မြန်မာ့ရိုးရာ စစ်တုရင်ဂိမ်း အခမဲ့ဖြန့်ချိရန် စီစဉ်

ပို့စ်တင်ချိန် - 1/07/2014 07:15:00 AM

မြန်မာ့ကိုယ်ပိုင်ရိုးရာ စစ်တုရင် ကစားနည်းဂိမ်းအား အခမဲ့ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း Total Gameplay Studio မှ ကိုမြင့်ကျော်သူက ပြောသည်။ အဆိုပါဂိမ်းအား ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများပေါ်တွင် ကစားနိုင်မည် ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင် လည်းကောင်း၊ Offline အနေဖြင့်လည်းကောင်း ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “မြန်မာစစ်တုရင် ကစားတဲ့ပုံစံ ဖြစ်ပါတယ်။ စစ်တုရင်အပြင် ကျားထိုးတာ ပါမယ်။ ဇယ်တောက်တာ လည်း ပါမယ်” ဟု ကိုမြင့်ကျော်သူက ပြောသည်။ ယင်းဂိမ်းအား ယခုလ ဒုတိယအပတ်မှ စတင်ကာ ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း၊ PC Version ဖြင့် ကနဦး စတင်ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “PC Version ကို အရင်ဖြန့်ချိပြီး နောက်ပိုင်းမှာတော့ မိုဘိုင်းဗားရှင်း ဖြန့်ချိပေးသွားမျာပါ။ Andriod ဖုန်းတွေအတွက် အရင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး အဲဒါပြီးရင် iOS တွေအတွက် ဖြန့်ချိပေးသွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။ မိုဘိုင်းဖုန်းဆိုင်များတွင် အခမဲ့ ဖြန့်ချိပေးသည့် Application အနေဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Mobile Tablet ပေါ်တွင် AI နှင့်သော် လည်းကောင်း၊ သူငယ်ချင်း နှစ်ယောက်သော် လည်းကောင်း၊ Online Play တွင် Facebook ပေါ်မှ သူငယ်ချင်များနှင့်သော် လည်းကောင်း ကစားနိုင်မည်ဖြစ်ကြောင်း Total Gameplay Studio ၏ ဖေ့ဘုတ်စာမျက်နှာပေါ်တွင် ရေးသားထားသည်။ ယင်းအပြင် Total Gameplay Studio အနေဖြင့် မြန်မာ့ရိုးရာ ခြင်းလုံး မိုဘိုင်းဂိမ်းကိုလည်း ၂၀၁၃ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဖြန့်ချိပေးခဲ့ကြောင်း သိရသည်။ မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်းကို Sea Game ဇာတ်ကောင်များနှင့် မိုဘိုင်းဖုန်းပေါ်တွင် ကစားနိုင်မည့် ဂိမ်းအဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။ အခမဲ့ ဖြန့်ချိပေးသော ဂိမ်းများအား Google Play အပြင် မိုဘိုင်းဖုန်းဆိုင် အများစုတွင် ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

khit lu nge