မြို့ပတ်ရထားစက်ခေါင်းများတွင် ခြေရာခံ GPS စနစ် တပ်ဆင်အသုံးပြုပြီ

ပို့စ်တင်ချိန် - 4/05/2014 01:13:00 PM



သော်ဇင်ထက် ၊ ရန်ကုန်

မြို့ပတ်ရထား စက်ခေါင်းများ တွင် ခြေရာခံ GPS စနစ် အသုံးပြုနိုင် ရန် လိုအပ်သည်များကို တပ်ဆင်လိုက် ပြီဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအ မှတ်(၇)မှ လက်ထောက်အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။

''မြို့ပတ်မီးရထား စက်ခေါင်း ၂၁ ခေါင်းမှာ ခြေရာခံ GPS စနစ် တပ်ဆင် ပြီးပါပြီ။ GPS စနစ်သုံးဖို့ ရည်ရွယ်ချက် လဲ ရှိပါတယ်။ အသုံးပြုနိုင်တဲ့ အဆင့် ရောက်အောင်တော့ ကြိုးစားနေပါတယ်'' ဟု ဦးကျော်ကျော်မျိုးက ပြောသည်။

မီးရထားစက်ခေါင်းများတွင် GPS စနစ် တပ်ဆင်ထားသည့်ရထားများ မည်သည့်နေရာတွင် ရောက်ရှိနေသည် ကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ခြင်း၊ လိုအပ်သည့် ညွှန်ကြားမှုများကို ထိန်းချုပ် ခန်းမှနေ၍ တိုက်ရိုက်ဆောင်ရွက်ခြင်း များ ပိုမိုလွယ်ကူလာမည်ဟု သိရသည်။

ယင်းက ''အခုတပ်ဆင်ပြီးပေမယ့် ဒီထက်ကောင်းအောင် လုပ်ဖို့လိုသေး တယ်။ ရေရှည် ဘယ်လိုသုံးမလဲပေါ့။ အ ခုတော့ ထိန်းချုပ်ခန်းအတွက် စတင်ပြင် ဆင်နေတယ်''ဟု ပြောသည်။

GPSှ စနစ်ကို မြို့ပတ်ရထားများ တွင် တပ်ဆင်ခြင်းအတွက် e-Trade Myanmar ကုမ္ပဏီက စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အဆိုပါစနစ် အသုံးပြုခ အတွက် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနသို့ ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
____________________________________________________
Photo: mariusztravel.com


Yangon Media Group