ကျိုက်ထီးရိုးစေတီကို ကေဘယ်လ်ကား ပြေးဆွဲဖို့ မူအားဖြင့် သဘောတူ

ပို့စ်တင်ချိန် - 4/05/2014 04:43:00 PM


By ဒီဗွီဘီ
တောင်ခြေကနေ တောင်ထိပ် မရောက်ခင် လမ်းခုလတ်ဖြစ်တဲ့ ရသေ့တောင် ပတ်ဝန်းကျင် ကနေ ကျိုက်ထီးရိုးရင်ပြင်အနားကို ကေဘယ်လ်ကားပြေးဆွဲရေး စီမံကိန်း အကောင်အထည် ဖော်ဖို့ မွန်ပြည်နယ်အစိုးရက မူအားဖြင့် သဘောတူထားပြီး နောက်ထပ် လေ့လာ ညှိနှိုင်းပြီးမှသာ အပြီးသတ် သဘောတူလက်မှတ်ထိုးတာတွေ လုပ်နိုင်မယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောပါတယ်။

ဧပြီ ၁ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ ကေဘယ်လ်ကား ပြေးဆွဲရေး စီမံကိန်း အကောင်အထည်ဖော်နေတဲ့ အာရှ နိုင်ငံတကာငါးဖမ်းလုပ်ငန်းအဖွဲ့ရဲ့ မြေပြင်တိုင်းတာမှု တင်ပြချက်အပြီး သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီဟာ မြန်မာနိုင်ငံသားတွေတင်မက နိုင်ငံတကာခရီးသွားတွေပါ လာရောက်လည်ပတ်လေ့ရှိတဲ့ စည်ကားတဲ့နေရာ ၁ ခု ဖြစ်ပြီး လက်ရှိ တင်ပြနေတဲ့ ကေဘယ်လ်ကား စီမံကိန်းသာ ဖြစ်မြောက်ခဲ့ရင် မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကေဘယ်လ်ကား ပြေးဆွဲတဲ့နေရာ ဖြစ်လာမှာပါ။

DVB