ဆေးလိပ်မသောက်ရန်တားမြစ်သည့် ဓါတ်ငွေ့ဆိုင်ဝန်ထမ်းအား ဆဲဆိုထိုးကြိတ်သူကို အရေးယူ ပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 4/17/2014 12:40:00 PM


ရန်ကုန်၊ ဧပြီ ၁၇

၁၆.၄.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊
(ဌ)ရပ်ကွက်၊သုဓမ္မာလမ်းနှင့် ဝေဘာဂီလမ်းဆုံရှိ စွမ်းအင်ဝန်ကြီးဌာနပိုင် အမှတ်(၀၀၁)သဘာဝဓါတ်ငွေ့အရောင်းဆိုင်ဒုတာဝန်ခံ ဦးသန်းထွန်းအောင်၊
(ဘ)ဦးလှသန်းမှ ၎င်းသည် ဓါတ်ငွေ့ဆိုင်၌တာဝန်ဆောင်ရွက်နေစဉ် ဆိုင်သို့ လာရောက်ဓါတ်ငွေ့ဖြည့်သွင်းသော ယာဉ်အမှတ် ၈ခ/---- ဆူဇူကီးပစ်ကပ်
အမျိုးအစားယာဉ်ပေါ်တွင်ပါလာသူ စံမြတ်လင်း၊ (၂၉)နှစ်၊ (ဘ)ဦးဘမောင်၊ A-1 လမ်း၊ ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူမှ ကားအောက်သို့ဆင်း၍ ဆေးလိပ်သောက်ရန်မီးခြစ်သဖြင့် ဓါတ်ငွေ့ဆိုင်မှ ပန့်ကိုင်ဝန်ထမ်းဖြစ်သူ စိုးနိုင်ဦးမှ ဆေးလိပ်မသောက်ရန်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသည်ကို စံမြတ်လင်းမှ စိုးနိုင်ဦးအား ဆဲဆိုကာ လက်သီးနှင့်
ထိုးသဖြင့် ၀ဲမျက်ခုံးအောက်နာကျင်၊ ယာနား အောက်ဖူးရောင်ဒဏ်ရာများ
ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ စိုးနိုင်ဦးအား မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရကြောင်းနှင့် စံမြတ်လင်းကို
အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။

ယင်းသို့တိုင်တန်းချက်အရ စံမြတ်လင်းအား မြောက်ဥက္ကလာမြို့နယ်၊
ဝေဘာဂီနယ်မြေရဲစခန်း(ပ) ၁၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police