိပ်တွင်ပျော့၍ သွေးစို့ နေသောဒဏ်ရာ(၁)ချက်တွေ့ရှိရပြီး ၎င်းဒဏ်ရာမှာ လင်မယားချင်းရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ လှစိုး(၆၀)နှစ်မှ ဇနီးဖြစ်သူ ဒေါ်မိကောင်း၏ ဦးခေါင်းငယ်ထိပ်အား သစ်သားတုံးဖြင့်ရိုက်နှက်ရာတွင် ရရှိသောဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် လှစိုးအား ပေါက်မြို့မရဲစခန်း (ပ)၁၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Mobile Guide ဂျာနယ် (၂၅၊ ဒီဇင်ဘာ၊ ၂၀၁၃)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ဒီလှိုင်းဂျာနယ် အတွဲ(၂) အမှတ်(၄၆)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





ရတနာပုံနေ့စဉ်သတင်းစာ (၂၃-၁၂-၂၀၁၃) တနင်္လာနေ့

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





မြ၀တီနေ့စဉ်သတင်းစာ (၂၃-၁၂-၂၀၁၃) တနင်္လာနေ့

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





တရားမဝင် မြန်မာလုပ်သားများကို ထိုင်းအစိုးရ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်


ရန်ကုန် ဒီဇင်ဘာ ၂၂

ထိုင်းနိုင်ငံမှ ဗီဇာသက်တမ်း ကျော်လွန်နေသောမြန်မာရွှေ့ပြောင်း လုပ်သားများနှင့်တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ထိုင်း အာဏာပိုင်များက လွတ်ငြိမ်းချမ်း သာခွင့်ပေးမည်ဖြစ်ပြီး မြန်မာ သံရုံး၏တောင်းဆိုမှုအရတရားဝင် ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ယနေ့ဖော်ပြထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန အနေဖြင့် ဗီဇာသက်တမ်းလေးနှစ်ကျော်သွားသည့်တရားမဝင်မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီး သည့်နည်းဖြင့်မဖြေရှင်းရန် လွှတ် တော်တွင်တင်ပြဆွေးနွေးခဲ့ကြောင်း လည်းတွေ့ရသည်။ ဆက်လက်၍ သံရုံးအချင်းချင်း ဆက်သွယ် ဆွေးနွေးကာ ရွှေ့ပြောင်းလုပ်သား များကို တရားဝင်လွှဲပြောင်းပြီး နောက် ဗီဇာသက်တမ်းတိုးပေး သည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ၏သတင်းထုတ်ပြန်ချက်အရ ကော့ သောင်း၊ မြဝတီ၊ တာချီလိတ်အစ ရှိသောမြို့များနှင့် ထိုင်းအခြေစိုက် မြန်မာသံရုံးတို့တွင် တရားဝင် ပတ်စ်ပို့ပြုလုပ်ရေး စင်တာများ ဖွင့် လှစ်ပေးသွားမည်ဟုလည်း သိရ သည်။

မျိုးမင်းပိုင်
The Union Daily

Myanmar Handsome အထည်ချုပ် လုပ်သားခေါင်းဆောင် ၁၆ ဦး အလုပ်ထုတ်ခံရ၍ သပိတ်စခန်းဖွင့်


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ဆန္ဒပြ တောင်းဆိုမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံစက်မှုဇုန် အတွင်းရှိ Myanmar Handsome အထည်ချုပ် စက်ရုံတွင် လုပ်သား ခေါင်းဆောင် ၁၆ ဦး အလုပ် ထုတ်ခံရသဖြင့် လုပ်သား ၁၃၀ ကျော် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကာ သပိတ်စခန်းဖွင့်ကာ ၁၂ ရက် ကြာသည်အထိ ဆန္ဒပြ တောင်းဆို နေသော်လည်း ပြေလည်မှု မရရှိသေးကြောင်း ဆန္ဒပြ လုပ်သားများက ပြောကြားသည်။

စက်ရုံတွင် အလုပ်ဌာနအလိုက် ကြီးကြပ်သူ ခေါင်းဆောင် ၁၆ ဦးက လက်ရှိ ရရှိနေသည့် တစ်လလုပ်အားခ ကျပ်ရှစ်သောင်းကို ကျပ် ၁၈၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၂၀,၀၀၀ တိုးမြှင့် ပေးကြောင်း၊ လုပ်သား ခေါင်းဆောင်များက ၁၅၀,၀၀၀ ပေးရန် ထပ်မံတောင်းဆိုရာ အလုပ်ရှင်က ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် သုံးလစာ လုပ်အားခပေးကာ အလုပ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း လုပ်သားတစ်ဦးဖြစ်သူ ဒေါ်စုစုဝင်းက ပြောကြားသည်။

အဆိုပါ ပြဿနာ များကြောင့် အလုပ်ထုတ်ခံ ထားရသည့် ခေါင်းဆောင် များကို အလုပ်ပြန်လည် ခန့်ထားရန်၊ တစ်နာရီ လုပ်အားခ ကျပ်၂၅၀ ပေးရန်၊ အထည်ဆုကြေးများ ချုပ်သည့်အတိုင်း ပေးရန် အပါအဝင် အချက် ၁၇ ချက်ကို လုပ်သား ၁၃၇ ဦးက တောင်းဆိုနေကြောင်း လုပ်သားများထံမှ သိရှိရသည်။

တောင်းဆိုထားသည့်အချက် ရရှိခြင်း မရှိသဖြင့် ခုံသမာဓိအဖွဲ့သို့ တင်ပြထားကြောင်း အထက်ပါ လုပ်သားများထံမှ သိရှိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ Myanmar Handsome အထည်ချုပ်စက်ရုံမှ မန်နေဂျာ တစ်ဦးထံ ဆက်သွယ် မေးမြန်းခဲ့ရာ မှတ်ချက်ပေးလိုခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

လုပ်သား ၃၃၀ ကျော်ရှိသည့် Myanmar Handsome အထည်ချုပ် စက်ရုံတွင် ၂ နှစ်အတွင်း ဆန္ဒပြမှုငါးကြိမ် ဖြစ်ပွားဖူးကြောင်း လုပ်သားများထံမှ သိရှိရသည်။

The Voice Weekly Myanmar

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသူများ ဆေးကုသမှု ခံယူနေရ


ပဲခူးတိုင်း ပေါင်းတည်ထောင်တွင်း အစာငတ်ခံဆန္ဒပြနေကြတဲ့ ဒေါ်မြင့်မြင့်အေးအပါအ၀င် လယ်သမားအရေး တက်ကြွလှုပ်ရှားသူတွေ ကျန်းမာရေး ချို့ယွင်းလာတဲ့အတွက် ဆေးကုသမှု ခံနေရတယ်လို့ ထိန်းသိမ်းခံနေရသူတွေရဲ့ မိသားစုက သိရပါတယ်။

ပေါင်းတည်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ မိ​တ္ထီ​လာ​ပြည်​သူ့အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ဒေါ်​မြ​င့်​မြ​င့်​အေး​၊ ဝိမု​တ္ထိ ​လူ​မှု​ကူ​ညီ​ရေး​အ​ဖွဲ့က ဒေါ်​ခင်​မိ​မိ​ခိုင်​နဲ့ ​န​တ္တ​လင်း​ပြည်​သူ့အ​ကျိုး​ဆောင်​ ကွန်​ရက်​မှ ဦးသန့်ဇင်​ထက်တို့ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေကြတာပါ။

ဒေါ်မြင့်မြင့်အေးဟာ ဒီဇင်ဘာ ၂၁ ရက်က အားနည်းပြီး မူးလဲသွားတဲ့အတွက် ဆေးကုသမှုခံနေရတယ်လို့ ထောင်ဝန်ထမ်းတွေဆီကတဆင့် ကြားသိရကြောင်း ဒေါ်မြင့်မြင့်အေးရဲ့ မောင်ဖြစ်သူက ပြောပါတယ်။

“သူပြောသွားတာကတော့ လွန်ခဲ့တဲ့ ၂၊ ၃ ရက်လောက် ဒရစ် ချိတ်လိုက်ရကြောင်းနဲ့ သတိလစ်သွားတာ ၂ ရက်လောက်ရှိပြီလို့ ကြားသိရပြီး အတိအကျကိုတော့ မသိရသေးဘူး။ ထောင်ဝင်း ၀င်ထွက်သွားလာနေတဲ့ ၀န်ထမ်းတွေဆီကနေသာ ကြားသိရပြီး အတိအကျကို မသိရသေးဘူး။”

အစာငတ်ခံ ဆန္ဒပြနေသူ ဒေါ်ခင်မိမိခိုင်လည်း ကျန်းမာရေးမကောင်းဘူးလို့ သိရပေမယ့် ထောင်တွင်းကို ဆက်သွယ်ရာမှာ ပြန်လည် ဖြေကြားခြင်း မရှိသလို ထောင်ဝင်စာ တွေ့ခွင့်လည်း မပေးဘူးလို့ အစ်မဖြစ်သူ ဒေါ်အေးမှီက ပြောပါတယ်။

“ထောင်ကို ကျန်းမာရေးအခြေအနေ သိချင်လို့ လှမ်းမေးလိုက်ရင် ဟုတ်ကဲ့ခင်ဗျ ဆိုပြီး ဖုန်းချသွားတယ်။ ဘယ်လိုမှ ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။ ထမင်း အတင်းခွံ့ကျွေးလို့ သန့်ဇင်တယောက်က ထမင်းစားတယ်။ ဒေါ်မြင့်မြင့်အေးကလည်း အားနည်းပြီးတော့ သတိမေ့သွားတယ်လို့ ပြောတယ်။ ဆေးသွင်းထားတယ်တဲ့၊ ဆေးကုသခံနေရတယ်” လို့ ပြောဆိုပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ သူတို့ကို နတ္တလင်းတရားရုံးမှာ ရုံးထုတ်ဖို့ရှိပြီး မိသားစုဝင်တွေ သွားရောက်တွေ့ဆုံဖို့ ရှိနေပါတယ်။

ဒေါ်မြင့်မြင့်အေးရဲ့ ရှေ့နေ ဦးရဲလင်းနိုင်ကတော့ ကျန်းမာရေးမကောင်းဘူးလို့ ကြားသိရပေမယ့် ၀င်တွေ့ခွင့်မရဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ရှေ့နေတွေလည်း တွေ့ခွင့်မရဘူး။ ဘေးလူတွေလည်း တွေ့ခွင့်မပေးဘူး။ ရာသီဥတုက အေးတော့ ကျန်းမာရေး နည်းနည်းချို့တဲ့တယ်လို့ ကြားတယ်။ ကျနော်တို့ တိကျခိုင်လုံတဲ့ သတင်းတော့ မကြားဘူးဗျ။ ထောင်ထဲက ထမင်းဆိုင်တွေကိုလည်း ရောင်းခွင့် မပေးဘူး။ ဘာအကြောင်းရှိလို့လည်း မသိဘူး၊ ထောင်နားက ထမင်းဆိုင်တွေလည်း အကုန်ပိတ်ထားတယ်။”

အစာငတ်ခံ ဆန္ဒပြနေသူတွေဟာ ပဲခူးတိုင်း န​တ္တ​လင်း​မြို့​နယ်​ထဲ ​လယ်​သိမ်း​ခံ​ တောင်​သူ​တွေ​ဘက်​က ​လိုက်​ပါ​ ရပ်တည်​ပေး​ရင်း ပြီးခဲ့တဲ့ ဇွန်လကတည်းက ​ပေါင်း​တည်​ထောင်​မှာ ​ဖမ်း​ဆီး​ချုပ်​နှောင်​ခံထားရတာ အခုဆို ၆ လကျော်ရှိနေပြီ ဖြစ်​ပါ​တယ်။

ဒေါ်မြင့်မြင့်အေးတို့ ပါဝင်တဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဟာ တရားဝင် အဖွဲ့အစည်း မဟုတ်ဘူးဆိုပြီး န​တ္တ​လင်းရဲစခန်းက သူတို့ကို သင်းပင်းဥပဒေ ပုဒ်မ ၆/၈၈ နဲ့ စွဲချက်တင်အရေး ယူထားတာဖြစ်ပြီး တရားရုံးတွေမှာ ရုံးချိန်းပေးနေတာလည်း အကြိမ် ၂၀ လောက်ရှိနေပြီဖြစ်ပါတယ်။

ပုဒ်မ ၆ နဲ့ စွဲချက်မတင်ဖို့ ပဲခူးတိုင်းအနောက်ပိုင်းခရိုင် တရားရုံးကို လျှောက်လဲချက် တင်ခဲ့ပေမယ့် ခရိုင်တရားရုံးက ပယ်ချခဲ့ပါတယ်။

ဒီနောက် ပဲခူးတိုင်းဒေသကြီး တရားရုံးကို ထပ်မံ လျှောက်လဲချက်ပေးတဲ့အခါ အမှု လက်ခံထားပေမယ့် တစုံတရာ အမိန့်ချမှတ်တာ မရှိတဲ့အတွက် ထောင်တွင်းဆန္ဒပြတာ ဖြစ်ပါတယ်။

By နော်နိုရင်း

ထိုင်းတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါတီမှတ်ပုံတင်ရုံးကို ပိတ်ဆို့


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအတွက် ပါတီတွေ မှတ်ပုံတင်တာကို ဒီနေ့ စတင်နေတဲ့အချိန်မှာ ဆန္ဒပြသမားထောင်ပေါင်းများစွာဟာ ပါတီမှတ်ပုံတင်ရုံးရဲ့ အ၀င်ဝကို ပိတ်ဆို့ထားကြပါတယ်။

မြို့တော်ဘန်ကောက်က ထိုင်း-ဂျပန် အားကစားရုံအ၀မှာ ပိတ်ဆို့ ဆန္ဒပြနေသူ ဆန္ဒပြသမား ၇ ထောင် ၀န်းကျင် ရှိပါတယ်။

ရွေးကောက်ပွဲအသစ်အတွက် စံချိန်စံညွှန်းသစ်တွေ ချမှတ်ဖို့ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ဆန္ဒပြသမားတွေက တောင်းဆိုနေပါတယ်။

ဖေဖော်ဝါရီလအစောပိုင်း ရွေးကောက်ပွဲအတွက် ဒီဇင်ဘာ ၂၃ ကနေ ၂၇ ကြားမှာ ရွေးကောက်ပွဲ မှတ်ပုံတင်တာကို လုပ်ဖို့ ကြားဖြတ်အစိုးရက စီစဉ်ထားတာ ဖြစ်ပါတယ်။

လက်ရှိ ကြားဖြတ်အစိုးရရဲ့ ၀န်ကြီးချုပ် ယင်းလပ်ရဲ့ အုပ်ချုပ်မှုဟာ ၂ နှစ်လောက် ချောမွေ့ခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလက ပွေ့ထိုင်းပါတီရဲ့ နိုင်ငံရေးရာဇ၀တ်မှု အားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းကို လွှတ်တော်တင်သွင်းခဲ့လို့ နိုင်ငံရေး တင်းမာခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ၂၀၀၈ ခုနှစ်မှာ အဂတိလိုက်စားမှု စွဲချက်တွေကနေ ပယ်ဖျက်ပေးပြီး ဒူဘိုင်းမြို့ကနေ ထိုင်းနိုင်ငံကို ပြန်လာနိုင်ခွင့်ပေးဖို့ ကြိုးစားမှုလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာ အကြီးအဆုံးအတိုက်အခံ သက်တမ်းရင့်ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီက လွှတ်တော်ကို ကျောခိုင်းခဲ့လို့ ပါလီမန်လည်း ဖျက်သိမ်းခဲ့ရပါတယ်။

ကြားဖြတ်ဝန်ကြီးချုပ် ယင်းလပ်က ကြီးမှူး ကျင်းပပေမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လည်း သပိတ်မှောက်မယ်လို့ ဒီမိုကရက်ပါတီက ဒီဇင်ဘာ၂၁ ရက်နေ့မှာ ကြေညာထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့ ဆန္ဒပြပွဲမှာ ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်ဆုဘန်းက ရွေးကောက်ပွဲ ကိုယ်စားလှယ် မှတ်ပုံတင်တဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ဆော်သြထားပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၀၁ ခုနှစ်ကနေ ခုချိန်ထိ ရွေးကောက်ပွဲတိုင်းမှာ သက်ဆင်သြဇာနဲ့ မကင်းတဲ့ ပါတီတွေကပဲ အနိုင်ရနေတာ ဖြစ်ပါတယ်။

DVB Burmese

အစိုးရနှင့်တအာင်းတပ် တိုက်ပွဲဖြစ်


မြန်မာအစိုးရ စစ်တပ် ခမရ ၁၇ နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၇၁၇ တို့ ကျောက်မဲမြို့နယ် ပန်ကွဲရွာအနီးမှာ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တအာင်းတပ်ရင်း ၇၁၇ က ပန်ကွဲရွာမှာ စစ်ကြောင်းနားနေစဉ် မြန်မာအစိုးရ ခမရ ၁၇ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရင်ဆိုင်တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး တာအိုက်ဖုန်းက ပြောဆိုပါတယ်။

မြန်မာစစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

DVB Burmese

အားကစားပြိုင်ပွဲများက ပေးသော သင်ခန်းစာ


မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပလျက်ရှိသည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ မကြာသေးခင် အချိန်က ဝဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းအတွင်း ပိတ်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။ စုစုပေါင်း အားကစားနည်း ၄၄ မျိုးအတွက် ဆုတံဆိပ် ၅၅၄ ဆု ချီးမြှင့်ပေးခဲ့ရာ ဒီဇင်ဘာလ ၂၂ ရက် ပြိုင်ပွဲအားလုံး ပြီးဆုံးချိန်တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၈၆ ခု၊ ငွေတံဆိပ် ၆၂ ခု၊ ကြေးတံဆိပ် ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ဖြင့် နိုင်ငံအလိုက် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုဖြင့် အဆင့်ခုနစ် နေရာသာ ရရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ခုန်ပျံ တိုးတက်လာခြင်းဟု ဆိုနိုင်သည်။ မြန်မာ ပြည်သူလူထု အများစု၊ မီဒီယာများနှင့် လေ့လာသုံးသပ်သူ များကမူ မြန်မာ အားကစားသမားများ ဤမျှလောက်အထိ ဆုတံဆိပ်များ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။ အမြင့်ဆုံးအဆင့် စတုတ္ထနေရာလောက်သာ ဝင်နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ သို့သော် ပြီးခဲ့သည့် စနေနေ့က ထိုခန့်မှန်းချက်များ မှားယွင်းကြောင်း မြန်မာ့ရိုးရာ လှေလှော်နှင့် မွေလက်ရွေးစင် အားကစား သမားများက သက်သေပြသွား ခဲ့ကြသည်။

စင်စစ်အားဖြင့် မြန်မာ့လက်ရွေးစင် အားကစားသမားများ ဤမျှလောက် အောင်ပွဲရခြင်းမှာ ပရိသတ်၏ အားပေးမှု၊ အားကစားသမားများ၏ စိတ်ဓာတ်၊ သက်ဆိုင်ရာ၏ ပံ့ပိုးကူညီမှု တို့ကြောင့်ဟူသော ယေဘုယျဆန်ဆန် အကြောင်းများထက် ပိုသည်ဟု ပြောနိုင်သည်။ ပွင့်လင်းစွာ ပြောရလျှင် မြန်မာအားကစားသမား အများစုမှာ လဲစရာဝတ်စုံ၊ လေ့ကျင့်စရာ နိုင်ငံတကာ အဆင့်မီ ကိရိယာ ပစ္စည်းများ၊ အာဟာရနှင့် ကျန်းမာရေးကို စနစ်တကျ တွက်ချက် ကျွေးမွေးသော အစားအသောက်နှင့် စိတ်ဓာတ် လုံခြုံမှု ရှိစေရန်ပေးသော နေ့တွက်စရိတ် အစရှိသည်တို့ကို ပြိုင်ဘက် နိုင်ငံများကဲ့သို့ လုံလောက်စွာ မရရှိခဲ့ပေ။ ငါးပိရည်၊ တို့စရာနှင့် ထန်းလျက်ခဲစားကာ ဝတ်စုံတစ်စုံကို ဖန်တစ်ရာတေ ဝတ်ဆင်ပြီး စိတ်ဓာတ်သက်သက်ဖြင့် ပြိုင်ပွဲဝင် အနိုင်ရခဲ့သည့် မြန်မာ အားကစားသမားများ၏ စွမ်းဆောင်ရည်မှာ များစွာ ထူးကဲလှသည်ဟု ဆိုနိုင်သည်။

ဤအားကစားပြိုင်ပွဲသည် အနှစ်လေးဆယ်ကျော်ကြာ တိမ်မြုပ်နေခဲ့သော မြန်မာတို့၏ ပင်ကို စွမ်းရည် များကို ဖော်ထုတ် ပြသလိုက်သည့်ပွဲ ဖြစ်သည့်အပြင် နိုင်ငံရေး အယူအဆနှင့် အခြားအခြားသော ကွဲပြားခြားနား အရေးကိစ္စများစွာ ရှိနေသော်လည်း အားကစားပြိုင်ပွဲ ခေါင်းစဉ်အောက်တွင် တစ်မျိုးသားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း အားပေးပံ့ပိုးခဲ့ကြသည့် ပွဲဟုလည်း ဆိုရပေမည်။

အနှစ် ၅၀ ကျော်ခန့် ဗဟိုက တင်းကျပ်စွာ ချုပ်ကိုင်မှုနှင့် စစ်အာဏာရှင် စနစ်အောက်တွင် ရှိနေခဲ့သော နိုင်ငံတစ်နိုင်ငံ အနေနှင့် အနှစ်လေးဆယ်ကျော်ကြာမှသာ အိမ်ရှင်အဖြစ် ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သောကြောင့် အားနည်းချက်များစွာ ရှိနေသေးသည်။ ထိုအားနည်းချက် များကိုလည်း သင်ခန်းစာအဖြစ် မှတ်ယူပြီး နောင်ပြိုင်ပွဲများတွင် အားသာချက်အဖြစ် ပြောင်းကာ ယခုထက် သာလွန်သော အောင်မြင်မှု ရရှိရန် စွမ်းဆောင် နိုင်လိမ့်မည်ဟု မျှော်လင့်သည်။

ထို့အတူ လက်ရှိ အခြေအနေအရ လိပ်ခဲတည်းလည်း ဖြစ်နေသော မြန်မာ့နိုင်ငံရေး မရေရာ မသေချာမှုများ၊ ပုဂ္ဂိုလ်ရေး အားပြိုင်မှု များကိုလည်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရှိခဲ့သော တစ်စိတ်တစ်ဝမ်းတည်း စိတ်မျိုးဖြင့် အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့ကို သန်းခြောက်ဆယ်သော ပြည်သူလူထုအတွက် ဆောင်ကြဉ်း ပေးကြပါမည့် အကြောင်း အထူးတိုက်တွန်း အပ်ပေသည်။

အယ်ဒီတာ (၂၂-၁၂-၂၀၁၃)
The Voice Weekly Myanmar

တပ်သိမ်းမြေကိစ္စ ခွင့်ပြုချက်မရဘဲ သတင်းစာရှင်းလင်းပွဲ လုပ်သဖြင့် ဆိုင်းဘုတ်များ ဖြုတ်ချခံရ


မော်လမြိုင်၊ ဒီဇင်ဘာ ၂၂

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်းရွာသစ် ကျေးရွာတွင် အမှတ် ၃၁၇ အမြောက်တပ်ရင်း တည်ဆောက်ရန် သိမ်းယူထားသည့် ရော်ဘာခြံများအတွက် နစ်နာကြေး မရသည်ကို ခြံပိုင်ရှင်များက ခွင့်ပြုမိန့် တောင်းခံထားခြင်းမရှိဘဲ စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်သဖြင့် ရှင်းလင်းပွဲဆိုင်ရာ ဆိုင်းဘုတ်များ ဖြုတ်ချ ခံရကြောင်း ရော်ဘာခြံ ပိုင်ရှင်များ ခေါင်းဆောင်ဖြစ်သည့် ဦးဖေအောင်က ပြောကြားသည်။

ရော်ဘာခြံ ပိုင်ရှင်များ၏ အခက်အခဲများကို နိုင်ငံတော်အဆင့် အကြီးအကဲများ သိရှိစေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆန္ဒပြခွင့် လျှောက်ထား ခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့ခြင်းကြောင့် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

သတင်းစာရှင်းလင်းပွဲ ပြုလုပ်လိုပါက မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ခွင့်ပြုမိန့် တောင်းခံထားခြင်း မရှိဘဲ သတင်းစာရှင်းလင်းပွဲ မပြုလုပ်ရန် ရေးမြို့နယ် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တားမြစ်ခဲ့ခြင်း ဖြစ်သည်ဟု မော့ကနင်း ရွာသစ်အုပ်စု (၁) မှ အုပ်ချုပ်ရေးမှူး ဦးဟုတ်ကြည်က ပြောဆိုသည်။
“အဘွားခြံက ဧက ၆၀ သိမ်းခံ ထိတယ်။ ၁၁ နှစ်သား ရော်ဘာ အပင်ခြောက်ထောင် စိုက်ထားတယ်။ ခြံထဲမှာ မင်းကွတ်၊ ကွမ်း၊ ဒူးရင်းပင်တွေလည်း စိုက်ထားသေးတယ်၊ အစေးထွက်တာ သုံးနှစ်လည်း ပြည့်ရော စစ်တပ်က သိမ်းသွားတယ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်ကတော့ နစ်နာကြေးဆိုပြီး ခြံအတွက် ပိုက်ဆံ ၅၅၀ ကျပ် ပေးတယ်” ဟု အသက် ၇၈ နှစ် အရွယ်ရှိသည့် ဥယျာဉ်ခြံပိုင်ရှင် ဒေါ်ကုလားမက ဆိုသည်။

အဆိုပါ ခြံများကို လွန်ခဲ့သည့် ၁၀ နှစ်က အစိုးရက သိမ်းယူခဲ့သော်လည်း နစ်နာခဲ့သည့် ရော်ဘာခြံရှင်များကို ငါးနှစ်လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်းနှင့် တပ်မတော် အကြီးအကဲများက မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ် ရမည်ဟု အမိန့်စာ ထွက်လာပါက ခြံပိုင်ရှင်များထံ ပြန်လည် ပေးအပ် သွားမည် ဖြစ်ကြောင်း အမှတ် ၃၁၇ အမြောက်တပ်ရင်းမှ ဒုအရာခံဗိုလ် ဦးဝင်းကြည်က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် “အမြောက်တပ် (၃၁၇) မှ မတရား သိမ်းဆည်းထားသော ခြံမြေများ အမြန်ဆုံး ပြန်ရရှိရေး” ဆိုင်းဘုတ်များ တပ်ဆင်ထားခြင်းသည် ဥပဒေနှင့် မညီညွှတ်ပါက ရွာသားများ အရေးယူခံရမည်ကို စိုးရိမ်သဖြင့် ဆိုင်းဘုတ်များ ဖြုတ်ပြီး ရှင်းလင်းပွဲ ပြုလုပ်သင့်ကြောင်းကို သဘောရိုးရိုးဖြင့် အကြံပေး ပြောဆိုခြင်းသာ ဖြစ်သည်ဟု ရေးမြို့နယ်မှ သတင်းတပ်ဖွဲ့ဝင်က ဆိုသည်။

ယခုအချိန်တွင် ရော်ဘာခြံ လုပ်ငန်းများကို တပ်မတော်ထံမှ ပြန်လည် ငှားရမ်း လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ကြာပြီ ဖြစ်ကြောင်း လက်ရှိ သီးစား လုပ်ကိုင်နေသည့် ဦးတင်ထွဋ်ဦးက ဆိုသည်။

တပ်မတော်မှ အဆောက်အအုံ ဆောက်လုပ်ခြင်း မရှိသေးသည့် ခြံမြေများသည် အမှတ် (၃၁၇) အမြောက်တပ်ရင်း မြေအဖြစ် အသုံးပြုရန် မြေနှင့်အခွန် အမိန့်ဆင့်ဆိုချက်-၃၃၃ အရ ပြည်ထဲရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာဖြင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးထားသည့် မြေလွတ်မြေလပ် ဧရိယာ ဖြစ်ခြင်း၊ ခရိုင်မြေသိမ်း အရာရှိက မြေသိမ်းဥပဒေနှင့် လက်ရောက် သိမ်းယူပြီးသော တပ်ပိုင်မြေများ ဖြစ်ခြင်းကြောင့် ရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ ငြင်းပယ်လိုက်ခြင်း ဖြစ်ကြောင်း လယ်သမားများက ဆိုသည်။

တပ်သိမ်းမြေဧရိယာ ၄၅၃ ဧကတွင် ဥယျာဉ်ခြံနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် ခြံမြေဧက ၃၀၀ ကျော်ရှိပြီး၊ မြေလွတ်မြေရိုင်းဧက ၁၀၀ ကျော် ရှိကြောင်း မော့ကနင်းရွာသစ် ကျေးရွာမှ မွန်ဒေသလုံး ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဦးအောင်ချန်းက ပြောကြားသည်။
The Voice Weekly Myanmar

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးမြို့ခံများ ဂုဏ်ပြု ဆုကြေးငွေ သိန်း ၁၅၀၀ နီးပါးချီးမြှင့်


မန္တလေး၊ ဒီဇင်ဘာလ ၂၂

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူး ရရှိသွားသည့် မြန်မာ အမျိုးသမီး ဘောလုံး လက်ရွေးစင် အသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံများက ဆုကြေးငွေ ကျပ်သိန်း ၁၅၀၀ နီးပါး ချီးမြှင့် ဂုဏ်ပြုခဲ့ကြောင်း မြန်မာ အမျိုးသမီး ဘောလုံးအသင်း အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦးက ပြောကြားသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်သိန်းတစ်ရာ ဆုချီးမြှင့်ခဲ့ပြီး မြို့ခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆုကြေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၃၉၃ ချီးမြှင့်ခဲ့ကြောင်း ဒေါ်မြတ်မြတ်ဦးက ထပ်မံပြောကြားသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့က မြန်မာ အမျိုးသမီးအသင်းကို ပေးအပ်မည့် စုစုပေါင်း ဆုကြေးငွေကိုလည်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အခု လောလောဆယ်တော့ စာရင်းတွေကို အတိအကျ မပေါင်းရသေးဘူး။ အခု ပိတ်ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ တရားဝင် ထုတ်ပြန် ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျင်းပသော အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲတွင် မလေးရှားအသင်းကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ကြေးတံဆိပ် ရရှိခဲ့ကာ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မန္တလေးမြို့တော်အတွင်း အောင်ပွဲခံ လှည့်လည်ခဲ့ရာ များစွာသော မန္တလေးမြို့ခံတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

The Voice Weekly Myanmar

BMW မြန်မာပြည် လာပြီ


ပုံပါ BMW 7 Series တစီး နိုင်ငံတကာဈေးကွက်တွင် အနည်းဆုံး ဒေါ်လာ ၇၄,ဝဝဝ (မြန်မာငွေ ကျပ် သိန်း ၇၄၀ ခန့်) ပေါက်သည်

နာမည်ကျော် ဂျာမန်ကား BMW တံဆိပ်မော်တော်ယာဉ်များကို မြန်မာနိုင်ငံ ဈေးကွက်သို့ တင်သွင်းရောင်းချတော့မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သုံးရန် ခေတ္တပေးအပ်ထားမည်ဖြစ်ကြောင်း သိရသည်။

BMW ၏မြန်မာနိုင်ငံ တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobiles ကုမ္ပဏီမှ ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းမြင့်က “တင်သွင်းမယ့် ကားအမျိုးအစားတွေက 5 Series, 7 Series and X5 ကားအမျိုးအစားတွေ တင်သွင်းပါမယ်။ ကနဦး စစချင်း တော့ ၉၅ စီး တင်သွင်းပါမယ်။ နောက်ပိုင်းတော့ ဈေးကွက်လိုအပ်ချက်အရ တင်သွင်းသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဝယ်ယူသည့် ကားများနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ပေးထားသည့် ဝန်ဆောင်မှုအတိုင်း ဝယ်ယူသူများကို ပေးအပ်သွားမည်ဟုလည်း ဆိုသည်။

“ရောင်းချမှုပိုင်းနဲ့ပတ်သက်ပြီးတော့ ခုချိန်မှာ ပြည်တွင်းက ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အရစ်ကျ ပေးချေနိုင်မှုအပိုင်းကို နောက်ပိုင်းမှာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်သွားမှာပါ”ဟုလည်း ဒေါ်စန်းစန်းမြင့်က ပြောသည်။

နောက်ဆုံးပေါ် BMW ကားများကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချရန် သဘောတူညီမှု ရရှိထားကြောင်း၊၂၀၁၄ ခုနှစ်တွင် ကားအရောင်းပြခန်း ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

BMW ကုမ္ပဏီကအနေဖြင့် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေး များတွင် နိုင်ငံ့ ခေါင်းဆောင်များနှင့် အဆင့်မြင့် အရာရှိများ၏ သွားလာရေးအတွက် ပံ့ပိုးကူညီမှု ပြုခဲ့ပြီး လာမည့် ၂၀၁၄ ခုနှစ် မေလအတွင်း ၃ ရက်ကြာကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်သော အာဆီယံနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် ဝန်ကြီးများ၏ သွားလာရေး အတွက် ကူညီသွားရန် စီစဉ်ထားကြောင်း သိရသည်။ အစည်းအဝေးအပြီး အဆိုပါ မော်တော်ယာဉ်များကို ပြန်လည် ရောင်းချမည် ဖြစ်ကြောင်းလည်း ဆိုသည်။

“အခုပေးမယ့် ဝန်ဆောင်မှုက ကားနဲ့ပတ်သတ်ပြီး ပြင်ဆင်တာ၊ ရောင်းဝယ်တာ ဒီအပိုင်းတွေကို တနေရာထဲမှာလိုချင်တဲ့ Customer များအတွက် ရည်ရွယ်ထားပါတယ်။ဝန်ဆောင်မှုပိုင်းကတော့ ဝယ်ယူတဲ့အခါမှာကော ဝယ်ပြီးတဲ့အခါမှာကော နိုင်ငံတကာမှာပေးတဲ့ ဝန်ဆောင်မှုတွေအတိုင်း အပြည့်အဝပေးမှာပါ။ အတိအကျ ဆောင်ရွက်သွားမှာပါ”ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

လက်ရှိတွင် နာမည်ကျော် တံဆိပ်မျိုးစုံမှ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ရန် စီစဉ်နေသော်လည်း အစိုးရပိုင်းမှ နိုင်ငံတကာနည်းတူ တနေရာထဲတွင် အလုံးစုံဝန်ဆောင်မှုပေးနိုင်သည့် ကားအရောင်းစင်တာများကို ဖွင့်လှစ်ခွင့် မပြုသေးပေ။

အစိုးရ၀န်ကြီးဌာနများ၊ လမ်းတံတားနှင့် မြို့ပြကျွမ်းကျင်ပညာရှင်များ၊ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်း ရောင်းချသူများ အပါအ၀င် နယ်ပယ်ပေါင်းစုံမှ ပညာရှင်များဖြင့် မော်တော်ကား မူဝါဒသစ်တခုကို ရေးဆွဲပြီးမှသာ ကားအရောင်း စင်တာများ ကိုဖွင့်ခွင့်ပေးသွားမည်ဟု သိရသည်။

“လတ်တလောက ဂျပန်တပတ်ရစ်တွေဝင်တာ ဝယ်တာများတယ်။ နာမည်ကြီးတံဆိပ်တွေ ဝင်လာပေမယ့် ဒီကလူတွေဝယ်နိုင်တဲ့ ဈေးရှိမှ ဒီကလူတွေက ဂျပန်ကားကြိုက်တာများတယ်။ အလုံးစုံဝန်ဆောင်မှုတွေနဲ့ သိပ်လည်းမရင်းနှီးဘူး ”ဟု Farmer Auto မှ ဒေါက်တာ စိုးထွန်းကပြောသည်။

လတ်တလော ကားအရောင်းစင်တာ အများစုတွင် အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ရောင်းလိုအားက ၀ယ်လိုအားထက် လွန်စွာ များပြားလျက်ရှိကြောင်း ကားအရောင်းစင်တာများထံမှ သိရသည်။

BMW ကားများကို မည်သည့်ဈေးနှုန်းဖြင့် ရောင်းမည်ကို မသိရသေးသော်လည်း ပုံပါ BMW 7 Series တစီး နိုင်ငံတကာဈေးကွက်တွင် အနည်းဆုံး ဒေါ်လာ ၇၄,ဝဝဝ (မြန်မာငွေ ကျပ် သိန်း ၇၄၀ ခန့်) ပေါက်သည်။
ဧရာဝတီ သတင်း

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့


တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7 Day Daily

ကေအန်ယူနှင့် ဆက်စပ်သူထံက အိုက်စ်မူးယစ်ဆေး ဖမ်းဆီးရမိ


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ဆက်စပ်သူ ၁ ဦးအပါအ၀င် အပေါင်းပါ ၂ ဦးတို့ဆီကနေ အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြသွားပါတယ်။

ကေအန်ယူရဲ့ ကွန်မန်ဒိုတပ်က ဗိုလ်ကြီးအဆင့် အထောက်အထားရှိသူ ဦးစိုးဇာနည် ၂၉ နှစ်၊ ဦးတိုး ၄၀ နှစ်နဲ့ ဦးထူး ၂၉ နှစ်တို့ ၃ ဦးဆီက အဲဒီမူးယစ်ဆေးဝါးတွေကို ရဲဘက်က ၀ယ်သူ အယောင်ဆောင်ပြီး ဖမ်းမိတာလို့ အမှတ် ၁ ဒေသ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ရဲချုပ် နိုင်းချင်းထန် ခွတ်ခ်ျဖလိုင်းယုဒ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ဘန်ကောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီမတိုင်ခင်က ဦးစိုးဇာနည်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ ကြားပွဲစားလုပ်နေတယ် လို့ ကြိုတင်သတင်းရထားတဲ့အတွက် ကြိုးစား ဆက်သွယ်ပြီး ဘန်ကောက်ကို ဘတ် ၄ သန်း တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို မှာယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့က လမ်းမှာ လုံခြုံရေးဂိတ်တွေ များတဲ့အတွက် မဲဆောက်မှာ လာယူဖို့ သဘောတူခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ခွဲမှာ မဲဆောက်မြို့ လိုးတပ်စ်ကုန်တိုက်ရဲ့ အနောက်ဘက် ယာဉ်ရပ်နားရာမှာ အရောင်းအ၀ယ်လုပ်ဖို့ အချိန်းအချက် လုပ်ခဲ့ကြောင်း၊ မှာထားတဲ့ မူးယစ်ဆေးတွေ ကားပေါ် တင်ပြီးတာနဲ့ အရပ်ဝတ် ထိုင်းရဲဘက် တရားခံတွေကို လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။

တရားခံတွေဆီက အိုက်စ်ဆေး ၂ ကီလိုနဲ့အတူ လက်ကိုင်ဖုန်း ၃ လုံး၊ ဂြိုဟ်တု ဆက်သွယ်ရေးဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဦးစိုးဇာနည်ဆီထံမှာ ကေအန်ယူတပ်ကနေ ကွန်မန်ဒို သင်တန်းဆင်း အထောက်အထားကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးဟာ တဘက် မြန်မာနိုင်ငံ မြ၀တီဘက်ကနေ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးကြောင်း၊ သယ်ဆောင်ခ ၁ ကြိမ်မှာ ၁ ဦးကို ဘတ် ၅ သောင်း ရတယ်လို့ ၀န်ခံခဲ့ကြောင်း ရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေအထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ အဖွဲ့ဝင်မဟုတ်ဘူး၊ ဒါကတော့ သေချာသွားပြီ။ ကျနော်တို့အဖွဲ့ဝင်တွေထဲကလည်း ဒါတွေလုပ်ဖို့ မရှိဘူး။ အဖွဲ့ဝင်ဆိုရင် ကျနော်တို့ဆီ အစီရင်ခံစာ ရောက်မှာပဲ။ စိုးဇာနည်ဆိုတာလည်း မရှိဘူး။ ကျနော်တို့ တပ်မှူးတွေကိုလည်း စုံစမ်းခိုင်းတာ မရှိဘူး။ ညနေပိုင်းလောက်မှ ကျနော်တို့ကို ထပ်ခေါ်ပါလား။”။

DVB Burmese

ရင်သားကို ပလပ်စတစ်ဆာဂျရီလုပ်တော့မှာလား Demi Lovato


ပလပ်စတစ်ဆာဂျရီလုပ်မယ့်လို့ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း Demi Lovato ကအရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Heart Attack သီချင်းရဲ့အဆိုတော်မလေးဟာ အထူးသဖြင့် သူမရဲ့ ရင်သားနှစ်မွှာကြား အရွယ်အစားနဲ့ပါတ်သတ်ပြီးမပျော်ရွှင်နိုင်ဖြစ်နေကြောင်းဝန်ခံလိုက်ပြီး ရင်သားဖြည့်တဲ့ ခွဲစိပ်မှုလုပ်သင့်တယ်လို့ဆိုပါတယ်။

ပလပ်စတစ်ဆာဂျရီလုပ်ဖို့လိုတယ်လို့သူမထင်တဲ့ နာမည်ကြီးပုဂ္ဂိုလ်ကိုပြောပြဖို့မေးတဲ့အခါ ၂၁နှစ်အရွယ်အဆိုတော်က “အဲဒါကျွန်မပဲဖြစ်မှာ။ ကျွန်မရင်သားနဲ့ပါတ်သတ်ပြီးလုပ်စရာရှိတယ်လေ။ သူတို့ဟာ ခြင်ကိုက်တဲ့ဒဏ်ရာလိုဖြစ်နေတယ်” လို့ Y100 ရေဒီယိုဌာနကိုပြောပါတယ်။

ရာသီနှစ်ခုပါဝင်ခဲ့ပြီး နောက်နှစ် X Factor ပြိုင်ပွဲရဲ့ဒိုင်လူကြီးအလုပ်ကိုဆက်လုပ်မှာမဟုတ်တဲ့ Demi ဟာ သူ့ကိုယ်သူချစ်မြတ်နိုးတတ်အောင်သင်ယူပြီး ၂၀၁၄ခုနှစ်မှာ ကျန်းမာစွာနေထိုင်ချင်တဲ့အကြောင်း ထုတ်ဖေါ်ပြောကြားသွားပါတယ်။

“အနားယူချိန်ဆိုတာကျွန်မအတွက်သိပ်အရေးကြီးပါတယ်။ ကျွန်မလုပ်ခဲ့ဖူးပြီး နှစ်သက်မြတ်နိုးတဲ့အလုပ်တွေကို ဟိုမှာဒီမှာ လုပ်သင့်တယ်လို့ထင်တယ်။ ကျွန်မအလုပ်များပြီဆိုရင် အိပ်ရေးလဲပျက်သလို ကျွန်မတကယ်ကို သန်စွမ်းကြံ့ခိုင်ချင်ပြီး ကျန်းမာရေးလဲကောင်းအောင်နေချင်တယ်လို့ ကျွန်မစဉ်းစားမိပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာအနားယူတာလုပ်ချင်ပါတယ်။ အားအင်တွေပြန်ပြည့်ဖို့ တစ်လအချိန်ယူရမယ်လို့ထင်ပါတယ်။ ပြီးတော့ကျွန်မအဲဒီ့ထက်ပိုပြီးလိုချင်ပါတယ်။ ဒါပေမယ့် ကျွန်မနယ်လှည့်ဖျော်ဖြေပွဲလုပ်ဖို့ကိုလဲဆုံးဖြတ်ခဲ့တယ်” လို့ဆိုပါတယ်။

Ref:starpulse
Trend Myanmar

ဗီဒီယိုဂိမ်းများဖြင့် ယဉ်ကျေးမှုကို စော်ကားနေကြောင်း တရုတ်ဝေဖန်


အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများသည် မိမိတို့ နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗီဒီယိုဂိမ်းများဖြင့် စော်ကားထိုးနှက်နေကြောင်း တရုတ်နိုင်ငံမှ ဩဇာကြီးမားသည့် မီဒီယာ တစ်ခုက စွပ်စွဲရေးသားလိုက်သည်။ အမေရိကန် ဂိမ်းကုမ္ပဏီ EAက နောက်ဆုံးထုတ်လုပ် ရောင်းချလိုက်သည့် စစ်ပွဲဂိမ်း Battle 4နှင့် ပတ်သက်ပြီး Zhongguo Guofangbaoက ယင်းကဲ့သို့ ဝေဖန်ခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များကို ဦးစားပေး ဖော်ပြသည့် အဆိုပါ သတင်းစာက EA၏ ဖန်တီးမှုများသည် အခြေအမြစ် မရှိသလို စော်ကားရာ ရောက်နေကြောင်း ရေးသားခဲ့သည်။

ယင်းဗီဒီယိုဂိမ်းတွင် အမေရိကန်သည် ရန်လိုသော တရုတ်ဗိုလ်ချုပ် တစ်ဦးကို တွန်းလှန်ရသည့် ဇာတ်လမ်းမျိုး ဖန်တီးထားပြီး ဂိမ်း၏ အဓိက ဇာတ်ကောင်သည် ဘေဂျင်းမြို့တော်ထိ ဝင်ရောက်စီးနင်း တိုက်ခိုက်ရသည့် စစ်ဆင်ရေးမျိုးတွင် ကစားရမည်ဖြစ်သည်။ အဆိုပါ ဂိမ်းဇာတ်အိမ်သည် လုံးဝ အဓိပ္ပါယ် မရှိသလို အသုံးအနှုန်းများသည် ရိုင်းစိုင်း စော်ကားလွန်းသည်ဟု သတင်းစာက ဆိုသည်။

South China Morning Post က အဆိုပါ ဆောင်းပါးကို ထောက်ခံသည့် အနေဖြင့် ပြန်လည် ကိုးကား ဖော်ပြခဲ့ရာတွင် "အတိတ်တုန်းကတော့ အနောက်အုပ်စု နိုင်ငံတွေဟာ ဂိမ်းတစ်ခုအတွက် စိတ်ကူးယဉ် ရန်သူတော်မျိုး ဖန်တီးမယ်ဆိုရင် ရုရှားကိုပဲ ပုံချလိုက်တာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ တရုတ်နိုင်ငံရဲ့ အမျိုးသားရေးခွန်အား တိုးပွားလာပြီးတဲ့နောက်မှာတော့ တရုတ်ရဲ့ ခြိမ်းခြောက်ပုံကို ဖော်ကျူးတဲ့ သီအိုရီတွေ လွန်လွန်ကဲကဲ ထွက်ပေါ်လာတာပါပဲ။ နိုင်ငံခြား ဂိမ်းကုမ္ပဏီတွေဟာ တရုတ်အမေရိကန် ပြဿနာကို လွန်လွန်ကဲကဲ ဖော်ပြပြီး လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့ ကြိုးစားနေကြတယ်"ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထို့အပြင် "တကယ်တော့ ဗီဒီယိုဂိမ်းတွေကို အသုံးပြုပြီး နိုင်ငံတစ်ခုရဲ့ ပုံရိပ်ကို သိက္ခာချတယ် ဆိုတာက အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု အစဉ်အလာကို ပုံစံအသစ် တစ်ခုနဲ့ ကျူးကျော်တာ၊ စော်ကားတာပဲ ဖြစ်ပါတယ်"ဟုလည်း ကောက်ချက်ချထားသည်။ တရုတ်ပြည်သူ့မူဝါဒရေးရာ ဌာနမှ ဒုတိယ ဒါရိုက်တာ မာဇန်ဂန်က တရုတ်ပြည်သူများ အနေဖြင့် အဆိုပါ ဗီဒီယိုဂိမ်းတွင် ဖော်ပြထားသည့် တရုတ်နိုင်ငံ၏ ပုံရိပ်မျိုးကို ဆန့်ကျင်ကြောင်း ခိုင်ခိုင်မာမာ ပြသသင့်သည်ဟု တိုက်တွန်းထားသည်။ Battlefield ဂိမ်းစီးဂီးများသည် ယခင်ကလည်း အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်သမားများ၊ အနာဂတ်ကာလ စိတ်ကူးယဉ် ရန်သူများနှင့် Naziဝါဒီတို့ကို ဗီလိန်များအဖြစ် အသုံးပြုခဲ့ဖူးပြီး Battlefield 4တွင်မူ တရုတ်ဗိုလ်ချုပ်တစ်ဦးက အဓိက ဗီလိန်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။

Planet Myanmar Network

မုံရွာမြို့အကျဉ်းထောင်တွင် အချုပ်ကျနေသည့်အဘွားအို တစ်ဦး ဆေးကုသမှုခံယူစဉ် သေဆုံး


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင် အမျိုးသမီးအဆောင်တွင် ယခုလ ၁၉ ရက် နံနက် ၁၁ နာရီက အသက် ၆၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသူ အကျဉ်းထောင် ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးသူမှာ မုံရွာအကျဉ်းထောင် အချုပ်သူ ထောင်ဝင်အမှတ် မရ/၁၃/ ၀၀၇၀၊ အသက် ၆၀နှစ်ရှိ ဒေါ်ညို ဆိုသူဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက အတည်ပြုထားသည်။

အဆိုပါ သေဆုံးသူ အဘွားသည် သွေးတိုးရောဂါခံစားနေရသည့် ဝေဒနာရှင်တစ်ဦးဖြစ်သည့်အတွက် အကျဉ်းထောင် ဦးစီးအရာရှိ ဦးမောင်ထွေးက မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဆေးရုံ တွင် သေဆုံးသွားခဲ့ရ ခြင်းဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်၍ အကျဉ်းထောင် ဦးစီးအရာရှိက မုံရွာမြို့မရဲစခန်းသို့ တိုင်တန်းစာ ပေးပို့ခဲ့သည့် အတွက် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/ ၂၀၁၃အရ အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်နေ ဆဲဖြစ်သည်။

သေဆုံးသူ အဘွားအိုမှာ မုံရွာခရိုင် တရားရုံး၏ အမှုအမှတ် ၁၃/၂၀၁၃ မူးယစ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ အရ (ဂ) အဆင့်ရှိ မုံရွာအကျဉ်းထောင်၌ ချုပ်နှောင်မိန့်ရမန်ဖြင့် ချုပ်နှောင်ခြင်းခံထားရသူ တစ်ဦးဖြစ် သည်ဟုမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

Mizzima Burmese

ထောင်ခုနစ်ရက်ကျအကျဉ်းသား အင်းစိန်ထောင်ရောက်ပြီး ၂၄ နာရီအတွင်း သေဆုံးသွား

အင်းစိန်ထောင်အတွင်း တစ်နေရာဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ) 7day Daily 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ထောင်ခုနစ်ရက်ကျသည့် အကျဉ်းသားတစ်ဦးထောင်ထဲရောက်ပြီး ၂၄ နာရီအတွင်းထောင်ဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။ သာကေတမြို့နယ်အတွင်းနေအမျိုးသားတစ်ဦးသည် ရန်ကုန်ရဲအက်ပုဒ်မ-၄၁(၁၄)ဖြင့် သာကေတမြို့နယ်တရားရုံးက ဒီဇင်ဘာ ၁၉ ရက်တွင် ထောင်ဒဏ်ခုနစ်ရက်စီရင်ချက်ချမှတ်ခံခဲ့ရသည်။

ထို့ကြောင့်အင်းစိန်ဗဟိုအကျဉ်းထောင် အိပ်ဆောင်အမှတ် (၁) အခန်း ၅ ၌ ညဘက်တွင်ချုပ်နှောင်ထားစဉ် အသည်းနှင့် အူအတက်ရောဂါဖြစ်ပွားသောကြောင့် ၎င်းအကျဉ်းသားကို ထောင်ဆေးရုံသို့ ပို့ကာ ဆေးကုပေးခဲ့သည်။ ထိုသို့ ထောင်ဆေးရုံတွင်ဆေးကုပေးနေစဉ် နောက်တစ်နေ့ဒီဇင်ဘာ ၂၀ ရက် ညနေအချိန်၌ အကျဉ်းသားမှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏အလောင်းကို စစ်ဆေးကြည့်ရာ ပြင်ပဒဏ်ရာမတွေ့ဘဲ ယင်းသေဆုံးမှုမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးနိုင်ရန်အင်းစိန်မြို့မရဲစခန်းကသေမှု သေခင်းဖြင့်အမှုဖွင့်ပြီး အင်းစိန်မြို့မစခန်းမှူးကိုယ်တိုင် စစ်ဆေးနေကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၁ ရက် တွင်ပြောသည်။

7 Day Daily

ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss ASEAN 2013 ပြိုင်ပွဲကို မြန်မာ အလှမယ် နှစ်ဦးသွားရောက်ယှဉ်ပြိုင်


ထိုင်းနိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်မယ့် Miss ASEAN 2013 ပြိုင်ပွဲကို Stars & Model Int’l Agency မှ မြန်မာပြည်ကိုယ်စားပြု အနေနဲ့ Miss ငွေနှင်းမှုံနဲ့ Miss ဝမ်းသီရိဖြိုးတို့က ဒီဇင်ဘာ ၁၇ ရက် နေ့၊ မနက်ပိုင်းလေယာဉ်နဲ့ ထွက် ခွာသွားခဲ့ပါ တယ်။ အဆို ပါ ပြိုင်ပွဲ အတွက် သွားရောက် ယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး တော့ Miss ငွေ နှင်းမှုံက “အခု သွားရောက် ယှဉ်ပြိုင်မယ့် ပွဲလေးက Miss ASEAN 2013 ပြိုင်ပွဲလေး ပါ။ မြန်မာပြည်ကိုယ်စား ပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရတဲ့ အတွက် တအားလည်း ဝမ်းသာပါတယ်။ အခုလိုမျိုး ပါဝင်ယှဉ်ပြိုင်ရဖို့ကို လည်း ကိုယ့်ကိုယ်ကိုယ် မထင်ထား ပါဘူး။ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာရပါ တယ်။ ဆရာ ဂျွန်လွင်က လည်း ညီမ တို့ကို အစစ အရာရာ ပံ့ပိုး ပေးတယ်။ ဒါ ကြောင့်လည်း ဝင်ပြိုင်ဖြစ်တယ်။ ယှဉ်ပြိုင်တဲ့အခါမှာ ဗဟုသုတ အနေနဲ့ ကိုယ့် နိုင်ငံအကြောင်းအရာ လေးတွေ ကို လေ့လာထားပါ တယ်။ မြန်မာနိုင် ငံကို ကိုယ်စားပြုပြီး သွား ပြိုင်ရတာဖြစ်တဲ့အတွက်၊ မြန်မာ တစ်နိုင်ငံလုံးရဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုပြီး ပြိုင်ရတဲ့အတွက် ဂုဏ် လည်းယူပါတယ်။ ညီမက ဝတ်စုံနှစ်စုံနဲ့ပြိုင်ရမယ်။ ရှမ်းဓားသိုင်းအကလည်း ကပြရမှာဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်သွားပါ တယ်။ အစွမ်း ကုန် ကြိုးစားပြီး တော့ ယှဉ်ပြိုင်ခဲ့ မှာပါ” လို့ပြော ပြပါတယ်။ ဆက်လက်ပြီး ဝမ်းသီရိဖြိုး ကလည်း..

“မြန်မာ ကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက် ကိုယ့်ဘက်ကလည်း အစွမ်းကုန်ကြိုး စားယှဉ်ပြိုင်သွားမှာပါ။ ညီမက ပုဂံအက ကပြရမှာဖြစ်တဲ့အ တွက် လည်း အကကို သေချာလေးသင် ထားပါတယ်။ အစစအရာရာ အားလုံးပြင်ဆင်ထားပါတယ်။ စိုးရိမ် စိတ်မရှိအောင်လည်း ဆရာဂျွန်လွင် က ညီမတို့ကို သင်ကြားေ ပးထားပါ တယ်။ အကောင်းဆုံးယှဉ်ပြိုင်ခဲ့မှာ ပါ” လို့ ပြောပြခဲ့ပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal

ဆီးရီးယားဒုက္ခသည်အရေးအတွက် အစီအစဉ်

Syrian refugees inTurkey

ဆီးရီးယားနိုင်ငံက ထွက်ပြေးလာကြတဲ့ ဆီးရီးယားဒုက္ခသည်တွေအရေး လေ့လာနိုင်ဖို့အတွက် ကျနော်ဟာ လီဘာနွန်နိုင်ငံနဲ့ တူရကီနိုင်ငံတွေကို သုံးရက်ကြာခရီး ထွက်ခွာလာခဲ့ပါတယ်။

ကျနော်တွေ့ခဲ့ရတာတွေက အင်မတန် အရုပ်ဆိုးအကျည်းတန်ပြီး အော့နှလုံးနာစရာ မြင်ကွင်းတွေကိုပါပဲ။ ယာယီခိုလှုံနေကြတဲ့ ဆီးရီးယားဒုက္ခသည်အရေးတွေကို လေ့လာနိုင်ဖို့ သုံးရက်ကြာခရီး ထွက်ခွာခဲ့တဲ့ကာလ အတွင်းမှာ လူဦးရေ ၁ သိန်းလောက်ဟာ အသက်ဆုံးရှုံးခဲ့ကြရပြီး ကိုးသန်းလောက်ဟာ အဓမ္မနေရာရွှေ့ပြောင်းခံခဲ့ရတာ၊ ကလေးသူငယ်စုစုပေါင်း ၂ သန်းလောက်ဟာ စာသင်ကျောင်းတွေကနေ နုတ်ထွက်ခဲ့ရတာတွေ၊ အရိုးပျော့ရောဂါခံစားနေရတာတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေးခိုလှုံ လာကြရတာတွေကြောင့် ဒုက္ခသည်လှိုင်းလုံးကြီးပမာ ဖြစ်နေတာတွေကို ကျနော်မြင်တွေ့ခဲ့ရပါတယ်။

လင်ယောက်ျားတွေ၊ ဇနီးမယားတွေ အသက်သေဆုံးသွားလို့ ငိုကြွေးနေကြတဲ့ ဇနီးမယားတွေ၊ လင်ယောက်ျားတွေ၊ ညီအစ်ကိုနောင်နှမတွေ၊ ကလေးသူငယ်တွေကို ကျနော်ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ အိမ်တွေရော၊ ဘ၀တွေရော အားလုံးဟာ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ ဒေသတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ (အီရန်မှာရှိတဲ့ ဘေရွတ်သံရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုတွေ) ကြောင့် တစဆီပျက်ဆီးသွားသလို ပြဿနာတွေက အများကြီးဖြစ်နေခဲ့တာပါ။

လက်ရှိနိုင်ငံကို အုပ်ချုပ်နေတဲ့ “အာဆတ်” အစိုးရကို ဆန့်ကျင်နေကြတဲ့ အဖွဲ့တွေရှိနေသလို “ဂျီဟတ်” လို့ခေါ်တဲ့ အစ္စလာမ်ဘာသာရေး စစ်ပွဲတွေ ဖြစ်စေချင်သူတွေလည်း ရှိနေကြတာပါ။

ဆီးရီးယားနိုင်ငံအရေး ကျွမ်းကျင်သူတွေကတော့ အခုနောက်ဆုံးအနေနဲ့ ပြဿနာတွေကို ညှိနှိုင်းအဖြေရှာဖို့အတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်တွေကို အခုလပိုင်းတွေအတွင်း မလုပ်နိုင်သေးပဲ ဖြစ်နေပါတယ်။ အခုအတိုင်း အမြန်ဆုံးဆွေးနွေးပြီး အဖြေရှာမယ်လို့ ပြောဆိုနေခဲ့တာက နှစ်တွေ၊ ဆယ်စုနှစ်တွေနဲ့ ချီနေခဲ့ပါပြီ။

နိုင်ငံတကာကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့တွေက ဒေသအတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ အမြန်ဆုံးပြေလည်စေရေးအတွက် ကြိုးစားနေကြပေမယ့် ဒေသတွင်းရှိ ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုတော့ အကာအကွယ် မပးနိုင်ခဲ့ပါဘူး။

အထူးသဖြင့် လက်ဖြောင့်သေနတ်သမားတွေရဲ့ရန်၊ မိဆိုင်းဒုံးကျည်တွေရဲ့ ရန်တွေကို အကာအကွယ်မပေးနိုင်ခဲ့တဲ့အတွက် အစာရေစာ ငတ်မွတ်မှုတွေနဲ့ အမိုး အကာအိမ်တွေ မရှိတာတွေကြောင့် ဒေသတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ ပြီးဆုံးဖို့ဆိုတာ အချိန်ကာလ လိုနေပါသေးတယ်။ ပဋိပက္ခဖြစ်နေတဲ့ ကာယကံ ရှင်တွေ နှစ်ဖက်လုံး ပဋိပက္ခ ရပ်စဲစေချင်စိတ်ရှိဖို့က အရေးတကြီးလိုအပ်နေပါတယ်။ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရင်တုန်းက ရှိခဲ့တဲ့ ရန်ညှိုးရန်စတွေကို အမြန်ဆုံးပြေလည်စေရေးဟာ သိပ်ကို အရေးကြီးနေပြီဖြစ်ပါတယ်။ နောက်ပြီး ဓာတုလက်နက်တွေ အသုံးမပြုကြဖို့ လိုအပ်နေတာပါ။

အဲဒီဒေသရဲ့ လူဦးရေ ၂.၅ သန်းဟာ အစားအစာ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက ပြောဆိုနေပါတယ်။ ခန့်မှန်းခြေ လူဦးရေ ၂ သိန်းခွဲလောက်ဟာ အကူအညီတွေ၊ နိုင်ငံတကာ အကူအညီတွေ ဖြတ်တောက်ခံထားခံရတဲ့အတွက် အကူအညီတွေ အမြန်ဆုံးလိုအပ်နေတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကပဲ ဖြည့်စွက်ပြောဆိုခဲ့တာပါ။

ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ အရေးပေါ်အကူအညီတွေပေးကြဖို့ ဆော်သြနေပါတယ်။ လီဘာနွန်နိုင်ငံကတော့ ဆီးရီးယားဒုက္ခသည် တသန်းနီးပါးလောက်ကို နေရာထိုင်ခင်းတွေပေးဖို့ စီစဉ်နေပါတယ်။ တူရကီနိုင်ငံကလည်း ဒုက္ခသည် ၂၀၀,၀၀၀ လောက်ကို သူတို့ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ နေရာထိုင်ခင်းတွေ စီစဉ်ပေးထားပေမယ့် အဲဒီအရေအတွက်ထက် နှစ်ဆလောက်ပိုများတဲ့ လူဦးရေတွေဟာ မြို့တွေပေါ်မှာ သူတို့ဟာ သူတို့ ရုန်းကန်ရပ်တည်နေကြတယ်လို့ သိရပါတယ်။ နိုင်ငံတကာကပေးတဲ့ အကူအညီအထောက်ပံ့တွေနဲ့ပဲ ရပ်တည်နေကြရတာပါ။ ဒါပေမယ့် လိုအပ်တာနဲ့ နှိုင်းစာရင် နည်းနေပါသေးတယ်။ လိုအပ်တာထက် ၆၀ ရာခိုင်နှုန်းလောက်ပဲ လက်ခံရရှိနေတာပါ။ နယ်စပ်တွေကိုဖြတ်ပြီး ကူညီနိုင်တဲ့ အေဂျင်စီတချို့ရဲ့ အကူအညီတွေဟာ တိုက်ပွဲဒေသတွေကို ဖြတ်ကျော်ရတဲ့အတွက် အထောက်အပံ့တချို့ ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ ကြရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကိုဖြတ်ပြီး ပစ္စည်းတွေကို သူတို့ မသယ်ဆောင်နိုင်ခဲ့ကြပါဘူး။

နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းကတော့ ဆီးရီးယားနိုင်ငံမှာ ယာယီအပစ်အခတ် ရပ်ဆိုင်းနေခိုက်မှာ အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေကို အမြန်ဆုံးပံ့ပိုးသွားကြဖို့ တိုက်တွန်းပြောကြားနေပါတယ်။ ဆီးရီးယားက ကလေးတော်တော်များများဟာ အရိုးပျော့ရောဂါကို ခံစားနေကြရတာ ဖြစ်ပါတယ်။ ဂျီနီဗာမှာကျင်းပပြုလုပ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာက အကူအညီတွေပေးနေရုံနဲ့ မလုံလောက်ပါဘူး။ အဲဒါကြောင့် ဆီးရီးယားနိုင်ငံ တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ခံ ဗယ်လာရီ အေမို့က ပြောဆိုခဲ့တာပါ။

ဒါပေမယ့် ဖြစ်ပွားနေတဲ့ ပဋ္ဋိပက္ခဟာ နှစ်တွေအများကြီး ကြိုးစားကြရဦးမှာလို့ အကူအညီတွေပေးနေတဲ့ အေဂျင်စီတွေက ယူဆနေကြပါတယ်။ အဲလို ဒုက္ခသည်တွေကို ပံ့ပိုးပေးမှုတွေထဲမှာ ကမ္ဘာ့ဘဏ်က ဂျော်ဒန်နိုင်ငံနဲ့ လီဘာနွန်နိုင်ငံတွေမှာ ဆောင်ရွက်ပေးခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ကူညီပံ့ပိုးမှုတွေလည်း ရှိနေရမှာဖြစ်ပါတယ်။

အဲလိုမျိုးလုပ်ကိုင်နိုင်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့ နည်းတွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဥပမာပြရရင် IRC လို့ ခေါ်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီက အခုအောက်မှာ ဖော်ပြထားတဲ့ နယ်ပယ် (၃) ခု ခွဲပြီး လုပ်ကိုင်ရမှာပါ။

ပညာရေး စနစ်သစ်

နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်တွေအတွက် ဘယ်လိုပညာရေးစနစ်မျိုး လက်ခံကျင့်သုံး နေသလဲဆိုတာကို ဥပမာထားပြီး ဆီးရီးယားနိုင်ငံအတွက် လိုက်ဖက်ညီမယ့် ပညာရေးပုံစံမျိုးကို ဖန်တီးအသုံးပြုရပါမယ်။ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေမှာထက် မြို့ပြတွေမှာ နေထိုင်ကြတာက ပိုများပါတယ်။ အဲဒါကြောင့် ဒုက္ခသည်စခန်းပညာရေး ပုံစံကို လေ့လာဖို့ အခွင့်အရေးက တကယ့်ကို နည်းနည်းလေးပဲရှိတာပါ။ အများအားဖြင့်ကတော့ စနစ်တကျမဟုတ်တဲ့ ပညာရေးစနစ်ပုံစံတွေကို ဒုက္ခသည်တွေအတွက် ဆရာတွေကို ဒေသဆိုင်ရာတွေကပဲ လိုအပ်တဲ့ အကူအညီတွေနဲ့ ပံ့ပိုးမှုတွေပေးနေကြတာ ဖြစ်ပါတယ်။ ဥပမာပြရရင် အဲဒီလို ပညာရေး စနစ်ပုံစံကို ကွန်ဂိုနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ အဲဒီ့ပညာရေးစနစ်မျိုးတွေကသာ ဒုက္ခသည်တွေ အမှန်တကယ် လိုအပ်နေတဲ့ ပညာရေးမျိုးကို ပံ့ပိုးပေးနိုင်မှာပါ။

နည်းပညာကို ဖန်တီးရယူခြင်း

ဆီးရီးယားလူမျိုးအများစုဟာ ပညာတတ်တွေဖြစ်ကြပြီး စက်မှုအတတ်ပညာနဲ့လည်း အလှမ်းမဝေးလှပါဘူး။ အဲဒါကြောင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ အကျိုးအမြတ်ကို အဓိကမထားတဲ့ Internews လို အဖွဲ့အစည်းတွေက လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် “တာဝါဆူး” လို့ ခေါ်တဲ့ (ဆက်သွယ်မှု) ဆိုတဲ့ အခြေခံလူမှု ဆက်သွယ်ရေးစနစ်ကို ဦးစွာပထမဆုံး ဖန်တီးကျင့်သုံးခဲ့ပါတယ်။ အဲဒီလို ကျင့်သုံးခဲ့တဲ့အတွက် ဒုက္ခသည်ကူညီပေးနိုင်မယ့် နည်းလမ်းတွေ၊ သတင်းအချက်အလက်တွေနဲ့ အကြံဥာဏ်တွေကို တခြားနိုင်ငံတွေနဲ့ ဖလှယ်နိုင်သလို အကျိုးအမြတ်လည်း ရရှိလာနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခြင်း

ဆီးရီးယားဒုက္ခသည်တွေဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ရင်းနီးကျွမ်းဝင်ရှိကြပါတယ်။ အဲဒါကြောင့် ဆီးရီးယားပြည်သူပြည်သားတွေကို ကုန်သွယ်ရေးလုပ်ငန်းတွေ ဖန်တီးပေးမယ်ဆိုရင် အထောက်အပံ့ပေးသလိုနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် ဖန်တီးပေးသလိုလည်း ဖြစ်စေမှာပါ။ ဒါကြောင့် IRC လို့ ခေါ်တဲ့ နိုင်ငံတကာဒုက္ခသည်ကော်မတီက “အလုပ်အတွက် ပိုက်ဆံ” ဆိုတဲ့ ပရိုဂရမ်တခုကို ဖန်တီးပေးပြီး (သူတို့ကိုယ်တိုင် လုပ်ကိုင်တဲ့) စီးပွားရေးလုပ်ငန်းမျိုးတွေ ဖန်တီးပေးနိုင်ဖို့ စီစဉ်နေပါတယ်။

ဆီးရီးယားနိုင်ငံမှာဖြစ်တဲ့ ဆိုးရွားလှတဲ့ ပဋိပက္ခတွေကို သင်ခန်းစာယူပြီး ဖြစ်နေတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ဆိုရင် ကျနော်တို့ဟာ နောက်တဆင့်အနေနဲ့ လူတွေအများကြီးရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာကြံကြရမှာပါ။ ဒါပေမယ့် သူတို့ရဲ့အသက်တွေ ရေရှည် ရပ်တည်နိုင်စေရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ဒေသထဲကို ဆေးဝါးအကူအညီ တွေ၊ သောက်ရေသန့်တွေ ရရှိစေရေးနဲ့ ရေဆိုးရေညစ်တွေ မဖြစ်စေရေးတွေ ဖန်တီးနိုင်မယ်ဆိုရင် ဆိုးရွားလှတဲ့ ဆောင်းရာသီမှာ အသက်အိုးအိမ်တွေ မဆုံးရှုံးစေရေးအတွက် လုပ်ကိုင်နိုင်မှာပါ။ ဒါပေမယ့် ပညာရေးစနစ်ကောင်းမွန်ဖို့နဲ့ သူတို့ရဲ့ ဘ၀တွေ လှပစေရေးဖို့အတွက် ကျနော်တို့ ဦးစွာကြိုးစားကြရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

(၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ထုတ် ကိုရီးယားဟာရယ်သတင်းစာမှာ ဒေးဗစ် မီလီဘန်း ရေးသားထားတဲ့ “A plan for Syria’s refugees” ဆာင်းပါးကို မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။)
(ဆောင်းပါးရေးသားသူ ဒေးဗစ် မီလီဘန်းဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံခြားရေးတာဝန်ကိုထမ်းဆောင်ခဲ့ပြီး အခုလက်ရှိမှာတော့ နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။)
DVB Burmese

ပါရာဂိမ်းပြိုင်ပွဲ ဇန်န၀ါရီ ၁၄ ရက်နေ့ ကျင်းပမည်


၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကို မူလက ဇန်န၀ါရီ ၁၁ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားရာကနေ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဇန်န၀ါရီ ၁၄ ရက်နေ့ ကျင်းပ ပြုလုပ်မယ်လို့ သိရပါတယ်။

၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၁၂ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး အာဆီယံ ၁၁ နိုင်ငံက မသန်စွမ်းအားကစားသမား ၁၄၀၀ ကျော် လာရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

မသန်စွမ်းသူတွေအတွက် ပထမဆုံး ပါရာဂိမ်း အားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်က မလေးရှားနိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံ ပါရာဂိမ်းပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်မှာပါ။

DVB Burmese

အီတာလျံ ကူညီရေးအဖွဲ့က ကျေးလက်ဖွံ့ဖြိုးရေး ဒေါ်လာ ၂၇ သန်း ကူမည်

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၂၇ သန်းနဲ့ ညီမျှတဲ့ ယူရိုငွေ သန်း ၂၀ ကူညီမယ်လို့ အီတာလျံ အကူအညီပေးရေးအဖွဲ့က အဆိုပြုထားတယ်လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့က ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ လုပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ ထူထောင်ရေး အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကလည်း ဒေါ်လာ သန်း ၈၀ အကူအညီပေးမယ်လို့ ကတိပြုထားပြီးဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ အဆင်းရဲဆုံး မြို့နယ် ၁၅ ခုကို ၃ နှစ်စီမံကိန်းနဲ့ အကူအညီပေးမှာ ဖြစ်ပြီး အီတာလျံ အကူအညီပေးရေးအဖွဲ့ကလည်း အလားတူ စီမံကိန်းမျိုး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
DVB Burmese

ဆောက်လုပ်ရေးနှင့် အိုးအိမ်ဘဏ် ခုလ မကုန်ခင် ဖွင့်မည်


ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အဓိက အကူအညီပေးမယ့် ဆောက်လုပ်ရေးနဲ့ အိုးအိမ်ဘဏ်ကို အခု ၂၀၁၃ ဒီဇင်ဘာ နှစ်မကုန်ခင် ဖွင့်လှစ်မယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးသာဌေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ရန်ကုန် ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းရဲ့ အစည်းအဝေး ခန်းမမှာ ကျင်းပတဲ့ ရန်ကုန်မြို့အတွင်း မြေအသုံးချမှုနဲ့ အဆောက်အဦ တည်ဆောက်မှုဇုန် ခွဲခြားမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ သူက ခုလို ပြောတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ သူက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အဓိက ကြုံနေရတဲ့ အခက်အခဲတွေက ငွေကြေးဆိုင်ရာ အခက်အခဲ၊ နည်းပညာဆိုင်ရာ အခက်အခဲနဲ့ အစိုးရရဲ့ မူဝါဒေရေးရာဆိုင်ရာ မသဲကွဲမှု အခက်အခဲတွေ ဖြစ်ကြောင်း၊ ဒီအထဲကမှ ငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက် အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဆောက်လုပ်ရေးနဲ့ အိုးအိမ်ဘဏ်ကို တည်ထောင်ရခြင်း ဖြစ်ကြောင်း၊ ဘဏ်နဲ့ ဆိုင်တဲ့ ကိစ္စရပ်အားလုံး လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ်လို့ မကြာခင် ဖွင့်ပွဲ လုပ်ဖို့ပဲ ကျန်တော့ကြောင်း သူက ပြောပါတယ်။
DVB Burmese

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly Myanmar

ရန်ကုန်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော် ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့ ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားမည် မဟုတ်ကြောင်း ရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြော ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော် ဖြစ်မြောက်ရေး အစည်းအဝေး အပြီးတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရက မတရားအသင်း အက်ဥပဒေကို ဖျက်သိမ်းခြင်း မရှိသေးသည့်အတွက် အဆိုပါ ဥပဒေဖြင့် ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ကော်မတီ တာဝန်ရှိသူများကို တရားစွဲဆိုမည် စိုးသောကြောင့် မဖိတ်ကြားရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ က မဖျက်ရသေးဘူး။ ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းကလည်း အချိန်မရွေး ပျက်ပြယ် သွားနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်” ဟု ဦးစောလှထွန်းက ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် ကရင် လက်နက်ကိုင် လေးဖွဲ့တို့သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားသော်လည်း ငြိမ်းချမ်းရေး ကိစ္စများ ယုံကြည် စိတ်ချခြင်း မရှိသောကြောင့် မဖိတ်ကြားခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များသည် အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန်အတွက် ကြိုးပမ်းနေသည့် အဖွဲ့များလည်း ဖြစ်သည်။
“ဒီကိစ္စကို မသိဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ လာတက်တဲ့ ပွဲတွေ ရာနဲ့ချီပြီး ရှိနေပြီ။ ဒီလိုကြားတော့ အံ့သြမိတယ်” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးရှိ ကရင် တိုင်းရင်းသားများ စုပေါင်း ကျင်းပသော (၇၆) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားဝင်းအတွင်း ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်အထိ သုံးရက်တာ ကျင်းပမည် ဖြစ်သည်။

The Voice Weekly Myanmar

လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ(၄) အမှတ်(၆၂)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





D Wave - ဒီလှိုင်းဂျာနယ် အတွဲ(၂) အမှတ်(၄၇)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





Weekly Eleven News Journal အတွဲ(၉) အမှတ်(၁၁)

နောက်ဆုံးထွက် ဂျာနယ်များ ဖတ်ရန်၊ download လုပ်ရန်

အကျယ်ချဲ့ကြည့်ရန်





မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တစ်ပတ်အတွင်း ယာဉ်မတော်တဆမှု ၂၀၅ မှုဖြစ်ပွားကာ ၄၂ ဦးသေဆုံးခဲ့


ရန်ကုန် ၊ ၂၃-၁၂-၂၀၁၃

နေပြည်တော် ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အတွင်း ယာဉ် မတော်တဆ ဖြစ်ပွားမှု ၂၀၅ မှု ရှိခဲ့ပြီး ၄၂ ဦး သေဆုံး ခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ယာဉ် မတော်မဆမှု ဖြစ်ပွား ခြင်းသည် ရန်ကုန်တိုင်း ဒေသကြီး၌ အများဆုံး ဖြစ်ပြီး ၅၄ ကြိမ် တွင် ၉၃ ဦး ထိခိုက် ဒဏ်ရာ ရရှိ၍ ၉ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဒုတိယ အများဆုံးမှာ ပဲခူးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၈ မှု ဖြစ်ပွားကာ ၆၄ ဦး ဒဏ်ရာ ရရှိ၍ ၄ ဦး သေဆုံးခဲ့သည်။ တတိယ အများဆုံးမှာ မန္တလေးတိုင်း ဒေသကြီး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂၆ မှု ဖြစ်ပွားကာ ၅၇ ဦး ဒဏ်ရာ ရရှိ၍ ၆ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် များတွင် ယာဉ် မတော်တဆမှု ၂၀၅ မှု ၊ ဒဏ်ရာ ရရှိသူ ၄၀၅ ဦးနှင့် သေဆုံးသူ ၄၂ ဦး ရှိခဲ့ပြီး နေပြည်တော် တွင် ဖြစ်ပွားမှု အနည်းဆုံး ဖြစ်ပြီး ယာဉ် မတော်တဆမှု ၂ မှု ၊ ဒဏ်ရာ ရရှိသူ ၂ ဦး နှင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရှိရသည်။

Myawady News

မန္တလေး - လားရှိုး ကားလမ်းမပေါ်၌ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား


သီပေါ ၊ ၂၃-၁၂-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီး ပေါ်ရှိ မန္တလေး - လားရှိုး ကားလမ်း မိုင်တိုင် အမှတ် (၁၃၆/၆) နှင့် (၁၃၇/၇) မိုင်အကြား ၌ ဒီဇင်ဘာ ၂၁ ရက် နံနက် ၄ နာရီခန့် က ၁၂ ဘီး မော်တော်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား ခဲ့သည်။ ၄င်းယာဉ် မီးလောင်မှု ကြောင့်
ယာဉ်ပေါ်ပါ ပစ္စည်း သုံးပုံနှစ်ပုံ ခန့် မီးလောင်ကျွမ်း ခဲ့ပြီး ယာဉ်နောက်ခြမ်း တစ်ခုလုံး မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။ (ပုံ)

'' မီးလောင်တဲ့ ကားက မူဆယ် ကနေ ဝါယာကြိုးနဲ့ မီးသီးတွေ တင်လာတာပါ။ တာယာကနေ အပူလွန်ပြီး တော့ တင်ဆောင်လာ တဲ့ ဝါယာကြိုး တွေကို ကူးစက် လောင်းကျွမ်း တာပါ။ ပစ္စည်း တော်တော် များများ ကတော့ ပျက်စီး ကုန်ပါတယ် ... " ဟု သီပေါ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

သီပေါမြို့နယ် မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း '' ဒီနေ့နံနက် လေးနာရီ လောက်မှာ ဖုန်းဝင် လာတော့ မီးသတ်တပ်ဖွဲ့ ဝင် ၁ဝဦး ၊ မီးသတ်ကား နှစ်စီးနဲ့ သွားပြီး ခိုလုံ ရဲကင်းက ရဲတပ်ဖွဲ့ဝင်တွေ ပါ ပူးပေါင်း မီးငြှိမ်းသတ် ပေးခဲ့ရ ပါတယ်။ နာရီဝက်လောက် မီးငြှိမ်းလိုက် ရပါတယ်။ လူအသေ အပျောက်တော့ မရှိပါဘူး .. .. ''ဟု သီပေါမီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါယာဉ် မီးလောင်မှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဖြစ်သူကို သီပေါ မြို့မရဲစခန်း က အရေးယူ ထားကြောင်း သိရှိရသည်။

Myawady News

စိတ်မနှံ့သူ အဆိပ်ခပ်ထားသည့် ဒိန်ချဉ်ကို သောက်မိခဲ့သည့် ကျောင်းသား ၁၉ ဦး ဆေးရုံတွင် တက်ရောက်ကုသ


ပေကျင်း ၊ ၂၃-၁၂-၂၀၁၃

ကြွက်သတ်ဆေး ၊ ပေါင်းသတ်ဆေး များဖြင့် အနံ့ ထူးကဲအောင် ပြုလုပ် ထားဟန်ရှိသော ဒိန်ချဉ်ကို သောက်သုံး မိပြီးနောက် တရုတ်နိုင်ငံ အတွင်းရှိ ကျောင်းတစ်ကျောင်း မှ မူလတန်း ကျောင်းသား ၁၉ ဦးအား ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ ရကြောင်း ဆင်ဟွာ သတင်းဌာန မှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ၊ လောင်ဒီမြို့တော် မှ အသက် ၃၄ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးသည် ကျောင်းသား များထံသို့ မရောင်းချမီ ဒိန်ချဉ်များ အတွင်းသို့ အဆိပ်များ ရောနှော ခဲ့ကြောင်း နောက်ပိုင်းတွင် ၀န်ခံ ပြောကြား ခဲ့သည်။

အဆိုပါ အမျိုးသမီး သည် စိတ်ပုံမှန် မဟုတ်သည့် ဝေဒနာကို ခံစား နေရသူ ဖြစ်နိုင်ဖွယ် ရှိကြောင်း ဆင်ဟွာ သတင်းဌာန က ဖော်ပြ ခဲ့သည်။ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရသည့် ကျောင်းသား များအနက် ၃ ဦးသည် စိုးရိမ်ရသည့် အနေအထား တွင် ရှိသော်လည်း အသက် အန္တရာယ် မရှိကြောင်း ၊ ၄င်းကိစ္စကို အာဏာပိုင် များက ဆက်လက် စုံစမ်းလျက် ရှိကြောင်း သိရှိရသည်။

Myawady News

ဟောင်ကောင်က အိမ်အကူခေါ်ယူရန် ကမ်းလှမ်းချက်အပေါ် မြန်မာအေဂျင်စီများ သဘောထားကွဲလွဲနေ


ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

    မြန်မာအမျိုးသမီး အိမ်အကူလုပ်သားများခေါ်ယူရေးအတွက် ဟောင်ကောင်၏ကမ်းလှမ်းချက်အပေါ် ပြည်တွင်းအလုပ်သမားအေဂျင်စီများအနေဖြင့် သဘောထားကွဲလွဲလျက်ရှိကြောင်း အဆိုပါလုပ်ငန်း အသိုင်းအ၀ိုင်းက ပြောကြားသည်။

    ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ အိမ်အကူများအား ပြန်လည်စေလွှတ်ရမည်ဖြစ်ခြင်းကြောင်း မြန်မာနိုင်ငံမှ အိမ်အကူများခေါ်ယူရန် ဟောင်ကောင်က လာရောက်ညှိနှိုင်းနေခြင်းဖြစ်ပြီး လုပ်သားသုံးသိန်းခန့်အထိ လိုအပ်ချက်ရှိနေကာ ယင်းနှင့်စပ်လျဉ်းပြီး မြန်မာအစိုးရဘက်က ပြည်တွင်းအေဂျင်စီများကို လုပ်ကိုင် ခွင့်ပြုထားသော်လည်း အေဂျင်စီများအကြားတွင် ဟောင်ကောင်၏ကမ်းလှမ်းချက်အပေါ် လက်ခံမည်၊ လက်မခံမည် သဘောထားကွဲလွဲနေကြခြင်းဖြစ်ကြောင်း ယင်းတို့က ဆက်ပြောသည်။

    မန္တလာမေ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ဒါရိုက်တာ ဦးကိုလေးက“ဟိုဘက်ကအဖွဲ့နဲ့ ကျွန်တော်တို့ MoU မထိုးရသေးဘူး။ မထိုးရသေးတဲ့အကြောင်းက ပြည်ပအလုပ်အကိုင် အေဂျင်စီအသင်းချုပ် အလုပ် အမှုဆောင်အသစ်ရွေးချယ်ဖို့ ရှိနေတာကြောင့်ဖြစ်တယ်။ ဒါပြီးရင်တော့ ဘယ်သူတွေက ပို့ချင်လဲသတ် မှတ်ထားတဲ့ နှုန်းထားအတိုင်း ပို့နိုင်တဲ့သူတွေကို ပို့ခွင့်ပြုမယ်” ဟု ပြောသည်။

    ဟောင်ကောင်သို့ အိမ်အကူလုပ်ငန်းသွားရောက်လုပ်ကိုင်မည့် လုပ်သားတစ်ဦးအနေဖြင့် တစ်လလျှင် လစာဟောင်ကောင်ဒေါ်လာ ၄,၀၂၀ (၄၄၂,၀၀၀ကျပ်ဝန်းကျင်)ရရှိနိုင်ကာ ၀န်ဆောင်ခ (တစ်လလျှင် ကန်ဒေါ်လာ ၃၆၀ ဖြင့်လစာမှ ခြောက်လခန့်ဖြတ်တောက်မည်) နှစ်ဆယ့်တစ်သိန်းကျော် ပေးရမည်ဖြစ် ကြောင်း အေဂျင်စီအသိုင်းအ၀ိုင်းမှ သိရသည်။ ၀န်ဆောင်ခများကို မြန်မာအေဂျင်စီဘက်မှ ကန်ဒေါ်လာ ၁,၁၆၀ နှင့် ဟောင်ကောင်ဘက်မှ ၈၄၀ ရယူမည်ဟု အကြမ်းဖျင်းညှိနှိုင်းထားကြောင်း ယင်းတို့ကဆက် ပြောသည်။

    မြန်မာအစိုးရအနေဖြင့် ပြည်တွင်းအေဂျင်စီများအား ဟောင်ကောင်သို့ အိမ်အကူလုပ်သားပို့ဆောင်ရန် ခွင့်ပြုထားသော်လည်း အေဂျင်စီများအနေဖြင့် လုပ်သားများကို ဘာသာစကားနှင့် အိမ်တွင်းမှု လုပ်ငန်း ဆိုင်ရာသင်တန်း နှစ်လပို့ချပေးရမည်ဟု သတ်မှတ်ထားသည်။

    ယင်းနှင့်စပ်လျဉ်းကာ အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြား မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က“ဟောင်ကောင်ကို မြန်မာလုပ်သားတွေလွှတ်ဖို့ ခွင့်ပြု တယ်ဆိုတာ ပြည်တွင်းက အေဂျင်စီတွေကို ပြောတာပါ။ ဟိုဘက် (ဟောင်ကောင်) ကရောက်နေတဲ့ NGO အဖွဲ့လား၊ Association လား အဲ့ဒီဟာက တို့နဲ့ ဘာမှမဆိုင်ဘူး” ဟု မဇ္ဈိမသို့ ပြောကြားသည်။

    လက်ရှိအချိန်တွင် မြန်မာအလုပ်သမားအေဂျင်စီများအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူလုပ်သားစေ လွှတ်ရေးအတွက် ဟောင်ကောင်ဘက်နှင့်လည်းကောင်း အေဂျင်စီများအကြားတွင်လည်းကောင်း ညှိနှိုင်းမှုများ ပြုလုပ်နေဆဲအဆင့်တွင်သာရှိသေးကြောင်း ယင်းလုပ်ငန်းအသိုင်းအ၀ိုင်းက ဆက်လက် ပြောကြားသည်။

    APPLE MANAGEMENT CO.,LTD. မှ ဒါရိုက်တာ ဦးဝင်းနိုင်ဦးက “ကျွန်တော်တို့ဆီကို အေဂျင်စီ အသင်းချုပ်က ဟောင်ကောင်ကလာတဲ့အဖွဲ့နဲ့ အလွတ်သဘောတွေ့တဲ့အကြောင်း အီးမေးလ်ပို့တယ်၊ ဘာမှသဘောတူညီမှုတွေဘာတွေ မလုပ်သေးဘူး။ ကျွန်တော်တို့ အေဂျင်စီအများစုကလည်း ပို့ဖို့မသေ ချာဘူး။ မိန်းကလေးဆိုတော့ တစ်အိမ်တစ်ယောက်ဆိုတော့၊ အယောက်တစ်ရာဆို စက်ရုံတစ်ရာကို ပို့ရသလိုပဲလေ။ စက်ရုံတစ်ရုံကို အယောက်တစ်ရာပို့လိုက်တာက တစ်စုတစ်စည်းတည်းရှိတယ်။ပြီး တော့ အိမ်အကူဆိုတာ ဘာမှလည်း အသိပညာတိုးတက်မလာနိုင်ဘူး၊ အေဂျင်စီတွေရမယ့် ပိုက်ဆံ ကိုပဲ ကြည့်ရင်တော့ မက်စရာပေါ့” ဟု ပြောသည်။

    စင်ကာပူနိုင်ငံမှလည်း မြန်မာအိမ်အကူလုပ်သားများ ပိုမိုခေါ်ယူရန် လိုလားလျက်ရှိပြီး လက်ရှိအချိန်တွင် ရောက်ရှိနေသော မြန်မာအိမ်အကူလုပ်သား ၂၅,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိနိုင်ကာ စင်ကာပူနိုင်ငံရှိ အိမ် အကူလုပ်သားများ၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ရွှေ့ပြောင်းလုပ်သားရေးရာ လှုပ်ရှားသည့် လူမှုအဖွဲ့ အစည်းများအချို့နှင့် Home Hunanitarian Organization for Mi-gration Economics မှ ဒေါက်တာ သိန်းသန်းဝင်းက ပြောကြားသည်။

    စင်ကာပူတွင်မူ မြန်မာအိမ်အကူလုပ်သားလစာမှာ စင်ကာပူဒေါ်လာ ၃၅၀ မှ ၄၅၀ ကြား( ကျပ် ၂၈၀,၀၀၀ မှ ၃၀၀,၀၀၀ ) ရရှိတတ်ပြီး ဖိလစ်ပိုင်လုပ်သားများမှာမူ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၅၀၀ ရရှိနေကြကြောင်း အလုပ်သမားအေဂျင်စီများက ပြောကြားသည်။

ရဲလင်းထွဋ်
Mizzima Burmese

အောင်သာကုန်းကျေးရွာ (အောင်မြေ/၇မိုင်) တွင် လူသတ်မှုဖြစ်ပွား


မြစ်ကြီးနား ဒီဇင်ဘာ ၁၉

မိုးမောက်မြို့နယ် မံပုံကျေးရွာအုပ်စု၊ အောင်သာကုန်း (ခ) အောင်မြေ (ခ) ၇မိုင်ကျေးရွာတွင် အမျိုးသမီးတစ်ဦး အား ၎င်းခင်ပွန်းမှ ဓါးဖြင့် ခုတ်သတ်သည့် သတင်းအရ မိုးမောက်ရဲစခန်းမှူး အေးကျော်နှင့် နယ်ထိန်းအဖွဲ့၊ မံပုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလောစီ၊ (၇)မိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးဘဦးတို့ လိုက်ပါလျှက် ဖြစ်စဉ်နေရာသို့ သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အောင်မြေကျေးရွာနေ စိုင်းထွန်းထွန်းနိုင် (ဘ) ဦးစိုင်းဆပ်မောင်သည် ၎င်းဇနီး မနန်းအေးဦး (ခ) ခင်မာလာဦး (ဘ) ဦးအောင်ငြိမ်းအား ဒီဇင်ဘာ (၁၄)ရက် နံနက် (၇) နာရီခွဲတွင် မူးယစ်ဆေးဝါး သုံးစွဲသူဟု ထင်ရပြီး ၎င်း၏နေအိမ် အိမ်ရှေ့အပေါက်အ၀င် နေရာတွင် ဓားရိုးပါ (၂) ပေခန့် ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဘယ်ဘက်လည်ပင်း (၃) လက်မခန့် ပြတ်ရှ ဒဏ်ရာ၊ နောက်ကျောခါးပြင် (၉) လက်မခန့် ပြတ်ရှဒဏ်ရာ (၂)ချက်ဖြင့် နေရာတွင် ပွဲချင်းပြီး သေဆုံး နေကြောင်း သိရသည်။

အဆိုပါ လူသတ်တရားခံအား မိုးမောက်ရဲစခန်းတွင် ပုဒ်မ (ပ)၃၂ /၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူနိုင်ရေး ဖမ်းဆီးခေါ်ဆောင် ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar