၂၀၁၄မှာ ဟိုတယ်ဒိတ်တွေပြည့်နေလို့ မင်္ဂလာဆောင်ကို ၂၀၁၅ကို ရွှေ့လိုက်ရတယ်လို့ဆိုတဲ့ မြနှင်းရည်လွင်

ပို့စ်တင်ချိန် - 12/23/2013 01:19:00 PM


ပရိသတ်တွေကို နူးညံ့တဲ့အပြုံးတစ်ပွင့်နဲ့ ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး မြနှင်းရည်လွင်ကတော့ မကြာခင်ရောက်ရှိလာတော့မယ့် ခရစ်စမတ်နဲ့ နယူးရီးယားမှာ အိမ်မှာပဲရှိနေမယ်လို့ ဆိုတဲ့အကြောင်းနဲ့ သူမရဲ့ အချစ်ရေးကို ခုလို ပြောပြသွားပါတယ်။ ‘New Year က မြနှင်းဘယ်မှသွားလေ့မရှိဘူး။ အိမ်ထဲမှာပဲနေတယ်။ ကိုယ့်အိမ်ထဲမှာပဲ ရှိမယ်။ ဘာလို့လဲဆိုတော့ မြနှင်းက ကြောက်တတ်တော့ အပြင်မထွက်ရဲဘူး။ အဲဒီလိုနေ့ဆို လူလဲရှုပ်တယ်လေ။ ပြီးတော့ ငယ်ငယ်ကတည်းက လဲမသွားဖူးတော့ ဘယ်မှတော့ သွားဖြစ်မှာ မဟုတ်ပါဘူး’တဲ့။

၂၀၁၄ မှာ မင်္ဂလာဆောင်ကြမယ့် အနုပညာရှင်တွေရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီးတော့လည်း သူမက ‘ကိုယ်ချစ်တဲ့သူနဲ့ ယူကြမှာဆိုတော့ မင်္ဂလာသတင်းပါပဲ။ မြနှင်းလဲဝမ်းသာတယ်။ မြနှင်းကိုယ်တိုင်လဲ အစတုန်းက ၂၀၁၄ မှာယူဖို့စီစဉ်ထားတာ ။ ဒါပေမဲ့ ဟိုတယ်ဒိတ်တွေက အကုန်ပြည့်နေလို့ ရက်ရွှေ့လိုက်ရတယ်။ ၂၀၁၅ ဇန်န၀ါရီမှာ မင်္ဂလာပွဲလုပ်ဖြစ်ဖို့စီစဉ်ထားပါတယ်။ သူက မြနှင်းထက်၃ နှစ်ကြီးတယ်။ မြနှင်းအပေါ်မှာလဲ နားလည်မှုအပြည့်အ၀ရှိတယ်။ လူကြီး လဲဆန်တယ်။ မြနှင်းကိုလဲချစ်တယ်။ စိတ်ရင်းစေတနာလဲကောင်းလို့ရွေးချယ်ဖြစ်တာပါ။ မြနှင်းနဲ့သူနဲ့က အရင်ကသူငယ်ချင်းတွေပါ။ ပြီးတော့မှ ချစ်သူဘ၀ရောက်သွားတာဆိုတော့ အစစအရာရာ အကုန်လုံးကို ညှိနှိုင်းပြီးလက်တွဲလို့ရတဲ့အတွက်ယူဖို့အထိကို စဥ်းစားဖြစ်ခဲ့တာပါ’လို့ သူမရဲ့အချစ်ရေးကို ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar