ကလေးငယ်အား သိရှိသူများ ကူညီကြပါ

ပို့စ်တင်ချိန် - 4/17/2014 05:50:00 PM


အထက်ပါပုံရှိ ကလေးငယ်သည် သင်္ကြန်အတက်နေ့ ညနေ ၆း၃၀ ခန့် အချိန်က ကျွန်တော်တို့အိမ်ရှေ့တွင် တစ်ယောက်တည်း ငိုယိုနေပါသည်။ တိုင်းရင်းသားဖြစ်ပုံရ၍ မိမိနေထိုင်ရာ နေရပ် မမှတ်မိပါ။

တကိုယ်လုံးရေစိုရွှဲကာ ချမ်းနေသောကြောင့်
အ၀တ်အစားများလဲ ပေးပြီး နီးစပ်ရာ တောင်ဥက္ကလာပမြို့နယ် မြို့မ ရဲစခန်းသို့ သွားရောက် အပ်နှံ ခဲ့ပါသည်။ နာမည်မှာ မောင်ထက်လင်း ၊ အသက်(၇) နှစ် ၊ မိဘ အမည်မှာ ဦးစိုင်းကျော်၊ဒေါ်စံပယ်.. ၂ တန်းကျောင်းသား ၊ ကျောင်းနာမည် အလက ၂ ဟုသာ မှတ်မိပါသည်။

မြို့နာမည် ရပ်ကွက်နာမည် မမှတ်မိပါ.. ။ တစ်ယောက်တည်း ရေပက်ခံ ထွက်လာကြောင်း ၊ လမ်းလျှောက်လာခဲ့ကြောင်း သာ ပြောနိုင်ပါသည်။

ယနေ့နံနက်( နှစ်ဆန်း ၁ ရက်နေ့) တွင် အထက်ပါ ရဲစခန်းသို့ ထပ်မံသွားရောက်၍ အခြေအနေစုံစမ်းရာ အခြားမြို့နယ်များသို့ ဆက်သွယ်၍ လူပျောက်ရှိမရှိစုံစမ်းထားကြောင်း လတ်တလောတွင် လူပျောက်တိုင်ကြားထားခြင်းမရှိသေးပါကြောင်း တာဝန်မှူးမှ ရှင်းပြပါသည်။




တောင်ဥက္ကလာပမြို့ မရဲစခန်းအတွင်း ကောင်းမွန်
စွာစောင့်ရှောက်ထားရှိပါသည်။ တစ်ပါတ်အတွင်း
မထူးခြားပါက လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းသို့ ပို့ဆောင်ပေးသွားမည်ဟုသိရပါသည်။ ကလေးငယ် အတွက် မနက်စာ နှင့် နေ့လည်စာ အတွက် အလှူဒါနကုသိုလ်ပြုခဲ့ပါသည်။

အထက်ပါကလေးငယ်နှင့်ပတ်သတ်သော ဆွေမျိုးသားချင်းများ မိတ်ဆွေများသိရှိ ဆက်သွယ်နိုင်ပါရန် လူမှုကွန်ယက်မှတဆင့်ဖြန့်ဝေလိုက်ပါသည်။

တောင်ဥက္ကလာမြို့မရဲစခန်း ( တာဝန်မှူး ဖုန်း-၀၁ ၅၆၁ ၆၄၂)
(သို့) My FB acc. Msg box or ၀၉ ၅၁၈ ၃၅၃၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Aung Htun Kyaw