စမတ်ဖုန်းတွေထဲက အမာဆုံးဖုန်း ဘယ်ဖုန်းပါလဲ ?

ပို့စ်တင်ချိန် - 4/05/2014 04:56:00 PM


HTC One Vs Galaxy S5 Vs iPhone 5S

ယနေ့ စမတ်ဖုန်းဈေးကွက်ထဲမှာ ရှိတဲ့ အကြမ်းခံဆုံးဖုန်းက ဘာများဖြစ်ပါမလဲ ?
Flagship ဖုန်းတွေထဲမှာ ဆိုရင် HTC One M8ဖြစ်ဖို့ရှိပါတယ်။ နောက်ဆုံးစမ်းသပ်ချက်ထိ သူက ကျန်ခဲ့လို့ပါပဲ။

လုပ်ဆောင်ချက်အနေနဲ့ ထို ဖုန်း (၃) လုံးကို ရုတ်တရက် မတော်တဆ သဘောမျိုးဖြစ် အမြင့်က ပစ်ချစမ်းသပ်ခဲ့ရာ

စမ်းသပ်ချက်

လက်ကောက်ဝတ် လွဲခန့် အမြင့်ကဌင်း၊ ဖုန်းပြောနေတဲ့အခြေအနေ နားနားမှ ကပ်နေတဲ့ အမြင့်က ဌင်း၊ ခေါင်းပေါ်ကနေ ဌင်း
ခေါင်းကျော်တဲ့ အမြင့်ကနေဌင်း၊ နေပြီး HTC One M8 ကို အရင်ဆုံးပစ်ချခဲ့ပါတယ်။ ထိုနောက်မှာတော့ Galaxy S5, i Phone 5s တို့ကို အသီးသီး တစ်လှည့်စီ ပစ်ချ စမ်းသပ်ခဲ့ရာ ရလဒ်အနေနဲ့ အရင်ဆုံး မျက်နှာပြင် ကွဲအက်ကျေမွသွားခဲ့တာကတော့ i Phone 5s ပဲ ဖြစ်ပါတယ်။ i Phone 5sမျက်နှာပြင် ကျေမွကွဲသွားတာကတော့ ဦးခေါင်းခန့် အမြင့်လောက်မှာ ဖြစ်တယ်။ နောက်တစ်လှည့်မှာတော့ Galaxy S5 ဟာ မျက်နှာပြင် ကျေမွထွက်သွားပါတယ်။

HTC ကတော့ ၁၀ပေ အမြင့်လောက်ကမှ ပစ်ချခဲ့သောအခါ ကွဲထွက်သွားခဲ့ပါတယ်။ ဆိုလိုတာက HTC One M8 ဟာ အမာဆုံး စမတ်ဖုန်း တစ်လုံးအဖြစ် ယူဆဖို့ ဖြစ်စေခဲ့တာလား ? ဒါဆိုရင် သင့်ဝယ်မှာလား ? တကယ်တော့ မလိုပါဘူး။ ဒါဟာ စမ်းသပ်မူ သက်သက် တစ်ခုသာ ဖြစ်ပါတယ်။
နောက်တစ်ခါ လုပ်ရင် ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။. ဒါပေမဲ့ HTC One M8 ကတော့ တစ်ခြား ဖုန်းတွေထက်စာလျှင် လုံးဝ သတ္တုကိုယ်ထည်နဲ့ ပါးလွားတဲ့ ဂုဏ်သတ္တိတွေ ရှိနေပါတယ်။

ဗီဒီယို ကြည့်ရူရန်



Smart Pro Journal