အစိုးရနှင့်တအာင်းတပ် တိုက်ပွဲဖြစ်

ပို့စ်တင်ချိန် - 12/23/2013 06:27:00 PM


မြန်မာအစိုးရ စစ်တပ် ခမရ ၁၇ နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၇၁၇ တို့ ကျောက်မဲမြို့နယ် ပန်ကွဲရွာအနီးမှာ ဒီဇင်ဘာလ ၂၂ ရက် နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တအာင်းတပ်ရင်း ၇၁၇ က ပန်ကွဲရွာမှာ စစ်ကြောင်းနားနေစဉ် မြန်မာအစိုးရ ခမရ ၁၇ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရင်ဆိုင်တိုက်ပွဲ ၁၅ မိနစ်လောက် ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အထွေထွေအတွင်းရေးမှူး တာအိုက်ဖုန်းက ပြောဆိုပါတယ်။

မြန်မာစစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသားတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းအချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရှိရပါတယ်။

DVB Burmese